19/08/2023
ဒီနေ့ မင်မင်ဆွေးနွေးချင်တဲ့ အကြောင်းအရာက
Liverpool က gravenberch ကိုလိုက်နေတယ်ဆိုပြီး သတင်းတွေတက်လာတာ အကုန်လုံးတွေ့ကြမှာပါ
အဲ့တော့ gravenberch သာ အမှန်တကယ်ရောက်လာခဲ့ရင်
Endo နဲ့ gravenberch ကြား main Line up ဘယ်သူဝင်မှာလဲဆိုတာစဉ်းစားရတာတော့ ခက်တယ်
ဘာလို့ဆို နှစ်ယောက်လုံးက မတူတဲ့ ပုံစံမျိုးနဲ့ playing style တွေနဲ့ဆိုတော့
Endo ဆိုရင် cm cdm cb
Gravenberch ဆိုရင် cm cdm
ဒီမှာ gravenberch က cdm ဆိုတာထက် deep lying playmaker လိုပုံစံမျိုးပိုဆော့တယ်
ကျွန်တော်မှတ်မိသလောက်ဆို edson Alvarez နဲ့လား တွဲဆော့တာထင်တယ်
အဲ့တော့ gravenberch သာအမှန်တကယ်ရောက်လာခဲ့ရင်
tactics က endo ကိုဆော့မှာနဲ့ တူမှာ မဟုတ်တော့ပါဘူး
Gravenberch နဲ့သာဆိုရင် ကျွန်တော်ကတော့ deep lying playmaker နှစ်ယောက် ( arnold ) နဒ့ဆိုပြီး ထပ်နေမယ်လို့မြင်ပါတယ်
ပြီးတော့ mac allister က လိုရင် နောက်ကိုပါ ဆင်းယူပြိး direct pass တွေနဲ့ counter စနိုင်တော့ dpl သုံးယောက်လောက် ထပ်နေမှာပါ
အဲ့တော့ gravenberch သာရောက်လာခဲ့ရင် ကျွန်တော့်အမြင်တော့ Endo ကိုပဲ နေရာပေးမယ်လို့ထင်ပါတယ်
(ဒါမဲ့ နည်းပြကြိုက်တဲ့လူ လေ့ကျင့်ခန်းမှာ Performance ပိုထွက်တဲ့လူ ထည့်မှာဆိုတော့ အရမ်းလည်း ပြောမရ)
ဒါမဲ့ထားပါ
"Endo ကိုနေရာပေးမယ်" ဆိုတာလေးကို ကျွန်တော် ပြောပြချင်ပါတယ်
Endo က cdm စစ်စစ်ပါ
Gravenberch က hybrid 6/8 ပိုဆန်ပါတယ်
Endo လည်း cm မှာဆော့နိုင်ပေမဲ့ သူအားသန်တာကတော့ ကွင်းလယ်ခံစစ်ပါ
ပြီးတော့ gravenberch ကိုသာ တစ်ကယ်ခေါ်နိုင်ခဲ့ရင် ကျွန်တော့်အမြင်ကတော့ သူက အသင်းရဲ့ ရေရှည် စီမံကိန်းမှာ ပါမဲ့လူဆိုတော့ bajcetic နဲ့ သူ့ကို cdm အတွက် လေ့ကျင့်ပေးမယ်လို့ထင်ပါတယ်
Endo ရဲ့ အတွေ့အကြုံ ပြီးတော့ သူရဲ့ စာချုပ်
သူက လေးနှစ်စာချုပ်ချုပ်ထားတာဆိုတော့
Bajcetic (18), gravenberch (21) တို့ကို cdm နေရာအတွက် အများကြီးသင်ပေးမှာပါ
သူအနေနဲ့ စာချုပ်ပြည့်လို့ ထွက်သွားချိန်မှာတောင် bajcetic (22), gravenberch (25) ဆိုတော့ အဲ့မှာ အသင်းရဲ့ အနာဂတ်တွေဖြစ်ရောပေါ့ 🤭
Gravenberch ရောက်လာနိုင်လာဆိုတော့ ကစားသမားက ပွဲကစားချိန်နည်းနေတာကို သဘောမတွေ့ဘူး သူကဆော့ချင်တယ် တူချယ်က ဘယ်လိုတွေ ကတိပေးထားလဲ ကျွန်တော်လည်း မသိပေမဲ့ အခုချိန်မှာတော့ bayern munich ရဲ့ ကွင်းလယ်မှာ goretzka, kimmich, laimer တို့ရှိနေတော့ သဘာတွေများနေတဲ့ ကွင်းလယ်ကို တူချယ်က သဘောတွေ့နေတယ်လို့ထင်ပါတယ်
Gravenberch အနေနဲ့ မတိုးနိုင်ဘူးလားဆိုတာတော့ အသင်းက အနာဂတ်အတွက်ဆိုပြီး ခေါ်ပေမဲ့ ကစားချိန်မပေးနိုင်တော့ အနာဂတ်က ဘာညာ ဘညာဖြစ်မှာပေါ့ 👀
ဒါမဲ့ထားပါ
cheif scout "Barry Hunter" & Head of recruitment "Dave Fallows" တို့ရဲ့ ညှိနှိုင်းမှုအပြင် နည်းပြကြီး klopp ရဲ့ ဖုန်းတစ်ကောနဲ့ ဖြောင်းဖျနိုင်မယ်လို့ထင်ပါတယ်
ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့က အရမ်းခက်မယ်မထင်ပါဘူး
ပြောချင်တာ လိုအပ်တာကို သေသေချာချာ ပြောရင်တော့ ကစားသမားနဲ့က အိုကေမယ်ထင်ပါတယ်
Bayern နဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းပြီး သဘောတူညီမှုရရင်ေတာ့ scouser ဖြစ်ပြီပေါ့ဗျာ 🟥
ကျွန်တော်ကတော့ 25-30 လောက်နဲ့ညှိလို့ရမယ်လို့ထင်ပါတယ်