Kp Movie review

  • Home
  • Kp Movie review

Kp Movie review Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kp Movie review, TV Channel, .

Mishan Impossible(2022) ****************************** #ဇတ်ကားသစ်Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချ...
01/05/2022

Mishan Impossible(2022)
******************************
#ဇတ်ကားသစ်

Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ...

တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့

တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်...

လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့....

ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့

(၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကို

အဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်...

အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့

သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင်

ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်...

ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်...

သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင်

လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်..

လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလို

သူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့...

File Size : 1.1GB, 378MB
Quality : Web-dl 720p, 480p
Format : mp4
Duration : 1hr & 34mins
Genre : Drama , Action, Comey
Translated by Chothet_mlmt & Moe Lay
Encoded by Phyo Pyae



မီးပျက်နေတုန်း ဂျပန်မှာ မီးပျက်တဲ့ ကားလေးတင်ပေးလိုက်ပါတယ် 🤣🌚🍁Survival Family (2016)တိုကျိုရှိ သာမန်မိသားစုတစ်စု မီးပျက်သ...
18/03/2022

မီးပျက်နေတုန်း ဂျပန်မှာ မီးပျက်တဲ့ ကားလေးတင်ပေးလိုက်ပါတယ် 🤣🌚

🍁Survival Family (2016)

တိုကျိုရှိ သာမန်မိသားစုတစ်စု မီးပျက်သွားသည့်အခါ လျှပ်စစ်ဓာတ်အား မကြာမီ ပြန်လည်ရရှိမည်ဟု ယုံကြည်ကြသည်။ ပါဝါမရှိခြင်းကြောင့် ဆက်လက်တည်ရှိနေပြီး စွမ်းအင်ရင်းမြစ်အားလုံးသည် လုပ်ငန်းဆောင်တာအဖြစ်သို့ ပြန်လည်ရောက်ရှိမည့် လက္ခဏာမပြဘဲ မိသားစုနှင့် မိခင်၏မိဘများနှင့် ပြန်လည်ပေါင်းစည်းရန် တောင်ဘက်သို့ ထွက်ခွာသွားကြသည်။ မိသားစုသည် ခြေလျင်လျှောက်ရန် တစ်ခုတည်းသောရွေးချယ်မှုဖြစ်သည့် စက်ဘီးဖြင့် တောင်ဘက်သို့ ခြေလျင်လျှောက်ရင်း သင်ယူပြီး နှောင်ကြိုးကို ချည်နှောင်ထားသည်။—aghaemi

🍁Tokyo မြို့နဲ့ ဂျပန်တစ်နိုင်ငံလုံးမှာ မီးပျက်သွားတဲ့ အခါ မြို့ပြမှာနေလူတွေ ဘယ်လိုမျိုး ပြဿနာတွေနဲ့ တွေ့ကြံုရမလဲဆိုတာ ကြည့်ရှု့ကြည့်ပါ 🤷‍♂️

🍁မင်မင်ကတော့ ကြည့်နေရင်း မီးပျက်တာ အဲ့လောက်ဖြစ်လို့လားဆိုပြီး တွေးမိပြီး တစ်ပြိုင်နက်မှာ စုတ်ပျက်တဲ့ အုပ်ချုပ်ရေးနဲ့ လည်ပတ်နေတဲ့ နေရာကြီးမှာ နေသားကျနေတဲ့ ကို့ဘာသာကို “အော်” လို့ဘဲ မှတ်ချက်ပေးမိပါတယ် 🤷‍♂️


Khiladi (2022)ဇာတ်ကားသစ်====================မျော်နေတဲ့အလန်းစားကားကြီး ထွက်လာပြီလောကမှာ ငွေသာလျှင် ဘုရားသခင် ငွေသာလျှင်သူ...
18/03/2022

Khiladi (2022)ဇာတ်ကားသစ်
====================
မျော်နေတဲ့အလန်းစားကားကြီး ထွက်လာပြီ

လောကမှာ ငွေသာလျှင် ဘုရားသခင် ငွေသာလျှင်

သူ့ရဲ့ အောက်စီဂျင် ဆိုတဲ့ မိုဟန် ဂန်ဒီ

မိန်းမဖြစ်သူ ချီထရာ နဲ့ ယောက္ခမတွေ အသတ်ခံ

လိုက်ရတာကြောင့် အဖမ်းခံထားရတဲ့ မိုဟန်ဂန်ဒီတစ်ယောက်

ပြစ်မှုလေ့လာရေး ကျောင်းသူလေး ပူဂျာနဲ့ တွေ့ဆုံလိုက်တဲ့အခါ

ဂန်ဒီ့ရဲ့ ဇာတ်လမ်းလေးက ပူဂျာနှလုံးသားကို အရည်ပျော်သွားစေပြီး သူ့အဖေ အရာရှိကြီးရဲ့ အကူအညီကိုယူ

ဂန်ဒီ့ကို ထောင်ထဲကနေ တရားမဝင်နည်းလမ်း သုံးပြီး အာမခံထုတ်ပေးလိုက်ပါတော့တယ်

ဂန်ဒီ ထောင်ကနေလွတ်သွားပြီးမှ CBI အရာရှိ အာဂျွန် ရဲ့ ပြောပြချက်အရ

မိုဟန် ဂန်ဒီက အိန္ဒိယရဲတွေ အလိုရှိဆုံး ရာဇဝင်လူဆိုးဖြစ်နေတာကို ပူဂျာတစ်ယောက် သဘောပေါက်သွားခဲ့တယ်

လူဆိုးဖြစ်ရုံတင်မကဘူး ဉာဏ်အရမ်းကောင်းတဲ့ ဂန်ဒီတစ်ယောက် ဘယ်သူ့ဇာတ်လမ်းကို အသုံးချပြီး

ပြောသွားတာလဲ အဲဒီဇာတ်လမ်း နောက်ကွယ်က အဖြေက ဘာဖြစ်မလဲ ဆိုတာကို

သူအရမ်းချစ်တဲ့ ငွေတွေကို ဂန်ဒီနဲ့ သူ့ရဲ့ ဘော်ဒါအဖွဲ့ ဘယ်လိုရအောင်ယူမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်


