Inn Seinn News

  • Home
  • Inn Seinn News

Inn Seinn News နောင်ချိုမြို့နယ်၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပြည်သူလူထုထံသို့ ရောက်ရှိရန်။

ဆောင်းရာသီမနက်ခင်း နှင်းမှုန်မှုန်‌ေလးတွေကြားမှာ စက်ဘီးစီးပြီး အောက်ပါအကျိုးရလဒ်တွေကို ရယူလိုက်ပါ🚴🚴👍👍
29/12/2024

ဆောင်းရာသီမနက်ခင်း နှင်းမှုန်မှုန်‌ေလးတွေကြားမှာ စက်ဘီးစီးပြီး အောက်ပါအကျိုးရလဒ်တွေကို ရယူလိုက်ပါ🚴🚴👍👍

၂၀၂၄ ခုနှစ် ပြင်ဦးလွင်ပန်းပွဲတော်အလှပုံရိပ်🌺အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်) ၏နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပန်းပွဲတ...
25/12/2024

၂၀၂၄ ခုနှစ်
ပြင်ဦးလွင်ပန်းပွဲတော်အလှပုံရိပ်🌺

အမျိုးသားကန်တော်ကြီးဥယျာဥ်
(ပြင်ဦးလွင်) ၏နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပန်းပွဲတော် ပန်းအလှပုံရိပ်🌺🌹

Paoh Stars
Cheery Studio(ဓာတ်ပုံ)

🌳💦 အစက်ချရေပေးခြင်းရဲ့ "အကျိုးကျေးဇူးများ"💦 🌳👉 အစက်ချရေပေးစနစ်ကို အသုံးပြုခြင်းဖြင့် -၁။ ရေကိုခြွေတာနိုင်ပြီး အပင်ကို ထိ...
25/12/2024

🌳💦 အစက်ချရေပေးခြင်းရဲ့ "အကျိုးကျေးဇူးများ"💦 🌳

👉 အစက်ချရေပေးစနစ်ကို အသုံးပြုခြင်းဖြင့် -

၁။ ရေကိုခြွေတာနိုင်ပြီး အပင်ကို ထိရောက်စွာ ရေပေးနိုင်တယ်။

၂။ အပင်ရဲ့ အရွက်နဲ့ပင်စည်ကို ရေထိပြီး ရောဂါဝင်ရောက်မှုကို ကွာကွယ်ပေးနိုင်တယ်။

၃။ အပင်ရင်းကလွဲပြီး အပင်တန်းခြားတွေကို ရေမရောက်စေတဲ့အတွက် အစိုမရှိစေဘဲ ပေါင်းမြက်ပွားများရှင်သန်မှုကို တာဆီးပေးနိုင်တယ်။

၄။ မြေသို့ တိုက်ရိုက်ရောက်စေပြီး မြေဆီလွှာတိုက်စားခြင်းနှင့် တည်ဆောက်မှု ယိုင်ယွင်းခြင်းကို ကွာကွယ်ပေးနိုင်တယ်။

၅။ အချိန် ၊ ငွေနဲ့ ရေကို ခြွေတာနိုင်တယ်။ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ☺

"စိုက်ပျိုးရေးနည်းစနစ်များ စုစည်းတင်ဆက်မှု" 👇
https://www.facebook.com/share/p/1B3wVTUQV8/
#စိုက်ပျိုးရေး #တောင်သူ

အားလုံး အထူးသတိပြု ဂရုစိုက်စေချင်။
25/12/2024

အားလုံး အထူးသတိပြု ဂရုစိုက်စေချင်။

❗ရှမ်းမြောက်❗သို့ခရီးသွားလာလိုတဲ့ခရီးသွားမိဘပြည်သူမျာမင်္ဂလာပါ🙏မန္တလေး လားရှိုး မူဆယ်🚕ကားအတတ် အဆင်း ရှိတာမို့ လိုက်ပါလို...
23/12/2024

❗ရှမ်းမြောက်❗သို့ခရီးသွားလာလိုတဲ့ခရီးသွားမိဘပြည်သူမျာမင်္ဂလာပါ🙏
မန္တလေး လားရှိုး မူဆယ်🚕
ကားအတတ် အဆင်း ရှိတာမို့ လိုက်ပါလိုပါက ဖုန်းလေးဆက်သွယ်လို့ရပါတယ်

ခရီးစဥ်အလျဥ်းသင့်သလိုသွားရတာမို့လို့ကားခနှုံးထားနဲ့ခရီးလမ်းကြောင်းအသေးစိတ်ကို တ်ိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်

📞09672262077
📞09767649229
📞09694015172

❌ကားခကြိုလွဲစရာမလိုကြိုလွဲခိုင်းခြင်းလုံးဝမရှိပါ❌

#ရှမ်းမြောက်သွားမယ် ခရီးသွားဝန်ဆောင်မှု
Credit

👉နေရောင်ထဲ ဒီအတိုင်းပဲ ဆိုလာပြားကိုချထားရုံနဲ့တော့ စွမ်းအင်အပြည့်အဝရနိုင်လိမ့်မယ်လို့ မပြောနိုင်ပါဘူးခင်ဗျာ။ဒီတော့ ဆိုလာ...
23/12/2024

👉နေရောင်ထဲ ဒီအတိုင်းပဲ ဆိုလာပြားကိုချထားရုံနဲ့တော့ စွမ်းအင်အပြည့်အဝရနိုင်လိမ့်မယ်လို့ မပြောနိုင်ပါဘူးခင်ဗျာ။

ဒီတော့ ဆိုလာပြားတွေဘယ်အရပ်ကိုမျက်နှာမူပြီးတပ်ရမလဲ၊ ဘယ်လောက်ဒီဂရီအတိမ်းအစောင်းနဲ့တပ်ဆင်ရမလဲဆိုတာတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ယခုလိုတင်ပြပေးရာမှာလဲ ဆိုလာအင်ဂျင်နီယာအခေါ်အဝေါ်တွေကို တတ်နိုင်သမျှချန်လှပ်ပြီး သာမန်အရပ်အသုံးအနှုန်းများဖြင့် မိဘပြည်သူများအား အလွယ်တကူမြင်သာအောင် ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ဆိုလာပြားတွေတပ်ဆင်ရမဲ့ မျက်နှာမူရာအရပ်နဲ့ ဒီဂရီအတိမ်းအစောင်းတွေက ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လတ္တီကျု့ဘယ်လောက်နဲ့ဘယ်လောက်ကြားမှာရှိနေတယ်ဆိုတာရယ်၊ ကမ္ဘာရဲ့ဘယ်ဘက်ခြမ်းမှာရှိနေတာလဲဆိုတာတွေအပေါ် အများကြီးမူတည်ပါတယ်ခင်ဗျာ။

ထို့ပြင် ကျွန်တော်တို့ရဲ့နေမင်းကြီးဟာ နေ့တစ်နေ့ရဲ့အချိန်ပေါ်မူတည်ပြီး ကောင်းကင်ပေါ်တွင်နေရာပြောင်းလဲကာ၊ ရာသီအလိုက်လဲ အတိမ်းအစောင်းပြောင်းလဲနေပါသေးတယ်ခင်ဗျာ။

အဲဒီလိုအမြဲတမ်းပြောင်းလဲနေတဲ့ နေမင်းကြီးသွားရာလမ်းကြောင်းနှင့် အထက်ပေါ်ပြပါအခြေအနေတွေကြောင့် ဆိုလာပြားတွေရဲ့ဒီဂရီအတိမ်းအစောင်းကို အတိအကျသတ်မှတ်ဖို့တော့ ခဲယဉ်းပါတယ်ခင်ဗျာ။

သို့ပေမဲ့လည်း ဆိုလာပြားတွေတပ်ဆင်ရမဲ့မျက်နှာမူရာအရပ်နှင့် ဒီဂရီအတိမ်းအစောင်းများအတွက် ထည့်သွင်းစဉ်းစားရမဲ့ ယေဘူယျအချက်(၂)ချက်ကို တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

#ဆိုလာပြားတွေမျက်နှာမူတပ်ဆင်ရမည့်အရပ်မျက်နှာ
ကျွန်တော်တို့မြန်မာနိုင်ငံအနေနှင့်ကတော့ အီကွေတာ၏မြောက်ဘက်မှာရှိတဲ့ကမ္ဘာအခြမ်း(Northern Hemisphere)မှာ ရှိနေတဲ့အတွက်ကြောင့် ဆိုလာပြားတပ်ဆင်ရမဲ့အရပ်ဟာ”တောင်"အရပ်ပဲဖြစ်ပါတယ်ခင်ဗျာ။

