Buthidaung Daily News-BDN
  • Home
  • Buthidaung Daily News-BDN
Buthidaung Daily News-BDN Yes, Thank you It is a daily news media in Buthidaung Township, Northern Rakhine State. We ask you to share the truth every day.
To / Buthidaung Daily News (BDN) Admin
16/02/2022
မြန်မာနိုင်ငံ မြောက်ပိုင်း ရခိုင်ပြည်နယ်မောင်တောခရိုင်ဘူးသီးတောင်မြို့နယ်တပ်မင်းချောင်း လူမျိုး၊ဘာသာ မတူကြောင့် အဆက်မပြတ် ငွေညှစ်နေပုံ
https://m.facebook.com/story.php?story_fbid=239050145108526&id=105496781797197
https://www.facebook.com/100070293462121/posts/166640775689037/
28/01/2022
https://www.facebook.com/100070293462121/posts/166640775689037/
အေအေ၏မတရားဖမ်းဆီးခံခဲ့ရသည့်ဘူးသီးတောင်မြို့နယ်၊အမက(လွန်)ကျောင်းအုပ်ဆရာကြီးဦးမောက်ဘူဟူဆိန်းကိုရက်ပေါင်း ၂၅
အထိ အဆက်အသွယ်မရသေး၍ အသက်အန္တရာယ်စိုးရိမ်နေကြောင်း မိသားစုပြော
RP-ဇန္နဝါရီလ ၂၈၊၂၀၂၂ ခုနှစ်။
အေအေကမတရားဖမ်းဆီးခံခဲ့ရသည့် ဘူးသီးတောင်မြို့နယ်၊အမက(လွန်)ကျောင်းအုပ်ဆရာကြီးဦးမောက်ဘူဟူဆိန်းကို ရက်ပေါင်း ၂၅
အထိ အဆက်အသွယ်မရသေး၍ အသက်အန္တရာယ်စိုးရိမ်နေကြောင်း မိသားစုများက ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ဖုခေါင်ချောင်းကျေးရွာ၊ကံပြင်ရွာမှအသက်၅၂ နှစ်အရွယ် အမက လွန် ကျောင်းအုပ်ကြီး ဉီး မောက်ဘူဟူဆိန်းသည်ဒီနှစ်၂ဝ၂၂ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်နေ့တွင်မိမိတာဝန်ကျစာသင်ကျောင်းမှအိမ်ပြန်နေစဥ်ရခိုင်တပ်တော်အေအေမှအကြောင်းမဲ့မျက်နှာပုံစွပ်ပြီး
ဂုဏ်ရည်ပျက်စီးအောင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုမိသားစုများက ပြောသည်။
ယင်းနောက် ယနေ့ ဇန်နဝါရီလ ၂၈ ရက်အထိ ရက်ပေါင်း ၂၄ ကြာသည်အထိ အဆက်အသွယ်မရဖြစ်နေပြီး မိသားစုဝင်များက ၎င်း၏ အသက်နှင့် ခန္ဓာကိုယ်အတွက် စိုးရိမ်မိကြောင်း ပြောသည်။
အေအေစခန်းသို့ သွားလည်းမသွားရဲဘူး။ စုံလည်းမစုံစမ်းရဲဘူး။ သူနဲ့ပတ်သက်ပြီး မိသားစုဝင်ဆိုပြီး ဖမ်းသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပေါ့။ သူ့သတင်းအစအနလေးတော့ လိုချင်တယ်။ ဖြစ်နိုင်ရင် ဖုန်းပြောချင်တယ်။အသက်ရှင်ရှိယင်တော့ ပိုကောင်းတာပေါ့။ စိုးရိမ်တယ်။ အသက်အန္တရာယ်၊ အသက်နဲ့ခန္ဓာကိုစိုးရိမ်တာပေါ့” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘယ်သူဆီသွားသတင်းယူရမလဲ၊ဘယ်ကိုသွားရမလဲ၊ဘယ်စခန်းသို့ခေါ်ဆောင်ခဲ့သလဲဆိုတာမိသားစုဝင်တွေကရှင်းရှင်းလင်းလင်းသိရှိခြင်းမရှိကြောင်းပြောဆိုနေကြပါသည်။
28/11/2021
