Taungoo University News

  • Home
  • Taungoo University News

Taungoo University News Follow us to learn more about Update News, Information, Events and more from Taungoo University

သင်တို့ဘုရား ငါ မဖူးဓာတ်လား နတ်လားပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြားသင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူးမင်းတဆက် တက်ရင်နန်...
03/08/2023

သင်တို့ဘုရား ငါ မဖူး

ဓာတ်လား နတ်လား
ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား
သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး

မင်းတဆက် တက်ရင်
နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ်
ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ်
သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး

မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့
နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ
ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက်
စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက်
အခု ငြိမ်းချမ်းရေးတဲ့လား
သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး

ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့
တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ
အောက်တန်းစားဆန်တယ် ဆူညံတယ်
သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ်
သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး

မင်းခမ်းမင်းနားသဘင်ထဲက
ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ
ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ
သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး

ငြူစူတယ် ဝန်တိုတယ်
အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ်
အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ်
ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ်
သင်တို့ပညာမဲ့ဘုရား ငါ မဖူး

ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ
ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂလတွေ
ဒီမိုကရေစီထက် ပိုစောတဲ့ ဂဏစနစ်အကြောင်း ပြောရင်း
နှစ်ယောက်ရှိ သုံးဂိုဏ်းခွဲကြည့်ချင်တဲ့ သူရဲကောင်းရူးတွေ
သင်တို့အယောနိသောမနသိကာရဘုရား ငါ မဖူး

မမြင်ဖူး မူးမြစ်ထင်သလို
ဗုဒ္ဓကို မသိမြင်လေလေ ဘုရား တ လေလေ
ချစ်သားတို့ရေ.. ဝေလေလေ
သပ္ပုရိသအပေါင်း မျောက်လောင်းတို့ရေ.. ဝေလေလေ
အေ.. သင်တို့ဝေလေလေဘုရား ငါ မဖူး

တရားဦးဓမ္မစကြာရဲ့အမှတ်အသား
စက္က(တရားစက်ဝန်း)အစား လော်စပီကာအပေါက်ဝိုင်းကြီးအား
အရှက်တရားမဲ့ ရွံ့ဖွယ်လိလိ တပ်ဆင်လဲလှယ်ကြ
သင်တို့အမနာပဘုရား ငါ မဖူး

ဗုဒ္ဓက လွတ်လပ်တော်မူလို့
ဗုဒ္ဓကို သင်တို့အလေအလွင့်ဘုရားက ကွယ်ပလို့

ဓမ္မက သဘာဝကျယ်ပြောလို့
ဓမ္မကို သင်တို့ကျဉ်းကျပ်ကျုံ့ဝင်သောတရားက ကွယ်ပလို့

အို ဆူညံသော အသုရကာယတို့
သင်တို့ ချီးပသောဘုရား ငါ ငြင်းဆန်ပါရဲ့
သင်တို့ ထိုးကျင့်သောတရား ငါ ငြင်းဆန်ပါရဲ့

အို ပိန်ဖျင်းသော ပေတတိရစ္ဆာန်တို့
ငါ့မှာ တဆူတည်းသော တိတ်ဆိတ်သူ ဗုဒ္ဓဟာ ရှိပြီးဖြစ်ရဲ့
ထို့ကြောင့် သင်တို့ဘုရား ငါ မဖူးလိုလို့။

#ကေဇဝင်း
တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့
( ကမ္ဘာ့သက်ငြိမ်ခြင်းနေ့)မှာ ရေးတယ်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့်CDM ကျောင်းသား၊ ကျောင်းသူများအတွက် ထုတ်ပြန်ကြေညာချက်ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇွန်လ...
17/06/2022

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့်
CDM ကျောင်းသား၊ ကျောင်းသူများအတွက် ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၇) ရက်

------------------------------------

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချ၍ (အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန် ကြေညာခြင်း စသည့်) စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများအားလုံးသည် တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်ပါကြောင်း ထပ်လောင်းအသိပေး ကြေညာအပ်ပါသည်။

၃။ တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်က ကျင်းပသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

၄။ သို့ပါ၍ ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရ နှင့်ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် ဆက်လက်ပါဝင်ပေးကြပါရန် တိုက်တွန်း ပန်ကြားအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ကျွန်ပညာရေးစနစ်ကို အပြီးတိုင်ဖီဆန်ခြင်းCDM စကားဝိုင်းမြန်မာ့နွေဦးတော်လှန်ရေးကို မွေးဖွားပေးခဲ့တဲ့ CDM လှုပ်ရှားမှုမှာ ကျ...
13/05/2022

ကျွန်ပညာရေးစနစ်ကို အပြီးတိုင်ဖီဆန်ခြင်း
CDM စကားဝိုင်း

မြန်မာ့နွေဦးတော်လှန်ရေးကို မွေးဖွားပေးခဲ့တဲ့ CDM လှုပ်ရှားမှုမှာ ကျောင်းသားတွေလည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် တော်လှန်ရေးကာလတစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ CDM လှုပ်ရှားမှုအပေါ် မေးခွန်းအမျိုးမျိုးရှိလာကြပါတယ်။
▪️ ကျောင်းသားတွေရဲ့ ကျောင်းမတက်ရေး လှုပ်ရှားမှုက ထိရောက်ရဲ့လား။ တော်လှန်ရေးအတွက် လိုအပ်သေးလား။
▪️ အချိန်ဘယ်လောက်ကြာတဲ့အထိ ကျောင်းမတက်ဘဲ နေရမလဲ။
▪️ ကျောင်းပြန်တက်သူတွေကို အရေးယူသင့်သလား။

ဒီလိုမေးခွန်းတွေအပေါ် အပြန်အလှန်အမြင်များကို ဖလှယ်ပြီး “ကျွန်ပညာရေးစနစ်ကို ဘယ်လိုမျိုး အပြီးတိုင်ဖီဆန်နိုင်မလဲ”ဆိုတဲ့ အရေးအကြီးဆုံးမေးခွန်းကို ဆွေးနွေးအဖြေရှာသွားဖို့ စီစဉ်ထားပါတယ်။

CDM စကားဝိုင်းကို CDM ပြုလုပ်ထားသူများအပြင် တခြားသောစိတ်ပါဝင်စားသူများ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်ပါတယ်။

ဆွေးနွေးပွဲ အချိန် - မနက် ကိုးနာရီမှ ဆယ်နာရီခွဲ
ဆွေးနွေးပွဲ နေ့ရက် - မေလ ၁၄ ရက် စနေနေ့
ဆွေးနွေးပွဲ Link ရယူရန် - https://t.me/CDMsuyat

https://www.facebook.com/108018341910532/posts/108810945164605/
13/05/2022

https://www.facebook.com/108018341910532/posts/108810945164605/

First day of Uni ကြင်စိုးသားသမီးများကို SPTTU မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ် 🤌😥

ျားအတွက်ထာဝရSP

🩹ဟန်ဇာပလပ်ရဲ့ 👻သာကောင်များ

ပဲခူးတိုင်းဒေသကြီးအတွက် သင့်ရဲ့ ကလစ်တစ်ချက် The Pegu app အတွက် တစ်လ Challenge ခေါ်ပါရစေ 🤗- Challenge အကြောင်းမပြောခင် ကြ...
13/05/2022

ပဲခူးတိုင်းဒေသကြီးအတွက် သင့်ရဲ့ ကလစ်တစ်ချက်

The Pegu app အတွက် တစ်လ Challenge ခေါ်ပါရစေ 🤗

- Challenge အကြောင်းမပြောခင် ကြော်ညာ တက်ဖို့အတွက် App ကို update ဖို့လိုပါမယ်။

- App ကို install မလုပ်ရသေးသူများက Install လိုက်တာနဲ့ ကြော်ညာစတက်မှာ ဖြစ်ပါတယ်။

လုပ်ရမှာလေးတွေကတော့ တစ်လအတွင်း

👉 1. ကိုယ်နဲ့ နီးစပ်ရာ သူငယ်ချင်း မိသားစု 5 ယောက်ကို The Pegu app နဲ့ မိတ်ဆက်ပေးပါ။ Facebook ပေါ်မှာ share ပေးပါ။

👉 2. တစ်ရက်ကို The Pegu app အသုံးပြုပြီးအနည်းဆုံး 15 points စုပေးပါ။

ဘယ်လို ကလစ်ကြမလဲ?
👇👇👇
1. VPN ကို US သို့မဟုတ် UK မှာထားဖို့ လိုပါမယ်။
2. App ထဲ၀င်ပြီး post တွေ ၀င်ရောက်ဖတ်ရှုရင် ကြော်ညာတက်ပါမယ်။
3. ကြော်ညာပြီးရင် ကြော်ညာပိတ်ပြီး Post ထဲမှာ စက္ကန့်နှစ်ဆယ်လောက် နေပေးကြပါ (ချက်ချင်းကြီး ပြန်မထွက်ကြပါနဲ့)
4. တစ်နေ့ကို အနည်းဆုံး 15 points ကနေ အများဆုံး points 50 အတွင်းပဲ စုပေးရင်ရပါတယ်။

အကယ်၍ ၁၅ ပွိုင့်ရထားတဲ့ SS နဲ့ လာမန့်ပေးရင် အခြားသူတွေလည်း ကိုယ်တွေကိုအားကျပြီး ပါဝင်လာ‌နိုင်မှာ ဖြစ်လို့ တစ်ရက် ဘယ်နှစ်ပွိုင့်စုမိလည်းဆိုတာ လာမန့်ပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွက် သင့်ရဲ့ ကလစ်တစ်ချက်

App အသုံးပြုပုံအသေးစိတ်
https://www.facebook.com/108477384741316/posts/322282786694107/

App ကို download ပြုလုပ်ရန်
Google Play Store
https://play.google.com/store/apps/details?id=com.htamanel.thePegu

ApkPure
https://apkpure.com/p/com.htamanel.thePegu

App ရဲ့ နေ့စဥ် report များ update များကြည့်ရှုရန်
The Pegu Telegram channel
https://t.me/ThePegu

Bago Regional Support Team
https://www.facebook.com/BagoRegionalSupportTeam/


တော်လှန်ရင်း စာသင်။ယူကရိန်းနိုင်ငံ Uzhhorod National University မှ Professor တယောက် ဖြစ်တဲ့ Fedir Shandor ဟာ ရှေ့တန်း စစ...
10/05/2022

