Dawei information Center - 2

  • Home
  • Dawei information Center - 2

Dawei information Center - 2 တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထူးခြားဖြစ်စဥ်သတင်းများကို DIC မှနေ့စဥ်ရေးသားတင်ဆက်ပေးနေပါသည်။
(63)

ထားဝယ်-ပုလောလမ်းပိုင်းမှာ တို-က်ပွဲ(၆)ကြိမ်ဖြစ်ပွားပြီး KNUရဲဘော်(၁)ဦးကျ-ဆုံးခဲ့ရကာ (၂)ဦးဒ.ဏ်ရာရရှိ၍ ၊ စစ်သား(၄၃)ဦးခန...
07/08/2024

ထားဝယ်-ပုလောလမ်းပိုင်းမှာ တို-က်ပွဲ(၆)ကြိမ်ဖြစ်ပွားပြီး KNUရဲဘော်(၁)ဦးကျ-ဆုံးခဲ့ရကာ (၂)ဦးဒ.ဏ်ရာရရှိ
၍ ၊ စစ်သား(၄၃)ဦးခန့်ကိုလည်း (ဇိန်ဝေချွေ)နိုင်ခဲ့ဟုဆို

ဆင်ထိုးရွာသား(၃)ဦးကို စစ်တပ်က (ပ-စ်၊သ-တ်)

ထားဝယ် ၊ သြဂုတ်လ ၇ ရက်နေ့

ထားဝယ်-ပုလောလမ်းပိုင်းရှိ ဆင်ထိုးကြီးရွာတွင်KNLA/PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယခုအပတ်ထဲမှာ နှစ်ဖက် တို-က်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။

သြဂုတ်(၁)ရက်မှ(၆)ရက်ထိ၎င်းရွာအနားကိုစစ်ကောင်စီတပ်သား(၁၅၀)မှ(၁၇၀)ကြား ကုန်းလမ်း/ရေလမ်းကနေစစ်ကြောင်းထိုးနေပြီး KNLA/PDFပူးပေါင်းတပ်များမှခုခံတို-က်ခိုက်ခဲ့ကြောင်း ကစယ်ဒိုအဖွဲ့ဝင်တစ်ဦးမှဆိုသည်။

ထို စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA/PDFပူးပေါင်းတပ်များမှ ကြားဖြတ်တို-က်ခိုက်ခြင်း(၆)ကြိမ်၊ဒရုန်းဖြင့်ဗုံး-ကြဲခြင်း(၁၄)ကြိမ် ထိလုပ်ဆောင်ခဲ့ပြီး ၎င်းထိ.တွေ့မှုများအတွင်းမှာစကစဗျူဟာမှူး(၁)ဦးခြေထောက်ပြ.တ်၍
နောက်လိုက်တပ်သား(၄၃)ဦးကို ဇိန်ဝေချွေ နိုင်ခဲ့ကြောင်း KNLAတာဝန်ရှိသူမှ DIC သို့ထပ်မံတည်ပြုပြောဆိုသည်။

ယင်းတို-က်ပွဲ(၆)ကြိမ်တွင်KNLAတပ်မဟာ(၄)/တပ်ရင်း
(၁၂)ကစယ်ဒိုတပ်ခွဲ(၃)ရဲဘော်(၁)ဦးအသ.က်ပေးလှူခဲ့ရပြီး (၁)ဦးဒ.ဏ်ရာရရှိကာ KNLA တပ်မဟာ(၆)/တပ်ရင်း
(၂၇)မှရဲဘော်(၁)ဦး ထပ်မံဒ.ဏ်ရာရ၍ ဆင်ထိုးကြီးရွာခံအမျိုးသား(၃)ဦးကို စစ်တပ်မှ (ပ-စ်၊ သ-တ်)ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။

"စစ်တပ်က စစ်ကြောင်းထိုးနေတာ အခုဆိုတစ်ပတ်ရှိပြီ။
သူတို့ရှေ့တိုးလာရင်းကျွန်တော်တို့ကတို-က်တယ်။ရန်သူတွေဘက်က ထိနာများရင် ခနပြန်ဆုတ်ပြီးပြန်တိုးတယ်။
ပင်လယ်ပြင်မှာလဲ သင်္ဘောတွေ ဆင်သင့်ထိုးထားတယ်။
မနေ့ကတို-က်ပွဲအပြီးမှာစစ်သားတွေကိုခိုလှုံခွင့်ပေးထား
တဲ့ ထောက်တိုင် ကုမ္ပဏီနဲ့ဥယျာဥ်ခြံကိုကျွန်တော်တို့မီးရှို့ရှ-င်းလင်းခဲ့ပါတယ်"ဟုကစယ်ဒိုတပ်ခွဲ(၃) တာဝန်ရှိသူမှထပ်ရှ-င်းပြသည်။

အဆိုပါ တို-က်ခိုက်မှုများကို KNLAတပ်မဟာ၄ တပ်ရင်း ၁၂ /ကစယ်ဒိုတပ်ခွဲ ၃ ၊ KNLAတပ်မဟာ၆ တပ်ရင်း၂၇ / ဂဋ္ဌုန်မင်းပြောက်ကျားဖွဲ့ ၊ ကျားရိုင်းတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့မှစစ်ရေးပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#ဓာတ်ပုံ / ကစယ်ဒိုတပ်ခွဲ(၃)

Dawei Information Center
Dawei information Center - 2

28/07/2024

ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်သားများကို PDFများတို-က်ခိုက်ခဲ့၍ လ-က်နက်များရရှိဟုထုတ်ပြန်

ထားဝယ် ၊ ဇူလိုင်လ ၂၈ ရက်နေ့

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ စကစတပ်သားများ ယခုအပတ်ထဲမှာ တော်လှန်ရေးတပ်များ၏ အလစ်တို-က်ခိုက်မှုခံရသည်။

ဇူလိုင်လ(၂၅)ရက်၊ညနေ(၅)နာရီခန့်တွင် သရက်ချောင်းဘက်မှ ထားဝယ်သို့ ပြန်တက်မည့် စကစကား(၁)စီးအား တော်လှန်ရေးတပ်ဖွဲ့များမှ ရန်တောင်ရွာအနီးမှာစောင့်ကြိုတို-က်ခိုက်ခဲ့ကြောင်း ပါဝင်သူရဲဘော်တစ်ဦးမှ ဆိုသည်။

"ကားပေါ်မှာ ပျူနှင့်ရဲ စုစုပေါင်း(၃)ဦးလိုက်ပါလာတယ်။
ရဲမှာ မျက်လုံးအနားထိပြီး ကျန်ပျူနှစ်(၂)ဦးမှာဒ.ဏ်ရာရသွားပါတယ်။သူတို့ပြေးသွားပြီး ကျန်ခဲ့တဲ့ကားပေါ်မှာဝင်စစ်တာ ယူနီဖောင်းနဲ့ကျည်ဆံတွေ ကျည်ဆံသွားပို့ရမဲ့စခနေရာ စာရွက်တွေသိမ်းယူခဲ့တယ်"ဟု၎င်းက ပြောသည်။

ထိုတို-က်ခိုက်မှုကိုဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ(၁)မှ
သရက်ချောင်းပြောက်ကျားတပ်ဖွဲ့ ၊ KawThooLeiArmy
-KTLAတို့မှပူးတွဲလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး
ဇူလိုင်(၂၀)ရက်၊မွန်းလွဲ(၁)နာရီခန့်ကလည်း သရက်နှစ်ခွရွာရှိစစ်ဆေးရေးဂိတ်ကိုသရက်ချောင်းပြောက်ကျားတပ်ဖွဲ့မှ 79 ဖြင့်သွားရောက်ပ-စ်ခ-တ်တို-က်ခိုက်ခဲ့ပါသည်။

