The Whole Burma Freedom

  • Home
  • The Whole Burma Freedom

The Whole Burma Freedom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Whole Burma Freedom, Media/News Company, .

အမေစုမျိုးရိုးကို ကုလားမျိုးလို့ပြောတာ မကျေနပ်လို့ ဒီသမိုင်းကိုရှာနေတာ ခုမှတွေ့တော့တယ်▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️လူသိ...
15/06/2022

အမေစုမျိုးရိုးကို ကုလားမျိုးလို့ပြောတာ မကျေနပ်လို့ ဒီသမိုင်းကိုရှာနေတာ ခုမှတွေ့တော့တယ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
လူသိနည်းတဲ့ ဗိုလ်ချုပ်ရဲ့ ပါရမီဖြည့်ဖက် ဒေါ်ခင်ကြည် အကြောင်းအပြည့်အစုံ
----------------------------------------------------------------
🔲မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သော
တိုင်းပြုပြည်ပြုလုပ်ငန်းများအမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
သို့ကလို ၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာ၀တီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်း၀န်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ (၁၉၁၂) ခုနှစ် ဧပြီလ (၁၆) ရက်​အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉)ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မွေးချင်းမောင်နှမများမှာ …

၁။ ဦဘလွင်
၂။ ဒေါ်ခင်သောင်း
၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)
၄။ ဦးဘကျော်
၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)
၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)
၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)
၈။ ဦးသိန်း (လူပျိုကြီး)
၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ဇနီး) တို့ဖြစ်ပါသည်။

ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် ABM မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။
မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာ၀န်ထမ်းဆရာအဖြစ် နှစ်အတန်၊ကြာအောင်လုပ်ခဲ့သည်။

ထို့နောက် ဝါသနာအရ မိမိဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။

စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာ၀န်ထမ်းဆောင်ရွက်ခဲ့သည်။

ယင်းနောက်အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောၤ နှင့်ပြန်လာသည်။
(၁၉၄၂) တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု (၂၄၆) သင်တန်းဆင်းဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘမော်
အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီး ဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ
(ရဲဘော်သုံး ကျိပ် ဗိုလ်လက်ျာ၏ညီ၊ (၁၉၃၈) ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံလာတက်ရာမှ၊ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။

ထို့နောက် (၁၉၄၂) စက်တင်ဘာ (၆) တနင်္ဂနွေနေ့တွင်ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီး
အရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီးအောင်ဆန်းစုကြည်
(ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။

အထွေးဆုံးသမီးကလေးကို (၁၉၄၆) စက်တင်ဘာလ (၂၂) တွင်ထွန်းကားခဲ့သော်လည်း အဖတ်မတင်ဘဲ (၅) ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန် ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)ရှိ ရေကန်တွင် (၁၉၅၃) ဇန်နဝါရီ (၁၆) တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။

ဒေါ်ခင်ကြည်သည် (၁၉၄၇) ဇူလိုင် (၁၉) ရက် နံနက် ( ၁၀ : ၃၅ နာရီတွင် ) ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ဖော်ကိုင်ဖက် အခြား ၀န်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ် သူချမှတ်ခဲ့သော တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ သည်။

ဖဆပလ၏တာ၀န်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် (၁၉၄၇) မှ (၁၉၅၁) အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ (၁၉၄၇) သြဂုတ် (၂) တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာ၀န်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် …

“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါ၀င်နိုင်တဲ့ဘက်တွင်ပါ၀င်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမ်ိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။ လူထုကို ကျမပြောလိုတာကတော့ မိမိတို့ အားကိုးယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကို ရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

၊ဒေါ်ခင်ကြည်သည် (၁၉၄၇ – ၅၃) တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေး၀န်၊

(၁၉၅၃ – ၅၈) တွင် လူမှု၀န်ထမ်း စီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာ၀န် ထမ်းဆောင်သည်။

ထိုသို့တာ၀န်ယူဆောင်ရွက်နေစဉ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လူမှု၀န်ထမ်းကောင်စီဥက္ကဌ၊

မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊

ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးအသင်းများကောင်စီ ဥက္ကဌ၊

ဒီမိုကရေစီသဘောတရား
တိုးတက်ပြန်ပွားရေးအသင်း ဥက္ကဌ၊

မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊

မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့၀င် အမျိုးသမီးအုပ်ချုပ်ရေးမှူးး၊

