Life in Phnom Penh

  • Home
  • Life in Phnom Penh

Life in Phnom Penh An array of information for expats in Phnom Penh.

  [English Below] မြန်မာအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် အုပ်ကြီးက တာဝန်ယူတဲ့အနေနဲ့ ...
08/05/2023



[English Below]

မြန်မာအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် အုပ်ကြီးက တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်သွားပါတယ်။ သူက ဆီးဂိမ်းမတိုင်ခင်ကတည်းက ကမ္ဘောဒီးယားအသင်း ဆီမီးဖိုင်နယ်မတက်ရင် နုတ်ထွက်မယ်လို့ ကတိပေးထားတာပါ။

အခုတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ အဓိက စပွန်ဆာ Vattnac Group က statement ထုတ်ပြီး၊ မနုတ်ထွက်ဖို့ တောင်းဆိုနေပါတယ်။

ဒရာမာတွေတော့ အတော်များပါတယ်။ တကယ်တော့ ကမ္ဘောဒီးယားက ဆီမီးတက်ဖို့ အခွင့်အရေးရှိပါသေးတယ်။ မြန်မာ ဖိလစ်ပင်းကို ရှုံးပြီး၊ ကမ္ဘောဒီးယားကို နိုင်ရင် တက်နိုင်ပါသေးတယ်။ မြန်မာက ဖိလစ်ပင်းကို ရှုံးနိုင်ပေမယ့်၊ ကမ္ဘောဒီးယားကတော့ အင်ဒိုကို မနိုင်မှန်းသိလို့ ကြိုပြီး ထွက်သွားတာထင်ပါတယ်။

___
The president of the Cambodia Football Federation stepped down following the team's defeat against Myanmar yesterday. Before the SEA Games, he had promised to resign if Cambodia's football team did not advance to the semi-finals.

Despite this, Football Federation's main sponsor Vattnac group, issued a statement urging the president to reconsider.

Technically, Cambodia still has a chance to qualify. If Myanmar loses to Philippines and Cambodia beats Indo, Cambodia will be qualified. Although Myanmar losing Philippines is quite possible, it will be challenging for Cambodia to beat Indo.

Maybe the President knows beating Indo is unlikely and quit in advance. 😅

Let's see what happens next.

စားသုံးရန် မသင့်သော အစားအစာများ ❌
16/02/2023

စားသုံးရန် မသင့်သော အစားအစာများ ❌

MAI နဲ့ ရန်ကုန် ↔️ ဖနွမ်းပင် အသွားအပြန်ပြုလုပ်မည့်သူများအတွက် FYI ⚠️MAI က ကြားရက် flight တွေဆိုရင် လူမပြည့်လို့လားတော့မသ...
20/12/2022

MAI နဲ့ ရန်ကုန် ↔️ ဖနွမ်းပင် အသွားအပြန်ပြုလုပ်မည့်သူများအတွက် FYI ⚠️

MAI က ကြားရက် flight တွေဆိုရင် လူမပြည့်လို့လားတော့မသိ၊ Cancel လုပ်လေ့ရှိပါတယ်။ MAI က ရန်ကုန် ဖနွမ်းပင်ကို ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေ ၂ ရက် ပြေးဆွဲပြီး၊ ၂ ပတ်ဆက်တိုက် ဗုဒ္ဓဟူးနေ့ flight တွေ cancel ပြုလုပ်သွားပါတယ်။ အနီးစပ်ဆုံး တနင်္ဂနွေ flight ကိုတော့ အစားထိုး ပြန်ပြောင်းပေးပါတယ်။

Flight cancel ဖြစ်တဲ့အတွက် Reschedule မလုပ်ပဲ၊ Cancel ပြုလုပ်ချင်ပါကလည်း Free Cancellation ပေးလုပ်ပါတယ်။
___________________________
FYI for those who will fly Yangon ↔️ Phnom Penh with MAI. (Myanmar Airways International) ⚠️

MAI canceled its weekday flights two weeks in a row, which might be for insufficient passengers. Usually, MAI flies on Wed and FRI for YGN-PP trip, and it canceled Wed flight last week and this week. However, they reschedule the nearest flight and also offer free cancellation.

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽🇰🇭

13/10/2022



တစ်ခါတုန်းက အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ခမာ Social Media Manager တစ်ယောက်နဲ့ စကားပြောဖူးတယ်။ သူက အရင် China ကား Brands တွေရဲ့ Social Media Channels တွေကို Manage လုပ်ဖူးတယ်တဲ့။ အဓိကကတော့ သူ ဘယ်လို Sale တက်အောင် Social Media Content ဖန်တီးခဲ့လည်းဆိုတာ ကြွယ်တာပေါ့။

ကျွန်တော်ကလည်း လုပ်ပါဦး မျှဝေပါဦးဆိုတော့ ...

Concept ကရှင်းရှင်လေးပဲတဲ့ ... ဒီမှာ ဥရောပ ကား Brand တွေဆို အထင်ကြီးကြတယ်တဲ့။ ဒါပေမယ့် China က လကမ္ဘာပေါ်တောင် အကြိမ်ကြိမ် ရောက်ပြီးသွားပြီ။ အဲ့တော့ technology က လျှော့တွက်လို့မရဘူး။ ဥရောပနိုင်ငံတွေက China လောက်တောင် ဟုတ်တိပတ်တိ လကမ္ဘာပေါ်ရောက်ဖူးသေးတာမဟုတ်ဘူး။ အဲ့တော့ Technology က ဘယ်သူပိုကောင်းလဲ စဉ်းစားကြည့်ပေါ့တဲ့။

အဲ့လို story လုပ်ပြီးနောက်ပိုင်း sale တက်တယ်ပြောတာပဲ ဟုတ် မဟုတ်တော့မသိဘူး။​

ပေါက်ကရလုပ်တဲ့ နေရာမှာ ခမာတွေကိုလည်း လျှော့မတွက်စေချင်ဘူး 😅

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽🇰🇭

ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဒီနှစ်ချွန်ဘန်း အားလပ်ရက် ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၁....
27/09/2022

ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဒီနှစ်ချွန်ဘန်း အားလပ်ရက် ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၁.၂ သန်းလောက် နိုင်ငံအနှံ့ ခရီးသွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း နိုင်ငံတကာခရီးသွား ၁၄,၀၀၀ လောက်လည်း နိုင်ငံအတွင်း ဝင်ရောက်လာတယ်လို့ သိရပါတယ်။ (Source Khmer Times)

ချွန်ဘန်း (Pchum Ben) ဆိုတာကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်ပြီး ဘိုးဘွားဘီဘင် ၇ ဆက်ကို ကန်တော့ကြတဲ့ ပွဲလို့သိရပါတယ်။ မြန်မာလိုဆိုရင်တော့ သီတင်းကျွတ်လိုပါပဲ။ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းသွား ဆွမ်းချိုင့်ပို့၊ ဘုရားသွား တာတွေ လုပ်တာလည်း တွေ့လိုက်ရပါတယ်။

