Little Htet Gaming

  • Home
  • Little Htet Gaming

Little Htet Gaming Mobile Legend Streamer

ဘိုင်ဝမ်းမှ ဘိုင်ဝမ်းဆိုတဲ့ ကိုကိုတွေ,မောင်လေးတွေအတွက် အထက်ကလေးမှ Prize Pool 50,000 တန် ဘိုင်ဝမ်းပွဲတွေကို ပြုလုပ်ပေးသွာ...
22/12/2023

ဘိုင်ဝမ်းမှ ဘိုင်ဝမ်းဆိုတဲ့ ကိုကိုတွေ,မောင်လေးတွေအတွက် အထက်ကလေးမှ Prize Pool 50,000 တန် ဘိုင်ဝမ်းပွဲတွေကို ပြုလုပ်ပေးသွားမှာနော်

Prize Pool ကလည်း အပါတ်တိုင်း 50,000 ပေးသွားမှာဖြစ်ပြီးတော့ ပွဲတွေကို အထက်ကလေးကိုယ်တိုင် Cast ပေးသွားမှာပါရှင့်

Weekly Tournament By Littlhet ရဲ့ First week ကို 23.12.2023 (Sat) မှာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

လူဦးရေအနေနဲ့ကတော့ ၈ယောက်ပဲ သတ်မှတ်ထားတာ ဖြစ်လို့ မြန်မြန်လေးRegister လုပ်ပြီး Slot တစ်ခုယူထားလိုက်တော့နော်

Prize Pool 50,000 MMK ကို
1st - 30,000 MMK
2nd - 20,000 MMK ဆိုပီး နှစ်ယောက်ကိုပေးသွားမှာပါ။

29/09/2023

မဂ်လာနံနက်ခင်းပါ 😘

27/09/2023

မီးအားကျသွားလို့ပြန်တက်လာပါပီ

27/09/2023

Epic ကနေ Legend တက်တော့မဲ့ အထက်🙂

ကိုယ်နဲ့တူတူစျေးဝယ်မလား? ကိုယ့်ကိုဝယ်မလား 😛?📸 -Thagyi Photography
15/08/2023

ကိုယ်နဲ့တူတူစျေးဝယ်မလား? ကိုယ့်ကိုဝယ်မလား 😛?
📸 -Thagyi Photography

Hot Topics 🔥
12/08/2023

Hot Topics 🔥

DJ ၊ KID ၊ Zippy တို့ကိစ္စတွေကိုတော့ ပြည်တွင်းက MLBB ပရိသတ်တွေ သိပြီးလောက်ကြပြီဖြစ်မှာပါ။ DJ တစ်ယောက် Passport အချိန်မှီမရခဲ့တာကြောင့် အခုလိုကိစ္စတွေဖြစ်လာခဲ့ပြီး မစတင်ခင်ထဲက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရပါတယ်။

ဒီလိုပြောလို့ DJ ကိုအပြစ်တင်တာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ ကိုယ်ဘယ်လောက်လုပ်လုပ် အရာမထင်တဲ့အရာတွေအများကြီးပါ။ ဒီနေရာမှာ သင်ခန်းစာတစ်ခုကတော့ MLBB Pro Player မှမဟုတ်ဘူး ဘယ် Pro Player မဆို Passport ကိုကိုင်ဆောင်ထားသင့်တယ်လို့ မြင်မိပါတယ်။ eFootball တုန်းကလည်း Passport အချိန်မှီမရခဲ့တာကြောင့် Passport ရှိတဲ့ ကစားသမားနဲ့ အစားထိုးခဲ့ရပါတယ်။

အဲ့ဒါတွေထားပါ။ တကယ်ပြောချင်နေတာက Team Lunatix ကထုတ်ပြန်တဲ့ Public Statement ပါ။ သူတို့ဖက်က အမှားတစုံတခုမှ မပါဘူးဆိုတာကြီးကိုပဲ အဓိကထားထုတ်ပြန်သွားခဲ့ပါတယ်။ သူတို့ဖက်က ထုတ်ပြန်တဲ့အထဲမှာ သဘောမတွေ့တာတစ်ခုက KID ကိစ္စပါ။ KID ကိုကြိုက်လို့ သူတို့ခေါ်ခဲ့ပြီးပြီ။ ရောက်ပြီးတော့မှ သူ့နေရာကို အစားထိုးဖို့ တစ်ယောက်ထပ်ခေါ်မယ်ဆိုတာကြီးက အတော်လေးအဆင်မပြေတဲ့အချက်ပါ။

