Voice of Thingangyun

  • Home
  • Voice of Thingangyun

Voice of Thingangyun ဒီ Page မှာ သတင်းအမှန်တွေ၊ ယုံကြည်ရတဲ့ ?

23/03/2023

မိဘပြည်သူများ သတိချပ်ကြစေလို.....
ငတ်ပြတ်၍တွေ့ကရာဆွဲနေသော စစ်ခွေးများအား အလှူအတန်းမလုပ်ခြင်းဖြင့် သင့်ဂုဏ်ကိုမြှင့်တင်လိုက်ပါ

19/09/2022

သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်နေတယ်ကြားပါတယ်
ဂရုစိုက်ကြပါခင်ဗျ

31/07/2022

အိမ်ယာများ၏ အနီးအနားက ရပ်ကွက်များ အထူးသတိထားကြပါခင်ဗျ

31/07/2022

သင်္ဃန်းကျွန်းနဲ့တောင်ဒဂုံမှာ ဗုံးပေါက်ကွဲပြီး လူ ၂ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဇူလိုင် ၃၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့တောင်ဒဂုံမြို့နယ်တို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ရာ ၂ဦးသေပြီး ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေဆီကသိရပါတယ်။

တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ အမှတ် ၂လမ်းမကြီးပေါ်ရှိ နတ်စင်ကားမှတ်တိုင်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေတဲ့ ခရီးသည်၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ကားမှတ်တိုင်မှာ ပေါက်တာ အဲ့ဒီမှာကားစောင့်နေတဲ့ ၄ဦး ဒဏ်ရာရတယ်၊ လူနာတင်ယာဥ်တွေနဲ့ခေါ်သွားတာတွေ့တယ် စစ်တပ်တော့ ရောက်ပြီး စစ်ဆေးနေတယ်"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုသန်းဝင်း၊ကိုဟန်ဝင်းငြိမ်း၊ကိုကျော်မင်းနိူင်နဲ့မဖြူသွယ်အေးတို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

"အခုဆေးရုံပို့ထားပါတယ်၊ YBS မှတ်တိုင်က ခုံအောက်ကနေ ဗုံးကပေါက်တာ ဒဏ်ရာတော့ရတယ် မစိုးရိမ်ရပါဘူး"လို့ ပြောပါတယ်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ရပ်ကွက်၊ ကောက်သွယ်၁ လမ်းရှိ နေအိမ်တစ်လုံးအတွင်း ဒီကနေ့ မနက်၅နာရီက ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသား၂ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"မနက် ငါးနာရီလောက်ကြီးပေါက်တာ၊ အဲ့ဒီအိမ်က လူနှစ်ယောက်ဒဏ်ရာရပြီး သေသွားတယ်၊ နောက်ဗုံးတစ်လုံးတွေ့တယ်လို့လည်း ကြားတယ်"လို့ ပြောပါတယ်။

အဲ့ဒီဗုံးပေါက်ကွဲမှုကြောင့် ကိုနေလင်းနဲ့ကိုပြည့်ဖြိုးဦး ဆိုသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်းနဲ့.တောင်ဒဂုံတို့မှာ မြို့နယ်ချင်းထိစပ်နေတာကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ဇူလိုင်၃၁ရက်ကလည်း ကျောက်တံတားမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့တော်ခန်းမ ဝင်ထွက်ပေါက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ဦးနဲ့စည်ပင်နေစားဝန်ထမ်း ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ် ၂ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Photo-ရန်ကုန်မှာ ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားစဥ်(ပုံဟောင်း)
#ရန်ကုန် #ပေါက်ကွဲမှု

Web Link - https://bit.ly/3JirmMZ

27/07/2022
26/07/2022

သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်း‌ေဒသကြီးအတွင်း ဆိုက်ကယ်စီးပြီး ခိုးဆိုးလုယှက်သူများ ပိုမိုများပြားလာပါ၍သတိပြုကြပါ။

