ကျွန်တော်တို့ဘက်မှာ အခုရက်ပိုင်း အင်တာနက် အခက်အခဲကြောင့် liveလွင့်ပြီး မဲဖောက်ဖို့ရာ အဆင်မပြေတဲ့အတွက် record videoလေးနဲ့ပဲ မဲဖောက်ပေးလိုက်ပါတယ်ဗျာ။
ကံထူးရှင်များကိုလည်း ဆက်သွယ်ပေးသွားပါမယ်။
လက်ခတ်သံ ပရောဂျက်မှာ ပါဝင်ထောက်ပို့ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။
လက်ခတ်သံပရောဂျက်မှာ ပါ၀င်သရုပ်ဖော်အားဖြည့်ထားတဲ့ ရဲမေလေးများဖြစ်ပါတယ်
လက်ခတ်သံ ပရောဂျက်က လကုန်ပြီး ငါးရက်အထိ ဆက်ရှိနေမှာမို့ ပါ၀င်ကူညီ အားဖြည့်ပေးကြပါဦးဗျာ။
ဘာအဆင်လဲဟေ့ ?
..... ယောသူချောချောလေးတွေ ယက်တဲ့ဂေါဆင်တွေပါ အဟိ အဟိ😁😁
ဖျင်ကြမ်း/ချည်ကြီးအင်္ကျီနဲ့ ရဲဘော်တို့ ဂုဏ်ယူစွာသင်တန်းဆင်းခဲ့ကြတယ်။ လက်ခတ်သံ မြိုင်မြိုင်နဲ့ ယက္ကန်းစင်က ထွက်လာတဲ့ ဖျင်ကြမ်းထည်တွေဟာ ယောသူ ယောသားတွေအတွက် မြတ်နိုးစရာ ဂုဏ်ယူစရာပါပဲ။
ထီးလင်း P_D_F အပါတ်စဉ် (၃) သင်တန်းဆင်းပွဲမှာ ရဲဘော်တို့ဝတ်ဆင်ခဲ့သလို ဖျင်ကြမ်းအင်္ကျီငါးထည်ကို ကျွန်တော်တို့ "လက်ခတ်သံ" ပရောဂျက်မှာ မဲအမှတ်တရပစ္စည်းအနေနဲ့ ထည့်ထားပါတယ်။ ယောဒေသက ပြည်သူ့_ကာကွယ်ရေး_ရဲဘော်တွေအတွက် ဂုဏ်ယူတဲ့စိတ်နဲ့_လက်ခတ်သံမှာ အခုပဲ ပါဝင်အားဖြည့်လိုက်ပါ။
တရားတဲ့သူနိုင်ကြေး✊✊✊
တကယ့်မြေပြင်ရဲ့ လက်တွေ့အခက်အခဲတွေ၊ စစ်ရေးအခြေအနေ နဲ့ ပြည်သူတွေရဲ့ ရင်ထဲကစကားသံတွေကို နားထောင်ကြည့်ပီး မလေးတို့ရဲ့လက်ထဲကို ခွေးသတ်လက်နက်နဲ့ကျည်တွေအပြည့်ထည့်ပေးနိုင်ဖို့ "လက်ခတ်သံ" project လေးမှာ ပါဝင်အားဖြည့်ပေးကြပါအုံးဗျာ။
#လက်ခတ်သံ
လက်ခတ်သံ
"ဖက်_ဆစ်_တွေကို အမြစ်ဖြတ်တိုက်ထုတ်မယ့် မလေးတို့ရဲ့ လက်ခတ်သံတွေ မြိုင်လာစေဖို့ " VIVA La တို့နဲ့ Anna တို့ပူးပေါင်းပြီး ဂန့်ဂေါခရိုင် တပ်ရင်း (၂) ၊ (၄)၊ (၁၀) အတွက် "လက်ခတ်သံ" ပရောဂျက်ကို ပြုလုပ်နေပါတယ်။ Targetက သုံးရင်းအတွက် သိန်း(၆၀၀)ပါ။
အစကနေအဆုံးထိ handmadeလို့ပြောရမယ့် ယောဒေသအမှတ်တရ လက်ရက်ကန်းထွက် ပစ္စည်း ၆မျိုးနဲ့ စုစုပေါင်း (၃၁)ခု၊ ပန်းချီကား နှစ်ချပ်၊ ရွှေချည်ထိုးကားချပ် တစ်ချပ်၊ တယော တစ်လက်၊ earbuds တစ်ခု၊ ရွှေနားကပ်တစ်ရံ၊ ပယင်းနားဆွဲ တစ်ရံ၊ Crochet bag တစ်အိတ် မဲလက်ဆောင်ပစ္စည်းစုစုပေါင်း (၃၉)ခု ပါဝင်ပါတယ်။
မလေးတို့ရဲ့ "လက်ခတ်သံ"တွေကို မဲတစ်စောင် မြန်မာငွေ (၂၀,၀၀၀)ကျပ်နှုန်းနဲ့ပါဝင်နိုင်သလို
ထောက်ပို့ငွေသီးသန့်ထည့်ဝင်ခြင်းဖြင့်လည်း အားဖြည့်ကူလို့ရပါတယ်ခင်ဗျာ။
တိုက်ရိုက်ပါဝင်လို့ရမဲ့ linkတွေကို comment မှာချထားပေးပါတယ်။
#ကံစမ်းရင်းတော်လှန်မည်ဖက်ထရယ်အောင်ပွဲဆီ
ဂန့်ဂေါခရိုင်အမှတ် (၂/၄/၁၀) တပ်ရင်း