ဘူးသီးတောင်မြို့နယ်တွင် AAအဖွဲ့က ရိုဟင်ဂျာAA တပ်သားတစ်ဦး၏မိသားစုဝင် အသက် ၈၀ကျော် အဖိုးအိုတစ်ဦးနှင့်မိန်းကလေး နှစ်ဦးအပါအဝင် ၇ ဦးကိုဖမ်းဆီးခေါ်ဆောင်သွား
၂၀၂၁ခုနှစ် နိုဝင်င်္ဘာလ ၂၈ရက်
ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာနေ ရှောမ်ရှူဒိန်း(ဘ)အဒူဆူဘီး(၃၂)နှစ်သည် ရိုဟင်ဂျာဒလန်များ၏ဖြားယောင်စည်းရုံးမှုတွင်းသို့ကျရောက်ကာ လွန်ခဲ့သော နှစ်လခန့်ကစ၍ AAအဖွဲ့ထံသို့သွားရောက်၍ လက်နက်ကိုင်ဆောင်လျက်ရှိသည်။ယနေ့နံနက် ၈း၀၀ နာရီခန့်အချိန်တွင် ကွမ်းကီးAA စခန်းမှ AAအဖွဲ့တစ်ဖွဲ့ ကင်းတောင်ရွာသို့ရောက်ရှိလာ၍ ရှောမ်ရှူဒိန်၏ဖခင်အဒူဆူးဘီး(၈၅)နှစ်နှင့်အစ်ကိုဖြစ်သူ အာဇီမူဒိန်း(၄၅)နှစ်တို့ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားသည်။
ထိုနောက် မွန့်တည့် ၁၂း၀၀ နာရီခန့်အချိန်တွင် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်နေ ရှောမ်ရှူဒိန်း၏ညီမနှစ်ဦး ဇာဟီဒါ(ဘ)အဒူဆူဘီး ၂၈နှစ်၊ဇ ူးဟားရာ(ဘ)… ၂၅နှစ်၊ဇာဟီဒါ၏ယောက်က္မ(ဖ)အာမူဆောင်း ၅၀နှစ်၊ခင်ပွန်း မူဟာမတ်အာလီ ၃၀နှစ်၊ဇူဟားရာ၏ခင်ပွန်း အာဇီမူဒိန်(ဘ)အာဘူ ၂၈နှစ် တို့ပေါင်းခုနှစ်ဦးကို ရှောမ်ရှူဒိန်က စခန်းမှထွက်ပြေးသွားသည်ဟု မဟုတ်မတရားပြောဆိုကာ မိသားစုများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
ရွာသားများ၏ ပြောကြားချက်မှာ "AAအဖွဲ့က ရိုဟင်ဂျာကျေးရွာများကိုပါစိုးမိုးထားသည့်အတွက်ကြောင့် ပြသာနာတက်လာမည်ကိုရှောင်ရှားကာကွယ်နိုင်ရန်လုပ်ဆောင်နေကြောင်း၊ရှောမ်ရှူဒိန်က ထွက်ပြေးသွားသည်မှာမဖြစ်နိုင်ကြောင်း၊ရှောမ်ရှူဒိန်ကိုသတ်ဖြတ်လိုက်သည်ဖြစ်နိုင်ကြောင်း၊သို့မဟုတ် ပြည်တွင်းရှိရိုဟင်ဂျာများကို ၂၀၁၂-၂၀၁၆-၂၀၁၇ တို့ကဲ့သို့လူမျိုးတုံးသတ်ဖြတ်ဖြတ်မှုပြန်လည်စတင်နိုင်ရန် အစိုးရနှင့်ပါဆွေးနွေးကြံစည်လုပ်ဆောင်နေကြောင်း တို့ကို ရွာသားများက သုံးသပ်ပြောဆိုခဲ့သည်။ကျန်ရှိနေသော ရိုဟင်ဂျာAAတပ်ဖွဲ့ဝင်များလည်း တစ်နေ့နေ့တစ်ချိန်ချိန် ဤကဲ့သို့အဖြစ်ဆိုးများဖြင့်ကြုံတွေ့နိုင်မည်ကို ကြိုတင်စဉ်းစားဆင်ခြင်သင့်ကြောင်းနှင့် ရိုဟင်ဂျာမိဘပြည်သူအပေါင်းတို့ကလည်း နိုးကြွလာရန်အထူးလိုအပ်ကြောင်းကို ArakanGo အနေဖြင့် အထူးမေတ္တာရပ်ခံတင်ပြလိုပါသည်။
ထို့အပြင် ယနေ့ညနေ ၆းဝဝ နာရီခန့်အချိန်တွင် ဦးလှဖေအုပ်စု၊အတွင်းငှက်သေအုပ်စုတို့တွင် AA တပ်တော် ၁၀၀ကျော် ရောက်ရှိလာ၍ လက်နက်ကိုယ်စီကိုင်ဆောင်ကာ ရိုဟင်ဂျာရွာထဲသို့ဝင်ရောက်၍ ရိုဟင်ဂျာများကိုခြိမ်းခြောက်ဆဲဆိုနေကြောင်းကိုလည်းသတင်းရရှိပါသည်။
@@@@@@@@@@@
၂၀၂၁ခုနှစ် နိုဝင်င်္ဘာလ ၂၈ရက်
ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာနေ ရှောမ်ရှူဒိန်း(ဘ)အဒူဆူဘီး(၃၂)နှစ်သည် ရိုဟင်ဂျာဒလန်များ၏ဖြားယောင်စည်းရုံးမှုတွင်းသို့ကျရောက်ကာ လွန်ခဲ့သော နှစ်လခန့်ကစ၍ AAအဖွဲ့ထံသို့သွားရောက်၍ လက်နက်ကိုင်ဆောင်လျက်ရှိသည်။ယနေ့နံနက် ၈း၀၀ နာရီခန့်အချိန်တွင် ကွမ်းကီးAA စခန်းမှ AAအဖွဲ့တစ်ဖွဲ့ ကင်းတောင်ရွာသို့ရောက်ရှိလာ၍ ရှောမ်ရှူဒိန်၏ဖခင်အဒူဆူးဘီး(၈၅)နှစ်နှင့်အစ်ကိုဖြစ်သူ အာဇီမူဒိန်း(၄၅)နှစ်တို့ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားသည်။
ထိုနောက် မွန့်တည့် ၁၂း၀၀ နာရီခန့်အချိန်တွင် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်နေ ရှောမ်ရှူဒိန်း၏ညီမနှစ်ဦး ဇာဟီဒါ(ဘ)အဒူဆူဘီး ၂၈နှစ်၊ဇ ူးဟားရာ(ဘ) ၂၅နှစ်၊ဇာဟီဒါ၏ယောက်က္မ(ဖ)အာမူဆောင်း ၅၀နှစ်၊ခင်ပွန်း မူဟာမတ်အာလီ ၃၀နှစ်၊ဇူဟားရာ၏ခင်ပွန်း အာဇိီမူဒိန်(ဘ)အာဘူ ၂၈နှစ် တို့ပေါင်းခုနှစ်ဦးကို ရှောမ်ရှူဒိန်က စခန်းမှထွက်ပြေးသွားသည်ဟု မဟုတ်မတရားပြောဆိုကာ မိသားစုမ်ားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
ရွာသားများ၏ ပြောကြားချက်မှာ "AAအဖွဲ့က ရိုဟင်ဂျာကျေးရွာများကိုပါစိုးမိုးထားသည့်အတွက်ကြောင့် ရှောမ်ရှူဒိန်က ထွက်ပြေးသွားသည်မှာမဖြစ်နိုင်ကြောင်း၊ရှောမ်ရှူဒိန်ကိုသတ်ဖြတ်ကာ ပြသာနာတက်လာမည်ကိုရှောင်ရှားကာကွယ်နိုင်ရန်လုပ်ဆောင်နေကြောင်း၊သို့မဟုတ် ပြည်တွင်းရှိရိုဟင်ဂျာများကို ၂၀၁၂-၂၀၁၆-၂၀၁၇ တို့ကဲ့သို့လူမျိုးတုံးသတ်ဖြတ်ဖြတ်မှုပြန်လည်စတင်နိုင်ရန် အစိုးရနှင့်ပါဆွေးနွေးကြံစည်လုပ်ဆောင်နေကြောင်း တို့ကို ရွာသားများက သုံးသပ်ပြောဆိုခဲ့သည်။ကျန်ရှိနေသော ရိုဟင်ဂျာAAတပ်ဖွဲ့ဝင်များလည်း တစ်နေ့နေ့တစ်ချိန်ချိန် ဤကဲ့သို့အဖြစ်ဆိုးများဖြင့်ကြုံတွေ့နိုင်မည်ကို ကြိုတင်စဉ်းစားဆင်ခြင်သင့်ကြောင်းနှင့် ရိုဟင်ဂျာမိဘပြည်သူအပေါင်းတို့ကလည်း နိုးကြွလာရန်အထူးလိုအပ်ကြောင်းကို ArakanGo အနေဖြင့် အထူးမေတ္တာရပ်ခံတင်ပြလိုပါသည်။
ထို့အပြင် ယနေ့ညနေ ၆းဝဝ နာရီခန့်အချိန်တွင် ဦးလှဖေအုပ်စု၊အတွင်းငှက်သေအုပ်စုတို့တွင် AA တပ်တော် ၁၀၀ကျော် ရောက်ရှိလာ၍ လက်နက်ကိုယ်စီကိုင်ဆောင်ကာ ရိုဟင်ဂျာရွာထဲသို့ဝင်ရောက်၍ ရိုဟင်ဂျာများကိုခြိမ်းခြောက်ဆဲဆိုနေကြောင်းကိုလည်းသတင်းရရှိပါသည်။
https://www.facebook.com/103878008700801/posts/130005802754688/
17/11/2021
https://www.facebook.com/103878008700801/posts/130005802754688/
ဆေးရုံဆင်းလူနာအားကူညီပို့ဆောင်ပေးခြင်း
17-11-2021 (ဗုဒ္ဓဟူးနေ့)
ဘူးသီးတောင်မြို့၊ ရွာမကျေးရွာအုပ်စု၊ရွာမမူဆလင်ရွာနေ ဦးဇူဘိုင်(ရ်)အသက်(၃၀)နှစ်၊အား ဘူးသီးတောင် ပြည်သူ့ဆေးရုံမှ ၎င်းနေအိမ်သို့ မေတ္တာဖြင့်ကူညီပို့ဆောင်ခဲ့ပါသည်။