ဒါမှလည်း နေထွက်ရာအရှေ့အရပ်ကနေ၊ နေဝင်သွားချိန်အနောက်အရပ်ထိ ဆိုလာပြားပေါ်တွင်တစ်နေကုန်နေရောင်ခြည်အများဆုံးရရှိနိုင်မှာဖြစ်ပြီး စွမ်းအင်အများဆုံးထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

#ဆိုလာပြားတွေတပ်ဆင်ရမည့်ဒီဂရီအတိမ်းအစောင်း
ဆိုလာပြားတွေတပ်ဆင်ရမဲ့ဒီဂရီအတိမ်းအစောင်းကတော့ မြန်မာနိုင်ငံ၏တည်နေရာ လတ္တီကျု့အပေါ် မူတည်ပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံ၏လတ္တီကျု့အနေဖြင့် ၁၂•၄၃ဒီဂရီ နှင့် ၂၅•၃၈ဒီဂရီကြားမှာရှိနေပါမယ်ခင်ဗျာ။ အဲဒီအတွက်ကြောင့် ဆိုလာပြားတပ်ဆင်ရမည့် ဒီဂရီအတိမ်းအစောင်းကို ၂၂ဒီဂရီဆိုပြီးတော့လည်း အကြမ်းဖျဉ်းယူဆပြီး တပ်ဆင်နိုင်ပါတယ်ခင်ဗျာ။

👉မြန်မာနိုင်ငံတွင်ရှိသောအချို့မြို့များ၏လတ္တီကျု့များကိုလည်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
(၁) ရန်ကုန် - ၁၆•၈ ဒီဂရီ
(၂) မန္တလေး - ၂၁•၉ ဒီဂရီ
(၃) နေပြည်တော် - ၁၉•၈ ဒီဂရီ
(၄) မော်လမြိုင် - ၁၆•၅ ဒီဂရီ
(၅) ပဲခူး - ၁၇•၃ ဒီဂရီ
(၆) ပုသိမ် - ၁၆•၇ ဒီဂရီ
(၇) မုံရွာ - ၂၂•၁ ဒီဂရီ
(၈) စစ်တွေ - ၂၀•၁ ဒီဂရီ
(၉) မြိတ် - ၁၂•၄ ဒီဂရီ
(၁၀) တောင်ကြီး - ၂၀•၇ ဒီဂရီ
(၁၁) ထားဝယ် - ၁၄•၁ ဒီဂရီ
(၁၂) ပြည် - ၁၈•၈ ဒီဂရီ
တို့ပဲဖြစ်ပါတယ်ခင်ဗျာ။

#မှတ်ချက်
ဆောင်းဥတုအတွက် ဆိုလာမှစွမ်းအင်ပိုမိုရှိအောင် ဆိုလာပြားဒီဂရီကိုတိမ်းစောင်းချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့တွေရဲ့လတ္တီကျု့ဒီဂရီတွေကို"၁၂ဒီဂရီ"ပေါင်းပြီးတော့လည်း တွက်ချက်နိုင်ပါတယ်ခင်ဗျာ။

ဥပမာ-
(ရန်ကုန်) ၁၆•၂+၁၂ =၂၈•၂ ဒီဂရီ
(မြိတ်) ၁၂•၄+၁၂ = ၂၄•၄ ဒီဂရီ

ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ဆိုလာပြားတွေကိုနေရောင်ထဲမှာချထားရုံသက်သက်မဟုတ်ပဲ အနီးစပ်ဆုံးဒီဂရီကိုခန့်မှန်းတွက်ချက်တပ်ဆင်နိုင်ပြီး

စွမ်းအင်များပြည့်ပြည့်ဝဝရရှိနိုင်ကြပါစေလို့ ခန့်ခန့်ကျော်မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏

23/12/2024

ရေနွေးကြမ်းနှင့်
နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တစ်ခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့်
စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။
ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။

ခုချိန်မှာတော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံး တဲ့ အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ထမင်းစားပြီးတော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု့ ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။)

တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ
ဒါမှမဟုတ် အအေး တစ်ခုခု သောက်သုံးလိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။

ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့
မကြာခင်က မှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေ လို အစိုင်အခဲ အဖြစ်ကို ရောက်စေပါတယ်။

ပြီးတော့ အဖတ်တွေ ကလဲ အက်စစ်အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေက နေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါမယ်။

အဲတာတွေဟာ အူထဲမှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေဖို့ ဦးတည်
နိုင်ပါတယ်။

အကောင်းဆုံး ကတော့
အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်း ဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက် ရပ်တာမျိုး-
သင်သိသင့်တာ ကတော့

နှလုံးခုန် ရုတ်တရက် ရပ်တန့် တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။
မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထား သင့်ပါတယ်။

နှလုံးခုန် ရုတ်တရက် ရပ်တန့်စဉ် အတွင်းမှာတော့
သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်းကို ခံစား
ရမယ် မဟုတ်ပါ။ ဖျားနာခြင်း နဲ့ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။

၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့
သူတွေ ဟာ အိပ်ပျော်နေရင်းကနေပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။

မေးရိုး နာကျင်မှုက သင့်ကို နိုးထအောင် လုပ်နိုင်
ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့
ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေး
ကောင်း ဖြစ်ပါတယ်။

( နှလုံးရောဂါ အထူးကု တစ်ယောက်က ပြောက
ဒီစာကို ဖတ်မိသူ တစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ ကို ဆက်ပေးပို့မယ်ဆိုရင်
သင် နဲ့ ကျွန်ုပ်ဟာ အနဲဆုံး အသက် တစ်ချောင်းကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေး လိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုး ဖြစ်ပါတယ်။ )

အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်...
22/12/2024

အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူ စေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တိုကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တိုကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

22/12/2024

#မန္တလေး - မှ- #တောင်ကြီး

တောင်ကြီး # မှ #မန္တလေး

မန္တလေး # လားရိှုး _ မူဆယ် သို့

နေ့တိုင်း(အတက် ↔ အဆင်း )ရှိပါသည်


09 - 44 22 33 22 1
09 - 68 37 52 96 6
09 - 77 53 15 67 7

လိုက်မယ်ဆို ဖုန်းဆက်ပေးပါ


:Aung NiNi

အမြန်အေးချမ်းပါစေ ချစ်သောမြို့နောင်ချို ခုချိန်ဆို တိမ်ပင်လယ်‌ေတွပေါ်နေပြီ🌫️🌫️🌫️🌫️🌫️Photo credit
22/12/2024

အမြန်အေးချမ်းပါစေ ချစ်သောမြို့နောင်ချို
ခုချိန်ဆို တိမ်ပင်လယ်‌ေတွပေါ်နေပြီ
🌫️🌫️🌫️🌫️🌫️

Photo credit

17/12/2024

ဆောင်းရာသီ ရေချိုးမကြောက်သင့်

ရှေးလူကြီးများက ရေချိုးချိန်ကို နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း ဆယ့်တစ်လို့ ဆိုကြတယ်။ ဒါကြောင့် ဆောင်းရာသီမှာ နံနက် ၁၁ နာရီတွင် ရေချိုးခြင်းက သင့်လျော်ပါတယ်။ ချမ်းအေး၍ ရေချိုးရခက်နေပါက ဦးစွာသွားတိုက်ပါ၊ ပြီးမှ ရေချိုးပါ။

သွားတိုက်နေစဉ် လည်ကုပ်နွေး၊ ချိုင်းပူသွားသဖြင့် ရေချိုးရတာ မချမ်းတော့ပါ။ အအေးကြောက်သူများက ရေနွေးစပ်၍ချိုးပေးနိုင်ပါတယ်။ သို့သော် ရာသီဥတုမည်မျှအေးပါစေ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပေ။ မိမိ ခန္ဓာကိုယ်တွင်း အပူချိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသော သဘာဝ အဆီဓာတ်ကိုဆုံးရှုံးသွားကာ ဆံသားများ ခြောက်သွေ့မာဆတ်လာစေပါတယ်။ ဒါ့အပြင် ရေနွေးဖြင့် ခေါင်းလျှော်ခြင်းက မျက်စိကို ထိခိုက်စေပါတယ်။