Movie Review by KLK: DJ Tillu (2022)''နောက်တစ်ခါကျရင် ဦးနှောက်နဲ့မစဥ်းစားဘဲ နှလုံးသားနဲ့ခံစားလိုက်။ ငါ့ကိုမတားနဲ့''''တခ...
18/03/2022

Movie Review by KLK: DJ Tillu (2022)
''နောက်တစ်ခါကျရင် ဦးနှောက်နဲ့မစဥ်းစားဘဲ နှလုံးသားနဲ့ခံစားလိုက်။ ငါ့ကိုမတားနဲ့''

''တခြားသူဘာတွေးမလဲဆိုတာမတွေးဘဲနဲ့ ရှင်လုပ်ချင်တာကိုသာ လုပ်ပစ်လိုက်''
-From the film ''DJ Tillu (2022)''

ဒီညစူပါဆန်းဒေးမှာ အတော်လေးကြည့်ကောင်းတဲ့ တောင်ပိုင်းအချစ်ဟာသကားသစ်တစ်ကားကို ညွှန်းပေးလိုက်မယ်။ ဒါပေမဲ့ တကယ်တော့ဒီကားက RomCom ပုံစံမျိုးထက် မှုခင်းအနည်းငယ်ရောတဲ့
အချစ်ဇာတ်လမ်းမျိုးလို့ပြောရင်ပိုမှန်လိမ့်မယ်။ နာမည်က DJ Tillu (2022) တဲ့။

ဒီနှစ်ဖေဖော်ဝါရီ ၁၂ ရက်မှာစတင်ဖြန့်ချိခဲ့တဲ့ တေလဂူးစကားပြောဒီရုပ်ရှင်ကို ဒေါင်းထားတာကြာပြီဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှကြည့်ဖြစ်ခဲ့တာ။ ဒါကလည်း တောင်ပိုင်းမင်းသမီးတွေထဲမှာ အတော်လေးလှတဲ့ အသက်၂၈ နှစ်အရွယ် နီဟားရှက်တီကြောင့်လို့ပြောရင်မှားမယ်မထင်ဘူး။ ဒီမင်းသမီးကို မနှစ်က The Most Eligible Bachelor ရုပ်ရှင်မှာလည်း အတော်လေးသဘောကျမိတာ။ ဒီကားမှာတော့ တဖြုတ်ဖြုတ်နဲ့ပေါ့။

တေလဂူးကားတွေကောင်းတယ်ဆိုတာကိုတော့ အထူးညွှန်းစရာမလိုလောက်ဘူး။ မြန်မာပရိသတ်တွေအရမ်းကြိုက်ကြတဲ့ ဘာဟုဘာလီတို့ မနှစ်ကအရမ်းပေါက်တဲ့ အယ်လ်လူးအာဂျွန်ရဲ့ Pushpa: The Rise တို့လည်း တေလဂူးကားကြီးတွေပဲမဟုတ်လား။ ဒီကားရဲ့မင်းသားကိုတော့ ကိုယ်သိပ်သတိမထားမိဘူး။ ဒါရိုက်တာကတော့ Jessie ရုပ်ရှင်မှာ ဇာတ်ရန်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဗီမယ်လ်ခရစ်နားပါ။ သူက ဒီကားရဲ့ဇာတ်ညွှန်းကိုလည်း ပူးတွဲရေးခဲ့သူပါ။

ဇာတ်လမ်းအကျဉ်းကတော့ မိသားစုနဲ့သိပ်သဟဇာတမဖြစ်တဲ့ တက်သစ်စဒီဂျေတီလူဟာ သူ့ရဲ့အနာဂတ်အိပ်မက်တွေအတွက် ကြိုးစားနေတဲ့လူငယ်တစ်ဦးပေါ့။ တစ်နေ့မှာ ကလပ်မှာသီချင်းဆိုတဲ့ ကောင်မလေးရက်ဟီကာနဲ့အတူသောက်ရင်း ခင်သွားပြီး ကလပ်ပိတ်တဲ့အထိသူတို့နှစ်ယောက်အတူရှ်ိနေခဲ့ကြတယ်။

တီလူကရက်ဟီကာကိုအိမ်ပြန်ပို့ပေးခဲ့ပေမယ့် အဲညမှာပဲ သူတို့နှစ်ဦး မိုးသည်းထဲမှာအနမ်းမိုးတွေရွာပြီး သံယောဇဉ်ခိုင်မာခဲ့ကြတယ်။ တကယ်က ရက်ဟီကာမှာချစ်သူရှိနေတယ်။ သူမနဲ့အတန်ကြာတွဲခဲ့တဲ့ဓာတ်ပုံဆရာရိုဟစ်ကလည်း သူဋ္ဌေးသမီးပူရီမာနဲ့ဇာတ်လမ်းရှုပ်နေတယ်။ ဒါကိုသိပြီးညစ်နေတဲ့အချိန်မှာ တီလူက သူ့ဘဝထဲရောက်လာလို့အချစ်နယ်ကျွံပစ်လိုက်တာ။

ရိုဟစ်က သူမ တီလူနဲ့တွဲတော့မှ အ ြကီးအကျျယ်ကွိုင်ရှာလာတယ်။ အဲဒါနဲ့ရုန်းရင်းကန်ရင်းနဲ့ ရိုဟစ်မတော်တဆထိမိပြီး ကွယ်လွန်သွားခဲ့တယ်။ တိုက်တ်ိုက်ဆိုင်ဆိုင်အဲနေ့က တီလူ့ရဲ့မွေးနေ့။ ရက်ဟီကာ့ကိုသူ့မိဘတွေနဲ့မိတ်ဆက်ပေးမလို့ တီလူကစီစဥ်ထားပေမယ့် ရက်ဟီကာက သူ့အခန်းကိုအားချင်းလှမ်းခေါ်တာလို့အရောက်သွားခဲ့တယ်။ ဟိုရောက်တော့မှ အလောင်းဖျောက်ဖို့အကူအညီတောင်းခံရပြီး သူထင်မှတ်မထားတဲ့ ရက်ဟီကာ့ရဲ့အရှုပ်တွေကို ဆက်တိုက်သိလာတဲ့အခါ...

