Myanmar Sports Corner

  • Home
  • Myanmar Sports Corner

Myanmar Sports Corner Soccer and Sports News

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမိုင်း ယာမယ်ရဲ့ ဖခင်ဟာ ဗုဒ္ဓဟူးနေ့ညနေက ဘာစီလိုနာမြို့မှာ ဓားထိုးခံခဲ့ရပါတယ်။မျက်မြင်သက်သ...
15/08/2024

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမိုင်း ယာမယ်ရဲ့ ဖခင်ဟာ ဗုဒ္ဓဟူးနေ့ညနေက ဘာစီလိုနာမြို့မှာ ဓားထိုးခံခဲ့ရပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောစကားအရ လမိုင်း ယာမယ်ရဲ့ဖခင် မူနီရာ နက်စရာဝီဟာ ခွေးကျောင်းထွက်ချိန် အမျိုးသားအုပ်စုတစ်ခုရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရချိန်အတွင်း ဓားနဲ့အထိုးခံခဲ့ရတာပါ။

နက်စရာဝီဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရပေမယ့် တည်ငြိမ်တဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

ပထမပိုင်းက ရလဒ်အတိုင်းပဲ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးချဲလ်ဆီးအသင်းဟာ ယူအက်စ်အေက ရာသီကြိုခရီးစဉ်ရဲ့ နောက်ဆ...
07/08/2024

ပထမပိုင်းက ရလဒ်အတိုင်းပဲ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယူအက်စ်အေက ရာသီကြိုခရီးစဉ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနား၊ ရှားလော့တ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ နောက်ထပ်တစ်ကြိမ် လာမယ့်ရာသီသစ်မတိုင်ခင် နည်းပြသစ် အန်ဇို မာရက်စ်ကာ ဖြေရှင်းရမယ့် ခံစစ်ပြဿနာကို မြင်တွေ့ခဲ့ရပြီး အနောက်လန်ဒန်အသင်းဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ ၄ နှစ်ဆက်ချန်ပီယံ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။

လူးကပ်စ် ဗက်စ်ကွက်ဇ်နဲ့ ဆီဘာယော့စ်တို့ရဲ့ ပေါင်းစပ်ကစားမှုကနေတဆင့် ရီးရဲလ် မက်ဒရစ်အသင်းက ချဲလ်ဆီးကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဘရာဟင် ဒီယက်ဇ်က နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာပါ။

ချဲလ်ဆိးအသင်းအတွက် သိပ်မကြာခင်မှာပဲ နိုနီ မာဒူအဲခီက ပထမပိုင်း ပွဲကစားချိန် မပြီးဆုံးခင်မှာပဲ ဂိုးတိုင်နားမှာ အနီးကပ်ခေါင်းတိုက်ချက်နဲ့အတူ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးသွားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ချဲလ်ဆီးက နောက်ထပ် ချေပဂိုးတွေ ရှာမတွေ့ခဲ့လို့ ပထမပိုင်းအပြီး ရလဒ်အတိုင်းပဲ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အန်ဇို မာရက်စ်ကာရဲ့အသင်းအတွက်တော့ မန်စီးတီးနဲ့ ဆဲလ်တစ်တို့ကို ကြီးမားတဲ့ ရှုံးပွဲတွေ ရင်ဆိုင်ခဲ့ရသလို တတိယတန်းအသင်း ဝရက်စ်ဟမ်းနဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ပြီးနောက်ပိုင်း အတ္တလန်တစ်မှာ ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာတော့ နောက်ဆုံး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ် ပြန်ပြီး အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ရာသီသစ် မစတင်ခင် ဝါဆောမှာ အတ္တလန္တာနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ကစားသွားရမှာဖြစ်တာကြောင့် ဖလားတစ်လုံး စောစောစီးစီး ကိုင်မြှောက်နိုင်ဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ အေစီမီလန်နဲ့ အပြင်းထန်ဆုံးပြိုင်ဘက် ဘာစီလိုနာတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူအက်စ်အေ ခရီးစဉ်ကို ကောင်းမွန်တဲ့ရလဒ်နဲ့ အဆုံးသတ်ခွင့် ရခဲ့တာဖြစ်ပြီး အမ်ဘာပေ၊ ဘယ်လင်ဟမ်တို့လို ကမ္ဘာ့ထိပ်တန်းကစားသမားတွေ ပြန်မပါနိုင်သေးပေမယ့် တော်တော်လေး လူစုံတက်စုံ ပြန်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ဩဂုတ်လ ၁၄ ရက်နေ့မှာ ယူအီးအက်ဖ်အေ စူပါဖလားပွဲကစားပြီးတာနဲ့ မာယော်ကာအသင်းနဲ့ လာလီဂါရာသီကို စတင်ဖွင့်လှစ်သွားရတော့မှာ ဖြစ်ပါတယ်။

ယူရိုဖလားရပေမယ့် စော်ပစ်ခံလိုက်ရတဲ့ လမိုင်း ယာမယ်ဘာစီလိုနာကြယ်ပွင့် လမိုင်း ယာမယ်ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ အဲလက်စ် ပါဒီလာက...
31/07/2024

ယူရိုဖလားရပေမယ့် စော်ပစ်ခံလိုက်ရတဲ့ လမိုင်း ယာမယ်

ဘာစီလိုနာကြယ်ပွင့် လမိုင်း ယာမယ်ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ အဲလက်စ် ပါဒီလာက တခြားကောင်တစ်ကောင်ရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး တစ်တီတူး ချစ်ကြည်နူးနေတဲ့ ဗီဒီယိုဖိုင်ကို မြင်ခဲ့ပြီးနောက် အင်စတာဂရမ်ပေါ်မှာ unfollow လုပ်ပြီး စော်ပစ်ကောင်ဘဝ ခံယူလိုက်ပြီလို့ သိရပါတယ်။

စပိန်ကြယ်ပွင့်ရဲ့ ချစ်သူဟာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ အခြားအမျိုးသားတစ်ယောက်ရဲ့ ပေါင်ပေါ်မှာ ထိုင်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာပရိသတ်တွေကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်လေးကို Cheat သွားတဲ့ ဖော်လော်မော် သမော်တော်ဆော်ဆိုပြီး ဝိုင်းဝန်း ထောပနာပြုခဲ့ကြပါတယ်။