စက်တင်ဘာလ ၁၁ နေ့လောက်မှာစပြီး ၂၅ ရက်နေ့မှ ပြီးပါတယ်။ တရားဝင်ရုံးပိတ်ရက်ကတော့ စက်တင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်နေ့တွေ ဖြစ်ပါတယ်။
အဲ့ရက်တွေကတော့ မြို့တော်ဖနွမ်းပင်မှာ ဆိုင်တွေအားလုံးပိတ်၊ သွားရေးလာရေးအတွက် Grab ခေါ်ရတာလည်း အင်မတန်ခက်ပြီး၊ အသွားအလာ လူသူမရှိသလောက်ကို ခြောက်ကပ်လွန်းပါတယ်။

ဒီနှစ် Pchum Ben ပိတ်ရက်မှာ ဘယ်မှမသွားဖြစ်ပဲ ဖနွမ်းပင်မှာပဲ ပိတ်မိခဲ့တယ်ဆိုရင်တော့ နောက်နှစ်တွေမှာတော့ ခရီးသွားဖို့ ကြိုတင်စီစဉ်ထားသင့်ပါတယ်။

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽🇰🇭

ဒီနှစ်မှာလည်း မကျင်းပဖြစ်တဲ့ ကမ္ဘောဒီးယား Water Festival (Bon Om Touk) 🇰🇭________________________နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ...
15/09/2022

ဒီနှစ်မှာလည်း မကျင်းပဖြစ်တဲ့ ကမ္ဘောဒီးယား Water Festival (Bon Om Touk) 🇰🇭
________________________
နှစ်စဉ်ကျင်းပနေကျ ကမ္ဘာဒီးယား Water Festival ကို ကိုဗစ်ကြောင့် ၂ နှစ်ရွှေ့ဆိုင်းခဲ့ရပြီး၊ ဒီနှစ်မှာလည်း ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်းမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ (Source – Phnom Penh Post)
Water Festival ဆိုလို့ ရေပက်တဲ့၊ ရေကစားတဲ့ Water Festival တော့မဟုတ်ပါဘူး။ တကယ်က လှေလှော်ပြိုင်ပွဲပါ။ ဘာလို့ Water Festival ဆိုပြီး ခေါ်လည်းတော့မသိပါဘူး။
ရေကစားကြတဲ့ ခမာနှစ်သစ်ကူး (သင်္ကြန်) ကိုတောင် ပြီးခဲ့တဲ့ April လက စည်စည်ကားကား ကျင့်ပခွင့်ပြုခဲ့ပြီး၊ ဒီပွဲကျမှ ရွှေ့ဆိုင်းလိုက်တယ်တော့ ဘတ်ဂျတ်အခြေအနေကြောင့်လို့ သတင်းတွေ ထွက်လာပါတယ်။
ပွဲတော်အတွက်ကုန်ကျစရိတ်က ဒေါ်လာ ၄သန်း ကနေ ၅ သန်းဝန်းကျင်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဟွန်ဆန်ကတော့ ပွဲတော်အတွက် ဘတ်ဂျတ်က လုံလောက်တာထပ်ကို ပိုနေပါတယ်တဲ့။ လူစုလူဝေးတွေ အများကြီးဖြစ်ပြီး၊ ကိုဗစ်တွေ တစ်ဖန်ပြန်လည်ဖြစ်ပွားလာနိုင်တဲ့ အခြေအနေနဲ့ နိုဝင်ဘာ ၁၀၊ ၁၁ ရက်တွေမှာ အာဆီယံအစည်းအဝေး လက်ခံကျင်းပရမှာကြောင့်၊ ရွှေ့ဆိုင်းလိုက်ရတာသာ ဖြစ်ပါတယ်တဲ့။ ဘတ်ဂျတ်ကြောင့် လုံးဝမဟုတ်ပါဘူးတဲ့ 😅

Water Festival ကို မြို့တော်ဖနွမ်းပင်မှာ နိုဝင်ဘာလ ၇၊ ၈၊ ၉ ရက်တွေမှာကျင်းပလေ့ရှိပြီး၊ ပွဲတော်ကျင်းပတဲ့နေရာကတော့ ဘုရင့်နန်းတော်ရှေ့နဲ့ Tonle Sap မြစ်ကမ်းတစ်လျှောက်ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး နေရာအနှံ့က ပြည်သူတွေဟာ ဖနွမ်းပင်ကို လာရောက်ပြီး လှေပြိုင်ပွဲကို အားပေးပြီး အားလပ်ရက်ကို ကုန်ဆုံးကြပါတယ်။ ဒီနှစ်မှာလည်း ခမာတွေရော၊ ဖနွမ်းပင်ရောက် နိုင်ငံခြားသားတွေရော ခမာရိုးရာလှေလှော်ပြိုင်ပွဲကို ဆင်နွှဲဖို့ အခွင့်အရေးမရှိတော့ပါဘူးခင်ဗျာ။

နောက်နှစ်တော့ လေ့လာဆင်နွှဲခွင့်ရဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽🇰🇭

14/09/2022
🇰🇭 ကမ္ဘောဒီးယားမှာ ဘဏ်ဘယ်နှစ်ဘဏ်ရှိလဲ? ကမ္ဘောဒီးယားမှာ ဘဏ်အကောင့်ဘယ်လိုဖွင့်ရမလဲ? 🏦🇰🇭 𝐇𝐨𝐰 𝐦𝐚𝐧𝐲 𝐛𝐚𝐧𝐤𝐬 𝐚𝐫𝐞 𝐢𝐧 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚, 𝐚𝐧...
13/09/2022

🇰🇭 ကမ္ဘောဒီးယားမှာ ဘဏ်ဘယ်နှစ်ဘဏ်ရှိလဲ? ကမ္ဘောဒီးယားမှာ ဘဏ်အကောင့်ဘယ်လိုဖွင့်ရမလဲ? 🏦

🇰🇭 𝐇𝐨𝐰 𝐦𝐚𝐧𝐲 𝐛𝐚𝐧𝐤𝐬 𝐚𝐫𝐞 𝐢𝐧 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚, 𝐚𝐧𝐝 𝐇𝐨𝐰 𝐭𝐨 𝐨𝐩𝐞𝐧 𝐚 𝐛𝐚𝐧𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 𝐢𝐧 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝐚𝐬 𝐚 𝐟𝐨𝐫𝐞𝐢𝐠𝐧𝐞𝐫? 🏦

[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐯𝐞𝐫𝐬𝐢𝐨𝐧 𝐛𝐞𝐥𝐨𝐰]

ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ချင်တဲ့ မြန်မာတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့်တွေ အများကြီးတွေ့လာရတော့ ကမ္ဘောဒီးယားမှာရော နိုင်ငံခြားသားတွေအနေနဲ့ ဘဏ်အကောင့်ဘယ်လိုဖွင့်လို့ရနိုင်လဲနဲ့ ကမ္ဘောဒီးယားကဘဏ်တွေအကြောင်း သိသလောက် မျှဝေပါရေစ။