PEOPLE'S DEFENCE FORCE-HTILIN (YRPA) တပ်ရင်းမှူးများမှ နှစ်သစ်နေ့သစ် ထောက်ပို့ကံထူးရှင်ရွေးချယ်ပွဲ........
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်
ထီးလင်းမြို့နယ် အတွင်း တစ်လကျော်ခန့် စစ်ကြောင်းထိုးကာ လူသတ်/ ပြည်သူနေအိမ်များ မီးရှို့လျက်ရှိသော ခလရ(၅၀) လက်အောက်ခံ စစ်ခွေး+ ပျူ အင်အား (၁၀၀)ကျော်ပါ စစ်ကြောင်းသည် (၂၇ -၁၀-၂၀၂၂)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့် ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ ပြည်သူနေအိမ်များကို မီးရှို့၍ ထွက်ခွာစဥ် (YDF ထီးလင်း၊ YDF တပ်ရင်း (၁၄ )၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း ခရိုင်တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း(၇၀၇ ADF)တို့ပါဝင်သောပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်တိုက်ခိုက်ခဲ့ပါသည်။
ပူးပေါင်းတပ်ဖွဲ့အနေဖြင့် တပ်စု (၃)စု ခွဲကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ရာ စခ (၃၀) ထက်မနည်း ကျဆုံးခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး YDF တပ်ရင်း (၁၅)နှင့် YDF-PMR တို့မှ လက်နက်ကြီးပစ်ကူပေးခဲ့ကြပါသည်။
YDF-14 မှ ကျဆုံးသွားသော ရဲဘော်တစ်ဦ
#၈/နယ်မြေထဲက FEDERAL_DEMOCRACY အတွက်အထောက်အပံ့တစ်ခု
"ကိုကိုတို့...မမတို့....ခဏလေးစောင့်ပါအုံး"
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ရဲဘော်၊ရဲမေ တွေ ပီသစွာ အသံကြားတာနဲ့ ချက်ချင်းဆိုသလို ခြေလှမ်းတွေက တုန့်ခနဲ။
ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၂/၄/၁၀) -
PEOPLE'S DEFENCE FORCE-HTILIN (YRPA)
စိုးမိုးနယ်မြေအတွင်း ကျေးရွာအုပ်စု တစ်ခုရဲ့ UN သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ထောက်ခံကြတဲ့ လူထုဆန္ဒထောက်ခံပွဲပြီးချိန် လူအုပ်ကြီးကြားထဲကနေ ကြားလိုက်ရတဲ့ အသံစာစာလေး တစ်သံ.....။
လူစုခွဲပြီး သူ့အိမ်ကိုယ့်အိမ် ပြန်ကြတော့မယ့်သူတွေ၊ လုံခြုံရေးယူပေးနေကြတဲ့ PDF-Htilin တပ်ရင်းမှူးများ နဲ့ ရဲဘော်၊ရဲမေ တွေ အားလုံးက "ဘာဖြစ်ပါလိမ့်" ဆိုတဲ့အတွေးနဲ့ အံ့အားသင့်စွာ အသံလာရာဖက် လှည့်ကြည့်လိုက်မိတော့.....။
အသံစာစာလေးနဲ့ အော်ခေါ်ရင်း PDF-Htilin တပ်ရင်းမှူးတွေဆီ ပြေးထွက်လာတဲ့ အသက်ငယ်ငယ် ကလေးမလေးတစ်ယောက်....။ပု
#ပုံညာမြေမှလူထုဆန္ဒ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ၊
ထီးလင်းမြို့နယ်တွင်း၌ ယနေ့ စက်တင်ဘာလ
၁၇ ရက်နေ့တွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ နှင့် မြို့နယ်ပြည်သူ့လုံခြုံရေး
