Heavenly Media

  • Home
  • Heavenly Media

Heavenly Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heavenly Media, Media/News Company, .

01/02/2024

ဘယ် အသက် နဲ့ အသက် ရှင်နေတာလဲ။

၁။ ပထမ မွေးဖွားခြင်းသည်
မိဘ ၂ပါးမှ မွေးဖွားလာခြင်း ဖြစ်သည်။
စိတ်သက်၊ လူဟောင်း၊ သေခြင်း ဖြစ်သည်။

၂။ ဒုတိယ မွေးဖွားခြင်းသည်
ဘုရား (ဝိညာဉ်) အားဖြင့် ဖြစ်သည်။
ဝိညာဉ်အသက်၊ သတ္တဝါအသစ်၊ အသက်ရှင်ခြင်း ဖြစ်သည်။

မိဘ ၂ပါးမှ ပထမ မွေးဖွားခြင်းဖြင့်
မိရိုးဖလာ ခရစ်ယာန်တို့၏ လမ်းဆုံးသည်
အပါယ်ငရဲ ဖြစ်သည်။

ယေရှုခရစ်အားဖြင့် ဒုတိယ မွေးဖွားခြင်းသည်
အပါယ်ငရဲ မှ လွတ်ရုံသာ ရှိပြီး
ဘုရားအသက်နှင့် ကြွယ်၀ ပြည့်စုံခြင်း မရှိသေးပါ။

ထို့ကြောင့် ဘုရား အသက်နှင့် ကြွယ်၀ဖို့
ဒုတိယ အသက် ဖြစ်သော ဘုရား၏ အသက်ကို
ကျွန်ုပ်တို့ ရရှိထားခြင်း ဖြစ်သည်။ အာမင်

ဘုရား အသက်ကို ရထားပါလျက်
မိမိ၏ လူဟောင်း၊ စိတ်သက်နှင့်သာ အသက်ရှင်သောသူသည်
စိတ်ထား မပြောင်းလဲသေးသော
သတ္တဝါသစ် Born Again ခရစ်ယာန်ပင် ဖြစ်ပြီး
လောကသားများ နည်းတူ လောက ပြသနာ အမျိုးမျိုးကနေ မလွတ်မြောက်နိုင်ဘဲ
စိတ်ကြောင့် ကိုယ်ကြေ ဖြစ်နေဦးမည်။

ဘုရား အသက်သည်
ကျွန်ုပ်တို့၏ နေ့စဉ် အသက်ရှင်ရာ ဖြစ်ပြီး
ဘုရား၏ သဘော သဘာ၀နှင့် ကြွယ်၀ ပြည့်စုံလာဖို့ ဖြစ်သည်။ အာမင်

"ဘုရား၏ အမှုတော်ဆောင်"အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည့် ဘုရားအတွက်ဘာမှ မဟုတ်သည့် လူက လုပ်ဆောင်ပေးရသည်မှာ စာတန်၏ လှည့်စားမ...
28/01/2024

"ဘုရား၏ အမှုတော်ဆောင်"

အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည့် ဘုရားအတွက်
ဘာမှ မဟုတ်သည့် လူက လုပ်ဆောင်ပေးရသည်မှာ
စာတန်၏ လှည့်စားမှုပင် ဖြစ်သည်။

ဘုရား၏ အမှုတော်ဆောင် ဟု ဆိုသော်
ကျမ်းစာကျောင်းမှ အောင်လက်မှတ်၊ ဘွဲ့ တစ်ခုခုကို ရရှိပြီးမှ
ဘုရား၏ အမှုတော်အဖြစ် ယေဘူယျအားဖြင့် လက်ခံထားကြသော်လည်း

အောင်မြင်ခဲ့သည့် ကျမ်းစာကျောင်း၊ ဂိုဏ်းဂဏ ယုံကြည်ချက်
နှင့် အဖွဲ့အစည်း ခံယူချက်အပေါ်မူတည်ပြီး
မိမိနှင့် မတူသူကို ရန်သူလို မြင်တတ်ကာ
ခရစ်ယာန်အချင်းချင်းတောင် တစ်ဦးနှင့် တစ်ဦး
လက်ခံကြသည်မဟုတ်ပါ။

ပထမဦးဆုံး ဘုရား၏အမှုကို ပြီးမြောက်ပြည့်စုံဖို့
မိမိကိုယ်ကို ဗလာကျင်းလျက် အသက်ရှင်ခဲ့သူမှာ
ယေရှု ဖြစ်သည်။

လူသား တစ်ယောက်အနေနဲ့ ဘာမှ မလုပ်နိုင်သည့် ယေရှုအထဲမှာ
အရာခပ်သိမ်းကို တတ်စွမ်းသည့် ဘုရား၏ လုပ်ဆောင်ပေးခြင်းကို
ဝန်ခံ သဘောတူ ခွင့်ပြုလျက် အသက်ရှင်ခဲ့သောကြောင့်
ယေရှုအားဖြင့် ဘုရား၏ အမှု ပြီးစီးခဲ့သည်။