တော်လှန်ရင်း စာသင်။

ယူကရိန်းနိုင်ငံ Uzhhorod National University မှ Professor တယောက် ဖြစ်တဲ့ Fedir Shandor ဟာ ရှေ့တန်း စစ်မြေပြင်မှ ကျောင်းသားများကို အွန်လိုင်းကနေ စာသင်နေတာ ဖြစ်ပါတယ်။

https://www.facebook.com/218630044858401/posts/4927669847287707/?d=n

ခေတ်သစ်ပညာရေး၏ တော်လှန်သောအမြင်များ"အာဏာရှင်စနစ်အဓွန့်ရှည်ခြင်းသည် ပညာရေးနိမ့်ကျခြင်းနှင့် တိုက်ရိုက်အချိုးကျ"သည့်အတွက် ...
07/05/2022

ခေတ်သစ်ပညာရေး၏ တော်လှန်သောအမြင်များ

"အာဏာရှင်စနစ်အဓွန့်ရှည်ခြင်းသည် ပညာရေးနိမ့်ကျခြင်းနှင့် တိုက်ရိုက်အချိုးကျ"သည့်အတွက် ခေတ်အဆက်ဆက် အာဏာရှင်တို့သည် ရေတိုရေရှည်စီမံကိန်းများဖြင့် ပညာရေးစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖျက်ဆီးခဲ့ကြသည်။ နောက်ပိုင်း ဒါကျက်၊ ဒါဖြေစနစ်နဲ့ လုံးချာရိုက်လာခဲ့ပြီး ပုံသေမှတ်ရေးကို ပညာရေးနှင့် ပုံမှားရိုက်လာခဲ့ကြသည်။ အာဏာရှင်တို့၏ အန္တိမရည်ရွယ်ချက်သည် ကျောင်းသားဟူသော တော်လှန်တတ်သည့်သတ္တဝါကို ဦးနှောက်ဖျက်၍ ဖိနှိပ်ထားရေးပင်ဖြစ်သည်။ သူတို့၏ ဦးနှောက်ဖျက်ဆီးရေးလက်နက်မှာ "ကျောင်းစာပြင်ပလှုပ်ရှားမှုများကို အားမပေးခြင်း" ဟူသော ရှေးဟောင်းပစ္စည်းကြီးပင်တည်း။

"တကယ့်ကျောင်းသားဆိုသည်မှာ ကော့ဆက်မြင်းတပ်သားတို့ကို မြင်းပေါ်မှဆွဲချနိုင်သူ၊ ဇာဘုရင်ကို ရာဇပုလ္လင်ထက်မှ ဆွဲချနိုင်သူများဖြစ်သည်"

ဟု အိလျာအာရင်ဘတ်က ရေးဖူးသည်။ မှန်သည်။ အာရင်ဘတ်သည် ၁၆ နှစ်မပြည့်မီကပင် သက်ဦးစံပိုင်စနစ်ကို တော်လှန်နေပေပြီ။ ထိုနည်းအတိုင်းပင် ကျွန်ုပ်တို့သည်လည်း အာဏာရှင်ဆန်သော အခြေခံပညာရေးစနစ်ကို တော်လှန်ရပေတော့မည်။ ကျောင်းတွင်းအာဏာရှင်ဆန်သော အုပ်ချုပ်မှုဆိုရာဝယ် အတိုင်းအတာတစ်ခုရှိသည်ဟုထင်သည်။ အချို့သောနေရာများ ဥပမာ မူးယစ်ဆေးဝါးတားဆီးရေး ကိစ္စလိုမျိုးမှာ အာဏာရှင်ဆန်သည်ကို လက်ခံနိုင်သည်။ သို့သော် မိမိတို့နိုင်ငံကျောင်းမှ အချို့ကိစ္စများသည် တလွဲတချော်ဖြစ်နေပေသည်။

ဥပမာ ဆေးလိပ် အရက်သောက်ခြင်းနှင့် ဆံပင်ရှည်ခြင်းဟူသော သဘောတရားလမ်းစဉ်နှစ်ခုအနက် မြန်မာ့ကျောင်းများအများစုတွင် ကျောင်းသားဝိသေသမပျက်သေးသည့်တိုင် ဆံပင်ကိုလက်နဲ့ထိုး ကတ်ကြေးထက်ထက်နဲ့ အပီအပြင်ညှပ်ခြင်းကိုသာ အရင်ဆောင်ရွက်ကြလိမ့်မည်။ အသက်မပြည့်သေးသော ကျောင်းသားအချို့ ကျောင်းတွင်း၌ ဆေးလိပ်၊ အရက်သောက်သည်ကို ဆရာ၊ ဆရာမများသိကြသည့်တိုင် ထိထိရောက်ရောက် ဘာမှမလုပ်နိုင်ခဲ့။ အရင်းမြစ်ကိုသိလျှင်တောင် အရေးမယူမှုနိုင်။ အများအားဖြင့် သမန်ကာလျှံကာ ပြောရုံဆူရုံဖြင့်သာ ပြီးဆုံးသွားသည်။ သို့သော် သင့်ဆံပင်ရှည်နေလျှင်တော့ အလွတ်ပေးလိမ့်မည်မဟုတ်။

အပြင်စာဖတ်ခြင်းဥပဒေသ။ ကျောင်းစာကြည့်တိုက် စာဖတ်ခန်းကိုသွားကြည့်ပါလေ။ စာအုပ်စင်တွေပေါ်မှာ အခေါက်ခေါက်အခါခါမြင်နေကျ တွေ့နေကျ ငယ်ကျွမ်းဆွေစာအုပ် အဟောင်းအမြင်းများကိုသာ သင်တွေ့ပေလိမ့်မည်။ အသစ်ဖတ်ချင်လျှင်မူ စာအုပ်ဆိုင်သို့ သွားဝယ်ကုန်လော့။ သို့ရာတွင် သရဲစာအုပ် ဝတ္ထုများကိုမူ မဝယ်လေနှင့်။ စာသင်ချိန်မဟုတ်လျှင်တောင် ထိုစာအုပ်များဖတ်ပါက အနည်းဆုံးတော့ ဆရာမတစ်ယောက်ယောက်ရဲ့ 'ဘုကြည့်'ကြည့်ခြင်းကိုခံရနိုင်သည်။ ကံမကောင်းလျှင် ထို ၅၀၀/ ၁၀၀၀ တန် စာအုပ်ကလေး အသိမ်းခံရနိုင်သည်။ စောက်ရူးဟုအထင်ခံရပေလိမ့်မည်။

ပျော်ပျော်ပါးပါး အားကစားကဏ္ဍ။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဟူသော ဆောင်ပုဒ်ကို လူအများကြားဖူးကြပေလိမ့်မည်။ သို့သော် Basket ball ကွင်းရှိသော်လည်း မဆော့ရသည့်ကျောင်း၊ ဘောလုံးကွင်းမှာ ဘောလုံးကစားခဲ့ရင် စာသင်ခန်းထဲအဝင်မခံဘဲ အခန်းပြင်ထုတ်ထားတဲ့ကျောင်းများလည်း သင်ကြားဖူးပေမည်။ အချို့ကျောင်းများတွင်မူ အခန်းပေါင်းစုံဝင်၍ ဘောလုံးရှာဖွေမှု စစ်ဆင်ရေးကြီးတစ်ခုသည် ဘောလုံးပေါင်းများစွာအား အနိစ္စရောက် နိတ္တိတံစေခဲ့သည်။ တစ်ခါတစ်ရံ ဘောလုံးတစ်လုံးကို လက်ဝယ်တွေ့ရှိလျှင် အိုစမာဘင်လာဒင်ထက်မလျော့သော ပုဒ်မများဖြင့် သင့်အားအပြစ်တင်ကြပေလိမ့်မည်။

အတွဲသုတ်သင်မှုစစ်ဆင်ရေး။ ဤကိစ္စသည် ဖြစ်လေ့ဖြစ်ထရှိသောကိစ္စပင်တည်း။ အသက်မပြည့်သေးသော ကျောင်းသားများသည် အတွဲမထားသင့်ဟူသောအဆိုကို မူဝါဒအားဖြင့်လက်ခံသော်လည်း ၄င်းကိုအကြောင်းပြု၍ နောက်ဆက်တွဲပြဿနာများဖြစ်လာပေသည်။ မုန့်စျေးတန်းတွင် ကောင်လေးတစ်ယောက်နှင့်ယှဉ်၍ လမ်းလျှောက်မိသောမိန်းကလေးသည် 'လင်နာရူး'ဟု လူအများအလယ်တွင် အပြောခံရပေမည်။ ဆရာဆရာမတို့၏ ထောက်လှမ်းရေးသူလျှိုများကလည်း ဦးခင်ညွန့်၏ ထောက်လှမ်းရေးထက်ပင် လက်စောင်းထက်ပေ၏။ ထိုအခါ အစွပ်စွဲခံတို့မှာ လူသိရှင်ကြား ကြေညာမောင်းခတ်ခံရပေတော့သည်။ ဤသူလျှိုတို့မှာ အတန်းပေါင်းစုံ၌ ကျတ်စားစိုးမိုးနေကြကုန်၏။ (တစ်ခါတစ်ရံ ထိုသို့စွပ်စွဲခံရရင်းမှ တကယ်ကြိုက်သွားသူများလည်းရှိ၏။ ဤကား စကားချပ်)။ ကျောင်းတွင်း ရည်းစားမထားရဟူသော စည်းကမ်းချက်သည် သင့်မြတ်မှန်ကန်သော်လည်း ထိုစည်းကမ်းကိုအကြောင်းပြ၍ ရှုပ်ထွေးသောကိစ္စများက ပေါ်ပေါက်လာစမြဲပင်တည်း။

နွဲ့နွဲ့နှောင်းနှောင်းအကုန်ရှင်းမူဝါဒ။ ဒါကတော့ အလွန်အံ့သြဖို့ကောင်းသည်။ မြန်မာကျောင်းအများစု၏ အဓိက လူ့အခွင့်အရေးချိုးဖောက်မှုဟုလည်း ဆိုနိုင်သည်။ ယောကျ်ားလေးများထဲမှ နွဲ့နှောင်းနေလျှင် (ဝါ) အခြောက်ဟုအထင်ခံရလျှင် ကျောင်းအုပ်ကြီးရုံးခန်းတက်ရသည်အထိ ဖိနှိပ်ခံရမှုများရှိသည်ကို တွေ့ရသည်။ ရုံးခန်းခေါ်၍ ဘာမှမလုပ်လိုက်သည့်တိုင် အနည်းဆုံးတော့ ကာယကံရှင်ကို အရှက်ရသွားစေနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့ကျောင်းရှိ ပင်ကိုစိတ်အနေအထားအရ နွဲ့နွဲ့နှောင်းနှောင်းခြောက်တောက်တောက် ယောကျ်ားလေးအချို့မှာ လူမှုရေးအရအနှိမ်ခံ၊ အလှောင်ခံနေရသည်ကို ဝမ်းနည်းဖွယ်တွေ့ရသည်။ ၄င်းတို့စိတ်ဒဏ်ရာရမည်ကို လူတော်များများက ထည့်မစဉ်းစားကြ။

