Diary of Elna Zan

  • Home
  • Diary of Elna Zan

Diary of Elna Zan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diary of Elna Zan, Digital creator, .

14/02/2024

2024 မှာ English စာကို 0 level ကနေ Fluent ဖြစ်တဲ့ အဆင့်ထိ သွားနိုင်ဖို့ ကြိုးစားရအောင်။
စာနဲ့ဝေးနေတဲ့သူတွေ အချိန်လေးဖဲ့ပြီး English စာသေချာ ပြန်လုပ်ချင်သူတွေ အားလုံးအတွက် Level အလိုက် လေ့လာလို့ရမယ့် course အစုံပါ။
Level အလိုက်လေ့လာနိုင်ဖို့ Telegram link များ👇
A1 Course
https://t.me/+AWr5M17GZYJmNjk1
A2 Course
https://t.me/+vgRvVOINTXwzYWE1
B1 Course
https://t.me/+r-obcpKdWU4xMTE1
B2 Course
https://t.me/+tRaJYMyuN9cyN2E1
C1 Course
https://t.me/+T15lLI4mBDs0OWE1
C2 Course
https://t.me/+k14uzsw0TqtkMjI1
English teacher Paul ရဲ့ သင်ခန်းစာများကို Free လေ့လာနိုင်မည့် Websites များ 👇
https://www.learnamericanenglishonline.com/
Video Lessons 👇
https://www.learnamericanenglishonline.com/Video...
Listening လေ့ကျင့်ရင်း Grammar လေ့လာချင်တဲ့သူတွေအတွက် 👇
https://www.learnamericanenglishonline.com/.../Listening...
စကားပြော Dialogue တွေ လေ့လာချင်သူအတွက် 👇
https://www.learnamericanenglishonline.com/.../Conversati...
Level တစ်ခုပြီးတိုင်း စာမေးပွဲ စစ်ရမယ့် Link 👇
https://www.learnamericanenglishonline.com/Tests_and...
အဂ်လိပ်စာ Writing လေ့လာချင်တဲ့သူတွေအတွက် 👇
https://www.learnamericanenglishonline.com/.../Write_in...
Vocabularly လေ့လာချင်တဲ့သူတွေအတွက် 👇
https://www.learnamericanenglishonline.com/Vocabulary...
Pronunciation လေ့လာချင်တဲ့သူတွေအတွက် 👇
https://www.learnamericanenglishonline.com/Vocabulary...
Idioms လေ့လာချင်တဲ့သူတွေအတွက် 👇
https://www.learnamericanenglishonline.com/.../Idioms...
Basic English Dictionary link 👇
https://www.learnamericanenglishonline.com/.../Word_of...
Reading လေ့ကျင့်ချင်တဲ့သူတွေအတွက် Level အလိုက် 👇
Blue level
https://www.learnamericanenglishonline.com/.../Blue_Level...
Red level
https://www.learnamericanenglishonline.com/.../Red_Level...
Yellow level
https://www.learnamericanenglishonline.com/.../Yellow...
Green level
https://www.learnamericanenglishonline.com/.../Green...
Purple level
https://www.learnamericanenglishonline.com/.../Purple...
Orange level
https://www.learnamericanenglishonline.com/.../Orange...
Violent level
https://www.learnamericanenglishonline.com/.../Violet....
Level Test စစ်ဖို့အတွက် Websites 👇
🧩 British Council Online English Level Test
https://learnenglish.britishcouncil.org/online-english...
🧩 ILS English - Test your English Level
https://www.ilsenglish.com/quickl.../test-your-english-level
🧩 Cambridge English - Test your English
https://www.cambridgeenglish.org/test-your-english/
🧩 Exam English
https://www.examenglish.com/leveltest/grammar_level_test.htm
🧩 English Tag - English Level Test
https://www.englishtag.com/tests/level_test.asp
🧩 English Score - British Council
https://www.englishscore.com/
🧩 Oxford Online English - English Level Test
https://www.oxfordonlineenglish.com/english-level-test
🧩 ABA English
https://www.abaenglish.com/en/english-level-test/
🧩 International House - English Language Level Test
https://ihworld.com/learn/ih-english-language-level-test/
🧩 Language Level - Free English Level Test
https://www.languagelevel.com/english/
Reading လေ့ကျင့်ဖို့ Websites 👇
📚 https://www.success.com/
📚 https://www.edutopia.org/
📚 https://hbr.org/
📚 https://www.bbc.com/
📚 https://www.entrepreneur.com/
📚 https://edition.cnn.com/business
📚 https://www.forbes.com
📚 https://www.rd.com/
📚 https://www.medium.com
📚 https://www.economist.com/
📚 https://www.inc.com/
Writing လေ့ကျင့်ဖို့ Websites 👇
Writing Spelling ပါ Check ပေးပြီး Feedback ပါ ပေးသော
📝 Write And Improve
https://writeandimprove.com/?lang=en-GB။
📝 Grammarly
https://www.grammarly.com/grammar-check
📝 Grammar Checker
https://writer.com/grammar-checker/
📝Online Correction
https://www.onlinecorrection.com/
📝 Polish my Writing
https://www.polishmywriting.com/
📝 Ginger
https://www.gingersoftware.com/grammarcheck #.XDDdnlwzbDc
📝 Learn English Teens
http://learnenglishteens.britishcouncil.org/.../elementar...
📝 The Writing Practice
https://thewritepractice.com/
📝 Virtual Writing Tutor
https://virtualwritingtutor.com/
Listening လေ့ကျင့်ဖို့ Websites 👇
ဒီ Websites တွေမှာတော့ Listening Practice လုပ်ဖို့ Resources တွေအများကြီးပါပါတယ်။
▶️ Live Mocha
http://livemocha.com/
▶️ Lyrics training
http://lyricstraining.com/
▶️ Talk English
http://www.talkenglish.com/
▶️ TEDtalks - websites for learning English
https://www.ted.com/
▶️ BBC Website
https://www.bbc.co.uk/sounds/play/live:bbc_radio_fourfm-
Speaking လေ့လာဖို့ Websites 👇
🗣 https://www.talkenglish.com/
🗣 https://www.englishclub.com/speaking/
🗣 https://bit.ly/2Vqamjv
🗣 https://www.conversationexchange.com/
🗣 www.coffeestrap.com
🗣 https://www.lingoglobe.com/
For Listening!
Listening အတွက် TED Talk ကတော်တော်လေးအဆင်ပြေပါတယ် ကမ္ဘာကျော်ပုဂ္ဂုလ်‌တွေ/တော်တော်လေးအောင်မြင်ကျော်ကြားနေတဲ့သူတွေကိုယ်တိုင် မျှဝေပေးထားတာတွေဖြစ်လို့ ဗဟုသုတတွေလည်း စုံပါတယ်
Lessons Worth Sharing | TED-Ed
https://ed.ted.com/lessons
For Reading
Reading အတွက်ကတော့ ဒီ Americannewspaper.comလေးက တော်လေးအဆင်ပြေပါတယ် သူကကိုယ့်ရဲ့ English Level အလိုက် ဖတ်လို့ရတာမို့ မဖတ်နိုင်မှာ စိတ်ပူစရာမလိုပါဘူး
Speed Reading Lessons: Breaking News English ESL Materials
https://breakingnewsenglish.com/speed_reading.html
Reading - Breaking News English Lesson - ESL
https://breakingnewsenglish.com/1608/160810-reading.html
Writing အတွက်က Toppr .com ကအဆင်ပြေပါတယ် ကိုယ်ကဘာကိုရေးရမလဲမသိရင် သူ့ဆီမှာ Topic တွေရှိပါတယ် အဲ့ထဲကနေ ကိုယ်ရေးချင်တာလေ့လာချင်တာ ရွေးလိုက်ရုံပါ
https://www.toppr.com/
Speaking ကတော့ app or တစ်ခြား website တွေမှာ အများကြီးလေ့လာလို့ရပါတယ်
https://www.talkenglish.com/
Vocabulary and Grammer အတွက်က
Vocabulary | LearnEnglish
https://learnenglish.britishcouncil.org/vocabulary
BBC Learning English - Course: lower intermediate / Unit 8 / Session 1 / Activity 3
https://www.bbc.co.uk/.../low.../unit-8/session-1/activity-3
𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞
Package A - ( 001-046 ) စုစုပေါင်း ၄၆ ခု
001 Make Your English Better Level Test
Duration: 9 lectures (2h 28m), Size: 2 GB, Published 08/2022
https://www.udemy.com/.../make-your-english-better-level.../