(ပလဖ) အဖွဲ့ တို့မှ ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း အား ဆက်လက်ထားရှိရန်
ဒုတိယအကြိမ် လူထုဆန္ဒထုတ်ဖော်ပွဲ ကို ပထမအကြိမ်နှင့် မတူညီသော ကျေးရွာအုပ်စုတွင်
ပြုလုပ်ခဲ့ပါသည်။
လူထုဆန္ဒထုတ်ဖော်ပွဲတွင်
" ပြည်သူ့အစိုးရ နှင့် ပြည်သူ့သံအမတ်ကြီးကို လက်ခံပါ ၊ အာဏာရှင်ကို ငြင်းဆန်ပါ " ၊
" UN သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ထောက်ခံကြိုဆိုပါသည် " ၊
" U Kyaw Moe Tun IS OUR AMBASSADOR " ၊
" ACCEPT NUG AND OUR AMBASSADOR " စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ
လ
#ပုံတောင်မြေမှ ကြွေးကြော်သံများ
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊
ထီးလင်းမြို့နယ်အတွင်း၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)အဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ)အဖွဲ့ နှင့် မြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ)အဖွဲ့ တို့မှ ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံကြောင်း နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ဦးကျော်မိုးထွန်း အားဆက်လက်ထားရှိရန် လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပါသည်။
လူထုဆန္ဒထုတ်ဖော်ပွဲတွင် အမှန်တရားအတွက် ပြည်သူရှေ့တွင် အမှန်တကယ်ဦးဆောင်မည့်သူ အား လိုလားကြသော ကျောင်းသား/သူ များ ၊ ဆရာ/ဆရာမ များ ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်း များ ၊ မိဘပြည်သူများ အပါအဝင်
လူဦးရေ (၂၅၃၇) ဦး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး PEOPLE'S DEFENCE FORCE-HTILIN (YRPA) ရဲဘော်/ရဲမေ များ မှ ပြည်သူလူထုကြီး ငြ
*****တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်*****
25.8.2022
ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် မြစ်သာဆည်ပေါ်မှထွက်လာပြီး ပဇင်းချောင်ရွာတွင် ညအိပ်စခန်းချတပ်စွဲထားခဲ့သော စစ်ကြောင်းသည် ထန်းပင်ကုန်းဘက်သို့ တစ်ကြောင်း၊ ကွမ်းဇဲဘက်သို့တစ်ကြောင်းခွဲ၍ ထီးလင်းမြို့သို့ တက်ခဲ့ကြပါသည်။
ကွမ်းဇဲဘက်သို့တက်လာသော စစ်ကြောင်းအား People's Defence Force Htilin (YRPA) မှ တပြင်းကိုင်းလယ်ပြင်သို့အရောက် တောင်လုံးဘုရားနားအနီးတွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြပါသည်။
လက်နက်ကြီးများဖြင့် ရန်သူဘက်သို့ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့သဖြင့် ထိအခိုက်ကျဆုံးများနိုင်ပါသည်။
သတင်းပြန်ကြားရေး
