Crypto/ NFTs Kitchen MM by YeYint

  • Home
  • Crypto/ NFTs Kitchen MM by YeYint

Crypto/ NFTs Kitchen MM by YeYint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crypto/ NFTs Kitchen MM by YeYint, Digital creator, .

 Time to buy BTC လို့ပဲပြောရတော့မှာပဲ 📈Black Rock is coming into BTC and and offering it to their customers and if they ...
08/08/2022



Time to buy BTC လို့ပဲပြောရတော့မှာပဲ 📈

Black Rock is coming into BTC and and offering it to their customers and if they only allocate .5% of their funds there will be no more BTC on exchanges.

https://youtu.be/0j9PJMId1PM

NFTs hacks and scams ⚠️NFT တွေကို သင့် wallet ထဲက တိုက်ရိုက် သင့်ခွင့်ပြုချက် မပါပဲ Hack/ Steal လို့မရပါဘူး၊ အဲ့ဒါဆ်ို ဘ...
21/06/2022

NFTs hacks and scams ⚠️

NFT တွေကို သင့် wallet ထဲက တိုက်ရိုက် သင့်ခွင့်ပြုချက် မပါပဲ Hack/ Steal လို့မရပါဘူး၊ အဲ့ဒါဆ်ို ဘယ်လို ခိုးယူကြသလဲ ?

1. By seed phrase

ဒီနည်းကတော့ ရှင်းပါတယ် သင့် wallet private words 12 လုံးကို သိလို့ ယူတာပါ NFTs တွေမှ မဟုတ်ပါဘူး အကုန်မလို့ရပါတယ် ( Cryptocurriencies တွေပါ ပါပါတယ်)

Do "NOT" share your seed phrases to others ⚠️

2. Rugpulls

Rugpulls ဆိုတာလဲ scam နည်းတစ်မျိုးပါပဲ၊ Rugpulls တွေ ဘယ်လိုဖြစ်လဲ ?

Rugpulls တွေဟာ ဘယ်လိုဖြစ်လဲဆိုရင် Rugpulls လုပ်မဲ့ Founders/ Creators (ဖန်တီးသူများ) ဟာ သူတို့ ဖန်တီးထားတဲ့ NFT Collections/ Projects တွေက်ို ရောင်းကုန် အောင် ( Sold out) လျှောက်ပြောကြတာပါ.....ဘာတွေလာမယ် ? ဒီ NFT ပိုင်ရင် မင်းဘာပြန်ရမယ်၊ ငါတ်ို့ဟာကို ဝယ်ရင် ဒီလိုဟာတွေရမယ် ( ဥပမာ - NFT Metaverse games တွေလာမယ်၊ Staking တွေလာမယ်၊ Airdrops ( အလကားထပ်ပေးတာပါ....NFTs or Coins ) / Merch ( irl = in real life Merch ဆိုတာ တကယ့်ကို အင်္ကျီတွေ၊ ဦးထုတ်တွေ၊ ဘောင်းဘီတွေပါ တကယ်ကို Shipping နဲ့ပို့ပေးတာပါ) အစရှိသဖြင့် အဲ့လိုအရာတွေ ပေးမယ်လို့ မျှားတာပါ၊ မြန်မာလို ရှင်းရှင်းပြောရရင်တော့ ဂျင်းထည့် ကြတာပါ၊
"ထမင်းထုတ်ပဲမြင် ဝါးရင်းတုတ်" မမြင်ကြတဲ့ Holders (ဝယ်သူတွေ) များ ခံကြရပါတယ်၊ သူတို့ကလဲ တကယ်ကို Art ကိုရှယ်လုပ်တာပါ တော်တော်လဲလှပါတယ်၊ Discord ထဲလဲ တကယ်ကို တက်ညီလက်ညီ အလုပ်လုပ်ကြပါတယ်၊
သူတို့ Collections/ Projects တွေရောင်းထွက်သွားမှ Sold Out ဖြစ်သွားရင် စပါပြီ Founders လုံးဝကို Online မဖြစ်တော့ပါဘူး၊ တချို့ကြတော့လဲ Online ဖြစ်တယ် but လာမယ်လို့ပြောထားတာတွေ မလာတော့ပါဘူး ၊ တချို့ကြတော့လဲ Phase 2 မှာ ဘာလာမယ်ညာလာမယ်၊ Rome wasn't built in a day အစရှိတဲ့ဟာတွေ ပြောပြီး လာမယ် စောင့်ကြပါလို့ပြောကြတာတွေလဲရှိပါတယ်၊ Projects တိုင်းမဆ်ိုလိုပါ တချို့သော Projects တွေကြ လာမယ်ပြောတာတွေ တကယ်လာပါတယ်၊ အချိန်တော့စောင့်ရတာပေါ့၊
အဲ့တာမလို့ Rugpulls ဟုတ်မဟုတ် Discord ​activities တွေကိုကြည့်ပါ (General chat) ဘာညာ တချို့ကောင်းတဲ့ Projects တွေကျတော့လဲ တချို့လူတွေ WL/ Presale Mint ခွင့်မရတဲ့ အတွက် General chat မှာ Rugpulls လို့ လျှောက်ပြောနေတဲ့လူတွေလဲရှိပါတယ် ပြောရရင် "မစားရတဲ့အမဲ သဲနဲ့ပက်" ဆိုသလိုပါပဲ။

