Kayan People - Myanmar

  • Home
  • Kayan People - Myanmar

Kayan People - Myanmar We are From Myanmar

ကြင်စိုးတို့ဇာတာ ဆိုးချက်စိတ်မကောင်းလိုက်တာလေလူတွေ ဘာမဖြစ်ဘူးဆိုလို့ဒီနေ့အတွက် ဒီသတင်းနဲ့တန်ပြီ😄😄မန္တလေးတိုင်း၊ မိတ္တီလာ...
25/04/2022

ကြင်စိုးတို့ဇာတာ ဆိုးချက်
စိတ်မကောင်းလိုက်တာလေ
လူတွေ ဘာမဖြစ်ဘူးဆိုလို့
ဒီနေ့အတွက် ဒီသတင်းနဲ့တန်ပြီ😄😄

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊
ရှမ်းတဲရှိ လေကြောင်း အတတ်သင်
လေတပ်စခန်းဌာနချုပ်(လသခ)တွင်
၂၀၁၅ မှာ ဂျာမနီမှ ဝယ်ယူထားတဲ့

အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးတန်
GROB (အမောင်းသင်လေယာဉ်)တစ်စီး
ဆင်းသက်ပြီး မီးလောင်မှုဖြစ်ပွားကာ
ပျက်စီးသွားကြောင်း၊ လူထိခိုက်မူမရှိလို့
ခေတ်သစ်မှာ သတင်းဖော်ပြထားတယ်


ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ အခမ်းအနား…စခန်းသိမ်းတိုက်ပွဲ နှင့် မြို့ပေါ်တိုက်ပွဲတွေကိ...
25/04/2022

ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ အခမ်းအနား…

စခန်းသိမ်းတိုက်ပွဲ နှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့(၁)ခုကို အကောင်းဆုံးဖွဲ့စည်းထားပြီးပါပြီ။ ယနေ့မှာတော့ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မကြာခင်မှာ ပြည်သူတရပ်လုံး မြင်ချင်နေတဲ့ ပုံစံတွေကို မျက်ဝါးမြင်မြင်ကြုံတွေ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒီပွဲသေချာပေါက်နိုင်ရမည်💪💪💪

ဗိုလ် ဂျပန်
ပြည်သူ့တော်လှန်ရေး တပ်မတော်
People revolution army (PRA)
25.4.2022(6:50pm)

ငြိမ်းချမ်းရေးဆွေးနွေးမှု NUG ၊ PDF တို့ ပါဝင်မှ အောင်မြင်နိုင်မည်ဟု KNPP ပြော၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅နစက၏ တိုင်းရင်းသား လက်...
25/04/2022

ငြိမ်းချမ်းရေးဆွေးနွေးမှု NUG ၊ PDF တို့ ပါဝင်မှ အောင်မြင်နိုင်မည်ဟု KNPP ပြော

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅

နစက၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ မပါဝင်သည့်အတွက် မအောင်မြင်နိုင်ဟု ကရင်နီအမျိုးသား တိုးတက် ရေးပါတီ(KNPP)မှ အတွင်းရေးမှူး (၁) ခူဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများ ဖြေရှင်းနိုင်ရန် NUG၊ PDF များနှင့် ဆွေးနွေးမှသာ ငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခူဒန်နီရယ်က “PDF မကဘူးပေါ့၊ အခု NUG တို့က အဓိကဖြစ်နေတာက NUG နဲ့ ပေါ့နော်၊ အရင်တုန်းကတော့ NLD ပြောလို့ ရတယ်ပေါ့၊ NLD ကနေ CRPH ပြီးတော့ အခုက NUG ဖြစ်လာတော့ ဒါတွေ မပါဘဲနဲ့က မပြီးနိုင်ဘူး၊ လက်နက်ကိုင်တဲ့ အဖွဲ့ အစည်းတွေက အများကြီးရှိတယ်၊ တဖွဲ့ဖွဲ့ ကျန်နေလို့ ကတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ အားလုံးကိုတော့ ခေါ်သင့်တယ် ပေါ့ လေ၊ တိုင်းရင်းသားတွေလည်း အားလုံးပါဝင်ရမယ်၊ ပြီးတော့ လက်နက်ကိုင်တဲ့ လူထုဘက်ကနေ တက်လာတဲ့ လက်နက်ကိုင် တွေ အားလုံးပါဝင်မှသာလျှင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာနိုင်မယ်”ဟု ပြောသည်။

KNPP သည် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတို့တွင် ကယားပြည်သူ့ ကာကွယ်ရေးတပ်များဖြင့် ပူးပေါင်း ၍ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ဖက်ဒရယ်စနစ်ကို အာမခံရေးအတွက်လည်း လူထုတစ်ရပ်လုံး ယုံကြည်ရမည့် နိုင်ငံရေးလမ်းကြောင်း တစ်ခုဖြစ်ရန် လိုအပ် ကြောင်း ခူဒန်နီရယ်က ပြောသည်။

၎င်းက “လောလောလတ်လတ်ကတော့ ဘယ်လိုမှ အယုံအကြည်မရှိဘူး၊ သူခေါ်မယ်ဆိုရင်လည်း တိုင်းရင်းသားတွေပဲ ခေါ်လို့ မရဘူး ပေါ့လေ၊ ပြည်မမှာ တိုက်ပွဲဝင်နေတဲ့ PDF တို့ လူထုတစ်ရပ်လုံး နောက်ပြီးမှ ပါတီနိုင်ငံရေးတွေကလည်း ပါတယ်၊ အဲဒါ တွေ အားလုံး နိုင်ငံရေးလမ်းကြောင်း တစ်ခုပေါ်မှာ သေချာခိုင်မာတဲ့ ကျောရိုးတစ်ခုပေါ်မှာ ရှိနေရမယ်၊ အဲဒါမှသာ ဖြစ်မယ် ပေါ့”ဟု ပြောသည်။