အံ့အားသင့်စရာကောင်းတာကတော့ လူဦးရေ ၁၆ သန်းသာ ရှိတဲ့ ကမ္ဘောဒီးယားမှာ ဘဏ်ပေါင်း ၆၀ ကျော်ထိ ရှိနေပါတယ်။ ဘာလို့လဲတော့ ကျွန်တော်လည်းမသိပါဘူး 😅 ... ကမ္ဘောဒီးယားဗဟိုဘဏ်ရဲ့ ၂၀၂၂ ခုနှစ် စာရင်းအရ ကမ္ဘောဒီယားမှာ Commercial Bank ပေါင်း ၅၈ ဘဏ်၊ Specialized Bank ပေါင်း ၉ ဘဏ်နဲ့ Deposit မယူပဲ ငွေချေးတဲ့ Institution ပေါင်း ၈၂ ခုအထိ ရှိပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ၊ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားမှာလည်း Microfinance တွေ အလုပ်ဖြစ်ကြတာ တွေ့ရပါတယ်။
ဘဏ်အကောင့်ဖွင့်တဲ့ဖက်ကို ဆက်လိုက်ရအောင် ...
ကမ္ဘောဒီးယားမှာ ဘဏ်အကောင့်ဖွင့်ဖို့ဆိုရင် Long term visa တစ်ခုခု အနည်းဆုံး ၆ လ သက်တမ်းရှိဖို့လိုပါတယ်။ Tourist Visa တို့၊ Visa on arrival တို့နဲ့ ဘဏ်အကောင့်ဖွင့်လို့ရလားဆိုတော့ ကျွန်တော်သိရသလောက်ကတော့ မရပါဘူးခင်ဗျာ။ ဘဏ်တွေအများကြီးရှိတဲ့အတွက် ရတဲ့ဘဏ်လည်း ရှိကောင်းရှိနိုင်ပါတယ်။ ကမ္ဘောဒီးယားမှာ ကိုယ်ပိုင်ကုမ္မဏီမှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင် (Employer) ဆိုရင်တော့ Tourist Visa နဲ့ ABA Bank မှာ Personal အကောင့်ဖွင့်လို့ရပါတယ်။
ဘဏ်အကောင့်ဖွင့်ဖို့အတွက် Employment Contract ရယ်၊ Visa သက်တမ်း ၆ လ နဲ့ Passport ကိုယူပြီး၊ ဘဏ်မှာ သွားလိုက်ရုံပါပဲ။ Business Visa နဲ့ အလုပ်လာတာလုပ်တာ မဟုတ်ပဲ တခြား Visa တွေ (Retirement Visa, Student Visa) ဆိုရင်တော့ နေထိုင်ကြောင်းစာရွက်စာတမ်း (အိမ်ငှားစာချုပ်၊ အိမ်ပိုင်စာချုပ်) နဲ့ ရနိုင်ပါတယ်။
လူသုံးအများဆုံးဘဏ်ဖြစ်တဲ့ ABA အပါအဝင် တစ်ချို့ဘဏ်တွေက စနေနေ့လည်းဖွင့်လို့ ကြားရက်မှာ အလုပ်မအားလည်း စနေနေ့မှာ သွားဖွင့်လို့ရပါတယ်။
ကျွန်တော်ရဲ့ ဘဏ်အကောင့်ဖွင့်တဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါမယ်ခင်ဗျာ။
လူသုံးအများသုံးဘဏ်က ABA Bank ဖြစ်လို့၊ ABA bank အကောင့်ဖွင့်ထားဖို့ပဲ အကြံပြုပါရစေ။ တခြားဘဏ်တွေမှာဖွင့်ရင်လည်း လိုအပ်တာတွေနဲ့ Process က တူတူပဲဖြစ်မှာပါ။

Employment Contract နဲ့ Visa သက်တမ်း ၁ နှစ်ရှိတဲ့ Passport ယူပြီး ABA ဘဏ်ကိုသွားပါတယ်။ ကျွန်တော်က Permanent Employee ဖြစ်တဲ့အတွက် Employment Contract မှာ Contract ကာလ ထည့်မထားပါဘူး။ ရှင်းပြပေမယ့်လည်း အဲ့ဒါ ပြန်ပြင်ခိုင်းလို့ ရုံးကိုပြောပြီး Contract ကာလ ထည့်ပေးလိုက်ပါတယ်။
လိုအပ်တာတွေ အားလုံးပေးပြီးတော့ ဘဏ်အကောင့် Info တွေရလာပါတယ်။ ကမ္ဘောဒီးယားမှာ USD က main currency လိုဖြစ်နေလို့ USD အကောင့်က Default အနေနဲ့ရလာပါတယ်။ ပြီးရင် ABA Mobile App ကို download ဆွဲပြီး setup လုပ်လိုက်ပါတယ်။ ATM card ရော၊ Visa card ရော Card Machine မှာ တစ်ခါတည်း လုပ်လိုက်လို့ ရပါတယ်။ မိနစ်ပိုင်းပဲကြာပါတယ်။ ကျွန်တော်ကတော့ Online Purchase ပဲ သုံးစရာရှိလို့ နှစ်စဉ်ကြေးပေးရတဲ့ Physical Visa Card မလုပ်တော့ပါဘူး။ ABA Mobile App ထဲကနေ One Click နဲ့တင် Virtual VISA Card တွေ လုပ်လိုက်လို့ရပါတယ်။ နှစ်စဉ်ကြေးမပေးရပါဘူး။ Facebook Ads တို့၊ Agoda တို့စတဲ့ Online Purchase တွေ အားလုံး သုံးလို့ရပါတယ်။
ABA Mobile App ထဲမှာတင် Khmer Riel Account တို့၊ နောက်ထပ် USD အကောင့်တို့၊ Mobile Fixed Deposit အကောင့်တို့၊ Bank Account နံပါတ်အလှနဲ့ Premium Account တို့ ကို စိတ်ကြိုက် One Click နဲ့တင် ဖွင့်နိုင်ပါတယ်။ ဘဏ်သွားစရာမလိုတော့ပါဘူး။
ဘဏ်အကောင့်ထဲ Deposit လုပ်တာကတော့ Cash In ATM တွေမှာ USD ထည့်လိုက်ရုံပါပဲ။ Khmer Riel ထည့်လို့ရတဲ့ စက်တွေလည်းရှိပါတယ်။

ဒါဆို ပြီးပါပြီ။

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽🇰🇭


[𝐄𝐧𝐠𝐥𝐢𝐬𝐡]
Surprisingly, there are over 70 banks in Cambodia, with only 16 million population. I don't know why. 😅
As per NBC, National bank of Cambodia, there are 58 commercial banks, 9 specialized banks, and 82 non-deposit microfinance institutions. It seems microfinance businesses are working quite well in emerging countries.
Ok. Let's go to the topic "how to create a bank account" as a foreigner in Cambodia.
To open a bank account, you will need at least a long-term visa (6 months at least). There's a question. Can I open a bank account with a tourist visa and visa on arrival? As far as I know, it's very unlikely. Since there are multiple banks, some banks might allow tourist visas to open bank accounts. Exceptionally, if you're an employer who registered your company in Cambodia, you can open a personal account in ABA.
Opening a bank account requires an employment contract, a long-stay visa (6 months at least), and a passport. Then, just go to the bank. If you don't have an employment contract and staying with other visas such as retirement and student visas, you can bring proof of residence, such as an apartment rental contract. Including the most popular bank, ABA, some banks operate even on weekends. Thus, if you're busy on weekdays, no worries, you can just go to the bank on Saturday.
Let me share my experience of opening a bank account in ABA. Since ABA is the most famous bank here, I want to suggest you open an account in ABA. If you want to open in other banks, the process and requirements will probably be the same.
I brought an employment contract, visa, and passport to ABA bank. Since I'm a permanent employee, no contract period is mentioned in the contract. Even though I explained to staff, they just asked me to add a contract period in an employment contract. So, I just asked my office to do so.
Then, I got bank info and, as USD is considered the main currency in Cambodia, I got a USD account as default. And I downloaded ABA mobile app and set things up. You can create ATM and VISA cards with a card machine at once; it only takes a couple of minutes. I need a Visa card only for online purchases; I didn't apply for a physical Visa card that costs an annual fee. Later, I applied for a virtual Visa card in the ABA mobile app, which was just one click away. There's no yearly fee for a virtual Visa card; you can use it for all purchases, such as Facebook ads and Agoda.
Later, you can create more bank accounts on your own such as a new Khmer Riel account, another USD account, a mobile, fixed deposit account, and a premium account, which is a bank account with your favorite account number. All can be created in ABA mobile app in one go.
You can deposit cash at "Cash In" ATMs with USD, and some ATMs also accept Khmer Riel. It's done, then.