ရုံးခန်းသို့ပင်ခေါ်ယူ၍ဆုံးမသည် ဆိုကတည်းက အခြေအနေမှာ အလွန်ဆိုးကြောင်း ထင်ရှားလှသည်။ ဤကိစ္စသည် ဤခေတ်အချိန်အခါတွင် လက်ခံစရာမရှိ။ လူတိုင်း၏ လိင်ပိုင်းဆိုင်ရာတန်းတူညီမျှမှုနှင့် လွတ်လပ်စွာနေထိုင်ခွင့်ကို လေးစားသင့်ပေသည်။

လူကြီးမင်းများခင်ဗျာ။ ကျွန်ုပ်ဟာ မင်းအောင်လှိုင်ကို မအေချင်းမိုးမွှန်အောင် ဆဲရဲ၊ ပြောရဲ ဆိုရဲပေမယ့် ဒီကိစ္စတွေကိုပြောဖို့တော့ ကျားမြီးပြေးဆွဲရမည့်အလား မဝင့်ရဲပါ။ ဗုဒ္ဓမှစ ဒေါ်နယ်ထရန့်အဆုံး မည်သူ့ကိုမဆိုတပြုံးပြုံးနဲ့ ကြိုက်သလို ဝေဖန်ပြစ်တင်နိုင်သည့်တိုင် မိမိအတန်းပိုင်ဆရာမကို တည့်တည့်ဝေဖန်ဖို့ အတော်အတန် (သို့မဟုတ် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း) စဉ်းစားရပေမည် မဟုတ်ပါလားခင်ဗျာ။

"ဆရာ့စကား မှားမှားမှန်မှန်
ဝေဖန်မရှိ ဂွမ်းဆီထိ၍
ပီတိဝေဖြာ နည်းနာစေသော်ဝ်"

#ဒေါင်းတမန်စာစဉ်

ပညာရေး၀န်ကြီးဌာနမှအရည်အသွေးပြည့်ဝသည့်ကြားကာလအဆင့်မြင့်နှင့်သက်မွေးပညာရေး လုပ်ငန်းများဆောင်ရွက်နေခြင်းအား အသိပေးကြေညာခြင်...
07/05/2022

ပညာရေး၀န်ကြီးဌာနမှအရည်အသွေးပြည့်ဝသည့်ကြားကာလအဆင့်မြင့်နှင့်သက်မွေးပညာရေး လုပ်ငန်းများဆောင်ရွက်နေခြင်းအား အသိပေးကြေညာခြင်း

ကျောင်းသားများသို့ အသိပေးနှိုးဆော်ချက်၂၀၂၂ခုနှစ် မေလ (၅)ရက်စာအမှတ်။ ၁/၂၀၂၂
05/05/2022

ကျောင်းသားများသို့ အသိပေးနှိုးဆော်ချက်

၂၀၂၂ခုနှစ် မေလ (၅)ရက်
စာအမှတ်။ ၁/၂၀၂၂

The Pegu app update ရပါပြီApkPure ပေါ်တော့ update မရောက်သေးပါဘူး (ရောက်တာနဲ့ အသိပြန်ပေးပါမယ်) ကြော်ငြာစထည့်လိုက်ပြီမို့လ...
05/05/2022

The Pegu app update ရပါပြီ

ApkPure ပေါ်တော့ update မရောက်သေးပါဘူး (ရောက်တာနဲ့ အသိပြန်ပေးပါမယ်)

ကြော်ငြာစထည့်လိုက်ပြီမို့လို့ ပုံမှန်လေးဝင်ရောက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ် 🤗

The Pegu ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ကြော်ငြာ service တွေ မရစ်သေးသရွေ့ ပြဿနာမတက်သေးသရွေ့ ဆက်လက်ရုန်းကန်နေမှာပါ။

ဒါကြောင့် ပဲခူးတိုင်းက မိဘပြည်သူများကလဲ ပဲခူးတိုင်းအတွက် ကြိုးစားပေးကြဖို့ တိုက်တွန်းပါတယ်။

App ကို install ထားသူ 1,400 ကျော်ရှိပါတယ်။

1,000 လောက်ပဲ နေ့တိုင်းကလစ်‌ပေးကြမယ်လို့ မျှော်လင့်သလို 1,000 လောက်အနည်းဆုံး အသုံးပြုသူရှိမှ ဝင်ငွေ မျှော်လင့်လို့ရမှာဖြစ်ပါတယ်

App အသုံးပြုပုံ 👇
https://m.facebook.com/story.php?story_fbid=322282786694107&id=108477384741316

The Pegu ရဲ့ report များ update များကြည့်ရှုရန် 👇

- The Pegu telegram channel
https://t.me/ThePegu

- Bago Regional Support Team page
https://www.facebook.com/BagoRegionalSupportTeam/

App download ပြုလုပ်ရန် 👇

Google Play Store
https://play.google.com/store/apps/details?id=com.htamanel.thePegu

ApkPure
https://apkpure.com/p/com.htamanel.thePegu

 #ပြည်သူများခင်ဗျာ🥰The Pegu app update မပေးခင် App အသုံးပြုပုံလေး တင်ပေးလိုက်ပါတယ်။ The Pegu ဟာ page မရှိဘဲ tel...
02/05/2022

#ပြည်သူများခင်ဗျာ🥰

The Pegu app update မပေးခင် App အသုံးပြုပုံလေး တင်ပေးလိုက်ပါတယ်။

The Pegu ဟာ page မရှိဘဲ telegram channel ပဲ ရှိတဲ့ အတွက် app ရဲ့ နေ့စဥ် report များ update များကို The Pegu ရဲ့ telegram channel မှာလဲ တင်ပေးသွားမည်ဖြစ်သလို Bago Regional Support Team page ကနေလဲ တင်ပေးသွားပါမယ်။

The Pegu telegram channel
https://t.me/ThePegu

Bago Regional Support Team page
https://www.facebook.com/BagoRegionalSupportTeam/

App download ပြုလုပ်ရန်
👇👇👇
Google Play Store
https://play.google.com/store/apps/details?id=com.htamanel.thePegu

ApkPure
https://apkpure.com/p/com.htamanel.thePegu

တစ်ပုံချင်းစီထောက်ကြည့်ရန်👇👇👇👇👇👇👇👇👇👇

 #ပြည်သူများခင်ဗျာ🥰The Pegu app update မပေးခင် App အသုံးပြုပုံလေး တင်ပေးလိုက်ပါတယ်။ The Pegu ဟာ page မရှိဘဲ tel...
02/05/2022

#ပြည်သူများခင်ဗျာ🥰

The Pegu app update မပေးခင် App အသုံးပြုပုံလေး တင်ပေးလိုက်ပါတယ်။

The Pegu ဟာ page မရှိဘဲ telegram channel ပဲ ရှိတဲ့ အတွက် app ရဲ့ နေ့စဥ် report များ update များကို The Pegu ရဲ့ telegram channel မှာလဲ တင်ပေးသွားမည်ဖြစ်သလို Bago Regional Support Team page ကနေလဲ တင်ပေးသွားပါမယ်။

The Pegu telegram channel
https://t.me/ThePegu

Bago Regional Support Team page
https://www.facebook.com/BagoRegionalSupportTeam/

App download ပြုလုပ်ရန်
👇👇👇
Google Play Store
https://play.google.com/store/apps/details?id=com.htamanel.thePegu

ApkPure
https://apkpure.com/p/com.htamanel.thePegu

တစ်ပုံချင်းစီထောက်ကြည့်ရန်👇👇👇👇👇👇👇👇👇👇

01/05/2022

The Pegu app ရဲ့ 1K challenge အောင်မြင်သွားပြီဖြစ်ပါတယ်

App install ထားသူ 1,000 ပြည့်ပြီမို့လို့ နောက်ရက်တွေမှာ ads ထည့်ပြီး app update ပေးပါမယ်။

အားလုံးပဲ ဝုန်းဖို့ မျှော်လင့် စောင့်ဆိုင်းနေကြပါ

တစ်ရက်ကို လူအယောက်တစ်ထောင်လောက် ၀င်ကလစ်ပေးဖို့ မျှော်လင့်ပါတယ်။
လူရာဂဏန်းလောက်ကပဲ ကလစ်ရင် နောက်ပိုင်း ကြော်ညာ limit ထိတဲ့ ပြဿနာကြုံရနိုင်ပါတယ်။ တစ်ခြား ကလစ်ရမယ့် app တွေကို ကလစ်ရင်း The Pegu ကိုလဲ အချိန်လေး မျှပေးဖို့ တောင်းဆိုပါတယ်။

Google Play Store - https://play.google.com/store/apps/details?id=com.htamanel.thePegu

Apk Pure - https://apkpure.com/p/com.htamanel.thePegu

Installed ပြီးသွားတဲ့အခါမှာလည်း Play Store ထဲမှာ The Pegu App ကို Rate 5 Star ပေးပေးခဲ့ကြဖို့ မမေ့ကြပါနဲ့ဦးနော်။

The Pegu
Digital Fundraising Team for Bago Region
https://t.me/ThePegu

တော်လှန်​ရေးထဲမှ ပညာ​ရေး ( သို့မဟုတ် ) အရည်အချင်းပြည့်မီ​သော ပညာ​ရေးစနစ်ဆီသို့... ••••••••••••••••••••••••••••••••••••••...
28/04/2022

တော်လှန်​ရေးထဲမှ ပညာ​ရေး ( သို့မဟုတ် )
အရည်အချင်းပြည့်မီ​သော ပညာ​ရေးစနစ်ဆီသို့...
•••••••••••••••••••••••••••••••••••••••••••••••••••

▪️︎ကွန်ပျူတာတက္ကသိုလ် ​ကျောင်းသားသမဂ္ဂများကွန်ရက်( CUSUN )နှင့် Burma Academy တို့မှ စီစဉ်သည့် စကားဝိုင်း ​ဆွေး​​နွေးပွဲ ▪️︎