ယင်း လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ တာဝါတိုင်စခန်းကုန်းမှ ရွာထဲသို့ဆင်းသည့် စစ်သား(၂)ဦးကိုလည်း
ဇူလိုင်လ(၂၆)ရက်၊ နံနက်(၉)နာရီခွဲခန့်မှာ ထားဝယ်ခရိုင်
တပ်ရင်း(၁) နှင့် လောင်းလုံး(ပကဖ)တို့အတူပူးပေါင်းပြီး စောင့်ကြိုတို-က်ခို-က်ခဲ့ရာတွင် စစ်သား(၂)ဦးပွဲချင်းပြီး
ဆုံးပါး၍၎င်းတို့၏ လ-က်နက်များကိုသိမ်းဆည်းရမိခဲ့ပါကြောင်း လောင်းလုံး(ပကဖ)မှ ထပ်မံ ထုတ်ပြန်ပါသည်။

အဆိုပါထားဝယ်ခရိုင်အတွင်းမှာနှစ်ဖက်စစ်ဆင်ရေးများအရှိန်မြင့်လာသဖြင့် ဒေသခံမိဘပြည်သူများ နဲ့ ခရီးသွား
ပြည်သူများအနေနဲ့ စစ်ရေးသတိအမြဲရှိရန် / ညပိုင်းတွင်
ခရီးသွားလာခြင်းမပြုကြပါရန်တော်လှန်ရေးတပ်ဖွဲ့များမှ
အကြိမ်ကြိမ်အသိပေးတို-က်တွန်းနှိုးဆော်ထားပါသည်။

= သရက်ချောင်းမြို့နယ်၊ရန်တောင်ရွာအနီးတွင် ဖော်ဆောင်ခဲ့သော မင်ရှင် ရုပ်/သံ ဖြစ်ပါသည်။

Dawei Information Center
Dawei information center - 2

#ဒေါင်းညီနောင်စစ်ကြောင်း #သရက်ချောင်းပြောက်ကျားတပ်ဖွဲ့

ရေးဘီလူးဖွဲ့ကို မပန်ဆယ်လိုမှလ.က်နက်(၃)လက်လှူပေးထားဝယ် ၊ ဇူလိုင်လ ၂၂ ရက်နေ့မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများ...
22/07/2024

ရေးဘီလူးဖွဲ့ကို မပန်ဆယ်လိုမှလ.က်နက်(၃)လက်လှူပေး

ထားဝယ် ၊ ဇူလိုင်လ ၂၂ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများဖော်ဆောင်နေသည့် ရေးဘီလူးဖွဲ့အထံသို့ ပြည်ပရောက် မပန်ဆယ်လို The Key မှ ငွေကျပ်သိန်း(၅၀၀)တန်ဖိုးရှိသည့်
M4အမျိုးအစား လ-က်နက်(၃)လက် ထောက်ပံ့ပေးမှုကိုကျေးဇူးတင်ကြောင်း ရေးဘီလူးမှ ယနေ့ထုတ်ပြန်သည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information center - 2

ညောင်ဇင်ရွာမှာ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးစစ်တပ်၏ လ-က်န-က်ကြီးထိမှန်(​ေ-သဆုံး)ခဲ့ရဟုဆိုထားဝယ် ၊ ဇူလိုင်လ ၂၀ ရက်နေ့ထားဝ...
20/07/2024

ညောင်ဇင်ရွာမှာ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး
စစ်တပ်၏ လ-က်န-က်ကြီးထိမှန်(​ေ-သဆုံး)ခဲ့ရဟုဆို

ထားဝယ် ၊ ဇူလိုင်လ ၂၀ ရက်နေ့

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ညောင်ဇင်ရွာထဲကို
ယနေ့မွန်းလွဲပိုင်းမှာ စစ်တပ်၏လ-က်န.က်ကြီးပ-စ်ခ.တ်မှုကြောင့် အသက်​ကြီးပိုင်း တစ်ဦး ​ေ-သ.ဆုံးခဲ့ရသည်။

ဇူလိုင်(၂၀)ရက်၊မွန်းလွဲ(၂)နာရီခွဲခန့်၌ရွှေဂူတံတားဂိတ်မှ
စကစတပ်သားများသည်၎င်းရွာထဲသို့လ.က်နက်ကြီးများပ-စ်ခ-တ်ခဲ့သဖြင့် လယ်ထဲတွင် နွားသွားယူနေသော ဦးမျိုးလွင် အသက်(၆၀)ဝန်းကျင်ခန့်ဆိုသူလ-က်န.က်ကြီး
ထိမှန်၍ အူပွင့်ဆုံးပါးခဲ့ရကြောင်း ရွာခံတစ်ဦးမှဆိုသည်။

"မနေ့ကရန်တောင်စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာစစ်သားတွေ ကင်းပုန်းလာဝပ်တယ်။ ဒီနေ့ မနက်ကျတော့စစ်သားတွေ ညောင်ဇင်ဖက်ကိုလာတယ်။မနက်ပိုင်းတော့အေးဆေးပါပဲ့။မွန်းလွဲပိုင်းကျမှလ-က်နက်ကြီးသံကြားရတယ်။ရွာမြောက်ပိုင်းကအိမ်တွေကိုလဲဝင်စစ်ဆေးတယ်။သူတို့စစ်ကြောင်း ဆော်ခံရမှာစိုးလို့ ဂိတ်က ပ-စ်ကူနေတဲ့
သဘောမျိုးပေါ့။ ဦးမျိုးလွင်ကတော့ ကံဆိုးတဲ့သူဖြစ်ခဲ့ရတာစိတ်မကောင်းဖြစ်မိတယ်"ဟု၎င်းကဆက်ပြောသည်။

ယင်းဖြစ်စဥ်နှင့်တစ်ဆက်တည်းမှာ သရက်ချောင်းဖက်ရှိ
သရက်နှစ်ခွရွာမှစစ်ဆေးဂိတ်ကိုလည်းတော်လှန်ရေးအဖွဲ့များမှလ-က်နက်ကြီးဖြင့်ပ-စ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါစကစစစ်ရေးဂိတ်တို-က်ခို-က်ခံရမှုတွင်စစ်သား
(၄)ဦးခန့်(​ေ-သဆုံး)၍ သရက်ချောင်းမြို့ဖက်မှအိမ်စီးကား နဲ့ အလောင်းများကို တိတ်တဆိတ်လာသယ်ယူသွားခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း DIC မှ တည်ပြုနိုင်ခြင်းမရှိသေး၍ ထပ်မံ စုံစမ်းနေဆဲဖြစ်သည်။

#ဓာတ်ပုံ / ​ေ-သဆုံးသူ ဦးမျိုးလွင်

Dawei Information Center
Dawei information Center - 2

ရေးဘီလူးစခန်းတွင် ဝါဆိုသင်္ကန်းကပ်လှူကုသိုလ်ယူထားဝယ် ၊ ဇူလိုင်လ ၁၆ ရက်နေ့မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းရှိရေးဘီလူးတပ်ဖွဲ့...
16/07/2024

ရေးဘီလူးစခန်းတွင် ဝါဆိုသင်္ကန်းကပ်လှူကုသိုလ်ယူ

ထားဝယ် ၊ ဇူလိုင်လ ၁၆ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းရှိရေးဘီလူးတပ်ဖွဲ့သည် ၎င်းတို့၏ဌာနီစခန်းတွင် ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်းအလှူတစ်ခု ပြုလုပ်ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information Center - 2

မိုးတွင်းမှာစစ်ရေးလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့သားများထားဝယ် ၊ ဇူလိုင်လ ၁၃ ရက်နေ့မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရ...
13/07/2024