တိုက်ရိုက် Rugpulls တွေကတော့ တည့်ပါပဲ Discord server delete (ဆာဗာကြီးကိုပါ ဖျက်သွားတာပါ) အဲ့တာကတော့ ဆာလဲဆာသလို ရှင်းလဲရှင်းပါတယ် 🤣 နောက် Twitter account delete သွားတာတွေ၊ ဘာ activities တွေမှမရှိတော့ပါ 💀

Rugpulls ဟုတ်မဟုတ်ကတော့ ကြည့်တတ်ရင် သိသာပါတယ် တည့်မလုပ်တဲ့ Projects/ Collections များကတော့ ပြောရတာခက်ပါတယ် တကယ်ပါ ( p.s ကျနော်လဲ ခံဖူးပါတယ် 😑)

Rugpulls လုပ်ရင် သင့် wallet တစ်ခုလုံး အခိုးမခံရပါဘူး၊ ဒါဆို Rugpulls ကိုဘာလို့ Scams ထဲထည့်လဲ ? ထည့်ရမှာပါ တစ်ခုလုံး အခိုးမခံရပေမဲ့ ဆိုပါစို့ NFT တစ်ခုကို 100$ နဲ့ပဲရောင်းတယ်ထား အဲ့ 100$ လေးကနေ Profits (အမြတ်) မဝင်တော့ပါ၊ အဲ့ 100$ လေးကလဲ 100$ မတန်တော့ပါဘူး but အဲ့ NFT လေးကတော့ Wallet ထဲကျန်ပါတယ် :3 NFT ဈေးနဲ့ Gas တွေ ရှုံးပါတယ် (ETH project ဆို အရင် Bullish Market မှာ Gas Fee 0.1 ish 350$ လောက်ထိကိုရှိပါတယ်၊ အဲ့တာတွေပြောတာပါ၊ အဲ့တာမလို့ Rugpulls များကို Scams ထဲ သတ်မှတ်ခြင်းဖြစ်ပါတယ် လိမ်တာပါ…….
"နင်နဲ့ငါလက်ထပ်ကြမယ် ဆိုပြီးထားခဲ့ခြင်းတွေပါ...." ရေးနေရင်း နဲနဲတော့ မျက်ရည်ဝဲမိပါတယ် 🥲

Rugpulls တွေကို NFTs တွေမှမဟုတ် Cryptocurriencies တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်တွေရပါတယ်၊ Crypto Rugpulls တွေက နောက်မှ ပြောပြပါ့မယ် ပိုဆာပါတယ် S**t coins တွေဝယ်ဖူးရင် ကောင်းကောင်းကို နားလည်မှာပါ🤣

3. Phishing Links

ဒီနည်းကတော့ မသိတဲ့လူတွေနဲ့ လောဘကြီးတဲ့ လူများခံရတတ်ပါတယ် တကယ်ကိုကြောက်ဖို့ကောင်းပါတယ် NFTs ဈေးကြီးတာ ကောင်းတာမှန်သမျှ Fee ဖိုးကျန်ရင် ကျန်သလို မတာပါ ⚠️ ဒီကောင်တွေဘယ်လိုလာသလဲ ?