လက်ရှိတွင် NUG ၊ PDF များမှာ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့်အတွက် နစကမှ တွေ့ဆုံဆွေးနွေး လိမ့်မည် မဟုတ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ဒေါက်တာနိုင်ဆွေဦးက “ကျနော်မြင်တာက ဒီအဖွဲ့အစည်းတွေသည် NUG ၊ CRPH တို့သည် မတရားအသင်း ကြေညာခံထားရ တဲ့ အဖွဲ့တွေ ဖြစ်တယ်ပေါ့၊ နောက်ပြီးတော့မှ သူ့ရဲ့ PDF အဖွဲ့တွေသည်လည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထား တာ၊ လက်ရှိသူတို့ လုပ်ဆောင်နေတဲ့ဟာ ကြည့်မယ်ဆိုရင်လည်း သာမန်ပြည်သူတွေ သူတို့က သတ်ဖြတ်နေတာတွေ မြင်ရတဲ့ အခါ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်နေတယ်၊ ဒီလိုမျိုး အဖွဲ့အစည်းနဲ့ လက်တွေ့မှာ တွေ့ဆုံဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ မြင်တယ်၊ အကြမ်းဖက် အဖွဲ့အစည်းနဲ့ တွေ့ဆုံမှု မရှိဘူးဆိုတာ မူဝါဒတွေ ရှိပြီးသားပဲ၊ ဆိုတော့ ဒါကြီးက လုံးဝ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည့်အတွက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် လူပုဂ္ဂိုလ်များ အနေဖြင့် မေလ ၉ ရက်တွင် နောက် ဆုံးထား စာရင်းပေးပို့ စေလိုပါကြောင်း ဧပြီလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါ နစက၏ ဖိတ်ခေါ်မှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာဖြစ်ပြီး NUG နှင့် PDF များ မပါဝင်ကြောင်း ထုတ်ပြောထားသည်။

April 25.2022



25/04/2022

ဆဲတာလေးကအသက်😘😘😘

ဖယ်ခုံမြို့နယ်က NUG ၏ ထောက်ပံ့ကြေးရရှိသည့် CDM ဝန်ထမ်း ၂၀၆ ဦးတွင် CDM ပညာရေးဝန်ထမ်းများ မပါဝင်ဟု ဒေသခံများဆိုနောင်ရိုးဖ...
25/04/2022

ဖယ်ခုံမြို့နယ်က NUG ၏ ထောက်ပံ့ကြေးရရှိသည့် CDM ဝန်ထမ်း ၂၀၆ ဦးတွင် CDM ပညာရေးဝန်ထမ်းများ မပါဝင်ဟု ဒေသခံများဆို

နောင်ရိုး
ဖယ်ခုံ ၊ ဧပြီလ ၂၅ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ CDM ဝန်ထမ်းများအနက်မှာ ၂၀၆ ဦးအား NUG က တစ်ဦးလျှင် ၆၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ CDM ဝန်ထမ်း ၂၀၆ ဦးတွင် စစ်တပ်၊ရဲ၊မီးသတ် စသည့် ဌာနများအပြင် အခြား ဌာနဆိုင်ရာ ဝန်ထမ်းအချို့လဲ ပါဝင်နေသော်လည်း CDM ပညာရေးဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း CDM ပညာရေးဝန်ထမ်းအချို့ထံမှ သိရသည်။

" NUG က ဒီရက်ပိုင်း CDM ဝန်ထမ်းတွေကို တစ်ယောက်ကို ၆ သောင်းနဲ့ ထောက်ပံ့နေတဲ့အထဲမှာ ကျွန်မတို့ ပညာရေးဝန်ထမ်းတွေ မပါဝင်ပါဘူးရှင်။ သူတို့က ဘယ်လိုရွေးချယ်ပြီး ပေးသလဲတော့ မသိဘူး။ ပိုက်ဆံ လိုတယ်ဆိုတာထက် အသိအမှတ်ပြုတာလေး ရချင်တာပါ " ဟု ဖယ်ခုံမြို့ခံ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့က ဌာနဆိုင်ရာ ဝန်ထမ်းအချို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၏ ထောက်ပံ့ကြေးရရှိသည့် စာရင်းတွင် မပါဝင်ကြောင်း သိရသည်။

" စာရင်းမဝင်လို့ NUG ဆီက ၆ သောင်းမရတဲ့သူတွေ အများကြီးရှိသေးတယ်။ သူသူကိုယ်ကိုယ်ပဲလေ။ CDM လုပ်ကြတုန်းကလည်း အတူတူပဲကို ရတဲ့သူကရ မရသူက မရနဲ့ဆိုတော့။ ပညာရေးဝန်ထမ်းတွေတင်မကဘူး တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေ စာရင်းမဝင်သေးဘူး " ဟု ဖယ်ခုံမြို့ခံမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDMတွင် ပါဝင်နေသူ ဌာနဆိုင်ရာဝန်ထမ်း ၈၀၀ ကျော်ရှိခဲ့ပြီး အချို့မှာ စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန်လည်လုပ်ကိုင်လျှက်ရှိနေကြောင်း CDM အရေး ကူညီပေးနေသူများထံမှ သိရသည်။

#ဖယ်ခုံ #ဝန်ထမ်း #ထောက်ပံ့ကြေး


25/04/2022

25.4.2022 (11:30)Am
စခတွေ နာနတ်တောကနေအိမ်တွေ အထဲထိလိုက်စစ်နေပါတယ်ဗျ
ဖုန်းတွေပါစစ်ဆေးမှုတွေပြုလုပ်သွားပါတယ်
ကျန်တဲ့နေအိမ်များ ဂရုစိုက်ပေးကြပါဗျ....