ဆောင်းရာသီ ရေချိုးမကြောက်သင့်သောအကြောင်းရင်း

ဆောင်းရာသီအအေးဓာတ်ကြောင့် ခန္ဓာကိုယ်ပြင်ပမှ အသားအရေကအေးနေသော်လည်း ခန္ဓာကိုယ်တွင်း အပူကတော့ ရာသီဥတုမရွေး ကိုယ်တွင်း အပူဓာတ်ရှိမြဲလျက်သာ ဖြစ်ပါတယ်။ ဆောင်းရာသီတွင် အအေး ဒဏ်ကြောင့် ရေချိုးကြောက်သူများဟာ နေ့စဉ်ပုံမှန်ရေချိုးသူများထက် လေးလံထိုင်းမှိုင်းနေတတ်ပြီး ကျန်းမာ ရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေချိုးခြင်းက ခန္ဓာကိုယ်အတွင်းရှိ အပူအခိုးများကို ဖယ်ရှားလိုက်ပြီး စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။ ချမ်းမှာကြောက်၍ ရေမချိုးသူများဟာ ခန္ဓာကိုယ်တွင်း အခိုးငုပ်ခြင်း၊ မသန့်ရှင်းခြင်း၊ လေချုပ်ခြင်း၊ သွားနာခြင်း၊ မျက်စိဝေခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း တွေဖြစ် စေနိုင်ပါတယ်။ ဒါ့အပြင် ဖျတ်လတ် သွက်လက်ခြင်းမရှိတော့ဘဲ ထိုင်းမှိုင်းမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီတွင် အသက်အရွယ်မရွေး ရေချိုးသင့်ပြီး ပုံမှန်ရေချိုးခြင်းကြောင့် အဆစ်အမျက် ကိုက်ခဲခြင်းနှင့် ဇက်ကြောတက်ခြင်းဝေဒနာများမှလည်း ကာကွယ်ရာရောက်ပါတယ်။ အကယ်၍ အလွန်ချမ်း အေးသော ဒေသတွင်နေထိုင်သူဖြစ်ပါက မိမိနေထိုင်ရာပတ်ဝန်းကျင်၊ ရာသီဥတုအအေးဓာတ်ပိုသော နေ့ရက် ပေါ်မူတည်၍ တစ်ရက်ခြားတစ်ကြိမ်လောက် ရေနွေးစပ်၍ရေချိုးသင့်သလို ရေနွေးဖြင့် ရေချိုးခြင်းကလည်း အကြောအခြင်များကိုပြေစေကာ ညောင်းညာကိုက်ခဲမှုဝေဒနာများကို အမှန်တကယ်ပင် သက်သာပြေလျော့ စေမှာဖြစ်ပါတယ်။ အထူးသတိပြုရန်မှာ ရေချိုးပြီးသောအခါ မော်တော်ကားပြတင်းပေါက် တံခါးကိုပိတ်၍ စီးပါ။ အစားအစာကို ပူပူနွေးနွေး စားသင့်ပါတယ်။

အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းအတွက်

ဆောင်းရာသီမှာ အမျိုးသား၊ အမျိုးသမီး အရွယ်သုံးပါးမရွေး အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းဝေဒနာတွေကို ကြုံရတတ်ပါတယ်။ သို့သော် ကိုယ်ခံအားကောင်းနေပါက ထိုဝေဒနာတွေကို မကြုံတွေ့နိုင်ပေ။ ဒါကြောင့် ကိုယ်ခံအားတောင့်တင်းကြံ့ခိုင်စေဖို့အတွက် ဗီတာမင်စီမြင့်မားစွာပါရှိတဲ့ မချိုသောလိမ္မော်သီး၊ သံပရာ၊ ရှောက်၊ ဂရိတ်ဖရု စသည့်အသီးများကို စားပေးပါ။ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ရွက်စားမုန်လာ၊ စိမ်းစားဥ၊ အာတာလွတ်ဥ၊ ကြက်သွန်နီ စသည့် မြေအောက်မြစ်လျှောက်ဟင်းသီး ဟင်းရွက် များစားပါ။ ငါး၊ အမဲသား၊ ရွှေဖရုံရွက်ညွန့်၊ မုန်လာရွက်၊ ဆန်လုံးညို၊ ရေနွေးကြမ်းလက်ဖက်ခြောက်၊ တလည်းသီး၊ မျှစ်၊ ချဉ်ပေါင်ရွက်၊ အစိမ်းရောင် ပန်းငရုတ်ချိုပွ၊ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီး၊ ချဉ်စော်ကားသီး၊ ပြည်ပန်းညိုရွက်၊ ဒန့်သလွန်ရွက်နှင့် မဲဇလီဖူး၊ မဲဇလီရွက်တို့ဟာလည်း ဆောင်းတွင်းဓာတ်စာများဖြစ်ကြပါတယ်။

အပူငြိမ်းဝမ်းမှန်စေဖို့အတွက် သင်္ဘောသီးမှည့်၊ ဖီးကြမ်းငှက်ပျောသီးမှည့်စားပါ။ မန်ကျည်းမှည့်ဖျော်ရည်ထဲကို ဆားထည့်၍သောက်ပါ။ ဗီတာမင်စီကြွယ်ဝပြီး အမျှင်ဓာတ်များသော ဂေါ်ဖီထုပ်ကို ဆောင်းရာသီဓာတ်စာ ဟင်းခါးပူပူလေးအဖြစ် မကြာခဏချက်သောက်ပေးပါ။

အဆုတ်ပွရောဂါအတွက်

ရေများများသောက်ပါ။ ငှက်ပျောဖူးဟာ ချွဲသလိပ် ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်စေပါတယ်။ ပူပူစပ်စပ်စားပါ။ ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ သဘာဝအပူဓာတ်က သွေးလည်ပတ်စီးဆင်းမှုကို အား ကောင်းစေပြီး ရောဂါပိုးများဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးပါတယ်။ တရုတ်နံနံပင်၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပန်းငရုတ်ပွသီး ခေါ် ငရုတ်ချို၊ ဘယ်ရီသီးအမျိုးမျိုး၊ လိမ္မော်၊ နာနတ်၊ ဂရိတ်ဖရုသီး၊ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့များ၊ အခွံမာသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီစိမ်း ခေါ် ဘရိုကိုလီ၊ ကိုက်လန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများက အဆုတ်ကိုအားကောင်းစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါအတွက်

ပန်းနာရင်ကျပ်ဖြစ်ပါက မုန်ညင်းဆီကို ပရုတ်ဆီနှင့် ရော၍ ကျောနှင့်ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ ပျားရည်က ချွဲများကိုပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းကိုပွင့်စေနိုင်သဖြင့် ပျားရည် ရနံ့ကိုရှူရှိုက်ပေးပါ။ ရေနွေးပူပူတစ်ခွက်ထဲတွင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောဖျော်၍ တစ်နေ့သုံးကြိမ်သောက်ပါ။ ကြက်သွန်ဖြူ ၁၀ မြွှာကို နွားနို့ ၃၀ မီလီလီတာဖြင့်ပြုတ်၍ တစ်နေ့တစ်ကြိမ် သောက်ပါ သို့မဟုတ် ရေနွေးဆူဆူတွင် ကြက်သွန်ဖြူ လေးမြွှာခတ်၍ အချိန်ငါးမိနစ်ခန့်အအေးခံပါ။ နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ သိသိသာသာလျော့ကျစေပါတယ်။

ရာသီတုပ်ကွေးဖျားနာခြင်းအတွက်

ကြက်သားနှင့်ကြက်ရိုးစွပ်ပြုတ်ရည်က ကိုယ်ခံအားကောင်းစေရုံသာမက တုပ်ကွေးကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်း အမျိုးမျိုးတို့အတွက် အကောင်းဆုံး အိမ်တွင်းသမားတော်ဖြစ်ပါတယ်။ ကြက်သွန်ဖြူထဲတွင် Antiviral ခေါ် အအေးမိခြင်းကို ဖြစ်စေသောဗိုင်းရပ်ပိုးများကို တားဆီး ကာကွယ်နိုင် သည့်ဂုဏ်သတ္တိနှင့် Antibacterial ခေါ် ဗက်တီးရီးယား ပိုးမွှားများအန္တရာယ်မှ ကာကွယ်နိုင်သော သဘာဝစွမ်းအင်တွေပါရှိနေကြပါတယ်။ ဒါကြောင့် ထမင်းစားတိုင်း ကြက်သွန်ဖြူကို အနည်းဆုံးတစ်မြွှာ ထည့်စားပေးသင့်ပါတယ်။ ဒိန်ချဉ်ထဲရှိ Probiotics ခေါ် ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သော ဟင်းနုနယ် ရွက်၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ဖရဲသီး၊ ဂရိတ်ဖရုသီး စားပါ။