ရွှေဘူးသီး ပရဟိတအသင်းကို အောက်ပါဖုန်းနံပါတ်များသို့ 24-နာရီဆက်သွယ်အကူအညီတောင်းနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133
#ရွှေဘူးသီးပရဟိတလူမှုကူညီရေးအသင်း၊
#ဘူးသီးတောင်မြို့။
09/11/2021
ရခိုင်ပြည်နယ်မောင်တောမြို့နယ်တွင် ရခိုင်တပ်တော်AA နှင့် စစ်ကောင်စီတပ်အကြား ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာအနီး တောင်တန်းများတွင် ယနေ့ ရခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်တပ်တော် AA နှင့် စစ်တပ်အကြား တိုက်ပွဲများ ၂၀၂၀ ခုနှစ်မှစတင်၍ ရပ်ဆိုင်းခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
"လက်နက်ကြီးသံတွေ ကြားရတယ်။ သေနတ်သံတွေရော။ ကြားရတာ ဒီနေ့ မနက် ၁၁ ကျော်ကျော်လောက်က ပါ။ နာရီဝက်လောက်တော့ ကြာတယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အခြားဒေသခံတစ်ဦးကမူ AA ထိန်းချုပ်ရာနယ်မြေအတွင်းသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခထံ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။
25/10/2021
Breaking News
မောင်တောမြောက်ပိုင်း၊ မောင်နှမကျေးရွာအနီး တာဝါတိုင်ရှေ့တွင် လုံခြုံရေးလည်ပတ်နေသော နယ်ခြားစောင့်ရဲကားတစ်စီးကို ယနေ့(၂၅.၁၀.၂၀၂၁)ညနေပိုင်း ရ-နာရီကျော်ခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ လက်ချဖြင့် သေနတ်ပစ် ခံရကြောင်း သတင်းရရှိသည်။ ဘီးပေါက်ခံရသဖြင့် နယ်ရဲသားတွေက အပြန်ပစ်ခတ်တယ်လို့ သတင်းရရှိသည်။
20/10/2021
AA မွေးစားတဲ့ ယုတ်မာတဲ့လူမှောင်ခိုသမားများက ပြည်တွင်း၊ကမ့်ရှိ ရိုဟင်ဂျာများကို မြန်မာပိုင်နက်ထဲ ခေါ်သွင်းပြီး မလေးရှား သို့မဟုတ် ထိုင်းနိုင်ငံဘက်သို့ ပို့္ဆောင်ပေးမယ်လို့ ဝါဒမုှိင်းဖြန့်္ပြီးတော့ လမ်းတစ်ဝက်၊တစ်ပိုင်း သို့မဟုတ် နယ်စပ်အနီးအနားမှာ အစိုးရထံပေးအပ်လိုက်ပြီးနောက် ဝါဒဖြန့်္ မီဒီယာများဖြစ်တဲ့ WLD၊MDN၊စတဲ့ အဖွဲ့က ယုတ်မာတဲ့ မရေမရာ အခြေအမြစ်ကင်းမဲ့တဲ့ ရေးသားမှုကို အခါတိုင်း ရေးတင်နေကြတာကို လုံးဝ ဟုတ်မှန်မှု မရှိကြောင်း သိစေလိုပါသည်။
😭💔ohh Allah... Sad News For Rohingya 😭😭လူတိုင်းသိသော Arakan Times News ရဲ့ဒါရိုက်တာ Jafar Arkani ယနေ့ အလ္လာဟ်အမိန့်ခံယူသ...
11/10/2021
😭💔ohh Allah... Sad News For Rohingya 😭😭
လူတိုင်းသိသော Arakan Times News ရဲ့ဒါရိုက်တာ Jafar Arkani ယနေ့ အလ္လာဟ်အမိန့်ခံယူသွားတယ်
Jafar Arkani အကိုအတွက် မဂ်ဖွေရသ်ဒိုအာပို့ပေးပါ
နာရေးသတင်း          ----------         Mv-ဆူလေမာန်ဆဗ်         "မူ့ဟားဒေစ် ဆဗ်"         (ကျောင်းအုပ်ဆရာကြီးဟောင်း)       ...