Discord DM ( Direct Messages) တွေမှာ Link တွေပ်ို့ပါတယ် ဥပမာ - ကိုအရမ်းလိုချင်နေတဲ့ ဝယ်ချင်နေတဲ့ Project တစ်ခုခုပေါ့ ကို့မှာလဲ Whitelist/ Presale ( ဝယ်ခွင့်လက်မှတ်) ကမရှိ အဲ့မှာ ဘယ်လို လုပ်လဲဆို Profile ဘာညာရာ အတူ အဲ့ Founder pfp တူတူလုပ်ပြီး Message ပို့တာပါ⚠️
“We are privately minting”၊ "You're selected to mint our collection" ဘာညာနဲ့ပါ အဲ့မှာ ကိုကမသိပဲ ဟာ ပျော်လိုက်တာ ငါဝယ်ခွင့်ရပြီးဆိုပြီး Link ကိုနှိပ် ကို့ wallet နဲ့ "sign"/ "connect" လုပ်မိရင်တော့ ပျော်ပျော်နဲ့ ရေစက်ချပါ :3

sign/ connect လုပ်မိထဲက 1 sec later အတွင်း Fee ဖိုးရှိရင် ရှိသလောက် တန်ဖိုးကြီး NFT တွေကို စပြီး "မ" ပါတယ် ⚠️ ပြန်မရပါ ခိုးမှတော့ ပြန်မရတော့ပါ အဲ့နည်းနဲ့ ခိုးတာပါ။

"ဘယ်လို ကာကွယ်ရမလဲ ?"

ရှင်းပါတယ် Links တွေလျှောက်မနှိပ်ပါနဲ့ အထူးသဖြင့် Direct Messages တွေထဲက ပို့တာပါ၊ ဘယ် Projects မ​ဆို Founders and Moderators တွေ၊ Team members များက ဘယ်တော့မှ Direct Messages မပို့ပါ ( တကယ့် Mods ဘာညာ ပို့ရင်လဲ Ticket ဖွင့်ပြီးတိုင်ပါ၊ Founders တိုက်ရိုက်ပို့ရင်တော့ ဝေးဝေးသာပြေးပါတော့)၊ "WE ARE NEVER EVER DM U" "DO "NOT" CLICK ANY LINKS" ဆိုတာတွေ Discord ထဲရော Twitter မှာပါ သူတို့ပြောပေးထားပါတယ်၊ အမြဲတမ်း Links များနှိပ်စရာရှိလဲ # official_links ဆိုတဲ့ Channel discord ထဲအမြဲရှိပါတယ် 🙏 Take care folks ❤️

"Always use Official Links" ⚠️

Phishing Links တွေပို့တဲ့နေရာမှာလဲ နောက်တစ်ခုရှိပါတယ် Founders ကိုယ်တိုင် Discord ထဲ "Announcement" channel ထဲပို့ပြီး Scam တာပါ၊ ဒါဘာကိုဆိုလိုတာလဲ ?
Founders or ပို့တဲ့လူရဲ့ Discord hack ခံရလို့ပါ အဲ့ကျ mint ကြပြီး scam ခံရပါတယ် ⚠️ အဲ့တာဆို ဘယ်လိုကာကွယ်ရမလဲ ?

1. Mint date ကိုကြည့်ပါ ❗️❗️
2. General Chat ထဲလူတွေဘာပြောနေလဲကြည့်ပါ
3. မလောပါနဲ့
4. တော်တော်များများ Projects များက Mint date release ပြီး Stealth mint - တိတ်သခိုးထပြီး မလုပ်ပါ ⚠️

တချို့ Founders/ Team members များ Hack ခံရပြီဆိုရင်လဲ Links တွေမပို့ပဲ "Send 1 ETH to this address 0x.."
"Send 1 SOL to this address...." ဆိုပြီးလာပါတယ် ⚠️