ဆိုက်ကယ်‌ကို တစ်ဦးကမောင်းတယ်။နောက်မှာပါလာသူတစ်ဦးက ဆွဲကြိုးဖြတ်တယ်။အချို့ကမိုဘိုင်းဖုန်းတွေကို လမ်းသွားလမ်းလာတွေဆီကလည်းကောင်း၊ရပ်ကွက်အတွင်း ဖွင့်ထားသော ဆိုင်အချို့ကလည်းကောင်း မိုဘိုင်းဖုန်းများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်အတွင်း လှည့်လည်၍ ခိုးဆိုးလုယှက်နေကြောင်း၊ပြန်လည်ခုခံသူများကို အသင့်ယူဆောင်လာသောဓားဖြင့် ထိုးသတ်၍လည်းကောင်း ဥပဒေမဲ့ ရမ်းကားနေပါကြောင်း။
မြို့နယ်အသီးသီးက ခိုးဆိုးလုယှက်လာသော ဖုန်းများကို သင်္ဃန်းကျွန်းဘူတာအနီးဈေးကွက်၌လည်းကောင်း၊စံပြဈေးအနီးဈေးကွက်၌လည်းကောင်း ၊အချို့မိုဘိုင်းဖုန်း ရောင်း၊ဝယ်၊လှယ် ဆိုင်များ၌လည်းကောင်း ရောင်းချလျက် ရှိနေပါတယ်။

ကျွန်းသားလေး -ကိုနှင်းမောင်

21/01/2022
27/08/2021

သင်္ဃန်းကျွန်း ဆကရပ်ကွက် သမာဓိမှာ စခတွေရောက်နေပါတယ်
သေချာလားလို့မေးမေးပြီးရိုက်နှက်နေတယ်လို့
Page messengerမှာသတင်းလာပေးသူကပြောပါတယ်
သေနတ်သံ၄ချက်လည်းကြားတယ်ပြောပါတယ်
အားလုံးသတိထားကြပါခင်‌ဗျ

Edited : အခုတော့ထွက်သွားပါပြီလူတချို့ကိုဖမ်းသွားပါတယ်

23/08/2021

ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရခြင်းကို နားလည်ပေးပါခင်ဗျာ

သင်္ဃန်းကျွန်းဘုရားလမ်းပေါ်တာ ကိစ္စ သိရသလောက်
သတင်းကမခိုင်လုံပါဘူး
ဘာပဲဖြစ်ဖြစ် အားလုံးသတိထားကြဖို့တော့မှာချင်ပါတယ် !

အကယ်၍ သတင်းတိကျသိသူဆိုရင် page ကိုသတင်းလာပေးလို့ရနိုင်ပါတယ်

"၈၈ က ​သွေး​ကြွေး​ဟောင်း ၂၁ မှာ အပြီး​တောင်း "ယ​​နေ့ ၈.၈.၂၀၂၁ ရှစ်​လေးလုံး(၈၈၈၈) လူထုအ​ရေး​​တော်ပုံကြီး (၃၃)နှစ်ပြည့် အထ...
08/08/2021

"၈၈ က ​သွေး​ကြွေး​ဟောင်း
၂၁ မှာ အပြီး​တောင်း "

ယ​​နေ့ ၈.၈.၂၀၂၁ ရှစ်​လေးလုံး(၈၈၈၈) လူထုအ​ရေး​​တော်ပုံကြီး (၃၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထ(၂) သဃက​ကျောင်းသား/သူ များ၏ photo campaign လှုပ်ရှားမှု

၈.၈.၂၀၂၁

03/07/2021

ယနေ့ည(July,3) ၉နာရီဝန်းကျင်ခန့် Music Zone ‌နား ပေါက်ကွဲမှု တခုဖြစ်ပွား

ဒိနေ့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ သပိတ်စစ်ကြောင်းပါကျနော်တို့ သွေးမအေးပါဘူးအရေးတော်ပုံအောင်ရမည်။
01/07/2021

ဒိနေ့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ သပိတ်စစ်ကြောင်းပါ
ကျနော်တို့ သွေးမအေးပါဘူး
အရေးတော်ပုံအောင်ရမည်။

သင်္ဃန်းကျွန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံးမှကျောင်းသားသူများနှင့်သင်္ဃန်းကျွန်းလူငယ်များ၏ ပျောက်ကြားသပိ...
29/06/2021

သင်္ဃန်းကျွန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံးမှကျောင်းသားသူများနှင့်သင်္ဃန်းကျွန်းလူငယ်များ၏ ပျောက်ကြားသပိတ်
ကျနော်တို့သင်္ဃန်းကျွန်းသွေးမအေးပါဘူး