06/10/2021
နာရေးသတင်း
----------
Mv-ဆူလေမာန်ဆဗ်
"မူ့ဟားဒေစ် ဆဗ်"
(ကျောင်းအုပ်ဆရာကြီးဟောင်း)
မဒရဆာ-ဂျာမေအာလီယာ(ဘူးသီးတောင်)
အသက်(၉၂)နှစ်
ဘူးသီးတောင်/ရန်ကုန်
-------------------------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက် ဇာတိ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် (၁၅၅)လမ်းတွင်နေထိုင်သည့် ""မူ့ဟားဒေစ်ဆဗ်""မော်လာနာ ဆူလေမာန်ဆဗ် ကိုစောမြင့်(UNHCR)၏ ချစ်လှစွာသော ဖခင်သည် ယနေ့(၆-၁၀-၂၀၂၁)နေ့ ညနေ (၆)နာရီ (၄၅) မိနစ်တွင် အလာအသျှင်မြတ် အမိန့်တော် ခံယူသွားပါ၍ မနက်ပြန် (၇-၁၀-၂၀၂၁ခု)နေ့ ဇူဟိုရ်နမာဇ် အပြီး ရေဝေးကဗာရ်စတန်တွင် "ဂျနာဇာ"ဝတ်ပြုမည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နှီး ဆွေမျိူး မိတ်သင်္ဂဟများ သိရှိနိူင်ပါရန် အကြောင်းကြားအပ်ပါသည်။
မှတ်ချက်။ ။ကွယ်လွန်သူ၏ "မက်ဖရသ်"အတွက် ဒိုဝါမှာ သတိရပါရန်
https://www.bbc.com/burmese/world-58803573
06/10/2021
https://www.bbc.com/burmese/world-58803573
တရုတ်က လေကြောင်း ကျူးကျော်မှုတွေ ထပ်လုပ်လာနေချိန်မှာ မှားယွင်း ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်ဝမ် က....
06/10/2021
Heart touching songs
We never forget the love of the teachers
The unfinished business (Genocide) on Rohingya by the junta. စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ်  လူ့အခွင့်အ...
04/10/2021
The unfinished business (Genocide) on Rohingya by the junta.
စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖေါက်လျက်ရှိ။
ဘူးသီးတောင်မြို့နယ် တောင်ဘာဇားဒေသအောက် ကျေးရွာများရှိ ရိုဟင်ဂျာများအပေါ် ဆောက်ရွက်ရန်ထုတ် ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်သည့်အမိန့်။
မောင်တောတွင် ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဓားပြတိုက်စဉ်အချိန်က ဓားစာခံအဖြစ် ခေါ်ဆောင်သွားသူတစ်ဦးပြန်လည်လွတ်မြောက်လာမေ...
03/10/2021
မောင်တောတွင် ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဓားပြတိုက်စဉ်အချိန်က ဓားစာခံအဖြစ် ခေါ်ဆောင်သွားသူတစ်ဦးပြန်လည်လွတ်မြောက်လာ
မောင်တော၊ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်မောင်တောတွင် ယမန်နေ့က
ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဓားပြတိုက်စဉ်အချိန်က ဓားစာခံအဖြစ် ခေါ်ဆောင်သွားသူတစ်ဦးပြန်လည်လွတ်မြောက်လာခဲ့ကြောင်း
ဒေသခံသတင်းအရင်းမြစ်ထံက သိရသည်။
ဖြစ်စဉ်မှာ ၂- ၁၀- ၂၀၂၁ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က မောင်တောမြိုနယ်၊ ငန်းချောင်းကျေးရွာတွင် သေနတ်နှင့် ဓါးရှည်များ ကိုယ်စီကိုင်ဆောင်ထားသည့် လူ ၁၅ ဦးခန့်မှ ပုဇွန်ကန် လုပ်ကိုင်သူ
မော်လဝီ ဦး ဆော်လီမူလာ(ဘ)မောင်တာတူဆိန် ၄၇ နှစ်၏ နေအိမ်အား ဝင်ရောက်၍ ဓါးပြတိုက်ခဲ့ကြောင်း ဓါးပြတိုက်သူများ
အနေဖြင့် ရွှေ ၁၅ ကျပ်သားနှင့် ငွေ၄၅၀,၀၀၀ ကျပ်ခန့် အား ယူဆောင်သွားသည့်အပြင် ဆော်လီမူလာအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့်အဖွဲ့မှာ မောင်တောနယ်စပ်တွင် လှုပ်ရှား နေသည့် အဒူလာကိမ်း ဓါးပြအဖွဲမှ ဖြစ်နိုင်သည်ဟု ဒေသခံများမှ ပြောကြားလျက်ရှိပြီး ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည့် ဆော်လီမူလာ သည် ၂- ၁၀- ၂၀၂၁ ရက်နေ့ည ၈ နာရီကျော်
အချိန်ခန့်တွင် ရွာသို့ပြန်လည်ရောက်ရှိလာသည်ဟု ဒေသခံများထံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်များနဲ့ပက်သက်၍ တာဝန်ရှိသူများက
စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
Saya Osmangoni (1993-2021)Saya Osmangoni, an English teacher from Buthidaung Township died tonight around 8 o'clock. Say...