- 𝐿𝒾𝒻𝑒 𝒾𝓃 𝒫𝒽𝓃𝑜𝓂 𝒫𝑒𝓃𝒽 🇰🇭

မြန်မာတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ကမ္ဘာဒီးယားနိုင်ငံမြို့တော်၊ ဖနွမ်းပင်အကြောင်း 🇰🇭 __________________________ကမ္ဘာဒီးယား...
07/09/2022

မြန်မာတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ကမ္ဘာဒီးယားနိုင်ငံမြို့တော်၊ ဖနွမ်းပင်အကြောင်း 🇰🇭
__________________________

ကမ္ဘာဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံမဟုတ်တဲ့အတွက် ကျွန်တော်တို့၊ မြန်မာတွေနဲ့ အနည်းငယ် စိမ်းတဲ့ နိုင်ငံလို့ ပြောလို့ရပါတယ်။ ကာစီနိုတွေနဲ့ အန်ကောဝပ် လောက်ကလွဲပြီး၊ ကမ္ဘာဒီးယားနိုင်ငံအကြောင်း သိပ်မရင်းနှီးကြပါဘူး။ ဒါကြောင့် ကမ္ဘာဒီးယားနိုင်ငံ၊ အထူးသဖြင့် မြို့တော်ဖနွမ်းပင်မြို့အကြောင်း သိချင်သူတွေအတွက် အနည်းငယ်ပြောပြပေးပါရစေ။

(ကမ္ဘာဒီးယားကိုလာဖို့ အလည်/ အလုပ်နဲ့ လာဖို့ ဘာတွေလိုမလဲဆိုတာကတော့ ဒီပို့စ်ရဲ့ အောက်ဆုံးမှာ ရေးထားပေးပါတယ်။)

လူဦးရေ၊ အကျယ်အဝန်းနဲ့ မြို့အခြေအနေ 🏙
_______________________
ဖနွမ်းပင်မြို့ဟာ လူဦးရေအရ ၂ သန်းပတ်ဝန်းကျင်သာရှိပြီး ရန်ကုန်ထက် ၄ ဆ လောက် သေးတယ်လို့ပြောလို့ရပါတယ်။ ဖနွမ်းပင်မြို့ဟာ မြို့ဖွဲ့စည်းပုံအရရော၊ လူဦးရေအရပါ အနီးစပ်ဆုံး မန္တလေးမြို့နဲ့ ဆင်တူတယ်လို့ ပြောလို့ရပါတယ်။

ဖနွမ်းပင်မြို့ဟာ ရန်ကုန်နဲ့ယှဉ်ရင် အတော်သေးငယ်တယ်လို့ပြောလို့ရပြီး တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ ၁၀ မိနစ်မှ အဝေးဆုံး နာရီဝက်ခန့်သာ ကြာမြင့်နိုင်ပါတယ်။ လမ်းတွေကလည်း ကျဉ်းမြောင်းပြီး သွားရေးလာရေးအတွက် ဆိုင်ကယ်နဲ့ တုတ်တုတ် (TukTuk) ကိုသာ အဓိကအသုံးပြုကြရပါတယ်။ ကားအရေအတွက်လည်း ရန်ကုန်နဲ့ယှဉ်ရင် တော်တော်လေးကို နည်းပါးပါတယ်။ ဖနွမ်းပင်မြို့တွင်းမှာ တစ်နေရာနဲ့ တစ်နေရာ သွားရလာရတာတော့ တော်တော်လေးကို အဆင်ပြေချောမွေ့ပြီး၊ ယာဉ်ကြောပိတ်ဆို့တာတွေ (ဘန်ကောက်၊ ရန်ကုန် တို့နဲ့ ယှဉ်ရင်) အရမ်း နည်းတယ်လို့ ပြောလို့ပါတယ်။ တုတ်တုတ် (TukTuk) ကိုလည်း Grab ကနေ ၂၄ နာရီ အလွယ်တကူခေါ်လို့ရပြီး အနီးဆုံး ၁ ဒေါ်လာကနေ အဝေးဆုံး ၃ ဒေါ်လာလောက်ပဲ ကျသင့်ပါတယ်။ Public Transportation အတွက် ဘတ်စ်ကား အသုံးပြုတာ မရှိသလောက်ဖြစ်ပြီး၊ Riverside ဝန်းကျင်နားမှာသာ ဘတ်စ် တစ်ချို့ တွေ့မြင်နိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုအနေနဲ့ကတော့ ဖနွမ်းပင်မြို့ဟာ ထိုက်သင့်သလောက်တော့ သန့်ရှင်းသပ်ရပ်မှုရှိပါတယ်။ ရန်ကုန်မှာလိုပဲ မိုးရွာရင်တော့ ရေကြီးလေ့ရှိပြီး၊ ရာသီဉတုနဲ့ အပူချိန်ကလည်း ရန်ကုန်နဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။

အထပ်မြင့်တိုက်များ၊ တိုက်တာအဆောက်အဦးများကတော့ ရန်ကုန်ထက် အနည်းငယ် ပိုများတယ်လို့ပြောလို့ရပြီး၊ ဖနွမ်းပင်မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦးကတော့ Shangri-La Cambodia ဖြစ်ပါတယ်။

ကမ္ဘာဒီးယန်း (ခမာ) တွေရဲ့ စိတ်နေစိတ်ထားနဲ့ ယဉ်ကျေးမှု 🇰🇭
__________________
ခမာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကတော့ ယေဘုယျအားဖြင့် အေးအေးဆေးဆေးနေတတ်ပြီး၊ ရောင့်ရဲတင်းတိမ်တတ်တဲ့ သဘောတော့ ရှိကြပါတယ်။ ပျော်ပျော်နေတတ်ပြီး၊ များသောအားဖြင့် အနာဂတ်အတွက်ဘာညာ ရှည်ရှည်ဝေးဝေးမစဉ်းစားပဲ၊ ပစ္စုပန်မှာပဲ ပျော်အောင်နေတတ်ကြပါတယ်။ (ကျွန်တော့် တစ်ဦးတည်းအမြင်သာဖြစ်ပါတယ်။) အဲ့ဒါကလည်း ခမာနီပိုပေါ့ခေတ်နဲ့ အခု ဟွန်ဆန်ခေတ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်း Generation တွေကတော့ စတင်ပြောင်းလဲလာပြီး သင်ယူချင်စိတ်၊ တိုးတက်ချင်စိတ်၊ Entrepreneur ဖြစ်ချင်စိတ်တွေ ရှိလာပြီး တကယ်လည်း ကြိုးစားကြပါတယ်။