08/02/2024

day တစ်နေ့နေ့မှာ
ကိုယ့်ဘဝကို ကိုယ့်အတွက်သာကြည့်ပီး
လျှောက်လှမ်းနိုင်မယ့် အချိန်ကိုပိုင်ဆိုင်ရပါလို၏

Elna Zanအသက်မရှင်ချင်တော့လောက်အောင်ထိ ဖြစ်ခဲ့ပီး     စိတ်ရောလူရော ပင်ပန်းတာတွေများခဲ့တဲ့ 2023
30/12/2023

Elna Zan
အသက်မရှင်ချင်တော့လောက်အောင်ထိ ဖြစ်ခဲ့ပီး
စိတ်ရောလူရော ပင်ပန်းတာတွေများခဲ့တဲ့ 2023

2023 မှာ ပင်ပန်းခဲ့တဲ့ ကိုယ်ကိုယ်တိုင်အတွက် ချစ်ခြင်းမေတ္တာတွေနဲ့ ထွေးပွေ့မဲ့ နောက်ဆုံးစာလေးတစ်စောင် ~ 💌

2023 ကိုတောင်နှုတ်ဆက်ရတော့မှာပဲနော်။ ဒီတစ်နှစ်တာက ကိုယ်တို့အတွက် အဆင်ပြေခဲ့ကြရဲ့လားဟင်..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ အဆင်မပြေခဲ့ရင်တောင် ဒီကာလကြီးထဲ အခုလို တစ်နှစ်တာလုံး ကြိုးကြိုးစားစား ရှင်သန်ပေးခဲ့လို့ ကိုယ့်ကိုယ်ကိုယ်အများကြီးကျေးဇူးတင်ပါတယ်။ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကြောင့် မအားမလပ်တွေ ဖြစ်စေခဲ့လို့လည်း အများကြီး အားနာရပါတယ်။ အဆက်မပြတ်ကြိုးစားရလို့ ငြီးငွေ့လာရသည့်တိုင်အောင် လက်မလျှော့ခဲ့ကြတဲ့ ကိုယ်တို့က တကယ်အများကြီးကို သန်မာခဲ့ကြတာနော် 😇

ခက်ခက်ခဲခဲ ရှင်သန်ရတဲ့ ဒီနေ့ရက်တွေမှာ ခွင့်လွှတ်တတ်ဖို့နဲ့ စွန့်လွှတ်တတ်ဖို့ကိုလည်း အများကြီး သင်ယူခဲ့ရတာပဲမလား။ ကိုယ့်ဘေးကထွက်သွားတဲ့လူတွေနဲ့ ဆုံးရှုံးသွားရတဲ့ အရာတွေအတွက်လည်း အများကြီး ခံစားနေရမှာ သိပေမဲ့ ဘဝဆိုတာဒီလိုပါပဲလို့ ကိုယ်တို့ ထပ်ပြီး သိခဲ့ရတာပဲလေနော်။ ဖြစ်မလာသေးတဲ့အရာတွေ၊ ဖြစ်လာပါ့မလားဆိုပြီး စိုးရိမ်တထိတ်ထိတ်နဲ့ မက်ခဲ့ရတဲ့ အိပ်မက်ကလေးတွေ၊ နောက်ပြီးတော့ ကိုယ်တို့ရဲ့အနာဂတ်တွေကို တွေးရင်းနဲ့ အိပ်မပျော်ရတဲ့ညတွေ များခဲ့မှာကိုလည်း သေချာသိထားပါတယ်။ Depression တွေ၊ စိတ်ပင်ပန်းမှုတွေ၊ အထီးကျန်ညတွေ စတဲ့ ဘယ်သူမှ ဘေးနားမရှိတဲ့အချိန်တွေတိုင်းမှာ ကိုယ်တိုင်ကပဲ ကိုယ့်အတွက် ထွေးပွေ့မှုလေး ဖြစ်ပေးခဲ့လို့ ထပ်ပြီး ကျေးဇူးတင်ရပါတယ် 💛

ပေးသလောက်ပြန်မရတဲ့ချစ်ခြင်းမေတ္တာတွေ၊ ငြင်းဆိုခံရခြင်းတွေအတွက် ဝမ်းနည်းအားငယ်နေစရာမလိုဘူးဆိုတာကိုတော့ သေချာသိထားမှ ဖြစ်မယ် ကလေးငယ်ရေ..။ ချစ်ခြင်းမေတ္တာတွေထပ်တူမကျတတ်တာဟာ သဘာဝပဲမလို့ အဲ့အစား ကိုယ်တို့က ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ပဲ ပိုပြီး သင်ယူကြရအောင်...။