Twitter Phishing Links များကတော့ ဘယ်လိုလာသလဲဆို Blue Mark အကောင်တွေဆီကလာတာပါ သူတို့ကတော့ Fake people with Blue Mark တွေပါ အဲ့တာတွေကတော့ Twitter ကလူတွေနဲ့ဆိုင်ပါတယ် Elon Musk ကတော့ပြောပါတယ် သူ Twitter ဝယ်ပြီးရင်အဲ့လို Fakes တွေက်ို ရှင်းမယ်လို့တော့ပြောပါတယ် 🥹

Twitter Phishing Links scams တော်တော်များများကတော့ Team founders, Members များ, influencers များအနေနဲ့ Scam ပါတယ်၊ ပြောရရင် " BAYC, Doodles, Azukis...etc" အစရှိတဲ့ Projects အကြီးကြီးတွေကနေ Airdrops တွေပေးနေတယ်၊ မင်း free claim (ယူလို့ရမယ်) ဘာညာနဲ့ပါ၊ အဲ့မှာ ဘာလို့ အလိမ်ခံရလဲဆိုတော့ Blue Mark တွေကြောင့်ပါပဲ Twitter rule အရ Followers နဲရင်တောင် သတင်းထောက်ဘာညာဆို ကတ်ပြရုံနဲ့ Blue Mark ပေးပါတယ် အဲ့တာမလို့ Blue Marks တွေနဲ့ဆိုတော့ အလွယ်တကူ "Fall on Scams" ဖြစ်ကြပါတယ်၊ လောဘသတ်ပါ ❤️ နောက်ပိုင်း Twitter Blue Mark ကိစ္စ ကိုင်တွယ်နိုင်မယ်လို့လဲ ဆုတောင်းပါတယ်၊ ဒါ ဒီနယ်ပယ်မှမဟုတ်ပါဘူး၊ အပြင်လောက ပိုက်ဆံချေးဘာညာ ဆိုရင်တောင် ပေးမိကြမှာပါ Official Blue Marks တွေနဲ့ဆ်ိုတော့ ယုံမိကြမှာပါပဲ 😭

Projects တွေရဲ့ Official Twitter Hack ခံရရင်လဲ Phishing Links တွေ ပို့တတ်ပါတယ် ဒါပေမဲ့ရှားပါတယ် ရှားတယ်ဆိုပေမဲ့ ဖြစ်ဖူးတဲ့၊ ရှိခဲ့ဖူးတာတွေကြောင့် သတိပြုပါ ⚠️

NFTs/ Crypto လုပ်ရင် သတင်းတွေဖတ်ပါ နားစွင့်စွင့်နေပါ ဒီမှာမှ မဟုတ်ပါဘူး stocks etc အစရှိတဲ့ တခြား fields နယ်ပယ်များမှ ကိုယ်လုပ်ကိုင်နေတဲ့ ဘယ်လုပ်ငန်းမဆို နားစွင့်စွင့်နေပါ သူများထက် အရင်သိပါ၊ လေ့လာပါ 🙏 ဒါကျွန်တော်ပေးတဲ့ Bonus tip လေးပါ ❤️

ဒါကတော့ NFTs တွေမှာ အဓိက အရေးအကြီးဆုံး သတိထားရမဲ့ Hacks/ Scams တွေပါပဲ ⚠️

နောက် ရှိသေးတဲ့ POLYGON NFT scams ဆိုတာဘာလဲ? Scams တွေကာကွယ်ဖို့ ဘာတွေထက်လိုသေးလဲ? ဆိုတာတွေ နောက်အပိုင်းတွေမှာ မျှဝေပေးပါ့မယ်ဗျ၊ ကျွန်တော် အမြဲပြောပါတယ် ဆရာလုပ်ခြင်းမဟုတ်ပါ မျှဝေပေးခြင်းပါဗျ၊ မှားနေရင် ထောက်ပြပေးကြပါ၊ ပြောပြကြပါ လို့ပြောရင်း....

Take Care! Wish yall be safe ❤️🙏

- Ye Yint

အဆင်ပြေရင် Sharing လေးလုပ်ပေးသွားကြပါ လုပ်ကိုလုပ်ရမယ်မှ မဟုတ်ပါဘူးခမျာ၊ အဆင်ပြေမှပါ 🙏

NFT 101_______What is NFT ? NFT ရဲ့ အရှည်ကောက်ကတော့ "Non-Fungible Token" မြန်မာလိုဆိုရင်တော့ "မပျက်စီးသော Token" လို့အဓိ...
20/06/2022

NFT 101
_______

What is NFT ?