ဆောင်းရာသီ အပူကန်လည်ချောင်းနာအတွက်

ချင်းပါးပါးခုနစ်လွှာကို သဘာဝထန်းလျက်ခဲအညို သုံးလုံးထည့်ကာ ရေသုံးခွက်တစ်ခွက်တင်ကျို၍ သောက် ပါ။ ဟင်းလျာများတွင် ကြက်သွန်ဖြူများများ ထည့်ချက်ပါ သို့မဟုတ် ကြက်သွန်ဖြူများများ ထည့်၍ ဆန်ပြုတ်ကျိုသောက်ပါ။ ကင်ပွန်းချဉ်ရွက်ကို ဟင်းချို၊ ချဉ်ဟင်းချက်၍စားပါ။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်ပေါ်သွေး၍ နာကျင်နေသောလည်ချောင်း တစ်ပြင်လုံးကို လိမ်းကျံပေးပါ။ ကြက်ဟင်းခါးသီး ပြုတ်ရည်သောက်ပါ။ ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာခန့်ကို ရေစင်စင်ဆေးပြီး အိုးသန့်သန့်မှာ သုံးခွက် တစ်ခွက်တင်ပြုတ်ပါ။ ၎င်းင်းရေခပ်နွေးနွေးဖြင့် ပလုတ် (အာလုတ်) ကျင်းပါ။ ချက်ချင်းထွေးမပစ်ဘဲ ငုံနိုင်သမျှ ငုံထားပါ (သို့သော် မျိုချရန်မလို)။ ၎င်းင်းပျဉ်းတော်သိမ်ရွက် ပြုတ်ရည်က အာသီးရောင်ခြင်းအတွက်ကိုလည်း ကောင်းကျိုးပြုပေးပါတယ်။ သံပရာသီးတစ်လုံးကို အစေ့ဖယ် အရည်မညှစ်ဘဲ ခပ်ပါးပါးအချပ်လေးတွေ လှီးထားပါ။ ချင်းလက်နှစ်ဆစ်ခန့်ကို အခွံနွှာပြီးနောက် ခပ်ပါးပါးအချောင်းမျှင်မျှင်လေးတွေရအောင် လှီးဖြတ် ပါ။ စောစောကလှီးဖြတ်ထားသော သံပရာသီးအလွှာချပ်လေးများနှင့် ချင်းအချောင်းလေးတွေကို ခြောက်သွေ့ သန့်ရှင်းသည့် ဖန်ပုလင်းလွတ်တစ်လုံးထဲထည့်ပြီး ၎င်းတို့မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချ ပေးပါ။ ပြီးနောက် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှောသုံးမျိုး ဂျယ်လီပုံစံ ပြောင်းသွား သည်အထိ ရေခဲသေတ္တာထဲမှာသိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာသောအခါ ၎င်းကိုဇွန်းနဲ့ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထည့်ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေအထားမှာ စားလို့ရပါပြီ။ ပျားရည်ဖြင့် ဓာတ်ပြုထားတာကြောင့် သံပရာခွံကို ဝါးစား၍ရပါတယ်။ ၎င်းအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် သုံးရက်မျှကြာသည့်အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါလိမ့်မယ်။ (ပုလင်းဖုံးလုံလုံပိတ်ပြီး ရေခဲသေတ္တာထဲမှာ နှစ်လ၊ သုံးလကြာတဲ့အထိ သိမ်းထားလည်း ဆေးဓာတ် မပြယ်နိုင် ပါဘူး)မန်ကျည်းသီးမှည့်ကို ဆား၊ အညိုရောင် ထန်းလျက်တို့ဖြင့် ဖျော်ရည်လုပ်သောက်ပြီး ၎င်း မန်ကျည်းသီး အဖတ်တွေကို ဝါးစားပါ။ (ရေခဲမထည့်ရ) သံပရာရည်ကိုအပူပေး၍ ပျားရည်ဖြင့်ရော၍ လျက်ပေးပါ။ ဒန့်သလွန် ပင်မြစ်ကို ထုထောင်းကြိတ်ခြေ၍ အရည်ကိုညှစ်ယူကာ စားပွဲတင်ဇွန်းတစ်ဇွန်းခန့် နေ့စဉ် သောက်ပါ။ လည်ချောင်းနာသာမက အသံဝင်၊ အသံပျက်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ဆောင်းတွင်းရှောင်ရှား အစားအစာများ

အေးမြသောရာသီမှာ အစာကြေညက်ခဲစေတတ်သော ဆီနှင့် အဆီအအိမ့်တွေလျှော့စားပါ။ အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ် စတဲ့ဆီကြော်မုန့်များ၊ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့ စတဲ့အဆန်များ၊ ကြက်အူချောင်း၊ ဝက်အူချောင်းများကို ရှောင်နိုင်ရင်ကောင်းပါတယ်။ အဆီအနှစ်နှင့် ငရုတ်သီးများတဲ့ဟင်းလျာအစပ်တွေက ရင်ပူစေပါတယ်။ ဆောင်းရာသီမှာ ခရမ်းသီးက လူကိုကောင်းကျိုးမပြုပေ။ ကော်ဖီနှင့်ချောကလက်ဖျော် ရည်များကလည်း ရင်ပူစေပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှုမဖြစ်ရအောင် ကဖိန်းဓာတ် ပမာဏကို နည်းနိုင်သမျှလျှော့သောက်ပါ။ ဆောင်းရာသီမှာ အကြော်အလှော်ဟင်းလျာများက ရင်ပူစေနိုင်၍ အသားငါးတွေကို ဆီဖြင့်ကြော်စားခြင်းထက် ချက်ပြုတ်၍သာစားခြင်းက ပိုသင့်လျော်ပါတယ်။ အဆီများ သော နို့နှင့်နို့ထွက်ပစ္စည်းများ ဖြစ်ကြသည့် ချိစ်၊ မလိုင်၊ ကရင်မ်များ၊ ၎င်းကရင်မ်ဓာတ်ကဲထားသော ကွတ် ကီးစ်မုန့်များက နှာခေါင်း၊ လည်ချောင်း၊ ရင်ခေါင်းတို့ကို ပိတ်ဆို့စေသည့်အပြင် အစာမကြေခြင်းကိုပါ ဖြစ်စေ နိုင်ပါတယ်။

ဂျုံဖြင့်လုပ်ထားသော အစားအစာတွေကလည်း ဆောင်းရာသီမှာ အစာမကြေခြင်းကို ဖြစ်စေပါတယ်။ ဓာတုဆေးဝါးသုံး၍ ဖြူဆွတ်အောင်ပြုပြင်ထားသော သကြားများက သွေးဆဲလ်များကို ထိခိုက်စေနိုင်ပြီး ကိုယ်ခံစွမ်းအားယုတ်လျော့စေသဖြင့် အအေးမိ၊ ဖျားနာ၊ ချောင်းဆိုး၊ ကူးစက်ပိုးတွေကို ခံနိုင်ရည်မရှိတော့ပေ။ ဒါကြောင့်အဖြူရောင်သကြားများနှင့် ၎င်းဖြင့်ပြုလုပ်ထားသော အချိုရည်တွေကို ဝေးဝေးက ရှောင်ရှားပါ။