ခမာတွေနဲ့ မြန်မာတွေဟာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ မျက်နှာအသွင်အပြင်တွေဟာ အတော်လေးကို ဆင်တူပါတယ်။ ဘာသာစကားကလွဲရင် အားလုံးနီးပါး တူကြပြီး၊ နယ်ဖက်တွေသွားမယ်ဆိုရင် လူတွေရဲ့ပုံစံ၊ အိမ်တွေ၊ ဆိုင်တွေ စသည်ဖြင့်အားလုံးဟာ မြန်မာနိုင်ငံနဲ့ဆင်တူဖြစ်ပြီး၊ ဘာသာစကားက လွဲရင် မြန်မာနိုင်ငံရောက်နေသလိုပဲ ခံစားရပါတယ်။

ငွေကြေး 💵
______
US ဒေါ်လာကို တရားဝင်အဓိက သုံးပြီး၊ အခုတော့ KHR (Khmer Riel) ကိုလည်း စတင်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေပါပြီ။ ဘဏ်အကောင့်ဖွင့်လျှင်လည်း USD/ KHR ငွေကြေး ၂မျိုးလုံး ဖွင့်လို့ရပါတယ်။ USD အကောင့်ပဲ အဓိက အသုံးပြုကြပါတယ်။ အကြီးဆုံးဘဏ်ကတော့ ABA ဘဏ်ဖြစ်ပြီး၊ အားလုံးနီးပါး တုတ်တုတ်မောင်းသူ၊ လမ်းဘေးစျေးသည်ကအစ ABA ဘဏ်၊ ABA Pay ကို ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။

အစားအသောက်နဲ့ လူနေမှုပုံစံ 🍛
______________
အစားအသောက်ကတော့ ဗီယက်နမ်အစားအစာတွေနဲ့ ဆင်တူပြီး၊ အရသာကတော့ မြန်မာပါးစပ်နဲ့ အတော်လေး ဝေးတယ်လို့ပြောလို့ရပါတယ်။ အချိုနဲ့ အချဉ်တွေများပြီး အငန်ပေါ့တယ်လို့ပြောပါတယ်။ ဟင်းတွေက အပြုတ်နဲ့ အကြော်တွေများပြီး မြန်မာဟင်းလို အနှစ်တွေနဲ့ဟင်း သိပ်မရှိပါဘူး။ အသီးအရွက်တွေ အစားများပြီး၊ ပင်လယ်စာနဲ့ အမဲသားကိုတော့ တော်တော်စားကြပါတယ်။ ဝက်သားအစားနည်းပါတယ်။ ဖနွမ်းပင်က နိုင်ငံခြားသားတွေကို Welcome ဖြစ်တဲ့မြို့ဖြစ်တဲ့အပြင်၊ နိုင်ငံခြားသားတွေ စီးပွားရေးလုပ်ဖို့ လွယ်ကူတာကြောင့် လူမျိုးပေါင်းစုံရဲ့ စားသောက်ဆိုင်တွေရှိပါတယ်။ ဥပမာ - တူရကီ၊ အီသီယိုးပီးယား၊ အီရတ်။ အိန္ဒိယနဲ့ တရုတ်အစားအစားတွေကတော့ နိုင်ငံတိုင်းနီးပါးမှာ ရှိလို့ အထူးတလည် မပြောလိုတော့ပါဘူး။ ဖနွမ်းပင်မှာ အိမ်နီးချင်း ဗီယက်နမ်ဆိုင်တွေလည်း အများကြီးပါတယ်။ မြန်မာဆိုင်လည်း ၂ ဆိုင် ၃ ဆိုင်ရှိပါတယ်။

နိုင်ငံတကာကုန်ပစ္စည်းအမှတ်တံဆိပ် နဲ့ ဝန်ဆောင်မှုများ
_______________
ကမ္ဘာဒီးယားစျေးကွက်က လူဦးရေ ၁၆ သန်းဝန်းကျင်ပဲ ရှိတဲ့အတွက် စျေးကွက်အရွယ်အစား အရမ်းကြီး မကြီးပေမယ့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်း လုပ်ရတာလွယ်ကူလို့ နိုင်ငံတကာနာမည်ကြီး အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံထက်ပိုပြီး များများရှိပါတယ်။ ဥပမာ - Starbuck, H&M။ နိုင်ငံခြားသားတွေအနေနဲ့ လုပ်ငန်းအသေးလေးကစပြီး၊ တယ်လီကွန်းကဲ့သို့ လုပ်ငန်းကြီးတွေအထိ နိုင်ငံခြားသား ၁၀၀% ပိုင်ဆိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံခြားဘဏ်တွေလည်း အများအပြားရှိပြီး၊ Grab, Foodpanda ကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ထိုင်း၊ မြန်မာ၊ နည်းတူ အကုန်ရှိပါတယ်။ မြန်မာအမှတ်တံဆိပ်တွေဆိုရင်တော့ ပရီမီယာကော်ဖီနဲ့ Genius ကော်ဖီ တို့ ရှိပါတယ်။

လူနေမှုစရိတ် 💸
_________
ဖနွမ်းပင် မြို့ပေါ်လူနေမှုစရိတ်ကတော့ နည်းနည်းတော့ စျေးကြီးပါတယ်။ ဒေါ်လာကို တိုက်ရိုက်အသုံးပြုကြတာဖြစ်တဲ့အတွက် မြန်မာငွေနဲ့တော့ မတွက်ချက်ကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ :’(

အစားအသောက်စရိတ်တွေကတော့ ရန်ကုန်ထက်ကြီးမြင့်ပြီး ဘန်ကောက်စရိတ်လောက်နီးပါးရှိတယ်လို့တောင် ပြောလို့ရပါတယ်။ တစ်နပ်စာအတွက် ခေါက်ဆွဲတစ်ပွဲ (သို့) ထမင်းနဲ့ဟင်းတစ်ခုခုအတွက် အနိမ့်ဆုံး ၃ ဒေါ်လာကုန်ကျပါတယ်။ (Street Food စျေးပါ။) ၅ ဒေါ်လာလောက်မှသာ စားလို့ အဆင်ပြေတာလေး ရနိုင်ပါတယ်။ ဖနွမ်းပင်ဧရိယာအပြင် တခြား Province တစ်ခု ရောက်သွားရင်တော့ ကုန်ကျစရိတ်ပိုသက်သာသွားပါတယ်။ Tourist City ဖြစ်တဲ့ Siem Reap (အန်ကောဝပ်ဘုရားကျောင်းရှိတဲ့ ပုဂံကဲ့သို့မြို့) မှာတောင် ဖနွမ်းပင် ထက် စျေးပိုသက်သာပါတယ်။

လူလတ်တန်းစားတစ်ဦးအတွက် မနည်းလွန်း၊ မများလွန်းတဲ့ အကြမ်းဖျင်း ကုန်ကျစရိတ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

တိုက်ခန်း/ ကွန်ဒို ငှားရမ်းခ - 300 USD
မီတာခ - 100 USD
သောက်ရေ/ သုံးရေ - 20 USD
သွားလာစရိတ် တစ်လစာ (TukTuk) – 80 USD
စားသောက်စရိတ် - 180 USD
ကော်ဖီတစ်ခွက် - 2-3USD (အသင့်အတင့် ကော်ဖီဆိုင်စျေးနှုန်းပါ။)