ရာမာခရစ်ရ်ှနာသာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။

ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင်သူနာပြု
လုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်၀င်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ်
(၁၉၄၉) တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ (၁၉၅၀) တွင် ကိုလံဘိုကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင်ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာ၀န်ပေးအပ် ခံရသည်။

၁၉၅၀၊၁၉၅၁၊၁၉၅၂ ခုနှစ်များတွင် ဂျီနီဗာကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံများကို
မြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီး
သွားရောက်ခဲ့သည်။

(၁၉၅၉ – ၆၀) နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာ၀န်များကို ဖိဖိစီးစီး တာ၀န်ယူဆောင်ရွက် ပေးခဲ့သည်။

သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည်
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးမခံခဲ့ချေ။

ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား (၁၉၆၀) ပြည့်နှစ် မေလ (၁၉) ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသည်။

ဇွန်လတွင်နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာ၀န်ပေးအပ်ခြင်းခံခဲ့ရသည်။

မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် (၇) နှစ်တာမျှ တာ၀န်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၆၇) ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေး၀န်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏
ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်၀တ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။

ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအား လိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသောအခါ ဒေါ်ခင်ကြည်က …

“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။

ဤသို့ ဒေါ်ခင်ကြည်သည် နေအ်ိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း (၁၉၈၇)၊ဇန်န ဝါရီလ (၁၀) တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။

ကမ်ဘာ့သာသနာပြု အဂ္ဂမဟာပဏ္႑ိတအရှင်သေဋိလက အင်္ဂဘာသာဖြင့် တ၇ားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း) ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။

လန်ဒန်မြို့တွင်၂လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့၊ပြန်လည်ရောက်ရှိလာခဲ့သည်။ယင်းနောက် (၁၀) အကြာ (၁၉၈၈) မတ်လအကုန်ပိုင်းတွင်
ပြင်းထန်သောလေဖြတ်ရောဂါဖြစ်ပွားခဲ့သောကြောင့်
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ကြီးအားပြုစုရန် မြန်မာနိုင်ငံသို့
လာရောက်နေထိုင်ခဲ့သည်။

ထို့နောက် (၁၉၈၈) ဒီဇင်ဘာလ (၂၇) ရက်နံနက် (၇) နာရီ (၁၇) မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်၏
လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဒေါ်ခင်ကြည်သည် ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမန်၊ဆောင်ရွက်ခဲ့မှုကြောင့်

(၁၉၅၀) ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ်

(၁၉၅၁) ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊

(၁၉၅၅) ခုနှစ် တွင် ယူကိုဇလာဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်)

နှင့်

ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။

(၁၉၈၉) ခုနှစ်၊ ဇန်နဝါရီလ l၂ ) ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ကြွင်းကျန်သော
ရုပ်ကလာပ်ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တောင်မှိုင်း၏ ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရားခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြား မြေကွက်လပ်၌ဂူဗိမာန်တည်ဆောက်
သဂြိုဟ်ခဲ့လေသည်။

Source အထ္တုပ္ပတ္တိ ပေါင်းချုပ်

PDF ကို စိန်ခေါ်ဖူးခဲ့သည့် Myanmar Idol Season- 2 မှ ဇင်ကြီး ပစ်Tatခံရကြောင်းသိရ ‼️ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင...
06/06/2022

PDF ကို စိန်ခေါ်ဖူးခဲ့သည့် Myanmar Idol Season- 2 မှ
ဇင်ကြီး ပစ်Tatခံရကြောင်းသိရ ‼️

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဧကရာဇ်ဟိုတယ်ဘေး အလုပ်သမားတန်းလျားမှာ ၂၀၂၂၊ ဇွန်လ (၅) ရက်၊ ည(၁၁)နာရီခွဲက Myanmar Idol Season- 2 အဆိုတော် ဇင်ကြီးကို အမည်မသိအမျိုးသား(၄)ယောက်က ပစ် Tat သွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံလိုက်ရတဲ့ ဇင်ကြီး (ခ)ဇင်ဝင်းထိုက်ဟာ ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ချိုစောင်း ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဝဲလက် ကျိုးဒဏ်ရာ၊ ဝဲမျက်လုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ကိုရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့တာလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်သည်ရဲ‌ဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီး...
30/05/2022

ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်သည်ရဲ‌ဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ကြည့်ရှု၊ ဂုဏ်ပြုစကားပြောကြား

၂၀၂၂ ခုနှစ် မေလ (၃၀) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်ရဲဘော်များကို မေလ (၂၄) ရက်တွင် သွားရောက် ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။
ယာယီသမ္မတသည် ရှေ့တန်းစခန်းရှိ PDF စစ်သည်ရဲဘော်များနှင့်တွေ့ဆုံရာတွင် "ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်းများဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်၍ အထူးလေးစားဂုဏ်ယူပါကြောင်း၊ ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြသည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများသည် လုံးဝ အဟောသိံကံ ဖြစ်မည်မဟုတ်ကြောင်း၊ ဤသို့သော ရင်းနှီးပါဝင်ခြင်းများကြောင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း၊ PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊ ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ Professional စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်း‌ကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း၊ ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦး‌ပြည်သူ့တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်းစသဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် PDF စစ်သည်ရဲဘော်များ၏ ဆွေးနွေးမှုများ၊ မေးခွန်းများကို ယာယီသမ္မတသည် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး၊ ဖြေကြားခဲ့ပါသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့သည် စစ်စခန်းတွင်း အခြေအနေများ၊ PDF စစ်သည်တော်များ၏ လိုအပ်ချက်နှင့် စားဝတ်နေရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာယီသမ္မတသည် PDF စစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်သည်တော်များ၏ အလေးပြုနှုတ်ဆက်မှုကို ခံယူပြီးနောက် စခန်းမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။

‼️ အားပေးကြပါဦးနော် 🙏🙏 ‼️နိုင်ငံပျောက်သူကို ယူကျုမှာကြည့်လို့ရပါပြီ။4days ago ဆိုပြီးပေါ်နေတာကတော့ ကျနော်တို့YouTube pol...
30/05/2022

‼️ အားပေးကြပါဦးနော် 🙏🙏 ‼️

နိုင်ငံပျောက်သူကို ယူကျုမှာကြည့်လို့ရပါပြီ။

4days ago ဆိုပြီးပေါ်နေတာကတော့ ကျနော်တို့
YouTube policy နဲ့ အဆင်ပြေ မပြေ စစ်ဖို့အတွက်
ကြိုပြီးတော့ တင်ထားတာမို့ပါ။

အဲ့တုန်းကလည်း အစပိုင်းမှာ နိုင်ငံပျောက်သူကို
ကြော်ငြာမဖွင့်ပေးပါဘူး ၊ အဲ့ဒါနဲ့ YouTube team
နဲ့ စကားပြောပြီး ဟိုပြင် ဒီပြင်လုပ်လိုက်တော့
ကြော်ငြာပြန်ဖွင့်ပေးပါတယ်။

အဲ့မှာ setting တွေ privacy တွေ ပြောင်းရင်းနဲ့
Video ကို public လုပ်လိုက်မိလို့ 4days ago
ဆိုပြီးပေါ်နေတာပါ။

ဒါပေမယ့် subscribe လုပ်ထားသူတွေရော
Subscribe မလုပ်ထားသူတွေရော ဝင်ကြည့်တဲ့အခါ
ထိပ်ဆုံးမှာ နိုင်ငံပျောက်သူကိုမြင်ရအောင်
လုပ်ထားပါတယ်။

အဓိကက ပြည်တွင်းဆို VPN သုံးပြီးဝင်ကြည့်ပါ။
(ပြည်ပဆိုမသုံးလည်းရ)ကြော်ငြာတွေကို ကျော်ပစ်ပါ။

ကြော်ငြာမတက်ဘူးဆိုရင် ဖုန်းကို restart ချပြီး
VPN ချိတ်ပြီး ပြန်ဝင်ကြည့်ပါ။

Facebook ပေါ်မှာ ပြန်ကူးတင်တာ ၊ လင့်တွေ
ချပေးတာမျိုးမလုပ်ဖို့လည်း တောင်းဆိုပါတယ် ✌️

Address


Website

Alerts

Be the first to know and let us send you an email when The Whole Burma Freedom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share