အချုပ်အားဖြင့်ဆိုသော် ဆောင်းလေဆော့သွေး ကျန်းမာရေးအတွက် ခြေထောက်ကိုနွေးနွေးထားပြီး ချင်းစိမ်း၊ ချင်းယို၊ ချင်းခြောက်မှုန့်စားပေးပါ။ ဆောင်းညတွေမှာ လက်မောင်းနှင့်ခြေထောက်အောက်ပိုင်းတို့ကို နွေးနွေး ထွေးထွေးထားပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး အအေးမိကိုယ်လက်ကိုက်ခဲခြင်းတွေ မဖြစ်စေနိုင်တော့ပေ။ ဒါ့အပြင် ရာသီဥတု ဘယ်လောက်အေးအေး ဦးထုပ်ဆောင်းမအိပ်ပါနှင့်။ မျက်စိနှင့်ဦးနှောက်ကို ထိခိုက်စေပြီး ဆံပင်ကျွတ်စေပါတယ်။ အရေးကြီးဆုံး အသိပေးချင်တာက ဆောင်းရာသီရေချိုးမကြောက်သင့်ကြောင်း ဖြစ်ပါတယ်ရှင်။ ။

ပေါက်ပေါက်

မြဝတီ
(၁၂-၁၂-၂၀၂၀)

17/12/2024

ပြောင်းဆံတင်ကားများ ယင်းငူပင်လမ်းပိုင်းမှ ဖြတ်သန်းခွင့်ပေး
ခရီးသည်ကားများအား လမ်းမကြီးမှ ဖြတ်သန်းခွင့်မပေးသေးဘဲ ပြောင်းဆံတင်ကားကြီးများအား သုံးဆယ်-ယင်းငူပင်လမ်းပိုင်းမှ ရက်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုနေကြောင်း သိရှိရသည်။ ယခုတွင်လည်း (၅)ရက်ဟု ကြေညာပြီး (၃)ရက်သာ သာပေးဖြတ်ပြီး ပြန်ပိတ်ထားကြောင်းသိရှိရသည်။

တန်ဖိုးကြီး ရှားပါးတဲ့ "ပင်လယ်သခွားသီး"(၆၃ ကျပ်သားကို တစ်ရာသုံးဆယ်ငါးသိန်းကျပ်ဝန်းကျင်ပါ။) သခွားသီး တစ်ကီလိုဟာ သာမန်အားဖ...
12/12/2024

တန်ဖိုးကြီး ရှားပါးတဲ့ "ပင်လယ်သခွားသီး"
(၆၃ ကျပ်သားကို တစ်ရာသုံးဆယ်ငါးသိန်းကျပ်ဝန်းကျင်ပါ။)

သခွားသီး တစ်ကီလိုဟာ သာမန်အားဖြင့် ၃ ဒေါ်လာလောက်သာ တန်ကြေးရှိပါတယ်။

ဒါပေမယ့် ပင်လယ်သခွားသီး (Sea cucumber) ကတော့ တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ အထက် တန်ကြေးရှိပါတယ်တဲ့။

(၆၃ ကျပ်သားကို တစ်ရာသုံးဆယ်ငါးသိန်းကျပ်ဝန်းကျင်ပါ။)

"ပင်လယ်သခွားသီး"လို့ ခေါ်‌ပေမယ့် ပင်လယ်ထဲမှာ သီးတဲ့ အသီးတော့မဟုတ်ပါဘူး။

ပင်လယ်သခွားသီးဟာ သက်ရှိ ဖြစ်ပါတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှင်သန်နေထိုင်ကြတဲ့ ကျောရိုးမဲ့ ရေနေသတ္တဝါတမျိုးပါ။

သခွားသီးနဲ့တူလို့ "ပင်လယ်သခွားသီး" လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ပင်လယ်သခွားသီး အကောင်လေးတွေဟာ ဈေးကွက်မှာ အလွန်တန်ဖိုးရှိတာကြောင့် လူတွေဟာ ‌အသဂာ်နဲ့ရင်းပြီး ရေငုပ်ရှာဖွေ ဖမ်းယူ‌ ရောင်းချကြပါတယ်။

ပင်လယ်သခွားသီး အကောင်လေးတွေဟာ အလွန်ထူးဆန်းတဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ရှည်မျောမျောလေးဖြစ်ပြီး အဖုအထစ်ပါတဲ့ အရေပြားရှိပါတယ်။

သူတို့မှာ ခြေလက်အင်္ဂါနဲ့ မျက်လုံးတွေ မပါရှိကြပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် တခုလုံးမှာ ပါးစပ်နဲ့ စအိုပဲ ပါရှိပါတယ်တဲ့။

ပင်လယ်သခွားသီးအကောင် မျိုးစိတ်ပေါင်း ၁၂၅၀ လောက်ရှိပါတယ်။ သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Holothuroidea ဖြစ်ပါတယ်။

အရွယ်အစားကတော့ အနည်းဆုံး ၁.၉ စင်တီမီတာ( ၀.၇၅ လက်မ) ကနေ အများဆုံး ၆ ပေအထိ အရှည်ရှိကြပါတယ်။

တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ ကျော် တန်ကြေးရှိတဲ့ ပင်လယ်သခွားသီးအကောင်လေးတွေကို ကမ္ဘာတဝှမ်းက ပင်‌လယ်ရေအောက်ကြမ်းပြင်တွေမှာသာ တွေ့ရှိနိုင်ပါတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားတဲ့ အကောင်လေးတွေကို လူတွေကလည်း ရှာကြံပြီး စားသောက်ကြပါတယ်။

ပင်လယ်သခွားသီးအကောင်ကို တရုတ်နိုင်ငံက အများဆုံး ဝယ်ယူပြီး နာမည် ကြီး ဟိုတယ်များမှာ ဈေးအကြီးဆုံး ပင်လယ်စာ ဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချကြပါတယ်။

ပင်လယ်သခွားသီးကို ဝါးစားရင် ပျော့တော့တော့ ပျင်းတွဲတွဲ၊ ထုတ်ထုတ်ဖြစ်နေပြီး မချိုမငန်အရသာရှိတယ်လို့ သိရပါတယ်။

ပင်လယ်သခွားသီးအ‌ကောင်တွေ ဈေးကြီးရတာက သူတို့ရဲ့အရသာကြောင့် တော့ မဟုတ်ပါဘူး။

ဒါပေမယ့် သူတို့ကိုစားရတဲ့ အတွေ့ အကြုံက သူတို့ရဲ့ ဆွဲဆောင်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ ကမ္ဘာတဝန်းမှာ ပင်လယ်သခွားသီးအကောင်အရေအတွက် များစွာလျော့နည်းလာပါတယ်။

အချို့ ပင်လယ်သခွားသီးအကောင်မျိုးစိတ်တွေဆိုရင် မျိုးသုဉ်းသွားပြီ ဖြစ်ပါတယ်။

တွေ့ရှိရဖို့လည်း အင်မတန် ရှားပါးသွားပြီ ဖြစ်ပါတယ်။ဒီလို ရှားပါးလာလေ ဈေးပိုကြီးလာလေ ဖြစ်ပါတယ်။

ပင်လယ်သခွားသီးအကောင်တွေ အအင်မတန် ရှားပါးလာပြီး ခက်ခက်ခဲခဲ ရှာဖွေရတာကြောင့် အလွန်ဈေးကြီးနေတာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပင်လယ်သခွားသီး‌တွေကို တနင်္သာရီကမ်းရိုးတန်း တလျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့လေ့ရှိကြောင်း သိရပါတယ်။

wisenewsမှ ကူးယူသည်

၁ ကီလို သိန်း၉၀ ကျော် တန်ဖိုးရှိတဲ့ မြိတ်ကျွန်းစု ပင်လယ်ကြမ်းပြင်မှ #ပင်လယ်မျှော့ ခေါ် ပင်လယ်သခွါးသီး ( Sea Cucumber )

ပင်လယ်မျှော့ ခေါ် ပင်လယ်သခွားသီး (Sea Cucumber) များကို ကမ္ဘာအနှံ့အပြားရှိ ပင်လယ်ရေအောက်ကြမ်းပြင် (sea floor) နှင့် သန္တာကျောက်တန်းများ (coral reefs) ကြားမှာ တွေ့ရှိနိုင်ပါတယ်။ ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေဟာ ကျောရိုးမဲ့ရေနေသတ္တဝါ (Marine Invertebrate) အုပ်စုဝင်များဖြစ်ကြပြီး ကြယ်ငါး၊ သံပခြုပ်၊ သဲဒေါ်လာကောင်တို့လို Echinoderms အုပ်စုဝင် တစ်မျိုးဖြစ်ကြပါတယ်။ သိပ္ပံအမည်မှာ Holothuroidea ဟု အမည်တွင်ပါတယ်။