ကွန်ပျူတာတက္ကသိုလ်​ကျောင်းသားသမဂ္ဂများကွန်ရက်( CUSUN )ဟာဆိုရင် တော်လှန်ရေးကာလ မတိုင်ခင်ကတည်းက ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်​ဆောင်ရွက်​နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခု​နွေဦး​တော်လှန်​ရေးကာလမှာလည်း ​တော်လှန်​ရေးကို အဘက်ဘက်မှ ရရာနည်းလမ်းနဲ့ ပါဝင်အားဖြည့်​နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Burma Academy ဆိုတာကတော့ Online Learning Platform တစ်ခုဖြစ်ပြီး နယ်ပယ်စုံမှ ပညာ​ရပ်တွေကို လေ့လာနိုင်ဖို့အတွက် ယာယီတက္ကသိုလ်​ကောင်စီများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနဲ့ လက်တွဲချိတ်ဆက်ထားပြီး တက္ကသိုလ်ကျောင်းသားများအတွက် ကြားကာလပညာရေးနဲ့ ပြည်သူတွေအတွက် တော်လှန်ရေးအထောက်အကူပြု လက်တွေ့အသုံးချပညာရပ်များကို စဉ်ဆက်မပြတ်​လေ့လာနိုင်​အောင် ပုံ​ဖော်​ဆောင်ရွက်​နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အခုတော်လှန်ရေးကာလအတွင်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာ​ရေးအတွက် ​ဆောင်ရွက်​နေတဲ့ အဖွဲ့အစည်းနှစ်ခုလက်တွဲပူးပေါင်းပြီး ​တော်လှန်​ရေးကာလအတွင်း ဖြစ်​ပေါ်​နေ​တဲ့ ပညာ​ရေး အ​ခြေအ​နေ၊ ​ကျောင်းသား ကျောင်းသူများရဲ့ သ​ဘော​ထား​ဆောင်ရွက်မှုနဲ့ ​ကျောင်းသားမိဘများရဲ့ အ​တွေးအမြင်များကို ဆွေးနွေးဖလှယ်ပြီး ပညာ​ရေးကဏ္ဍအ​နေနဲ့ ဆက်လက်ပြီး မည်သို့ မည်ပုံ ​တော်လှန်​ရေးမှာ အ​ထောက်အကူပြုနိုင်မလဲဆိုတာကို ​ဆွေး​နွေးသွားကြမယ့် "တော်လှန်​ရေးထဲက ပညာ​ရေး ( သို့မဟုတ် ) အရည်အချင်းပြည့်မီ​သော ပညာ​ရေးစနစ်ဆီသို့" ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​ကျောင်းသား၊ မိဘ အသီးသီးမှ ​ဝင်ရောက်ဆွေး​​နွေးပေးသွားမယ့် စကားဝိုင်း​လေးကို CUSUN page၊ Burma Academy page၊ မီဒီယာများအပြင် သက်ဆိုင်ရာ သမဂ္ဂ အသီးသီး၏ Social Media စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်း ​ဆွေး​နွေးပွဲမှာ ပါဝင်​ဆွေး​နွေးမယ့်သူတွေကတော့-
1. Dr. Phio Thiha
2. ​KK's Mommy (CDM ကျောင်းသားမိဘ တစ်ဦး)
3. ရဲဘော် 199 (CDM တက္ကသိုလ်​ကျောင်းသား)
တပ်ရင်း - Karenni Nationalities Defense Force (KNDF/ B-02)
4. Aries (CDM တက္ကသိုလ် ​ကျောင်းသား) တို့ဖြစ်ပါတယ်...

ဆွေးနွေးပွဲကို CUSUN နဲ့ Burma Academy တို့မှ Moderator ( ၁ ) ဦးစီဖြင့် ပါဝင်​ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ​တော်လှန်​ရေးထဲက ပညာ​ရေးအ​ခြေအ​နေ​တွေကို မျက်မြင်ကိုယ်​တွေ့ ကြုံ​တွေ့​နေရသူတွေရဲ့ ခံယူချက်၊ အ​တွေးအမြင်နဲ့ ​ဆောင်ရွက်မှု​တွေကို စကားဝိုင်း ​ဆွေး​နွေးပွဲမှာ နားဆင်ရမှာဖြစ်ပြီး ​တော်လှန်​ရေးမှာဘယ်လို ဆက်လက်ပါဝင်ကြမလဲဆိုတာလည်း ​တွေးစရာလမ်းစများ ​ပေါ်လွင်မယ့် စကားဝိုင်းတစ်ခုဖြစ်တာ​ကြောင့် ​​မိဘများနှင့် ကျောင်သားကျောင်းသူများ မပျက်မကွက်နားဆင်သင့်ပါ​ကြောင်း တိုက်တွန်းနှိုး​ဆော်လိုက်ရပါတယ်။

နေ့ရက် - 30th April 2022
အချိန် - 7:00 PM

Media Partners - Mizzima, Khit Thit, PVTV, Zalen, Myanmar Labor News, Myanmar Pressphoto Agency, Burma VJ, People's Spring, Ayeyarwaddy Times, Than Lwin Khet, and D-Day Channel



#တော်လှန်ရေးထဲကပညာရေးသို့မဟုတ်အရည်အချင်းပြည့်မီသောပညာရေးစနစ်ဆီသို့

ပဲခူးတိုင်းအတွက် The Pegu App #သတင်းတွေကြည့်ရင်းတော်လှန်ကြမယ်
28/04/2022

ပဲခူးတိုင်းအတွက် The Pegu App

#သတင်းတွေကြည့်ရင်းတော်လှန်ကြမယ်

အသုံးပြုသူ ၁,၀၀၀ လိုအပ်နေတဲ့ "The Pegu" App

🛑"The Pegu "က ဘာအတွက်လဲ ။
ပဲခူးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များအား Fundraise ပြီး ထောက်ပံ့နိုင်ဖို့ ပါ။

🛑"The Pegu "ကနေ ဘယ်လိုထောက်ပို့ကြမှာလဲ။
App ကို နေ့စဉ်ပုံမှန်သုံး ၊ သတင်းတွေ ဖတ်ရင်း ကြော်ငြာads တွေကနေ ငွေ၀င်ဖို့ပါ ။

🛑Ads ကြော်ငြာ တွေတက်‌နေပြီလား ။ဘာ အကူအညီတွေလိုအပ်‌နေလဲ။

ကျွန်တော်တို့ App ကို ဒေါင်းလုပ် ပြုလုပ်သူ ၁,၀၀၀ ပြည့်မှ Google ကြော်ငြာလျှောက်လို့ရမှာပါ
Google ကြော်ငြာ တက်မှ ကျွန်တော်တို့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နိုင်မှာဖြစ်ပါတယ် ခင်ဗျာ
ဒီရက်ပိုင်းလေးမှာပဲ အသုံးပြုသူ ၁,၀၀၀ ရဖို့အတွက် ကျွန်တော်တို့အားလေးစိုက်လိုက်ရအောင်ဗျာ
တော်လှန်ရေးအတွက် အားစိုက်နေကြတဲ့သူက ၁,၀၀၀ မကရှိတာမို့ ကျွန်တော်တို့
သိပ်မကြာခင်မှာ ပြည့်မယ်လို့ ယုံကြည်ပါတယ်ဗျာ...
လူပိုသိမှ ပိုပြီး ဒေါင်းလုပ်လုပ်နိုင်ကြမှာမို့ ကျွန်တော်တို့ပိုစ်ကိုလည်း share ပေးကြပါခင်ဗျာ
App ကို သုံးရတာအတွက် အခက်အခဲရှိရင်လဲ ကျွန်တော့်ကို Chat Box မှာ လာမေးလဲ ရပါတယ်
ဒါမှမဟုတ် တယ်လီဂရမ်မှာ မေးလဲ ရပါတယ် ခင်ဗျာ
Channel Link: https://t.me/ThePegu



https://m.facebook.com/story.php?story_fbid=116749251005844&id=100550285959074
21/04/2022

https://m.facebook.com/story.php?story_fbid=116749251005844&id=100550285959074

ကျောင်းသား/ကျောင်းသူများခင်ဗျာ

တောင်ငူတက္ကသိုလ် CDM ကျောင်းသားများကွန်ယက်ရဲ့ သတင်းပြန်ကြားရေးဆိုင်ရာ တရားဝင် Telegram Channel လေးကို Join ပေးကြဖို့ တောင်းဆိုအပ်ပါတယ်ခင်ဗျာ

Telegram Channel 👇👇👇
https://t.me/TaungooUniCDMStudentsNetwork

NUG က ပညာရေးအတွက် အာမခံမှုနည်းပါးလို့ ကျောင်းပြန်တက်ရတာပါဆိုတဲ့သူတွေအတွက်ပါ။အာမခံချက်နည်းလို့ စကစဖွင့်တဲ့ကျောင်းတွေကို ပ...
21/04/2022

NUG က ပညာရေးအတွက် အာမခံမှုနည်းပါးလို့ ကျောင်းပြန်တက်ရတာပါဆိုတဲ့သူတွေအတွက်ပါ။

အာမခံချက်နည်းလို့ စကစဖွင့်တဲ့ကျောင်းတွေကို ပြန်တက်တဲ့ကျောင်းသားတွေ ကျောင်းတက်ခိုင်းတဲ့မိဘတွေကို မေးချင်တာက NUG က ထုတ်ပြန်ချက်တွေကို သေချာရော လေ့လာဖြစ်ရဲ့လားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။

NUG ရဲ့လက်ရှိပညာရေးပုံစံဟာ အောင်စာရင်းစာရွက်ပြမှ ပညာတတ်တယ်ထင်ရတဲ့ပညာရေးထက် မိမိဘာသာလေ့လာသင်ယူရတဲ့ ပုံစံမျိုးကို အလေးပေးထားပါတယ်။
လက်ရှိမှာလည်း အခြေခံပညာအားလုံးအတွက် သင်ကြားရေး video တွေကို နိုင်ငံတကာ အဆင့်မီပြင်ဆင်ထားရှိတာကို တွေ့ရပါတယ်။(မယုံရင် သင်ကြားရေး Video တွေတင်ထားတဲ့ telegram channel တွေကို ဝင်ကြည့်ပါ။)

NUG မဟုတ်ဘဲနဲ့ ပြင်ပအဖွဲ့အစည်းတွေဖြစ်တဲ့ FOEIM တို့ SPRING UNIVERSITY တို့လိုမျိုး အဖွဲ့အစည်းတွေမှာလည်း ကျွမ်းကျင်တဲ့လူတွေက စနစ်တကျသင်ကြားပေးနေတာကိုလည်း တက်ရောက်ဖူးတဲ့သူတွေအသိဖြစ်ပါတယ်။ထိုအဖွဲ့အစည်းတွေက ပေးတဲ့ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေကလည်း တစ်နေရာရာမှာ အသုံးဝင်တယ်ဆိုတာကိုလည်း သိထားစေလိုပါတယ်။

