21/11/2022
2022 Honor of Kings International Championship ပွဲကြီးကတော့ Nov ၂၂နေ့မှာ စတင်တော့မှာပါ
South Asia Qualifierမှာ အနိုင်ရရှိခဲ့တဲ့ Team Impunityကို ပွဲကြီးမှာလဲ Championဖြစ်လာမှာကို တူတူစောင့်ကြည့်လိုက်ကြရအောင်
ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅,၀၀၀ တန်ဖိုးရှိတဲ့ The 2022 Honor of Kings Championship South Asia Qualifierပွဲစဥ်တွေမှာ Cambodia၊ Myanmarနဲ့ Bangladeshတို့ကနေ ဖိတ်ခေါ်အသင်းအနေနဲ့ ၅သင်း ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲစဥ်မှာ အနိုင်ရရှိခဲ့တဲ့ Team Impunityကတော့ နိုဝင်ဘာလကုန်မှာ ယှဥ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားပွဲစဥ်တွေမှာ Wild Card Stageအနေနဲ့ ပါဝင်ယှဥ်ပြိုင်ရမှာဖြစ်ပြီး
Nov ၂၂ wild card stageရဲ့ Slot၄နေရာမှာ တစ်နေရာရရှိခဲ့မယ်ဆိုရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကို ပိုင်ဆိုင်နိုင်ဖို့ ယှဥ်ပြိုင်ရမယ့် နေရာတစ်ခုကို ရရှိနိုင်မှာပါ
မြန်မာ, ၁၆ နိုဝင်ဘာလ ၂၀၂၂ -
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ Honor of Kings (HOK)ကနေ South Asia နိုင်ငံ၃နိုင်ငံဖြစ်တဲ့ Cambodia၊ Myanmarနဲ့ Bangladeshတို့ပါဝင်တဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀တန်ဖိုးရှိတဲ့ The 2022 Honor of Kings International Championship South Asia Qualifierပွဲကြီးကို ကျင်းပဖို့အတွက် ကြေငြာခဲ့ပါတယ်။
Championအသင်းက အမေရိကန်ဒေါ်လာ ၂,၅၀၀ကို ရရှိနိုင်မယ့် ဒီပြိုင်ပွဲကြီးက September ၁၇/၁၈မှာ အုပ်စုခေါင်းဆောင်နှစ်သင်း ထိပ်တိုက်တွေ့ပြီး Playoffအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် double elimination format ဖြင့် အုပ်စုပွဲစဥ်များ ယှဥ်ပြိုင်ကစားခဲ့ကြရပါတယ်။ Qualifierပွဲစဥ်တောက်လျှောက်မှာ Impunity Esportsက အမှားအယွင်းမရှိပဲ Playoff ပွဲစဥ်ရဲ့ Upper Bracket မှာ နေရာတစ်နေရာကို အပိုင်အနိုင်ရယူထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလို အရှိန်အဟုန်ကောင်းကောင်းနဲ့ နိုင်ပွဲဆက်နေတဲ့ Impunity Esportsအတွက် နောက်ဆုံး Grand Finalsမှာ StarryHope အသင်းနဲ့ တွေ့ရှိချိန်မှာ ပထမဦးဆုံး ပွဲသေး၂ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး ဟန်ချက်ပျက်သွားခဲ့ပါတယ်။
ဒါပေမယ့်လဲ Impunity Esports အနေနဲ့ ဟန်ချက်ပြန်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ နောက်ဆုံးလက်ကျန် ၃ပွဲစလုံးကို အမှားအယွင်းမရှိ သေသေချာချာထိန်းဆော့သွားခဲ့ပြီး Honor of Kings: South Asia Qualifier ရဲ့ Championအဖြစ် နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီလိုနိုင်ပွဲရရှိခဲ့တဲ့အတွက်ကြောင့် 2022 Honor of Kings: International Championship Wild Cardအတွက် ယှဥ်ပြိုင်နိုင်မယ့် Slotတစ်ခုကို SouthAsia ကိုယ်စားပြုအသင်းတစ်သင်းအနေနဲ့ ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
South Asia ဒေသတစ်ခုလုံးရဲ့ ကိုယ်စားပြုအသင်းအနေနဲ့ HoKရဲ့ wild card ပွဲစဥ်တွေမှာ နေရာတစ်နေရာရရှိနိုင်အောင်၊ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ကို အိမ်ပြန်သယ်နိုင်အောင် ကြိုးစားယှဥ်ပြိုင်ရဦးမှာပါ။ Wild card ပြိုင်ပွဲစဥ်တွေမှာ နေရာတစ်ရာ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင် HOK International Championship ပြိုင်ပွဲကြီးမှာ ကမ္ဘာအနှံက အခြားသောအသင်းတွေနဲ့ နောက်ဆုံးFinalပွဲစဥ်အထိ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Impunity Esports ရဲ့ CEOတစ်ယောက်ဖြစ်တဲ့ Mr. Zheng ကနေပြီးတော့ “ဒီလိုမျိုး 2022 Honor of Kings International Championship South Asia Qualifierကို ဖိတ်ခေါ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီqualifierမှာ အနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့စင်မြင့်ထက်ကို HoK esports နဲ့အတူ ဆက်သွားဖို့အတွက် အခွင့်အလမ်းကောင်းတွေလဲ ရရှိခဲ့ပါတယ်။ HoK South Asia ဒေသကိုယ်စားပြုအနေနဲ့ တခြားသော ကမ္ဘာ့အကောင်းဆုံးHoKအသင်းတွေနဲ့ ယှဥ်ပြိုင်ကစားရမယ့်အတွက်မယ့်အတွက် ကျေနပ်ဝမ်းသာမိပြီးတော့ ဒီနှစ်အတွင်းလာတော့မယ့် ကမ္ဘာ့ဖလားပွဲစဥ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ကစားပုံတွေကို ပြသကစားသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောကြားသွားပါတယ်။
Honor of Kings (HoK)ရဲ့ Official Social Media Pageတွေမှာ အခုပြိုင်ပွဲကြီးကို ပထမအဆင့်အနေနဲ့ စတင်ပြီးတော့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ယခုထက်ပိုမိုတဲ့ အကြောင်းအရာတွေ ထပ်လာဦးမယ်လို့ Nov ၉ရက်နေ့မှာ ကြေငြာထားခဲ့ပါသေးတယ် ဘာတွေထပ်လာဦးမှာလဲ သိချင်တယ်ဆိုရင်တော့ -
Myanmar: https://www.facebook.com/HonorofKingsMyanmar
Cambodia: https://www.facebook.com/HonorofKingsKHOfficial
တို့မှာ ဝင်ကြည့်သွားလို့ရပါတယ်နော်။
2022 Honor of Kings International Championship အကြောင်း မိတ်ဆက်
အဆင့်အမြင့်ဆုံး Honor of Kings Professional Tournament ဖြစ်တဲ့ 2022 Honor of Kings International Championship ကို 2022 မှာ update အသစ်တွေနဲ့ မြင်တွေ့ရမှာပါ။
2022 Honor of Kings International Championship ဟာ အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးချီးမြှင့်မယ့် အံ့သြဖွယ်ကောင်းလောက် တဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်များမှာ ပါဝင်တဲ့ အသင်းတိုင်းဟာ ဆုကြေးငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ရရှိမှာဖြစ်ပြီးတော့ ချန်ပီယံအသင်းကို အမေရိကန်ဒေါ်လာ ၃.၅သန်း ချီးမြှင့်မှသွားမှာပါ။
ယခုနှစ် Honor of Kings International Championship မှာ Brazil၊ Türkiye၊ Mexico၊ နှင့် MENA (Middle East and North Africa) မှ အသင်းများကအုပ်စုပွဲစဉ် ၁၆ နေရာ နှင့် ultimate world championship အတွက် ဝင်ရောက်ယှဥ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
Honor of Kings အကြောင်း
Honor of kings ဟာ ကမ္ဘာပေါ်မှာ လူဆော့အများဆုံး game ဖြစ်တဲ့အပြင် နေ့စဥ်ဆော့ကစားသူ လူဦးရေသန်း တစ်ရာခန့် ရှိနေပြီး တရုတ်ပြည်ရဲ့ game development ကို ဦးဆောင်နေတဲ့ TiMi Studio group ကထုတ်၀ေခဲ့ပါတယ်။ Honor of Kings ဟာ တရားဝင် Esport အဖြစ် Jakarta Palembang 2018 Asian Games နှင့် Hangzhou 2022 Asian Games တို့တွင် ဂုဏ်ယူဝမ်းမြောက်စွာ ပါ၀င်ခဲ့ပါတယ်။
2021 Honor of Kings Championship Grand Final နေ့မှာ ကြည့်ရှုသူပေါင်း သန်း ၆၀၀ ရှိခဲ့တဲ့အပြင် ဆော့ကစားသူပေါင်း သန်း ၁၇၀ အထိရောက်ရှိခဲ့ပါတယ်။ ယခုနှစ် Honor of Kings International ပြိုင်ပွဲတွင် အဆင့်မြှင့်တင်မှုအသစ်များနှင့်အတူ ကမ္ဘာ့ထိပ်တန်း Esports ဝင် game အဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ယခုလို ကပ်ရောဂါဖြစ်နေသောကာလတွင် ဆုကြေးငွေ ဒေါ်လာ ၁၀သန်း ဖြင့် Esports လုပ်ငန်းနယ်ပယ်ကို ယုံကြည်မှုရှိစွာဝင်ရောက်လာခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းမှ Honor of Kings ပရိသတ်များကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖို့ ကြိုဆိုလိုက်ပါတယ်။