မိုးတွင်းမှာစစ်ရေးလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့သားများ

ထားဝယ် ၊ ဇူလိုင်လ ၁၃ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများဖော်ဆောင်နေသောရေးဘီလူးအဖွဲ့သားများ၏မိုးတွင်းကာလသွားလာလှုပ်ရှားမှုပုံရိပ်တို့ကိုရေးဘီလူး၏လူမှုကွန်ယက်ပေါ်တွင် ယနေ့ အောက်ပါအတိုင်း တင်ပြထားပါသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information center - 2

ထားဝယ်ခရိုင် စစ်ဒေသ အမှတ်(၃၄)နယ်မြေအတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်ထားဝယ် ၊ ဇူလိုင်လ ၁၀ ရက်နေ့တနင်္သာရီတိုင်း(စစ...
10/07/2024

ထားဝယ်ခရိုင် စစ်ဒေသ အမှတ်(၃၄)နယ်မြေအတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

ထားဝယ် ၊ ဇူလိုင်လ ၁၀ ရက်နေ့

တနင်္သာရီတိုင်း(စစ်ဌာန)၊ထားဝယ်ခရိုင် စစ်ဒေသဗျူဟာအမှတ်(၃၄) နယ်မြေအတွင်းရှိ တစ်နေရာတွင် အပတ်စဉ်
(၁/၂၀၂၄)အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြီးခဲ့သောဇွန်
လ(၁၅)ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း တိုင်းစစ်ဌာန
(တနင်္သာရီ)ရုံးမှ ယနေ့ အသိပေး ထုတ်ပြန်ထားပါသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ထားဝယ်ခရိုင်တပ်ရင်း(၁) / တပ်ရင်း(၂) တာဝန်ရှိသူများ နှင့် ရဲဘော်များ ၊ (ပကဖ)မှ
ရဲဘော်များတက်ရောက်ခဲ့ပြီး စုစုပေါင်း ၉၇ ဦး သင်တန်းပြီးဆုံး အောင်မြင်ခဲ့ကြောင်း ထပ်မံ ဖော်ပြထားပါသည်။

#ပုံ/တိုင်းစစ်ဌာန(တနင်္သာရီ)-ပြန်ကြားရေး

Dawei Information Center
Dawei information Center - 2

#ဗျူဟာ၃၄ #ထားဝယ်ခရိုင်တပ်ရင်း၁ #ပကဖ #သင်တန်းဆင်းပွဲ

08/07/2024

ထားဝယ် DDTတပ်ဖွဲ့မှ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို မြန်မာငွေ(၁)သောင်းကျပ်နဲ့ကယ်တင်ပေး

ထားဝယ် ၊ ဇူလိုင်လ ၈ ရက်နေ့

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT)တပ်ရင်းတွင်လ-က်နက်(၅)လက်ရရှိနိုင်ရေးအတွက်ထိုင်းနိုင်ငံရောက် "ကာလဒါနပါရမီထောက်ပို့တပ်ဖွဲ့"မှရန်ပုံရရှိရေးကံစမ်းမဲကိုရောင်းချပေးလျက်ရှိကြောင်း DDTဖွဲ့ထံမှသိရှိရသည်။

အဆိုပါကံစမ်းမဲရောင်းချနိုင်မှုများမှာ ၉%သာရရှိသေး၍
ပြည်တွင်း၊ပြည်ပမှ အလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီ
ပေးကြရန် ၎င်းဖွဲ့ရှ်ပြန်ကြားရေးကတောင်းဆိုထားသည်။

ကံစမ်းမဲစျေးနှုန်းများမှာ
တစ်စောင်ကို
ထိုင်းဘတ် = 100 THB
မြန်မာငွေ = ၁၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

#ရုပ် /သံ = Dawei Defense Team - DDT

Dawei Information Center
Dawei information Center - 2

03/07/2024

ထားဝယ်-သရက်ချောင်းလမ်းပိုင်း၌ ဒုရဲအုပ်မောင်းလာတဲ့ကား ပ-စ်ခ-တ်ခံရပြီး ပျူ(၁)ဦး(ေ-သဆုံး)ခဲ့ဟုဆို

ထားဝယ် ၊ ဇူလိုင်လ ၃ ရက်နေ့

ထားဝယ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ဆင်းလာသည့်ဒုရဲအုပ် ကားကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်များမှအသင့်စောင့်ကြိုကာတို-က်ခို.က်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၂)ရက် ၊ညနေ(၄)နာရီခန့်မှာ သရက်ချောင်းမြို့ မရဲစခန်းမှဒုရဲအုပ်နန်းဝင်းထားဝယ်မြို့ရှိစီးပွားရေးဘဏ်မှာငွေသွားထုတ်၍ပြန်လာသည့်လမ်း၌၎င်းကားကိုဒေါင်းညီနောင်မှပ-စ်ခတ်ခဲ့ကြောင်း ရဲဘော်တစ်ဦးကဆိုသည်။

"မနက်ပိုင်းလင်မယားနှစ်ယောက်တည်း ဟွန်ဒါဖွစ်အဖြူအရောင်ကားတစ်စီး နဲ့ ထားဝယ်ဘက်တက်သွားခဲဲ့တယ်။မွန်းလွဲပိုင်းရောက်တော့မှ သူရဲ့တပည့်ပျူစောထီးတွေကိုကားနှစ်စီးနဲ့ မြို့ပေါ်ခေါ်လိုက်ပါတယ်။သူ့ကားကိုမြို့ပေါ်မှာ ထားခဲ့ပြီးမှ ပျူတွေနဲ့ဆင်းလာတဲ့အချိန် ကျွန်တော်တို့လ က်နက်ငယ်တွေနဲ့ဆော်ပ.စ်တယ်"ဟု၎င်းမှပြောသည်။

အဆိုပါ ကားပေါ်မှာ ဒုရဲအုပ်နန်းဝင်း အပါဝင်ပျူစောထီး (၆)ဦး လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို-က်ခို-က်မှုတွင်ပျူ(၁)ဦးငရဲပို့နိုင်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှရဲဘော်တစ်ဦးကDICသတင်းဌာနသို့ရှင်းပြပြောဆိုသည်။

#ရုပ် /သံ = ဒေါင်းညီနောင်စစ်ကြောင်း

Dawei Information Center
Dawei information Center - 2

ထားဝယ်မြို့အနီးတွင် သံဃာတော်များနှင့် ပြည်သူလုထုပူးပေါင်း၍ 'ပတ္တနိက္ကုဇ္ဇနကံဆောင်'သပိတ်မှောက်ခဲ့ဟုဆိုထားဝယ် ၊ ဇွန်လ ၃၀ ရ...
30/06/2024

ထားဝယ်မြို့အနီးတွင် သံဃာတော်များနှင့် ပြည်သူလုထု
ပူးပေါင်း၍ 'ပတ္တနိက္ကုဇ္ဇနကံဆောင်'သပိတ်မှောက်ခဲ့ဟုဆို

ထားဝယ် ၊ ဇွန်လ ၃၀ ရက်နေ့

ထားဝယ်မြို့ပြင်တွင် ထားဝယ်ခရိုင် သံဃာတော်များနှင့်ပြည်သူလူထုပူးပေါင်းပြီး ယနေ့မွန်းလွဲက 'တိုင်းပြည်နှင့်
သာသနာကိုဖျ-က်ဆီးနေသော အကြ-မ်းဖက်စစ်တပ်ကိုအလိုမရှိ'စာပြားကိုင်စွဲ၍မိန်းလမ်းမပေါ်တက်ပြီးခြေလျင်
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ကြောင်း သိရသည်။

#ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်

Dawei Information Center
Dawei information Center - 2

ရေးဘီလူးအဖွဲ့ထံ ရဲတပ်ကြပ်(၁)ဦး လ-က်နက်နှင့်အတူ ခိုလှုံလာခဲ့ဟုဆိုထားဝယ် ၊ ဇွန်လ ၂၆ ရက်နေ့မွန်ပြည်နယ်၊ရေးမြို့ပေါ်ရှိ၊ မြ...
26/06/2024

