08/12/2022
Hello စာပို့ထားတဲ့ customer များရှင့်🥺
မင်မင် လ အစတည်းက တစ်နေ့တစ်မျိုး မကြာခဏ မူးပြီး ခေါင်းထိုးကိုက်လိုက် ဖျားလိုက်ဖြစ်နေလို့ပါ။
မနေ့က မင် အိပ်ချင်တာတောင် လှဲချရင် တစ်ကိုယ်လုံးကိုက်ပြီး အိပ်မရလို့ ငုတ်တုတ်ထထိုင်နေရတာပါ။
ဒီနေ့ဆို အကြောတွေဆိုင်းသွားမလိုဖြစ်လို့ ခေါင်းလဲ မခံနိုင်အောင်မူးနေလို့ ဖုန်းရော ကျန် admin နဲ့ပါ အကုန်အဆက်အသွယ်ဖြတ်ထားပြီး ညနေမှ သက်သာလို့ လိုင်းတက်ဖြစ်လို့ပါ။
တစ်မနက်လုံး လူနဲ့ ဆေးနဲ့မပြတ်ရဘဲ အိမ်ကလူတွေပါမကျန် ဝိုင်းနှိပ်နယ်ပေးနေကြရတာပါ။
နောက်ဆုံးစာပြန်တဲ့ရက်က လုပ်ပေးလက်စ customer တွေပါ မပြီးသေးဘဲ ကျန်နေခဲ့ပါတယ်။
အကုန် ဒီည ရစေရပါမယ်နော်။
Inquiries တွေက မင်မင်က လွဲပြီး မဖြေနိုင်တဲ့ဟာတွေဆို ကျန် admin က မပြောပြတတ်လို့ပါ။
သိသလောက် အကုန်ဖြေပေးပါလိမ့်မယ်နော်။
အခု မင်တို့ ကျန်နေတဲ့သူ အားလုံးကို ဒီညပဲ အတူတူ duty ခွဲပြီးလိုက်ဖြေပေးပါမယ်ရှင့်။
လူအပိုက အများကြီးရှိမနေလို့ အရမ်းကို နောက်ကျနေလို့အကုန်လုံးကို အားနာရပြီး တောင်းပန်ပါတယ်နော်။
တော်ရုံဖြစ်တာလောက်ဆို အရင်တည်းက မင် ဖျားနေရင်တောင် ညမအိပ်ပဲ အလုပ်အကုန်ထိုင်ဖြတ်ပြီးဖြေပေးပါတယ်။🥺
အခုက လုံးဝမထနိုင်ပဲ အစားစားဖို့တောင် မထနိုင်လို့ ကိုယ့်ရှေ့အရောက် အိမ်ကလိုက်လုပ်ပေးနေရတာမို့ပါ။
ဒီအလုပ်ကို စလုပ်တည်းက တစ်ယောက်ထဲလုပ်ခဲ့တာမို့ လူပိုအများကြီး မရှိတော့ တကယ်မတတ်နိုင်တဲ့ အခြေအနေမို့ပါ။
စိတ်မဆိုးကြဖို့ အားလုံးကို ထပ်ပြီး တောင်းပန်ပါရစေနော်🤍
ဒီညအထိ မင်တို့ပြီးအောင်ဖြေပေးမှာမို့ urgent သမားတွေက အရမ်းကြာနေရင် ဒီဖုန်းကို ဆက်ပေးပါနော်ရှင့်။
Contact Number • 09973825867