27/03/2020
27.3.2020 မနက်ပိုင်းအချိန်ထိ ရောဂါကူးစက်ခံရသူ 5 ယောက်ဟာ နိုင်ငံခြားပြန်တွေချည်းပါဘဲ
ပြောရမယ်ဆိုရင် နိုင်ငံခြားက ပြန်လာသူတွေကို အစိုးရက အပူတိုင်းကိရိယာဖြင့်သာ တိုင်းတာပြီး အပူချိန်သာမာန်ထက်မြင့်မားသူများကို Quarantineဟုသတ်မှတ်စောင့်ကြည့်လူနာအဖြစ်ထားရှိပြီး သာမာန်အပူချိန်ရှိသူများကို မိမိအိမ်သို့ တိုက်ရိုက်ပြန်ခွင့်ကြရသည် တချို့ဆို အပူတိုင်းကိရိယာနဲ့တောင် အစစ်မခံခဲ့ရသူနှင့် အစစ်မခံချင်သူနဲ့ ရှိပါသေးတယ်
COVID 19 ကူးစက်ခံထားရသူများအနေနဲ့လျှင် 4, 5 ,6 ရက်အတွင်းမှာ သာမာန်အနေအထား သာမာန်အပူချိန်ဘဲရှိနေပါသေးတယ် တချို့ဆို14 ရက်ထိနေလို့တောင် ရောဂါလက္ခဏာ မပြပါဘူး ဆိုတော့ အပူတိုင်းကိရိယာဟာ ပင်လယ်ထဲက ရေကို ခပ်ယူသလိုပါဘဲ ရေခွက်ထဲမှာ ရေတော့ပါလာမယ် ပင်လယ်ထဲမှာရေမကုန်သွားဘူး ခုလည်း အပူတိုင်းဟာကိရိယာဟာ ရောဂါရှိသူကို သံသယအဖြစ်တွေ့ရှိနိုင်ပေမဲ့ ၎င်းကိရိယာနဲ့ စစ်ပြီး သံသယဖြစ်စရာ မဟုတ်တဲ့လူဟာလည်း COVID19 ရှိနေနိုင်ပါတယ်
တကယ်တမ်းဆိုရင် နိုင်ငံခြားက ပြန်လာသူအားလုံးကို Quarantine အနေနဲ့ဘ14 ရက်ကြာစောင့်ကြည့်သင့်တယ် အစိုးရအနေနဲ့ နေရာအခက်အခဲရှိတာလာ ၊ ငွေကြေးကြောင့်လား၊ဒါမှမဟုတ်စီမံချက်အားနည်းမှုကြောင့်လား မြန်မာနိုင်ငံဟာ သူများနိုင်ငံထက်စာရင် နေရာလွတ်တွေအများကြီးပါ အစိုးရအနေဖြင့် 2019 Dec ကနေ စဖြစ်ခဲ့တဲ့ COVID 19 အတွက် စီမံကိန်းတွေကြိုတင်မလုပ်ခဲ့လျှင်တော့ နေရာအခက်ခဲရှိန်ုင်သည် ငွေအင်အားကြောင့်ဆ်ုရင်တော့ စစ်အသုံးစရိတ်ကို နိုင်ငံGDP နဲ့ မမျှအောင် ဖြုန်းနေပြီးတော့ ကမ္ဘာ့အရေးပေါ်ရောဂါအတွက်ကျ ငွေကြေးမသုံးနိုင်ကြဘူးလား
အစိုးရစီမံကိန်းအားနည်းချက်များရှိေနသည့် အခြေအနေမှာနိုင်ငံခြားကပြန်လာသူတွေ အနေနဲ့ စည်းကမ်းမရှိဘူးဆိုလျှင် တနေ့ထက်တနေ့ အခြေအနေ ပိုမို ဆိုးရွားလာနိုင်သဖြင့် မြန်မာနိုင်ငံသို့ မည်သည့် အခြေအနေကြောင့် ပြန်လာသည့်ဖြစ်စေ မိမိကိုယ်တိုင် အိမ်ထဲ၌ Quarantine အနေဖြင့် သီးခြား 14 ရက်လောက်နေကြပါ အဆိုးဆုံးအခြေအနေဖြင့် မိသားစုမှအပ မည်သူတဦးတယောက်နဲ့မျှ ထိတွေ့ပြောဆိုခြင်း လုံးဝမပြုလုပ်ကြပါနဲ့ယခုလို ပြုလုပ်ခြင်းဖြင့်
သင်သည်ရောဂါကူးစက်ခံရမှုလက္ခကာတွေ့ရှိလျှင် နောက်ထပ်ကူးစက်နိုင်မှု လူဦးရေသည်လည်းယခင်ကထက် လျှော့နည်းသွားနိုင်သည် အစိုးရအနေနဲ့လျှင် Source နှင့် Continue ကို ရှာရာတွင် ပိုမို လွယ်ကူသွားပါလိမ့်မည်
အားလုံးကျန်းမာကြပါစေ
စေတနာအမြင်ဖြင့်သာ
MLBB LIVE