NFT ရဲ့ အရှည်ကောက်ကတော့ "Non-Fungible Token" မြန်မာလိုဆိုရင်တော့ "မပျက်စီးသော Token" လို့အဓိပ္ပာယ်ပြန်ရမယ်၊ NFT တွေဟာ ထူးခြားတဲ့ identifiers များ ဖြစ်ကြပြီး BlockChain Technology လို့ခေါ်တဲ့ Digital ငွေကြေးစီးဆင်းမှုများ ( Bitcoin and other crypto curriencies) ကို အသုံးပြုပီး Digital good ပိုင်ဆိုင်မှုတွေကို သက်သေပြ၊ assign လုပ် ပေးတယ်လို့ ပြောလို့ရပါတယ်၊ NFT တွေက်ို Digital wallet လို့ခေါ်တဲ့ Metamask wallet, Coinbase wallet, Trust wallet အစရှိတဲ့ wallet များထဲ သိမ်းဆည်းထားလို့ရပါတယ်။

စာကြွင်း - Metamask နဲ့ Coinbase ကတော့ အသင့်တော်ဆုံးပါ လက်ရှိကမ္ဘာမှာပါ။

What is Digital wallet ?

Wallet ဆိုတာတော့ မြန်မာလိုဆိုရင်တော့ ပိုက်ဆံအိတ်ပေါ့၊ မိမိ ပိုင်ဆိုင်မှုများ ပိုက်ဆံများကို သိမ်းဆည်းလို့ရတဲ့အရာ တစ်ခုပေါ့၊ Digital wallet ဆိုတာလဲ အလားတူပါပဲ Digital နီးအရ ပိုက်ဆံအိတ် တစ်ခုပါပဲ Cryptocurriencies များနဲ့ NFT များကို သိမ်းဆည်းသိုလှောင်ထားလို့ရတဲ့အရာပါ၊ သူကတော့ ရိုးရိုးပိုက်ဆံအိတ်လို လက်ထဲမှာ သိမ်းဆည်းခြင်းမဟုတ်ပဲ Phones တွေ Laptops, Desktops, I Macs etc အစရှိတဲ့အရာတွေထဲမှာပဲ သိမ်းဆည်းထားလို့ရပါတယ်၊ Digital wallet တိုင်းမှာ "Address" ဆိုတဲ့ အရာတွေရှိကြပါတယ် ပြောရရင် ကျွန်တော်တို့ အသုံးပြုနေတဲ့ Bank Card နံပါတ်တွေလိုပါ မှားလို့မရပါဘူး တစ်ယောက်နဲ့တစ်ယောက် ပို့ပေးတဲ့အချိန် မှားလွှဲမိခဲ့ရင် ပြန်မရတော့ပါဘူး၊ ကိုယ့်သူငယ်ချင်းဘာညာဆိုရင်တော့ ပြန်ရရင်ရမှာပေါ့ 😐 "Address" တွေအရမ်းများလွန်းလို့ သတိပြုသင့်ပါတယ်၊ ETH ဆို 0x... နဲ့စပါတယ်၊ BTC ဆို btc... နဲ့စပါတယ်၊ Tron ဆို T.... နဲ့စပါတယ်၊ "Address" များကို ကျွန်တော်ပြီးမှ သေချာ ပြန်ရှင်းပြပါမယ်။

NFTs များမှာ ဆိုရင်တော့ အသုံးများတာ ETH လို့ခေါ်တဲ့ ETHEREUM Chain၊ SOL လို့ခေါ်တဲ့ SOLANA Chain၊ MATIC လို့ခေါ်တဲ့ POLYGON များသာအသုံးများကြပါတယ်၊ အဲ့ထဲမှာမှ POLY Chain NFT များဟာ Scam ( အလိမ်) တွေများပါတယ်၊ ကောင်းတဲ့ Project များလဲရှိသလို တော်တော်များများက အလိမ်တွေများပါတယ်၊ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး NFT collections တော်တော်များများကတော့ ETH chain (ETHEREUM) ကိုသာ အသုံးပြုကြပါတယ်။

How to create ETH, BTC etc...addresses ?