25/04/2022

10:50AM
ဇေညီနောင် နဲ့ နာနတ်တော အထက / စက်မူကျောင်းထောင့်
အစစ်အဆေးရှိ

ဇေညီနောင်နားမှာ အင်အားများတယ် ။ စနိုက်ဘာပါတယ် သတင်းရရှိထားပါတယ်။
သတိထားသွားလာကြပါခင်ဗျာ။


ဒီမနက် (၈)နာရီလောက်က လွယ်တမူ ကယား ဖက်၊ကျောက်ချောလမ်းကို ဖြတ်သန်းသွားတဲ့ ရွာသားတစ်ဦးရဲ့ ထော်လာဂျီ နင်းမိုင်းနင်းမိ ပေါက်က...
25/04/2022

ဒီမနက် (၈)နာရီလောက်က လွယ်တမူ ကယား ဖက်၊ကျောက်ချောလမ်းကို ဖြတ်သန်းသွားတဲ့ ရွာသားတစ်ဦးရဲ့ ထော်လာဂျီ နင်းမိုင်းနင်းမိ ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
လူထိခိုက်မှု မရှိခဲ့ပါ။
တခြားသော နင်းမိုင်း တွေကျန်ရှိ‌နိုင်ပါသေးတယ်။
ဒါကြောင့် ဖြတ်သန်းသွားလာ ပြည်သူများ အထူးဂရုစိုက်ကြပါခင်ဗျာ။


24/04/2022

နေပူတော်မှာ
စစ်ပြေးတဲ့ စစ်ပြေးဒုကသည် များ
အ​ကြံတစ်ခုအလကားပေးမယ်နော
စုပြီးမနေပါနဲ့
အလှူရှင်တွေ ဝယ်ပေးသော
နံနတ်သီး တွေ စားမိရင်
ဝမ်းပျက်ဝမ်းလျောပြီး အစာအဆိပ်သင့်ပြီးသေတတ်တယ်🤣🤣


အကြမ်းဖက်စစ်တပ်များ စခန်းချခဲ့သည့်ကျေးရွာများတွင် နင်းမိုင်းများထားခဲ့သဖြင့် ပြည်သူများနေရပ်မပြန်ကြရန် အသိပေး ကရင်နီ ၊ ဧ...
24/04/2022

အကြမ်းဖက်စစ်တပ်များ စခန်းချခဲ့သည့်ကျေးရွာများတွင် နင်းမိုင်းများထားခဲ့သဖြင့် ပြည်သူများနေရပ်မပြန်ကြရန် အသိပေး

ကရင်နီ ၊ ဧပြီ ၂၄

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကယားပြည်နယ်အတွင်း ၎င်းတို့စခန်းချခဲ့သည့် ကျေးရွာများ၌ နင်းမိုင်းများထားရှိခဲ့သည့်အတွက် စစ်ဖြစ်ပွားရာဇုံအတွင်းရှိ ပြည်သူများအနေဖြင့် နေရပ်ပြန်ခြင်းမပြုလုပ်ရန် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ‌ပေးကြေညာသည်။

ကယားပြည်နယ်တွင် ဧပြီလ တတိယအပတ်အတွင်း စစ်ဇုံအတွင်း၌ နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်စဉ် အကြမ်းဖက်စစ် ကောင်စီတပ်ဆုတ်ခဲ့သည့် တည်နေရာများ၌ နင်းမိုင်းအများအပြားကို တွေ့ရှိခဲ့ရသည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ ထောင်ထားခဲ့သည့် နင်းမိုင်းများကို ရှင်းလင်းနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်သူများ နေရပ်သို့ပြန်လည်၀င်ရောက်ခြင်းမပြုရန် ကယားပြည်နယ်ရှိတော်လှန်ရေးအဖွဲ့များက သတိပေးချက် ထုတ်ပြန်ထားသည်။

"အိမ်ပြန်ချင်လွန်းတော့ ပြန်ကြတဲ့လူတွေ မိုင်းထိကြတာ ခဏခဏကြားရတယ်။ ပိုဆိုးတာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးထိပ်ဖူးတွေ တွေ့ရတာပဲ။ သူတို့လည်း ဘာမှမလုပ်တက်တော့ အခက်တွေ့ရတယ်" ဟု ကယားပြည်နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကပြောသည်။

ဧပြီလ ၁၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်ဆွဲခဲ့သည့် နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာကို နယ်မြေရှင်းလင်းခဲ့စဉ် နင်းမိုင်း ၁၄ လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။


