ရွှေကျုံပျော်-Shwe KyonPyaw

  • Home
  • ရွှေကျုံပျော်-Shwe KyonPyaw

ရွှေကျုံပျော်-Shwe KyonPyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေကျုံပျော်-Shwe KyonPyaw, News & Media Website, .

19/04/2024

Page နဲ့ ကင်းကွာနေတာ ကြာပါ ပြီ
အလုပ်ပြန်စပါမယ်ဗျ
ကျေးဇူးပါ

ငါဘာလို့စာတွေဖတ်နေတာလည်း မင်းသိလား?==================================တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိတယ်သူတို့ဟာ အတူတူနေကြတ...
28/01/2024

ငါဘာလို့စာတွေဖတ်နေတာလည်း မင်းသိလား?
==================================

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိတယ်သူတို့ဟာ အတူတူနေကြတယ်..
အတူတူ အလုပ်လုပ်ကြတယ်..

တစ်ယောက်က အားရင် စာဖတ်ရင်းနဲ့ အချိန်ကိုကုန်စေတယ်။
တစ်ယောက်က အားတဲ့အချိန်တွေကို အပျော်ပါးနဲ့ အချိန်ကုန်စေတယ်။
အပျော်ပါးလိုက်စားတဲ့သူငယ်ချင်းက

" မင်းကြည့်လိုက်ရင် စာပဲဖတ်နေတာ အဲ့စာအုပ်တွေက မင်းအတွတ် ဘာအကျိုးရှိလို့လဲကွာ အလကားပါ စိတ်ကူးယဉ်မဆန်ချင်စမ်းပါနဲ့"
လို့ ပြောလာတယ်။

" မင်းအတွတ် အကျိုးမရှိပေမဲ့ ငါ့အတွတ်တော့ အဖော်ပဲကွ" လို့ ပြန်ဖြေတက်တယ်။

ဒီလိုနဲ့ အချိန်တွေကြာ အလုပ်တွေပြောင်း နဲ့
ဘ၀ကိုအပျော်ပါးနဲ့ ဖြတ်သန်းသူ တစ်ယောက်စာအုပ်တွေနဲ့အဖော်ကောင်းနေတဲ့တစ်ယောက်
တစ်အိမ်တည်းမှာ အတူနေကြတယ်။

နောက်လည်းပြောပြန်ပါတယ်...

" မင်းကြည့်ရတာ ဘ၀မှာ နေရတာ အားမရလိုက်တာကွာ ငါ့လို လန်းလန်းလေးနေစမ်းပါ အဲ့ စာအုပ်တွေက မင်းအတွတ်ဘာတွေများ အသုံး၀င်လို့လဲ လို့ နားမလည်စွာစောင့်ကြွားကြွားလေးပြောလာတယ်။

" အေး တစ်နေ့တော့ ငါ့အတွက် ငါဖတ်ထားတဲ့ စာတွေက အသုံး၀င်လာလိမ့်မယ်လို့ ငါကတော့ယုံကြည်တယ်ကွာ"
လို့ပဲ ခပ်အေးအေးပြန်ဖြေတယ်။

ဒီလိုပဲ ဆန့်ကျင်ဘက်သူငယ်ချင်းနှစ်ယောက်ဟာ အတူတူနေကြပါတယ်။

တနေ့မှာ ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ဖို့ အတူတူ အလုပ်လျောက်ကြတယ် ဘ၀အာမခံချက်ရမဲ့ အလုပ်မို့ အားတက်သရော ရှိကြတယ်။

အားတက်သရောရှိကြပေမဲ့ အောင်မြင်မှုခြင်းကတော့ ကွာခြားခဲ့ပါတယ်။

အားလပ်တဲ့ အချိန်တွေက စာဖတ်ခြင်းနဲ့ ကုန်စေတဲ့ တစ်ယောက်က ကုမ္ပဏီရဲ့ မေးခွန်းပဟေဠိပေါင်းများစွာကို ဖြေဆိုနိုင်ခဲ့လို့ အလုပ်ရခဲ့တယ်။

အားတဲ့အချိန်မှာ အပျော်ပါးနဲ့အချိန်ကုန်စေပြီး စာအုပ်တစ်အုပ်ကိုတန်ဖိုးထား ဖတ်ရှု့ရမှန်းမသိတဲ့တစ်ယောက်ကတော့
မေးခွန်းတိုင်းက သူအတွက် ထုထည်တစ်ခုလို ဖြေရှင်းနိုင်ရန် အခက်အခဲတွေဖြစ်နေခဲ့တယ်။

ဖြေဆိုပြီး အပြန်လမ်းမှာတော့ အပျော်ပါးလိုက်စားတဲ့ သူငယ်ချင်းက တူတူနေတာချင်းတူတူ
ဘွဲ့ရတာချင်းတူတူ သူကဘာလို့ အလုပ်ရခဲ့တာလဲ ဆိုတာ သိချင်၍