ပါဒီလာဟာ စပိန်အသင်း ဗိုလ်စွဲခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲအပြီးမှာ လမိုင်း ယာမယ်နဲ့အတူ အောင်ပွဲခံခဲ့ပြီး ပြိုင်ပွဲအပြီးမှာလည်း မီလန်ကို ခရီးထွက်ပြီး မူစကူဒူးခဲ့ကြသေးတာဖြစ်ပါတယ်။

လမိုင်း ယာမယ်က မီလန်က ခရီးစဉ်အတွင်း ဇိမ်ခံရေပေါ်စားသောက်ဆိုင်မှာ မနက်စာ အတူတူစားနေတဲ့ပုံတွေတောင် တင်ခဲ့သေးပြီး အဲဒီလမှာပဲ သူတို့ ၂ ယောက်တွဲနေကြတဲ့အကြောင်း လူသိရှင်ကြား ကြေညာခဲ့တာပါ။

ပါဒီလာကလည်း လမိုင်း ယာမယ်ကို အမှီပြုပြီး ယူရိုပြိုင်ပွဲအပြီး တစ်တော့မှာ ပရိသတ် ၇ သိန်းခွဲအထိ ရရှိခဲ့ပြီး အဲဒီမတိုင်ခင်ကထက် ပရိသတ်ဦးရေ ၂ ဆအထိ ရရှိခဲ့တာပါ။ အခုတော့ ခြံခုန်ကလိန်ခြုံမရဲ့ ယာမယ်ကို ပြပြီး ဖော်လိုဝါရှာသွားတဲ့ အကွက်က ဖုံးမရဖိမရ ပေါ်လာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာလူငယ်ကြယ်ပွင့်လေးကတော့ ဩဂုတ်လ ၁၂ ရက်နေ့ ကစားရမယ့် ယိုအန် ဂမ်ပါဖလားပြိုင်ပွဲအမီ အသည်းကွဲတာ ပျောက်တယ်ဆိုတဲ့ဆေးကို လိုက်ရှာရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ယူအက်စ်အေက ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ ၂-၁ နဲ့ ...
28/07/2024

မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ယူအက်စ်အေက ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယူအက်စ်အေက ရာသီကြိုခြေစမ်းပွဲကို အားကောင်းတဲ့ပုံစံနဲ့ စတင်ချင်ခဲ့ပြီး ပထမဆုံး စက္ကန့် ၉၀ အတွင်းမှာပဲ ယိုရို ခေါင်းတိုက်ရှင်းထုတ်မှုက လွဲချော်ခဲ့လို့ ဂျေးဇု ဘောလုံးရသွားပေမယ့် အိုနာနာ ထွက်ဆွဲတာမြန်လို့ ဂိုးမပေးခဲ့ရတာပါ။

၆ မိနစ်မှာ မေဆန် မောင့်ရဲ့ တန်ပြန်တိုက်စစ်ဆင်ပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို အာမက် ဒီရယ်လိုက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ အဆုံးသတ်ခဲ့ပေမယ့်လည်း အာဆင်နယ်ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာပါ။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အာဆင်နယ်က မန်ချက်စတာယူနိုက်တက် ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပြီး ဟာရီ မက်ဂွိုင်းယားက ဖြတ်တင်ဘောကို ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

အိုနာနာက နွာနယ်ရီရဲ့ အနီးကပ် ကန်သွင်းချက်ကို အထင်ကြီးဖွယ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီးနောက်ထပ် တစ်မိနစ် မပြည့်ခင်မှာပဲ သရဲနီတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဟွိုင်လန်းက ရယူပြီးနောက် ဂိုးရှေ့ကို တဟုန်ထိုးပြေးသွားခဲ့ပြီး အာဆင်နယ်နောက်ခံလူတွေကို လှလှပပ လိမ်ခေါက်ဖြတ်ကျော်ပြီး ကားလ် ဟိန်း ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာပါ။

နောက်ထပ် ၂ မိနစ်အကြာမှာ မန်ချက်စတာယူနိုက်တက်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်တော့မယ့်ပုံပေါ်ခဲ့ပြီး ဝမ်ဘစ်ဆာကာက ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဟွိုင်လန်းရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာပါ။

ကံဆိုးစွာနဲ့ပဲ ဒိန်းမတ်ကြယ်ပွင့်ဟာ ဂိုးကန်သွင်းပြီးနောက် အကျမတော်ဖြစ်ခဲ့ပြီး သက်တောင့်သက်သာ မဖြစ်တဲ့ပုံပေါ်ခဲ့တာကြောင့် တန်ဟက်က ကြယ်ပွင့်တိုက်စစ်မှူးကို အရဲစွန့် ဆက်မသုံးချင်လို့ မက်ဂျ်ဘရီနဲ့ လူစားလဲခဲ့တာပါ။

အားထားရတဲ့ တိုက်စစ်မှူးကို စောစောစီးစီး ဆုံးရှုံးလိုက်ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က အာရုံစူးစိုက်မှု ကျမသွားခဲ့ဘဲ ဟန်နီဘယ် မက်ဂျ်ဘရီကလည်း အသင်းရဲ့ ကစားပုံနဲ့ ချက်ချင်းကို အသားကျသွားခဲ့ပါတယ်။

အာမက် ဒီရယ်လိုက ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးပေါက်ကန်သွင်းမှုပြုလုပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် အာဆင်နယ်ခံစစ်က ပိတ်ဆို့နိုင်ခဲ့တာကြောင့် နောက်ထပ် ဂိုးရရှိမယ့် အခွင့်အရေး လွဲချော်ခဲ့တာပါ။

အာဆင်နယ်ကလည်း ချေပဂိုး ပြန်သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီး ဂျေးဇုက ထရော့ဆာ့ဒ်ကို မျှောထိုးပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘစ်ဆာကာက လျင်လျင်မြန်မြန်ပဲ ပိတ်ဆို့နိုင်ခဲ့တာကြောင့် အန္တရာယ်ရှိတဲ့အနေအထားကနေ လွတ်မြောက်သွားခဲ့တာပါ။