မျှော့နှင့်ဆင်တူလို့ မြန်မာလို ပင်လယ်မျှော့ လို့ ခေါ်ကြတဲ့ sea cucumber တွေဟာ မျှော့မဟုတ်ကြပါ။ မျှော့က အဆစ်ပါ တီကောင်မျိုးပေါင်းစု-Annelida မှာပါဝင်ပြီး မျှော့တွေက မြေတီကောင်တွေနဲ့ ပိုအမျိုးနွယ်ပါလိမ့်မယ်။ Sea Cucumber တွေက မျိုးပေါင်းစု-Echinodermata မှာပါဝင်ကြလို့ မြန်မာမှုပြုတဲ့အခါ Sea cucumber ကို ပင်လယ်မျှော့ လို့ခေါ်တာထက် အင်္ဂလိပ်နာမည်ကို တိုက်ရိုက်ဘာသာပြန်ထားတဲ့ ပင်လယ်သခွားသီး ဆိုတဲ့ နာမည်ကပိုပြီး ပီပြင်ကွဲပြားလိမ့်မယ်လို့ ဆိုကြပါတယ်။

Sea Cucumber တွေရဲ့ ခန္ဓာကိုယ်က ရှည်မျောမျောလေးဖြစ်နေပြီး သူတို့ရဲ့ သားရေတွေနဲ့တူတဲ့ အရေပြား အဖုထစ် အချွန်အတက်တွေက ကိုယ်ပျော့ရေနေသတ္တဝါလိုဖြစ်နေပါတယ်။ Sea Cucumber တွေဟာ သူတို့ရဲ့ ကိုယ်ထည်ကို ဖယောင်းလိုပျော့ပျောင်းသွားစေအောင်လုပ်နိုင်သလို စက္ကန့်ပိုင်းအတွင်း မာတောင့်သွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျောက်ကြိုကျောက်ကြားတွေထဲ ကျုံ့ဝင်သွားပြီးနောက် ဆွဲထုတ်လို့မရအောင် မာတောင့်ထားတတ်ကြတယ်။ ဒီလိုလုပ်နိုင်တာဟာ သူ့အရေခွံကြောင့်ပါ။

Sea Cucumber တွေဟာ ရန်သူနဲ့တွေ့တဲ့အခါ သူတို့ရဲ့ကိုယ်တွင်းအဂ်ါများကို အန်ထုတ်ပြီး အစာအဖြစ် ချကျွေးကာ ထွက်ပြေးတတ်ကြပါတယ်။ သို့သော် ၁ပါတ် ကနေ ၅ပါတ် အတွင်းမှာ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါအသစ်တွေ ပြန်ပြီးဖြစ်ပါ်လာကြပါတယ်။

Sea Cucumber တွေရဲ့ခန္ဓာကိုယ်မှာ သွေးများမရှိကြပါ။ သွေးလည်ပတ်မှုစနစ်ဖြင့် အသက်ရှင်ခြင်းမဟုတ်ဘဲ Water Vascular System ဖြင့်ရှင်သန်ကြတယ်လို့ သိရပါတယ်။

Sea Cucumber တွေဟာ ရေညှိရေမှော်၊ ကျောရိုးမဲ့ရေသတ္တဝါ၊ အပင်မျှော စသည်တို့ကို သူတို့ရဲ့ခြေချောင်းသေးသေးလေးတွေ ဝန်းရံနေတဲ့ ပြွန်ပုံသဏ္ဍန်ပါးစပ်ကနေ စားကြပါတယ်။

ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေကို တနင်္သာရီကမ်းရိုးတန်းတစ်လျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းဆီးကြပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့လေ့ရှိကြပါတယ်။

ပင်လယ်မျှော့ ဖမ်းဆီးခြင်းလုပ်ငန်းမှာ သန္တာကျောက်တန်း၊ ကျောက်ဆောင်(coral reefs)များကြား ည(၇) နာရီမှ ညသန်းခေါင်ယံအချိန်ထိ ဖမ်းဆီးကြပြီး လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်၌ ၁လခန့် ကြာမြင့်တတ်တယ်လို့ ဒေသခံရေလုပ်သားများက ဆိုကြပါတယ်။

ပင်လယ်မျှော့ကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူကြပြီး အိန္ဒိယရှိ နာမည်ကြီးဟိုတယ်များ၌ ဈေးအကြီးဆုံး ပင်လယ်စာဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချကြတယ်လို့သိရပါတယ်။

ပင်လယ်မျှော့မှာ ဝါးလိုက်လျှင် ပျော့တော့တော့ ပျင်းတွဲတွဲ ထုတ်ထုတ်ထုတ် ဖြစ်နေပြီး အရသာမှာ မချိုမငန်ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံမှာ ပင်လယ်မျှော့ကို အစိမ်းအတိုင်း အချဉ်နှင့်တို့ပြီး ဆိုဂျူး(ကိုးရီးယားအရက်)နှင့် မြည်းလေ့ရှိကြပါတယ်။ အစိမ်းမှာ အနည်းငယ်မာ၍ ငန်ကျိကျိအရသာကြောင့် အခြောက်ကိုပြန်ချက်တာလောက် စားမကောင်းကြပေ။

ပင်လယ်မျှော့မှာ အသားဓါတ် (Protein) ကြွယ်ဝစွာပါဝင်လို့ ပုံမှန်စားသုံးပါက သွေးတိုးရောဂါကိုကာကွယ်ပေးပြီး အဆီကိုလည်း ကျစေပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကို မတိုးပွားအောင် ထိန်းညှိပေးခြင်း၊ သွေးအားကောင်းခြင်း၊ နာတာရှည်လူနာများနှင့် မသန်စွမ်းသူများ၏ ကြွက်သားများ ညောင်းညာမှု၊ စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း၊ အနာဖြစ်ပါက အနာကျက်မြန်ခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိနိုင်ပါတယ်။

Crd...နှင်းဖြူဖြူ (အစိမ်းရောင်လမ်း)
Ref: Wikipedia

12/12/2024

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
နောင်ချိုမြို့နယ်၊ ဘန့်ဘွေးနှင့် ရေ၀င်ကျေးရွာကြားတွင်TNLA-PDF နှင့် စစ်ကောင်စီတို့ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး ကားလမ်းများလည်း ပိတ်ထားကြောင်းသိရှိရသည်။ နမ့်လင်းခံရွာ(လမ်းခွဲ) ဂိတ်၌လည်း နောင်ချိုဒေသခံများ ဖြတ်သန်းပါက မှတ်ပုံတင်ပြနိုင်မှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

ပိုးသတ်ဆေးဖြန်းပြီး ငွေဖြုန်းနေကြသူများ (၁)♥ ၁.၁.၂၀၂၃ နေ့တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါတယ်။စိုက်ပျိုးသီးနှံ စိုက်ပျိ...
09/12/2024

ပိုးသတ်ဆေးဖြန်းပြီး ငွေဖြုန်းနေကြသူများ (၁)

♥ ၁.၁.၂၀၂၃ နေ့တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါတယ်။

စိုက်ပျိုးသီးနှံ စိုက်ပျိုးနေကြသူများအနေဖြင့် မိမိတို့ ဆောင်ရွက်နေမှုများသည် မှန်ကန်မှု ရှိရဲ့လား၊ မှားယွင်းနေတာလား ဆိုတာကို ပြန်လည်ဆင်ခြင် သုံးသပ်ရန် လိုအပ်လာပြီလို့ ဆိုခြင်ပါတယ်။

ဘာတွေမှးယွင်းနေတာလဲ၊ ဘာတွေပြင်ဆင်ရန်လိုတာလဲ ဆိုလာရင်တော့
ပိုးသတ်ဆေး ပက်ဖြန်းမှုတွင် တွေ့မြင်နေရသော အမှားများလို့ ဆိုရမှာပါ။

မိမိအနေဖြင့် စိုက်ပျိုးရေးကိစ္စရပ်များဖြင့် ခရီးထွက်သည့်အခါ၊ မိမိအား အပ်နှံထားသော မတ်ပဲစိုက်ခင်းများကို သွားသည့်အခါ၊ လမ်းတလျောက် စိုက်ခင်းများတွင် ပိုးသတ်ဆေး ပက်ဖြန်းနေကြသူများနှင့် ကြုံတွေ့သည့်အချိန်တွင်