03/10/2021
Saya Osmangoni (1993-2021)
Saya Osmangoni, an English teacher from Buthidaung Township died tonight around 8 o'clock. Saya was very friendly to everyone. He never hurts anyone as I found. 😭😭
Saya, how can you die that easily? I can't stop my tear for you. 😭😭
We will miss you in every prayer. Allah bless you and grant Janna-tul-Firdus.
https://www.facebook.com/341035156060585/posts/2061169920713758/
01/10/2021
https://www.facebook.com/341035156060585/posts/2061169920713758/
“နိုင်ငံရေး အခြေခံ သဘောတရား သင်တန်း” Batch -3 အတွက် သင်တန်းသားများခေါ်ယူခြင်း
(*ဖော်ပြထားရေ သင်တန်းရက်မှာ တက်နိုင်၊ မတက်နိုင် သေချာမှ လျှောက်စီချင်ပါရေ။ ကိုယ်မှာ တခြားသင်တန်းအလုပ်တိ က ယင်းရက်တိမှာ ရှိလာနိူင်ဖို့ ဆိုကေ နောက် Batch တိမှာပဲ လျှောက်ဖို့ အကြံပီးချင်ပါရေ။)
Political and Social Awareness Initiative (PSAI) က နိုင်ငံရေး အကြောင်းအရာတိကို စိတ်ပါဝင်စားရေ ရခိုင်ပြည်က လူငယ်တိအတွက် နိူင်ငံရေး အခြေခံ သဘောတရား အခလွတ်သင်တန်း အပတ်စဥ် (3) ကို ဖွင့်လှစ်လားဖို့ဖြစ်ပါရေ။
PSAI က ၂၀၁၂ မှာ စတင်ဖွဲ့စည်းခရေ အဖွဲ့တစ်ခုဖြစ်ပြီးကေ ရခိုင်ပြည်နယ် ၁၇ မြို့နယ်တိမှာ နိုင်ငံရေး နဲ့ ဒေသဖွံဖြိုးရေးဆိုင်ရာ အသိပညာမြင့်တင်ရေး သင်တန်းတိကို ပို့ချ မျှဝီပီးနိန်ရေ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါရေ။ ၂၀၂၁ နှစ်လယ် သင်တန်း Package မှာ ရခိုင်ပြည်က လူငယ်ထု ကို နိုင်ငံရေးအသိပညာမျှဝီနိုင်ဖို့အတွက် နိုင်ငံရေးဘာသာရပ်အသီးသီးကို လေ့လာသင်ပြပို့ချနိန်ကပ်တေ (Resource Persons) ဆရာ၊ဆရာမတိကို ဖိတ်ကြားပြီးကေ သင်တန်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပီးနိန်ရေ အဖွဲ့လည်းဖြစ်ပါရေ။
(၁) သင်ကြားဆွေးနွေးဖို့အကြောင်းအရာတိ-
 Rebel Governance in Transition
 Concept of State Building
 Basic Concept of Political Economy
 Gender Sensitive Public Service Delivery
 Introduction to Federalism, Confederalism and Unitary System
 Managing Diversity and Building Unity
 Federal and State Constitutions
 Division of Competencies (Powers) in a Federal System
 Local Governments in a Federal System
 Fiscal Federalism
(၂) သင်ကြားဖို့ နေရာ-
သင်တန်းကို ရခိုင်ဆရာတိက ရခိုင်စကားနဲ့ သင်ကြားဆွေးနွေးပီးပြီးကေ၊ တိုင်းရင်းသားဆရာတိက ဗမာဘာသာစကားနဲ့ Zoom Meeting ကတဆင့်ဆွေးနွေးသင်ကြားပီးလားဖို့ဖြစ်ပါရေ။
(၃) သင်တန်းသားဦးရေ
• Batch တစ်ခုစီမှာ သင်တန်းသား ဦးရေ ၃၀ ရာ လက်ခံဖို့ဖြစ်ပါရေ။
(၄) ဆွေးနွေးဖို့ဆရာမ၊ဆရာ
• နိူင်ငံရေးအကြောင်းအရာတိကိုလေ့လာနိန်ရေ၊ သင်တန်းပို့ချရေ အတွိ့အကြုံရှိရေ ဆရာမ/ဆရာတိက ဦးဆောင်ဆွေးနွေးလားဖို့ဖြစ်ပါရေ။