ဒါပေမယ့်လည်း နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ သရဲနီတို့ ကံဆိုးခဲ့ပြီး ဂျေးဇုက ဂျော်ဂျင်ညိုရဲ့ ပေးပို့မှုကို အဆုံးသတ်ဖို့ ပင်နယ်တီဧရိယာထဲ ပြေးဝင်ခဲ့နောက် အဆုံးသတ် ကန်သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဂျေးဇုက လူကျွံနေခဲ့ပေမယ့်လည်း နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဒိုင်လူကြီးက အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ဂိုးကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ မိနစ် ၃၀ မှာ ရေသောက်အနားချိန်ပေးခဲ့ပြီး ကစားသမားသစ် ယိုရိုက သက်တောင့်သက်သာမဖြစ်တဲ့အကြောင်း ပြောခဲ့တာကြောင့် နောက်ထပ် ကြိုတင်ကာကွယ်မှုအနေနဲ့ ရိုင်းစ် ဘန်းနက်စ်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒဏ်ရာပြဿနာကြောင့် အဓိကကစားသမားတွေ အနားပေးခဲ့ရမှုက ချက်ချင်းဆိုသလို သိသာခဲ့ပြီး မေဆန် မောင့်က ပင်နယ်တီဧရိယာထဲကို မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို မက်ဂျ်ဘရီက အချိန်မီ ပြေးဝင်မပိတ်သွင်းနိုင်ခဲ့တာပါ။

ဒီနေရာမှာ ဟွိုင်လန်းလိုမျိုး တိုက်စစ်မှူး စစ်စစ်သာဆိုရင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မှာဖြစ်ပြီး ပထမပိုင်း ပြီးခါနီးမှာ ကိုလီယာက ပင်နယ်တီဧရိယာထဲကို အထင်ကြီးဖွယ် ပြေးဝင်ခဲ့ပြီးနောက် အာဆင်နယ်ခံစစ်ကို လဲပြိုစေခဲ့ပေမယ့် သူ့ကန်ချက်က ပိတ်ဆို့ခံခဲ့ရတာပါ။

လူငယ်ကြယ်ပွင့်ဟာ ပထမပိုင်း တစ်ပိုင်းလုံး အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ တစ်ဖက် ၁ ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အိုနာနာကလွဲပြီး ကျန်တဲ့တစ်သင်းလုံး လူသစ်တွေနဲ့ ကွင်းထဲ ပြန်ဝင်လာခဲ့ပြီး အစောပိုင်းမှာ ၂ သင်းစလုံးဟာ ကွင်းလယ်တိုက်ပွဲမှာ အသာစီးရဖို့အတွက် ရုန်းကန်ခဲ့ပေမယ့် ဘယ်သူမှ အသာစီး မရခဲ့တာပါ။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ လူစာရင်း အပြောင်းအလဲ မလုပ်ထားတဲ့ အာဆင်နယ်လူစာရင်းနဲ့ ယှဉ်ရင်တော့ အထင်ကြီးစရာကောင်းတဲ့ ကစားပုံမျိုး ပြသနိုင်ခဲ့တာပါ။

၅၇ မိနစ်မှာ ထရော့ဆာ့ဒ်က မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ရယူပြီး အားပါပြင်းထန်တဲ့ အနီးကပ်ကန်ချက်နဲ့ ဂိုးကန်သွင်းခဲ့ပေမယ့် အိုနာနာက အထင်ကြီးဖွယ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာပါ။

အီဗန်စ်ကလည်း အန္တရယ်ရှိတဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက် ရှင်းထုတ်နိုင်ခဲ့ပြီး ၆၅ မိနစ်မှာမန်ချက်စတာယူနိုက်တက်က ဒုတိယပိုင်းအတွင်း ပထမဆုံး တိုက်စစ်ခြိမ်းခြောက်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

မက်တော်မီနေးရဲ့ တန်ပြန်တိုက်စစ်ဆင်ပြီး ပင်နယ်တီဧရိယာအစွန်က အန်တိုနီကို ခင်းပေးလိုက်တဲ့ ဘောလုံးကို တောင်ပံကစားသမားက ပြန်ချပေးခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ စကော့တလန် ကွင်းလယ်လူက ထပ်ပေးစရာ အသင်းဖော် ရှာမတွေ့ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ဆက်လက်ဖိအားပေးခဲ့ပြီး အဲရစ်ဆင်က အဝေးကန်ချက်နဲ့ ဂိုးကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် လူထိလမ်းကြောင်း ပြောင်းပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့တာပါ။

အဲရစ်ဆင်က ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ထောင့်ကန်ဘောကန်တင်ပေးပို့မှု ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးက တစ်ချက်ထိ ပိတ်သွင်းယူနိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်မှ ဘောလုံးကို ပိတ်သွင်းယူနိုင်တဲ့ အကွာအဝေးမှာ ရှိမနေခဲ့တာပါ။

နောက်ထပ် ၁၅ မိနစ်မှာ အဲရစ်ဆင်က ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းပေးခဲ့ပြီး ဆန်ချိုကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက အာဆင်နယ်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ပင်နယ်တီဧရိယာထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဟဲဗန်းက ဖျက်ထုတ်နိုင်ခဲ့တာပါ။

ပွဲကစားချိန် ၁၀ မိနစ်ပဲ ကျန်တော့တဲ့အချိန်မှာ ဂါဘရီယဲလ် မာတီနယ်လီက အာဆင်နယ်အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး စကန်လွန်ရဲ့ ညံ့ဖျင်းတဲ့ လူကပ်ကစားပုံကြောင့် ဘရာဇီးလ်ကြယ်ပွင့်က ပင်နယ်တီဧရိယာထဲမှာ နေရာလွတ်အများကြီးရခဲ့လို့ လိမ်ခေါက်ပြီး ဂိုးကန်သွင်းသွားခဲ့တာပါ။

နောက်ထပ် ၅ မိနစ်အကြာမှာ အဲရစ်ဆင်က ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပြီး အာဆင်နယ်ဂိုးသမား ကားလ်ဟိန်းက ဂိုးစည်းပေါ်ကနေ ဘောလုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရရှိခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်အတွင်း ဝင်ရောက်လာချိန်မှာ ဂျွန်နီ အီဗန်စ်က ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဝှိတလေက ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာပါ။