" သူငယ်ချင်း`` မင်း သူမေးတဲ့ မေးခွန်းတွေကို ဘယ်ကနေသိတာလဲ"

"ငါဖတ်တဲ့ စာအုပ်တွေက သိတာလို့ "
ဖြေလေတယ်။

" မင်းစာအုပ်ထဲက အဖြေတွေပါလို့လား"

"အဖြေတွေပါလို့တော့မဟုတ်ဘူးသူငယ်ချင်း
စာအုပ်တွေ ဖတ်ခြင်းအားဖြင့် ငါတွေးခေါ်တတ်လာတယ် လက်တွေ့မှာ ဘယ်လိုအသုံးချရမယ်ဆိုတာ သိလာတယ်
် အဲ့စာအုပ်တွေက ရတဲ့အသိပညာတွေက အခု ငါ့ဘ၀အတွတ် ပန်းတိုင်တစ်ခုဖြစ်ခဲ့တယ် မင်းမမြင်နိုင်တဲ့ အရာတွေကို စာဖတ်ခြင်းနဲ့ ငါမြင်နိုင်ခဲ့တယ်သူငယ်ချင်းလို့ဖြေခဲ့တယ်။"

အဲ့ချိန်မှာ အတိတ်က အချိန်တွေကို ကောင်းစွာ အသုံးမချဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့သော သူ့့ကိုယ်သူနောင်တကြီးစွာရခဲ့လေတယ်။

" ငါလည်း တစ်ချိန်က မင်းလိုစာတွေဖတ်ခဲ့မယ်ဆိုရင် ငါခုလို နောက်ကျကျန်ခဲ့မှာ မဟုတ်ကွာ" လို့နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပြောတယ်။

" မင်း အချိန်မှီပါသေးတယ် မင်းရဲ့ အားလပ်တဲ့အချိန်တွေကို စာဖတ်ခြင်းနဲ့ပဲ ကုန်ဆုံးလိုက်ပါတော့သူငယ်ချင်းလို့ တိုက်တွန်းခဲ့တယ်။

တကယ်တော့ စာဖတ်နေတာဟာ ခုလက်ရှိအတွက် သိပ်ပြီး အဖိုးတန်မှန်းမသိရပေမဲ့ နောင်လာမဲ့ နေ့ရက်တွေတိုင်းက သင့်အတွတ် လှပတဲ့ ပန်းဥယျာဉ်ကြီးအဖြစ်နဲ့ စောင့်ကြိုလျက်ပါ...

25/06/2022
29/05/2022
28/04/2022
.            #ဗုဒ္ဓကိုဘယ်နှစ်တန်းအောင်ခဲ့သလဲတဲ့  ? 😤- ကိုယ့်ကိုယ်ကို ဘယ်နှစ်တန်း သင်ဖူးခဲ့သလဲလို့   အရင်မေးသင့်တယ်၊- ဗုဒ...
28/04/2022

.
#ဗုဒ္ဓကိုဘယ်နှစ်တန်းအောင်ခဲ့သလဲတဲ့ ? 😤

- ကိုယ့်ကိုယ်ကို ဘယ်နှစ်တန်း သင်ဖူးခဲ့သလဲလို့
အရင်မေးသင့်တယ်၊

- ဗုဒ္ဓဟာ သုဒ္ဓောဒနမင်းကြီးရဲ့သားတော်
- အဋ္ဌာရသ (၁၈) ရပ်၊ (၁၈) ဘာသာကိုအောင်ပြီးပြီ
- ဒီခေတ် PhD ထက်သာတယ်
- အင်ဂျင်နီယာ
- ဆေးပညာ
- ကောင်းကင်နက္ခတ်
- အုပ်ချုပ်မှုပညာရပ်တွေပါတယ်၊

ဗုဒ္ဓကို မဝေဖန်ခင်
ငါ ဘာအဆင့်လဲလို့
မှန်ထဲအရင်စစ်သင့်တယ်။

🥸

05/04/2022

Inverter ဝယ်မယ်ဆိုရင် ဘာတွေလေ့လာရမလဲ။

Credit : Ki Ki
( ခါတော်မှီ အင်ဘာတာ ဂိုက် လမ်းညွှန်)

Inverter အမျိုးအစားတွေ အများကြီး ရှိနေတော့ အခုချိန် ဝယ်ယူမယ်ဆိုရင် ကိုယ်နဲ့သင့်တော်တာ ဝယ်ယူဖို့ အတော်စဉ်းစားလာကြတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဘာတွေ သိသင့်လဲဆိုတာ ဖော်ပြပေးရင်း ကိုယ်နဲ့ အဆင်ပြေမယ့် inverter ကို ရွေးချယ်နိုင်အောင် ပြောပြပေးပါမယ်။ ကျနော်ကိုယ်တိုင်က ရောင်းချသူမဟုတ်တဲ့အတွက် ကိုယ့်အမြင်ကိုပဲ စားသုံးသူတယောက် ရှုထောင့်ကနေ ဖော်ပြသွားပေးပါ့မယ်။