ဒီနှစ်မှာ ဖြစ်မလာသေးတဲ့ အိပ်မက်တွေ အတွက်လည်း စိတ်ဓာတ်မကျပါနဲ့ကွာ။ လာမဲ့နှစ်မှာ ကိုယ်တို့ ထပ်ကြိုးစားကြမယ်လေနော်။ ကိုယ်တို့ကိုယ်တိုင် မရပ်တန့်သရွေ့တော့ ဘယ်သူမှ ကိုယ်တို့ကို မရပ်တန့်နိုင်ပါဘူးကွယ်။

လာမဲ့ 2024 မှာ ကိုယ်တို့အများကြီး ပိုပျော်ရွှင်ကြမယ်။ ပိုကြိုးစားကြမယ်။ ပိုပြီး ကျန်းကျန်းမာမာနဲ့ ရည်မှန်းထားတဲ့အနာဂတ်တွေကို ပုံဖော်ကြတာပေါ့။ ကိုယ်တို့ကိုယ်တိုင်နဲ့ ကိုယ်တို့တန်ဖိုးထားရတဲ့ လူနည်းစုကို အချိန်တွေပိုပေးပြီး ချစ်တဲ့အကြောင်းတွေကို နောင်တမရှိအောင် ဖွင့်ပြောကြမယ်။

2024 က ကိုယ်တို့အတွက် လှလှပပလေးစောင့်ကြိုနေတာမလို့ သိမ်ငယ်ရတဲ့ ရပ်ဝန်းတွေကို စွန့်ခွာခဲ့ဖို့တော့မမေ့နဲ့နော်။ ကိုယ်တို့အားလုံး တစ်ယောက်စီတိုင်းက အချစ်ခံရဖို့ ထိုက်တန်ပါတယ်🍁
_______________________________________________

*ယခု post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် content စာသားများသည် BhiLatt Platform ၏ မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt team ဆီမှ ခွင့်ပြုချက်တောင်းယူပါရန်မေတ္တာရပ်ခံပါသည်*




16/11/2023

100% English Free Class 🍀
===================
အသုံးအဝင်ဆုံးသော
Basic Grammar အပါအဝင်
- အရေး (Writing)
- အဖတ် (Reading)
- အပြော (Speaking)
- နားထောင် (Listening)
၄မျိုးလုံးကို စနစ်တကျ
ထိရောက်စွာ
လေ့လာချင်သူတွေအတွက်
Show Your English က
Free Course လေး၁ခုလုပ်ပေးထားပါတယ်။ 🍀

4 Skills အပြင်
English စာလေ့လာမှုမှာ
အရေးအကြီးဆုံးဖြစ်တဲ့
အခြေခံ Grammarတွေကိုပါ
လေ့လာနိုင်မှာဖြစ်ပါတယ်။🍀

သင်တန်းကြေးကို
၁၀၀% အခမဲ့ ပြုလုပ်ပေးထားတာ
ဖြစ်လို့
English စာလေ့လာချင်သူတိုင်း
မည်သူမဆို အခမဲ့
ဝင်ရောက်လေ့လာနိုင်ပါတယ်။ 🍀

ပညာအလှူဒါနဖြစ်သောကြောင့်
ပိုက်ဆံ၁ပြား၁ကျပ်မှ
ပေးရန်မလိုအပ်ပါ။🍀

1.သင်တန်းတက်ချင်တဲ့သူတွေက page လေးကို like လုပ်ပေးပါခင်ဗျာ။
Page Link 👇👇
https://www.facebook.com/Show-Your-English-Myanmar-106837964961406

2.Page လေးကို like လုပ်ပြီးသွားရင်တော့
အောက်က link လေးကနေ သင်တန်း join လို့ရပါတယ်ခင်ဗျာ👇 👇
https://www.facebook.com/groups/917686568791469

3.Group Link လေး ကနေ request ပို့ပြီးသွားရင် comment မှာ✅Yes✅ လို့မန့်ခဲ့ပေးပါ။
group adminတွေအမြန်ဆုံး
လက်ခံပေးပါလိမ့်မယ်ခင်ဗျာ😍😍





White Cloud
12/11/2023

White Cloud

3
12/11/2023

3

The Galaxy
12/11/2023

The Galaxy

12/11/2023
12/11/2023

တောက်ပချင်တာပေါ့

21/08/2023

ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။

𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧

21/08/2023
28/07/2023

တကိုယ်ကောင်းဆန်တာလား (Selfish)? ကိုယ့်ကိုကိုယ်ချစ်တာလား။ (Self-love)?
------------------------------------------------------------------------------

**Self-love**
--------------
ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဆိုတာက ကိုယ့်မှာရှိထားလေးတွေနဲ့ အဆင်ပြေအောင်နေတာ၊ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်နေထိုင်တာ၊ ကိုယ့်ကျန်းမာရေးကို အလေးထားတာ၊ ကိုယ်ချစ်တဲ့သူတွေကို အလေးထားတာ၊ ကိုယ့်ကိုကိုယ်လှပသပ်ရပ်အောင် နေထိုင်တာ စတာတွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ကိုယ့်ကိုပိုပြီးပျော်ရွှင်စေသလို အခြားသူများကိုလည်း မထိခိုက်၊ မနစ်နာစေပါဘူး။ ကိုယ့်ကိုပိုပြီး ကျန်းမာစေသလို၊ ပိုပြီးလည်း လှပပျော်ရွှင်နိုင်ပါတယ်။ လူ့လောကမှာ အသက်ရှင်နေရတာကို ပိုပြီး တန်ဖိုးထားတတ်လာတဲ့သဘောပေါ့။