နောက်ထပ် စက္ကန့်အနည်းငယ်အကြာမှာ ကွင်းလယ်ဒိုင်က ပွဲပြီး ဝီစီမှုတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဟာ အဆုံးသတ်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အာဆင်နယ်က ပထမဆုံး ကန်သွင်းခွင့်ရခဲ့ပြီး ဗီယာရာက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးပင်နယ်တီကို မက်တော်မီနေးက ကန်သွင်းခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် ဒုတိယမြောက် ပင်နယ်တီကိုတော့ ကိုင် ဟာဗတ်ဇ်က ကန်သွင်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အိုနာနာက ကာကွယ်နိုင်ခဲ့ပါတယ်။

ဂျွန်နီ အီဗန်စ်က မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယမြောက်ပင်နယ်တီကို ကန်သွင်းခဲ့ပြီး ဝါရင့်နောက်ခံလူကလည်း အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာပါ။

အာဆင်နယ်ရဲ့ တတိယမြောက်ပင်နယ်တီကို ခီဗီယောက ကန်သွင်းခဲ့ပြီး စိတ်ပျက်စရာကောင်းလောက်အောင်ပဲ လွဲချော်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်မှူး ဝှိတလေကလည်း တတိယမြောက် ပင်နယ်တီမှာ ကားလ် ဟိန်းနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့ပါတယ်။

အာဆင်နယ်အတွက် စတုတ္ထမြောက်ပင်နယ်တီကိုတော့ အနိုင်ဂိုးရှင် မာတီနယ်လီက ကန်သွင်းခဲ့ပြီး အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် စတုတ္ထမြောက်ပင်နယ်တီကို ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်က ကန်သွင်းခဲ့ပြီး ဂိုးအောက်ထောင့်ထဲကို မြေလှိမ့်ဘောကန်သွင်းခဲ့ရာမှာ ကားလ်ဟိန်း ဒိုင်ဗင်ပစ်တာ နောက်ကျသွားလို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် ပဉ္စမမြောက် ပင်နယ်တီကို ဂါဘရီယဲလ်က ကန်သွင်းခဲ့ပြီး အာဆင်နယ်နောက်ခံလူက အိုနာနာ ညွှန်ပြတဲ့ဘက်ကိုပဲ ကန်သွင်းခဲ့ပေမယ့် မန်ယူနိုက်တက်ဂိုးသမားက ဆန့်ကျင်ဘက်ကို ဒိုင်ဗင်ပစ်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ပဉ္စမမြောက် အဆုံးအဖြတ် ပင်နယ်တီကို ဂျေဒန် ဆန်ချိုက အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပြီး တန်ဟက်ရဲ့အသင်းက ပင်နယ်တီ ၅ လုံးမှာ ၄ လုံးဝင်ခဲ့ပြီး အာဆင်နယ်က ၃ လုံးသာ ဝင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၄-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကျွန်တော်တို့က ဒုတိယရွေးချယ်စရာတွေ မဟုတ်ဘူး-ဂျွန် အိုဘီ မီခေး“ခင်ဗျား အင်္ဂလန်အတွက် ကစားပေးဖို့ ဆုံးဖြတ်ရင် အဲဒီဆုံးဖြတ်...
27/07/2024

ကျွန်တော်တို့က ဒုတိယရွေးချယ်စရာတွေ မဟုတ်ဘူး-ဂျွန် အိုဘီ မီခေး

“ခင်ဗျား အင်္ဂလန်အတွက် ကစားပေးဖို့ ဆုံးဖြတ်ရင် အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်ပါ။ ထိုင်ပြီး စောင့်နေပါ။ လူစာရင်းထဲ ခေါ်တာ မခံရဘူးဆိုရင် နောက်လည်း အခေါ်ခံရမှာမဟုတ်တော့ဘူး။ ဒါပေမယ့် အသက် ၂၉ နှစ်အထိတော့ မစောင့်နေပါနဲ့။ အဲဒီကျရင် နိုင်ဂျီးရီးယားအတွက် ကစားပေးချင်တယ်လို့ ပြော။ ကျွန်တော်တို့က ဒုတိယရွေးချယ်စရာတွေမဟုတ်ဘူး”

အန်းဆလော့လက်ထက် ပထမဆုံးနိင်ပွဲရယူပေးခဲ့တဲ့ ဆဘိုဆလိုင်းလီဗာပူးလ်ဟာ ပစ်စ်ဘာ့ဂ်မှာ ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေ...
27/07/2024

အန်းဆလော့လက်ထက် ပထမဆုံးနိင်ပွဲရယူပေးခဲ့တဲ့ ဆဘိုဆလိုင်း

လီဗာပူးလ်ဟာ ပစ်စ်ဘာ့ဂ်မှာ ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အန်းဆလော့လက်ထက်မှာ နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပရက်စတန်နဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာတုန်းက ရှုံးနိမ့်ခဲ့ပေမယ့်လည်း ယူအက်စ်အေ ရာသီကြိုခရီးစဉ်မှာ ပထမဆုံး တရားဝင်ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာတော့ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလား၊ ဒေါမနစ် ဆဘိုဆလိုင်းတို့ဟာ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခဲ့ကြပြီး ဒီကစားသမား ၂ ဦးပေါင်းစပ်ပြီး ပထမပိုင်း မပြီးဆုံးခင်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး ၁၀ မိနစ်အလိုမှာ အီဂျစ်တိုက်စစ်မှူး ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆဘိုဆလိုင်းက ဂိုးအောက်ထောင့်ထဲကို အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဆလော့က ဂိုးရပြီးတာနဲ့ ရေသောက်အနားယူချိန်အတွင်း ကာတစ် ဂျုံးစ်ကို အနားပေးခဲ့တာဖြစ်ပါတယ်။