ကျွန်ုပ်တို့သည်လည်း
ဘုရား၏ အမှုတော်မှာ
မိမိကိုယ်ကို ဖယ်ရှား၊ ငြင်းပယ် စွန့်ပစ်လျက်
ဘုရား၏ လုပ်ဆောင်မှုကို အတွင်းဝိညာဉ်မှ တစ်ဆင့်
စိတ် မှာ ဖြည့်ပေးခြင်း ခံရကာ
ခန္ဓာမှာ ဘုရား၏ထင်ရှားခြင်း ရှိသူသာ
ဘုရား၏ အမှုကို ပြီးမြောက်ပြည့်စုံစေသော
ဘုရား၏ အမှုတော်ဆောင် ဖြစ်သည်။ အာမင်
ယော ၄း၃၄၊ ၅း၁၉၊ ၃၀၊ ၁၄း၁၁၊ ၁၇း၄၊ ၁၉း၃၀၊ ၁တိ ၄း၆၊

မြောက်များစွာသော ခရစ်ယာန်တို့သည် #ဝိညာဉ် အစာစစ် မဟုတ်သောကျမ်းစာပါ အချက်အလက်များနှင့် အကြောင်းအရာများကို အသုံးချကာ🖤စိတ် န...
22/01/2024

မြောက်များစွာသော ခရစ်ယာန်တို့သည်
#ဝိညာဉ် အစာစစ် မဟုတ်သော
ကျမ်းစာပါ အချက်အလက်များနှင့် အကြောင်းအရာများကို အသုံးချကာ

🖤စိတ် နှင့် ခန္ဓာကို ကြေနပ်စေသော
အပေါ်ယံ အခွံအကာများ၏ ဂျင်းထည့် ထားသော စိမ်းလန်းရာအရပ်မှာ
မိမိကိုယ်ကို အားရ ကြေနပ်နေကြသည်။

ခရစ်တော်သည်သာ
ကျွန်ုပ်တို့အား ခရစ်တော်၏ သဘောနှင့်
ကြီးထွား ရင့်ကျက်လာစေသော အစာ ဖြစ်သလို

အတွင်း ဝိညာဉ်မှ ရှင်ပေးနေသော ခရစ်တော်၌ မှီတည်နေသူ
အသက်၏ အဝန်းအ၀ိုင်းမှာ မွေ့လျော်နေသူသာ
ကျွန်ုပ်တို့၏ စိမ်းလန်းရာ အရပ် ဖြစ်သည်။

21/01/2024
19/12/2023

#အသင်းတော် နှင့်
#ခရစ်တော်၏ ကိုယ်ခန္ဓာတော်

✝️ယေရှုခရစ်၏ အသွေးသွန်း အသက်ပေးခြင်းဖြင့်
ခရစ်တော်အထဲမှာ ထွက်ပေါ်လာသော
အသင်းတော်သည်
💒လူ့လက်ဖြင့် ဆောက်လုပ်ထားသော
အဆောက်အဦ ဖြူဖြူ မဟုတ်ပါ။

🖤ဂိုဏ်းဂဏ၊ အဖွဲ့အစည်း မဟုတ်ပါ။
လူမျိုးတစ်စု၊ လူတစ်ဦးတစ်ယောက်၏ ဩဇာခံ မဟုတ်ပါ။

💯အသင်းတော်ဆိုသည်မှာ
ခရစ်တော်၏ရွေးနုတ်ခြင်းဖြင့်ခေါ်ထုတ်ခံရသော
ခရစ်တော်၏အသက်ကို ရရှိပြီးသော လူစု ဖြစ်သည်။

🔥ထိုအသင်းတော်သည် ခရစ်တော်အား ဆက်သအံ့သောငှါ
နေ့စဉ် နှုတ်ကပတ်တော်ရေနှင့် ဆေးကြောခြင်း ခံဖို့ လိုသေးသည်။

အသက်သစ် မွေးဖွားခြင်း ခံရပြီးသော်လည်း
ဦးခေါင်းဖြစ်သော ခရစ်တော်၏ ချုပ်ခြာမှုအောက်၌ မရှိလျှင်
အင်္ဂါဝင်ခြင်းများ ပေါင်းစည်းခြင်းဖြစ်သော
ခရစ်တော်၏ခန္ဓာတော်၌ မွေ့လျော်နိုင်မည် မဟုတ်ပါ။

💗ထိုအသင်းတော်၏ ဦးခေါင်းသည်
ခရစ်တော်ဖြစ်သည်။
ဦးခေါင်းဖြစ်သော ခရစ်တော်၏ ချုပ်ခြာမှုအောက်၌ ရှိသော
အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်သည်။