ကျွန်တော်ကတော့ ဇာတ်ဖွင့်မှာဆွဲဆောင်မှုနည်းခဲ့ပေမယ့် ဆက်တိုက်မြင့်လာတဲ့ ဇာတ်ညွှန်းကိုသဘောကျတယ်။ နောက်ပိုင်းမှာတော့ plot က ဖွာထွက်သွားပေမယ့်စိတ်ဝင်စားဖို့ကောင်းတယ်။ အဓိကသဘောကျတာကတော့ ခေါင်းဆောင်မင်းသမီးနီဟားရှက်တီပဲ။ တကယ့်ကိုဝိုက်ချင်စရာပုံစံလေး။ Ro ချက်တွေမိုက်တယ်။ အနမ်းတွေကသဘာဝကျတယ်။ အချစ်ကားဆိုတာ အဲလိုခံစားချက်မျိုးနဲ့သရုပ်ဆောင်မှ ပိုကြည့်ကောင်းတာ။

လတ်တလော IMDb rating ကတော့ 7.6 out of 10 ပါ။ ကျွန်တော်လည်းမတိမ်းမယိမ်းဂုဏ်ထူးမှတ်ပဲပေးချင်တယ်။ 7.7 out of 10 ပါ။


Maqbool (2003)မြန်မာစာတန်းထိုး__________________     Crime, Drama, Thriller     Imdb 8.1/10 (9976)တောင်းဆိုထားတဲ့ ကားလေး...
18/03/2022

Maqbool (2003)မြန်မာစာတန်းထိုး
__________________
Crime, Drama, Thriller
Imdb 8.1/10 (9976)

တောင်းဆိုထားတဲ့ ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

သဘာဝမင်းသားကြီး အာဖန်ခန်းရဲ့ ကားဟောင်းလေးတစ်ကားပေါ့ဗျာ..

ကိုယ့်ရဲ့ကျေးဇူးရှင်ဟာ ဘယ်လောက်ပဲဆိုးနေပါစေ
ကျေးဇူးရှင်ကိုစော်ကားရင် ကံကြီးထိုက်တတ်တယ်ဟုတ်??
ဒီကားကလည်း အဲ့လိုပါပဲ....

အရင်က အာဏာရှိဂိုဏ်းဂဏတွေ အုပ်စိုးတဲ့ခေတ်မှာ
ဂျဟန်ဂီခန်ဆိုတဲ့လူတစ်ယောက်ကလည်း အာဏာရှိဂိုဏ်းခေါင်းဆောင်တစ်ယောက်ပေါ့

သူ့မှာ လူယုံတော်လက်ပါးစေတစ်ယောက်ရှိတယ်
သူ့နာမည်ကတော့ မီရန်မက်ဘူး
ပြောရရင် ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ပေါ့

ဒါပေမယ့် ဒုစရိုက်လောကမှာ အဖြစ်အများဆုံးက
လူယုံသတ်လို့သေတာပါပဲ

အဲ့လိုနဲ့ ကိုယ့်ကိုကျွေးခဲ့တဲ့လက်ကို ပြန်ကိုက်ခဲ့တဲ့
မီရန်မက်ဘူးရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ
ကိုယ့်သခင်ကို ပြန်သတ်ရလောက်တဲ့
အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာ
ခံစားကြည့်ကြပါဦး

ပြောချင်တာကတော့ ဇာတ်လိုက်တိုင်းက
လူကောင်းမဟုတ်ဘူးဆိုတာပါပဲ...


Padman [2018] ============" ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာ...
18/03/2022

Padman [2018]
============

" ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါ

ကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါ

ဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ်

သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ်

ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။

အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ် ၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။

အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲ

နာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ "

ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။

သူ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားပြီး အိမ် ထောင် ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ် ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီး နောက်ဆုံး သိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ်။

ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။

သူဘဝမှာဘယ်လိုတွေ ခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ


Badhaai Do (2022)================ဒီတစ်ခေါက်မှာတော့အိန္ဒိယဟာသကားလေးတစ်ကားကိုရွေးချယ်ထားပါတယ်ဇာတ်လမ်းအကြောင်းအရာလေးကတော့ဆူ...
18/03/2022

Badhaai Do (2022)
================

ဒီတစ်ခေါက်မှာတော့အိန္ဒိယဟာသကားလေးတစ်ကားကိုရွေးချယ်ထားပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ဆူမီနဲ့ ဆာဒူလ်ဟာဆိုရင်လိင်တူချင်းချစ်ကြိုက်တဲ့သူတွေဖြစ်ပေမယ့်
မိသားစုကိုဖွင့်ပြောမထားတဲ့အတွက် သူတို့နှစ်ယောက်လုံးရဲ့မိသားစုတွေက
သူတို့ကိုလက်ထပ်ပြီးမိသားစုထူထောင်ဖို့အမြဲတမ်းဖိအားပေးနေကြပါတယ်

တစ်နေ့မှာတော့ဆာဒူလ်တစ်ယောက်ဆူမီနဲ့တွေ့ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ပြဿနာကို
ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုစဉ်းစားမိသွားပါတယ် အဲ့ဒါကတော့သူတို့နှစ်ယောက်လက်ထပ်ဖို့ပါ မိသားစုတွေရဲ့
သံသယလည်းရှင်း နှစ်ယောက်လုံးလည်းကိုယ့်စိတ်ကြိုက်လွတ်လွတ်လပ်လပ်နေလို့ရနိုင်မယ့် တစ်ချက်ခုတ်နှစ်ချက်ပြတ်နည်းပေါ့
ဒါပေမယ့်ဆူမီတစ်ယောက်သူ့ချစ်သူကောင်မလေးရင်ဂျင်ကိုသူတို့နှစ်ယောက်အိမ်ကိုခေါ်လာတဲ့အချိန်မှာတော့
ပြဿနာတွေရှုပ်ထွေးကုန်ပါတော့တယ် ဆူမီနဲ့ဆာဒူလ်တို့နှစ်ယောက်လျှို့ဝှက်ချက်ကိုအဆုံးထိဖုံးကွယ်ထားနိုင်မှာလား
ဘယ်လိုပြဿနာတွေကြုံတွေ့ရဦးမှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်


04/03/2022
Love Hostel (2022) =================================အိန္ဒိယရဲ့ ဟိန္နူ၊ မူစလင်ဘာသာရေးပရိပက္ခတွေကြားမှာ ဒီလိုဘာသာရေးမတူညီဘ...
01/03/2022