မနက်ခင်း နှင်းငွေ့တွေသီးလို့တောပန်းတွေဝေစီခဲ့တဲ့ဒီ‌အရပ်ဟာ အခုတော့ ....ယမ်းငွေတွေဝေဆာကာလက်နက်ကြီးသံတညံညံကြားပြီးငေးမိရာအရ...
24/04/2022

မနက်ခင်း နှင်းငွေ့တွေသီးလို့
တောပန်းတွေဝေစီခဲ့တဲ့
ဒီ‌အရပ်ဟာ အခုတော့ ....
ယမ်းငွေတွေဝေဆာကာ
လက်နက်ကြီးသံတညံညံကြားပြီး
ငေးမိရာအရပ်ရှစ်ခွင်တိုင်းအပြိုအပျက်တွေနဲ့😔

မနေ့ကစပြီးခွေးတွေတက်လာခဲ့ကြတာ
မိုင်းရှာခွေးတွေနဲ့
အခုတော့ လေထဲခွေးတွေရောက်လို့စစ်ဆိုင်းရအခြေနေ

ကလေးတွေကင်းကိုယ်စီ သတိအနေအထား
စနိုက်ပါများထောက်ထားလို့
မြင်ကွင်းထဲမြင်နေရတဲ့ ခွေးတွေရဲ့လှုတ်ရှားမှုကိုသတိပြုရင်း
သူတို့ရဲ့လွတ်လပ်တဲ့လူငယ်ဘဝတွေကိုအမှန်တရားတစ်ခုအတွက်ပေးဆပ်နေကြတယ်

ကူပါ။လှူပါ။ စောင့်ရှောက်ပါ။
အမှန်တရားကိုမြတ်နိုးရင်
စစ်ဖိနပ်အောက်ကနေတကယ်ရုန်းထွက်ချင်တယ်ဆိုရင်
လူမသိ၊သူမသိနဲ့ကလေးတွေကိုချီးမြှင့်ပါလို့တောင်းဆိုပါရစေ။

ရှေ့တန်းကနေအသက်ကိုရင်းပြီးအမှန်တရားကိုတိုက်ယူနေကြသောPDFများနှင့် ပြည်မထဲမှာနေပြီးစကစကိုဒုက္ခပေးနိုင်ဆူံးသော UG ချစ်မောင်နှမများအား ‌လေးစားလျှက်....

ခိုလှုံခဲ့ရာဒေသအားအလွမ်းများစွာဖြင့်.....

(အဝေးကလူ)

အမျိုးတို့ နေပြည်တော်မှာလည်း ပြေးလှူပေးကြပါအုံး အာpဂျီ နဲ့😂😂😂
24/04/2022

အမျိုးတို့ နေပြည်တော်မှာလည်း ပြေးလှူပေးကြပါအုံး
အာpဂျီ နဲ့😂😂😂


ကရင်နီပြည်၂၄.၄.၂၀၂၂လွိုင်ကော်မြို့ 2:22Pmနမ့်ဘော်ဝမ့် ယူနီရှယ် ထောင့် တွင် စခ အင်အား ၃၀ ဝန်းကျင် လောက် စစ်ဆေးနေသည်ဂရုစို...
24/04/2022

ကရင်နီပြည်
၂၄.၄.၂၀၂၂
လွိုင်ကော်မြို့ 2:22Pm
နမ့်ဘော်ဝမ့် ယူနီရှယ် ထောင့် တွင်
စခ အင်အား ၃၀ ဝန်းကျင် လောက် စစ်ဆေးနေသည်
ဂရုစိုက်သွားလာကြပါ

PKPF သတင်းထုတ်ပြန်ချက်...........အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ချိန်အထိ ကရင်နီပြည်နယ်ရှိ သေဆုံးသွားခဲ့ရသောပြည...
24/04/2022

PKPF သတင်းထုတ်ပြန်ချက်...........

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ချိန်အထိ ကရင်နီပြည်နယ်ရှိ သေဆုံးသွားခဲ့ရသောပြည်သာများစာရင်းအကျဥ်းချုပ်။

သပိတ်အတွင်းသေဆုံးသူ - ၂ ဦး
အရပ်သားပြည်သူသေဆုံးသူ - ၂၃၁ ဦး
စစ်ဘေးရှောင်စဥ်သေဆုံးသူ - ၂၄ ဦး

👉အရပ်သားပြည်သူသေဆုံးသူ များမှာ စကစ၏အကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးများရမ်းတမ်းပစ်ခတ်မှုကြောင့်သေဆုံးခဲ့ကြရပြီး၊

👉စစ်ဘေးရှောင်နေစဥ်သေဆုံးသူမှာ
ဆေးဝါးနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကြောင့် သေဆုံးသွားခဲ့ရကြောင်း ဖြစ်သည်။

👉စစ်ကောင်စီ တပ်၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်မှု​၊ လက်နက်ကြီးများဖြင့် ရမ်းတမ်းစွာပစ်ခတ်မှုကြောင့်နှင့် စစ်ရှောင်စခန်းအတွင်းဆေးဝါးမလုံလောက်မှုတို့ကြောင့် အသက်(၁၈)နှစ်အောက် ကလေးများသေဆုံးရသည်မှာ ၁၉ ဦးထက်မနည်းရှိကြောင်းသိရှိရပါသည်။

PKPF
သတင်းနှင့်ပြန်ကြားရေးဗျူရို

တစ်နေ့ကြရင် အရင်လိုပြန်ဖြစ်သွားမှာပါ ဆိုတဲ့အတွေးနဲ့ မနက်ဖြန်ကိုကြိုဆိုပါတယ်။🇷🇺 တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြည် ဒို...
24/04/2022

တစ်နေ့ကြရင် အရင်လိုပြန်ဖြစ်သွားမှာပါ ဆိုတဲ့အတွေးနဲ့ မနက်ဖြန်ကိုကြိုဆိုပါတယ်။
🇷🇺 တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြည် ဒို့မြေ....