(၅) သင်တန်းချိန်
• တစ်ချိန်ကို နှစ်နာရီခွဲ ၊ တစ်ရက်ကိုတစ်ချိန်နုန်းနဲ့ ဆယ့်တစ်ရက် ကြာပါဖို့။ သင်တန်းပြီးအောင်အထိ လုံးဝမပျက်ဘဲနဲ့ တက်ရောက်တေလူကို Online က သင်တန်းဆင်းလက်မှတ်တိ ပီးလားဖို့ဖြစ်ပါရေ။
(၆) သတ်မှတ်အရည်အချင်း လိုအပ်ချက်တိက-
• နိုင်ငံရေး စိတ်ဝင်စားရေ သူ
• ရခိုင်ပြည်တွင် နေထိုင်သော သူ
• အသက် ( ၁၈- ၃၀)
• သင်တန်း ပြီးအောင်အထိ အချိန်မှန်မှန် မပျက်မကွက် တက်ရောက်နိုင်သူ
• သင်တန်းက ပေးအပ်ထားသော အိမ်စာတိ အချိန်မှန်မှန် လုပ်ဆောင်နိုင်သူ
• Online မှ သင်ယူဖို့ အဆင်ပြေရေ သူ
(၇) သင်တန်းရက် နဲ့ အချိန်တိက-
သင်တန်းချိန်-
 9:00 Am to 12:30 Pm
သင်တန်းရက်-
 10 October 2021 - 24 October 2021 ( ၀ါကျွတ်ပိတ်ရက် 19/20/21/22) မှာ သင်တန်းကို ရပ်ပီးထားပါဖို့။
(၈) အင်တာနက် ဘေလ်
• သင်တန်း package တစ်ခုစာအတွက် သတ်မှတ်ထားရေ နှုန်းထားကို ဖုန်းကတဆင့် ထည့်သွင်းပီးဖို့ ဖြစ်ပါရေ။
စိတ်ဝင်စားရေ ဇာသူမဆို အောက်မှာပီးထားရေ Google Form မှာဖြည့်လို့
6 October 2021 (11:30 Pm) နောက်ဆုံးထားလို့ ပို့ပီးရပါဖို့။
https://docs.google.com/forms/d/e/1FAIpQLSfDVEJmh_azcSIRvFxe5uB4CaSIRHbu3CTwy8v0WX3zk3vAcg/viewform?usp=sf_link
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများအတွက် ထောက်ပံ့သော FMရေဒီယိုများကို ကွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှုးက ခေါင်...
01/10/2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများအတွက် ထောက်ပံ့သော FMရေဒီယိုများကို ကွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှုးက
ခေါင်းပုံဖြတ်ရောင်းစားလိုက်သည်ဟု တင်ထားတဲ့ သတင်းသည် လုံးဝ သတင်းအမှားဖြစ်ကြောင်း ဝန်ခံ
Buthidaung Daily News | 1-Oct-2021
ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှုးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများအတွက် ထောက်ပံ့သော FM ရေဒီယိုများကို အိမ်ထောင်စုအလိုက် မဖြန့်ဝေပဲနှင့် ခေါင်းပုံဖြတ်ရောင်းစားလိုက်တဲ့လို့ ကျွန်တော်တို့ BDN Page က သတင်းမှားများ ပျံ့နှံ့ခဲ့သည်။
အဆိုပါ ဖြန့်ခဲ့သော သတင်းကို ၎င်းကျေးရွာမှ လူလိမ်တစ်ချို့က မနာလိုစိတ်ဓာတ်ဖြင့် ဒီသတင်းအမှားကို ပို့ပေးခဲ့တာ ဖြစ်တယ်လို့ ကျွန်တော်တို့အဖွဲ့က ဃဃဏဏ စုံစမ်းပြီး သိရှိပါသည်။
အုပ်ချုပ်ရေးမှူးက ရေဒီများကို ရွာသားများအား ဖြန့်ဝေခဲ့သော ဓာတ်ပုံမှတ်တမ်းနှင့် တင်ပြအပ်ပါသည်။
ထို့ကြောင့် ဒီသတင်းသည် လုံးဝ သတင်းအမှားဖြစ်ကြောင်း ကျွန်တော်တို့ Buthidaung Daily News Page က ဝန်ခံပါသည်။
မှတ်ချက်။ ။ ကျွန်တော်တို့ သတင်းဌာနကနေ သတင်းအမှားကို ဖြန့်ခဲ့တဲ့အတွက် တောင်းပန်ပါသည်။ 🙏🏻🙏🏻🙏🏻🙏🏻
ပုံ/
မောင်တော ရွှေဇား(မြောက်)ရွာအနီး ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁ ရက်...
01/10/2021
မောင်တော ရွှေဇား(မြောက်)ရွာအနီး ငွေကျပ်သိန်း ၂၈၀၀ ကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ နယ်စပ်မြို့တော်၊ မောင်တောမြို့
ရွှေဇား(မြောက်)ရွာအနီး ကင်းပုန်းဝပ်နေစဉ် ၃၀ - ၉ - ၂၀၂၁ ခုနှစ် ည ၁၂ နာရီအချိန်ခန့်က ပုဇွန်ကန်ဘောင်လမ်းအတိုင်း လူ(၂)ဦးမှ အနက်ရောင် ပလပ်စတစ် အထုပ်(၂)ထုပ်အား သယ်ယူလျက် ကျန်လူ(၂)ဦးမှ ရှေ့ပြေးများအဖြစ်လာနေသည်ကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ အထုပ်များအားပစ်ချ၍ ထွက်ပြေးသွားခဲ့ကြသည်။
ထွက်ပြေးသွားသူများအား လုံခြုံရေးအဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးခဲ့ရာ ရွှေဇား(မြောက်)ကျေးရွာနေသူများဖြစ်သည့် မာမက်ကာဆိန်း၊ (၂၁)နှစ်၊ (ဘ)ဟာဆောင်းနှင့် မူဟာမတ်ဟူဆန်း(ခ)မော်ရိုအာမတ်၊ (၂၂)နှစ်၊ (ဘ) မော်ဂူလာမောက်တို့အား ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ သယ်ဆောင်လာသည့် အနက်ရောင် ပလပ်စတစ်အထုပ်(၂)ထုပ်အား သက်သေများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ပြား (ကာလတန်ဘိုး ၂၈၅၀၀၀၀၀၀ကျပ်ခန့်)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားခံများအား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများအတွက် ထောက်ပံ့သော FM ရေဒီယိုများကို ကွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှုးက ခေါင...
01/10/2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူများအတွက် ထောက်ပံ့သော FM ရေဒီယိုများကို ကွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှုးက ခေါင်းပုံဖြတ်ရောင်းစားနေ
Buthidaung Daily News-အောင်မြင့်
၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂ ရက်
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊ လက်ရှိအုပ်ချုပ်ရေးမှုး ဦးရော်ဖီအုလ်ကာဒေရ် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကွန်တိုင်ကျေးရွာအတွက် (၁၅.၈.၂၀၂၁)နေ့ သီးသန့်ထောက်ပံ့နေကြသော FM ရေဒီယိုများကိုကို မိဘပြည်သူများ အား မဖြန့်ဝေပဲနှင့် ရေဒီယို တစ်လုံးစီကို ၃၂၀၀ကျပ်နှုန်းဖြင့် ရေဒီယို အလုံး (၆၀၀)လုံးကျော်ကို ၁၉၂၀၀၀၀ ကျပ်ကျော်နဲ့ စျေးဆိုင်များသို့ (၂၉.၉.၂၀၂၁)နေ့ အပြည့်အပိုင် ခေါင်းပုံဖြတ်ရောင်းစားလိုက်
ပါသည်ဟု ရွာခံတစ်ဦးက Buthidaung Daily News ကို ပြောသည်။
ရခိုင်ပြည်နယ်တွင် မရှိဆင်းရဲသော ပြည်သူလူထုများအား သတင်းအချက်အလက်များ အမြဲတမ်း နားထောင်ပြီး၊ မတူကွဲပြားမှုကို ပက်ပျောက်နိုင်အောင် စီမံကိန်းဖြင့် အခမဲ့ဖြန့်ဝေဖို့ ပေးထားသော်လည်း အုပ်ချုပ်ရေးမှူးက FM ရေဒီယိုတို့ကို ပြည်သူများအား မဖြန့်ဝေပဲ၊ ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရောင်းစားလိုက်မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိရောက်သောအရေးယူမှုများ မပြုလုပ်ပါက ဒီထက်မက နိုင်ငံတော်ဘဏ်ငွေ အလွှဲသုံးစားပြုလုပ်သွားပါမည်ကို ရွာသားများက ယုံကြည်မိပါသည့်အပြင် နိုင်ငံတော်၏ထောက်ပံ့ကူညီမှုကို အုပ်ချုပ်ရေးအောက်ခြေအဆင့်ရှိ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်ဘဏ်ငွေ အလွှဲသုံးစားပြုလုပ်ပါက အစိုးရနှင့်ပြည်သူလူထုပါ ဆင်းရဲဒုက္ခကျပါမယ်ဟု သူက ဆက်ပြောသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာမှ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးပါက အမှန်တရားများကို ဖော်ထုတ်၍ လိုအပ်သလို ထိရောက်သော အရေးယူမှုများ ပြုလုပ်ပေးပါရန် ရိုသေလေးစားလျက့်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကို ရွာသားများက Buthidaung Daily News မှတစ်ဆင့် အနူးအညွှန့်တောင်းဆိုပါသည်။
(ပုံများသည် ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာရဲ့ ပုံဖြစ်ပါသည်။)
Address
Opening Hours
Monday 06:00 - 12:00
Website
Alerts
Be the first to know and let us send you an email when Buthidaung Daily News-BDN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share