ကာတစ် ဂျုံးစ်နေရာမှာ အသက် ၁၇ နှစ်အရွယ် ထရေး ညိုနီကို လူစားဝင်ကစားစေခဲ့ပြီး ဆယ်ကျော်သက်ကွင်းလယ်ကစားသမားဟာ မိနစ် ၄၀ ကျော်ပါဝင်ကစားပေးခဲ့ချိန်အတွင်း အထင်ကြီးစရာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ညိုနီဟာ ဘောလုံးနဲ့အတူ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်မှုကို ပြသခဲ့ပြီး နောက်ထပ် ပထမအသင်းမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးအများကြီး ရှိတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ အန်း ဆလော့က မိနစ် ၆၀ ကျော်မှာ အပြောင်းအလဲ ၈ ခု အထိ လုပ်ဆောင်ခဲ့ပြီး အဲဒီအပြောင်းအလဲကြောင့် ဒုတိယပိုင်းပွဲကစားချိန်အများစုက ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ နောက်ထပ် ဂိုးသွင်းယူဖို့ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့ပြီး ဟာဗီး ဘလဲက ဂိးသမားကို လှည့်ထွက်ပြီး ကိုင်ဒီ ဂေါ်ဒွန်ဆီ ထိုးပေးခဲ့ရာမှာ ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းရတာကြောင့် ဂိုးသမားမရှိတဲ့ ဂိုးပေါက်အလွတ်ထဲကို ဝင်အောင် မကန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘန် ဒုတ်ခ်ကလည်း ညာတောင်ပံမှာ တောက်ပခဲ့ပြီး ရီးရဲလ်ဘက်တစ်နောက်ခံလူကို ကျော်ဖြတ်ပြီး ပင်နယ်တီဧရိယာထဲ ၂ ကြိမ်အထိ ထိုးဖောက်နိုင်ခဲ့ပေမယ့် လီဗာပူးလ်တို့အတွက် နောက်ထပ် သွင်းဂိုးတွေက ရောက်မလာတော့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ နောက်လာမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်း ၂ ပွဲအတွက် လက်ရှိမှာတော့ အာရုံစိုက်နေပြီဖြစ်ပြီး ဖီလာဒဲလ်ဖီးယားမှာ အာဆင်နယ်နဲ့ ကစားပြီးရင် ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

တန်ဟက်ကို ပြုတ်စေချင်ခဲ့တဲ့ သရဲနီကြယ်ပွင့်ကို ပြောပြခဲ့တဲ့ အိုဝင်မိုက်ကယ် အိုဝင်က မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟာ...
25/07/2024

တန်ဟက်ကို ပြုတ်စေချင်ခဲ့တဲ့ သရဲနီကြယ်ပွင့်ကို ပြောပြခဲ့တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟာ အဲရစ် တန်ဟက်ရဲ့ အိုးထရက်ဖို့ဒ်က နည်းပြရာထူးကို ဆုံးရှုံးစေချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အဆင့် ၈ နေရာနဲ့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆင့်အနိမ့်ဆုံး ရာသီသိမ်းခဲ့ရပြီးနောက် အဲရစ် တန်ဟက်ရဲ့ နေရာမှာ နည်းပြသစ် ခန့်အပ်ဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သောမတ်စ် တူဟယ်ပါအဝင် နည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေနဲ့ စကားပြောဆိုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရခဲ့တဲ့အတွက် တန်ဟက်ကိုပဲ ဆက်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အိုဝင်က ဆန်ချိုအနေနဲ့ ပြီးခဲ့တဲ့ရာသီအစမှာ ဒတ်ချ်လူမျိုးနည်းပြနဲ့ ပြဿနာတက်ခဲ့ပြီးနောက် တန်ဟက်ကို မန်ချက်စတာယူနိုက်တက်က ထုတ်ပယ်ဖို့ ဆုတောင်းခဲ့လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီနွေရာသီမှာ ဒေါ့မွန်နဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လာခဲ့သူဖြစ်ပြီး တန်ဟက်နဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုခဲ့ပြီးနောက် သဘောမတူတာတွေ ဘေးဖယ်ပြီး တူတာတွေကို ဆက်လုပ်သွားကြဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပြန်လည် ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး လာမယ့်ရာသီသစ်မှာ အသင်းလူစာရင်းထဲ နေရာတစ်ခု ရရှိဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

“ဂျေဒန် ဆန်ချိုက တကယ်ကို အန္တရာယ်ရှိတဲ့ အပြောင်းအရွှေ့ကို လုပ်ခဲ့ပေမယ့် သူ တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မှာ နည်းပြ အပြောင်းအလဲဖြစ်ဖို့ ပိုပြီး ဆန္ဒရှိခဲ့မယ်ဆိုတာ ကျွန်တော် သေချာပြောနိုင်ပြီး အဲဒီလိုဆိုရင် သူ စိတ်ရှင်းရှင်းနဲ့ ပြန်လာပြီး နောက်ထပ်တစ်ကြိမ် ပြန်စတင်နိုင်မှာပါ။ သူ့အနာဂတ်က ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ အဝေးကို ထွက်သွားပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်ဆိုတာကို သက်သေပြသခဲ့တာတော့ ကျိန်းသေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ စမစ် ရိုးအတွက် အာဆင်နယ်ကို ကမ်းလှမ်းမှုအသစ် ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ The Athletic သတင်းထောက် ဒေးဗစ် ...
25/07/2024

ဖူလ်ဟမ်အသင်းဟာ စမစ် ရိုးအတွက် အာဆင်နယ်ကို ကမ်းလှမ်းမှုအသစ် ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ ပေါင် ၃၅ သန်းအထိ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုဖြစ်ပြီး ကစားသမားကလည်း အပြောင်းအရွှေ့ပြုလုပ်ချင်နေတာကြောင့် ၂ သင်းကြားမှာ ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဖူလ်ဟမ်ဟာ လက်ရှိမှာ ခရစ္စတယ် ပဲလေ့စ်ထက် လက်ဦးမှုရယူပြီး စမစ် ရိုးကို အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ယူအက်စ်က ရာသီကြို အဖွင့်ပွဲမျာ ဘုန်းမောက်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်အာဆင်နယ်နဲ့ ဘုန်းမောက်တို့ဟာ ယနေ့နံနက်မှာ...
25/07/2024