ရေးဘီလူးအဖွဲ့ထံ ရဲတပ်ကြပ်(၁)ဦး လ-က်နက်နှင့်အတူ ခိုလှုံလာခဲ့ဟုဆို

ထားဝယ် ၊ ဇွန်လ ၂၆ ရက်နေ့

မွန်ပြည်နယ်၊ရေးမြို့ပေါ်ရှိ၊ မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်တစ်ဦးဖြစ်သည့် 'ကို*'၊ ကိုယ်ပိုင်အမှတ်(လ/***)သည် AK-47(​ေ-သနတ်)နဲ့ကျည်ဘောက်(၂)ခု၊ကျည်ဆံများနှင့်အတူ ဘီလူးအဖွဲ့ထံတွင် ခိုလှုံခဲ့ကြောင်း ၎င်းဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်ကြပ်ကို ရေးဘီလူးမှ ငွေသိန်း(၃၀)ကျပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information center - 2

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(DDTတပ်ရင်း)မှမောင်းပြန်(၅)လက်ရရှိရေးအတွက် ကံစမ်းမဲရောင်းချထားဝယ် ၊ ဇွန်လ ၁၈ ရက်နေ့ထားဝယ်ပ...
18/06/2024

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(DDTတပ်ရင်း)မှ
မောင်းပြန်(၅)လက်ရရှိရေးအတွက် ကံစမ်းမဲရောင်းချ

ထားဝယ် ၊ ဇွန်လ ၁၈ ရက်နေ့

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDTတပ်ရင်း)တွင်တို-က်ပွဲ အသုံးပြုမဲ့ မောင်းပြန်(၅)လက်ရရှိရေးအတွက်ထိုင်းရောက်'ကာလဒါနပါရမီထောက်ပို့တပ်ဖွဲ့'ရဲဘော်များမှဦးဆောင်၍ ဆုမဲပေါင်း(၆၇)ဆုပါတဲ့ "ကိုယ့်နိုင်ငံ၊ကိုယ့်ဒေသလွတ်မြှောက်ဖို့ပြိုင်တူတွန်း၍တော်လှန်စို့" ရန်ပုံငွေကံစမ်းမဲများကို ယခုဇွန်လ(၁၆)ရက်နေ့မှစတင်ရောင်းချသွားမည်ဖြစ်ပြီး (၂)လကြာ သြဂုတ်လ(၁၆)ရက်နေ့တွင်
၎င်းမဲတို့ကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း DDTတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ 'ဂဋ္ဌုန်မင်းလတ်'က ပြောဆိုသည်။

ကံစမ်းမဲစျေးနှုန်းများမှာ

ထိုင်းနိုင်ငံဆိုလျှင် = ထိုင်းငွေ (100)ဘတ်
မြန်မာနိုင်ငံဆိုလျှင် = မြန်မာငွေ(10000)ကျပ်ဖြစ်သည်။

မြေပြင်မဲကိုယ်စားလှယ်များမှာ

Dawei Defense Team -DDTfacebookfpage👇👇
https://www.facebook.com/DaweiDefenseTeam?mibextid=ZbWKwL

LinLin facebook account👇👇👇
https://www.facebook.com/profile.php?id=100075878606876&mibextid=ZbWKwL

ကြယ်တာရာ facebook account👇👇👇
https://www.facebook.com/profile.php?id=100090288866255&mibextid=ZbWKwL

ချယ်လီ facebook account 👇👇👇
https://www.facebook.com/profile.php?id=100087848044123&mibextid=ZbWKwL

မေချယ် facebook account 👇👇👇
https://www.facebook.com/profile.php?id=61559608130026&mibextid=ZbWKwL

ပြည်ပမဲကိုယ်စားလှယ်များမှာ

ကာလဒါနပါရမီထောက်ပို့တပ်ဖွဲ့ page👇👇
https://www.facebook.com/profile.php?id=61559726286913&mibextid=ZbWKwL

Federal Youth Support Team - ထားဝယ်ထောက်ပို့တပ် page 👇👇👇
https://www.facebook.com/profile.php?id=61559365945753&mibextid=ZbWKwL

ရဲဘော် ကို ချစ် facebook account 👇👇👇
https://www.facebook.com/profile.php?id=100078895576208&mibextid=ZbWKwL

ဖြစ်ကြောင်း၎င်းကထပ်ပြောသည်။

ကံစမ်းစတင်ရောင်းချမည့်ရက်မှာ (16/6/2024)
ကဲစမ်းမဲဖွင့်လှစ်မည့်ရက်မှာ (16/8/2024)

Dawei Defense Team - DDT
Dawei Information Center
Dawei information Center - 2

#ထားဝယ်DDTတပ်ရင်း #ထိုင်းနိုင်ငံ #ထောက်ပို့အဖွဲ့ #တော်လှန်ကံစမ်းမဲ

လောင်းလုံးနွေဦးပြောက်ကျားတပ်ဖွဲဲ့၏သင်တန်းဆင်းပွဲထားဝယ် ၊ ဇွန်လ ၁၆ ရက်နေ့ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်းမှာစစ်ဆင်ရေ...
16/06/2024

လောင်းလုံးနွေဦးပြောက်ကျားတပ်ဖွဲဲ့၏သင်တန်းဆင်းပွဲ

ထားဝယ် ၊ ဇွန်လ ၁၆ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်းမှာစစ်ဆင်ရေးများဖော်ဆောင်နေသည့် နွေဦးပျောက်ကျားတပ်ဖွဲ့၏ဌာနီ
စခန်းတွင် အ‌ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားအား
ကျင်းပပြုလုပ်ခဲ့၍၎င်းသင်တန်းဆင်းပွဲကိုထားဝယ်ခရိုင်တပ်ရင်း(၁)၊ လောင်းလုံးLLPDF၊ လောင်းလုံး(ပအဖ)နှင့်
ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ တို့မှ သဝဏ်လွှာများပို့လာခဲ့ကြောင်း NOGFမှယမန်နေ့က ထုတ်ပြန်ထားသည်။

#ဓာတ်ပုံ / နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF)

Dawei Information Center
Dawei information Center - 2

#ထားဝယ်ခရိုင်တပ်ရင်း၁
#ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ #လောင်းလုံးပအဖ

08/06/2024

ထားဝယ်အရှေ့တောတွင် PDF နှင့် စစ်ကောင်စီတပ်တို့တို-က်ပွဲ(၂)ကြိမ်ဖြစ်ပွား၍ PDF(၁)ဦးဒ-ဏ်ရာရဟုဆို

တို-က်ပွဲ၌စစ်သား(၇)ဦး(​ေ-သဆုံး)/(၁၀)ဦးဒ*ဏ်ရာရ

ထားဝယ် ၊ ဇွန်လ ၈ ရက်နေ့

မေတ္တာမြို့ဘက်မှထားဝယ်မြို့ဘက်သို့ တပ်ချိန်းပြန်မည့်စစ်​​ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သော(၈)ရက်ခန့်က
ကြားဖြ-တ်တို-က်ခိုက်ခံရ၍နှစ်ဖက်ထိ*ခိုက်မှုရှိခဲ့သည်။

မေလ(၃၁)ရက်၊နံနက်(၁၀)နာရီခွဲမှာဘဝပင်ရွာနှင့်ဝကုန်းရွာကြားကို စစ်ကြောင်းထိုးကာ ရှေ့ပြေးဆင်းလာခဲ့သည့်စစ်သားတို့ကို ဒေါနတပ်ခွဲ(၇)/DDTတပ်ခွဲနဲ့DDTတပ်ရင်းမှတို-က်ခို*က်ခဲ့ကြောင်း DDTဖွဲ့ပြန်ကြားရေးမှဆိုသည်။