♥ အပင်ဘယ်နှစ်ရက်သားရှိနေပြီလဲ၊
♥ ဘာမျိုးစိုက်တာလဲ၊
♥ ဘာဆေးဖြန်းတာလဲ၊
♥ ဆေးကို ဘယ်နှုန်းသုံးတာလဲ၊
♥ တစ်ဧက ဆေးဘယ်နှစ်ပုံး ဖြန်းတာလဲ၊
စသည်ဖြင့် မေးမြန်းလေ့ရှိရာ အမြင်မတော်တာတွေ အများကြီး တွေ့ဖြစ်ပါတယ်။

ဘာတွေလဲဆိုတော့

ကုမ္ပဏီ၊ ဆေးအမည် တို့ကို အစွဲဖြင့် သုံးစွဲနေကြသူများ၊ မိမိကြိုက်သော ဆေးအမျိုးအစားကို တစ်ရာသီအတွင်း ထပ်ခါထပ်ခါ အသုံးပြုနေကြသူများကို တွေ့နေရသည့်အပြင်

♥ ဆေးသုံးစွဲမှု(ဆေးနှုန်း)။
♥ ဆေးအမယ် အများအပြား ရောစပ်ပက်ဖြန်းခြင်း။
♥ မရောသင့်သည့်ဆေးများ ရောစပ်ပက်ဖြန်းခြင်း။

တို့တွင် အမှားအယွင်များစွာ ကြုံတွေ့နေရပြီး မိမိတို့ သုံးစွဲခြင်သလို ဆေးဖြန်းပုံးအတွင်း ထည့်သွင်း ပက်ဖြန်း နေကြခြင်းကို တွေ့ရှိနေရပြီး ထိုကိစ္စများသည် လုပ်ဆောင်သင့်သလား၊ ဆိုတာကို ပြန်မလုပ်ဆောင်သင့်သလားလည်သုံးသပ်ရန် လိုအပ်လာပြီလို့ ဆိုခြင်ပါတယ်။

မိမိအနေဖြင့် ကုမ္ပဏီအစွဲ၊ ဆေးအစွဲ၊ တိုကို ရေးသားခဲ့ဘူးပြီးဖြစ်၍ ထပ်မရေးလိုသော်လည်း အချို့ကိစ္စများသည် ရေးသားရန်လိုအပ်လာပြီဖြစ်၍ ရေးသားရပါလျင်

♥ ဆေးသုံးစွဲမှု(ဆေးနှုန်း)၊

မကြာခဏတွေ့နေရသော အဖြစ်အပျက် လုပ်ရပ်များပါ။

မိမိအနေဖြင့် မိမိထံအပ်နှံထားသော စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုရင်း လယ်နီးစပ်တောင်သူ ပိုးသတ်ဆေး ပက်ဖြန်းနေတာကို တွေ့ရတော့ သွားပြီးစပ်စုမိပါတယ်၊ ဘာဆေးတွေ ဖြန်းနေသလဲပေါ့။

ဟက်ဇာဂွန်(Hexaconazole) ဖြန်းနေခြင်းဖြစ်ပြီး စက်ဆေးဖြန်းပုံး တစ်ပုံးလျင် 75 CC ထည့်သွင်း၍ ပက်ဖြန်းနေခြင်း ဖြစ်ရာ ထိုပဲခင်းအား ကြည်မိတော့ ဖားဥမှို၊ သံချေး၊ ရွက်ပျောက်ရောဂါ တစ်မျိုးမှ ရှိနေတာ မဟုတ်ဘဲ ကာကွယ်မှုအနေဖြင့် ပက်ဖြန်းနေခြင်းပါ။

ကာကွယ်မှုအနေဖြင့်ဆိုလျင် စက်ဆေးဖြန်းပုံး တစ်ပုံးလျင် 75 CC ထည့်သွင်း၍ ပက်ဖြန်းခြင်းသည် များလွန်းနေပြီး 25 CC ခန့် သာ သုံးစွဲသင့်ပြီး ကုသလျင်မူ 40 CC
ခန့်သာ သုံးသင့်တာပါ။

♥ ဆေးအမယ် အများအပြား ရောစပ် ပက်ဖြန်းခြင်း။

အဆင်အခြင်မဲ့ လုပ်ရပ်တစ်ခုလို့ မြင်နေရပြီး ထိုသို့ ရောစပ်သုံးစွဲမှု အလေ့အကျင့်ကို စတင်တည်ထွင် ကျင့်သုံးစေခဲ့တာကတော့ ဆေးရောင်းချသူ၊

ကုမ္ပဏီဝန်ထမ်း အချို့ဖြစ်ပြီး သူတို့ရောစပ်ပေးတာကတော့ Ai တစ်မျိုး၊ နှစ်မျိုးသာ ပါတဲ့ဆေးတွေကို အများဆုံး နှစ်မျိုးခန့်သာ ရောစပ် ပက်ဖြန်းစေခဲ့တာ ဖြစ်ပါတယ်။

ယခုအခါတွင် ဆရာထက် တပည့်လက်ဇောင်းထက် ဆိုသလို ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို နှစ်မျိုးလောက်တင် ရောစပ် ပက်ဖြန်ခြင်း မဟုတ်တော့ဘဲ သုံးမယ်၊ လေးမယ် အထိ ရောစပ်ပက်ဖြန်းနေကြတာကို ယခုအခါ စိတ်ပျက်ဘွယ်ရာ တွေ့မြင်လာရပါတယ်။

ထိုသို့ရောစပ်ပက်ဖြန်းနေကြသူများသည် ပိုးသတ်ဆေးအကြောင်း ဘာမှ ရေရေရာရာ မသိရှိဘဲ ကုမ္ပဏီ တစ်ခုခြင်းအလိုက် နာမည်ကြီးသောဆေးများ၊ ကုမ္ပဏီ နစ်ခုတွင် နာမည်ကြီးသော ဆေးများကို ရောစပ်ပက်ဖြန်းမှု ပြုနေကြခြင်း ဖြစ်ကြပါတယ်။

လုပ်ဆောင်သင့်ပါသလား လို့ ဆိုလာလျင်တော့ အဆင်အခြင်မဲ့ လုပ်ရပ်လို့ ဆိုရမှာဖြစ်၍ မလုပ်ဆောင်သင့်ပါဘူး လို့ ပြောခြင် ရေးခြင်ပါတယ်။

ယခုလို တောင်သူအချို့ သုံးစွဲနေကြခြင်းက ဘယ်စိုက်ပျိုးရေးပညာရှင်၊ ဘယ်ဆေးဆိုင်ကမှ ရောစပ် ပက်ဖြန်းစေတာ မဟုတ်ဘဲ မိမိသဘောနှင့် မိမိ လုပ်ဆောင်နေခြင်း ဖြစ်၍ ဆရာမနိူင် နှစ်ဆောင်ပြိုင် လို့ပင်ဆိုရမှာပါ။

သူတို့ရောစပ်လိုသည့် ဆေးများကို ဆေးဖြန်းပုံးထဲ တိုက်ရိုက်ရောစပ်ခြင်းဖြစ်၍ ကြိုတင်၍ ရောစပ်သင့်မသင့် စမ်းသပ်မှု ကိုလည်း မလုပ်ဆောင်ကြပါဘူး။

ထိုအလေ့အကျင့်များသည် တောင်သူလယ်သမားအချိုအနေဖြင့်တတ်သိပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဥာဏ် ရယူခြင်း မရှိဘဲ စိတ်ထင်ရာ လုပ်နေခြင်းဖြစ်ရာ ဘယ်လိုမှ အကျိုးရှိစရာ လမ်းမမြင်ပါဘူး။

ဘယ်လောက်တောင်မှ မဆင်မခြင် လုပ်ဆောင်နေသလဲဆိုတော့ စက်ဆေးဖြန်းပုံး 25 လီတာ တစ်ပုံးလျင်

♥ အီသာပလတ် တစ်ဇွန်း
♥ ယက်ခ 40 CC
♥ ငှက်ကြီးတောင် 20 CC
♥ လန္ဘရာ 40 CC

စသည့် တန်ဘိုးကြီး ဆေးပြင်းများကို ထည့်သွင်းပက်ဖြန်းခြင်းပြုရာ ပုံမှန်ပက်ဖြန်းသူထက် သုံးဆမျှ ပိုကုန်နေသည်ကို တွေ့ရှိနေရပါတယ်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် ~