#ကရင်နီ
#အလယ်ပိုင်းတိုင်း

စခကားများ မိုးဗြဲ ၄၂၂ တပ်ထဲဝင်သွားပြီလို့ သိရပါတယ် ❗❗❗မိုးဗြဲမြို့တစ်ဝိုက်နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြပါ သတိနဲ့အိ...
23/04/2022

စခကားများ မိုးဗြဲ ၄၂၂ တပ်ထဲ
ဝင်သွားပြီလို့ သိရပါတယ် ❗❗❗
မိုးဗြဲမြို့တစ်ဝိုက်နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြပါ သတိနဲ့အိပ်စက်ကြပါဗျာ 🙏
April 23,2022(8:55pm)


ကရင်နီပြည် April 23 2022စခတွေ 9:40 Pm မှာ လန ကြီးနဲ့ ဆက်တိုက်ထုနေတယ်ဘေးကင်းပါစေ ပြည်သူ့ရဲဘော် နင့်ပြည်သူလူထုများအားလုံး ...
23/04/2022

ကရင်နီပြည် April 23 2022
စခတွေ 9:40 Pm မှာ လန ကြီးနဲ့ ဆက်တိုက်ထုနေတယ်
ဘေးကင်းပါစေ ပြည်သူ့ရဲဘော် နင့်ပြည်သူလူထုများအားလုံး

23/04/2022

23.4.2022
စခမှ ရမ်းတမ်းပစ်ခတ်သော မပေါက်ကွဲသေးတဲ့လက်နက်ကြီးတစ်လုံး
ညနေ (၅) နာရီအချိန်ခန့်တွင် လွိုင်ကော်တက္ကသိုလ်ဘေးက
ရေကန်ထဲကျနေသည်ဟု ပြည်သူတစ်ဦးမှ အသိပေးလာသည့်အတွက်
မိဘပြည်သူများခဗျာ လွိုင်ကော်တက္ကသိုလ်အနီးရှိ ကန်ထဲ၌ ငါးမြှားခြင်း/ရေကူးခြင်းများ
မပြုလုပ်ကြသေးပါရန် အသိပေးအပ်ပါတယ်ခဗျ.....


23/04/2022
acc cb သို့မဟုတ် Page Cb တွင် လာသတင်းပေးလို့ရပါတယ်ဗျ😘
23/04/2022

acc cb သို့မဟုတ် Page Cb တွင် လာသတင်းပေးလို့ရပါတယ်ဗျ😘

ဧပြီလတတိယအပတ် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့။ဧပြီလ တတိယအပတ်တွင် မိုးဗြဲ၊ ဝါရီဆူးပလိုင်နှင...
23/04/2022

ဧပြီလတတိယအပတ် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့။
ဧပြီလ တတိယအပတ်တွင် မိုးဗြဲ၊ ဝါရီဆူးပလိုင်နှင့်ဝါရီကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါကမီးနှင့် ဥခူရီကျေး ရွာ၊ ဖရူဆိုနှင့်ဘောလခဲနယ်စပ်ရှိ ထားလဲနှင့် နန်းဖဲစသည့် ‌ဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပါသည်။ ကရင်နီ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဒီး‌မော့ဆိုမြို့နယ်၊ နောင်ပုလဲနှင့် ဥခူရီနှင့် ‌ဒေါကမီးမှ အကြမ်း ဖက်စစ်ကောင်စီတပ်များ ဆုတ်ခွာလျက်ရှိပါသည်။ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့အတွင်း အကြမ်း ဖက်စစ်ကောင်စီမှ နေအိမ်(၁၄)လုံးအား မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့တွင် နေအိမ်ပေါင်း (၈) လုံး ပျက်စီးခဲ့ရပါသည်။
ဒီးမော့ဆိုမြို့နယ် ‌ဒေါကမီးကျေးရွာအနီးတဝိုက်တွင် ဧပြီလ (၁၄) ရက်နေ့မှစ၍ ယနေ့အထိတိုက်ပွဲများ ပြင်းထန် လျက်ရှိပါသည်။ ထို့အတူ မိုးဗြဲ ဝါရီဆူးပလိုင်တို့တွင် ဧပြီ(၁၅) ရက်နေ့မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဝါရီ ကောခူနှင့် အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိပါသည်။ ဧပြီလ (၁၅) ရက်နေ့တွင် လွိုင်ကော်မြို့ ထေးတမရပ်ကွက်အတွင်း နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ မှ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသည်။ ဧပြီလ (၁၆) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့ ချီကယ်ရပ်ကွက်အတွင်း အသက် (၈) နှစ်အရွယ် ကလေးငယ် တစ်ဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့ပါသည်။
ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကာင်စီတပ်များနှင့် ကရင်နီ ပူးပါင်းတပ်တို့ ဧပြီလ (၁၆) ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် ကရင်နီပူး‌ပေါင်းတပ်ဖွဲ့ မှ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား (၁၇) ဦး စစ်ကြောင်း ကို စွန့်ခွာထွက်ပြေးပြီး၊ တပ်သားအချို့ ကရင်နီပူး‌ပေါင်းတပ်ထံ ခိုလှုံခဲ့ပါသည်။ ဧပြီလ တတိယအပတ် တိုက်ပွဲနှင့် ပြောက်ကြား တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၆) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့ပါသည်။
ကရင်နီးပူးပေါင်းတပ်ဘက်မှလည်း ဒေါခမီးတိုက်ပွဲအတွင်း အကြမ်းဖက်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDFမှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသောရဲဘော်နှစ်ဦးအား အမျိုးသားအာဇာနည်အဖြစ် သမိုင်း မှတ်တမ်းတင် အလေးပြုပါသည်။
KNDF သတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန်။ ၀၉၄၉၅၇၂၉၃၁၊ ၀၉၄၂၅၅၁၇၅၉၄။