ဦးခေါင်းဖြစ်သော
ခရစ်တော်၏ချုပ်ခြာမှုအောက်၌ ရှိလျက်၊
အင်္ဂါဝင်ခြင်းများ ပေါင်းစည်းခြင်း၌ ရှိသော
ခရစ်တော်၏ ခန္ဓာတော်၊ အောင်မြင်သူများကိုသာ
ဦးစွာ ချီဆောင်မည် ဖြစ်သည်။ အာမင်

မသာဲ ၁၆း၁၈၊ ရော ၁၆း၁၆၊ ၁ကော ၁၂း၁၂၊ ၂၇၊ ရော ၁၂း၅၊ ဧ ၅း၃၀၊ ၁​ကော ၁း၁၈၊ ဧ ၁း၂၂-၂၃၊ ၄း၁၅၊ ဧ ၅း၂၃-၂၇၊

04/12/2023

(ချီဆောင်ခြင်း ၂မျိုး)

၁။ ခရစ်တော်သည် သူခိုးကဲ့သို့ တိတ်တဆိတ်လာမည့်
အဦးသီး အောင်မြင်သောသူ
လူအနည်းစုကိုသာ လျို့ဝှက်စွာချီဆောင်ခြင်း

- ဘေးဒဏ်ကြီး ကာလ မတိုင်မှီ

သေခြင်းမှ ပြန်ရှင်သည့်
သားဦးဖြစ်သော ခရစ်တော်ကို
"ဝိညာဉ်" ၌ ယုံကြည်လက်ခံပြီး
"စိတ်နှလုံး" အထဲ၌ အသစ် ပြုပြုခြင်း ခံနေသူသာ
"ခန္ဓာ" ၌ ဘုန်းထင်ရှားသော ခန္ဓာအဖြစ် ပြောင်းလဲလျက်
ကောင်းကင်ဘုံ တတိယထပ်သို့ ချီဆောင်းခြင်း ခံရမည်။

၂။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊
ကောင်းကင်တမန် အသံပေးခြင်း၊
ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ
ထင်ရှားစွာဖြင့် အများစုသောသန့်ရှင်းသူများကို ချီဆောင်ခြင်း

- ဘေးဒဏ်ကြီးကာလ ဆုံးခါနီး

ခရစ်တော်ကို ယုံကြည်လက်ခံပြီး၊
ခရစ်တော်၏ အသက်ရှင်ပေးခြင်းကို တန်ဖိုး မထားဘဲ၊
လောက အရာများကိုသာ တန်ဖိုးထားကာ
လောက အရာများနှင့် အချိန်ပေးလျက် အသက်ရှင်နေခြင်း

ခရစ်တော်၏ အသက်ကို စိတ်နှလုံး၌ ဆုံးရှုံးကာ
လောကသားများနှင့် မခြား အသက်ရှင်နေခြင်းကြောင့်
ဆင်းရဲ ဒုက္ခ ပြသနာများကို ကြုံတွေ့စေခြင်းဖြင့်
ဘုရား၏ ရယူခြင်းကို ခံရသည့်
နောက်ကျ ရင့်မှည့်သော အောင်မြင်သူများသည်
မိုးတိမ် အထိသာ ချီဆောင်ခံရမည်။

ချီဆောင်ခြင်း ၂မျိုး၏ ကွာခြားချက် နှင့်
အကျိုးရလဒ်သည် လွန်စွာ ကွာခြားသည်ကို သိမြင်ပြီး
ခရစ်တော်၏အသက်ကို အမြတ်အဖြစ် ဆက်လက် ရယူနိုင်ကြပါစေ။ အာမင်
၁သက် ၅း၂-၆၊ ဗျာ ၄း၁၆-၁၈၊ ဗျာ ၃း၃၊ ၂၁၊ ဗျာ ၁၂:၅-၆၊ ဗျာ ၁၆း၁၅-၁၆၊ မသာဲ၂၄း၃၁၊ ၁ကော ၁၅း၅၂၊ ၂ပေ ၃း၁၀

အသက်သစ် မွေးဖွားခြင်း ခံရတဲ့ Born Again ယုံကြည်သူများစွာဟာစာတန်အစိုးရတဲ့ လောကီစနစ် နဲ့ ထုံးဓမ်းအစဉ်အလာ အောက်မှာပဲ လိုက်ပ...
30/11/2023

အသက်သစ် မွေးဖွားခြင်း ခံရတဲ့
Born Again ယုံကြည်သူများစွာဟာ
စာတန်အစိုးရတဲ့ လောကီစနစ် နဲ့
ထုံးဓမ်းအစဉ်အလာ အောက်မှာပဲ
လိုက်ပါပြီး လောကသားများနည်းတူ
သွားလာ လုပ်ကိုင်ကာ အသက်ရှင်တတ်ကြတယ်။

