MOI Webportal

  • Home
  • MOI Webportal

MOI Webportal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOI Webportal, Media/News Company, .

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် ...
15/11/2022

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ဝတ်စုံနှင့်လက်နက်များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
****************************************************
မုံရွာ နိုဝင်ဘာလ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်/ ခဲယမ်းများ တပ်ဆင်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ အမှာစကားပြောကြားကြပြီး ဝန်ကြီးချုပ်မှ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ကျေးရွာ(၁၅)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၁၅,၀၀၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ကာ တိုင်းမှူးမှ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ဝတ်စုံနှင့် လက်နက်/ ခဲယမ်းများအား တပ်ဆင်ပြီးနောက် မှော်တော်ကျေးရွာ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအတွက် ဆန် (၃၀)အိတ်၊ ဆီ (၅၀)ပိဿာ၊ ဆား (၈၀)ပိဿာ၊ ပဲ (၁၈၀)ပိဿာ၊ ခေါက်ဆွဲခြောက် (၅၀)ဖာ၊ ငါးခြောက် (၂၀)ပိဿာနှင့် စားသောက်ဖွယ်ရာများအား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် မှော်တော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှော်တော်ကျေးရွာ ဘုန်တော်ကြီးကျောင်းအတွက် အလှူငွေ (၁၀,၀၀၀,၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာ (၄၃)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၄၃,၀၀၀,၀၀၀)ကျပ်၊ လက်နက်/ ခဲယမ်းများ၊ ဝတ်စုံများ၊ ဆန် (၅၀)အိတ်၊ ဆီ (၃၀)ဗူး၊ ဆား (၅၀)အိတ်၊ ပဲ (၅၀)အိတ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့သို့ ရောက်ရှိကာ ရွှေဘိုမြို့တပ်နယ်ခန်းမ၌ ရွှေဘိုမြို့ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာ(၁၆)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၁၆,၀၀၀,၀၀၀)ကျပ်၊ လက်နက်/ ခဲယမ်းများ၊ ဝတ်စုံများ၊ ဆန် (၂၀)အိတ်၊ ဆီ (၁၀)ပုံး၊ ကြက်ဉ (၁၂၀၀)လုံး၊ ခေါက်ဆွဲခြောက် (၁၅)ဖာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/56467

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://rb.gy/qs9dri

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Address


Website

Alerts

Be the first to know and let us send you an email when MOI Webportal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share