အထင်ရှားဆုံးဥပမာအနေနဲ့ မင်မင်လက်တွေ့ကြုံဖူးတာလေးကို တင်ပြချင်ပါတယ်။
FOEIM စတင်ပေါ်ပေါက်ကာစ (NUG တောင်မပေါ်သေးခင်အချိန်)နိုင်ငံရေးနှင့် မနှီးနွယ်သော volunteer တွေရဲ့အင်အားတွေနဲ့ တက္ကသိုလ်ဝင်တန်းစနစ်ဟောင်း ကျောင်းသားတွေကို ၆ဘာသာစလုံးအခမဲ့ သင်ကြားပေးခဲ့ပါတယ်။၈လတိတိသင်ကြားပြီးမြောက် စာမေးပွဲစစ်ပြီး အောင်မြင်သူတွေကို အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။
နိုင်ငံခြား တက္ကသိုလ်တစ်ခုက ဖွင့်လှစ်တဲ့ အွန်လိုင်းအတန်းတစ်ခုမှာ ၁၀တန်းအောင်လက်မှတ်ပြနိုင်တဲ့သူမှသာ သင်ကြားခွင့်ပြုထားပါတယ်။အဲ့ဒီအတန်းကို မင်မင်တို့ Team က ထုတ်ပေးထားတဲ့ အောင်လက်မှတ်ပြ ၊သေချာရှင်းပြပြီးနောက်မှာ ထိုအတန်းကို တက်ခွင့်ရသွားပါတယ်။(အတန်းက ပေါလောရှောလော အတန်းမဟုတ်ကြောင်းတော့ သိစေလိုပါတယ်။)

မင်မင်တို့လိုမျိုး အင်အားမတောင့်တဲ့ အဖွဲ့အစည်းကပေးတဲ့ အောင်လက်မှတ်ကို ချွင်းချက်အနေနဲ့ လက်ခံတယ်ဆိုရင် FOEIM တို့ NUG တို့က ပေးတဲ့ အောင်လက်မှတ်ဆိုရင်တော့ ဘယ်အတိုင်းအတာအထိ ထိရောက်မလဲ မင်မင်တို့ မပြောလည်း သိလောက်မယ်ထင်ပါတယ်။

ဒီနေရာမှာ ကျောင်းသားထုကို တောင်းဆိုချင်တာတစ်ခုရှိပါတယ်။၁၀တန်းအောင်မှ အလုပ်ပေးမယ်ဆိုတဲ့သူတွေကို မိမိရဲ့အခက်အခဲတွေ ၊တတ်မြောက်ထားတဲ့ပညာတွေ၊ တခြားအဖွဲ့အစည်းတွေဆီကနေ ရရှိထားတဲ့ အောင်လက်မှတ်တွေကိုပါ တင်ပြပြီး တောင်းဆိုကြည့်ဖို့ပါ။
၁၀တန်းအောင်မှ ၊ဘွဲ့ရမှခေါ်တယ်ဆိုလို့ complain မတက်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

CDM လုပ်ထားရုံအပြင် ရသမျှအချိန်တွေမှာ ရသလိုလေး လေ့လာသင်ယူထားဖို့လည်း
အကြံပေးပါတယ်။ ဘာလုပ်ရမှန်းမသိရင် ရရာသာလုပ်ပါလို့ ပြောပါရစေ။

NUG နဲ့ EAOs တွေဟာတစ်နိုင်ငံလုံးရဲ့ တစ်ဝက်နီးပါးကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ အချက်
စစ်ကောင်စီဖက်မှာ လက်တစ်ဖက်တောင်မပြည့်တော့တဲ့နိုင်ငံတွေပဲ ရှိတော့တယ်ဆိုတဲ့အချက်
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလာတယ်ဆိုပေမယ့် အများစုက နိုင်ငံတကာမှာ အခြေစိုက်တဲ့ တရုတ်ကုမ္ပဏီတွေလောက်တဲ့ ရှိတယ်ဆိုတဲ့အချက်
ကျောင်းသွားတက်တဲ့သူတွေရဲ့ အချက်အလက်တွေ ဒလဟော ကျိုးပေါက်နေတယ်ဆိုတဲ့အချက် ( တချို့ဆို စာသင်ခန်းထဲတောင်သွားတုန်းရှိသေး မင်မင်တို့ဆီ စာရင်းက ရောက်ပြီးနေပါပြီ။)
စကစပေးတဲ့ဘွဲ့ကို အသိအမှတ်ပြုမယ့်သူ မရှိသလောက်ရှားတယ်ဆိုတဲ့အချက်
စတာတွေကိုလည်း မေ့မထားသင့်ပါဘူး။

တစ်ဘဝလုံးစာကောင်းစားဖို့ တစ်နှစ်လောက်တော့ စောင့်စေချင်ပါတယ်။

ယုတ်စွအဆုံး
အခြေအနေအကြောင်းကြောင့် စကစဟာ CDM တွေကို ပြန်လည်လက်ခံဖို့များပါတယ်(လက်ရှိမှာတော့ စာတွေဘာတွေထုတ်ထားလည်း နောက်ကျ ပယ်ဖျက်တာမျိုးပါ)

၁၉၈၈ အရေးခင်းပြီးတုန်းက ကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးမလုပ်တော့ပါဘူးလို့ ကတိပေးရင် ဟားဗတ်ထိအောင် ပို့ပေးမယ်ဆိုပြီး ကမ်းလှမ်းတာမျိုးတွေရှိခဲ့ပါတယ်။တကယ်လည်း ပို့ခဲ့ပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးရပါတယ်။
မိဘဆန္ဒမလွန်ဆန်နိုင်လို့ဆိုတာလောက်နဲ့တော့ လူမှုသိပ္ပံအသိုင်းအဝိုင်းက ခွင့်လွှတ်မှာမဟုတ်သလို သမိုင်းမှာလည်း ခွင့်လွှတ်ခဲ့တာမတွေ့ရပါ ။ စစ်တမ်းတွေ အရလည်း အနာဂတ်မှာ ခွင့်လွှတ်ခံရနိုင်ဖို့ မရှိကြောင်း သိစေလိုပါသည်။

CDM များနှင့် ထပ်တူ ရပ်တည်လျက်

Telegram channel
https://t.me/loutkgummfy



#ကြံဆောင်သမျှအောင်ပါစေ
#ကျောင်းပြန်တက်သင့်ပြီလား

"ထောင်အင်္ကျီအပြာဝတ် နိုင်ကျဥ်းတွေနဲ့အတူ ရပ်တည်ကြမယ့်နေ့""တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိ"လာမယ့် ၂...
20/04/2022

"ထောင်အင်္ကျီအပြာဝတ် နိုင်ကျဥ်းတွေနဲ့အတူ ရပ်တည်ကြမယ့်နေ့"

"တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိ"

လာမယ့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ဟာ “နိုင်ငံ​ရေးအကျဉ်းသားများအားလုံး မလွတ်မချင်း ထောင်အင်္ကျီအပြာရောင် ကိုမချွတ်ဘူး " လို့ကတိပြုခဲ့တဲ့ သတင်းဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်နေ့ဖြစ်ပါတယ်။

ပြည်သူ့အာဏာပြည်သူပြန်ရဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုဟာ စစ်ခွေးတွေရဲ့ ဖမ်းဆီးအကျဥ်းချခြင်းကို ခံနေရပြီး ထောင်တွင်းမှာလည်း အဖိနှိပ်ခံနေကြရပါတယ်။

✊ မနက်ဖြန် "၂၁. ၄. ၂၀၂၂"ရက်နေ့မှာ တတိုင်းတပြည်လုံးက ပြည်သူတွေက "အပြာရောင်အင်္ကျီတွေဝတ်" ပြီး စစ်တပ်ကျေးဇူးမူးလို့မှ ရှူစရာမရှိခဲ့ကြောင်း နဲ့ ဆိုတဲ့ hashtag သုံးပြီး မိမိတို့ပုံတွေကို မိမိတို့လူမှုကွန်ရက်စာမျက်နှာတွေမှာတင်ပြီး အကျဥ်းထောင်ထဲမှ ရဲဘော်များနဲ့အတူရပ်တည်ကြောင်းပြသကြဖို့ ဖိတ်ခေါ်ပါတယ်။

✊ အကျဥ်းထောင်ထဲမှ ရဲဘော်တွေဆီ သတင်းစကားပေး တောင့်ခံထားကြဖို့နဲ့ အခုချိန်ထိ အထဲမှာတိုက်ပွဲဝင်နေကြတာ ကျေးဇူးတင်ကြောင်း ဖော်ပြကြပါမယ်။

ဝမ်းသာစရာလေး မျှဝေပေးချင်ပါတယ် 🥰- App ကို Install ထားသူ 852 ရှိနေပါပြီ - 1000 ပြည့်ဖို့ 148 ပဲ လိုအပ်ပါတော့တယ် 1k ပြည့်လ...
19/04/2022

ဝမ်းသာစရာလေး မျှဝေပေးချင်ပါတယ် 🥰

- App ကို Install ထားသူ 852 ရှိနေပါပြီ
- 1000 ပြည့်ဖို့ 148 ပဲ လိုအပ်ပါတော့တယ်

1k ပြည့်လေ ကြော်ညာ မြန်မြန်ထည့်နိုင်လေပဲ မို့ မျှဝေပေးဖို့ တိုက်တွန်းပါတယ် ✊

Google Play Store - https://play.google.com/store/apps/details?id=com.htamanel.thePegu

Apk Pure - https://apkpure.com/p/com.htamanel.thePegu

Installed ပြီးသွားတဲ့အခါမှာလည်း Play Store ထဲမှာ The Pegu App ကို Rate 5 Star ပေးပေးခဲ့ကြဖို့ မမေ့ကြပါနဲ့ဦးနော်။

The Pegu Telegram channel
The Pegu
Digital Fundraising Team for Bago Region
https://t.me/ThePegu

အသုံးပြုသူ ၁,၀၀၀ လိုအပ်နေတဲ့ "The Pegu" App🛑"The Pegu "က ဘာအတွက်လဲ ။ ပဲခူးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များအား  Fundraise ပြ...
17/04/2022

အသုံးပြုသူ ၁,၀၀၀ လိုအပ်နေတဲ့ "The Pegu" App

🛑"The Pegu "က ဘာအတွက်လဲ ။
ပဲခူးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များအား Fundraise ပြီး ထောက်ပံ့နိုင်ဖို့ ပါ။