Love Hostel (2022)
=================================

အိန္ဒိယရဲ့ ဟိန္နူ၊ မူစလင်ဘာသာရေးပရိပက္ခတွေကြားမှာ ဒီလိုဘာသာရေးမတူညီဘဲချစ်မိကြတဲ့
လူငယ်စုံတွဲတွေရဲ့သနားစရာဇာတ်လမ်းတွေနဲ့ မိသားစုဝင်တွေရဲ့အမုန်းတရားတွေကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်လို့
ဒီဇာတ်ကားကတော့ ကြည့်လို့ကောင်းနေဦးမှာပါ မင်းသားက Vikrant Massey နဲ့ မင်းသမီးက Sanya Malhotraပါဝင်သရုပ်ဆောင်ထားပြီး
နာမည်ကြီးတွေရဲ့ဇာတ်ကားလည်းဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဟိန္နူကောင်မလေးနဲ့ မူစလင်ကောင်လေးချစ်ကြိုက်မိကြတယ် ဟိန္နူကောင်မလေး ဂျိုတီရဲ့မိသားစုက
လွှတ်တော်အမတ်ရဲ့မိသားစု အာဏာရှိတယ် ငွေရှိတယ်ပေါ့ ဒါကြောင့် ဂျိုတီကိုညှင်းပန်းနှိပ်စက်လွန်းတဲ့အတွက် ဂျိုတီဟာ
သူ့ချစ်သူ မူစလင်ကောင်လေး အာရှူးနဲ့ထွက်ပြေးလာခဲ့ပါတယ် တရားရုံးက သူတို့နှစ်ယောက်ကိုလက်ထပ်ခွင့်ပြုခဲ့ပြီး
လုံခြုံတဲ့အိမ်တစ်အိမ်မှာထားပေးခဲ့ပါတယ် အဲဒီအိမ်မှာ အခြားသူတို့လိုစုံတွဲတွေနေပြီး အဆောင်တစ်ခုလိုဖြစ်နေခဲ့တာပေါ့
အဲဒီအိမ်က အစောင့်ရဲတွေရဲ့အကျင့်ပျက်ယုတ်မာမှုတွေကိုလည်း သူတို့မှာခံရရှာတယ် သူတို့ကိုလိုက်သတ်ချင်နေတဲ့
မိသားစုတွေရဲ့အန္တရာယ်ကိုလည်းကြောက်ရပြန်တယ် ဒီလိုအခက်အခဲတွေကြားက သူတို့ရဲ့အချစ်ဇာတ်လမ်းလေး
ဘယ်လိုဖြစ်လာမလဲဆိုတာကြည့်ရမယ့် thriller အချစ်ဇာတ်ကားကောင်းဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်နော်


Sanam Teri Kasam  [2016] မြန်မာစာတန်းထိုး======================အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ ဆာရူ...
21/02/2022

Sanam Teri Kasam [2016] မြန်မာစာတန်းထိုး
======================
အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ်
ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ်
အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်…
သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့ ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့
သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး
ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း
အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ်
ဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို အမြဲလိုလို နှိမ်နေခဲ့တယ်…
ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက် အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ
ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး… ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်…
ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်ကောင်လေး တစ်ယောက် ရှိတယ်။
တစ်ကိုယ်လုံး တက်တူးတွေနဲ့အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ သူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀င်ထွက်နေတဲ့နေရာနာမည်လေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ
သူ့နာမည်က အင်ဒါ တဲ့ ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့…
တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့
အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွားအင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြအင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့
တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေးညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲအဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ်…
ဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကကိုယ်ရံတော်လို မားမား မတ်မတ် ရပ်တည်ပေးပြီး အစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင်
ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့…
ဒီကားကို ဘာသာပြန်ပေးထားတာကတော့
Chanyein Soe ဖြစ်ပြီး Thit San Khant မှ
အညွှန်းရေးပေးထားပါတယ်


Love Aaj Kal (2020)mm sub{===================================ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက...
20/02/2022

Love Aaj Kal (2020)mm sub
{===================================
ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲ

မိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျ

ာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲ

ဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူ

း ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်

အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲ

ဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့

ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါ

အချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားက

ဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး



Dial 100  _  2021=============မင်းသားကြီးManoj Bajpayee ကိုတော့ The Family Manဇာတ်လမ်းတွဲနဲ့အားလုံးရင်းနှီးကြမယ်ဆိုရင်သူ...
20/02/2022

Dial 100 _ 2021
=============
မင်းသားကြီးManoj Bajpayee ကိုတော့ The Family Manဇာတ်လမ်းတွဲနဲ့အားလုံးရင်းနှီးကြမယ်ဆိုရင်
သူဘယ်လောက်သရုပ်ဆောင်ကောင်းလဲသိကြမှာပါ...ဒီကားထဲမှာတော့ ရဲအရာရှိတစ်ဉီးအဖြစ်သရုပ်ဆောင်ထားတယ်....
ဒီဇာတ်ကားကလေးကတော့ ဒီနေ့ပဲ Zee5 ရုပ်သံလိုင်းမှ အသစ်ထွက်ရှိလာတဲ့ IMDb rating 8.3အထိရရှိထားပြီး
အဆိုအက မပါတဲ့Action /Thriller ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
မွန်ဘိုင်းမြို့က ရဲအရေးပေါ်ဌာန ထိန်းချုပ်ခန်းမှာ တာဝန်ကျအရာရှိ ရဲတစ်ဦးထံကို
ဘယ်ကမှန်းမသိတဲ့ အမျိုးသမီးကြီးတစ်ယောက် ဖုန်းခေါ်လာတယ်....
သူပြောတာက တိုင်ချက်ဖွင့်တယ်ဆိုတာထက် ထူးဆန်းပါတယ်...
သူ့ကိုယ်သူသတ်သေရမလား သူ့သားကိုသတ်သွားတဲ့သူကို သတ်ရမလားတဲ့...
ဒီအမျိုးသမီးဟာ ရဲအရာရှိ နီခ်ဟေလ်းရဲ့ အမည်ကို သိနေတဲ့အပြင်
ထူးထူးဆန်းဆန်းတွေ ဆက်ပြောဆိုလာပါတယ်...
ရဲအရာရှိနီခ်ဟေးလ်အတွက် ခေါင်းမီးတောက်တော့တာပဲ...
သူဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ ...
ဘယ်လို အလှည့်အပြောင်းတွေရှိနေမှာလဲ .. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါ။
မင်းသားကြီး
ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။
F