၁။ wave form ( ဝေ့အမျိုးအစား)

အင်ဘာတာမှာ wave ပေါ်မူတည်ပြီး ၃ မျိုးရှိပါတယ်။

(က) square wave အမျိုးအစားကတော့ ဈေးအသက်သာဆုံးပါ။

၂၀၀၀ ခုနှစ်ပတ်လည်တွေက မီးပြတ်ရင် အသုံးများကြတဲ့ ပြည်တွင်းထုတ်နဲ့ တရုတ် အင်ဘာတာ အများစုက ဒီအမျိုးအစားပါ။ အခုလက်ရှိ ပြည်တွင်းထုတ်တွေမှာလဲ အများဆုံးတွေ့ရပါတယ်။ သာမန်မီးထွန်းရုံလောက်သာ သင့်တော်ပြီး တန်ဖိုးကြီး လျှပ်စစ်ပစ္စည်းတွေ Laptop တွေ နဲ့ မသင့်တော်ပါဘူး။ ပန်ကာ air cooler လုံးဝသုံးမရပါဘူးဖုန်းအားသွင်းရင်လည်း adapter တွေမှာ ပိုပူပြီး သက်တမ်းကျပါတယ်။ ဟိုးအရင်ကတော့ သူ့ထက်ကောင်းတာတွေမရှိခဲ့တော့ အသုံးဝင်ပေမယ့် ခုချိန်မှာတော့ သူ့ထက်ပိုကောင်းတာတွေကိုပဲ ရွေးချယ်စေချင်ပါတယ်။

(ခ) Modified sine wave ( step sine wave , simulated sine wave)

သူကတော့ ခုနပြောတဲ့ square ထက်တဆင့်မြင့်ပါတယ်။ EPC မီးနဲ့ တူအောင် ကြိုးစားထားတာမျိုးပါ။ ဒါပေမယ့် တထပ်ထဲ မဖြစ်သေးပါဘူး။ ပုံမှန် Desktop computer တွေ၊ TV တွေ သုံးလို့ရလာပါတယ်။ Laptop တချို့လဲ အလုပ်လုပ်ပါတယ်။ ဒါပေမယ့်laptop model အမြင့်တချို့နဲ့တော့ မရကြဘူးပြောပါတယ်။ သူ့ရဲ့ အားနည်းချက်က ပန်ကာ, air cooler, motor တွေ မောင်းလို့မရတာပါပဲ။

(ဂ) Pure Sine wave

ဒီအမျိုးအစားကတော့ inverter ထဲမှာ လူကြိုက်အများဆုံးပါပဲ။ EPC မီးနဲ့ တပုံစံထဲ မို့လို့ air con အထိ သုံးလို့ရပြီး လျှပ်စစ်ပစ္စည်းမျိုးစုံသုံးနိုင်ပါတယ်။ မော်တာတွေ ပန်ကာတွေ air coler တွေ အကုန်ဖွင့်လို့ရပါတယ်။ ဒီအမျိုးအစားမှာတင် ၂ မျိုးထပ်ကွဲ ပါသေးတယ်။ Low frequency နဲ့ High frequency ပါ။ low frequency က ရေမော်တာတွေ aircon တွေအတွက် ပိုသင့်တော်ပြီး inverter သတ်မှတ်ထားတဲ့ ဝပ်ရဲ့ ၃ ဆ အထိ စက္ကန့်ပိုင်းလောက် ပိုဆွဲနိုင်ပါတယ်။ 3000W အထက်ဆိုရင်တော့ low frequency သာ ဝယ်ပါ။ Hi frequency ကတော့ သတ်မှတ်ထားတာရဲ့ ၂ ဆလောက်ထိ ခနတာရပေမယ့် ရေရှည်မကောင်းပါဘူး။

၂။ ဘက်ထရီ အားသွင်းစနစ်

ဘက်ထရီ အားသွင်းစနစ်က ဒုတိယ အရေးပါတဲ့ နေရာမှာရှိပါတယ်။ ဘက်ထရီ အမျိုးအစားတွေ အများကြီးရှိတဲ့ အတွက် ကိုယ်သုံးမယ့် ဘက်ထရီနဲ့ အဆင်ပြေမလားဆိုတာ အရင်လေ့လာရပါတယ်။ ဥပမာ - အိုးစို၊ အိုးခြောက်၊ ဂျယ်အိုး၊ tublar အိုး အပြင် အခု အသစ်ပေါ်တဲ့ Lifepo4 လို လီသီယမ် ဘက်ထရီတွေ ရမရပါ စုံစမ်းရပါတယ်။ Battery အားသွင်းစနစ်ကို အကြမ်းမျဉ်း ၃ မျိုး ထပ်ခွဲလို့ရပါမယ်။