**Selfish**
------------
အဲဒါဆိုရင် တကိုယ်ကောင်းဆန်ခြင်းဆိုတာကရော……။ တကိုယ်ကောင်းဆန်ခြင်းနဲ့ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက မတူပါဘူးနော်။ တကိုယ်ကောင်းဆန်ခြင်းဆိုတာက အတ္တကြီးခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ကိုယ်သာရဖို့….၊ ကိုယ်သာအနိုင်ရဖို့၊ ကိုယ်သာ ကောင်းစားဖို့၊ ကိုယ့်မိသားစုအဆင်ပြေဖို့၊ ကိုယ်နာမည်ရဖို့၊ ကိုယ်အောင်မြင်ဖို့ စသဖြင့် ကိုယ့်တစ်ယောက်တည်းကောင်းစားရေးကိုသာ ဦးတည်ပြီး အခြားသူတွေ ထိခိုက်ရင်ထိခိုက်ပါစေ၊ နစ်နာရင်နစ်နာပါစေ၊ ဂရုမစိုက်ပါဘူး။ ကိုယ်ကောင်းစားရေးအတွက် အခြားသူတွေကို ချနင်းရလည်း ဝန်မလေးတာမျိုးဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော…..” ဆိုတဲ့စကားက တကိုယ်ကောင်းဆန်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်။

တကယ်တော့ တကိုယ်ကောင်းဆန်ခြင်းက (selfish) ကိုယ်တိုင်ကောင်းစားဖို့သာ အဓိက အာရုံထားခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်း (self love) ကတော့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့စိတ်မရှိသလို၊ ကိုယ့်ရဲ့အသက်ရှင်နေထိုင်ရခြင်းက ကျေးဇူးတင်စရာကောင်းတယ်ဆိုတဲ့စိတ်လေးနဲ့ ဘဝမှာရှင်သန်နေထိုင်ခြင်းသာဖြစ်ပါတယ်။ တကိုယ်ကောင်းဆန်ခြင်းက ပတ်ဝန်းကျင်ကို တနည်းနည်းနဲ့ထိခိုက်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကိုယ်ကောင်းဆန်ခြင်းဟာ အတ္တတွေပါဝင်နေတတ်တာမို့ဖြစ်ပါတယ်။ ပြောရရင်တော့ သာမန်ထက်ကို အတ္တကြီးတဲ့လူတွေပါ။ သာမန်လူတွေထက်ကို အတ္တကြီးလာတဲ့အခါ “ငါပဲရရမယ်…၊ ငါသာရသင့်တာ၊ ငါပဲအနိုင်မယ်၊ အခြားသူတွေဒုက္ခရောက်တာက အရေးမကြီးဘူး ငါဒုက္ခမရောက်ဖို့အရေးကြီးတာ၊ သူ့ဘဝ….သူ့တို့ကိစ္စ၊ ငါ့ဘဝမှာ ငါအဆင်ပြေဖို့အရေးကြီးတယ်” ဆိုတဲ့ “ငါ”ဆိုတဲ့စိတ်စွဲကြီးလာပါတော့တယ်။ အဲဒီလိုလူမျိုးတွေက ဘတ်စ်ကားပေါ်တက်တာက အစ အမျိုးသမီး၊ သက်ကြီးရွယ်အိုရယ်လိုတောင် မရှောင်ဘဲ ကိုယ်သာအရင်ရောက်ရေးဆိုတဲ့စိတ်မျိုးထားတတ်ပါတယ်။ ထိုကဲ့သို့ ကိစ္စအသေးအဖွဲလေးတွေကအစ စီးပွားရေးလုပ်ငန်းမှာ “ကိုယ်သာအမြတ်အစွန်းများများရရင်ပြီးရော အခြားသူတွေကျန်းမာရေးနဲ့ညီညွှတ်သည်ဖြစ်စေ၊ မညီညွှတ်သည်ဖြစ်စေ” ဆိုတဲ့ကိစ္စမျိုးက အဆုံး ၊ ကိုယ့်အတွက်သာထည့်တွက်ပါတော့တယ်။
အဲဒီကြောင့် တကိုယ်ကောင်းဆန်လွန်းတဲ့သူကြောင့် ထိုသူရဲ့မိသားစု ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝန်း၊ အပေါင်းအသင်းတွေတနည်းမဟုတ် တနည်းအားဖြင့် ထိခိုက်နိုင်ပါတယ်။ တကိုယ်ကောင်းဆန်သူက အခြားသူတွေကို သူ့ရဲ့ကိုယ်ကျိုးအတွက် အသုံးချသင့်ရင် အသုံးချမှာပါ။ လှေကားလို့နင်းသင့်ရင် နင်းမှာပါ။ သူ့ရဲ့စိတ်ထဲမှာ သူ့အတွက်ကလွဲပြီး အခြားဘယ်သူ့အတွက်မှ ဦးစားပေးတယ်ဆိုတာမရှိနိုင်ပါဘူး။ ပြောရရင်တော့ ကိုယ်ကောင်းဖို့နဲ့ကိုယ်အသာစီးရဖို့သာအမြဲစဉ်းစားနေတတ်ပြီးပတ်ဝန်းကျင်အတွက် ဘာကောင်းကျိုးမှ မပေးတဲ့လူ့အဆိပ်လိုလူမျိုးပါပဲ။

**Self-love**
--------------
ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့သူမျိုးကျပြန်တော့ ဘဝမှာ အမြဲအဆင်မပြေမှုတွေကြုံနိုင်တယ်ဆိုတာ သိနားလည်ပြီး အဆင်မပြေတဲ့ကြားထဲက ပျော်ရွှင်အောင်နေထိုင်တတ်သူတွေပဲဖြစ်ပါတယ်။ အဆင်မပြေပေမယ့် အတတ်နိုင်ဆုံး ပျော်အောင်နေထိုင်တတ်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပဲဆိုတာ သူတို့ကသဘောပေါက်ကြပါတယ်။ အဲဒါအပြင် သူ့တို့စိတ်ထဲမှာ ရှင်းလင်းနေအောင် နေဖို့ကြိုးစားမယ်၊ သူတို့ဘဝတိုးတက်ဖို့ သမာအာဇီဝနည်းလမ်းနဲ့ တလှမ်းခြင်း ကြိုးစားလျှောက်မယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားခြင်းက ကိုယ့်ဘဝတိုးတက်မှုအတွက်ဖြစ်ပြီး ကိုယ့်ဘဝတိုးတက်အောင်ကြိုးစားခြင်းကလည်း ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုမုန်းတီးတဲ့သူတွေကို အာရုံစိုက်ခြင်းက ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော ထိခိုက်စေတာကို နားလည်ကြပြီး ကိုယ့်ကိုချစ်ခင်တဲ့သူတွေကိုသာ အာရုံစိုက်ရမှာကို နားလည်ပါတယ်။ သူတို့ကိုယ်သူတို့ ကျန်းမာရေးကောင်းစေဖို့၊ ရောက်နေတဲ့ဘဝ၊ ရရှိပိုင်ဆိုင်ထားတာလေးတွေနဲ့ ပျော်ရွှင်အောင်နေထိုင်တတ်ဖို့၊ သူတို့ဖြစ်ချင်တာလေးတွေ၊ ဝါသနာပါရာလေးတွေလုပ်ဖို့ စသဖြင့် ကောင်းသောအရာတွေနဲ့ ကိုယ့်ကိုကိုယ်ပြုစုစောင့်ရှောက်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။