♥ အပင်အတွက် ရာခိုင်နှုန်းပြည့် အကျိုးမရှိနိူင်ခြင်း။
♥ ကုန်ကျစရိတ်များပြားခြင်း။

ကတော့ ကျိန်သေဖြစ်နေမှာဖြစ်ပြီး အခြားဆိုးကျိုးများ မပါဝင်သေးပါဘူး။

♥ မရောသင့်သည့်ဆေးများ ရောစပ်ပက်ဖြန်းခြင်း။

ကတော့ နေရာတကာမှာ တွေ့နေမြင်နေရပါတယ်။
သူများက ဒီဆေးကောင်းတယ်ဆိုလျင် လိုက်ဝယ်တတ်ကြပြီး မိမိအိမ်တွင် ရှိနေသော ဆေးများကို လက်ကျန်ဖြတ် ရောစပ်ပက်ဖြန်း နေကြခြင်းပါ။

ဒီထက်ဆိုးဝါးခြင်းက
ဆေးပက်ခ သက်သာရန်၊ တခါတည်းပြီးရန် ဆိုပြီး မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းအားဆေး တို့ကို ရောစပ်ပက်ဖြန်းနေခြင်းဖြစ်ပြီး

ထိုစိုက်ခင်းသည် ရောဂါနှင့် ပိုး ဆိုးဝါးစွာ ကျရောက်နေသော အကွက်ဆိုပါလျင် ဘယ်သို့ရှိလိမ့်မည်နည်း။
တွေ့ခဲ့ မြင်ခဲ့ဘူးပါတယ်။

♥ စိုက်ခင်းမှာ အပင်သေနေတယ် ပြောမိလို့ ဆိုင်မှ ပေးလိုက်တဲ့
ဖော့စတိုင်း အလူမီနီယမ်(Fosetyl - Aluminium)

♥ အခင်းနီးနားက မင်းအခင်းမှာ ဘက်တီးရီးယားရွက်ခြောက် ဖြစ်နေတယ် ငါဝယ်လာတဲ့ ဆေး သုံးဆိုလို့ ယူသုံးရတဲ့
ကော့ပါးအောက်စီကလိုရိုဒ်( Copper Oxychloride)

တို့အပြင်
♥ ဆိုင်မှလာပို့ထားတဲ့
ပိုးသတ်ဆေနှင့် ရွက်ဖြန်းအားဆေး။

♥ ကုလားမျက်စိ၊တောနှမ်း ပေါင်းရှိလို့ ဆိုပြီး အိမ်မှာ ဝယ်ထားတဲ့ ရွက်ပြန့်ပေါင်းသတ်ဆေး ဖော်မီဆာဖန်( Formesulfan)

တွေကို ကုန်ကျစရိတ်သက်သာအောင်၊ တစ်ခါတည်း ပြီးသွားအောင် အလုပ်သမားကို ရောပက်ခိုင်းလိုက်တယ် ဆိုတဲ့ တောင်သူကို တွေဘူး၊ ကြုံဘူးခဲ့ပါတယ်။

ဒီလို လုပ်ရပ်တွေကို သစ်ပင်အတွက် အကျိုးရှိအောင် လုပ်တဲ့ လုပ်ရပ်လို့ ဆိုနိူင်ပါမည်လား။

ဆေးတစ်မျိုးတည်း ပက်ဖြန်းလျင်ပင် လုံလောက်နေသည်ကို ဆေး (၄) မျိုးကို ရောစပ် ပက်ဖြန်းတယ်ဆိုတော့ အကျိုးမရှိသော ငွေဖြုန်းတီးသည့် လုပ်ရပ်လို့ ဆိုရမှာပါ။

မိမိသုံးစွဲလိုက်သည့် ကုန်ကျစရိတ်သည် မိမိစိုက်ခင်းအတွက် အကျိုးမရှိစေသည့်အပြင် ဆိုကျိုးကိုသာ ဖြစ်ပေါ်စေလျင် ထိုဖြုန်းတီးမှုကို ဆိုးဝါးလွန်းသည့် အဖြုန်းလို့ ဆိုရမှာပါ။

တောင်သူလယ်သမားများအနေဖြင့် မစဉ်းစားမဆင်ခြင်ဘဲ ဆေးဘူးတွင် ပါရှိသည့် အညွန်းထက် ဆေးပိုသုံးခြင်း၊ မိမိနားလည်သိရှိခြင်းလည်းမရှိ ပညာရှင် တစ်ဦးတစ်ယောက်ကမှ အကြံပြု ညွန်ကြားထားခြင်းမရှိသည့် ဆေးအမယ်များစွာ ရောစပ်ပက်ဖြန်ခြင်း၊ ရောစပ်သုံးစွဲခင်းများများအား မလုပ်ဆောင်သင့်ဘူး။

စိုက်ပျိုးသူများအနေဖြင့်
ယခုလို စိုက်ပျိုးရေးသွင်းအားစုများ စျေးနှုန်းမြင့်တက်နေပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုးမွားရောဂါ ကျရောက်မှု ဆိုးဝါးနေချိန်တွင် မလိုအပ်သည့် အသုံးစရိတ်များလျော့၍ ကုန်သင့်ကုန်ထိုက်သည်ကို စနစ်တကျ သုံးစွဲရန် လိုအပ်နေရာ အထက်တွင် ရေးသားထားသလို စဉ်းစားဆင်ခြင်မှု နည်းပါးစွာဖြင့် ဆေးဝါးသုံးစွဲမှုများကို မလုပ်ပါနှင့်တော့လို့ အကြံပြုအပ်ပါတယ်။

ချမ်းမြေ့ပါစေ


ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
မင်းလှမြို့
ပဲခူးတိုင်းဒေသကြီး။
၁.၁.၂၀၂၃

ဆူးပုတ်ညွှန်းများလှိုင်လှိုင်ထွက်စေဖို့ ဒီနည်းကိုသုံးကြည့်ပါ။ပြင်ဆင်စရာတွေ၁။အုန်းရည် ၁2. ကော်ဖီမှုန့် 1 ဇွန်း၃။ အားဖြည့်...
09/12/2024

ဆူးပုတ်ညွှန်းများလှိုင်လှိုင်ထွက်စေဖို့ ဒီနည်းကိုသုံးကြည့်ပါ။

ပြင်ဆင်စရာတွေ

၁။အုန်းရည် ၁

2. ကော်ဖီမှုန့် 1 ဇွန်း

၃။ အားဖြည့်အချိုရည် ၁ ဇွန်း

ဘယ်လိုလုပ်ရမလဲ

1. ကော်ဖီမှုန့်ကို အုန်းရေနဲ့ ရောစပ်ပြီး ပထမအဆင့်ကို စတင်လိုက်ပါ။

2. ပြီးရင် အားဖြည့်အချိုရည်ကို ထည့်ပြီး မွှေပေးပါ။ ကောင်းစွာရောမွှေပါ။

3. အရောအနှောကို ရေကိုသာ စစ်ထုတ်ပြီး ရေသန့် 1 လီတာ ရောမွှေပြီး ချက်ချင်း အသုံးပြုပါ။

အသုံးပြုနည်း

အကာရှအကိုင်းအခက် ခုတ်ထွင်ရန် အလယ်အကိုင်းက ငယ်တယ်၊ အလယ်က ဟောင်းပြီး ဖျန်းတယ်။ ဒီဖော်မြူလာကို ရေစိမ်တဲ့အထိ ဖြန်းပေးပါ။ အကာရှပင်၏ ကြီးထွားမှုကို အရှိန်မြှင့်ရန် ကူညီပေးမည်ဖြစ်ပြီး အညွန့်များ ရာနှင့်ချီ၍ ကြီးထွားလာစေရန် ကူညီပေးမည်ဖြစ်သည်။ ထွက်လာသော အညွန့်များသည် မညှိုးနွမ်းဘဲ ပြည့်စုံပြီး ဖောင်းနေလိမ့်မည်

"မင်္ဂလာ"

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ အမြဲတင်ပေးတဲ့Page လေးဖြစ်ပါတယ်Pageကိုlike&See First လုပ်ထားဖို့ မမေ့နဲ့နော်


#စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ

Credit - Original Uploader

Address

Naunghkio

Website

Alerts

Be the first to know and let us send you an email when Inn Seinn News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inn Seinn News:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share