လူ ဟာ ဘုရားရဲ့ ထည့်ဝင်ခြင်း ခံပြီး
ဘုရားအသက်ကို ရှင်ထုတ်ခြင်းဖြင့်
စာတန် အစိုးရတဲ့ မြေကြီးဆိုင်ရာ လောကမှာ
မြေကြီးတုံး ကျွန်ုပ်တို့ရဲ့ အသက်တာမှာ
ဘုရားကို ထင်ရှားရန်၊ ဘုရား နဲ့ ပြည့်၀လာရန်
ဘုရား အလိုရှိတယ်။ အာမင်

ဘုရားနဲ့ သဏ္ဍန်တူ ဖန်ဆင်းခံရတဲ့
ဘုရားနဲ့ လူ ပေါင်းစည်းထားတဲ့
ဘုရား-လူ ဖြစ်ခြင်းမှာ
ဘုရားနဲ့ ပျော်ဝင်ပြည့်၀ဖို့ လိုသေးတယ်။
လူ့အထဲမှာ ဘုရားရဲ့ ဘုန်းနဲ့ ပြည့်၀ဖို့
ဘုရားက အသက်ရှင်ပေးနေခြင်း ဖြစ်တယ်။ အာမင်

ဘုရားရဲ့ဘုန်းကို မြင်တွေ့ခံစားရသူဟာ
လက်ရှိအခြေအနေမှ ဘုရားနောက်သို့ လိုက်ပါရန်
အစွမ်း ခွန်အား ရှိလာတယ်။ အာမင်

ဘုရားထံသို့ လောကနှင့် သီးသန့် ခွဲခြားခြင်း ခံရတယ်။
ဘုရားနဲ့ ဖြည့်ပေးခြင်းကို ခံယူနေတဲ့ လူအထဲမှာ
ဘုရားရဲ့ဘုန်းနဲ့ ပြည့်၀ပြီး
ခေတ်ကာလရဲ့ အဆုံးမှာ ကောင်းကင်က ကျလာမဲ့
ယေရုရှလင်မြို့သစ်ကို ပေါ်ထွန်းစေတယ်။ အာမင်

19/11/2023

(ဝိညာဉ်ရေး၌လည်း)
ကြော်ငြာ ကောင်းတိုင်း၊ အပြော ကောင်းတိုင်း
ပစ္စည်းကောင်းတာ မဟုတ်တဲ့ အပြင်
လူတွေကို ဒုက္ခရောက်စေနိုင်လို့
သတိထား ဆင်ခြင်ကြစေလိုပါသည်။

ထို့နည်းတူ ဝိညာဉ်ရေး၌လည်း ဖြစ်နေသည်။

22/10/2023

စာတန် သည် ဘုရားကို
ချီးမွမ်းကိုးကွယ်ခဲ့သောကြောင့်
ဘုရား စင်စစ်ကို သိသည်။

လူကို လိမ်လည် လှည့်စားခဲ့သောကြောင့်
လူအကြောင်းကိုလည်း သိသည်။

သို့သော် ဘုရားလည်း ဖြစ်၊ လူလည်း ဖြစ်သော
ဘုရားလူ (ယေရှုခရစ်) ကို နားမလည်ခဲ့ပေ။

အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ဘုရားက
ဘာမှ မတတ်နိုင်သော လူအထဲကနေ
ဘုရားလူ အဖြစ် အသက်ရှင်ခြင်းကို
စာတန်သည် နားလည်းပိုင်းခြားနိုင်ခြင်း မရှိသောကြောင့်
စာတန် ကျရှုံးခဲ့ရသည်။

ထို့နည်းတူ
ယနေ့ ဘာသာရေး ဆရာများသည်လည်း
ဘုရားလူ ဖြစ်ခြင်းကို မသိ၊ မနားလည်ခြင်းကြောင့်
စာတန်နည်းတူ စိတ်ထားနှင့် ကျဆင်းနေသည်။

ဘုရားလူ ဖြစ်ခြင်းကို ပိုင်းခြားနားလည်ပြီး
မိမိ အသက်တာမှာ ယူဆောင်လျှင်
ဘုရား၏ သဘော သဘာ၀နှင့်ကြွယ်၀ခြင်းကို ခံစားရမည် ဖြစ်သည်။ အာမင်

21/10/2023

ဝိညာဉ်၊ စိတ်၊ ခန္ဓာ ၃ပိုင်း၏
ခြားနားချက် နဲ့ အလုပ် လုပ်ပုံကို ပိုင်းခြားနားလည်ခြင်းသည်
အခြေခံ အကြောင်းအရာနှင့် အရေးကြီးသော အရာ ဖြစ်သည်။