Good morning ပါခင်ဗျာ သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကျားကြီး ပစ်သတ်ခံရရန်ကုန်၊ ဇွန် ၂၉ သင်...
29/06/2021

Good morning ပါခင်ဗျာ

သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကျားကြီး ပစ်သတ်ခံရ

ရန်ကုန်၊ ဇွန် ၂၉

သင်္ဃကျွန်းမြို့နယ်၊ ဂဖူးကွေ့စျေးတွင် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်က စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးသူ ကျားကြီးဆိုသူကို အနီးကပ် ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"သင်္ဃန်ကျွန်းမြို့နယ်ဂဖူးကွေ့ဈေးထဲမှာ ပစ်ခတ်မှုဖြစ်သွားပါတယ်။ တစ်ယောက်သေပါတယ်။ ဒလန်လို့သိထားပါတယ်။ အလောင်းကိုတော့ သယ်သွားပါပြီ။ နာမည်က ကျားကြီးလို့ ရပ်ကွက်ကခေါ်ကြပါတယ်။ ကျားကြီးနေတဲ့ လမ်းက ဇာဝေရာရက်ကွက်မှာ ဒလန်လမ်းလို့နာမည်ကြီးပါတယ်။ သူတို့လမ်းထဲကို ဆန္ဒပြသူတွေ ရဲလိုက်ဖမ်းလို့ပြေးဝင်ရင် သူတို့က ရိုက်နှက်တာတွေရှိပါတယ်။ ပစ်သွားတာကတော့ တစ်ယောက်တည်းပါပဲ။ အနီးကပ် တေ့ပစ်တာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ စျေးထဲသို့ ရောက်ရှိလာပြီးစျေးဆိုင်များကို ပိတ်ခိုင်းထားကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျားကြီး ပစ်သတ်ခံရသည့် သွေးကွက်ကို ပုဇွန်များဖြင့် ဖုံးထားစဉ်။

Crd khit thit media

ဒီနေ့ နေ့လည်ခန့်ကသင်္ဃန်းကျွန်းမြို့နယ်မှာပြုလုပ်ခဲ့တဲ့သပိတ်ပါခင်ဗျာသင်္ဃန်းကျွန်းသူ/ကျွန်းသားများသွေးမအေးကြောင်းပြသခဲ့တ...
23/06/2021

ဒီနေ့ နေ့လည်ခန့်ကသင်္ဃန်းကျွန်းမြို့နယ်မှာပြုလုပ်ခဲ့တဲ့သပိတ်ပါခင်ဗျာ
သင်္ဃန်းကျွန်းသူ/ကျွန်းသားများသွေးမအေးကြောင်းပြသခဲ့တာ‌ဖြစ်ပါတယ်
ပုံပို့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ

မန္တလေးနေရာတစ်ချို့ပါ Crd DVB
22/06/2021

မန္တလေးနေရာတစ်ချို့ပါ



Crd DVB

22/06/2021

Update News- မန္တလေးတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်များ မြို့ထဲ မဝင်နိုင်ရန် လမ်းပိတ်ခြင်းများ ဆောင်ရွက်ကြရန် တော်လှန်ရေးလူငယ်တချို့ တောင်းဆို

ရန်ကုန်၊ ဇွန် ၂၂

မန္တလေးတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်များရှိနေပြီး မန္တလေးမြို့တွင်းသို့ မဝင်နိုင်ရန် လမ်းများပိတ်ဆို့ခြင်း၊ တာယာများမီးရှို့ခြင်းနှင့် စစ်အင်အား လှုပ်ရှားမှုများကို လူမှုကွန်ရက်တွင် တင်ကြရန် မန္တလေး တော်လှန်ရေး လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"မန္တလေး ပြည်သူတွေအနေနဲ့ PDF လှုပ်ရှားမှုတွေကို လိုင်းပေါ်မတင်ပါနဲ့ ။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို တင်ပါ။ နောက်ပြီး စစ်ကားတွေ အလွယ်တကူ ဝင်လာလို့ မရအောင် လမ်းပိတ်တာ၊ တာယာမီးရှို့တာတွေ လုပ်ပေးပါ။ ပြီးရင် ဘေးကင်းတဲ့နေရာမှာ နေကြပါ" ဟု မန္တလေး တော်လှန်ရေး လူငယ်တစ်ဦးက ပြောဆိုသည်။