ပါတီနှင့် ဖျော်ဖြေရေး 🥳
_______________
ဘီယာ Can တစ်ဗူး - 0.7-0.9 USD (စတိုးဆိုင်စျေး)
ဘီယာ ပုလင်းအသေး - 0.9-1 USD
စည်ဘီယာ (၁) ခွက် - 1.5-3 USD (ဘားစျေး)
ဘီယာပုလင်းအသေး (၁) ပုလင်း - 5 USD (ကလပ်စျေး)

နိုင်ငံခြားသားများအတွက် အိမ်ခြံမြေနဲ့ စီးပွားရေးလုပ်ငန်းများ 📈
___________________
နိုင်ငံခြားသားတွေအနေနဲ့ တိုက်ခန်း၊ ကွန်ဒိုကို လွတ်လပ်စွာဝယ်ယူနိုင်ပါတယ်။ ၁၀၀% လည်း ပိုင်ဆိုင်နိုင်ပါတယ်။ အရစ်ကျလည်း ဝယ်လို့ရနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ မြေ တော့ ဝယ်ယူပိုင်ဆိုင်လို့မရပါဘူး။ ဒါပေမယ့် ဝယ်ယူပိုင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ချို့တော့ ရှိတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းအနေနဲ့ အပေါ်မှာပြောခဲ့သလို၊ ၁၀၀% ပိုင်ဆိုင်နိုင်တဲ့အပြင်၊ ပေါ်လစီတွေ၊ ကန့်သတ်ချက်တွေသိပ်မရှိပဲ လွတ်လပ်တာကြောင့် အလွယ်တကူ ကုမ္မဏီထောင်ပြီး၊ စီးပွားရေးလုပ်နိုင်ပါတယ်။ ကုမ္မဏီတစ်ခုထောင်ဖို့အတွက် အေးဂျင့်ပွဲစားနဲ့လုပ်မယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀၀ ကနေ ၁၅၀၀ ဝန်းကျင်ကုန်ကျနိုင်ပြီး ၃ ပတ်လောက်ဆိုရပါပြီ။ (ကုမ္မဏီထောင်တာနဲ့ ပတ်သတ်ပြီး အသေးစိတ်သိချင်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။)

Night life နဲ့ Entertainment 🥳🎉
_____________
ဖနွမ်းပင် Night Life ကတော့ စည်ကားပြီး၊ ပျော်စရာကောင်းပါတယ်။ ဖနွမ်းပင်မြို့ ရဲ့ အဓိက Tourist Attraction ကိုပြောပါဆိုရင် Night Life နဲ့ ကာစီနို ပဲဖြစ်ပါလိမ့်မယ်။ အရောင်အသွေးစုံလင်တဲ့ ဘားတွေ၊ ကလပ်တွေ ပုံစံမျိုးစုံရှိပြီး ဘယ်ကလပ်မှ ဝင်ကြေးသီးသန့်ပေးစရာမလိုပါဘူး။ Walk-in ဝင်ပြီး ဘီယာမှာသောက်လိုက်ရုံပါပဲ။ ခမာတွေက ဝီစကီသောက်တာ အတော်လေးရှားပါတယ်။ ကလပ်ထဲမှာလည်း ဘီယာပဲသောက်ကြပါတယ်။ ထိုင်းတွေ၊ ဗီယက်နမ်တွေလိုပဲ ခမာတွေလည်း ဘီယာရေခဲထည့်သောက်ကြပါတယ်။ Local ဘီယာဆိုင်တွေမှာ စည်ဘီယာ (Draught Beer) ရှိတဲ့ဆိုင်ရှားပြီး၊ ဘီယာပုလင်းအသေးတွေကို ဝီစကီခွက်အသေးလေးတွေနဲ့ ရေခဲထည့်ပြီး သောက်လေ့ရှိပါတယ်။ နာမည်ကြီးတဲ့ကလပ်တွေကတော့ -

Foreigner အလာ များတဲ့ကလပ်
- H Club
- Love Club
- Pontoon

Local တွေ သီးသန့်လာတဲ့ကလပ်
- Epic (1&2)
- EDM III
- ACE
- Central

ရန်ကုန်က ကလပ်တွေ၊ ဘားတွေလိုတော့ ပန်းကန်နဲ့ ပိုက်တွေ မပေးပါဘူး။ :D

ရုပ်ရှင်ရုံဆိုရင်တော့ ထိုင်းက Major Cinplex ရှိပါမယ်။ ရုပ်ရှင်ကားတွေလည်း အမြဲ Up to date ကြည့်နိုင်ပါတယ်။

အစည်ကားဆုံးနေရာ 🏙
_____________
အစည်ကားဆုံးနေရာကတော့ ကမ်းနားလမ်း (Riverside) ဝန်းကျင်လို့တော့ ပြောလို့ရနိင်ပါတယ်။ Riverside တစ်ဝိုက်မှာ ဘားတွေ၊ အနှိပ်ခန်းတွေ မရေမတွက်နိုင်အောင် ပေါများပြီး အဖြူဘိုးတော်ကြီးတွေ ခမာမလေးတွေနဲ့ တွဲသွားတွဲလာလုပ်နေတာလဲ အများအပြားမြင်နိုင်ပါတယ်။ Riverside မှာ activity အနေနဲ့ မြစ်ထဲပတ်ပြီး လှေစီးလို့ရပါတယ်။ လှေပါ်ကနေ ဘီယာသောက်ရင်း ဖနွမ်းပင်မြို့ရဲ့ ညဖက်အလှကိုခံစားနိုင်ပြီး မြစ်ထဲ အသွားအပြန် ၄၅ မိနစ်ခန့်ကို နိုင်ငံခြားသား ၄-၅ ဒေါ်လာနဲ့ Local ဆိုရင်တော့ ၅၀၀၀ KHR (1.25 ဒေါ်လာ) ကျသင့်ပါတယ်။ ပြီးရင် ဘားတွေရှိတဲ့လမ်းဖြစ်တဲ့ Bassac Lane ရှိပါတယ်။ ရန်ကုန်က ၁၉ လမ်းလို လမ်းမျိုးပါ။ ၁၉ လမ်းထက်တော့ ပိုပြီး သန့်ရှင်းပါတယ်။ Bassac Lane ထဲမှာ Theme မျိုးစုံ၊ ဒီဇိုင်းကာလာမျိုးစုံနဲ့ ဘားတွေ အများအပြားရှိပြီး၊ နိုင်ငံခြားသားတွေ၊ Tourist တွေ ခြေရှုပ်တဲ့လမ်းဖြစ်ပါတယ်။ လမ်းက သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။