လူ ဆိုသည်မှာ
ဝိညာဉ် ဖြစ်သည်။

ဘုရားကို တုန့်ပြန်ဖို့ ချစ်ဖို့၊ မွေ့လျော်ဖို့
စိတ် ရှိသည်။

မြေကြီးနဲ့လုပ်သော
ခန္ဓာ ထဲမှာ နေသည်။

29/09/2023

ရခဲ လှတဲ့ လူ့ဘ၀မှာ
အခက်အခဲ ပြသနာ ကြုံရတိုင်း
အဆုံးလို့ မတွက်ဆလိုက်ပါနဲ့။
မိမိ ထက် ခက်ခဲ ပင်ပန်းစွာနဲ့
ဘ၀ကို အရှုံးမပေးဘဲ ရုန်းကန်နေသူတွေ အများကြီး ရှိနေပါသေးတယ်။

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial  Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်...
27/09/2023

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။
Crd
#တယ်လီကျန်းမာ
Photo

19/09/2023

ကျွန်ခံရာ အဲဂုတ္တူကနေ ထွက်လာတဲ့
ဣသရေလ လူတို့အတွက်
ဘာမှ မရှိတဲ့ ကန္တာရ ဆိုတာ
ဘုရား နဲ့ တစ်လုံးတစ်၀ ဖြစ်ဖို့
ကိုးကွယ် တဲ့ နေရာဖြစ်တယ်။

အာဗြဟံ ဟာ
ဘုရား ပေးတဲ့ သားကို
ဘုရား ကို ပြန်ပေးခြင်းဟာ ကိုးကွယ်ခြင်း ဖြစ်တယ်။

ကိုးကွယ်ခြင်း ဆိုတာ
နေရာ၊ အချိန် အကန့်အသတ် မရှိဘဲ
ကိုးကွယ်ရ မယ်ဆိုတာ
အကျင့်စာရိတ္တ ဖေါက်ပြန်ခဲ့တဲ့ ရှမာရိ အမျိုးသမီး နားလည်သွားတယ်။

ကျွန်ုပ်တို့ကကော ?

01/09/2023

ဒါဝိဒ်သည် ဘုရင်ဖြစ်လျက်
သင်တိုင်းငယ်နဲ့ အရှက်မရှိဘဲ ထာ၀ရဘုရားကို ချီးမွမ်း ကခုန်ခဲ့သည်ကို အတုယူကာ ကျွန်ုပ်လုပ်ဆောင်ခဲ့ဖူးသည်။

လှဲလျက် ရှိသော ဒါဝိဒ်၏ တဲကို
ပြန်၍ တည့်မှတ်မည်ဟု ကျမ်းချက်ကြောင့်လည်း
ကျွန်ုပ်အတွက် ပို၍ ခိုင်မာစေခဲ့သည်။

- ထာ၀ရဘုရားကို ချီးမွမ်းသူအထဲမှာ
စာတန် ကိန်းအောင်းရာ အသွေးအသား ရှိနေသည်။
- ထာ၀ရဘုရားကို ချီးမွမ်းရင်းနဲ့
စာတန်လည်း ချီးမွမ်းခံချင်လာသည်။
- ဖန်ဆင်းရှင်ဘုရားကို ဗဟိုပြုသည်ဟု ဆိုကာ
ဖန်ဆင်းခံ သီဆိုချီးမွမ်းနေသူ၊ တေးဂီတနှင့် အခမ်းအနား
တင်ဆက်မှုများကို အာရုံ စိုက်လာကြသည်။

ပထမဆုံးသော Worship ကိုးကွယ်ခြင်းကို
အာဗြဟံ၏ အသက်တာ၌ တွေ့ရသည်။

ဘုရား ပေးသော သား၊ ဘုရား ဖြစ်ပွားစေသော သား ဣဇက်ကို
ဘုရား အား ပြန်လည်ပေးခြင်းသည်
စစ်မှန်သော ကိုးကွယ်ခြင်း ဖြစ်သည်။

ထို့နည်းတူ ဘုရားသခင်က
သူ၏ တစ်ပါးတည်းသော သား ခရစ်တော်ကို
ကျွန်ုပ်တို့အား ပေးထားသည်။

ကျွန်ုပ်တို့ဆီက ခရစ်တော်မှ လွဲ၍
ကျွန်ုပ်တို့ရဲ့ ငွေကြေး ဥစ္စာ၊ ရာထူး အာဏာ ပညာများနှင့်
လုပ်ဆောင်မှုများကို ဘုရား မလိုချင်ပါ။

ကျွန်ုပ်တို့ ရရှိထားသော ခရစ်တော်ကို
ဘုရားသခင်အား ပြန်လည် ပေးအပ်ခြင်းသည်
စစ်မှန်သော ကိုးကွယ်ခြင်း ဖြစ်သည်။ အာမင်