Credit

မန္တလေးတွင် PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေ=====================မန္တလ...
22/06/2021

မန္တလေးတွင် PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေ
=====================
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မန္တလေး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်အစောပိုင်းက ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မန္တလေး PDF က မြို့ပြ ပြောက်ကြားစနစ် စတင်ပြီဖြစ်ကြောင်း ပြည်သူတွေကို ဒီကနေ့မှာ အသိပေးထားပါတယ်။

"ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ ၊မန္တလေး PDF ဒီနေ့စတင်တိုက်ပါပြီ" လို့ PDF မန္တလေးရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က အရပ်ဝတ်နှင့် ကျည်ကာတွေ ဝတ်ဆင်ကာ ပစ်ခတ်နေခြင်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက် ကျရှုံးမှုကိုတော့ မသိရသေးပါဘူး။

Credit

18/06/2021

ညနေ ၆ နာရီ ခွဲ၀န်းကျင်ခန့်က ငမိုးရိပ် ရပ်ကွက်ရုံး ဗုံးပေါက်တယ်လို့သိရပါတယ်

09/06/2021

BOC မှတ်တိုင်အနီးရှိ 1717 car showroom နဲ့ တိုက်ကြားရှိ ပလတ်ဖောင်းပေါ်တွင် ၁နာရီခန့်ကဗုံးပေါက်မှုဖြစ်ပွားခဲ့ပါတယ် လူထိခိုက်မှုတော့မရှိပါဘူး
အခုတော့စခတွေရောက်နေပါတယ်
အနားကလူတွေကိုလည်းမေးမြန်းနေပါတယ်

08/06/2021

စံပြဈေး မဟာရန်ကုန်လက်ဖက်ရည်ဆိုင်နားမှာ စံပြဈေးဘက်မှဘုရားလမ်းဘက် လာတဲ့လမ်းကို ကားတွေသွားတာပိတ်ထားတယ်လို့သိရပါတယ် ဗုံးတွေ့လို့ ဟုယူဆရပေမယ့် အကြောင်းရင်း ဂဃနဏ မသိရသေးပါဘူး ခင်ဗျာ ၈:၅၃ ပါ

Edit အသွားအလာ နှစ်ဖက်လုံးပိတ်လိုက်တယ်လို့သိရပါတယ်

Edit လမ်းပြန်ဖွင့်လိုက်ပြီလို့သိရပါတယ်ခင်ဗျ

06/06/2021

မနက်အစောထဲက ငမိုးရိပ် အမက ၅ ကျောင်းထဲကို စခ တွေရော ရခ တွေရော ရောက်နေပါတယ်
ငမိုးရိပ်ထဲကိုလည်း ဆိုင်ကယ်တွေနဲ့ ပတ်နေကြပါတယ်
အမက၅ ကျောင်းအုပ်ဆရာမကြီးကိုလည်း ကျောင်းထဲမနေခိုင်းပဲ ပြောင်းခိုင်းထားကြောင်းသိရပါတယ်
ငမိုးရိပ် အုပ်ကြီးကလည်း ဓာတ်ပုံရိုက်ပြီးတင်တဲ့လမ်းကို ကြမ်းမယ်လို့လည်း ပြောကြောင်းသိရပါတယ် ( မသေချာ )

28/05/2021

သင်္ဃန်းကျွန်းဒေသန္တရဆေးခန်းဘေးလမ်းကိုရဲတွေရောက်နေပါတယ်
12:55pm

26/05/2021

7;40 သင်္ဃန်းကျွန်း ဝေ‌ဇယန္တာလမ်းမ
(မနေ့ကဗုံးပေါက်သည့်အနီးတစ်ဝိုက်)
ကို ရဲများပိတ်ဆို့ထားလျက်ရှိပါသည်။
ကားများလမ်းရှောင်နိုင်ရန် !!