The Pirate Of Somalia (2017)====================ဒီတစ်ခေါက် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Somalia ပင်လယ...
20/02/2022

The Pirate Of Somalia (2017)
====================
ဒီတစ်ခေါက် ပရိတ်သတ်တွေအတွက်
တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့
Somalia ပင်လယ်ဓားပြဇာတ်လမ်းတွေအများကြီး
ရှိတဲ့အထဲကမှ
"The Pirates of Somalia"လို့ အမည်ရတဲ့
ဇာတ်လမ်းလေးဖြစ်ပါတယ်...
ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို
အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်....
Journalist တစ်ယောက်ရဲ့ အလုပ်ဟာ
ကိုယ်လိုချင်တဲ့ သတင်းတစ်ပုဒ် ဦးဦးဖျားဖျားရဖို့အတွက် အပင်ပန်းခံနိုင်ရပါတယ်..
စွန့်စားသင့်ရင်လဲ စွန့်စားရပါတယ်....
Jay Bahadur ဆိုတဲ့ သတင်းထောက်ဟာလဲ
သူလိုချင်တဲ့ သတင်းရဖို့ အတွက်
ဆိုမာလီယား နိုင်ငံအထိ ခြေဆန့်ခဲ့ပါတယ်...
သူဟာ ထောက်လှမ်းရေးလုပ်ရင်း တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး ဆိုသလို သူ့ရဲ့ပုံစံတွေကအစ
ပြောင်းလဲခဲ့ပါတယ်...
ဆိုမာလီယားနိုင်ငံသားတစ်ယောက်လို ဖြစ်လာခဲ့ပါတယ်... ဒီလိုနဲ့ အဲ့နိုင်ငံသားတွေရဲ့ နေထိုင်ပုံတွေ
လျို့ဝှက်ချက်တွေကို သိလာခဲ့ပါတယ်...
စစ်သွေးကြွဆိုမာလီယား ဓားပြတွေကြား
Jay Bahadur ရောက်သွားချိန်မှာတော့...
ဘယ်လိုတွေ စွန့်စားရမလဲ...
ဘာအကြောင်းတွေ သိလာမလဲ
စတာတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်


Tum Mile (2009)*******************Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။မိုး...
18/02/2022

Tum Mile (2009)
*******************
Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။

မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့်

လေယာဉ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။
ဒါပေမယ့် တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားရင်လဲ ဘာမှ ထူးမှာမဟုတ်ကြောင်း

ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။
လေယာဉ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။
အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီး

အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပါ...
သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား......
ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ.....
မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ....
ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း.....
ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...


Mehbooba   _   2018         ´´==========================="ဟိမဝန္တာသစ္စာ"လို့ နာမည်ပေးရမလားပဲဗျာ။2019 ရဲ့ အစဒီလိုအခါသမယမှ...
16/02/2022

Mehbooba _ 2018 ´´
===========================

"ဟိမဝန္တာသစ္စာ"လို့ နာမည်ပေးရမလားပဲဗျာ။

2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ့ တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။. . .

ရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဉ်အိပ်မက်ဆိုးတွေ မက်တယ်။

အိပ်မက်ထဲမှာ သူ အသတ်ခံရသတဲ့။

ထူးခြားနေတယ်လို့ ပြောရမလား. . .

သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။

စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။

တစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။

တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။

စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်လျှောက်တယ်။

ကပ္ပတိန်အဖြစ် ရာထူးခန့်အပ်ခံရပြီးတာဝန်ကျရာ ဒေသကို မသွားရခင်လေးမှာ သူငယ်စဉ်က မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုဖြည့်ဆည်းဖို့ ဟိမဝန္တာတောင်ကို တက်ဖို့ကြိုးစားတော့တာပဲ။

သူ့အိပ်မက်ထဲမှာ ဟိမဝန္တက လူတစ်ယောက်ကိုပေးထားတဲ့ ကတိအကြောင်း ပါနေတာကိုး။

အဲ့ဒီတစ်စုံတစ်ယောက်ကိုပေးခဲ့တဲ့ ကတိက "ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ငါအရောက်ပြန်လာခဲ့မယ်"တဲ့။

ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ နှင်းတွေကြားထဲကနေ ဟိမဝန္တာတောင်ကို တက်ခဲ့ကြတယ်။

အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုတွေ့မြင်လိုက်ရပါတော့တယ်။

1971 ခုနှစ် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲကာလကိုအခြေခံထားတဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ထွက်လာဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်နိုင်ငံနှစ်ခု သဘောထားကွဲလွဲပြီးဘာသာရေးကစလို့ မီးခိုးကြွက်လျှောက်ပြသနာတွေတန်းစီတက်ရာကနေစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တဲ့ ကာလတစ်ခုမှာပေါ့။
-------------------------------

ပထမပိုင်းမှာ ဒီအကြောင်းကို ရိုက်ပြအပြီး ဒါရိုက်တာကစစ်ကြီးပြီးဆုံးသွားတဲ့ မျက်မှောက်ခေတ်ကို ရိုက်ပြပြန်တယ်။

လောကကြီးထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့ အနက်က. . .တချို့သော အကြောင်းအရာတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ရင်တော့. . .ဒီဇာတ်လမ်းမှာ သနားစရာတွေ၊

ဆို့နင့်ကြေကွဲစရာတွေ၊ဘာသာရေးနဲ့ ပက်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ စတဲ့ အကြောင်းအရာများစွာကိုနားလည် ခံစားမိစေပါလိမ့်မယ်။




Hello (2017)==========သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်ဒီနှစ်...
16/02/2022

Hello (2017)
==========

သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်

ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .

မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရ်ှနားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.

သူ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်

တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .

အဲ့ဒ်ိအချိန် ရုတ်တရတ် သူ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်

Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .

သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .

ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .

သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .

ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ သူကြားဖူးခဲ့တဲ့ အသံလေး. . .

သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . .တစ်စုံတစ်ယောက်ရဲ့ တယောကနေလှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာနေတာဟုတ်ပါရဲ့. . .

ဒီအသံလေးနားစွင့်ရင်းသူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . .

ကြာခဲ့ပြီ တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . .တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေမျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ
14 နှစ်တောင် ရှိခဲ့ပြီပဲ. . .. . .

ဇာတ်လမ်းသွားကိုတော့ အဲ့ဒီလိုလေး စထားတယ်. . .

ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . .

ရသစုံပါဝင်ပြီး တမေ့တမောခံစားရလောက်တဲ့အထိကို ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . .

အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင်ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား

ဝမ်းနည်းတာလား အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . .

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)

Translated by Myint Thu (MLMC)
Encoded by Thanhtike Zaw


Missing (2018) မြန်မာစာတန်းထိုး=========================ဒီတစ်ခါတော့ CN ပရိသတ်ကြီးအတွက် ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင...
08/02/2022

Missing (2018) မြန်မာစာတန်းထိုး
=========================

ဒီတစ်ခါတော့ CN ပရိသတ်ကြီးအတွက် ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။

အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။

Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။

ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။

အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု…

ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။

အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။

နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။

အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။

ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?

ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား?

စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။

ဒီကားလေးရဲ့နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။


Kinsenas, Katapusan (2022)======================ဒီဖိလစ်ပိုင်ဇာတ်ကားက Thriller,Psychological ပုံစံပါ။ကွန်နရာဒိုဟာအောင်မြင...
08/02/2022

Kinsenas, Katapusan (2022)
======================
ဒီဖိလစ်ပိုင်ဇာတ်ကားက Thriller,Psychological ပုံစံပါ။

ကွန်နရာဒိုဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလိုက်သိဖြည့်ဆည်းတတ်တဲ့ဇနီးချောနဲ့သမီးလိမ်မာလေးကိုပါ
ပိုင်ဆိုင်ထားတဲ့ အားကျစရာဘဝပိုင်ရှင်လူလတ်ပိုင်းတစ်ဦးပါ။ဒါဆိုရင်သူ့မှာ ဘာချို့ယွင်းချက်ရှိနေမလဲဆိုတော့ ဘာမှရှိမနေပါဘူး။

အဲ့ဒါတွေတင်မကပဲနဲ့ စော်လဲမတရားကြည်ပါသေးတယ်။ သူ့ရုံးကလက်ထောက်ကောင်မလေးဆို မနည်းရှောင်တဲ့ကြားထဲက အတင်းကြီး
စားပွဲပေါ်လာတင်ကျွေးလို့အားနာပြီးစားလိုက်မိရာကနေ လာလာနွယ်နေလို့သူစိတ်ညစ်နေရတာလေးတစ်ကွက်တော့ရှိတယ်။ပြောရမယ်ဆိုရင်မွေးရာပါ
အားနည်းချက်က စော်ကြည်တာပေါ့ဗျာ။

အဲ့ဒီကနေမှသူ့သမီးကျောင်းကိုအသစ်ရောက်လာတဲ့ အတန်းဖော်မိန်းကလေး၊
အထက်တန်းကျောင်းသူလို့မထင်ရစရာ ဖွံ့ဖွံ့ထွားထွားနဲ့ ဆွဲဆောင်မှုပြင်းလွန်းတဲ့ကောင်မလေးကပါ သူ့သမီးကတစ်ဆင့် သူ့ကိုအတင်းဝင်လုံးဝင်ရော
နည်းပေါင်းစုံနဲ့ဇာတ်လမ်းတွေထွင် ဗီဒီယိုကောတွေနဲ့ပြ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အခါ..။

ကောင်မလေးရိုးမှရိုးရဲ့လားလို့တွေးမိကြမှာပါပဲ။ ကောင်မလေးမှာသူမသိတဲ့ဘယ်လိုနောက်ကြောင်းတွေရည်ရွယ်ချက်တွေရှိမလဲ၊ ဒီကောင်မလေး
ခြိမ်းခြောက်လာခဲ့သလို သူချစ်တဲ့ဇနီးနဲ့သမီးတို့နဲ့သာယာတဲ့အိမ်ထောင်ရေးကိုထိခိုက်ခံရတော့မှာလား? ဒီရမ္မက်နွံကနေ ဘယ်လိုရုန်းထွက်ရမလဲစတဲ့
မေးခွန်းတွေကို အဖြေရှာရှုစားကြပါ။

မင်းသားကြီးရဲ့ဘဝဟာဆိုရင်ဖြင့် စောင်းပုလွေဘာဂျာအစုံနဲ့ သာယာပုံတွေက တကယ့်ကိုအားကျစရာကြီးဆိုတော့ ငါဆိုရင်ကောရုန်းနိုင်ပါ့မလားဆိုတဲ့မေးခွန်းတော့
ကိုယ့်ကိုယ်ကိုပြန်မေးဖြစ်ကြပါလိမ့်မယ်။ 18+ ပါပဲဆိုတာတော့ပြောစရာမလိုဘူးထင်ပါတယ်။


1945 (2022) ================== ာတ်ကားသစ် ဒီဇာတ်ကားကတော့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ အိန္ဒိယရော မြန်မာပြည်ရောဗြိတိသျှန...
07/02/2022

1945 (2022)
==================
ာတ်ကားသစ်


ဒီဇာတ်ကားကတော့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ အိန္ဒိယရော မြန်မာပြည်ရော
ဗြိတိသျှနယ်ချဲ့လက်အောက်မှာကျရောက်နေတဲ့အချိန် မြန်မာပြည်မှာရောက်နေတဲ့ အိန္ဒိယပြည်ထောင်စုတပ်မတော်
INAရဲ့အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်လို့ အတော်ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပါပဲ

မြန်မာပြည်က ဂျပန်တွေနဲ့ပူးပေါင်းပြီး ဗြိတိသျှကိုတိုက်ထုတ်တဲ့အတိုင်း အိန္ဒိယတွေကလည်း မြန်မာပြည်ထဲကဗြိတိသျှတွေကိုတိုက်မယ်
အိန္ဒိယကိုလည်းသူတို့ပြန်သိမ်းမယ်ဆိုပြီး နယ်သာဂျီဆိုတဲ့ခေါင်းဆောင်က မြန်မာပြည်ကတောတွေထဲမှာ INAတပ်မတော်ကိုဖွဲ့စည်းခဲ့ပါတယ်
အဲဒီမှာ အာဒီဆိုတဲ့ကောင်လေးက အဖေဆုံးမှ လန်ဒန်ကနေ မြန်မာပြည်ကိုပြန်ရောက်လာပြီး နယ်ချဲ့တွေရဲ့ယုတ်မာရက်စက်မှုကိုမသိခဲ့တဲ့လူပါ

အိန္ဒိယတွေ မြန်မာပြည်မှာအသတ်ခံနေရတာကိုလည်း သူမသိခဲ့ပါဘူး သူနဲ့လက်ထပ်မယ့်သတို့သမီးရဲ့အဖေက နယ်ချဲ့တွေရဲ့
လက်ပါးစေဒလန်လုပ်နေခဲ့တာပေါ့ ငွေကြေးဒါနပြည့်စုံပြီး အမှန်တရားကိုမသိတဲ့အာဒီတစ်ယောက် တစ်နေ့ အဓိကရုဏ်းတစ်ခုမှာ
သူ့သူငယ်ချင်းအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ သူတို့တိုင်းပြည်သူ့ကျွန်ဘဝရောက်နေတာ ဘယ်လောက်ဆိုးဝါးကြောင်းသိခဲ့ရတယ်
အာဒီရဲ့မျိုးချစ်စိတ်နဲ့တော်လှန်ရေးစိတ်ဓာတ်တွေပေါက်ဖွားလာပြီး INAတပ်မတော်ထဲကို သူဘယ်လိုဝင်ခဲ့လဲ တော်လှန်ရေးအတွက်
မြန်မာပြည်က အိန္ဒိယတွေ ဘယ်လိုကြိုးစားတိုက်ထုတ်ကြမလဲဆိုတာ ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်လို့လက်မလွှတ်တမ်းကြည့်ရူအားပေးကြပါဦးနော


The Flu(2013)•••••••••••••••••••မြန်မာစာတန်းထိုး စဆုံးဇာတ်လမ်းအညွန်းတရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို...
07/02/2022

The Flu(2013)
•••••••••••••••••••
မြန်မာစာတန်းထိုး စဆုံး

ဇာတ်လမ်းအညွန်း

တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်…

တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး

ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊

နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့်

ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့….

ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့

ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။


Jinn (2014) မြန်မာစာတန်းထိုး===================jinnကဲ ပုရိတ်သတ်ကြီးတို့အတွက် မှော်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horro...
06/02/2022

Jinn (2014) မြန်မာစာတန်းထိုး
===================

jinnကဲ ပုရိတ်သတ်ကြီးတို့အတွက် မှော်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror စာရင်းထဲသွင်းထားသော်လည်း ကြောက်လန့်စရာသိပ်မပါပဲ မှော်အစွမ်းတွေပဲပါနေတာမလို့ မှော်ကားလို့ပြောလိုက်ပါရစေ။

ဂျင် တွေဆိုတာနဲ့ Supernatural ဇာတ်လမ်းတွဲတွေကြည့်ဖူးသူတွေသိကြမှာပါ။ ဂျင်တွေဆိုတာ တကယ်ရှိခဲ့တယ်လို့ အယူအဆတွေကိုအင်တာနက်စာမျက်နှာတွေမှာ အကိုးအကားတွေနဲ့ အကျယ်တ၀င့်ဖေါ်ပြထားတွေ ရှာဖတ်ကြည့်လို့ရပါတယ်။

ဂျင်ဆိုတာလည်းအမျိုးကွဲ
တစ်ခုပါပဲ သူတို့ထဲမှာဆိုးသူတွေရှိသလို ကောင်းသူတွေလည်းရှိနေပါတယ်။

ဆိုးသူနဲ့ ကောင်းသူဆိုတာအမြဲဒွန်တွဲနေပြီးအမြဲ ယှဉ်ပြိုင်နေရတာလေ.။ရှောင်က သာမညလေးပါ ကားဒီဇိုင်းတွေထုတ်ပေးရတဲ့အလုပ်လုပ်ပါတယ်။

တစ်နေ့မှာတော့ မမျှော်လင့်ပဲ ပါဆယ်တစ်ခုရောက်ရှိလာပါတယ်
အဲဒါကသူ့ဘဝြကီးအတွက်အရေးကြီးသတင်းအချက်လက်တွေယူဆောင်လာတာပါ။

တကယ်တော့ ရှောင်တို့တစ်ဆွေမျိုးလုံးက ဂျင်တွေရဲ့ဗျာဒိတ်နဲ့ ပက်သက်နေပြီးဂျင်တွေကသဲကြီးမဲကြီး မရမက လိုက်ရှာပြီးအဖျက်ဆီးခံနေရတာပါ

ရှောင်တစ်ယောက် သူရရှိထားတဲ့သတင်းအချက်လက်တွေ ဘယ်လိုသုံးမယ်ဘယ်သူတွေက သူ့ဘက်မှာတည်ရှိနေပြီး ဘယ်သူတွေက လိုက်ဖျက်ဆီးမယ်ဆိုတာကိုတော့ ပုရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးကြပါ


Hamari Adhuri Kahani   (2015) ==================================ဒီနေ့အတွက်တော့ အိန္ဒိယ ဇာတ်ကားကောင်း တစ်ကားရွေးချယ်ပေးလိ...
05/02/2022

Hamari Adhuri Kahani (2015)
==================================

ဒီနေ့အတွက်တော့ အိန္ဒိယ ဇာတ်ကားကောင်း တစ်ကားရွေးချယ်ပေးလိုက်ပါတယ်။ Romance Drama ဇာတ်လမ်းမျိုးကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။

ဒီဇာတ်လမ်းကအိမ်ထောင်ရေး ဖောက်ပြန်မိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့ကို ချစ်တဲ့အမျိုး သားနှစ်ယောက်ရဲ့ ဘဝတွေကို သနားစရာဖြစ်အောင် ရိုက်ပြထားတာဖြစ်ပါတယ်။