အစကတည်းက ကစားသမားတစ်ယောက်ကို ခေါ်တော့မယ်ဆိုရင် သူ့လက်စွမ်းတွေ ၊ သူ့အမူအကျင့်တွေကို သေချာလေ့လာပြီးမှ ခေါ်သင့်ပါတယ်။ အခုသူတို့နိုင်ငံကို ရောက်ရှိပြီးတော့မှ အဆင်မပြေဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး အိမ်ပြန်ပို့ဖို့ကြိုးစားတာကတော့ သူတို့အမှားပါ။ မခေါ်ချင်ရင် အစထဲကမခေါ်ပဲနေလို့ရပါတယ်။ KID ဆိုတာလည်း မြန်မာနိုင်ငံက Senior ကစားသမားတစ်ယောက်ပါပဲ။

နောက်တချက်ကတော့ သူတို့ကို Information မပေးပဲ KID နဲ့ Zippy တို့မြန်မာနိုင်ငံကိုပြန်လာတဲ့အချက်ပါ။ အဲ့ဒါသာ အမှန်တကယ်ဆိုရင်တော့ KID နဲ့ Zippy တို့အမှားလို့ပြောချင်ပါတယ်။ ကိုယ်နိုင်ငံမှာပဲဖြစ်ဖြစ် အခြားနိုင်ငံမှာပဲဖြစ်ဖြစ် Organization နဲ့ အလုပ်လုပ်ပြီဆိုရင် သူတို့ဘယ်လောက်မှားမှား ကိုယ့်ဘက်က Pro ပီသနေဖို့လိုပါတယ်။ ဒါပေမဲ့လည်း နောက်ကွယ်မှာကိုယ်တွေ မမြင်နိုင်တဲ့ပြဿနာတွေလည်းရှိနိုင်တာကြောင့် KID နဲ့ Zippy ကို ဒီအချိန်မှာ အရမ်းကြီးဖိအားမပေးသင့်ပါဘူး။

နောက်တချက်ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံက ပရိတ်သတ်တွေအနေနဲ့ Team Lunatix ရဲ့ Post အောက်မှာသွားရောက်ဆဲဆိုခြင်းမပြုလုပ်စေချင်ပါဘူး။ သူတို့ Public Statement မှာရေးထားတဲ့ "We regret to temporary close the comment functions due to too many toxic comments. We apologize for any inconvenience caused." ဆိုတာကြီးကတော့ ကိုယ်တွေမြန်မာတွေ အရမ်းရိုင်းတယ်လို့ ဒဲ့အပြောခဲ့လိုက်ရသလိုပါပဲ။

ပြဿနာတွေကဖြစ်ခဲ့ပြီးပြီးဆိုတော့ အကောင်းဆုံးဖြေရှင်းဖို့ပဲ ကျန်ပါတော့တယ်။ KID ကတော့ အောင်မြင်မှု အတိုင်းအတာတစ်ခုရရှိပြီးတဲ့ Player ဆိုပေမဲ့ Zippy နဲ့ DJ ကိုတော့ အကောင်းဆုံးပုံစံနဲ့ MLBB လောကထဲမှာ မြင်ချင်ပါသေးတယ်။

နောက်ဆုံးထပ်ပြောချင်တာကတော့ Pro Player လုပ်ပြီဆိုရင်တော့ မဖြစ်မနေ Passport ရှိထားသင့်ပါတယ်။ မိမိကလက်စွမ်းကလည်းကောင်း ၊ ကံလည်းကောင်းပြီး နိုင်ငံခြားထွက်ကစားရတော့မယ်ဆိုမှ အသည်းအသန် Passport လုပ်ရရင် မမျှော်လင့်ထားတဲ့ ပြဿနာတွေဖြစ်လာရင် မိမိကိုယ်တိုင်ပဲ နစ်နာမှာဖြစ်ပါတယ်။

Coming Soon 😍
05/08/2023

Coming Soon 😍

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ M5 Myanmar Qualifier မကြာခင်ရောက်ရှိလာပါတော့မယ်။

ဒီပြိုင်ပွဲမှာတော့ ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း (၂၁၀)​ ထိ ပေးအပ်သွားမှာဖြစ်ပြီး ချန်ပီယံအသင်းက M5 World Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ကစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

M5 Myanmar Qualifier ရဲ့ ပြိုင်ပွဲကာလကို သြဂုတ်လ (၂၄) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို နောက်ရက်တွေမှာ ထပ်မံကြေညာပေးသွားမှာမို့လို့ စောင့်မျှော်အားပေးကြပါဦး။

How is your Sunday? 🌻🌧🌈
30/07/2023

How is your Sunday? 🌻🌧🌈

Address


Website

Alerts

Be the first to know and let us send you an email when Little Htet Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share