(က)Off grid inverter( Solar inverter only )ဆိုတဲ့ ဘက်ထရီ အားသွင်းစနစ် လုံးဝ မပါတာမျိုးပါ။

ရှင်းပါတယ် အားသွင်းဖို့ကို သက်သက်ထပ်ဝယ်ရမှာပါ။ EPC မီးလုံးဝမရတဲ့ နေရာတွေမှာ သုံးပါတယ်။ Solar controller သတ်သတ်ဝယ်ပီး Solar နဲ့ချိတ်သုံးရတာပါ။

(ခ)AC charging inverter( EPC အားသွင်းစနစ်)။

EPC မီးရတဲ့ အရပ်ဒေသ အတွက်အဆင်ပြေပါတယ်။ inverter မှာ epc နဲ့ အားသွင်းတဲ့ အားသွင်းစနစ် ပါလာတာပါ။ ရန်ကုန် မန်းလေးလို မြို့တွေမှာ လူဝယ် အများဆုံး အမျိုးအစားပါပဲ။ ဒီ အင်ဘာတာဝယ်ရင် ဘာလေ့လာရမလဲဆိုရင် Charging current ပါပဲ။ ကိုယ်ဝယ်ယူတဲ့ ဘက်ထရီနဲ့ charging current နဲ့ မကိုက်ရင် အားသွင်းအရမ်းကြာတာကြောင့် မီးပျက်ရင် အလျဉ်မမှီ ဖြစ်တတ်သလို အားသွင်းအရမ်းမြန်တာကြောင့်လဲ ဘက်ထရီ အရမ်းပူပြီး ဖောင်းတတ် ကွဲတတ်ပါတယ်။ သူ့အိုးနဲ့ သူ့ဆန် အနေတော်ပဲ ကောင်းပါတယ်။ အကြမ်းမျဉ်းတွက်နည်းကတော့ ၅ဆ ကနေ ၁၀ ဆပါ။ အားသွင်းနှုန်းက 20 A ဆိုရင် အိုးကို 100 AH -200AH ဝယ်ပါ။

(ဂ) Solar Hybrid Inverter။

ဒါကတော့ အကောင်းဆုံးစနစ်ပါပဲ။ Inverter ထဲမှာ တခါထဲ Solar နဲ့ အားသွင်းစနစ်ရော EPC ကနေ အားသွင်းစနစ်ရောပါလာတာပါ။ တချို့လဲ ဘက်ထရီမဝယ်ပဲ ဒီအင်ဘာတာမျိုးနဲ့ မီတာခ သက်သာအောင် သုံးကြပါတယ်။ ဥပမာ ဝပ်၁၀၀၀ သုံးတယ်ဆိုရင် solar က ဝပ် ၅၀၀ ထည့်ထားရင် ထပ်လိုတယ့် ဝပ်၅၀၀ ကို epc ကနေ ယူသုံးပေးတာမျိုးပါ။ ဘက်ထရီပါတပ်မယ်ဆိုရင် နေ့ဘက်မှာ solar ကနေ အားသွင်း ညဖက် အားမပြည့်သေးရင် epc နဲ့ သွင်းပေးပြီး မီးပျက်ရင် battery ကနေ အားပြန်ထုတ်သုံးပါတယ်။ လူအသက်သာဆုံး smart အဖြစ်ဆုံးနဲ့ ဈေးအကြီးဆုံး စနစ်ပါပဲ။

ဒါတွေသိသွားရင် အင်ဘာတာ တစ်ခုဘယ်လို ဝယ်မလဲဆိုတာ အတော်သိသွားပါပြီ။

တခြားဆုံးဖြတ်စရာကတော့ 12V လား၊ 24V လား 48v လားဆိုတာပါပဲ။

ဒါရွေးဖို့ဆိုရင် ကိုယ်သုံးမယ့် watt ဘယ်လောက်လဲ အရင် ဆုံးဖြတ်ပါ။ အကြမ်းမျဉ်းပြောရရင်တော့ ဝပ်၁၀၀၀ အင်ဘာတာဝယ်ရင် ဝပ်၅၀၀ ထက် ပိုမသုံးပါနဲ့။