ငြိမ်းချမ်းရေးဆွေးနွေးပွဲစစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကို KNPP ပယ်ချလက်ရှိမှာ စစ်ကောင်စီတပ်တွေ ဖရိုဖရဲဖြစ်နေပြီး ထိခိုက်ကျဆု...
23/04/2022

ငြိမ်းချမ်းရေးဆွေးနွေးပွဲစစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကို KNPP ပယ်ချ
လက်ရှိမှာ စစ်ကောင်စီတပ်တွေ ဖရိုဖရဲဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေ၊ တပ်ပြေးမှုတွေ များပြားလာတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောလာတာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၁ ခူဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းပြောကြားချက်အပေါ် KNPP က သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူဒယ်နီယာက “မင်းအောင်လှိုင်တပ်က တပ်တော်တော် ဖရိုဖရဲဖြစ်နေပြီ။ နောက် သူတို့ ထိခိုက်မှု ကျဆုံးမှုတွေ၊ ထွက်ပြေးမှုတွေ အများကြီးဖြစ်နေပြီ။ သူတို့မှာ အခက်အခဲအများကြီးကြုံတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတာ ပြောလာတာ အဲ့လိုမျိုးပဲ သုံးသပ်ရတယ်။” လို့ ပြောပါတယ်။

ဧပြီလ ၂၃ရက်နေ့ မနက်ပိုင်းအထိ တရားဝင်အကြောင်းကြားစာ ပေးပို့တာမရှိသလို ဖိတ်ကြားမှုအပေါ်လည်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ KNPP ဖက်က သဘောထားပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အပြောနဲ့ လုပ်ရပ်ဟာ မတူဘူးလို့ ဆိုပါတယ်။ လူထုတစ်ရပ်လုံးက စစ်ကောင်စီကို တော်လှန်နေတာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးချင်ရင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်မှသာ ရမှာဖြစ်တယ်လို့ ခူဒယ်နီယာက ပြောပါတယ်။

“သူ မင်းအောင်လှိုင်ပြောတာက သူငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုလုပ်မယ်။ ပြောတာနဲ့ သူမြေပြင်မှာလုပ်နေတာ တခြားစီပါပဲ။ ဆိုတော့ သူ အပြောနဲ့ လုပ်ရပ်တွေက တူမနေဘူးပေါ့နော။ နောက်တစ်ခုက ဒီအချိန်မှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ တိုက်ပွဲတော်လှန်တာမဟုတ်ဘူးလေ။ လူထုတစ်ရပ်လုံးက တော်လှန်နေတာဆိုတော့ အဖွဲ့အစည်းတွေ ဆွေးနွေးချင်တယ်ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါဝင်မှ ဖြစ်မယ်။ ဒီဆွေးနွေးမှု ခေါ်ယူတဲ့ဆွေးနွေးမှုတွေကလည်း အောင်မြင်မှာ မဟုတ်ဘူး။”လို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။

ယမန်နေ့ စစ်ခေါင်းဆောင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်အသီးသီးနဲ့ အဖွဲ့ဝင်ကိုယ်စားလှယ် ၂ ဦးစီ စာရင်းပေးပို့ပေးကြပါ။”လို့ စစ်ကောင်စီ ခေါင်းဆောင်က မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

အဖွဲ့ဝင်အားလုံးကို ကိုယ်တိုင်တွေ့မှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တက်ရောက်သူ အမည်ကို ၂၀၂၂ မေလ ၉ ရက် နောက်ဆုံးထား အကြောင်းပြန်ကြားဖို့ သူက ပြောသွားပါတယ်။

-------------------------------------------------------
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - Kantarawaddy Times
(Eng) - Kantarawaddy Times - English
Twitter - twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times

23/04/2022

MPT
Ooredoo
တချို့မြို့တွေမှာ မအလ အကျင့်ရုတ်နေ


23/04/2022

လွိုင်ကော်မြို့ပေါ် ဓါးထောက် လုယက်မှု ဖြစ်ပွားခဲ့။

23.4.2022 ရက်နေ့ နံနက် (၅)နာရီဝန်းကျင်အချိန်ခန့်၊
နမ့်ကွက် ရပ်ကွက် ၊လွိုင်ကော်မြို့ ရှိ နေအိမ် တစ်အိမ်ကို ယောကျာ်းလေး (၂)ဦး ရောက်ရှိလာကာ သောက်ရေ တောင်းသောက်ခဲ့ပြီး နေအိမ်အတွင်းဝင် ၊ဓါးထောက်ပြီး ငွေသား၊ရွှေထည်များ လုယူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အိမ်ရှင်မှာ တခြားရပ်ကွက်က စစ်ရှောင်တစ်ဦးဖြစ်ပြီး နမ့်ကွက်ရပ်ကွက်မှာ အိမ်ငှားနေထိုင် နေသူဖြစ်ပါတယ်။
နေအိမ်မှာ အမျိုးသားဖြစ်သူ မရှိဘဲ ၊အမျိုးသမီး တစ်ဦးတည်းသာရှိနေတဲ့အချိန် လူနှစ်ဦးက ဓါးထောက်ပြီး ငွေသား (၆၈၀၀၀၀)၊ ရွှေထည်အပါ (၁၀)သိန်းဖိုးကျော်ခန့် လုယူသွားခဲ့တယ်လို့ သိရှိရပါတယ်။