ရခဲလှတဲ့လူ့ဘဝမှာ အသက်ရှင်နေခြင်းက ပိုပြီးတန်ဖိုးရှိတာကို သေချာနားလည်ထားပြီး ရရှိနေတုန်းလူ့ဘဝကို လူဖြစ်ကျိုးနပ်အောင် ရှင်သန်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဆိုတာကိုလည်း သူတို့နားလည်တတ်ပါတယ်။ သူတို့ကြောင့် ပတ်ဝန်းကျင်ကိုမထိခိုက်စေချင်သလို၊ ပတ်ဝန်းကျင်ကြောင့်လည်း သူတို့ကိုယ်သူတို့ အထိခိုက်တော့မခံပါဘူး။ ကိုယ့်ကိုကိုယ်ချစ်ခင်တတ်တဲ့လူနဲ့ တကိုယ်ကောင်းစိတ်ရှိတဲ့လူ ထိုလူအမျိုးအစားနှစ်ယောက်ရဲ့ဘဝက တဖြေးဖြေးတိုးတက်လာတာခြင်းတူပေမယ့် ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်နဲ့နေထိုင်တဲ့သူက သူ့ရဲ့ဘဝမှာ အကောင်းဘက်ကတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။ အဲဒါအပြင် လူမှုအပေါင်းအသင်း၊ ဆက်ဆံရေးတွေမှာလည်း အဆင်ပြေသလို၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကလည်း အကောင်းဘက်ကဖြစ်နေမှာပါ။
တကိုယ်ကောင်းဆန်တဲ့လူတွေကတော့ ရုပ်ဝတ္ထုပစ္စည်း၊ လူနေမှုအဆင့်အတန်း စတာတွေ မြင့်မားလာပေမယ့် လူမှုဆက်ဆံရေး၊ သူတို့ကိုယ်တိုင်ရဲ့စိတ်ထဲမှာတော့ ဘယ်တော့မှအေးချမ်းမှုနဲ့ အကောင်းဘက်ကရလဒ်ရှိမှာမဟုတ်ပါဘူး။ အမြဲလို အတ္တကြောင့် ပူလောင်နေမှာဖြစ်ပါတယ်။ မိတ်ဆွေစစ်ဆိုတာလည်း မရှိသလို တကယ်တမ်းအရေးကြုံလာတဲ့အခါမှာ ဘယ်သူကမှ ထိုသူ့မျိုးကို ဝန်းရံမှာမဟုတ်ပါဘူး။

**Selfish** & **Self-love**
အချုပ်ဆိုရရင် ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ရခဲလှတဲ့လူ့ဘဝမှာ ရတုန်းလေး လူဖြစ်ရကျိုးနပ်အောင် ရှင်သန်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။ တကိုယ်ကောင်းဆန်ခြင်းကတော့ ကာယကံရှင်ကိုယ်တိုင်သာမက၊ ပတ်ဝန်းကျင်ရှိလူအကုန်လုံးကို ထိခိုက်စေနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ လူရဲ့သဘာဝအရ အတ္တကတော့ အနည်းအများပဲကွာခြားတာမို့ အတ္တလေးအနည်းငယ်တော့ စွက်ကြတာချည်းပါပဲ။ ဒါပေမယ့် အတ္တစိတ်လွန်ကဲလာတာက ကိုယ့်အတွက်ကော ပတ်ဝန်းကျင်အတွက်ကော မကောင်းနိုင်ပါဘူး။ အဲဒါကြောင့် လူ့ဘဝတိုတိုလေးမှာ နေထိုင်ရှင်သန်ရတုန်း ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့စိတ်လေးမွေးပါ။ အတ္တကို လိုတာထက်မပိုစေဘဲ တတ်နိုင်သမျှ အတ္တလျှော့ပြီး တကိုယ်ကောင်းဆန်တတ်ခြင်းကို ပြုပြင်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

27/07/2023

လူတွေပြောနေကြတဲ့ Self-love ဆိုတာကို နားလည်မူလွဲပီးပြုမူနေတဲ့ လူတွေရှိကြတယ်၊ မိမိကိုယ့်ကိုချစ်တယ်ဆိုပေမယ့် ကိုယ့်ကိုကိုယ့်ချစ်တဲ့နည်းက သူတစ်ပါးကိုမထိခိုက်ဖို့ လိုအပ်ပါတယ်၊ သူတစ်ပါးကို ထိခိုက်စေပီဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ အတ္တကြီးတဲ့သူတစ်ယောက်ဖြစ်နေပါပီ

ဒီလို့လူကို သင်ကြုံနေရပီလား ...................

အကယ်၍ အောက်ပါအချက်တွေနဲ့လူတစ်ယောက်အနားမှာရှိနေတယ်ဆိုရင်တော့ "Self-love person" မဟုတ်ဘဲ "Selfish person" ဆိုတာ သင်သတိထားသင့်ပါပီနော်