ပြီးရင် ဝပ်ကို ၁၂V နဲ့စားပါ။ ၅၀၀ အစား ၁၂ ဆိုရင် ၄၀ ဝန်းကျင်ရပါတယ်။ ရတဲ့ ၄၀ကို ၅ နဲ့မြှောက်ရင် ၂၀၀ ရပါတယ်။ 200 ah အိုး အနည်းဆုံးထားသုံးပေးရမှာပါ။ သူ့ထက် အိုးသေးရင် ampere အရမ်းဆွဲလို့ အိုးခနနဲ့ ပျက်မှာပါ။ ဒါကြောင့်မို့ ၅၀၀ ဝပ်ထက်များတာဆိုရင် 24V စနစ်ဖြစ်တဲ့ အိုး ၂ လုံးချိတ် စနစ်ကို သုံးပါ။ ကိုယ်သုံးတာကို ဘက်ထရီက အနည်းဆုံး ၅ နာရီ မခံဘူးဆိုရင် ဘက်ထရီ ခနနဲ့ ပျက်မယ်လို့ အကြမ်းမျဉ်း စဉ်းစားလို့ရပါတယ်။

ဒီမှာက အများစုက ဘက်ထရီကို အရမ်းလျော့ဝယ်ပြီး မတရားရုန်းခိုင်းတဲ့ အပြင် သင့်တော်တဲ့ အမျိုးအစားကို မရွေးချယ်ကြပါဘူး။ ကား ဘက်ထရီအိုးတွေကို deep cycle ဘက်ထရီလိုမျိုး အားကုန်တဲ့အထိ အကြာကြီးသုံးကြပါတယ်။ ကားအိုးတွေက ကားစက်နှိုးတာမျိုး တချက်ကို ampere အများကြီးဆောင့်ထုတ်ပေးပြီးရင် ပြန်အားသွင်ရင်း ဆက်သုံးဖို့ လုပ်ထားတာမျိုးပါ။ Deep cycle တွေလို အပြည့်ကနေ အားကုန်ခါနီးအထိ သုံးဖို့ မသင့်တော်ပါဘူး။ ဒီလောက်သိရင် ဝယ်ဖို့ အကြမ်းမျဉ်းလောက် စဉ်းစားနိုင်သွားပါပြီ။

မြန်မာပြည်ကြီး အမှောင်တောကနေ ရုန်းထွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း အခုလို ဖတ်ရှုပေးတဲ့ သူတွေလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Author - Ki Ki ( ခါတော်မှီ အင်ဘာတာ ဂိုက် လမ်းညွှန်)

ကျုံပျော်က Wave ခေတ်သစ်ချစ်တီးတွေလည်း သတိထားကြပါလိုင်းပေါ်မှာ KBZ Pay &  Wave Pay စတာတွေရာခိုင်နှုန်းယူပြီးလဲစားနေသူများ...
05/04/2022

ကျုံပျော်က Wave ခေတ်သစ်ချစ်တီးတွေလည်း သတိထားကြပါ
လိုင်းပေါ်မှာ KBZ Pay & Wave Pay စတာတွေရာခိုင်နှုန်းယူပြီးလဲစားနေသူများ ဗဟိုဘဏ်ဥပဒေပုဒ်မ ငွေကြေးမတည်မငြိမ်လှုပ်စေမှုဆိုတဲ့ပုဒ်မနဲ့ အသွင်ယူပြီးစဖမ်းနေပြီ။
ညနေကမန်းလေးမှာလေးဦး ရန်ကုန်စမ်းချောင်းမှာတစ်ဦး တာမွေ ၂ဦး တ-ဥ တစ်ဦး ဗိုလ်တစ်ထောင်တစ်ဦး ၇ဦးလောက် နေအိမ်တွေထိစစ်သားအရပ်ဝတ်တွေနဲ့ ရဲ နဲ့ပေါင်းပြီးဝင်ဖမ်းတာပါ ။ လူရော ဘဏ်စာအုပ်တွေရော ငွေသားတွေရော ဖုန်းတွေKpayအကောက်တွေရောအကုန်သိမ်းဆည်းယူသွားပါတယ် ။
ခေတ်ပျက်စီးပွားရေး သမားတွေ တွေ့ကြပြီပေါ့

crd=ဇော်မိုက်ခတ်ခတ်

04/04/2022

☯သာသနာစောင့် စတုမဟာရာဇ်နတ်မင်းကြီး(၄)ပါး☯
===================================
နတ်မင်းကြီး ၄-ပါး။ စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးကိုဆိုလိုသည်။ ကမ္ဘာစောင့် နတ်မင်းကြီး လေးပါးဟုလည်း ခေါ်ကြသည်။

(၁) မြင်းမိုရ်တောင်၏ အရှေ့အရပ်ကိုအစိုးရသော ဓတ္တရဋ္ဌ နတ်မင်းကြီး၊ (ဂန္ဓဗ္ဗနတ်တို့၏ အရှင်)
(၂) မြင်းမိုရ်တောင်၏ အနောက်အရပ်ကို အစိုးရသော ဝိရူပက္ခ နတ်မင်းကြီး၊ (နဂါးတို့၏ အရှင်)
(၃) မြင်းမိုရ်တောင်၏ တောင်အရပ်ကို အစိုးရသော ဝိရူဠက နတ်မင်းကြီး၊ (ကုမ္ဘဏ်တို့၏ အရှင်)
(၄) မြင်းမိုရ်တောင်၏ မြောက်အရပ်ကို အစိုးရသော ကုဝေရနတ်မင်းကြီး။ (ယက္ခတို့၏ အရှင်)