"စစ်သားတွေကို ကျွန်တော်တို့ အနီးကပ်ရောက်မှဆော်ပါတယ်။လ-က်နက်ငယ်တွေ နဲ့ ထိုးပ-စ်တာ စစ်သား(၃)ဦး
ပွဲချင်းပြီး(​ေ-သ)တယ်၊ကျွန်တော်တို့ဖက်ကတို*က်ခိုက်ရေးဆရာ(၁)ဦးလည်းခြေထောက်မှာကျ-ည်ထိ-သွားလို့ပြန်လည် ဆုတ်ခွာလာခဲ့ရပါတယ်"ဟု၎င်းက ပြောသည်။

ထိုနောက်၎င်းစစ်ကောင်စီတပ်စစ်ကြောင်းနှင့် ယာဥ်တန်း
သည် ပခပ်ရွာအတွင်းမှာ ဇွန်လ(၂)ရက်၊မွန်းလွဲ(၁၂)နာရီချိန်တွင်လည်းတပ်မဟာ(၆)/တပ်ရင်း(၂၇)နှင့်တပ်မဟာ (၄)/တပ်ရင်း(၁၂)၊ဗထူးတပ်မတော်၊ EDFရဲဘော်များ၏
တို-က်ခို*က်မှုခံရကြောင်း EDFဖွဲ့ဝင်မှထပ်ပြောပြသည်။

ယင်းထိ.တွေ့မှုမှာ မီနစ်(၃၀)ကြာမြင့်ခဲ့ပြီး စစ်သား(၄)ဦး
(ေ-သဆုံး)၍(၅)ဦးဒ*ဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်အင်အား
(၁၀၀)ဝန်းကျင်ခန့်ပါရှိ၍ ထားဝယ်-ထီးခီးနယ်စပ်ဒေသတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထားဝယ်ခရိုင်၊တောရှည်ရွာအခြေစိုက်ရှိ ခလရ-၁၀၄တပ်ရင်းသို့ တပ်ပြောင်း
ကျသည့်အတွက်တပ်မိ.သားစုများပါစစ်ကြောင်းအတွင်းခေါ်ဆောင်လာခဲ့ကြောင်း Dic မှထပ်မံစုံစမ်းသိရှိရသည်။

Dawei Information Center
Dawei information Center - 2

#ထားဝယ် #ထီးခီး #တပ်ပြောင်း #ခလရ၁၀၄ #စစ်ကြောင်း

07/06/2024

(အမျိုးသမီးတွေ ဘယ်ဘူတာဆိုက်နေပြီလဲ) - တိုက်ရိုက်ထုတ်လွှင့်မှု
ကိုယ်စားပြုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

ဆွေးနွေး‌ကြမယ့်သူတွေကတော့
◆ မဘီး (Women Rights Activists and Gender Researcher – Women Warriors Myanmar)
◆ နုနုလှိုင် (အထွေထွေအတွင်းရေးမှူးဟောင်း - ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU))
◆ မချယ်ရီ (တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ - ဗ.က.သ များအဖွဲ့ချုပ်)
တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပြီး Way Way – Tanintharyi Nationalities Congress – TNC မှ Moderator အဖြစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
#ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ် #အစီအစဉ်_၂တိုက်ရိုက်ထုတ်လွှင့်မှု

ရေးမြို့နယ်မှာ PDFများ ခလရ-၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို လ-က်န-က်နှင့်အတူ ဖမ်းမိခဲ့ဟုဆိုထားဝယ် ၊ ဇွန်လ ၇ ရက်နေ့မွန်ပြ...
07/06/2024

ရေးမြို့နယ်မှာ PDFများ ခလရ-၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို လ-က်န-က်နှင့်အတူ ဖမ်းမိခဲ့ဟုဆို

ထားဝယ် ၊ ဇွန်လ ၇ ရက်နေ့

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ မော့ကနင်ကျေးရွာအနီးလမ်းပိုင်းတစ်နေရာ၌အိမ်စီးကားဖြင့်သွားလာနေသည့် ဗိုလ်မှူးကိုပြီးခဲ့သော(၂)ရက်ခန့်က PDFများဖ-မ်းဆီးမိခဲ့သည်။

ဇွန်လ(၅)ရက်၊ညနေ(၆)နာရီခန့်မှာ ခလရ-၁၀၆တပ်ရင်း ဌာနချုပ်၏ တပ်ခွဲမှူး ဗိုလ်မှူး ကိုသန်းနိုင်စိုး အားသတင်းအတိကျရပြီး ၎င်းလမ်းပိုင်းတွင် ရေးပြောက်ကျားတပ်ဖွဲ့ရဲဘော်များမှ စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ကိုသန်းနိုင်စိုး ကိုဖမ်းမိစဥ်ကMA-3 ​ေ-သနတ်အရှည်(၁)လက် ၊ MA-5​ေ-သနတ်အတို(၁)လက်တို့ကိုလည်း PDFများမှသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Dawei Information Center
Dawei information Center - 2

#မွန်ပြည်နယ် #ခလရ၁၀၆ #ဗိုလ်မှူး

ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး(၁)ဦး(​ေ-သဆုံး)၍ ၂၆ဦးဒဏ်ရာရ ပေါက်ကွဲမှုကို PDF/ပကဖ တ...
05/06/2024

ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး(၁)ဦး(​ေ-သဆုံး)၍ ၂၆ဦးဒဏ်ရာရ

ပေါက်ကွဲမှုကို PDF/ပကဖ တွေ မလုပ်ဆောင်ခဲ့ဘူးဟုဆို

ထားဝယ် ၊ ဇွန်လ ၅ ရက်နေ့

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အစိုးရပိုင်မူလတန်းကျောင်းထဲမှာ ယမန်နေ့မွန်းလွဲပိုင်းက ပေါ-က်ကွဲမှုတစ်ခုဖြစ်ပွား၍ ကျောင်းသားများထိခိုက်(ေ-သဆုံး)ခဲ့သည်။

ဇွန်လ(၄)ရက်၊မွန်းလွဲ(၁၂)နာရီဝန်းကျင်တွင်၎င်းကျောင်းထဲမှာမပေါက်ကွဲသေးဘဲကျန်ရှိနေသောလ က်နက်ကြီးကိုကလေးငယ်(၁)ဦးမှတွေ့ရှိကောက်ယူပြီးနောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကျောင်းသားမိသားစုဝင်မှ ဆိုသည်။

"ပေါက်ကွဲအသံကျယ်ကြီးကြားရလို့ အိမ်ရှေ့ပြင်ဂိတ်-ချခံတယ်ထင်ပြီး သားလေးကိုအပြေးလွှားသွားကြိုတာပါ။
ကျောင်းရောက်မှ အခုလိုဖြစ်ပျက်သွားမှန်းသိရပါတယ်။
အိမ်ကသားလေးမှာကရှပ်ထိဒဏ်ရာနည်းနည်းပဲရတယ်။
ဆုံးသွားတဲ့ကလေးကိုသနားတယ်။နောက်ဆိုကလေးတွေ
ကျောင်းထားရမှာမလုံခြုံတော့ဘူး"ဟု၎င်းကပြောသည်။

ထိုဖြစ်စဥ်မှာကျောင်းသူ/သား(၂၆)ဦးထိခိုက်ဒဏ်ရာရ၍
အသက်(၉)နှစ်အရွယ်ရှိသော ကျောင်းသား မောင်ထက်မြတ်အောင် မှာ ဦးခေါင်းကြေ-မွပြီး ဆုံးပါးသွားခဲ့သည်။