(၁) ကောင်းတဲ့အရာအားလုံးဟာ သူတို့အတွက်ဖြစ်ရမယ်။ ( someone)
mydesc: -> သင်ရဲ့ အတွေးတွေ အမြင်တွေက တခြားသူတွေနဲ့ယဉ်ရင် အမြဲတမ်း သူကသာ အကောင်းဆုံးတွေပိုင်ဆိုင်ရမယ်လို့ တွေးမြင်စေချင်တာမျိုး။
(၂) သူတို့ကို အမြဲတမ်းအလေးပေးရမယ်။ ( someone)
mydesc: -> နေ့စဉ်အပြုအမူ၊ လုပ်ဆောင်ချက်၊ အကုန်လုံးက သူတို့ကသာဦးစားပေးပဲဖြစ်စေချင်တာမျိုး။
(၃) သင့်ကို ချုပ်ကိုင်နေမယ် ( someone)
mydesc: -> သင်ဟာသူနဲ့မတွေ့ခင် အရင်ထဲကစနောက်ပီးပျော်ပျော်နေတက်သူမျိုးဖြစ်ခဲ့ရင် သူနဲ့တွေ့ပီးတဲ့ချိန်မှာ သင်ရဲ့ ပုံမှန်အမူအကျင့်တွေကအစ ချုပ်ကိုင်နေတာမျိုး။
(၄) တာ၀န်ယူမှုမရှိကြဘူး။ ( someone)
mydesc: ->သင်တို့ကြားမှာရှိတဲ့ကောင်းတဲ့အရာတစ်ခုခုဆို သူကြောင့်သာဖြစ်ပြီး/ သူပြုလုပ်ခဲ့တဲ့ ဆိုးရွားတဲ့အရာတစ်ခုခုဖြစ်ခဲ့ရင်တော့ သင်ကြောင့်ဖြစ်တာဆိုပြီး အပြစ်ပုံချပီး သူတို့နဲ့မဆိုင်တဲ့ပုံမျိုး၊ သူတို့ကသာခံရသူပုံစံမျိုး ပြုမူတက်ကြပါတယ်။

20/07/2023

❝အဆုံးစီရင်ခြင်းနှင့် ကျွန်တော်တို့မသိခြင်းများ❞

အဆုံးစီရင်ခြင်းအကြောင်းပြောတဲ့အခါ ကျွန်တော်တို့ပြောဖြစ်ကြတာက စိတ်ဖိစီးမှုတွေ၊ ဆက်ဆံရေးပြတ်တောက်မှုတွေ၊ ဘဝအခက်အခဲတွေ၊ ငွေကြေးကျပ်တည်းမှုတွေ စသဖြင့် အပြန်ပန်းကနေလှမ်းမြင်နိုင်တဲ့အရာတွေပေါ့။ ဒီလိုမြင်နိုင်တဲ့အရာတွေနောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တဲ့လူတစ်ယောက်အဖို့ မမြင်နိုင်တဲ့အခက်အခဲတွေ ဘယ်လောက်တောင်များပြားနေခဲ့မလဲ။

အဆုံးစီရင်တာနဲ့ပတ်သက်လာရင် ရုပ်ရှင်တွေမှာအရင်ဆုံးအမှတ်ရမိတာက The Shawshank Redemption ထဲက လူအိုကြီး Brooks၊ ပြီးတော့ 3 Idiots ထဲက Joy Lobo။ Brooks က ပုံစံစနစ်တစ်ခုအတွင်းမှာ နှစ် ၅၀ လောက်ရှင်သန်လာခဲ့ရပြီးမှ ပြင်ပလောကကြီးထဲကို စေလွှတ်ခံရတဲ့ဖိအားတွေကြောင့် လောကကြီးကို နှုတ်ဆက်သွားခဲ့။ Joy Lobo ကတော့ မိဘရဲ့ဖိအား၊ ဆရာရဲ့ဖိအား၊ ယဥ်ကျေးမှုတစ်ခုအောက်က စံနှုန်းတွေရဲ့ဖိအားတွေကြောင့် ဒီကမ္ဘာကြီးကို ခွဲခွာသွားခဲ့။ သူတို့မှာ အသက်ဆက်ရှင်သန်ဖို့အားကင်းမဲ့သွားတာ ဘာကြောင့်များလဲ။

Inception ရုပ်ရှင်မှာလည်း အိပ်မက်နဲ့ ပြင်ပဘဝ မသဲကွဲတော့တဲ့ Mel တစ်ယောက် Cobbs တားတဲ့ကြားကနေ တိုက်ပေါ်က ခုန်ချသွားခဲ့တယ်။ လူအများအမြင်မှာတော့ သူဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သူပေါ့။ တကယ်တမ်း Mel ရဲ့ရည်ရွယ်ချက်က သူအိပ်မက်လို့ထင်မှတ်နေတဲ့နေရာကနေ လွတ်မြောက်ချင်တာပါပဲ။ သူခုန်ချသွားတဲ့ကမ္ဘာက အိပ်မက်ဖြစ်ပါစေ၊ တကယ့်အပြင်ဘဝဖြစ်ပါစေ Mel က သူမရှင်သန်ချင်တော့တဲ့နေရာကနေတော့ လွတ်မြောက်သွားတာပဲမဟုတ်လား။ ဘာကြောင့်များ သူမရှင်သန်ချင်တော့ရပါလိမ့်။

All the Bright Places ရုပ်ရှင်က Theodore လည်း အတူတူပေါ့။ ချစ်တဲ့သူတစ်ယောက်ရှိလာခဲ့လို့ ဘဝကြီးက အဓိပ္ပါယ်ရှိသယောင်ပြန်ခံစားလာရချိန်မှာမှ ငယ်စဥ်က စိတ်ဒဏ်ရာတွေပြန်ပေါ်လာတော့ နက်လှပါတယ်ဆိုတဲ့ရေကန်ထဲကို အပြီးတိုင်ခုန်ချသွားခဲ့။ အဆုံးစီရင်ခြင်းဟာ စနက်တံမပြုတ်သေးတဲ့ ဗုံးတစ်လုံး အချိန်မရွေးပေါက်ကွဲနိုင်သလို၊ ထိရှမှတ်ကိုမရောက်သေးတဲ့ ဆူးတစ်ခုလို။ ကျွန်တော်တို့ရဲ့ စက်ဝန်းထဲက ချစ်ရတဲ့သူတွေမှာရော ဒီလိုဆူးဝင်နေသူတွေ ဘယ်နှယောက်တောင် ရှိနေနိုင်မလဲ။

အဆုံးစီရင်ဖို့အထမမြောက်ခဲ့ပေမယ့် ကိုယ့်ဘဝကိုယ်အဆုံးသတ်ဖို့ကြိုးစားခဲ့တဲ့ဇာတ်ကောင်တွေလည်း တပုံတပင်ပါပဲ။ ချစ်သူကစွန့်ပစ်သွားလို့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံရောက်သွားရတဲ့ Little Miss Sunshine က ဦးလေးဖြစ်သူ Frank၊ ဖိအားဒဏ်တွေကို မလွန်ဆန်နိုင်တော့လို့ ရွှေပွဲလာပရိသတ်ရှေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပြန်ပစ်တဲ့ Birdman (Riggan)။ ပြောရင် ကုန်မယ်မထင်ပါဘူး။ သူတို့တွေကရော အဆုံးမစီရင်နိုင်ခဲ့လို့ နောင်တရနေမိမလား။ ဘဝကို ဆက်ရှင်သန်ဖို့ အားရှိကြပါ့မလား။