ယူအက်စ်က ရာသီကြို အဖွင့်ပွဲမျာ ဘုန်းမောက်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်နဲ့ ဘုန်းမောက်တို့ဟာ ယနေ့နံနက်မှာ ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ပုံမှန်ပွဲကစားချိန်အတွင်း သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ဂန်းနားတွေက အနိုင်ရရှိသွားခဲ့ပါတယ်။

ဖေဘီယို ဗီယာရာက ပထမပိုင်း ၁၇ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ မြေမကျဘောကန်ချက်နဲ့ လှလှပပ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း ၇၂ မိနစ်မှာ ဘုန်းမောက်အတွက် ဆီမန်ညိုရဲ့ လူထိလမ်းကြောင်းပြောင်းလာတဲ့ ကန်ချက်ကြောင့် ချေပဂိုး ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်လူစာရင်းထဲက လူငယ်ကစားသမားအများအပြားဟာ အဖိုးတန်တဲ့ ပွဲကစားချိန်တွေ ရရှိခဲ့ပြီး လာမယ့် စနေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကားလ်ဟိန်းက အာဆင်နယ်အတွက် သူရဲကောင်း ဖြစ်ခဲ့ပြီး ဘုန်းမောက်ရဲ့ ပင်နယ်တီ ကန်သွင်းမှု ၂ ကြိမ်အထိ ငြင်းပယ်ခဲ့ပြီးနောက် ခီဗီယောက အာဆင်နယ်အတွက် ၆ ကြိမ်မြောက် အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်းယူပေးခဲ့တာကြောင့် ၅-၄ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မီခေးလ် အာတီတာဟာ လူငယ်တွေနဲ့ အတွေ့အကြုံရှိကစားသမားတွေကို ပေါင်းစပ်ထားတဲ့ လူစာရင်းကို ပွဲထုတ်ခဲ့ပြီး အိုင်ဒန် ဟဲဗန်း၊ နွာနယ်ရီ၊ ဆာလား-အီဒင်း အူလက် အမ်ဟန်းနဲ့ လူးဝစ္စ စကယ်လီတို့အားလုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒီလူငယ်ကစားသမားတွေအားလုံးဟာ အားကောင်းတဲ့ ပထမပိုင်းကစားပုံမှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့ကြပြီး ပွဲကစားချိန် အစောပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများစု ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးက ဘုန်းမောက်တို့က အရင်ဆုံး ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါမနစ် ဆိုလန်ကီရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ၁၇ မိနစ်မှာအာဆင်နယ်က အလွန်ကောင်းမွန်တဲ့ အသင်းလိုက် ကစားပုံနဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ရိစ် နယ်လ်ဆင်က ဘယ်တောင်ပံကနေ နွာနယ်ရီ ပေးလိုက်တဲ့ ဘောလုံးကို မက်စ် အာရွန်စ်ကို ဖြတ်ကျော်နိုင်ပြီးနောက် ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဗီယာရာက အလွန်ကောင်းမွန်တဲ့ မြေမကျကန်ချက်နဲ့ ဂိုးအောက်ထောင့်ထဲကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာက ပထမပိုင်းအပြီးမှာ လူစာရင်းကို အပြောင်းအလဲ တစ်ခုသာ လုပ်ခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ထည့်သွင်းခဲ့ပြီးနောက် တိတ်ဆိတ်တဲ့ ဒုတိယပိုင်း အဖွင့် ၁၅ မိနစ်အတွင်း နောက်ထပ် ဆိုလန်ကီရဲ့ အပိုင်ကန်သွင်းမှုက ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာတော့ နောက်ထပ်ကစားသမားသစ် ၇ ဦးကို အာတီတာက ထည့်သွင်းခဲ့ပြီး ကားလ်ဟိန်းက ဒန်ဂို အူအာတာရာရဲ့ ကန်သွင်းမှုကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ရဲ့ အလွတ်တည်ကန်ဘောကနေ ကန်သွင်းမှုကို နီတိုက အသည်းအသန် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ၇၂ မိနစ်မှာတော့ ဆီမန်ညိုက အိုမာ ရီကစ်ဆီကနေ ဘောလုံး လုယူနိုင်ပြီးနောက် ဂိုးရှေ့ကို တဟုန်ထိုး ပြေးလွှားခဲ့ပါတယ်။

ဘုန်းမောက်ကြယ်ပွင့်ရဲ့ ဂိုးကန်သွင်းမှုက ဘန် ဝှိုက်နဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့ပြီးနောက် ဂိုးအပေါ်ထောင့်ထဲ လည်ကာလည်ကာနဲ့ ဝင်သွားတာကြောင့် ဒီတစ်ကြိမ်မှာတော့ ကားလ်ဟိန်း မကာကွယ်နိုင်လိုက်တာဖြစ်ပါတယ်။

မိုနာကိုကြယ်ပွင့်အတွက် ပေးရမယ့်စျေးသိခဲ့ရတဲ့ မန်ယူမိုနာကိုအသင်းဟာ ဒီနွေရာသီမှာ ယူဆွတ်ဖ် ဖိုဖာနာကို ခေါ်ယူဖို့အတွက် မန်ချ...
24/07/2024

မိုနာကိုကြယ်ပွင့်အတွက် ပေးရမယ့်စျေးသိခဲ့ရတဲ့ မန်ယူ

မိုနာကိုအသင်းဟာ ဒီနွေရာသီမှာ ယူဆွတ်ဖ် ဖိုဖာနာကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ ယူရို ၃၅ သန်းပေးချေဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း အီတလီက သတင်းတွေအရ သိရပါတယ်။

ဒီလမှာ ဇာဇီးနဲ့ ယိုရိုတို့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ဗဟိုကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပီအက်စ်ဂျီကွင်းလယ်ကစားသမား အူဂါတီအတွက် လီဂူးဝမ်းကလပ်က ယူရိုသန်း ၇၀အထိ တောင်းဆိုနေတာဖြစ်ပါတယ်။