🛑"The Pegu "ကနေ ဘယ်လိုထောက်ပို့ကြမှာလဲ။
App ကို နေ့စဉ်ပုံမှန်သုံး ၊ သတင်းတွေ ဖတ်ရင်း ကြော်ငြာads တွေကနေ ငွေ၀င်ဖို့ပါ ။

🛑Ads ကြော်ငြာ တွေတက်‌နေပြီလား ။ဘာ အကူအညီတွေလိုအပ်‌နေလဲ။

ကျွန်တော်တို့ App ကို ဒေါင်းလုပ် ပြုလုပ်သူ ၁,၀၀၀ ပြည့်မှ Google ကြော်ငြာလျှောက်လို့ရမှာပါ
Google ကြော်ငြာ တက်မှ ကျွန်တော်တို့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နိုင်မှာဖြစ်ပါတယ် ခင်ဗျာ
ဒီရက်ပိုင်းလေးမှာပဲ အသုံးပြုသူ ၁,၀၀၀ ရဖို့အတွက် ကျွန်တော်တို့အားလေးစိုက်လိုက်ရအောင်ဗျာ
တော်လှန်ရေးအတွက် အားစိုက်နေကြတဲ့သူက ၁,၀၀၀ မကရှိတာမို့ ကျွန်တော်တို့
သိပ်မကြာခင်မှာ ပြည့်မယ်လို့ ယုံကြည်ပါတယ်ဗျာ...
လူပိုသိမှ ပိုပြီး ဒေါင်းလုပ်လုပ်နိုင်ကြမှာမို့ ကျွန်တော်တို့ပိုစ်ကိုလည်း share ပေးကြပါခင်ဗျာ
App ကို သုံးရတာအတွက် အခက်အခဲရှိရင်လဲ ကျွန်တော့်ကို Chat Box မှာ လာမေးလဲ ရပါတယ်
ဒါမှမဟုတ် တယ်လီဂရမ်မှာ မေးလဲ ရပါတယ် ခင်ဗျာ
Channel Link: https://t.me/ThePegu



တောင်ငူတက္ကသိုလ် CDMကျောင်းသားများကွန်ယက်၏ မူဝါဒများနှင့် ရည်ရွယ်ချက်များကို ကျောင်းသားပြည်သူများသိရှိစေရန် အစီရင်ခံတင်ပ...
07/04/2022

တောင်ငူတက္ကသိုလ် CDMကျောင်းသားများကွန်ယက်၏ မူဝါဒများနှင့် ရည်ရွယ်ချက်များကို ကျောင်းသားပြည်သူများသိရှိစေရန် အစီရင်ခံတင်ပြအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=106586515355451&id=100550285959074

ပညာရေး CDM (သို့)တလရအတွက်အထိရောက်ဆုံးလက်နက်တွေထဲကတစ်ခုမနှစ်က febထဲကcdmလှုပ်ရှားမှုတွေထဲမှာ ယနေ့အချိန်အထိ အထိရောက်ဆုံးနဲ့...
06/04/2022

ပညာရေး CDM (သို့)တလရအတွက်အထိရောက်ဆုံးလက်နက်တွေထဲကတစ်ခု

မနှစ်က febထဲကcdmလှုပ်ရှားမှုတွေထဲမှာ ယနေ့အချိန်အထိ အထိရောက်ဆုံးနဲ့ခိုင်မာနေဆဲဖြစ်တဲ့ CDMကတော့ပညာရေးCDMပါဘဲ။NUG အစိုးရနဲ့မအလတို့လွန်ဆွဲနေတဲ့ပွဲမှာ ပညာရေးCDMက နှစ်ဖက်ချွန်တဲ့ဓားတစ်လက်လိုပါဘဲ။အကိုင်အတွယ်တတ်ရင် ကိုယ့်အတွက် ထိရောက်လုံခြုံတဲ့လက်နက်ကောင်းတစ်ခုဖြစ်ပြီး မတတ်ရင် တစ်ဖက်ကအသာစီးယူပြီး အဲ့လက်နက်နဲ့ ကိုယ့်အသက်အန္တာရယ်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။လွန်ဆွဲပွဲတို့ရဲ့ထုံးစံအတိုင်း နှစ်ဖက်လုံးမောပန်းပြီးပွဲပန်းလာသလို ကိုဗစ်ဒဏ် စီးပွားရေးကျပ်တည်းတဲ့ဒဏ် ဘေးဒုက္ခအစုံအစုံမှာ ကြားညှပ်နေတဲ့ပြည်သူတွေရဲ့အသံတွေလဲတီးတိုးညည်းညူ နေရာက‌နေတဖြေးဖြေးကျယ်လောင်လာပါပြီ။အခုဆို ပညာရေး CDMနဲ့ပတ်သက်တဲ့ ကျောင်းဆက်တက်သင့်မတက်သင့်‌‌ မေးခွန်း/ဆွေးနွေးတာတွေ တော်တော်လေး hotနေပါတယ်။ကျွန်တော်အမြင်အရတော့ အခုအချိန်အထိပညာရေးcdm ကအောင်မြင်နေတုန်းပါဘဲ။ဒါပေမယ့် 2022ကုန်ရင်တော့ အဖြေတစ်ခုသိသိသာသာပြောင်းလဲသွားဖို့ရှိတယ်။ပြောင်းလဲသွားရင်တော့ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ပထမဆုံး၊အရေးကြီးဆုံး နဲ့လူအများစုရဲ့ခံယူချက်ပါပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့အကြောင်းအရင်းကတော့ စား၀တ်နေရေးကြောင့်ပါ။ရေတိုအလုပ်အသေးအစားနဲ့ ၀မ်းရေးအတွက်ဖြေရှင်းနိုင်ပေမယ့် အချိန်တစ်ခုအထိအတွက်ဘဲအဆင်ပြေတာပါ။တဖြေးဖြေးလည်ပင်းအထိမြင့်တက်လာတဲ့ကုန်ဈေးနှုန်းနဲ့ဘယ်လိုမှရေရှည်တောင့်ခံနိုင်ဖို့မလွယ်ပါဘူး။အလယ်အလတ်ရှိတဲ့အလုပ်နဲ့ နေရာမြင့်မြင့်လစာကောင်းကောင်းရတဲ့အလုပ်ဆိုရင်ရော။အလုပ်အများအစု အလုပ်တိုင်းနီးပါးရဲ့ပထမဆုံးမဖြစ်မနေ requirementကတော့ ဘွဲလက်မှတ်ပါဘဲ။ဘွဲရမှဆိုတဲ့ကန့်သတ်ချက်က cdmကျောင်းသားတဲ့လည်ကွင်းစွပ်လိုက်တဲ့ကြိုးကွင်းနဲ့တောင်တူပါတယ်။အလုပ်လျှောက်ရင် ဘွဲ့ရမှဆိုတဲ့ကန့်သတ်ချက် cdm ကျောင်းသားဆိုရင် လက်မခံချင်တာတို့ လက်မခံတာတို့ နှိမ်တာတို့က spလုပ်တာနဲ့တောင်တဖြေးဖြေးတူလာပါတယ်။အဲ့အချက်ကြောင့် ကျောင်းသားတော်တော်များများရဲ့ခံယူချက်ပြောင်းလဲဖို့များလာပါတယ်။နောက်တစ်ချက်ကတော့ NUGအပေါ်ပုံအပ်ထားခြင်း။ဖေဖော်ဝါရီ coup စဖြစ်တည်းက မတရားမှုကိုတော်လှန်ခြင်းဆိုတဲ့တော်လှန်ရေးသစ္စာကတိကနေ crph/NUGဆိုပြီး သန္ဓေတည်မွေးဖွားလာတာပါ။ပြည်သူလူထုအားလုံးနီးပါးရဲ့ ယုံကြည်မှု၊အားကိုးမှု ကိုရရှိထားပြီး De Jure အပြည့်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက‌တင်မြှောက်ထားတဲ့အစိုးရပါ။ဒါပေမယ့် NUG ဖွဲ့ပြီး သိပ်မကြာခင် ပြည်သူကတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဟာ တဖြေးဖြေးပြည်သူနဲ့အလှမ်းဝေးကွာလာပါတယ်။မင်းမှာကတိ လူမှာသစ္စာဆိုတဲ့စကားအတိုင်း တိုင်းပြည်တစ်ပြည်ရဲ့အစိုးရရဲ့စကားကတိက၀တ်ကအရေးကြီးဆုံးပါ။NUG အစိုးရရဲ့ကတိက၀တ်ကတော့ပျက်ကွက်တာများပါတယ်။2021 Decemberအမီ ဖက်ဒရယ်ဥပဒေအတည်ပြုမယ်ဆိုတဲ့စကားကနေပျက်ကွက်လာတာ လေတပ်ဖွဲ့စည်းထားပြီးပါပြီတို့ false hope တစ်သိုက်နဲ့ ပြည်သူလူထုကို အမောပြေချွေးသိပ်စကားတွေတော်တော်များပါတယ်။လက်နက်ကိုင်တော်လှန်ရေးကလွဲရင် အရေးမပါသေးတဲ့တော်လှန်ရေးအောင်မြင်ပြီးမှလုပ်လို့ရတဲ့အမှုကိစ္စမှန်သမျှလုပ်နေတာက တော်လှန်ရေးအတွက်‌တအားနှောင့်နှေးစေပါတယ်။ပြည်သူလူထုနဲ့ဝေးကွာနေခြင်း၊မြေပြင်အုပ်စိုးမှုမရှိခြင်း၊တကွဲပြားပြားဖြစ်နေတဲ့ လက်နက်ကိုင်အစုအကွဲတွေကိုတစ်စုတစ်စည်းတဲ့စုစည်းပေးနိုင်စွမ်းမရှိခြင်း၊တော်လှန်ရေးတပ်ဦးမပီသခြင်း၊လော်ဘီတွေကိုအားကိုးနေခြင်းက NUG‌ချက်ချင်းဖြေရှင်းသင့်တဲ့ကိစ္စတွေပါ။မရှင်းဘဲကြာလာရင် ပြည်သူ့စကားနားမထောင်ရင် ပြည်သူနဲ့တကယ်ဝေးကွာပြီး 90ခုနစ်ကလို သမိုင်းတကျော့ပြန်လည်ပတ်ပြီး အွန်လိုင်းအစိုးရ ပြည်ပြေးအစိုးရနဲ့အဆုံးသတ်သွားနိုင်ပါတယ်။အထက်ကအကြောင်းအရင်းတွေကြောင့် တော်လှန်ရေးဒီ2023နှစ်အတွင်းအပြီးသတ်မယ်ဆိုတဲ့စကားဟာ တကယ်လား အမောပြေချွေးသိပ်စကားလားဆိုတာ ဒွိဟပွားစေပါတယ်။ကျွန်တော့်အမြင်တော့တလရဟာ ‌အနည်းဆုံးနောက်သုံးနှစ်လောက်အထိသွားဖို့များပါတယ်။ကျွန်တော်တို့ဖက်က တဖြေးဖြေးပွဲပန်းအားလျော့လာပေမယ့် ဟိုဘက်ကတော့ဆင်ပိန်ရင်ကျွဲလောက်ရှိတယ်ဆိုတဲ့အနေအထားပါ။ရပ်ကွက်အုပ်ချုပ်ရေးကနေ ယန္တရားကိုတဖြေးဖြေးလည်ပတ်ဖို့ကြိုးစားနေရာကနေ အခုဆိုပညာရေး cdmကိုပါဖြိုခွင်းဖို့ကြိုးစားနေပါပြီ။ဆယ်တန်းစာမေးပွဲဖြေတာကို လက်နက်အပြည့်လုံခြုံရေးအပြည့်နဲ့လိုက်စောင့်ပေးတာကိုက ကျွန်တော်တို့အခုလက်၀ယ်ကိုင်ထားတဲ့ပညာရေးcdmကဘယ်လောက်အင်အားကြီးလဲဆိုတာသက်သေပါဘဲ။ရန်သူကအဲ့လက်နက်ကိုသူ့လက်နက်ဖြစ်အောင်စလုပ်နေပါပြီ။NUG အနေနဲ့ဒီအတိုင်းဘဲမုန့်လုံးစက္ကူကပ်နေရင် အရေးကြီးတာတွေကိုလစ်လျူရှူထားရင် ပညာရေးcdmပြိုလဲဖို့ရှိတယ်။ပညာရေးcdmပြိုလဲရင်‌ ထိပ်ဆုံးကဒိုးဇက်တစ်ခုလဲသလိုပါဘဲ။တခြားဟာတွေဆက်တိုက်ပြိုလဲဖို့ဘဲရှိပါတယ်။ကိုယ့်လက်နက်ကရန်သူ့လက်နက်ဖြစ်သွားရင်တော်တော်ကြောက်ဖို့ကောင်းပါတယ်။ကျောင်းမြေကို ပထမဆုံးလောက်တွေနင်းလိမ့်မယ်။နောက် ၀မ်းရေးကြောင့်မလွဲသာလို့ မတတ်နိုင်လို့ရောက်လာလိမ့်မယ်။နောက် သူများတွေတက်နေပြီ ငါတို့လဲမထူးပါဖူးဆိုပြီးလက်လျှော့ပြီးရောက်လာလိမ့်မယ်။နောက် တဖြေးဖြေးနေသားကျပြီး ‌normaliseဖြစ်လာလိမ့်မယ်။ပညာရေးcdmလဲသွားရင်ကြိုးစားပြီးတည်ဆောက်ထားသမျှအားလုံးသဲထဲရေသွန်ဖြစ်သလို ပြန်တည်ဆောက်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။NUG အနေနဲ့အချိန်မီ မုန်တိုင်းမလာခင်ခေါင်းမိုးကြိုဖာထားသင့်နေပါပြီ။