Metamask: Visit https://metamask.io/download and follow the setup instructions.
Coinbase: Visit https://www.coinbase.com/wallet and follow the setup instructions.

သတိပြုမိရမဲ့ အချက်ကတော့ Wallet တွေများစွာ create လို့ရပါတယ် ဒါပေမဲ့ wallet တစ်ခုချင်းဆီတိုင်းမှာ seed phrase or 12 words လို့ခေါ်တဲ့အရာတွေပါပါတယ် မိမိ wallet seed phrase ကို တစ်စုံတစ်ယောက်ကို ဘယ်သောအခါမှ မပေးပါနဲ့ အဲ့ 12 words ( စကားလုံး ၁၂ လုံး) ကိုသိရင် သင့် wallet တစ်ခုလုံးက်ို ခိုးယူနိုင်ပါတယ်၊ နောက်တစ်ချက်က သေချာသိမ်းထားပါ၊ အဲ့ဒီ seed phrase မမှတ်မိတော့ရင် အဲ့ wallet ကြီးတစ်ခုလုံး ပြန်မရတော့ပါ၊ သူများခိုးယူသွားခြင်းလဲမဟုတ် သူ့ဟာသူ မပျောက်မပျက် အဲ့ထဲမှာ တသက်လုံး ရှိနေမှာပါ၊ ဆိုပါစို့ 1,000,000$ ( ဒေါ်လာ ၁ သန်း) ရှိလဲ အဲ့တာဆုံးမှာပါ 1 Billon $ ရှိလဲ အဲ့ 12 seed phrase မရှိရင် ဆုံးမှာပါ 🙏 ဖုန်းထဲမှာ Laptop ထဲ မှတ်ထားခြင်းဟာ မလုံခြုံပါ၊ ဖုန်းအခိုးခံရတာဘာညာဆို ဆုံးမှာပါ Seed phrase များကို စာရွက်၊ စာအုပ်၊ Note Book ထဲမှတ်ထားပြီး သေသေချာချာသိမ်းဆည်းပါ၊ မိမိမှလွဲပြီး တခြားသူမသိပါစေနှင့်။ ⚠️

What is does it mean to mint an NFT ?

Minting ဆိုတာက မြန်မာလိုဆို သွန်းလုပ်ခြင်းပါ၊ NFT မှာတော့ Mint လုပ်တယ်ဆိုတာ NFT Collection တစ်ခုခုက NFT ကို အစောဆုံးပိုင်ဆိုင်ခြင်းဆိုတဲ့ အခွင့်အလမ်းဖြစ်ပါတယ်၊ ဥပမာ ရောင်းတာ ဝယ်တာများမလုပ်ခင် Owner တိုက်ရိုက် NFT collection တစ်ခုမှ တိုက်ရိုက်ဝယ်ယူခြင်း၊ သွန်းလုပ်ခြင်း ဖြစ်ပါတယ်၊ နောက်ပိုင်းမှ NFT များကိုအခြားသူအားရောင်းဝယ်ခြင်း သို့မဟုတ် လဲလည်ခြင်းများ လာပါတယ်။

What is WhiteList/ Presale?