ဖိုဖာနာက မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ထပ်ရွေးချယ်စရာ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပြီး မိုနာကိုကွင်းလယ်ကြယ်ပွင့်အတွက် အေစီမီလန်ဆီကနေ ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Sky Sports Italy ရဲ့ ဖော်ပြချက်အရ မိုနာကိုဟာ ဖိုဖာနာအတွက် ယူရို ၁၈ သန်း ကနဦးတုန်းက တောင်းဆိုခဲ့ပြီး အေစီမီလန်က ယူရို ၁၂ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ဆိုရင် သဘောတူညီမှု ရနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရော အက်သလက်တီကို မက်ဒရစ်အသင်းဆီကနေပါ စုံစမ်းမေးမြန်းခြင်းခံခဲ့ရပြီးနောက် မိုနာကိုက ဖိုဖာနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၃၅ သန်းအထိ ၂ ဆ နီးပါး တိုးတောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုဖာနာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၃ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး မိုနာကိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

၅ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ အာရုံစိုက်နေတယ်ဆိုတဲ့ ဂွါဒီယိုလာပပ် ဂွါဒီယိုလာက ဂါးရတ် ဆောက်ဂိတ်နေရာမှာ အင်္ဂလန်နည်းပြသစ်အဖြစ...
23/07/2024

၅ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ အာရုံစိုက်နေတယ်ဆိုတဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက ဂါးရတ် ဆောက်ဂိတ်နေရာမှာ အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မန်ချက်စတာစီးတီးမှာ အလွန်ပျော်ရွှင်နေပြီး လာမယ့်ရာသီအတွက် အာရုံစိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ဟာ လက်ရှိမှာ ယခုလအစောပိုင်းမှာ ရာထူးကနေ နုတ်ထွက်သွားတဲ့ ဆောက်ဂိတ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီး အက်ဒီဟောင်း၊ ဂရေဟမ် ပေါ့တားနဲ့ လီး ကာစလေတို့က နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

မူရီဆီယို ပိုချက်တီနိုနဲ့ ယာဂန် ကလော့ပ်တို့ကလည်း အင်္ဂလန်နည်းပြရာထူးအတွက် နာမည်ထွက်နေသလို ဂွါဒီယိုလာကလည်း အက်ဖ်အေရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း အင်္ဂလန်နည်းပြရာထူးကို လက်ခံနိုင်ခြေရှိလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ လာမယ့်ရာသီမှာ ၅ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“လာမယ့် ရာသီအတွက် ကျွန်တော် တကယ် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် ဒီမှာ တကယ်ပျော်နေပါတယ်။ ရာသီတိုင်း ကျွန်တော် အနားယူဖို့ လိုတယ်။ ကျိန်းသေပေါက် အဲဒါကို ကျွန်တော် လိုအပ်တယ်။ ဒါပေမယ့် ကျွန်တော် အားပြန်ပြည့်တာနဲ့ ပုံမှန်အတိုင်း တူညီတဲ့ အင်အားပြန်ရပြီး ယှဉ်ပြိုင်မှုတွေက ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် သိနေတယ်။ ကျွန်တော်တို့က ဘယ်သူတွေလဲ၊ ကျွန်တော်က ဘယ်သူလဲဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အိုဆီမန်ကို ခေါ်တော့မှာမဟုတ်တဲ့ ပီအက်စ်ဂျီပီအက်စ်ဂျီနဲ့ နာပိုလီတို့ကြား ဗစ်တာ အိုဆီမန်အတွက် မကြာသေးမီက ပြောဆိုဆွေးနွေးမှ...
23/07/2024

အိုဆီမန်ကို ခေါ်တော့မှာမဟုတ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီနဲ့ နာပိုလီတို့ကြား ဗစ်တာ အိုဆီမန်အတွက် မကြာသေးမီက ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နောက်တဆင့် တက်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ပီအက်စ်ဂျီက နာပိုလီလိုချင်တဲ့ စာချုပ်လျော်ကြေးကို ပေးချေသွားမှာမဟုတ်သလို အပြောင်းအရွှေ့မှာ လီကန်းအင်ကိုလည်း အလိုက်အဖြစ် ထည့်သွင်းသွားချင်တဲ့ဆန္ဒမရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်မလာတော့ဘဲ ပီအက်စ်ဂျီက ဂွန်ဆာလို ရာမို့စ်၊ ကိုလို မူအာနီတို့ရှိပြီးသားဖြစ်တာကြောင့် လက်ရှိတိုက်စစ်ကို ကျေနပ်နေတယ်လို့ သိရပါတယ်။

ယူအက်စ် ခရီးစဉ်ကို ဒဏ်ရာကြောင့် မလိုက်ပါနိုင်တဲ့ အာဆင်နယ်ကြယ်ပွင့်မီခေးလ် အာတီတာက အသင်းရဲ့ ယူအက်စ်အေ ရာသီကြို ခရီးစဉ်ကို...
23/07/2024

ယူအက်စ် ခရီးစဉ်ကို ဒဏ်ရာကြောင့် မလိုက်ပါနိုင်တဲ့ အာဆင်နယ်ကြယ်ပွင့်

မီခေးလ် အာတီတာက အသင်းရဲ့ ယူအက်စ်အေ ရာသီကြို ခရီးစဉ်ကို လွဲချော်မယ့် တိုမိယဆုရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်မှုကို သိရှိအောင် ဆေးအဖွဲ့က လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ၂၆ ဦးလူစာရင်းဟာ ဒီအပတ်မှာ ရာသီကြိုကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် လော့စ် အန်းဂျလိစ်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့နဲ့ ခြေစမ်းသွားမှာဖြစ်ပါတယ်

ဒီကလန် ရိုက်၊ ဆာကာ၊ ရမ်းစ်ဒေးလ် ရာယာ၊ ဆာလီဘာတို့အားလုံးဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ပိုင်းအဆင့်တွေအထိ ကစားပေးခဲ့ပြီးနောက် လူစာရင်းထဲ မပါဝင်ခဲ့ဘဲ တိုမိယဆုနဲ့ တီယာနီတို့လည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။

တီယာနီဟာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ စကော့တလန်အတွက် ကစားပေးနေချိန်အတွင်း ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အနားယူရဦးမှာဖြစ်ပြီး တိုမိယဆုကလည်း ဒူးဒဏ်ရာကို ကုသမှုခံယူဖို့ လန်ဒန်မှာ နေခဲ့မယ့်အကြောင်းကို အာဆင်နယ်က ဒီအပတ်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဂျပန်နောက်ခံကစားသမားရဲ့ နောက်ဆုံး ဒဏ်ရာပြဿနာအကြောင်း ဆွေးနွေးရာမှာ အာတီတာက မယုံနိုင်စရာကောင်းတဲ့ ကံဆိုးမှုကို ညည်းတွားခဲ့ပြီး ယူအက်စ်ခရီးစဉ်မှာ မလိုက်ခိုင်းတာက ကြိတင်ကာကွယ်မှုတစ်ခုဖြစ်ပြီး ဆေးဝန်ထမ်းတွေက ဒဏ်ရာကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒါက မယုံနိုင်စရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီကလေးက အရမ်းကြိုးစားပြီး လေ့ကျင့်ရေးမှာ ဒီလို ဒဏ်ရာရခဲ့တဲ့ အခိုက်အတန့်မျိုးနဲ့ ကြုံခဲ့ရပါတယ်။ ဒဏ်ရာအတိမ်အနက်ကို ကျွန်တော်တို့ မသိသေးပါဘူး။ဒါပေမယ့် ကြိုတင်ကာကွယ်မှုအနေနဲ့ သူ့ကို ကျွန်တော်တို့ အဲဒီမှာ ထားခဲ့ပြီး ဘာတွေဖြစ်လာမလဲ ကြည့်တာပေါ့။ ဒီအပတ်မှာ ဖြစ်ခဲ့တာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုက်တ်က အိုးထရက်ဖို့ဒ်ကို ပြောင်းနိုင်ပါတယ်-အူလီ ဟန်းနက်စ်“နောက်ခံကစားသမားတစ်ဦး ထွက်ခွာနိုင်ခြေရှိပါတယ်။ ဒီလိုက်တ်က ဒ...
22/07/2024

ဒီလိုက်တ်က အိုးထရက်ဖို့ဒ်ကို ပြောင်းနိုင်ပါတယ်-အူလီ ဟန်းနက်စ်

“နောက်ခံကစားသမားတစ်ဦး ထွက်ခွာနိုင်ခြေရှိပါတယ်။ ဒီလိုက်တ်က ဒတ်ချ်ပါ။ မန်ချက်စတာယူနိုက်တက်က နည်းပြကလည်း ဒတ်ချ်လူမျိုးပါ။ သူ အသင်းမှာ ဆက်နေမယ်ဆိုရင် ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ အူပါမီကာနိုကိုတော့ ရောင်းမှာမဟုတ်ပါဘူး”

ဟားမက်စ် ရိုဒရီဂက်ဇ်ဟာ ဆော်ပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် သဘောတူညီမှုရခဲ့ပြီဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ရရှ...
22/07/2024

ဟားမက်စ် ရိုဒရီဂက်ဇ်ဟာ ဆော်ပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် သဘောတူညီမှုရခဲ့ပြီဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲမှာ အလွန်ကောင်းမွန်တဲ့ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဥရောပဘောလုံးလောကကို ပြန်လာချင်နေတာဖြစ်ပါတယ်။

ရောဘတ်တို ဒီဇာဘီလက်အောက် လာမယ့်ရာသီ စောင့်ကြည့်ရမယ့် အသင်းဖြစ်လာတဲ့ မာဆေးလ်ပီယဲ-အီမိုင်း ဟော့ဂျက်ဟာ မာဆေးလ်အသင်းဆီကို အပ...
21/07/2024

ရောဘတ်တို ဒီဇာဘီလက်အောက် လာမယ့်ရာသီ စောင့်ကြည့်ရမယ့် အသင်းဖြစ်လာတဲ့ မာဆေးလ်

ပီယဲ-အီမိုင်း ဟော့ဂျက်ဟာ မာဆေးလ်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့တော့မှာဖြစ်ပြီး လီဂူးဝမ်းအသင်းက ဒိန်းမတ်ကွင်းလယ်ကစားသမားအတွက် စာချုပ်စာတမ်းတွေ ပြင်ဆင်နေပြီလို့ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ဟော့ဂျက်အတွက် ယူရို ၁၄ သန်းဝန်းကျင် ရရှိမှာဖြစ်ပြီး ဒိန်းမတ်ကွင်းလယ်ကစားသမားက ရောဘတ်တို ဒီဇာဘီနဲ့ စကားပြောပြီးနောက် မာဆေးလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တာဖြစ်ပါတယ်။

စာချုပ်သစ် မချုပ်ရင် ပိုက်ဆံ တပြားမှ မပေးဘူး-အူလီ ဟန်းနက်စ်ဘိုင်ယန်မြူးနစ်ဘုတ်အဖွဲ့ဝင် အူလီ ဟန်းနက်စ်က အယ်လ်ဖွန်ဆို ဒေးဗ...
21/07/2024

စာချုပ်သစ် မချုပ်ရင် ပိုက်ဆံ တပြားမှ မပေးဘူး-အူလီ ဟန်းနက်စ်

ဘိုင်ယန်မြူးနစ်ဘုတ်အဖွဲ့ဝင် အူလီ ဟန်းနက်စ်က အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့နဲ့ သူ စာချုပ်သစ် မချုပ်ဘူးဆိုရင် သူ့ကို စာချုပ်သက်တမ်းကုန်တဲ့အထိ ဒီတိုင်းထားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ သူ ပိုက်ဆံတပြားမှ ထပ်ရမှာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ၂၀၂၅ ခုနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒေးဗီးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် လာမယ့်နွေရာသီမှ အလွတ်နဲ့ ခေါ်ယူချင်နေတာပါ။

လိုက်ပ်ဇစ်အသင်းဟာ ဒါနီ အိုလ်မိုကို လာမယ့်ရက်သတ္တပတ်တွေအတွင်း သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ ဝန်းက...
21/07/2024

လိုက်ပ်ဇစ်အသင်းဟာ ဒါနီ အိုလ်မိုကို လာမယ့်ရက်သတ္တပတ်တွေအတွင်း သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

အိုလ်မိုရဲ့ အေးဂျင့်ဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ စကားပြောဆိုခဲ့ပြီးမန်စီးတီးအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့လည်း စကား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Sports Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share