31/08/2023

ဘာသာရေး ဆိုတာ
လူတွေကို ဂျင်းထည့်ပြီး
ကိုယ်ကျိုးအတွက် အသုံးချလို့ အကောင်းဆုံးပါ။

ဒါကြောင့် ယေရှုခရစ် က
ဘာသာရေးကို ဆန့်ကျင်ခဲ့ခြင်းဖြစ်တယ်။

ကျမ်းတတ်၊ ဖာရိရှဲ ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်တွေကို
ယေရှုခရစ် က အဖြူရောင် သုတ်ထားတဲ့ အုတ်ဂူ
အဓမ္မလူ၊ မြွေဆိုးအမျိုးလို့
ကြမ်းတမ်းစွာ သုံးနှုန်းခဲ့ခြင်း ဖြစ်တယ်။

ခရစ်တော်ထက် လောကကို၊
ရုပ်ပိုင်းဆိုင်ရာတွေကို၊ ဖန်ဆင်းခံ အရာတွေနဲ့
ဆရာ သမားတွေကို ဗဟိုပြုကာ
အသက်ရှင်စေခြင်းဟာ ဘာသာရေး ဖြစ်တယ်။

ဘာသာရေးအောက်ကို ရောက်တဲ့သူတွေဟာ
သူပြောရာ၊ စေခိုင်းရာအတိုင်း လုပ်နေကြရတဲ့
ကျွန်၊ အစေခံတွေလို ဖြစ်သွားပြီး
ခေါင်းဆောင်လုပ်သူကတော့ ထင်ပေါ်ကျော်ကြားခြင်းတွေနဲ့
အမြတ်ထုတ်ကာ ကောင်းစားနေမယ်။

26/08/2023

မြင်နေရတဲ့ အဖြစ်အပျက်တွေနဲ့
အကျွန်ုပ်ကို သတိ ပေးနေသောကြောင့်
ကျေးဇူးတင်ပါသည်။

ကျွန်ုပ်ရဲ့အထဲမှာ
ခရစ်တော် အုပ်စိုးခြင်း

ကျွန်ုပ်ရဲ့ အထဲမှာ
ခရစ်တာ် ထင်ရှားခြင်း မရှိဘဲ
နေ့ရက်တစ်ရက်ကို မဖြတ်သန်းလိုပါ။

22/08/2023

ဘုရား ပြောတဲ့
တန်ဖိုး အစစ်အမှန် ကို မသိရင်

စာတန် ပြောတဲ့
လောက ရုပ်ပစ္စည်းတွေနဲ့ တန်ဖိုး သတ်မှတ်ကာ ဂျင်းထည့် ခံရမယ်။

ဂျင်းထည် ခံရတဲ့ အသက်တာ ဆိုတာ
ပြောင်းလဲ တိုးတက်ခြင်း မရှိဘဲ

လောကသားများနည်းတူ
ရုပ်ပစ္စည်း ဥစ္စာတွေနဲ့
ဝါကြွားနေတုန်း၊
လောဘ မာန တက်နေတုန်း၊
မိမိ ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို ကဲ့ရဲ့ ပြစ်တင်နေတတ်တုန်း

10/08/2023

ဘုရား ရှိတဲ့နေရာ . .
ကောင်းကင်ဘုံ တတိယထပ်ဆိုတာ
လူတွေ ရှာဖွေ စုဆောင်းလိုတဲ့
လောကီဆိုင်ရာ ဥစ္စာပစ္စည်းတွေနဲ့ ပြည့်နှက်နေတာမှ မဟုတ်တာ။

နံဝိညာဉ် ဘုရား ကိန်းဝပ်နေတဲ့ . .
အတွင်းဆုံးအခန်း ဆိုတာ
လူတွေ တပ်မက် လိုချင်နေတဲ့
ရုပ်ပိုင်းဆိုင်ရာတွေ သိပ်ဆည်းထားရာ ဂိုထောင်မှ မဟုတ်တာ။

ဘုရား ရှိရင် . . အကုန် ရှိတယ် ဆိုပြီး
ဘုရား ထက် . . ဘုရားဆီက ရုပ်လောက အရာတွေကိုပဲ
ဆုတောင်းနေတတ်တဲ့ ကျွန်ုပ်တို့

ဘုရား နဲ့ မွေ့လျှော်တယ် ဆိုပြီး
မြူးကြွတဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့
အချိန်ပိုင်း သာယာကြေနပ်တတ်တဲ့ ကျွန်ုပ်တို့

စိတ်ကို အာသာဖြေပေးတဲ့
တရားဟောချက်တွေနဲ့ ဝိညာဉ်အရာပါလို့
ဂျင်းထည့်ခံနေရတဲ့ ကျွန်ုပ်တို့

ဘုရား သာလျှင် နံပတ် ၁ ပါလို့
ပါးစပ်ကနေ တဖွဖွ ပြောနေပေမဲ့
ကိုယ့်အဖွဲ့၊ ကိုယ့်သာသနာ၊
ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်ုပ်တို့