[ဒီစာက ကျွန်တော့်အထင်အမြင်သက်သက်ပါ။စကားလုံးမှားကောင်း အသုံးအနှုန်းမှားကောင်း အထင်အမြင်ထပ်တူမကျကောင်းမကျနိုင်ပါတယ်။အမှားပါရင်ခွင့်လွှတ်ပေးပါ]

Crd

အကြမ်းဖက်စစ်‌ကောင်စီမှဖွင့်လှစ်သော တက္ကသိုလ်သင်တန်းများအားလုံးနှင့် တက္ကသိုလ်ဝင်ခွင့်ရရှိသူစာရင်းများ (၂၀၂၀ ပြည့်နှစ်အော...
05/04/2022

အကြမ်းဖက်စစ်‌ကောင်စီမှဖွင့်လှစ်သော တက္ကသိုလ်သင်တန်းများအားလုံးနှင့် တက္ကသိုလ်ဝင်ခွင့်ရရှိသူစာရင်းများ (၂၀၂၀ ပြည့်နှစ်အောင်များအပါအဝင်)ကို တရားမဝင်ကြောင်းကြေညာခြင်း

တောင်ငူတက္ကသိုလ် CDM ကျောင်းသားများကွန်ယက် ဖွဲ့စည်းကြောင်းကြေညာခြင်းTaungoo University CDM Students Network
05/04/2022

တောင်ငူတက္ကသိုလ် CDM ကျောင်းသားများကွန်ယက် ဖွဲ့စည်းကြောင်းကြေညာခြင်း

Taungoo University CDM Students Network

၂၀၂၂ခုနှစ် စကစ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အသိအမှတ်မပြုကြောင်း ကြေညာခြင်း
04/04/2022

၂၀၂၂ခုနှစ် စကစ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အသိအမှတ်မပြုကြောင်း ကြေညာခြင်း

CDM ထောက်တိုင် မကျိုးစေဖို့=======================◾ CDMမှ CSDM သို့ပြည်သူ့အာဏာဖီဆန်မှု ( Civil disobedience movements) ဟ...
02/04/2022

CDM ထောက်တိုင် မကျိုးစေဖို့
=======================

◾ CDMမှ CSDM သို့

ပြည်သူ့အာဏာဖီဆန်မှု ( Civil disobedience movements) ဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ အထင်ရှားဆုံး အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လူထုဟာ အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်သမျှ အရာရာတိုင်းကို အသိအမှတ်မပြု၊ အထောက်အကူမပြုဘဲ လျစ်လျူရှုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ စစ်တပ်ထုတ်ပစ္စည်းဝယ်မသုံးတာ၊ အခွန်မဆောင်တာ၊ မီတာဘေလ်(အခ) မဆောင်တာ၊ လိုင်စင်သက်တမ်းမတိုးတာ၊ ကျောင်းမတက်တာတွေက အစပါဝင်ပါတယ်။ ဒီ CDM လှုပ်ရှားမှုဟာ အောင်မြင်ခဲ့လားဆိုတော့ အခိုက်အတန့်တစ်ခု၊ အတိုင်းအတာတစ်ခုပဲအောင်မြင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ လူထုတွေဟာ မီတာဘေလ်ဆောင်နေကြပါပြီ၊ ကားလိုင်စင်တွေ သက်တမ်းတိုးနေကြပြီဖြစ်သလို အခွန်တွေလည်းပေးဆောင်နေကြပါပြီ။ ၃၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေတက်နေကြပါပြီ။ ဒါပေမဲ့ စစ်ကောင်စီဘက်ကထင်မှတ်မထားနိုင်လောက်အောင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေကသောင်းကနင်းဖြစ်သွားလောက်အောင် အောင်မြင်တဲ့ CDM လှုပ်ရှားမှုကတော့ အခုထက်ထိကြံ့ကြံ့ခံနေဆဲပဲဖြစ်ပါတယ်။ အဲဒါကတော့ Civil service disobedience movements ( CSDM ) လို့ခေါ်ရမယ့် ပြည်သူ့ဝန်ထမ်း အာဏာဖီဆန်လှုပ်ရှားမှုပဲဖြစ်ပါတယ်။

◾ CSDMရဲ့အနေအထား

ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်လှုပ်ရှားမှုကတော့ နိုင်ငံရေး အရေးအကြီးဆုံး ယန္တယားကြီးတွေအခုထက်ထိ လည်ပတ်လို့မရအောင် တောင့်ခံထားဆဲဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်သုံးခုကလွဲလို့ ကျန်တဲ့ဒေသတွေမှာ အစိုးရယန္တယားတွေ အခုထိမလည်ပတ်နိုင်သေးပါဘူး။ ဒီနေရာမှာ စစ်ကောင်စီဖန်တီးထားတဲ့ ဟန်ပြလည်ပတ်မှုတွေကို လက်ညိုးထိုးပြရင်တော့ရပေမဲ့ မူလအစကတည်းက ဖွဲ့စည်းပုံမပြည့် ဝန်ထမ်းမလုံလောက်တဲ့ ဌာနတွေက ဝန်ထမ်း ၃၀ ရာနှုန်းကျော်လောက်လျော့သွားရင်ကို မလည်ပတ်နိုင်တဲ့အနေအထားမှာ အခုထက်ထိ ဝန်ထမ်းအင်အား ၆၀ ရာနှုန်းကျော် ရပ်နားထားတဲ့အချိန် လည်ပတ်နေနိုင်တယ်လို့ပြောတာဟာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အလိမ်အညာဆိုတာသိသာနေပါတယ်။

အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးမှာ မလည်ပတ်နိုင်မှုဟာ အင်မတန်သိသာပြီး နိုင်ငံရဲ့ ၄၀ ရာနှုန်းလောက်သာ ဟန်ပြကျောင်းတွေ/ဆေးရုံတွေ ဖွင့်ထားနိုင်ပါတယ်။ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအားလုံးရပ်ဆိုင်းနေတာ တစ်နှစ်ကျော်ပါပြီ။ စစ်တပ်အတွက် ကျန်းမာရေး၊ ပညာရေးသီးသန့်ရှိတယ်ဆိုပေမဲ့ ထင်သလောက်ပြည့်စုံနေတာမဟုတ်တဲ့အတွက် ကိုဗစ် တတိယလှိုင်းနဲ့ အိုမိုက်ခရွန်စတုတ္ထလှိုင်းတွေမှာ ပိုသိသာလာပါတယ်။ နှစ်တိုင်းနှစ်တိုင်း သန်းချီရှိတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသားတောင် ၃ သိန်းပဲ စာရင်းရှိတာဟာ ပညာရေးယန္တယားမလည်ပတ်နိုင်မှုကို သက်သေပြနေပါတယ်။ ခြုံပြောရရင် ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်လှုပ်ရှားမှုကတော့ အောင်မြင်နေဆဲ အသက်ဝင်နေဆဲဆိုတဲ့သဘောပါပဲ။