ဓတရဋ္ဌ ၊ ဝိရူဠက ၊ ဝိရူပက္ခ ၊ ကုဝေရ စတုမဟာရာဇ် နတ်မင်းကြီးလေးပါး နှင့် မယ်တော် သူရဿတီ နတ်သမီး တို့ကလည်း ဂိုဏ်းဝင်ဆရာ ဆရာမ များသစ္စာ မြဲနေသရွေ့ ကာလပတ်လုံး ပညာစက် အာဏာစက်များဖြင့် ဖြည့်ဆည်းပေးတော်မူက်ြမတ်စောင့်ရှောက်တော်မူကြသည်။

🔴(၁)- ဓတရဋ္ဌ နတ်မင်းကြီး ။ ။

( မြင့်မိုရ်တောင်၏အရှေ့အရပ်မျက်နှာကိုအစိုးရတော်မူသည် )
ဤနတ်မင်းကြီးလက်အောက်တွင် များမြှောင်လှသော ဂန္ဓဗ္ဗနတ်များရှိကြသည် ။
ဝမ်းတွင်းစုန်းကို အမိဝမ်းတွင်းရှိစဉ်ကပင် ဂန္ဓဗ္ဗနတ်များစောင့်ရှောက်ကြသည်။ ၄င်းတို့စောင့်သော ပုဂ္ဂိုလ်၏ ဆန္ဒ ကြံရွယ်ချက်များအစစပြည့်စုံအောင် ဆောင်ရွက်ပေးသည် ။ ထိုပုဂ္ဂိုလ်က တစ်ဖက်သားအား ဒုက္ခရောက်ရန် စိတ်ဖြင့်ကြံလိုက်လျှင်ပင် ကြံတိုင်းဖြစ်အောင် ထိုရည်ရွယ်သောလူအား ဒုက္ခပေးတတ်သည် ။ စုန်းထံတွင် အမိဝမ်းတွင်းကပင် ဂန္ဓဗ္ဗနတ်ထပ်ချပ်မကွာ စောင့်ရှောက်သည့်အတွက် ဝမ်းတွင်းစုန်း ဟုခေါ်သည် ။ သာမာန် ( ကျင့်စဉ်ဖြင့်ဖြစ်သော တပည့်ခံ၍ဖြစ်လာသော ) စုန်း ကဝေတို့ထက် အစွမ်းပိုထက်သည် ။

မြင့်မိုရ်တောင်၏ အောက်ခြေအစောင့်များမှာ ငါးကြီး အာနန္ဒာတစ်ရစ် ပီးလျှင် ( အာလိန်ငါးဆင့် ၌ ) (၁)နတ်နဂါး တစ်ရစ် ၊ (၂)ဂဠုန်တစ်ရစ် ၊ (၃)ဂုမ္ဘာန်တစ်ရစ် ၊ (၄)ယက္ခတစ်ရစ် ၊ (၅)ဂန္ဓဗ္ဗနတ်တစ်ရစ် ဖြစ်သည် ။ ယင်းတို့တွင်
ဂန္ဓဗ္ဗနတ် သည် အမြင့်ဆုံးအဆင့် တွင်ရှိ၍တန်ခိုးအကြီးဆုံး ဖြစ်သည် ။ ထို့ကြောင့် ဂန္ဓဗ္ဗနတ်ကိုခိုင်းလျှင် စုံးကဝေ အမျိုးမျိုးကိုနိုင်သည် ။

🔴(၂)- ဝိရူဠက နတ်မင်းကြီး ။ ။

( မြင့်မိုရ်တောင်၏ တောင်အရပ်မျက်နှာကိုအစိုးရတော်မူသည် )

ဝိရူဠကနတ်မင်းကြီးလက်အောက်တွင် များမြှောင်လှစွာ‌ေသာ ဂုမ္ဘာန်နတ်များရှိကြသည်။ အလွန်တန်ခိုးကြီးသည်။
ပရလောကမှ ဘီလူးသရဲသဘက် စသည့် မကောင်းဆိုးဝါး မိစ္ဆာ များကို နိုင်နင်းသည် ။
( အချို့ ဗုဒ္ဓစာပေတို့တွင် နတ်ဂဠုန် များ၏ အကြီးမှူးဖြစ်သည် ဟုဆိုထားသည် ။ )