23/04/2022

လွိုင်ကော်မြို့ တောင်စျေး ရှေ့မှာကော ဘီလူးချောင်း ဖြတ်တဲ့ တတံား အားလုံး စောင်းဆိုင်းစစ်ဆေးနေသည်ဟုသိရ

Mytel လို ကုမ္မဏီ မပိုင်တဲ့ငါတို့ ခေါင်းဆောင် ________လစာ မယူပဲအသက်စတေးရတဲ့ငါတို့ သူရဲကောင်းတွေ ________ချမ်းသာတာဆိုလို့...
23/04/2022

Mytel လို ကုမ္မဏီ မပိုင်တဲ့
ငါတို့ ခေါင်းဆောင် ________

လစာ မယူပဲ
အသက်စတေးရတဲ့
ငါတို့ သူရဲကောင်းတွေ ________

ချမ်းသာတာဆိုလို့
ပြည်သူ့မေတ္တာပဲ ရှိတယ် ~~~~~~~
💪💪💪💪💪💪💪💪


တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်၂၂.၄.၂၀၂၂ ရက်နေ့    ဖရူဆိုမြို့နယ် ၊ထားလဲကျေးရွာအနီး (၁၀)နာရီ ဝန်းကျင်မှစ KAနှင့်KNDF ပူး...
23/04/2022

တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်

၂၂.၄.၂၀၂၂ ရက်နေ့
ဖရူဆိုမြို့နယ် ၊ထားလဲကျေးရွာအနီး (၁၀)နာရီ ဝန်းကျင်မှစ KAနှင့်KNDF ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ (၃)ဦး ကျဆုံးခဲ့ပြီး မိမိဖက်မှ ထိခိုက်မှုမရှိခဲ့ပါ။
ထို့ပြင် တချိန်တည်းမှာပဲ လောကျေခူရွာသစ် ၁၁နာရီ ၅၇ မိနစ် ခန့်မှစပြီး KA,KNDF ပူးပေါင်းတပ်တို့ အကြမ်းဖက်စကစနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
စကစဖက်မှ ထိခိုက်ဒဏ်ရာရှိနိုင်သော်လည်း အတည်မပြုနိုင်ပေ။ မိမိဖက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။


-Army

23/04/2022

23.4.2022 (6:00)Am
ဆောင်းပြောင်း နန့်ဖာမူ ဘက်ကနေ စခ စစ်ကားအစီး (၃၀) ခန့် အင်အားဖြည့်လာကြောင်းသိရ
လမ်းတလျှောက် အင်တာနင်လိုင်းအချို့လည်း ဖြတ်ထောက်ထားကြောင်းသိရ


23/04/2022

ကရင်နီပြည်
၂၃.၄.၂၀၂၂
လွိုင်ကော် မိုင်းလုံး ရပ်ကွက် ကနေ ဒီမေားဆိုဘက်သို့ စခ ကား ၇ စီး တက်သွား


23/04/2022

ကရင်နီပြည်
၂၂.၄.၂၀၂၂
ယနေ့နံနက်
၉နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စကစတပ်များမှ ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ရပ်ကွက်နဲ့ ငူးပလော့ရပ်ကွက်ကြားရှိလူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့ပါသည်။


22/04/2022

သေချာတာတစ်ခုက ဘယ်နေရာတပ်စွဲထားစွဲထား
ကျိန်းသေ ခံရမှာကွ😂😂😂

ကျနော်တို့ အားရှိတာပေါ့ 😍😘😘


22/04/2022

ကရင်နီပြည်
၂၂.၄.၂၀၂၂
စခတွေ ဝေဟင်မှာ ပုဇင်း နဲ့ ကင်းလည့်ပတ်ပြီး မြေပြင်မှာ လက်နက်ကြီးနဲ့ ရမ်းတမ်းထုနေတယ်
ဘေးကင်းပါစေ ပြည်သူ့ရဲဘော်နင့် ပြည်သူလူထုများအားလုံး🙏🙏

22/04/2022

22.4.2022
ဒီရက်ပိုင်း စခတွေ အဖမ်းအဆီး အစစ်အဆေးတွေ တောက်လျှောက်လုပ်နေတယ်ဗျ
အဓိကယောကျာ်းလေးတွေ မဲမဲမြင်သမျှ အကုန်ကိုစိချင်နေတယ်
မနေ့ည ထ(၂) သချိုင်းလမ်းဆုံမာ ယောကျာ်းလေး (၂) ဦးဖမ်းခံထားရတယ်ကြားတယ်ဗျ
မဆီမဆိုင်တဲ့ပြည်သူတွေဖမ်းပြီး ငွေညစ်ချင်တာ သူတို့စားကွက် အသွားလာဂရုစိုက်ကြပါဗျ


