ဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ ဦးတည်ရာလမ်းကြောင်းကို ဂြိုလ်တုကနေ မြင်ရသောမြင်ကွင်း
ဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ ဦးတည်ရာလမ်းကြောင်းကို ဂြိုလ်တုကနေ မြင်ရသောမြင်ကွင်း (တိုက်ရိုက်ထုတ်လွှင့်ချက်)
ဆိုင်ကလုန်းမုန်တိုင်း မိုခါက မေလ (၁၄)ရက် တနင်္ဂနွေ ညနေမှာ ရခိုင်ပြည် နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကမ်းရိုးတန်းတလျှောက်ကို ဦးတည်ဝင်ရောက်လာမှာဖြစ်တယ်လို ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်ကိုအဓိကဖြတ်ကျော် ဝင်ရောက်မှာဖြစ်ပြီး အဲ့ဒီ့ကမှ ချင်းပြည်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ကို ဆက်ပြီး ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
မေလ (၁၄) ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်ကျော်ချိန်မှာတော့ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ (၁၁၅) မိုင်ဝန်းကျင်ရှိနိုင်ပါတယ်။ ကမ်းရိုးတန်း ဖြတ်ကျော်ချိန်မှာတော့ လေတိုက်နှုန်းပြန်လည်ကျဆင်းနိုင်ပြီး တစ်နာရီ မိုင် (၆၀) က နေ (၇၀)ထိ လျော့ကျနိုင်ပါတယ်လို့ သိရပါတယ်။
“နွေဦးတော်လှန်ရေးမှသည် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်ကို ပုံဖော်ခြင်း”
“နွေဦးတော်လှန်ရေးမှသည် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်ကို ပုံဖော်ခြင်း”
ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ တွင် စစ်အာဏာသိမ်းမှု စတင်အခြေပြုခဲ့သည့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုသည် တစ်နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြာခဲ့သည့် လူမျိုးစုများ၏ တော်လှန်ရေး လှုပ်ရှားမှုများသည်လည်း နွေဦးတော်လှန်ရေး နှင့်အတူ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
ယခု နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှသည် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) မှ ဦးစီး၍ “နွေဦးတော်လှန်ရေးမှသည် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်ကို ပုံဖော်ခြင်း” စကားဝိုင်း ဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။
စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်
🗒️ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊
🕖 ည (၇) နာရီ
Moderator –
Elena
သူပုန်ဂေဇက် အတွဲ ၁၊ အမှတ် ၇ မှာ ဖော်ပြခဲ့တဲ့ ကဗျာဆရာ ၇ ၈ ရဲ့ အထူးပြုလုပ်ချက်ကဗျာကို ဟိဏ်းနောင်မှ ပြန်လည်ရွတ်ဖတ်ထားခြင်းဖြစ်ပါတယ် ။
သူပုန်ဂေဇက်
https://therebelgazette.com/
သတင်းစီးဆင်းမှု ဖြတ်တောက်ခံရခြင်းနှင့်စစ်အုပ်စု၏ဝါဒဖြန့်မှုများကိုအံတုတော်လှန်ခြင်း
တော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာကြသော တော်လှန်ရေး မီဒီယာများဖြင့် စုဖွဲ့ထားသော လွတ်လပ်သော တော်လှန်ရေး မီဒီယာများကွန်ရက်မှ ဦးစီး၍ "သတင်းစီးဆင်းမှု ဖြတ်တောက်ခံရခြင်းနှင့် စစ်အုပ်စု၏ ဝါဒဖြန့်မှုများကို အံတု တော်လှန်ခြင်း"ဟူသော စကားဝိုင်း ဆွေးနွေးပွဲ ဖြစ်ပါသည်။