People's Defence Force - Htilin (YRPA)

ဖက်ဒရယ်ဒီမိုကရေစီ
ဖြစ်ထွန်းပေါ်ပေါက်လာရေး နှင့်
အာဏာရှင်စနစ်ကိုတော်လှန်ရာတွင်
အကျိုးရှိရှိအသုံးချသွားပါမည်။
ကူညီလှူဒါန်း ပေးပါသော "အလှူရှင်များ” ကို
ကျေးဇူးအထူးတင်ရှိပါကြောင်း
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
#စစ်ခွေးသေအလောင်းများလာသည်နှင့်အမျှ_တရိပ်ရိပ်တက်လာနေသော_PDFတပ်တော်သားများ♥
(၇-၈-၂၀၂၂) ရက်နေ့တွင်
PEOPLE'S DEFENCE FORCE -HTILIN (YRPA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၅) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ရာ
သက်ဆိုင်ရာအုပ်ချုပ်ရေးအကြီးအကဲများ ၊ တာဝန်ရှိလူကြီးမင်းများ နှင့် People's Defence Force-Htilin (YRPA)၏ တပ်ရင်းမှူးများ ၊
တပ်ခွဲမှူးများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် (ပ.က.ဖ) ၊ (ပ.အ.ဖ) တာဝန်ရှိအကြီးအကဲများမှ သင်တန်းဆင်း ရဲဘော်များအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားပြီး PEOPLE'S DEFENCE FORCE-HTILIN (YRPA) ၏ တပ်ရင်းမှူးများ မှ
PDF ရဲဘော်ကျင့်ဝတ် စည်းကမ်းများအား
လိုက်နာကျင့်သုံးရန် ၊ စည်းလုံးညီညွတ်မှုရှိရန် နှင့်
တာဝန်ထမ်းဆောင်ချိန်တွင် အမိန့်နာခံတတ်မှု
ရှိစေရန် အသိပေးအမှာစကားများ
ပြောကြားခဲ့ပါသည်။
အခြေအနေ အခက်အခဲများကြောင့်
သင်တန်းဆင်းပွဲအား မိဘမျ
ဖက်ဒရယ်ဒီမိုကရေစီ
ဖြစ်ထွန်းပေါ်ပေါက်လာရေး နှင့်
အာဏာရှင်စနစ်ကိုတော်လှန်ရာတွင်
အကျိုးရှိရှိအသုံးချသွားပါမည်။
ကူညီလှူဒါန်း ပေးပါသော "အလှူရှင်များ” ကို
ကျေးဇူးအထူးတင်ရှိပါကြောင်း
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
တိုက်ပွဲသတင်းထုတ်ပြန်ချက် *****************************
ယနေ့ ဇူလိုင်လ၂၄ နေ့တွင် ကျောက်ထုအမြောက်တပ်မှ ထွက်လာပြီး တပြင်းရွာမှ တက်လာသော စစ်ကောင်စီတပ်မ (၅၅)အင်အား (၂၀၀ )ကျော်ထဲမှ အင်အား ( ၈၀ ) ခန့် စစ်ကြောင်းအား PEOPLE's DEFENCE FORCE -HTILIN (YRPA)မှ ညနေ ၃ နာရီ ၅မိနစ်ခန့် အချိန်၌ ကျောက်ထု-တပြင်းလမ်းပိုင်း ပုံတောင်အနီးတွင် Wallcard (၂)ချက်၊ရှော့ဒုံး(၄)ချက် ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
*****စစ်ကောင်စီဘက်မှ အထိအခိုက်ကျရှူံးမှုများ ရှိနိုင်ပြီး မိမိတို့ ရဲဘော်များ ပြည်သူ့မေတ္တာကြောင့် အထိအခိုက်အကျအဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့ကြပါသည်။
သတင်းပြန်ကြားရေး
People's Defence Force - Htilin (YRPA)
#ဆက်သွယ်ရေးအသုံးပြု၍မရသော MPT Towerတိုင်အား ဖြိုဖျက်ခြင်း