🔴(၃)- ဝိရူပက္ခနတ်မင်းကြီး ။ ။

( မြင့်မိုရ်တောင်၏ အနောက်ဘက် အရပ်မျက်နှာကိုအစိုးရတော်မူသည် )

နတ်နဂါးတို့၏ အကြီးအမှူးဖြစ်တော်မူသည့်အလျောက် ဤနတ်နဂါးမင်းကြီးလက်အောက်တွင် မြောက်များစွာသော နတ်နဂါးတို့ကိုပိုင်စိုးတော်မူသည်။

အဆိပ်ကိုချေဖျက်နိုင်သည်။ ဝိရူပက္ခ နတ်မင်းကြီး ၏ တန်ခိုးအပ်နှင်းခြင်း ခံရ၍ မြွေနှင့်အဆိပ်အတောက်များကို နိုင်နင်းစွာကုသနိုင်သည်။
မြွေ ကုသရာတွင် အခက်ခဲရှိပါက ဝိရူပက္ခ နတ်မင်းကြီး ပွဲ သီးသန့်ပြင်၍ ကုသလျှင် ပို၍ လွယ်ကူစေသည်။

🔴(၄)- ကုဝေရ နတ်မင်းကြီး ။ ။

( မြင့်မိုရ်တောင်၏ မြောက်ဘက် အရပ်မျက်နှာကိုအစိုးရတော်မူသည် )

ကုဝေရ ဟု အမည်နာမ ရှိသလို ဝေသဝဏ် ( ဝေသဝဏ္ဏ ) ဟူသောဘွဲ့တော်ပါ ပိုင်ဆိုင်ထားသည် ။
များမြှောင်လှသော နတ်ဘီလူးကြီးများကို ပိုင်စိုးတော်မူသည်။
ဝိဓူရ ဇာတ်တော်တွင် ပါသော ပုဏ္ဏက နတ်ဘီလူးသည် ကုဝေရမတ်မင်းကြီး တူဖြစ်ပီး ဝိဓူရအမတ်ကြီးကိုဖမ်းရန် ကုဝေရနတ်မင်းကြီးကို အရင် တင်ပြရသည်ဟု ဖတ်ဖူးကြပါလိမ့်မည် ။တန်ခိုးအရာအလွန်ကြီးမားသည့်နတ်မင်းကြီးဖြစ်သည်။

( စာရေးသူ မှတ်သားဖူးသည်ကိုထည့်သွင်းရေးပြပါရစေ .....
ကုဝေရနတ်မင်းကြီးသည် တန်ခိုးအရာအလွန်ကြီးမားသည့်နတ်မင်းကြီးဖြစ်သည့်အလျောက် ...
အမျက်ထွက်သည့်အခါ လှံစင်္ကြာလွှတ်လျှင်လည်းကောင်း မျက်စောင်းထိုးလျှင်လည်းကောင်း နတ်ဘီလူး တစ်သိန်း ဖွဲပြာမီးအတိကျရပီး အနားတွင် နောင်တဖန် ဒူးတုပ်ခစား၍ အသစ်ပြန်ဖြစ်ပေါ်ရသည် ဟု မှတ်သားဖူးသည်။

လူ့ဘဝ က ကြံရည်ကြိတ်စက်ကြီး ၃ ခုထောင်ထားကာ ... တတိယမြောက်ကြံရည်စက်ကြီး ကို အရပ်၄ မျက်နှာမှလာသော ရဟန်းရှင်လူ မှန်သမျှ အား အယုတ်အလတ်အမြတ်မရွေးဘဲ လှူဒါန်းခဲ့သည့်ကုသိုလ် ထူးကြောင့် သေလွန်သည့်အခါ ကုဝေရနတ်မင်းကြီးရာထူး နှင့် ကြီးမားထက်မြတ်လှသည့် တန်ခိုးအာဏာထူးကို ရတော်မူခြင်းဖြစ်သည်။

တချို့ လောကီပညာရှင်များ ကျမ်းဆရာများပြောသကဲ့သို့ ခြေ၃ချောင်းရှိခြင်း ၊ ဘီလူးမျက်နှာကဲ့သို့ အစွယ်များပါရှိခြင်းတို့ မှာ ယုတ္တိတန်မတန်စဉ်းစား စေချင်ကြပါသည်။
ဒါနကုသိုလ် ထူးကြောင့် စတုမဟာရာဇ်နတ်တို့တွင် အကြီးအမှူးဖြစ်လာပီး နတ်ဘီလူးများကို အုပ်ချုပ်ရသော်လဲ အဆင်းရူပကာမှာ အထက်ကဆိုသကဲ့သ်ု့ဖြစ်နေလျှင် ( အစွယ်များထိုးထောင်နေသောမျက်နှာ ပြူးကျယ်သောမျက်လုံး ပွယောင်းသော ဘီလူးနှာခေါင်း နှင့် ခြေ၃ ချောင်းနှင့်ဆိုလျှင် ) ရုပ်ရှင်ထဲမှ monsterများ နှင့်မခြားပေ။ ဘုရားရှေ့က ထားသော ဘီလူးရုပ်များနှင့်မခြားတော့ပေ။