'ယခုပေါ.က်ကွဲမှုကို တော်လှန်ရေးအဖွဲ့တွေလုပ်တာမရှိပါဘူး။ဘာမှမသိနားမလည်တဲ့ကလေးတွေနဲ့ပြည်သူတွေကို
ကျွန်တော်တို့ဘယ်သောအခါမှမတို-က်ခိုက်ပါ။ကွဲတဲ့သီးကစစ်တပ်ထုတ်လို့ ကြားရတယ်။ သေချာအောင်ထပ်ပြီး
စုံစမ်းနေပါတယ်။ မနေ့ကဖြစ်စဥ်ကိုပြန်သုံးသပ်ရမယ်ဆိုရင် လုပ်ကြံထားသလိုဖြစ်နေတယ်။ ပြီးရင် PDFလုပ်တာလို့စစ်တပ်ဘက်ကလဲအချိန်ကိုက် Telegram channelမှ
ဝါဒဖြန့်ခဲ့တယ်'ဟု ၎င်းမြို့ပြစစ်ဆင်ရေးများ ဖော်ဆောင်နေသည့် DGRFဖွဲ့ဝင်တစ်ဦးက DICသို့ထပ်ပြောပြသည်။

အဆိုပါပေါက်ကွဲမှုတွင် မောင်ထက်မြတ်အောင် အပါဝင်
ကျန်ကျောင်းသား ကလေးငယ်(၂)ဦးသည်လည်း ဆေးရုံရောက်မှာဆုံးပါးခဲ့သေးကြောင်း(ကနဦး) သိရှိရပါသည်။

Dawei Information Center
Dawei information Center - 2

အရှင်ထာဝရ(နော်ဝေး)ဆရာတော်မှမြေပြင်ရဲဘော်များနဲ့တွေ့ဆုံမှုပြုလုပ်ထားဝယ် ၊ ဇွန်လ ၃ ရက်နေ့နွေဦးတော်လှန်ရေး ဆရာတော်ဖြစ်သည့်...
03/06/2024

အရှင်ထာဝရ(နော်ဝေး)ဆရာတော်မှမြေပြင်ရဲဘော်များနဲ့တွေ့ဆုံမှုပြုလုပ်

ထားဝယ် ၊ ဇွန်လ ၃ ရက်နေ့

နွေဦးတော်လှန်ရေး ဆရာတော်ဖြစ်သည့် အရှင်ထာဝရ မှမြေပြင်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ကိုယ်ကျိုးမငဲ့အသ-က်စွ န့်တို-က်-ပွဲဝင်နေသည့် တော်လှန်သမားများကိုကြွရောက် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဓာတ်ပုံ / အရှင်ထာဝရ(နော်ဝေး)

Dawei Information Center
Dawei information Center - 2

#ရေးဘီလူး #အရှင်ထာဝရ #တွေ့ဆုံ

03/06/2024

ဒေါင်းမင်းစစ်ဆင်ရေးစခန်းတွင် အလံတင်ပွဲပြုလုပ်

ထားဝယ် ၊ ဇွန်လ ၃ ရက်နေ့

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေး စခန်းတစ်ခုတွင် အလံတင်ပွဲအခမ်းအနားကို
ယခု ဇွန်လ(၁)ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

#ရုပ်/သံ = ဒေါင်းမင်းစစ်ဆင်ရေး

Dawei Information Center
Dawei information Center - 2

02/06/2024

မွန်ပြည်နယ်၊ရေးဘီးလူးအဖွဲ့ခေါင်းဆောင်မှcover song သီဆိုထားသော "ဘီလူးဆိုင်းနဲ့ ပူဇော်ခြင်း"သီချင်းကို မိဘပြည်သူများ ပြန်လည် နားဆင်နိုင်ရန်အတွက် DIC မှတင်ဆက်ပေးလိုက်ပါသည်။

#မူးရင်းရေး / ဆို = လင်းလင်း
= ရေးဘီးလူးအဖွဲ့ခေါင်းဆောင်

Dawei Information Center
Dawei information Center - 2

လောင်းလုံးမှာ ဗိုလ်မှူးကြီး ဗထူး ကျ-ဆုံးခြင်း(၇၉)နှစ်မြောက်အခမ်းအနားအားကျင်းပပြုလုပ်ထားဝယ် ၊ ဇွန်လ ၂ ရက်နေ့ထားဝယ်ခရိုင်၊...
02/06/2024

လောင်းလုံးမှာ ဗိုလ်မှူးကြီး ဗထူး ကျ-ဆုံးခြင်း(၇၉)နှစ်မြောက်အခမ်းအနားအားကျင်းပပြုလုပ်

ထားဝယ် ၊ ဇွန်လ ၂ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်အတွင်းရှိဒေသခံများနဲ့ တော်လှန်ရေးအဖွဲ့များ/သပိတ်ကော်မတီဝင်များ စုပေါင်းပြီးယနေ့ဇွန်လ(၂)ရက်နေ့မှာကျရောက်သည့် ဗိုလ်မှူးကြီး
'ဗထူး' ကျ-ဆုံးခြင်း (၇၉)နှစ်မြောက် အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ကြောင်း DDMSC မှ ထုတ်ပြန်ပါသည်။

#ဓာတ်ပုံ / DDMSC

Dawei Information Center
Dawei information Center - 2

ထားဝယ်မြို့ပြင်မှာ စစ်ဗိုလ်ကြီး မောင်းနှင်လာတဲ့အိမ်စီး ကားပ-စ်ခ-တ်ခံရပြီး စစ်ဗိုလ်(၁)ဦး(​ေ-သ ဆုံး)ဟုဆိုထားဝယ် ၊ ဇွန်လ ၂...
02/06/2024

ထားဝယ်မြို့ပြင်မှာ စစ်ဗိုလ်ကြီး မောင်းနှင်လာတဲ့အိမ်စီး ကားပ-စ်ခ-တ်ခံရပြီး စစ်ဗိုလ်(၁)ဦး(​ေ-သ ဆုံး)ဟုဆို

ထားဝယ် ၊ ဇွန်လ ၂ ရက်နေ့

ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ခမရ-၄၀၇တပ်ရင်းဘက်မှထားဝယ်မြို့သို့စစ်ဗိုလ်ကြီးမောင်းနှင်လာတဲ့ ကားတစ်စီး ယမန်နေ့မွန်းလွဲပိုင်းက မြို့ပြင်တွင် ပ-စ်ခ-တ်ခံရသည်။

ဇွန်လ(၁)ရက် ၊နံနက်(၁၁)နာရီကျော်ခန့်တွင် ၎င်းစစ်ဗိုလ်ကားကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)
တို့အတူပူးပေါင်း၍ အသင့်စောင့်ကြိုပ-စ်.ခတ်ခဲ့ကြောင်း YPPDFအဖွဲ့၏တာဝန်ရှိသူတစ်ဦးမှ DICသို့ပြောပြသည်။

"သတင်းကြိုရထားလို့ သွားစောင့်နေတာပါ။ ဖြစ်စဥ်ပြီးမှကားအနားကိုသွားကြည့်တာ ဗိုလ်ကြီးမိန်းမနဲ့ကလေးတွေပါလာမှန်းသိရတယ်။ ဒါပေမဲ့ဗိုလ်ကြီးကလွဲရင်ဘယ်သူမှထိ-ခိုက်မှုမရှိပါဘူး"ဟု၎င်းက ဆက်လက်ပြောဆိုသည်။

ယင်း(​ေ-သဆုံး)သူသည် ရေဖြူအခြေစိုက်ခမရ-၄၀၆
တပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသောဗိုလ်ကြီး(....................)ဖြစ်၍ ကားပေါ်မှာပါလာသည့်၎င်း၏အမျိုးသမီး
နှင့် ကလေးတွေကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အနီးအနားကို စစ်ကောင်စီတပ် အင်အားလုံးရင်းလ-က်နက်ကြီး၊ငယ်များရမ်းသမ်းပ-စ်ဖောက်၍
ရောက်ရှိလာပြီးနောက် အလောင်းအားသယ်ယူသွားခဲ့ပြီး ဒေသခံတချို့ကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