ကျွန်တော်တို့ယောဒေသ ထီးလင်းနယ်တွင်
ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ပြီး
အင်တာနက်မရခဲ့သည်မှာ 9လပိုင်းကတည်းက
ဖြစ်ပါသည်။ ယခုအချိန်ထိ အင်တာနက်လိုင်း
မရခဲ့သည်မှာ 8လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး
12.5.2022တွင် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင်ပြည်သူများ၏ မျက်နှာကို
မကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်
ဖြတ်တောက်ခြင်း၊ ဖုန်းလိုင်းဖြတ်တောက်ခြင်းများ ပြုလုပ်နေပြီး (Consumer rights )ချိုးဖောက်နေခြင်းများကို ချက်ချင်းရပ်တန့်၍ ထီးလင်း
တမြို့နယ်လုံးအား အင်တာနက်ပြန်ဖွင့်ပေးရန် PEOPLE'S DEFENCE FORCE-HTILIN (YRPA)မှ တောင်းဆိုသတိပေးခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူ့မျက်နှာမကြည့်ဘဲ စကစအလိုကျအတိုင်း နေနေခဲ့သောကြောင့် MPT Towerတိုင်ကို သတိပေးချက်အတိုင်း ချိုးဖျက်ဖျက်ဆီးလိုက်ပါသည်။
သတိပေးချက်ကို အလေးမထား
တိုက်ပွဲသတင်းထုတ်ပြန်ချက်
2.6.2022နေ့တွင် ကျော က.ပ.စမှ ထွက်လာသော
စခယာဉ်တန်းအား PEOPLE DEFENCE FORCE-HTILIN (YRPA)မှ ချုံခိုပျောက်ကျား
နည်းဖြင့် မနက် 9:30မှ 9:45အထိ 15မိနစ်ခန့်
တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာခဲ့ပါသည်။
စခဘက်မှ အထိအခိုက် အကျအဆုံးရှိနိုင်သော်လည်း အကျအဆုံးသတင်းကို
အတည်ပြု၍မရနိုင်သေးပါ ။
စခများမီးရှို့ဖျက်ဆီးသွားသော စင်းဇယ် /ရေပုတ်ကျေးရွာများအတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်
သတင်းပြန်ကြားရေး
People's Defence Force - Htilin (YRPA)
တိုက်ပွဲသတင်းထုတ်ပြန်ချက်.............................
@@@ (26.5.2022) ရက်နေ့ ပုံတောင်မှပခုက္ကူသို့
ထွက်ခွာလာသော စခွေးယာဥ်တန်းကားအစီး ၈၀
ကျော်အား ကျောက်ထု pdf (YRPA) နှင့် ထီးလင်း pdf (YRPA) တိုးပူးပေါင်းအဖွဲ့မှ နေ့လည် ၁နာရီခွဲခန့်တွင် စခွေးးးကားယာဥ်တန်းထိပ်ဆုံးကားနှစ်စီးအား
ကားတိုက်မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နေ့လည် ၂ နာရီခွဲခန့်တွင် စခွေးကားယာဥ်တန်း အစီး ၇၉စီးမြောက်အား ထပ်မံ ကားမိုင်း ဆွဲမိုင်းကြီး ၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြရာ ထိခိုက်ကျရှုံးအတည်ပြုနိုင်ခြင်းမရှိသော်လည်း စခွေးကားပျက်စီးမှုများရှိပြီးလမ်းပိတ်ဆို့၍ စခွေးကားတန်းများယခုထိ ပေါက်မြို့သို့မရောက်နိုင်ပဲရှိနေကြသေးကြောင်းနှင့် ပြည်သူ့မေတ္တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြပါသည်။
ရန်သူ့လက်နက် ကိုယ့်လက်နက် အဖြစ်ရယူနိုင်ရန