Magway သတင်းမှန်

  • Home
  • Magway သတင်းမှန်

Magway သတင်းမှန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Magway သတင်းမှန်, Media/News Company, .

15/01/2023
14/01/2023

Fact Check
^^^^^^^^^^^^^^
#ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်ကျင်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက် ရပ် ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် စစ်ကားတန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်ကား ၂ စီးထိမှန်ပြီး စစ်တပ်ဘက်မှ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး မှာ ဆေးရုံတင်ပို့ ကုသနေကြောင်း သိရှိရတယ်လို့ Khit Thit Media Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
#ဇန်နဝါရီလ ၉ ရက်နေ့ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် စကစတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
Thit Media Page မှ ဖြစ်စဉ်မရှိဘဲ စကစတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ကြံရေးသားကာ အများပြည်သူများထံ လိမ်ညာဝါဒဖြန့်ထားခြင်းဖြစ်ပါတယ်။

://t.me/factcheckmm

14/01/2023

Fact Check
^^^^^^^^^^^^^^
#ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ခ)ရပ်ကွက်၊ ၁၆၂ လမ်း တွင် တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံနေသူများကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force –FLA အဖွဲ့ က ပြောတယ်လို့ Khit Thit Media Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
#ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ခ)ရပ်ကွက်၊ ၁၆၂ လမ်းတွင် ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
Thit Media Page မှ ဖြစ်စဉ်မရှိဘဲ တည်ငြိမ်မှုကို ပျက်ပြားစေပြီး အကြမ်းဖက်မှုများဖြစ်စေရန် လှုံ့ဆော်ရေးသားခြင်းနှင့် အများပြည်သူများ ထိတ်လန့်စေရန် လိမ်ညာ ဝါဒဖြန့်ထားခြင်းဖြစ်ပါတယ်။

://t.me/factcheckmm

14/01/2023

Fact Check
^^^^^^^^^^^^^^
#စစ်ကောင်စီအင်အား ၃၀ လောက်နဲ့ ခြေလျင်ထွက်လာတဲ့ စစ်ကြောင်း ကို မိတ္တီလာမြို့နယ်၊ သစ္စာပြုတောင်နဲ့ ကံဦးစုံပြကျေးရွာကြားမှာ RPG ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။"နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက စစ်ကြောင်းထွက်လာတာ။ သစ္စာပြုတောင်နဲ့ ကံဦး စံပြကျေးရွာအကြားမှာ တိုက်ခိုက်ခဲ့တာပါ။ စစ်သား ၇ ယောက်ကျပြီး ၃ ယောက်ထိပါတယ်။ သူတို့ဘက်ကရမ်းသမ်းပစ်ခတ်မှုတော့ ရှိပါတယ်။ ပစ်ခတ်ခံရပြီး သူတို့စစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်"လို့ Meiktila Black Eagle အဖွဲ့ခေါင်းဆောင် ဗိုလ်ဇာတ်လိုက်က ပြောပါတယ်လို့ မြေလတ်အသံ - Myaelatt Athan Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
#ဇန်နဝါရီလ ၉ ရက်နေ့ မိတ္တီလာမြို့နယ်၊ သစ္စာပြုတောင်နဲ့ ကံဦးစုံပြကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များအား PDF များ တိုက်ခိုက်တဲ့ ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
#မြေလတ်အသံ - Myaelatt Athan Page မှ ဖြစ်စဉ်မရှိဘဲ စကစတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းအတုများလုပ်ကြံရေးသားပြီး အများပြည်သူများထံ လိမ်ညာ ဝါဒဖြန့်ထားခြင်းဖြစ်ပါတယ်။

://t.me/factcheckmm

14/01/2023

Fact Check
^^^^^^^^^^^^^^
#စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၇ နာရီက ချင်းတွင်းမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အား ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ဓားမဆိုင်းတပ်မတော် (D M S A)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၂၁ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ PDF များထံမှ သိရတယ်လို့ Ayeyarwaddy Times Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
#ဇန်နဝါရီလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ရေယာဉ်အား PDF များ ချုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
Times Page မှ ဖြစ်စဉ်မရှိဘဲ စကစတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများလုပ်ကြံရေးသားပြီး အများပြည်သူများထံ လိမ်ညာ ဝါဒဖြန့်ထားခြင်းဖြစ်ပါတယ်။

://t.me/factcheckmm

14/01/2023

Fact Check
^^^^^^^^^^^^^^
#တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာ၌ စစ်ကောင်စီတပ်များက ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောတယ်လို့ Mizzima - News in Burmese Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်ရှိပါတယ်။
#ဇန်နဝါရီလ ၁၁ ရက်နေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာရှိ ဒေသခံ ဦးအောင်ဝင်း၊ ဦးမျိုးသိန်း၊ ဒေါ်မမဲနှင့် ဒေါ်ကြည်ရွှေ တို့၏ နေအိမ်များအား PDF များမှ လက်နက်အားကိုးဖြင့် ဒလန်အိမ်များဟု စွပ်စွဲကာ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ်များအတွင်းရှိ အဖိုးတန် ရွှေ၊ငွေ ပစ္စည်းများကိုလည်း အတင်းအဓမ္မလုယက်ယူ ဆောင်သွားကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
- News in Burmese Page မှ PDF တွေရဲ့ ပြည်သူအပေါ် အနိုင်ကျင့် ယုတ်မာတဲ့ လုပ်ရပ်ကို ဗြောင်လိမ်ကာ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားစေရန် သိက္ခာမရှိ လိမ်ညာဝါဒဖြန့်ထားခြင်းဖြစ်ပါတယ်။
Page၊ Ayeyarwaddy Times Page၊ Khit Thit Media Page နှင့် မြေလတ်အသံ - Myaelatt Athan Page တို့မှလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မရေးဘဲ Mizzima နည်းတူ ဗြောင်လိမ်ကာ အရှက်မရှိ လိမ်ညာရေးသား၍ ဝါဒဖြန့်ထားပါတယ်။

://t.me/factcheckmm

Address


Website

Alerts

Be the first to know and let us send you an email when Magway သတင်းမှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share