စိတ်ဓာတ်ကျနေမှ၊ မျက်နှာမှိုင်ကျပြီး ကိုယ်လက်မအီမသာဖြစ်နေပုံပေါက်မှ အဆုံးစီရင်နိုင်ခြေရှိကြေးလို့ပြောရင် မင်းသားကြီး Robin Wiliams က တမလွန်ကနေ မခို့တရို့ရယ်မိမယ်ထင်ပါရဲ့။ ရုပ်ရှင်ချစ်သူတိုင်း လေးစားအားကျအတုယူချင်စရာ ဇာတ်ကောင်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့သူ၊ ဓာတ်ပုံတွေမှာ အမြဲတမ်းပြုံးရွှင်နေသူ၊ ဒီလိုလူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ကျွန်တော်တို့ကို နှုတ်ဆက်သွားမယ်လို့ ဘယ်ထင်မိမှာလဲ။ လူတွေကိုအားဖြစ်စေမယ့် သီချင်းတွေဖန်တီးပေးခဲ့တဲ့ Chester နဲ့ Avicii တို့လည်း ဒီလိုပုံစံနဲ့ ခွဲခွာသွားမယ်လို့ ဘယ်သူကကြိုမြင်မိမှာလဲ။

တကယ်တမ်း ကျွန်တော်တို့တွေဟာ အဆုံးစီရင်ခြင်းနဲ့ ပတ်သက်လာရင် မသိခြင်းတွေသိပ်များပါသေးတယ်။ အဆုံးစီရင်ခြင်းရဲ့အကြောင်းအရင်းတွေကို စဥ်းစားလိုက်ရင် စိတ်ဓာတ်ကျလို့၊ ထွက်ပေါက်မရှိလို့၊ အထီးကျန်လို့၊ အရက်စွဲလို့၊ တန်ဖိုးထားရတဲ့တစ်စုံတစ်ယောက် ကိုယ့်ဘဝထဲကနေ အပြီးတိုင်ထွက်ခွာသွားလို့ဆိုတဲ့ ယေဘုယျဆန်ဆန်သုံးသပ်ချက်တွေပဲ ထွက်လာမိတယ်။ သူတို့မှာ ကျွန်တော်တို့မသိတဲ့ဖိအားတွေ ဘယ်လောက်များရှိနေမလဲ။ နေ့စဥ်ရက်ဆက်ခံစားရတဲ့ စိတ်ဓာတ်ကျမှုတွေကို ဘယ်လောက်ကြာကြာ အံတုနေခဲ့ရမလဲ။ ဘဝမှာ အခြားရွေးစရာလမ်းမရှိတော့ဘူးလို့ ဆုံးဖြတ်ရလောက်တဲ့အထိ ဘယ်လောက်များ ချောင်ပိတ်နေမိခဲ့ကြမလဲ။ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ အကူအညီတွေ ဘယ်လောက်တောင်းနေခဲ့ကြမလဲ။ ဒီစာကို ရေးနေတဲ့အချိန်မှာတောင် လူဘယ်နှယောက်လောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ တွေးမိနေကြမလဲ။ လူတွေသေရင် ဘယ်ရောက်သွားမလဲ ဘယ်သူမှသေချာမသိနိုင်သလိုပဲ အဆုံးစီရင်သူတစ်ယောက်ရဲ့ အတွေးထဲမှာလည်း ဘာတွေကိန်းအောင်းနေမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးထင်ပါရဲ့။

မသိခြင်းတွေများနေသေးလည်း လက်ပိုက်ကြည့်နေလို့တော့မဖြစ်ပါဘူး။ ကျွန်တော်တို့အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ နားထောင်ပေးဖို့၊ နှစ်သိမ့်ပေးဖို့၊ ချစ်ပေးကြဖို့ ရုပ်ရှင်တွေက သင်ပေးထားတယ်မဟုတ်လား။ ကိုယ်ချစ်တဲ့မိသားစု၊ အိမ်ထောင်ဖက်၊ သားသမီး၊ ချစ်သူ၊ သူငယ်ချင်း၊ အသိမိတ်ဆွေတွေမှာ အချိန်မရွေး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်နိုင်ခြေရှိကြတယ်ဆိုတာ သတိချပ်ကြစေချင်ပါတယ်။ လူတိုင်းမှာ ဖိအားတွေရှိကြပါတယ်။ ကိုယ့်ကို အဆုံးစီရင်ခြင်းဆိုတဲ့ ချောက်ကမ်းပါးဆီ နေ့စဥ်တွန်းပို့နေတဲ့ ဆူးချွန်တွေရှိကြပါတယ်။ ကျွန်တော်တို့တွေ ကိုယ့်ရဲ့ဆူးချွန်တွေကိုလည်း ဖယ်ရှားရင်း၊ သူတပါးရဲ့ ဆူးချွန်တွေကိုလည်း ကူညီနှုတ်ယူပေးရင်း လက်တွဲရှင်သန်ကြရအောင်ပါ။ ဒီစာကိုမရေးခင် နှစ်ရက်အလိုမှာ ကျွန်တော့်အသိညီလေးတစ်ယောက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ဘဝကြီးကို နှုတ်ဆက်ခွဲခွာသွားခဲ့ပါတယ်။ ဘယ်ဆူးတွေက သူ့ကို ဒီလမ်းဆီတွန်းပို့ခဲ့သလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာကတော့ သူ့အဖို့ အဲ့ဒီဆူးချွန်တွေဖယ်ရှားချင်စိတ်ဖြစ်အောင် စကားတွေမပြောပေးမိခဲ့တဲ့၊ “ငါတို့ရှိတယ်ကွ” လို့အားမပေးမိခဲ့တဲ့၊ ရုပ်ရှင်တွေမကြည့်ခိုင်းမိခဲ့တဲ့ ကျွန်တော့်လစ်ဟာမှုတွေပါပဲ။