25/05/2021

နေ့လည် ၁ နာရီ ၀န်းကျင် ခန့်က
သင်္ဃန်းကျွန်း ကကြီး ရပ်ကွက်ဇေယျသုခ လမ်းမှာ ဗုံးပေါက်တယ်လို့သိရပါတယ်

Edit - မင်္ဂလာဆောင် လက်ဖွဲ့ကနေ ပေါက်ပြီး လူ(သတို့သမီး) ထိတယ်လို့ သိရပါတယ်ခင်ဗျာ

25/05/2021

၁၀:၄၃မိနစ်ခန့်က
သင်္ဃန်းကျွန်း အထက ၁ ကျောင်း၀န်းထဲကို
Double cap ၈ စီး အပြင် ရဲများ ဆိုင်ကယ်များဖြင့် ၀င်ရောက်သွားတယ်လို့သိရပါတယ်

Edit - အခုမရှိတော့ဘူးလို့သိရပါတယ် (၁၁:၁၂)

24/05/2021

သင်္ဃန်းကျွန်း BOC မှတ်တိုင် mytel ရုံးရှေ့ ၂၂ ရက်နေ့ဗုံးပေါက်တဲ့နား မှာ ခွေးအုပ်လိုက်ရှိနေပါတယ် သတိထားကြပါဦးခင်ဗျာ ! ကိုက်မှာစိုးလို့ ဟိဟိ

Edit ကြောက်မက်ဖွယ်ရာ အထုပ်တစ်ထုပ်တွေ့လို့ လာစစ်ဆေးတယ်လို့ သိရပါတယ် အစစ်အဆေးမရှိပေမယ့်ကားတွေပြန်ကွေ့ခိုင်းတယ်လို့လည်းသိရပါတယ် သေနတ်တွေကိုင်ပြီး ခပ်တည်တည်ရပ်ကြည့်နေကြတယ်လို့လည်းသိရပါတယ်

22/05/2021

ဗုံးပေါက်ပါတယ်
သင်္ဃန်းကျွန်း အထက ၁ ရှေ့လို့ သိရပါတယ်
၇;၂၄ မိနစ်ခန့်ကပါ

Edit
စစ်ကားတစ်စီးအင်အားအပြည့်နဲ့ရောက်လာကြပါပြီ(7:50)ပါ

22/05/2021

အစစ်ဆေးတွေ အရမ်းများနေပါတယ် အားလုံးသတိထားကြပါဦး
ပုဇွန်တောင် / East point Ocean /
ဒေါပုံတံတားအသစ် / ကြက်ဘဲဈေး /
Gandamar whole sale ရှေ့
သတင်းရသလောက်ပါ ထပ်သိရတာအမျှ တင်ပေးသွားပါဦးမယ်ခင်ဗျာ သတိနဲ့သွားကြပါနော်

အာဏာရှင်ဆန့်ကျင်ရေး သင်္ဃန်းကျွန်း YATလူငယ်အဖွဲ့ရဲ့ အိမ်တွင်းသပိတ် ပါ !ကျနော်တို့ သင်္ဃန်းကျွန်းသွေးမအေးပါဘူးကျနော်တို့ ...
18/05/2021

အာဏာရှင်ဆန့်ကျင်ရေး သင်္ဃန်းကျွန်း YATလူငယ်အဖွဲ့ရဲ့ အိမ်တွင်းသပိတ် ပါ !
ကျနော်တို့ သင်္ဃန်းကျွန်းသွေးမအေးပါဘူး
ကျနော်တို့ page အနေနဲ့လည်း ချို့ယွင်းမှုအနည်းငယ်ကြောင့် သတင်းတင်ဆက်မှုတွေ
ပျက်ကွက်နေမိတဲ့အတွက် တောင်းပန်ပါတယ်
အတတ်နိုင်ဆုံး ပြန်ပြီး run ပါတော့မယ်
သင်္ဃန်းကျွန်းမြို့နယ် အနေနဲ့ သာမက ပြည်သူတစ်ရပ်လုံးအနေနဲ့ ကျနော်တို့ သွေးအေးနေကြတာမျိုး
မဟုတ်ဘူးလို့ ယုံကြည်ပါတယ် !
ဗုံးပေါက်ကွဲမှု များဆက်တိုက် ဖြစ်ပွားနေမှုကြောင့်
အယောက်စီတိုင်း သတိနှင့်သွားလာကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ !

#အရေးတော်ပုံအောင်ရမည်

Address


Website

Alerts

Be the first to know and let us send you an email when Voice of Thingangyun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share