"WhiteList" ဆိုတာကတော့ collection များကို mint တဲ့အခါ secured ဖြစ်စေတာကိုပြောတာပါ၊ အလွယ်ဆုံးပြောရရင် Booking တင်ထားသလိုပါပဲ၊ ဥပမာ ပစ္စည်းတစ်ခု ထုတ်ပါတယ် အခု ၁ သောင်းပဲ ထုတ်တယ်၊ ဝယ်လိုသူက အယောက် ၁ သိန်းလောက်ဖြစ်နေတယ်ဆိုပါစို့ သင်က Whitelist ရထားရင် အဲ့ဒီ အခု ၁ သောင်းထဲက ဝယ်လို့ရမှာပါ ပြောရရင် လုစရာမလိုဘူးပေါ့၊ Project တစ်ခု rule အရ Whitelist mint တစ်ခုပဲရမယ်ဆို လူ အယောက် ၁ သောင်းထဲ သင်ပါပါပြီ၊ Whitelist ရထားတဲ့ သူတွေ ၂ ခု mint လို့ရမယ်ဆို အယောက် ၅၀၀၀ ထဲသင်ပါပါပြီ၊ တစ်ခါတစ်လေကြ "First come, First serve" များလဲကြုံရပါတယ် အဲ့ကြ မြန်မြန်တော့ Mint ရတာပေါ့၊ ဘာလို့ မြန်တာလဲ Secured ဖြစ်တယ်ဆို ? secured ဆိုပေမဲ့ တချို့ Project တွေက Up to 5, 6, ....10 etc အဲ့လို Whitelist တွေက်ို mint ခွင့်ပေးတတ်ကြပါတယ်၊ အဲ့ကြ ထုတ်တာက အခု တစ်သောင်း၊ ဝယ်ခွင့်ရတဲ့လူ အယောက်တစ်သောင်း၊ ဒါပေမဲ့ mint ခွင့်ရတာက ပြောရရင် ဝယ်ခွင့်ရတဲ့ ပစ္စည်းက တစ်ယောက် ၅ခု သို့ ၁၀ခု အဲ့ကျရင်တော့ လုရပါပြီ၊ ကို လိုချင်ရင် စောစော mint မှ ကိုရမှာပါ၊ အဲ့လိုသဘောပါ၊ ရောင်းမကုန်နိုင်တဲ့ (Unsold out) Collection ဆိုရင်တော့ သင်အေးဆေး mint လို့ရပါတယ် ဒါပေမဲ့ Unsold project/ Collections များဟာ အမြတ်ရဖို့/ ဈေးတက်လာဖို့ တော်တော်နဲပါးပါတယ် 🙁🤣 လူတိုင်းတိုက်ရိုက်ဒီဈေးနဲ့ပဲ ဝယ်ခွင့်ရနေတာပဲ ဘယ်လိုလို့ ခများဆီက လာဝယ်တော့မလဲမဟုတ်လား၊ NFT collections/ projects တော်တော်များများမှာတော့ Ranking system ဆိုတာရှိပါတယ် rank ကောင်းတဲ့ (ဥပမာ အဆင့်သတ်မှတ်ချက် ကောင်းတဲ့၊ ရှားတဲ့ Traits တွေဆိုရင်တော့ ဈေးပိုကောင်းပါမယ် ဒါပေမဲ့ ရောင်းမကုန်တဲ့ Projects တွေမှာတော့ ပိုရလဲ နဲနဲလေးပါ အဲ့ဒီမှာ Gas fee ဆိုတာနဲ့ အရင်းနဲ့ပေါင်းရင်တော့ အမြတ်ဟာ ပိုပိုနဲသွားပါပြီ၊ လုဝယ်တဲ့အခါမှာလဲ သူများထပ်ငါ အမြန်ပိုရအောင်ဆိုပြီး Fast network နဲ့ အမြန်လိုချင်တဲ့အခါ Gas fee တွေပိုကုန်ကြပါတယ်၊ အဲ့မှာ Collection Contract ကလဲ Gas Optimized မလုပ်တာနဲ့တိုးရင် Gas War တွေစပါပြီ ။

ဥပမာ ​- Bored Ape Yatch Club ( BAYC ) ရဲ့ Otherside NFT mint တုန်းက ဝယ်ခွင့်ရထားတောင် Gas Optimized မလုပ်ထားလို့ Gas fee သက်သက်ပေးရတာပဲ 3 ETH အဲ့တုန်းကဈေးနဲ့ဆို 6,600$ ရှိပါတယ် Fee ဖိုးကြီးပါပဲ 💀

Whitelist Mint တွေမှာ ဘယ်အချိန်အတွင်းဝယ်ရမလဲဆိုတဲ့ အချ်ိန် သတ်မှတ်ချက်များရှိပါတယ်၊ ဥပမာ - in 24 hrs, 48 hrs)၊ အဲ့အတွင်း အကြောင်းအမျိုးမျိုးကြောင့် မ mint ဖြစ်တဲ့ mints များကို Allocated လုပ်ပါတယ်၊ Public Mint/Sale ပါ လုံးဝကို ကြမ်းတမ်းတဲ့ Gas War တွေစပါတယ်၊ အခုတစ်သောင်းကို လူအယောက် ၁ သိန်းလုံး လုဝယ်တဲ့ အချိန်ပါ၊ “Panic time” ပါပဲ ဥပမာပြောရရင် - Covid တုန်းက Paracetamol ဘာညာလုဝယ်သလိုပါပဲ၊ ဆီတွေရပ်တုန်းက လုထည့်ကြသလိုပါ 🤣

WhiteList ရောင်းပီးလဲ ပိုက်ဆံရှာလို့ပါတယ်ဗျ ❤️

What is Gas Fee?