Dawei Information Center
Dawei information Center - 2

#ခမရ၄၀၆ #ထားဝယ် #ရေဖြူမြို့နယ် #စစ်ဗိုလ်

ရေးဘီလူးအဖွဲ့ကို USAရောက်အလှူရှင်မှကားလှူဒါန်းပေးထားဝယ် ၊ ဇွန်လ ၁ ရက်နေ့မွန်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေ...
01/06/2024

ရေးဘီလူးအဖွဲ့ကို USAရောက်အလှူရှင်မှကားလှူဒါန်းပေး

ထားဝယ် ၊ ဇွန်လ ၁ ရက်နေ့

မွန်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့်
ရေးဘီလူးဖွဲ့ကို မိုးရာသီသွားလာရေးအသုံးပြုရ လွယ်ကူစေရန်အတွက်U.S.A​ရောက်အလှူရှင်များမှကားတစ်စီးကိုမေတ္တာလက်ဆောင်ဖြင့်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

#ဓာတ်ပုံ / ရေးဘီလူး

Dawei Information Center
Dawei information center - 2

ထားဝယ်ခရိုင်တပ်ရင်း(၂)၏အပတ်စဥ်(၆)စစ်သင်တန်းဆင်းပွဲအခမ်းအနားထားဝယ် ၊ ဇွန်လ ၁ ရက်နေ့တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်အမှတ်(၂)တပ...
01/06/2024

ထားဝယ်ခရိုင်တပ်ရင်း(၂)၏အပတ်စဥ်(၆)စစ်သင်တန်းဆင်းပွဲအခမ်းအနား

ထားဝယ် ၊ ဇွန်လ ၁ ရက်နေ့

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း /T5 မှရဲဘော်များ၏အပတ်စဥ်(၆)အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ကြောင်း T5တပ်ရင်းမှယနေ့ လူမှုကွန်ယက်တွင် ထုတ်ပြန်ကြေငြာထားပါသည်။

#ပုံ / ထားဝယ်ခရိုင်အမှတ်၂တပ်ရင်း

Dawei Information Center
Dawei information Center - 2

28/05/2024

ထားဝယ်အရှေ့တောနယ်က ပြည်သူအိမ်များ မီး-ရှို့ခံရ

ထားဝယ် ၊ မေလ ၂၈ ရက်နေ့

ထားဝယ်ခရိုင်၊မေတ္တာမြို့နယ် ၊တောင်သုံးလုံးကျေးရွာမှာ
ယခုနှစ် ဧပြီလလယ်ကစ၍ စစ်ကောင်စီတပ် နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့စစ်ရေးတင်းမာလျက်ရှိပြီး (၁)လအတွင်းနှစ်ဖက်ထိတွေ့တို-က်ပွဲများ(၅)ကြိမ်ထက်မနည်းဖြစ်ပွားထားကာလူနေအိမ်(၁၀)ဆောင်နီးပါးခန့်ကိုလည်းစစ်တပ်ဘက်မှမီး-ရှို့ဖျ-က်-ဆီးခဲ့ကြောင်း သိရှိရသည်။

#ရုပ်/သံ = မီး-ရှို့ဖျ-က်ဆီးခံရသောလူနေအိမ်များ။

Dawei Information Center
Dawei information center - 2

ထားဝယ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်သားသမီးများစု စစ်မှူထမ်းရန်အတွက် ဆင့်ခေါ်စာတွေပို့ခံနေရဟုဆိုထားဝယ် ၊ မေလ ၂၈ ရက်နေ...
28/05/2024

ထားဝယ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်သားသမီးများစု စစ်မှူထမ်းရန်အတွက် ဆင့်ခေါ်စာတွေပို့ခံနေရဟုဆို

ထားဝယ် ၊ မေလ ၂၈ ရက်နေ့

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီး(၃)နှစ်ကြာမှာစစ်တပ်
ဘက်မှ အသက်ပြည့်ပြီးသားလူငယ်များကို အတင်းစစ်မှူထမ်းစေရန်အတွက် အမျိုးမျိုးလုပ်ဆောင်လျက်ရှိသည်။

ထားဝယ်မြို့မှာလည်း စစ်မှူထမ်းဥပဒေကို အသက်သွင်းရန်စစ်ကောင်စီတပ်ဘက်ကကြိုးစားနေသည်မှာ (၃)ကြိမ်မြောက်ရှိလာပြီဖြစ်၍ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်း
ရှင်အများစု သားသမီးများပါဝင်နေကြောင်း မြို့ခံတစ်ဦး
ဖြစ်သောအမည်လွှဲ'ကိုကျော်ဇင်'က DICသို့ပြောပြသည်။

"အရင်သုတ်က စစ်မှူထမ်းစာရင်းထဲမှာ ပါတဲ့သူအများစုကလက်လုပ်လက်စားဆင်းရဲတဲ့မိသားစုများတယ်၊တချို့ကပြည်ပထွက်ပြေးကြသလိုတချို့ကမတက်သာလို့စစ်မှူဝင်ထမ်းပေးနေကြရပါတယ်။ဒီတခါကျတော့ချမ်းသာတဲ့လူတွေဖက်ကိုလှည့်နေပြီ။ လူချမ်းသာတွေဆိုတော့သူတို့သားသမီးတွေ စစ်မှူမထမ်းရအောင်ဆိုပြီး စစ်တပ်ကိုငွေ
သိန်း(၂၀၀)နဲ့ညို့နေကြတယ်"ဟု၎င်းကထပ်ပြောသည်။

ထိုမြို့ပေါ်၌ယခုသုတ် စစ်မှူထမ်းဆင့်ခေါ်စာပို့ခံထားရသူ
စုစုပေါင်းမှာအမျိုးသား(၄၀)ဦးခန့်ရှိကြောင်း သိရသည်။

"ကျွန်တော်အိမ်ကိုစစ်မှူထမ်း(ပထမ)သုတ်မှာဆင့်ခေါ်စာရောက်လာခဲ့တယ်။ မိဘတွေကသွား တောင်းပန်ပေမဲ့မရခဲ့ပါဘူး။အဲနေ့ညမှာအတွေးဝင်လာမိပါတယ်ဗျာ၊စစ်တပ်
အတွက် တာဝန်ထမ်းမဲ့အစား PDFထဲဝင်မယ်ဆိုပြီးပေါ့။
ကျွန်တော်ရွေးချယ်မှုကမှန်ကန်သွားပြီလို့ပြောလို့ရတယ်။
လူကို/လူလိုဆက်ဆံတဲ့စနစ်ကိုပဲလိုလားတယ်။ဒါကြောင့်
အဆုံးထိတို က်မယ်"ဟု ထားဝယ်မြို့ပေါ်မှ ဆင့်ခေါ်စာပို့ခံရ၍အိမ်ပြေးဖြစ်ခဲ့ရသောလူငယ်တစ်ဦးမှပြောပြသည်။

အဆိုပါ (၃)ကြိမ်မြောက်စစ်မှူထမ်းဥပဒေကို ရှောင်လွှဲသူ
တို့အား စစ်ကောင်စီတပ်ဘက်မှအရေးယူသွားမည်ဖြစ်၍ ၎င်းစစ်မှူထမ်းစာရင်း၌ပါပြီးသား ပြည်ပရောက်နေတဲ့သူတွေကိုလည်းနေရပ်ပြန်လာခဲ့ရန်စစ်ကောင်စီဘက်မှလူထုအား ခြိ-မ်းခြော-က်ထားကြောင်း ထပ်မံ သိရှိရပါသည်။