💗ကိုယ်တော့်ကိုပဲ မြင်စေပါ💗 . . အာမင်

04/08/2023

"ရခဲလှတဲ့ လူ့ဘ၀"
မနုဿတ္တဘာဝေါ ဒုလ္လဘော''

လူ ဟာ ဘုရားဆီကနေ လာတဲ့
ဘုရားမျိုးနွယ် ဖြစ်တယ်။

ဒါပေမဲ့ လူဟာ
မာရ်နတ်စကားကို နားထောင်ပြီး
အပြစ်ထဲ ကျဆင်းသွားကာ
"အပြစ်သား" "မာရ်နတ်ရဲ့ သား" ဖြစ်သွားတယ်။

အာဒံကနေ ဆင်းသက်လာတဲ့ လူအားလုံးဟာ
လောက ကို အစိုးရတဲ့
စာတန်နတ်ဆိုးရဲ့ ထိန်းချုပ်မှု အောက်မှာ
လူဟာ အသက် ရှင်နေရတယ်။

ဘာသာတရား၊ ကုသိုလ်ကောင်းမှုတွေနဲ့
တမလွန်ဘ၀အတွက် ကြိုးစားအသက် ရှင်နေခြင်းဟာ
ကုသိုလ် တစ်ပဲ၊ ငရဲ တစ်ပိသာလို ဖြစ်နေတယ်။

ကောင်းတာ လုပ်မှ ကောင်းရာ ရောက်စတမ်းဆိုရင်
ကာယကံ၊ ၀စီ နဲ့ မမှားဖို့ နေနိုင်ရင်တောင်
မနော နဲ့ကတော့ နေ့တိုင်း ဖေါက်ပြန် နေကြတာမို့
အကျင့်စာရိတ္တ နဲ့ ကောင်းရာဆိုတာ လုံး၀ မဖြစ်နိုင်ပါ။

စာတန် အစိုးရတဲ့ လောကမှာ
အသက်တစ်ရာ နေဖို့ မကျိန်းသေပေမဲ့
အမှုတစ်ရာ မက နေ့စဉ်ကြုံနေရတာမို့
ကောင်းမှုကုသိုလ် နဲ့ စိတ်ထားဖြူစင်အောင် ထားဖို့ဆိုတာ
နားကြားကောင်းတဲ့ ဘာသာရေးသက်သက်ပါ။

ယေရှုခရစ်သည်
ငရဲကနေ ကယ်လွတ်ပေးခဲ့ရုံသာ မက
နေ့စဉ်ကြုံတွေ့နေရတဲ့ အသွေးအသား ဆိုင်ရာတွေနဲ့
စိတ်သက်ခံစားချက်တွေကနေလည်း
ကယ်လွတ်ပေးနေသည်။

ရခဲလှတဲ့ လူ့ဘ၀မှာ
လူဟာ ယေရှုခရစ်ကို လက်ခံပြီး
ဘုရား ရည်ရွယ်တဲ့အတိုင်း ကျွန်ုပ်တို့မှာ ဖြစ်လာဖို့
စာတန်လက်ထဲကနေ ယေရှုခရစ်အားဖြင့်
ရွေးနုတ်ခြင်းကို ကျွန်ုပ်တို့ မြင်တွေ့ခံစားရပါစေ။ အာမင်

22/07/2023

သူများနဲ့ ထူးကာ
ထင်ပေါ်ကျော်ကြားလိုခြင်း နဲ့
လောက အောင်မြင်ခြင်းများသည် အနတ္တ သက်သက် သာ ဖြစ်သည်။
ခရစ်တော်သည်သာ စစ်မှန်ခြင်း မည်၏။ အာမင်

22/07/2023

ဘာသာရေး ဆိုတာ
ဘာသာရေးခေါင်းဆောင်များအတွက် လုပ်စားဖို့ ဂွင် ဖြစ်နေတယ်။

ဝိညာဉ် အရာသည်
ဘာသာရေးရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။

08/07/2023

ဘုရားရဲ့ ဝိညာဉ်တော်နဲ့ အဖြည့်မခံရရင်
လူ့ရဲ့ စိတ်နှလုံး အခန်းကဏ္ဍတိုင်းနဲ့
ခန္ဓာ အင်္ဂါအစိတ်အပိုင်းများသာ မက
ပိုင်ဆိုင်တဲ့ ရုပ်ပစ္စည်းများဟာ
စာတန်ရဲ့ အသုံးချရာ ဖြစ်သွားပြီး ဖျက်ဆီးခံရမယ်။