ဗာဆူဒါဆိုတဲ့ အမျိုးသမီးက အိမ်ထောင်ကျ၊ ကလေးရပြီးတဲ့ နောက်မှာ သူ့ယောက်ျားဖြစ်သူ က အလုပ်ကိစ္စခရီးထွက်ရင်းနဲ့ပျောက်ခြင်းမလှပျောက်နေခဲ့ပါ တယ်။ ကလေးတစ်ယောက်နဲ့ ရုန်းကန်ရင်း တစ်ရက်တော့ သူ့ ဆီကို ရဲတွေ ရောက်လာတယ်။ သူ့ယောက်ျားက သာမန်အလုပ် သမားတစ်ယောက်မဟုတ်ဘဲ အကြမ်းဖက် တစ်ယောက်အဖြစ် ထွက်ပြေးနေတာ ဖြစ်ကြောင်း၊ သူဆက်သွယ်လာတာနဲ့ ရဲတပ်ဖွဲ့ကို အသိပေးဖို့ အကြောင်းပြော သွားခဲ့ကြတယ်။ ဗာဆူဒါက သူ့ ယောက်ျားအကြောင်းကို သိပြီး သူ့ကို နှစ်အတန်ကြာပစ်ထားခဲ့ တဲ့ ယောက်ျားကို စိတ်အနာကြီး နာသွားခဲ့တယ်။

ဒီကြားထဲမှာပဲ ဗာဆူဒါက ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ် ရင်း အဲဒီဟိုတယ်ပိုင်ရှင်လူငယ် သူဌေးက မြင်မြင်ချင်းကြိုက်ပြီး သူ့ကိုရဖို့ ကြိုးစားတယ်။ တိုတိုပြောရရင် အဲဒီသူဌေးက သူ့ကို ဒူဘိုင်းအထိခေါ်ပြီး အလုပ်တွေပေး၊ လိုလေသေးမရှိအောင်ထားနဲ့ သူ့ဘ၀မှာ အရင်က မရဖူးတဲ့ ချစ်ခြင်းမေတ္တာကို သူရသွားခဲ့တယ်။ ယောက်ျားက ပစ်သွားတဲ့အချိန် သူ့ကို အနီးကပ် ဂရုစိုက်နေတဲ့ သူဌေးတစ်ယောက်အပေါ် ဗာဆူဒါ ချစ်မိသွားတယ်။ သူတို့ အတူနေလိုက်ကြတယ်ပေါ့။ ပြဿနာက အဲဒီလိုချစ်ပြီး နောက်ပိုင်းမှစပါတယ်။ ဗာဆူဒါရဲ့ ယောက်ျားက အိန္ဒိယပြန်ရောက်လာတယ်။ လူရုပ်မပေါ်တော့အောင် စုတ်ပြတ်သတ်နေပြီး ဗာဆူဒါက ခွင့်နဲ့ ပြန်ရောက်တဲ့ အချိန်မှာ သူ့ယောက်ျားနဲ့ တိုးပါ တယ်။

သူ့ကို ပစ်သွားခဲ့တယ်ဆိုတဲ့ ယောက်ျားက တကယ်တော့အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာဖြစ်ပြီး အဲဒီအကြမ်းဖက်သမားတွေက သူ့ကို နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။
ဒါတွေကို ဗာဆူဒါသိပြီးတဲ့အချိန်က တော်တော်လွန်သွားပြီ။ ယောက်ျားမရှိတော့လို့ သူရွေးချယ်တဲ့ အမျိုးသားက တစ်ဖက်။ သူ့ကို ချစ်ရဲ့သားနဲ့ တစ်ဖက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သူ့ရဲ့ကာမပိုင်က တစ်ဖက်နဲ့ပေါ့။ဒီနောက်မှာ ဒီလူသုံးယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ အတ္တ၊ မာနနဲ့ စွန့်လွှတ်ခြင်းတွေကိုပါ ထည့်ပြသွားပါတယ်။

ဒီဇာတ်ကားက ဒီမှာ ရေးပြသလို အစဉ်လိုက်ဖြစ်စဉ်မဟုတ်ပါဘူး။ ဇာတ်ကားအစ အဆုံးကြည့်မှသာ ဇာတ်လမ်းကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်။


Raat Akeli Hai (2020) မြန်မာစာတန်းထိုး...! ===============================================ဒီကားလေးကတော့ စုံထောက်အက်ရှင် ...
05/02/2022

Raat Akeli Hai (2020) မြန်မာစာတန်းထိုး...!
===============================================

ဒီကားလေးကတော့ စုံထောက်အက်ရှင် ဇာတ်ကြမ်းကားလေးပါ...အိမ်တွင်းလူသတ်မှု(1)ခုအကြောင်း စုံစမ်းထားတာမို့လို့ တစ်ကားလုံးနီးပါး အိမ်ထဲမှာပဲ ရိုက်ကူးထားပေမယ့်လည်း ဇာတ်လမ်းအစ/အဆုံး နည်းနည်းလေးမှ မပျင်းသွားရပါဘူး...

ဇာတ်လမ်းအကျဉ်းကတော့ဗျာ

အိမ်ရဲ့အရှင်သခင် အဖိုးကြီး(1)ဦး သူ့ရဲ့ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲမှာ အသတ်ခံရတာပါ...အဖိုးကြီးဆိုပေမယ့်လည်း အရမ်းချမ်းသာတာကြောင့် အိမ်တွင်းအရှုပ်တော်ပုံက စတော့တာပါပဲ...သတ်လိုက်တဲ့သူကလည်း ဘယ်သူမှသတိမထားမိလောက်တဲ့ သူပါ...ဘာကြောင့်သတ်လဲ ၊ ဘယ်သူတွေ ပါဝင်ပတ်သတ်နေလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ အားပေးလိုက်ကြပါဦးဗျာ...!


Anjaam Pathiraa  _ 2020===========================အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်....သူအထူးစိတ်ဝင်စားတဲ့ ...
05/02/2022

Anjaam Pathiraa _ 2020
===========================

အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်....

သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာ

ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့

ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...

သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့

အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့

လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့

ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီး

သဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့

တော်တော်ကြီးကိုကောင်းပါတယ်....

အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...


Address


Website

Alerts

Be the first to know and let us send you an email when Kp Movie review posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share