နောင်တဆိုတာ နောင်မှရသလို ရတဲ့အခါလည်း သိပ်ခံစားရပါတယ်။ ဒါပေမယ့် ခါးသီးတဲ့အမှန်တရားတစ်ခုက ကျွန်တော် ဝမ်းနည်းပူဆွေးနေလို့ ဒီညီလေး ပြန်လာတော့မှာမဟုတ်ပါဘူးဆိုတာပါပဲ။ ကျွန်တော့်အဖို့ကတော့ ရှေ့ဆက်လျှောက်မယ့်လမ်းမှာ ဒီညီလေးနည်းတူ ခံစားကြုံတွေ့နေရတဲ့အခြားလူတွေရဲ့ ဆူးချွန်တွေကို ကိုယ်တတ်နိုင်သလောက် ကူညီဖယ်ရှားပေးဖို့သာ တတ်နိုင်ပါတော့တယ်။ အခုလို တိုင်းပြည်နာမကျန်းဖြစ်ပြီး အဖက်ဖက်က ယိုယွင်းပျက်စီးနေချိန်မှာ ဖေးမမှုနဲ့ အဖော်သဟဲပြုမှုဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပိုလို့တောင် လိုအပ်နေသေးတယ်။ ဒီကာလဟာ အချင်းချင်းပိုမိုကြင်နာရမယ့်ကာလပါ။ ပိုမိုရိုင်းပင်းရမယ့်ကာလပါ။ ပြောစကားတွေကိုနားထောင်ပေးပြီး လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ကြိုးစားရမယ့်ကာလပါ။

စာဖတ်သူတွေကို ကျွန်တော့်လိုနောင်တမျိုးမရစေချင်ပါ။ ဒါကြောင့် အသက်ရှင်နေစဥ်အခိုက်အတန့်လေးမှာ အချင်းချင်းစကားတွေပြောပါ၊ အားပေးကြပါ၊ ဘဝမှာတစ်ခုခုလုပ်ဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကလေး ကိန်းအောင်းနေအောင် ကိုယ်ကြိုက်တဲ့ရုပ်ရှင်တွေကို ကြည့်ဖို့တိုက်တွန်းပေးပါ။ ကျွန်တော်တို့ကမ္ဘာမှာ ကျွန်တော့်အသိညီလေးလို၊ Brooks လို၊ Joy Lobo လို၊ မင်းသားကြီး Robin Williams လိုဇာတ်သိမ်းမျိုး ထပ်ပြီးမရှိသင့်တော့ပါ။ လွမ်းခန်းတွေ ရောက်ရင် မျက်ရည်ဝဲရတာမှန်သော်ငြားလည်း သဘာဝတရားကြီးကြောင့်ဖြစ်တည်ရတဲ့ လွမ်းခန်းတွေကိုပဲ အလိုရှိပါတော့တယ်။ မသိခြင်းတွေများလှတဲ့ အဆုံးစီရင်ခြင်းတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့သိခြင်းရှိပြီးသား အကူအညီတွေ ပေးကမ်းတာဟာ လက်တွေ့ကျတဲ့ဖေးမမှုပဲမလား။

အနုပညာလက်ရာတွေခံစားနိုင်ဖို့ဆိုတာ ရှင်သန်နေမှဖြစ်မှာမဟုတ်လားခင်ဗျာ။

20/07/2023
20/07/2023

#လူပဲလေ အဆင်မပြေတဲ့
အခိုက်အတန့် လေးဆိုတာ ရှိပါတယ် ၊

ခဏတဖြုတ် လောက်အဆင်မပြေဖြစ်နေတာကို
သည်းမခံနိုင်ဘူးလား ?
ကိုယ့်ခေါင်းထဲမှာ ဝင်လာတဲ့ အတွေးဟာသိပ်အရေးကြီး
တယ်နော် " ငါ့တစ်ယောက်ထဲ မှမဟုတ်တာ ..ဒီအဆင်မပြေတာကြီးက ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်တတ်ဖို့လိုတယ်။

ဒီလိုမှမဟုတ်ပဲ ..
အဆင်မပြေတာလေးတွေက်ို တွေးတော ပြီး
စိတ်ဓာတ်ကျ နေရင် "
ရှေ့ဆက် ဘာတစ်ခုမှအဆင်ပြေမှာမဟုတ်ဘူး ။

ထစ်ခနဲ ဆို စိတ်ဓာတ်ကျ တတ်တဲ့ အကျင့်
မင်းစီမှာ ရှိနေရင် ပြင်လိုက်ပါ။

စိတ်ညစ်တယ် "စိတ်ဓာတ်ကျ တယ်ဆိုပြီး
ထွက်ပေါက် တစ်ခုအနေနဲ့ သောက်စားမူးယစ်နေရင်း
လက်ရှိ ဖြစ်ပျက် နေတဲ့ ပြဿနာ ခဏပဲပြေပျောက်ပါလိမ့်မယ်။

သွေးပူ နေတုန်းမှာ ဘာတစ်ခုမှ
ချက်ခြင်းကြီးဆုံးဖြတ်ချက်ချဖို့မစောပါနဲ့..
အဲ့ခဏတာ ဆုံးဖြတ် ဟာ အမှားနဲ့မကင်းနိုင်ပါဘူး။

ခဏတာအမှားဟာ ..
တစ်ဘဝစာအတွက်..
နောင်တ ဆိုတာအမြဲရှိစမြဲပါ ။

ကိုယ့်က စိတ်ဓာတ်ကျ နေတဲ့အနေအထားမှာဆိုရင်,.
အေးချမ်းတဲ့ စာပေကောင်းလေးတွေကို ရွေးဖတ်ပါ
မိမိအတွက် ခွန်းအားဖြစ်စေမှာပါ ။

ပန်းပျိုးလက် N.S.M✍️
PANNPHYOLATT
ဇူလိုင် ၁၂

20/07/2023
20/07/2023

7..အချိန်တိုင်းမှာကိုယ့်ကိုယ်ကိုဂရုစိုက်ပြီး
ကိုယ့်ကိုယ်ကိုပိုချစ်ပါ..

လူ့ဘဝက ခဏတာပါပဲ
နောက်ဘဝဆိုတာရှိရင်တောင်ငါတို့မှတ်ညဏ်တွေကတစ်ဘဝစာပဲခံပါတယ်..

ဒါကြောင့်သေချာပေါက်ပျော်ရွှင်ရပါမယ်.

https://youtu.be/uwVUKfVUi4A
03/07/2023

https://youtu.be/uwVUKfVUi4A

အပတ်စဉ် စနေနေ့တိုင်း တင်ဆက်နေကြဖြစ်တဲ့ “Oak Aw Podcast” ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်ဆွေးနွေးမယ့်ခေါင်းစဉ...

02/09/2021

Address


Website

Alerts

Be the first to know and let us send you an email when Diary of Elna Zan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Diary of Elna Zan:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share