နတ်တို့ဘုရင်ဖြစ်သော နတ်မင်းကြီးတပါးမှာ ဘီလူးများကိုအုပ်ချုပ်ရသည် ဟူသောတာဝန် ကြောင့်နှင့်တော့ ရုပ်ဆင်းရူပကာမှာ ထင်သလို မဆိုးရွားနိုင်ပါ။
သာဓကယူလျှင် ငရဲကိုအစိုးရသော ငရဲမင်းမှာ ငရဲထိန်းများကဲ့သို့ ရုပ်ရည်ပုံသဏ္ဍန် ဆိုးရပါမည်လော ဟု မေးစရာရှိလာပါသည် ။
နောက်တချက်မှာ မာရ်နတ်မင်းကို သာဓကယူပါ။
နတ်ပြည်၆ထပ် အမြင့်ဆူံးထပ်မှ လာသော မာရ်နတ်မင်းသည် သိကြားမင်းထက်ပင် တန်ခိုးကြီးမား၍ အဆင်းရူပကာ ကိုယ်ရောင်ကိုယ်ဝါလဲ အများကြီး သာလွန်ပါသည်။
ဤကား ကျွန်ုပ် ရွှေရင်ကျော်လုင် ၏ ထင်မြင်ယူဆချက်နှင့် မှတ်သားဖူးသောအကြောင်းများ သာ ဖြစ်သည်။ )

ရွှေရင်ကျော်ပညာကိုယူထားသော ဆရာ ဆရာမများအနေဖြင့် နတ်မင်းကြီး(၄)ပါးတပည့်ဖြစ်ခြင်း ၊ နတ်မင်းကြီး (၄)ပါးကလဲ တန်ခိုးအာဏာများ အပ်နှင်းခံထားရပြီး ကြပ်ကြပ်မတ်မတ်စောင့်ရှောက်ခြင်းတို့ကြောင့်....
ဓထရဋ္ဌ နတ်မင်းကြီးအုပ်ချုပ်သော ဂန္ဓဗ္ဗနတ်များ ၊ ဝိရူဠကနတ်မင်းကြီးအုပ်ချုပ်သော ဂုမ္ဘာန်နတ်များ ( ဥစ္စာစောင့်နွယ်ဝင်များ )
ဝိရူပက္ခ နတ်မင်းကြီးအုပ်ချုပ်သော နဂါး မြွေ အဆိပ်ရှိသော သတ္တဝါများ ၊
ကုဝေရ နတ်မင်းကြီးအုပ်ချုပ်သောယက္ခ ခေါ် နတ်ဘီလူးကြီးများ ( ဘီလူး သရဲ သဘက် )

များကိုကြိုက်သလိုခိုင်းနိုင်ခွင့်ရှိသည်။

ဝမ်းတွင်းစုန်းအပါအဝင် စုန်းကဝေအောက်လမ်း ဇော်ဂနီ ဇော်ဂနက် ဘီလူး သရဲ သဘက် ဥစ္စာစောင့် အစရှိသည် တို့ဖမ်းစားနှောက်ယှက်ထားသော ပယောဂများကို ကုသရာတွင်

၁- ဂန္ဓဗ္ဗနတ်များ နှင့် ( ဓထရဋ္ဌနတ်မင်းကြီး )
၂-ဂုမ္ဘာန် များနှင့် ( ဝိရူဠကနတ်မင်းကြီး )
၃-နတ်နဂါးများ နှင့် ( ဝိရူပက္ခနတ်မင်းကြီး )
၄-နတ်ဘီလူး ကြီးများနှင့် ( ကုဝေရနတ်မင်းကြီး )
တို့ကို အပ်နှံခြင်း ၊ ခိုင်းစေခြင်းအားဖြင့် အမြန်ဆုံးပျောက်ကင်းစေပါသည်။

#ဗဟုသုတရစေရန်ပြန်လည် ကူးယူဖော်ပြရခြင်းဖြစ်သည်။
#မူရင်းရေးသားသူအပေါင်းတို့ အား credit ပေးပါသည်။

အခုလိုဗဟုသုတရမဲ့အကြောင်းအရာများကို သိစေရန် ကျွန်တော်ရဲ့ fb page ကို like နဲ့ see firstလေးလုပ်သွားကြပါ။
သိချင်တဲ့ အကြောင်းအရာလေးများကိုလည်း commentမှာ တောင်းဆိုထားလို့ရပါတယ်။

04/04/2022

Address


Website

Alerts

Be the first to know and let us send you an email when ရွှေကျုံပျော်-Shwe KyonPyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share