◾ ပြောင်းပြန် လူမှုပြစ်ဒဏ်

ဒီလိုအောင်မြင်နေတယ်ဆိုလို့ CDM ဝန်ထမ်းတွေဟာ သာသာယာယာ လွယ်လွယ်ကူကူအခြေအနေမှာတော့ ရှိနေတာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ တွေ့ကရာထုတ်ပြန်တဲ့ အမိန့်တွေအောက်မှာ အဖိနှိပ်ခံရဆုံးက CDM ဝန်ထမ်းတွေပါပဲ။ CDM ဝန်ထမ်းတွေရှိနေလို့ မြို့တစ်မြို့လုံးကိုဖျက်ပစ်တာ။ ဝန်ထမ်းအိမ်ရာတွေကနေ နှင်ချတာ၊ CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ လုပ်ငန်းရှင်တွေကိုဖိအားပေးတာ အစရှိသည်ဖြင့် ဖိနှိပ်မှုမျိုးစုံကိုလုပ်ဆောင်ခဲ့ပြီး CDM ဝန်ထမ်းတွေနဲ့ ပတ်သက်သူတွေ၊ မိသားစုတွေတောင်ဖမ်းဆီးအကြပ်ကိုင်တာမျိုးတွေရှိလို့ နောက်ပိုင်းမှာ CDMတွေကို အလုပ်မခန့်တာ၊ အိမ်ငှားတောင်မထားတာ၊ လူမှုဆက်ဆံရေးမှာ ရှောင်ဖယ်မှုတွေလုပ်တာတွေတောင် ရှိလာပါတယ်။ ဒါ့အပြင် အလုပ်မရှိ ဝင်ငွေမရှိလို့ ကျန်းမာရေးပြဿနာတွေ လူမှုရေးပြဿနာတွေဖိစီးလာပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဝန်ထမ်းတွေလည်းရှိခဲ့ပါတယ်။ အလျှော့ပေးပြီး အလုပ်ပြန်ဝင်သွားတဲ့ ဝန်ထမ်းကတော့ အင်မတန်နည်းပါတယ်။ အဆင့်မြင့်ပညာရေးမှာ CDM ဝန်ထမ်း ၁၈၀၀၀ ကျော်အနက် အလုပ်ပြန်ဝင်သွားတာ ၃၀၀ ခန့်ပဲရှိခဲ့ပြီး ကျန်တဲ့ဝန်ထမ်းတွေဟာ တောင့်ခံနေဆဲပါ။ အခြေခံပညာမှာလည်း တစ်နိုင်ငံလုံးပေါင်း ဝန်ထမ်း ၁၂၀၀၀၀ ကျော်အထိ CDM ဝင်နေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းလည်း ၅၀၀၀၀ နဲ့ ၆၀၀၀၀ ကြားမှာ CDM ဝင်နေကြလို့ လက်ရှိအချိန်ထိ ဝန်ထမ်းသိန်းချီဟာ အခက်အခဲတွေကြားကပဲ အာဏာဖီဆန်နေကြဆဲဆိုတာ ပိုမိုပေါ်လွင်စေပါတယ်။

ပြည်သူ့ တရားဝင်အစိုးရလို့ သတ်မှတ်ထားတဲ့ CRPH/NUG တို့ဟာ CDM တွေကို ထောက်ပံ့ဖို့ အောင်လံလွှင့်ချီနွေဦးထီကို ဖွင့်လှစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ CDM ဝန်ထမ်းအားလုံးရဲ့ ငါးရာခိုင်နှုန်းတောင် မထောက်ပံ့နိုင်ခဲ့ပါဘူး။ CDM တွေကို ထောက်ပံ့မယ်လို့ ကတိအမျိုးမျိုးပေးနေပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းလည်းမရှိပါဘူး။ ဒါပေမဲ့ CDM ဝန်ထမ်းတွေဟာ ကိုယ့်ဘာသာ ဝမ်းကျောင်းရပ်တည်ရင်း ဆက်လက်တောင့်ခံနေကြပါတယ်။ တချို့ပြည်သူတွေကတောင် CDM တွေနဲ့ မပတ်သက်ချင်လို့ CDM တွေဈေးရောင်းရင်တောင် မဝယ်တာမျိုးတွေရှိနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း လုပ်ငန်းတွေ၊ ဆေးရုံတွေ ပိုက်စိတ်တိုက်စစ်ပြီး CDM ဝန်ထမ်းတွေ အလုပ်မလုပ်နိုင်အောင် ဖိနှိပ်နေပါတယ်။ တစ်ဘက်ကတော့ CDM တွေ အလုပ်ပြန်ဝင်ဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင် စည်းရုံးနေပြန်ပါတယ်။ လက်ရှိအချိန် CDM အများစုဟာ စိတ်ဓာတ်ကျနေကြပေမဲ့ အားတင်းနေကြဆဲပါ။ ဒီအတောအတွင်းမှာ CDM ဝန်ထမ်းတွေဟာ NUG စတဲ့နိုင်ငံရေးဦးဆောင်တွေကိုလည်း အားမရတာတွေ ဝေဖန်ကြတာမျိုးလည်းရှိပါတယ်။ အဲလိုအချိန် NUG ထောက်ခံသူ ( အများအားဖြင့် NLD ထောက်ခံသူ) တွေ လော်ဘီတချို့ဟာတော့ CDM ဝန်ထမ်းတွေရဲ့ ကြီးကျယ်တဲ့ အခန်းကဏ္ဍကို မေ့ပစ်လိုက်ကြပြီး။NUG/NLD ကိုဝေဖန်လို့ CRPH ကိုဝေဖန်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ တိုက်ခိုက်တာတွေ၊ဒလန်အဖြစ်တံဆိပ်ကပ် နစ်နစ်နာနာပြောဆိုမှုတွေလည်း လုပ်ဆောင်လာကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကိုယ့်တော်လှန်ရေးထောက်တိုင်ကို ကိုယ်ပြန်ချိုးသလိုဖြစ်ပြီး တော်လှန်ရေးကို စိတ်ကုန်သွားကြတဲ့ CDM တွေလည်းရှိလာပါတော့တယ်။

ခြုံပြောရရင် CDM ဝန်ထမ်းတွေဟာ လက်ရှိအချိန်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့အပြင် အဘက်ဘက်က ဖိနှိပ်တာ အပြစ်တင်တာ၊ အချင်းချင်း လူမှုပြစ်ဒဏ်ချတာတွေလည်းခံနေရလို့ အဆင်ပြေတဲ့အခြေအနေမှာတော့ရှိနေတာမဟုတ်ပါဘူး။

◾ အလားအလာ

CSDM လို့ပြောရမယ့် ဝန်ထမ်း CDM ဟာ မတူညီတဲ့ အလားအလာတွေနဲ့ ခရီးဆက်နေပါတယ်။ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ CDM တွေဟာ နေရထိုင်ရ ကြပ်တည်းနေပြီး မထင်ရင် မထင်သလို ဒုက္ခပေးတဲ့ဒဏ်ကြောင့် တော်တော် ပင်ပန်းနေကြရပါတယ်။ တချို့ကတော့ မထင်မရှားကိုယ်ပိုင်အလုပ် တချို့ကိုလုပ်ရင်း low profile နဲ့ အဆင်ပြေပြေနေနိုင်တာကို တွေ့နိုင်ပါတယ်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်လိုနေရာတွေမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် CDM တွေဟာ နေရထိုင်ရချောင်လည်ပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေ အရှိန်ကြောင့် စစ်ပြေးရတာ စစ်ဘေးရှောင်ရတာတွေ ရှိနေပြီး အခက်အခဲတွေတော့ရှိပါတယ်။ အဆိုပါဒေသက Non CDM ဝန်ထမ်းတွေကတော့ လုံခြုံရေးအရကို စိတ်မချရတော့လို့ CDM ဝင်ပြီး အစိုးရဝန်ထမ်းအဖြစ်ကနုတ်ထွက်တာ၊ လစာတွေ ပြန်အပ်တာတွေတောင် ရှိလာပြီး စစ်ကောင်စီ ယန္တယားတွေဟာလည်း လုံးဝနီးပါးရပ်တန့်နေခဲ့ပါတယ်။

စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ထူထောင်ရေးဟာ ဒီတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်ပြည့်ဝဖို့အတွက် လုပ်ဆောင်ရမယ့် မဟာဗျူဟာနည်းလမ်းဟာလည်း စစ်ကောင်စီကို အဘက်ဘက်က ဖိအားပေးနိုင်ဖို့ပါပဲ။ ဒီလိုဖိအားပေးနိုင်ဖို့အတွက် စစ်ကောင်စီယန္တယားကို လုံးဝမလည်ပတ်နိုင်အောင် ကျားကန်ထားနိုင်တဲ့ CSDM လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်သူတွေကိုကူညီဖို့လိုအပ်ပါတယ်။ မကူညီနိုင်ခဲ့ရင်တောင် တော်လှန်ရေးရဲဘော်ရဲဘက်အချင်းချင်း မတိုက်ခိုက်ဖို့လိုပါတယ်။

NLD ထောက်ခံသူများ၊ NUG/CRPH ထောက်ခံသူများအနေနဲ့ တော်လှန်ရေးကို တကယ်ယုံကြည်တယ်ဆိုရင် CDM ဝန်ထမ်းတွေကို ကူညီပါ။ အဲလိုမဟုတ်ဘဲ ငါတို့ကိုဝေဖန်ရင် CDM လုပ်ထားပေမဲ့ ဒလန်ပဲလို့ တံဆိပ်ကပ်ပြီး အပြစ်တင်ကြတာဟာ ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ NUG ဟာတော်လှန်ရေးတပ်ဦးမို့ မဝေဖန်သင့်ဘူးလို့ ယုံကြည်ရင် CSDM ဟာလည်း တော်လှန်ရေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမို့ မတိုက်ခိုက်သင့်ဘူးဆိုတာလည်း ထောက်ခံသူများအနေနဲ့ သတိထားဆင်ခြင်သင့်ပါတယ်။ CDM ဝန်ထမ်းတွေကို စွပ်စွဲပြစ်တင်တာမျိုးကတော့ကိုယ့် ခန္ဓာကိုယ်ကို ဓားနဲ့ ပြန်ထိုးသလိုပဲ မို့ တော်လှန်ရေး ဆူဆိုဒ်လုပ်တာကို မဖြစ်မနေ ရှောင်ကြဉ်ကြရမှာပဲ ဖြစ်ပါတယ်။ CDM ထောက်တိုင်မကျိုးစေဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့။

မောင်ချမ်းမြေ့( CDM )

( တူမီးတော်လှန်ရေးစာစဉ်မှ ကူးယူဖော်ပြသည်။)

Address


Alerts

Be the first to know and let us send you an email when Taungoo University News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share