ယခု စကားဝိုင်းဆွေးနွေးပွဲတွင် ထောင်တွင်း သတင်းအချက်အလက် ရယူပိုင်ခွင့် ၊ တပ်တွင်း သတင်းအချက်အလက် ရယူပိုင်ခွင့် နှင့် သတင်း မီဒီယာ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဖိနှိပ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများအား တိုက်ရိုက်ကြည့်ရှု့ နားဆင်နိုင်မည် ဖြစ်ပါသည်။
"လူ့အခွင့်အရေးနေ့နှင့် 10D ကျောင်းသားလှုပ်ရှားမှု နှစ်(၃၀)ပြည့် စကားဝိုင်း"
ပြည်သူတစ်ရပ်လုံးက မိမိတို့ရဲ့ဆန္ဒကို မိမိတို့ရတဲ့ အခြေအနေ ကနေ ရတဲ့နေရာတိုင်း၊ ရတဲ့အချိန်တိုင်း၊ ရတဲ့ပုံစံတိုင်းကနေ တော်လှန်နေတယ်ဆိုတာ ပြသဖို့လိုအပ်ပါတယ်။ ကျွန်မတို့တွေ ဘာတွေ၊ ဘယ်လောက်ထိ ပေးဆပ်ဆုံးရှုံးနေရလဲ၊ ဘယ်လောက်ထိ အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလဲ၊ သိပြီးကြပေမယ့် အသက်ပေး၊ လူပေး ဘာလို့တော်လှန်ရေးကို ဆက်လုပ်သင့်တာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ အခြေအနေတွေကို တော်လှန်ရေး ခေါင်းဆောင်များမှ "လူ့အခွင့်အရေးနေ့နှင့် 10D စကားဝိုင်း ဆွေးနွေးပွဲ"မှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့ဟာ လူ့အခွင့်အရေးနေ့ ဖြစ်ပါ တယ်။ ထိုနေ့မှာ ကျွန်မတို့ဟာ ပျောက်ဆုံးနေတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေး တို့ပြန်လည်ရှာဖွေရန် "ငြိမ်သက်ခြင်း သပိတ် - Silent Strike" နဲ့ ငြိမ်းချမ်းစွာ ပါဝင်တိုက်ပွဲ ပေးကြပါဖို့ မိဘပြည်သူများကို တိုက်တွ
ပညာရေးသည် လွတ်မြောက်ခြင်းအတွက် - လင်းသူ့ဟန်
ရွတ်ဖတ်သူ - ဂျပန်ကြီး
အမျိုးသားနေ့ ပညာရေးသပိတ်အထိမ်းအမှတ် ဆောင်းပါး
လွတ်လပ်သော တော်လှန်ရေး မီဒီယာများကွန်ရက် ( IRMN ) မှ Women Alliance Burma - အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ ဝတ်ချင်တာ ဝတ်မယ် မုဒိမ်းလာမကျင့်နဲ့ ဟူသော သပိတ်ခေါင်းစဥ◌်နှင့် ပက်သက်၍ တွေ့ဆုံ မေးမြန်းထားချက် ကို သူပုန်ဂေဇက်မှ ပြန်လည် မျှဝေလိုက်ပါတယ်။
ရန်ကုန်မြို့ထဲ တိုက်ပွဲတွေဖြစ်ရင် ကောင်းမယ်
သူပုန်ဂေဇက် အတွဲ ၁ အမှတ် ၇ မှာပါရှိတဲ့ ညီမိုးဆွေရဲ့ "ရန်ကုန်မြို့ထဲ တိုက်ပွဲတွေဖြစ်ရင် ကောင်းမယ်" ကဗျာကို လက်ဝဲ က ခံစားရွတ်ဖတ်ထားပါတယ်။
သင်တို့ဘုရားငါမဖူး - ကေဇဝင်း
သူပုန်ဂေဇက် အတွဲ ၁၊ အမှတ် ၇တွင်ပြန်လည်ဖော်ပြခဲ့သော ကဗျာအား ဟိဏ်းနောင်မှရွတ်ဖတ်အသံပြုလုပ်ထားခြင်းဖြစ်ပါသည်။
ကဗျာအသုံးပြုခြင်း၊ ရွတ်ဖတ်အသံပြုလုပ်ခြင်းများအတွက် ကဗျာဆရာကေဇ၀င်း၏ မိသားစုထံမှ ခွင့်ပြုချက်တောင်းခံပြီးဖြစ်ပါသည်။
"သွေးစွန်းငွေစီးဆင်းမှု၏ အဓိကဒေါက်တိုင်များ"
အာဏာသိမ်း အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်ဖို့အတွက် တရားမဝင်စီးဆင်းတဲ့ ငွေတွေနဲ့ လူသတ်လက်နက်တွေဝယ်ယူ၊ ထုတ်လုပ်ဖို့ကို အချိန်မီတားဆီးနိုင်ဖို့နဲ့ တရားမဝင်စီးပွားရေးတွေကို ဖြိုချတိုက်ဖျက်ဖို့အတွက် Blood Money Campaign မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးမှာ အဓိကစီမံကိန်းကြီး လေးခုရှိပါတယ်။ အဲ့ဒါတွေကတော့
🏬 ရတနာ စီမံကိန်း
🏤 ရဲတံခွန် စီမံကိန်း
🏣 ဇောတိက စီမံကိန်း
🏫 ရွှေစီမံကိန်း တို့ပဲဖြစ်ပါတယ်။
အဲ့ ပရောဂျက်ကြီး လေးခုကနေ အမြတ်ငွေနဲ့ အခွန်ငွေဆိုပြီး နိုင်ငံခြားဝင်ငွေနှစ်မျိုး ရပါတယ်။ အမြတ်ငွေရော အခွန်ငွေရောက စစ်တပ်ကနေ တိုက်ရိုက်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း - M