Shopping 🛒
_______
ဖနွမ်းပင်ကတော့ ဘန်ကောက်လို Shopping ထွက်လို့ကောင်းတဲ့ Shopping Paradise တော့မဟုတ်ပါဘူး။ နာမည်အကြီးဆုံး Mallဆိုရင်တော့ AEON Mall 1 & 2 ရှိပါမယ်။ တခြား Mall တွေကတော့ Sorya Shopping Mall နဲ့ Chip Mong တို့ရှိပါမယ်။ တရုတ်တွေနေတဲ့ Olympia City က Olympia Mall ကတော့ အရွယ်အစားကြီးပေမယ့် လူအတော်လေးပါးပါတယ်။ မရှိသလောက်ပါပဲ။ ရန်ကုန်က City Mart လိုမျိုး Supermarket ဆိုရင်တော့ Lucky Supermarket ရှိပါတယ်။ City Mart လိုဆိုင်ခွဲတွေအများကြီးရှိပြီး၊ City Mart နဲ့လည်း ပုံစံဆင်တူပါတယ်။

Shopping Mall တွေ၊ Supermarket တွေကတော့ ရန်ကုန်နဲ့သိပ်မကွာပဲ ဝယ်စရာ ထူးထူးခြားခြားသိပ်မရှိဘူးလို့ ထင်ပါတယ်။ (Shopping အကြောင်းသိပ်မသိလို့ မှားကောင်းလည်း မှားနိုင်ပါတယ်ခင်ဗျာ။)

နိုင်ငံခြားသားများအပေါ်သဘောထား 🤵
__________________
ခမာတွေက နိုင်ငံခြားသားတွေကို အထင်ကြီးတဲ့စိတ်တော့ရှိပါတယ်။ ယေဘုယျအားဖြင့် တရုတ်၊ ဗီယက်နမ်နဲ့ ပြင်သစ်တွေပါတယ်။ ပြင်သစ်ကိုလိုနီဖြစ်လို့ ပြင်သစ်လွှမ်းမိုးမှုနဲ့ အငွေ့အသက်တွေ အခုတိုင်ရှိပြီး၊ ပြင်သစ်-ခမာ အစပ်တွေလည်း အများအပြားရှိပါတယ်။ တီးခေါက်မိသလောက်တော့ သမိုင်းကြောင်းအရ ဗီယက်နမ်နဲ့ ထိုင်းတွေကို အမြင်မကြည်တာမျိုးရှိပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုလည်း သိရုံသာသိကြပြီး၊ တစ်ချို့ လူကြီးတွေ (Siem Reap) ဆို မြန်မာလို မသိကြပဲ ဘူမီးယား (ဗမာ) လို့ပြောမှ သိကြပါတယ်။ မြန်မာနိုင်ငံသားတွေက ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုသိကြပေမယ့် ခမာတွေကတော့ မြန်မာနိုင်ငံကို အမည်သိရုံသာသိကြတာကြောင့် မြန်မာတွေကလည်း နိုင်ငံခြားသားတွေထဲ တစ်မျိုးသာဖြစ်လို့ အထင်ကြီးခံရတဲ့အထဲတော့ ပါဝင်ပါတယ်။ (ဒါကလည်း ခမာတွေနဲ့စကားပြောကြည့်ပြီး၊ ယူဆချက်သာဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ်ခင်ဗျာ။)

မြန်မာလူမျိုးများ 🇲🇲
_________
ဖနွမ်းပင်မှာ ဘန်ကောက်လောက်မများပေမယ့်၊ မြန်မာတွေရှိသင့်သလောက်တော့ ရှိပါတယ်။ COVID မတိုင်ခင်က ပိုများတယ်လို့ သိရပြီး၊ ဆောက်လုပ်ရေး၊ ကာစီနို၊ ကော်ပိုရိတ်မှာလုပ်ကိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ စသည်ဖြင့် ရှိကြပါတယ်။

သတိထားစရာတစ်ခုက ဒီကာလမှာ မြန်မာလူမျိုးတွေ နိုင်ငံအပြင်ထွက်အလုပ်လုပ်ချင်ကြတာကို အခွင့်အကောင်းယူပြီး လူကုန်ကူးနေတာတွေလည်းရှိနေပါတယ်။ ဥပမာ - ဘာလုပ်ရမလဲ၊ ဘယ်မှာလုပ်ရမလဲ တိတိကျကျမပြောပဲ၊ အင်္ဂလိပ်လိုနဲ့ တရုတ်လိုနည်းနည်းပါးပါး တတ်ရင်ရပြီ။ အနေအစားငြိမ်း တစ်လ ဒေါ်လာ ၁၀၀၀၊ ဒီရောက်ရင် ဗီဇာအားလုံးစီစဉ်ပေးမယ် စသည်ဖြင့် Facebook Group တွေထဲမှာ ခေါ်နေတာတွေ အများကြီးတွေ့နေရပါတယ်။

ကိုယ်လုပ်ရမယ့် ကုမ္မဏီနဲ့ လုပ်ရမယ့်အလုပ်ကို သေချာလေး မေးမြန်း စုံစမ်းပြီးမှ လာဖို့ အကြံပေးချင်ပါတယ်။ သံသယရှိရင်၊ မသေချာရင် ကမ္ဘာဒီးယားရောက်မြန်မာတွေရှိတဲ့ ဂရုတွေ (သို့မဟုတ်) ဒီ Page မှာ လာရောက်မေးမြန်းလို့ရပါတယ်။

တရုတ်တန်းနဲ့ တရုတ်လူမျိုးများ 🇨🇳
________________
ဖနွမ်းပင်မှာ တရုတ်တန်းရယ်လို့တော့ သီးသန့်မရှိပါဘူး။ ဒါပေမယ့် တရုတ်တွေများတဲ့၊ တရုတ်တွေဆောက်ထားတဲ့ တရုတ်ဧရိယာ နာမည်ကြီးနေရာ နှစ်ခုရှိပါတယ်။ Olympia City နဲ့ Diamond Island (Local တွေကတော့ Koh Pich လို့ခေါ်ပါတယ်။) အဲ့နေရာတွေကတော့ တရုတ်စာနဲ့ တရုတ်အဆောက်အဦးတွေ၊ တရုတ်ဆိုင်တွေ၊ တရုတ်တွေနေတဲ့ ကွန်ဒိုတွေနဲ့ တရုတ်အငွေ့အသက်တွေသာ ပြည့်နှက်နေပါတယ်။ ကမ္ဘာဒီးယားမှာ စီးပွားရေးအားဖြင့် တရုတ်လွှမ်းမိုးမှုအတော်လေးများပြီး၊ လက်ညှိုးထိုးမလွဲ တရုတ်ဆောက်လုပ်ရေး ပရောဂျက်တွေ၊ တရုတ်လုပ်ငန်းတွေ တွေ့နိုင်ပါတယ်။

Tourist Attraction 🛕
____________
အပေါ်မှာရေးထားခဲ့တဲ့ Riverside နဲ့ Bassac Lane အပြင် ဖနွမ်းပင်မြို့မှာ လည်ပတ်စရာ Tourist Attraction တွေကတော့ Wat Phnom ဘုရား၊ Silver Pagoda၊ နန်းတော် နဲ့ Genocide ပြတိုက်တွေတော့ ရှိပါတယ်။