#ပုံဟောင်း။

Dawei Information Center
Dawei information Center - 2

မြိတ်ခရိုင်အတွင်းရှိ PDFစစ်ကြောင်း(၂)ခုကိုလ-က်နက်များတပ်ဆင်ပေးပြီဟု တိုင်းစစ်ဌာနမှ ထုတ်ပြန်ထားဝယ် ၊ မေလ ၂၆ ရက်နေ့တနင်္သာ...
26/05/2024

မြိတ်ခရိုင်အတွင်းရှိ PDFစစ်ကြောင်း(၂)ခုကိုလ-က်နက်များတပ်ဆင်ပေးပြီဟု တိုင်းစစ်ဌာနမှ ထုတ်ပြန်

ထားဝယ် ၊ မေလ ၂၆ ရက်နေ့

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အတွင်းရှိအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ အမှတ်(၃)၊ တိုင်းစစ်ဌာန(တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နဲ့ စစ်ကြောင်း(၂)ထံလ-က်နက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ပြုလုပ်ကြောင်း တိုင်းစစ်ဌာနမှထုတ်ပြန်သည်။

ထိုအခမ်းအနားမှာ တိုင်းတာဝန်ခံ ရဲဘော် STAR မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ တိုင်းစစ်ဌာန(တနင်္သာရီ) မှ ပြည်သူ့လုံခြုံရေးတာဝန်ခံ ရဲဘော် ငှက်ခါး ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) / (၂)တို့မှစစ်ကြောင်းမှူး ၊ ဒုစစ်ကြောင်းမှူး နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံတို့မှလ-က်နက်ပေးအပ်ရခြင်း နှင့်စစ်ကြောင်းအလိုက် ဖော်ဆောင်နေသည့် စစ်ဆင်ရေးရည်မှန်းချက်များကို ရှ-င်းလ င်းတင်ပြခဲ့ပြီး စစ်ကြောင်းများထံသို့လ-က်နက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းလ-က်န က်ပေးအပ်ခြင်းအခမ်းအနားသို့ တိုင်းစစ်ဌာန(တနင်္သာရီ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း(၂)တာဝန်ရှိပုဂ္ဂိုလ်များ၊မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ နှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

အဆိုပါပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)ဖြင့်ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏စစ်ဆင်ရေးရည်မှန်းချက်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာစစ်ကြောင်း(၁)တွင်မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၂)မှတပ်ခွဲ(၁)
၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Droneလက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး စစ်ကြောင်း (၂)မှာလည်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)မှ တပ်ခွဲ(၂)၊တနင်္သာရီမြို့နယ်ပကဖ၊ကျွန်းစုမြို့နယ် ပကဖ ၊ ပုလောမြို့နယ်ပကဖ နှင့် တိုင်းစစ်ဌာန
(တနင်္သာရီ) စစ်ဆင်ရေးဌာန ၏ Drone လက်ရုံးတပ်ဖွဲ့ Dragon Squad တို့ဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းများဖြစ်ပြီး မြိတ်ခရိုင်အတွင်း စစ်ဆင်ရေးဖော်ဆောင်နေသည့် စစ်ကြောင်းများ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

#ပုံ /တိုင်းစစ်ဌာန(တနင်္သာရီ)

Dawei Information Center
Dawei information Center - 2

25/05/2024

သရက်ချောင်းမြို့ပေါ်က စစ်တပ်ဂိတ်ကိုတော်လှန်ရေးဖွဲ့များမှတို-က်ခို က်ခဲ့၍ စစ်သား(၇)ဦး(​ေ-သ ဆုံး)ဟုဆို

ထားဝယ် ၊ မေလ ၂၅ ရက်နေ့

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့၊ပန်းတောရပ်ကွက်မှသံတားထိပ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခု ယနေ့ နံနက်စောပိုင်းတွင် အလစ်ငိုက် တို-က်၊ခို-က်ခံရကြောင်း သိရှိရသည်။

မေလ(၂၅)ရက်၊နံနက်(၆)နာရီဝန်းကျင်ခန့်က၎င်းဂိတ်ကို
KNLAတပ်မဟာ(၆)/ တပ်ရင်း(၂၇) ၊ ကော်သူးလေအာမီ (KTLA)နဲ့ ဒေါင်းညီနောင်စစ်ကြောင်း တို့အတူပူးပေါင်း၍
ဝင်တို-က်ခဲ့ကြောင်း ပါဝင်သည့်ရဲဘော်တဦးကဆိုသည်။

"ပုံမှန်အဲဂိတ်ထဲမှာ စစ်သားနှင့်ပျူ(၇)ယောက်ရှိပါတယ်။
မနက်ကသူတို့လ-က်ဖက်ရည်ဖျော်နေတုန်း ကျွန်တော်တို့အသာစီးယူပြီးလ-က်န က်ငယ်တွေနဲ့ဝင်ဆော်ခဲ့ပါတယ်။
မီတာ(၈၀၀)မှာရှိတဲ့ စရဖရုံးကစစ်သားတွေဂိတ်ကိုစစ်ကူလိုက်လာခဲ့လို့ ကျွန်တော်တို့နဲ့ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်"ဟု၎င်းကပြောသည်။

ယင်းနှစ်ဖက်ထိ-တွေ့မှုမှာမိနစ်(၃၀)ခန့်သာကြာမြင့်ခဲ့ပြီး
စစ်ကောင်စီဘက်မှစစ်သားနှင့်ပျူ(၇)ဦးထိ(​ေ-သ ဆုံး)
၍(၆)ဦးဒ-ဏ်ရာရရှိခဲ့သော်လည်း မိမိတို့တော်လှန်ရေးဖွဲ့များဘက်မှ ထိ-ခိုက်မှုမရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါထားဝယ်-ပုလောပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်စခန်း /စ_စ်အုပ်စုနှင့် နီးစပ်သောနေရာများကိုသွားလာရမည်ဆိုပါက စစ်ရေးသ-တိအမြဲရှိစွာသွားလာပါကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှအသိပေးထားပါသေးသည်။

#ရုပ်/သံ = ဒေါင်းညီနောင်စစ်ကြောင်း

Dawei Information Center
Dawei information Center - 2

25/05/2024

ထားဝယ်ခရိုင်တပ်ရင်း(၁)ဒုရင်းမှူးမှ အလှူရှင်များအားကျေးဇူးတင်စကားပြောဆိုခြင်း

ထားဝယ် ၊ မေလ ၂၅ ရက်နေ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တပ်ရင်း(၁) ဒုတပ်ရင်းမှူး
ရဲဘော်C1 မှ "နှစ်သစ်အသက်ကယ်လက်ဆောင် ကျည်ကာအစုံ ၁၀၀"Projectတွင် ပါဝင်အားဖြည့်ကူညီပေးကြပါသော ထောက်ပို့ပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ဤရုပ်/သံဖိုင်နှင့်တကွ ပြောဆိုထားပါသည်။

#ရုပ်/သံ = ထားဝယ်ခရိုင်တပ်ရင်း(၁)/ဝိုင်းတွန်းဇို့

Dawei Information Center
Dawei information Center - 2

24/05/2024

ထားဝယ်ခရိုင်အတွင်းရှိ ဒေါနတပ်ခွဲ-၇/(DDTတပ်ခွဲ)မှ စနိုက်ပါတစ်လက်ရရှိရေးအတွက်ပြုလုပ်သည့် ကံစမ်းမဲရောင်းအားမြှင့်တင်ရေး အစီစဉ်အခမ်းအနား

Dawei Information Center
Dawei information Center - 2

Address

ရန်ကုန်-ကော့သောင်းကားလမ်းမ

Alerts

Be the first to know and let us send you an email when Dawei information Center - 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dawei information Center - 2:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share