ကျွန်ုတို့ဟာ
ဘုရားရဲ့အသက် နဲ့ အဖြည့်ခံလျက်
ဘုရားနဲ့ပြည့်၀လာစေပါ။ အာမင်

၁။ ဖန်ဆင်းခံရစ လူ (ပထမ အာဒံ)ဖန်းဆင်ခံရစ လူသည်အပြစ် ကင်စင်ပြီး၊ ထာ၀ရ အသက်ရှင်နေနိုင်သည်။ရှိသမျှ ဖန်ဆင်းခံအရာများကို အစိုး...
04/07/2023

၁။ ဖန်ဆင်းခံရစ လူ (ပထမ အာဒံ)
ဖန်းဆင်ခံရစ လူသည်
အပြစ် ကင်စင်ပြီး၊ ထာ၀ရ အသက်ရှင်နေနိုင်သည်။
ရှိသမျှ ဖန်ဆင်းခံအရာများကို အစိုးရပြီး
ဘုရားနှင့် အစဉ် မိသဟာရ ရှိသည်။

သို့သော် လူသည် ဘုရား ရည်ရွယ်ထားသည့်
အမြင့်ဆုံးသော ရည်ရွယ်ချက်ထဲသို့ မရောက်ရှိသေးပါ။

၂။ အပြစ်ထဲ ကျဆင်းသွားသောလူ
အပြစ်ကြောင့် ဝိညာဉ်သည် ဘုရားနှင့် အဆက်ပြတ်ကာ
အပ္ပါယ်ငရမှာ စီရင်ခံရမည်။
လူသည် ဘုရားအလိုကို မသိ၊
ဘုရားအလိုကိုလည်း မလိုက်တတ်
မာရ်နတ်၏ အလိုသို့ လိုက်ကာ
စိတ် သည် ယိုယွင်း ဖေါက်ပြန်ကာ
ခန္ဓာသည်လည်း အို နာ သေရတော့သည်။

၃။ ကယ်တင်ခြင်း ခံရပြီးသော လူ
လူ့ ဝိညာဉ်သည်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီး
အသက်သစ် မွေးဖွားခံရသည်။
ဝိညာဉ်ထဲ သေခြင်းမှ ပြန်ရှင်သော ခရစ်တော်သည်
ကျွန်ုပ်တို့အတွက် အသက်ရှင်ပေးသော ဝိညာဉ် ဖြစ်လာသည်။

သို့သော် စိတ် သည် လူဟောင်း သဘောသာ ရှိနေပြီး
လောကနှင့် ဆက်စပ်နေသော ခန္ဓာ နှင့် ပေါင်းကာ
ဖေါက်ပြန် ပျက်ဆီးနေသည်။
ထိုကြောင့် စိတ် သည် ဘုရားသဘောကို ရရှိလျက်
ခန္ဓာသည် ဘုရားကို ထင်ရှားရန် လိုနေသေးသည်။

စိတ် သည် ခန္ဓာ နှင့် အသားကျလျှင်
စိတ်ထောင်း ကိုယ်ကြေ ဖြစ်ကာ မှားယွင်း ဖေါက်ပြန် ပျက်ဆီးနေဦးမည်။

စိတ်သည် ဝိညာဉ်၌ ရှိသော ခရစ်တော်နှင့် ရှိလျှင်
တစ်စိတ် တစ်ဝိညာဉ်တည်း ဖြစ်ကာ
ခရစ်တော်နှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်လာမည်။ အာမင်

14/06/2023

🌑AI နည်းပညာ နှင့် နောက်ဆုံးသော ကာလ🌑
Revelation 13:15
သားရဲ၏ ရုပ်တုသည်
စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို
သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။

13/06/2023

ကုလားအုပ် ဆိုတာ စီး ဖို့ဖြစ်သည်

စားဖို့ မဟုတ်ပါ ••(ဝတ် ၁၁:၄ )

ကျွန်ုပ်တို့ ချစ်မြတ်နိုးသည့် "လောက" နှင့် "လောကမှာ ရှိသမျှအရာ" တို့နှင့် အချိန်ပေးကာ မွေ့လျော်နေတတ်သည့် ကျွန်ုပ်တို့ကို...
08/06/2023

ကျွန်ုပ်တို့ ချစ်မြတ်နိုးသည့်
"လောက" နှင့်
"လောကမှာ ရှိသမျှအရာ" တို့နှင့်
အချိန်ပေးကာ မွေ့လျော်နေတတ်သည့်
ကျွန်ုပ်တို့ကို
ဘုရား သည် ပြန်လည် ရယူဖို့ရန်

ထိုအရာများကို
စိတ်ပျက် ရွံရှာ မုန်းတီးသွားအောင်
"ဖျက်ဆီးမည့် သူ" နှင့် "အကြောင်းအရာများ" ကို
ဘုရားက အခွင့်ပေးတော့သည်။

Address


Website

Alerts

Be the first to know and let us send you an email when Heavenly Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share