ပန်းတိုင်ရောက်ဖို့ ကြိုးစားရင်း ခြေတစ်ဖက်ပျောက်သွားပါပြီတဲ့😣😣   သို့ပေမဲ့  လုံး၀စိတ်ဓါတ်မကျပါဘူး  နောက်တစ်ဖက်ကျန်ပါသေးတယ...
22/04/2022

ပန်းတိုင်ရောက်ဖို့ ကြိုးစားရင်း ခြေတစ်ဖက်ပျောက်သွားပါပြီတဲ့😣😣 သို့ပေမဲ့ လုံး၀စိတ်ဓါတ်မကျပါဘူး နောက်တစ်ဖက်ကျန်ပါသေးတယ်လေ အသက်ရှိနေသရွေ့ တိုင်းပြည်နှင့် လူမျိုးများတွက် ကျွန်တော်တို့ တန်ဖိုးရှိရှိ မိမိတို့ အသက်ကို ဆက်ပြီးပေးဆပ်သွားမှာပါ..ဆိုတဲ့ ရဲဘော် လေးစားလျက်🙏🙏

KNDF B 05 မှ ရဲဘော် Bad ....😞😞😞

ဖမ်းမိထားတဲ့ ခွေးတစ်ကောင်ကောက်ရထားတဲ့ အဆင့်မြင့်တံဆိတ်ကပ် ဖိနပ်တစ်ရံ ပိုင်ရှင်ရှိပါက အလဲလှယ်ဖြင့်လာယူပါ 😎
22/04/2022

ဖမ်းမိထားတဲ့ ခွေးတစ်ကောင်
ကောက်ရထားတဲ့ အဆင့်မြင့်တံဆိတ်ကပ် ဖိနပ်တစ်ရံ ပိုင်ရှင်ရှိပါက အလဲလှယ်ဖြင့်လာယူပါ 😎

88 ကမြို့ပေါ်ကိုမရောက်ခဲ့ကြဘူး...✊22 မှာတော့မြို့ပေါ်သို့စတင်ချီတတ် လိုလာပါပြီ မကြာမှီအောင်ပွဲဆီသို့ ရဲရဲ တောက် ချီတတ်ကြ...
22/04/2022

88 ကမြို့ပေါ်ကိုမရောက်ခဲ့ကြဘူး...✊

22 မှာတော့မြို့ပေါ်သို့စတင်ချီတတ် လိုလာပါပြီ
မကြာမှီ
အောင်ပွဲဆီသို့ ရဲရဲ တောက် ချီတတ်ကြမည်
အားတင်းထားကြပါ သူရဲကောင်းတို့💪💪 ....💥✊💥

🍂🍂❤

21/04/2022

လွိုင်ကော်မြို့
၂၁.၄.၂၀၂၂
နာနတ်တော ဇေညီနောင်ဆီဆိုင်တောင့်လမ်းလေးဆုံမာလည်း အစစ်အဆေးရှိနေပါတယ်
အချုပ်ကား ရဲကား sinper ဖြင့်လည်း ေစာင့်ပြီးစစ်နေသည်
Edit. .ယောကျားတစ်ယောက် မိန်းကလေး ၃ ယောက် ခေါ်ဆောင်သွားကြောင်းသိရ (10:30 Am)

လူသေတာ တွေ့ရင် မထူးဆန်းတော့ဘူး...လန အသံမကြားရရင် မနေတတ်တော့ဘူး...သွေးတွေ ရေပန်းလို ခုန်ထွက်တာတွေ့ပြီး လန့်မတုန်လုပ်တော့ဘ...
21/04/2022

လူသေတာ တွေ့ရင် မထူးဆန်းတော့ဘူး...

လန အသံမကြားရရင် မနေတတ်တော့ဘူး...

သွေးတွေ ရေပန်းလို ခုန်ထွက်တာတွေ့ပြီး
လန့်မတုန်လုပ်တော့ဘူး...

ကျတော်တို့က ​အမှန်တရားနှင့်ငြိမ်းချမ်းရေးလိုချင်သော ရူးသွပ် ဆိုးနေတဲ့ တော်လှန်ရေးသမားတွေပါ...


ဘုရားကျောင်းကန် အကုန် နေထိုင် မီးရှို့ ဖြတ်စီး ဘယ်သူ့ ဘယ်သူ အတွက်မှ အကျိုးမရှိတာ ကို လုပ်ကြတဲ့ ယောကျာ်းအများစု နဲ့ စုဖွဲ...
21/04/2022

ဘုရားကျောင်းကန် အကုန် နေထိုင် မီးရှို့ ဖြတ်စီး ဘယ်သူ့ ဘယ်သူ အတွက်မှ အကျိုးမရှိတာ ကို လုပ်ကြတဲ့ ယောကျာ်းအများစု နဲ့ စုဖွဲ့ ထားတဲ့ မအလ တပ် 😏😏😏 တူတဲ့ အကျိုး အမြန်ပေးပါတော့
တခါတလေ လဲ လောက ပါလ နတ်မင်းကြီး တွေ ကို မေးကြည့်လိုက်ချင်တယ် ဘယ်လောက် ပျက်စီး သေကြေ မှ ပြီးမှာ လဲလို့
😔😔😔😔😔

Address


Website

Alerts

Be the first to know and let us send you an email when Kayan People - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share