ကမ္ဘာကျော်အန်ကောဝပ် ဘုရားကျောင်း 🇰🇭
___________________
ကမ္ဘာဒီးယားလို့ ပြောလိုက်ရင် အန်ကောဝပ် ဘုရားကျောင်းနဲ့ တွဲမြင်ပြီးသားဖြစ်လို့၊ ကမ္ဘာဒီးယားကိုလာရင်တော့ အန်ကောဝပ်ကတော့ မဖြစ်မနေသွားရမယ့် နေရာဖြစ်ပါတယ်။ နိုင်ငံရဲ့အလံထဲမှာတောင်ထည့်သွင်းထားတဲ့၊ ခမာတွေရဲ့ အထွတ်အမြတ် အန်ကောဝပ်ကတော့ ဖနွမ်းပင်နားမှာ ရှိတာတော့မဟုတ်ပါဘူး။ Siem Reap (ပုဂံလိုယဉ်ကျေးမှုမြို့) မှာ ရှိတာဖြစ်ပြီး ဖနွမ်းပင်ကနေဆိုရင် ၆ နာရီလောက် ကားစီးပြီးသွားရပါတယ်။ ကားလက်မှတ်ခက ၁၀ ဒေါ်လာကနေ ၁၅ ဒေါ်လာ ဝန်းကျင်သာဖြစ်ပြီး၊ ကားတွေလည်း ကောင်းပါတယ်။ လေယာဉ်နဲ့သွားလည်းရပါတယ်။ အန်ကောဝပ်အပါအဝင် ဘုရားကျောင်းတွေအားလုံးကို လည်ပတ်ဖို့ One Day Temple Pass ကတော့ တစ်ယောက်ကို ၃၇ ဒေါ်လာ ကျသင့်ပါတယ်။ One Day Pass ဆိုပေမယ့် COVIDအလွန် ပရိုမိုးရှင်းအစီအစဉ်ကြောင့် ၂ ရက်လည်လို့ရပါတယ်။ Siem Reap (အန်ကောဝပ်) ကိုသွားလည်မယ်ဆိုရင်တော့ ၂ ရက်လောက်မှ ကောင်းကောင်း လုံလောက်မှာဖြစ်ပြီး၊ နေ့ဖက် ဘုရားကျောင်းတွေလည်ပတ်ပြီး၊ ညဖက်တော့ Pub Street (ရန်ကုန်က ၁၉ လမ်းလို၊ ဘန်ကောက်က ခေါက်ဆန်လို လမ်း) မှာ Chill လို့ရပါတယ်။

ကမ္ဘာဒီးယားကို ဘယ်လိုလာရမလဲနဲ့ ဗီဇာအခြေအနေ ✈️

ကမ္ဘာဒီးယားကို အလည်ပတ်လာမယ်ဆိုရင်တော့ တခြား အရှေ့တောင်အာရှနိုင်
နည်းတူ မြန်မာပတ်စပို့စ်ဟာ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ရှိလို့၊ လေယာဉ်လက်မှတ်အသွားအပြန်နဲ့ ကိုဗစ်ဆေးထိုးထားတဲ့ကဒ် (Vaccine Certificate) သာ လိုအပ်ပါတယ်။ ကဒ်က မြန်မာလိုဆိုရင်တော့ Notary လေးပြန်ဖို့ လိုပါမယ်။

အလုပ်နဲ့လာမယ်ဆိုရင်တော့ ရန်ကုန်က ကမ္ဘာဒီးယားသံရုံးမှာ ၁ လ Business Visa လျှောက်ပြီးလာလို့ရပါတယ်။ ဗီဇာကြေးက ၃၅ ဒေါ်လာ ဝန်းကျင်ပါ။ ပြီးရင် ဒီမှာ တစ်နှစ်ချင်းစီ သက်တမ်းတိုးသွားလို့ရပါတယ်။ ဗီဇာလျှောက်ဖို့ လိုအပ်ချက်တွေကို ရန်ကုန်က ကမ္ဘာဒီးယားသံရုံးကို ဖုန်းဆက်ပြီးဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ်၊ သံရုံးဝက်ဆိုဒ်မှာဖြစ်ဖြစ် သွားကြည့်လို့ရပါတယ်။ ဗီဇာလျှောက်ရတာ မခက်ခဲပဲ၊ လိုအပ်တာတွေ အကုန်ပြင်ဆင်ပြီး သံရုံးကို ကိုယ်တိုင် သွားလျှောက်လို့ရပါတယ်။ စာရွက်စာတမ်းတွေ စုံလင်ရင် ၁ ပတ်ကနေ ၂ ပတ်အတွင်း ဗီဇာရနိုင်ပါတယ်။

အလုပ်နဲ့လာမယ်ဆိုရင်တော့ Business Visa မဖြစ်မနေ လျှောက်ခဲ့ဖို့လိုပါလိမ့်မယ်။ Visit Visa နဲ့ဆိုရင်တော့ Business Visa ပြန်ပြောင်းဖို့ မလွယ်လို့ပါ။ ဒါပေမယ့် Business Visa ၁လ ကို၊ ရောက်ရောက်ချင်း လေဆိပ်မှာတင် တန်းဝယ်လို့ရတယ်လို့လည်း သိရပါတယ်။ တကယ်လို့ တစ်ခုခုလွဲမှားမှာစိုးရိမ်ရင်တော့ မြန်မာနိုင်ငံကနေ လျှောက်ခဲ့လိုက်တာ စိတ်ချရပါတယ်။

၁ နှစ်စာဗီဇာကြေးကတော့ ဒေါ်လာ ၃၇၀ ဝန်းကျင်ကျပါတယ်။ ဗီဇာက ထိုင်းနဲ့ ယှဉ်ရင် အင်မတန်လွယ်တယ်လို့ ပြောလို့ရပါတယ်။ အသေးစိတ်ကတော့ နောက်ထပ်ပို့စ်တစ်ခုနဲ့ ရှင်းပြပေးပါ့မယ်ခင်ဗျာ။ Message Box က လာမေးလို့လည်းရပါတယ်။

ဒီလောက်ဆိုရင်တော့ ကမ္ဘာဒီးယားနိုင်ငံအကြောင်း အကျဉ်းဖျင်း တီးမိခေါက်မိရှိသွားလောက်ပြီလို့ထင်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ ကိုယ်ပိုင်အမြင်ကိုပြောရမယ်ဆိုရင် ဖနွမ်းပင်က နေလို့ကောင်းပါတယ်။ လူလည်းအရမ်းမရှုပ်ပဲ၊ သွားရေးလာရေး၊ ဗီဇာ၊ လူနေမှုအဆင့်အတန်း၊ ဒေသခံတွေနဲ့ ပြောရဆိုရတာ၊ နေထိုင်စားသောက်စရိတ် အားလုံးချုံကြည့်လိုက်မယ်ဆိုရင် ဘန်ကောက်လောက် မြို့မကြီး၊ မတိုးတက်ပေမယ့် နေပျော်တဲ့ မြို့တစ်မြို့လို့ ပြောရမှာဖြစ်ပါတယ်။

ဒီပို့စ်ထဲက တစ်ချို့အချက်အလက်တွေက ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ်ခင်ဗျာ။ လွဲနေတာ၊ မှားနေတာရှိရင်လည်း Comment မှာ ပြောပြပေးသွားပါဦး ခင်ဗျာ။

(ပုံ - ဖနွမ်းပင်မြို့ရဲ့ အမြင့်ဆုံး Skybar ဖြစ်တဲ့ Sora Skybar ကနေမြင်ရတဲ့ ဖနွမ်းပင်မြို့ ညအလှ)

- Life in Phnom Penh

07/09/2022

Address


Website

Alerts

Be the first to know and let us send you an email when Life in Phnom Penh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share