"Gas Fee" တွေဟာ Transactions (ငွေကြေးလွှဲ၊ NFTs တွေလွှဲ) လွှဲရင် ပေးရတဲ့ Fee ပါ၊ Fast, Standard/ Normal, Slow/ Lower Gas Fee ဆိုပြီးရှိပါတယ်၊ ဥပမာ- Chain အသုံးပြုခပါပဲ၊ အဲ့ Gas Fee တွေက ကိုဘာမှ ပြန်မရပါ၊ တိုက်ရိုက် Chain founder ကရတာပါ ဥပမာပြောရရင်- Ethereum Chain (ETH) ဆို Vitalik Buterin အိတ်ထဲ အော်တိုဝင်ပါတယ် ပြောရရင် Chain founder ( ဆိုတာ ETH, SOL etc) တိုက်ရိုက်ရပါတယ်၊ အပေါ်မှာ ပြောခဲ့တဲ့ Gas War တွေ Optimized (ထိန်းညှိထားခြင်း) မရှိတဲ့ Contract တွေမှာဆို ရက်ရက်စက်စက်ကိုများပါတယ် 💀

NFT mint တိုင်း၊ ဝယ်တိုင်း၊ ရောင်းတိုင်း၊ လွှဲတိုင်း Gas Fee ပေးရပါတယ်ဗျ။

“S**t should change to Diesel instead of Gas” ပါပဲ 🤣

စာကြွင်း - WhiteList/ Presale ရမထားပဲ WhiteList mint နေ့မှာ ကြိုးစားမင့်ရင် ridiculous gas fee တွေ တွေ့ရတတ်ပါတယ် နဲပါတယ် 16,000$ လောက်ပါပဲ 😆

What happens after i mint an NFT ?

သင်နောက်တစ်ယောက်ကို မပေးသ၍၊ နောက် wallet တစ်ခု မပြောင်းသ၍၊ မရောင်းသ၍ သင် အဲ့ NFT ကိုပိုင်ဆိုင်နေမှာဖြစ်ပြီး သင့် wallet ထဲပဲ ရှိနေမှာပါ၊ တချို့ Projects များကြ Staking တွေဘာတွေရှိပါတယ်၊ အဲ့တာတွေနောက် တစ်ပိုင်းမှာ ကျနော်ပြောပြပါ့မယ် 🙏

စာတော်တော်ရှည်သွားလို့ တောင်းပန်ပါတယ် သေချာပြောပြချင်လို့ပါခမျာ၊ ခွင့်လွှတ်ပေးကြပါ 🙏

နောက်အပိုင်းမှာ NFT ကငွေဘယ်လိုရတာလဲ ? Utility/ Utilities ဆိုတာဘာလဲ? Royalties? အစရှိတာတွေ ပြောပြပေးသွားပါအုံးမယ် ❤️

ဆရာလုပ်ခြင်းမဟုတ်ပါ၊ မှားရင်လဲထောက်ပြပေးကြပါ၊ ဒီတိုင်း ကျွန်တော်တို့ အနောက်နိုင်ငံများ အနောက်မကျန်ခဲ့စေလိုလို့သာ တင်ပေးခြင်းပါ 🙏

-Ye Yint

P.s - ကျွန်တော် Page လေးထောင်မလို့ စဉ်းစားထားပါတယ်၊ ထောင်ရမလား မထောင်ရဘူးလေးပါ ပြောပြပေးကြပါ 🙏🥺

အဆင်ပြေရင် Sharing လေးလုပ်ပေးသွားပါဦးဗျ၊ အဆင်ပြေမှပါ 🙏

Address


Website

Alerts

Be the first to know and let us send you an email when Crypto/ NFTs Kitchen MM by YeYint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share