Voice Of Naypyidaw

  • Home
  • Voice Of Naypyidaw

Voice Of Naypyidaw Revolution News And Activities

စဥ့်ကူးမြို့အပါအဝင်မြို့နယ်တစ်ခုလုံးကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်▪︎မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ်...
20/07/2024

စဥ့်ကူးမြို့အပါအဝင်မြို့နယ်တစ်ခုလုံးကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်

▪︎မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်

-ဇေအောင် ၊ ယောနသံ /People's Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်လိုက်သည်။

စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း.မန္တလေး PDF က ယနေ့ (ဇူလိုင် ၂၀ )ထုတ်ပြန်ချက်၌ဖော်ပြသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။

စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ပါသည်ဟုဖော်ပြသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
စစ်ဦးစီးအဖွဲ့ ကအသိပေးထားသည်။

"စဥ့်ကူးမြို့ကို စစ်ကောင်စီဘက်က လုံးဝလက်လွှတ်လိုက်ရပြီဖြစ်ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေတော့ ပြုလုပ်နေဆဲဖြစ်ပါတယ်ခင်ဗျ။"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆို
ခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့မသိမ်းမီက ယင်းနယ်အတွင်းရှိရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းပများအပြားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့သည် ။ လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့သည်။

စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းရာ ဗိုလ်ကြီး(၁)ဦး အပါအဝင် သုံ့ပန်း (၄)ဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ရန်သူ့အလောင်း(၂)လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေ
ကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးခဲ့ကြောင်းအသိပေးထား သည်။

People's Spring

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံး၊ တိုက်လေယ...
16/07/2024

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံး၊ တိုက်လေယာဉ် ၂ စီး အပါအဝင် လေယာဉ် ၃ စီး ပျက်စီးပြီး အဆောက်အအုံများ ထိခိုက်ပျက်စီး

■ အေလာလေဆိပ်အနီးရှိ ကျေးရွာ ၇ ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား

ရန်ကုန်၊ ဇူလိုင် ၁၆

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေတပ်အရာရှိ‌ ၄ ဦးအပါအဝင် ၁၆ ဦးသေဆုံးပြီး တိုက်လေယာဉ် ၂ စီးအပါအဝင် လေယာဉ် ၃ စီး ပျက်စီးကာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နေပြည်တော် အေလာလေတပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၅ လုံးသည် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား အဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် A-5 Bomber Jet Fighter ၁ စီး သုံးမရအောင် ပျက်စီးပြီး နောက်ထပ် Jet Fighter ၁ စီး ခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အဆောက်အဦး ၄ လုံး၊ လက်နက် ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံတို့ မီးလောက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အေလာလေဆိပ်အနီးရှိ ကျေးရွာ ၇ ရွာကို သေနတ် ပစ်ဖောက်၍ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"နေပြည်တော် မြို့အဝင် လမ်းကြောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက အခုထိ လုံခြုံရေး အပြည့်ချထားပြီးတင်းကြပ်ထားတယ်။ အဲ့ကြားထဲကနေ ကျနော်တို့ ရဲဘော်တွေ အေလာလေတပ်ကို အလစ်ဝင်လုပ်တယ်။ ပစ်ပြီးပြီးချင်း စစ်ကောင်စီ တပ်ဖွဲ့တွေက ဖြစ်နိုင်ချေရှိတဲ့ နေရာတွေအားလုံးကို ဝိုင်းပိတ်တယ်။ ရွာ ၇ ရွာကို ပိုက်စိတ်တိုက်ဝင်ရှာတယ်။ ဖမ်းတယ်။ ရွာတွေ ပတ်ချာလည်က ကြံခင်း နှမ်းခင်း ပြောင်းခင်းတွေကို လက်နက်ငယ် ငါးကျင်းမြီး၊ စက်သေနတ်တွေနဲ့လိုက်ပစ်နေတယ် သံသရရှိသူ ၁၂ ကို ဦးဖမ်းသွားတယ်" ဟု Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဧလာလေတပ်စခန်းသည် လုံခြုံရေးအထူးတင်းကြပ်သော အဆင့်မြင့်လေဆိပ်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှ ပြည်သူများနှင့် တော်လှန် ရေးအင်အားစုများကို ဗုံးကျဲတိုက်ခိုက်ရာတွင် အထူး အားထားရသော လေဆိပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မစ်ရှင်သည် BWM အဖွဲ့ နှင့် MKCDF အဖွဲ့တို့က တစိုက်မတ်မတ် ပူးပေါင်းဖော်ဆောင်နေသော လေတပ်ချေမှုန်းရေး စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယခုတိုက်ပါတိုက်ခိုက်မှု အပါအဝင် နေပြည်တော်ဧလာလေတပ်ကို ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ဗိုလ် ချုပ်များ အခြေအနေမကောင်းလျှင် ပြည်ပသို့ထွက်ပြေးရန် အားထားရသည့် လေတပ်ဖြစ်သော ကြောင့် စစ်ဗိုလ်ချုပ်များပြေးပေါက် မရှိရန်လည်း ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မစ်ရှင်မှာ ဦးဆောင်စီမံပေးတဲ့ BWM အဖွဲ့ကိုရော Mercury Revolution Force အဖွဲ့ကိုရော ကဏ္ဍအသီးသီး ကနေပါဝင်အားဖြည့်ပေးတဲ့ မဟာမိတ်ရဲဘော်ရဲဘက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်" ဟု Mountain Knights Civilian Defense Force (MKCDF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Photo - အေလာလေဆိပ်ကို ပစ်ခတ်ခဲ့သော ၁၀၇ မမ ရှော့တိုက်ဒုံး

Khit Thit Media

Breaking News - စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ရန်ကုန်၊ ဇူလိုင် ၁၄မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော...
14/07/2024

Breaking News - စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်

ရန်ကုန်၊ ဇူလိုင် ၁၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် စဉ့်ကူးမြို့၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာ ၊ Mi35 တို့ဖြင့် လေကြောင်း ပစ်ကူများ ဆက်တိုက် ပစ်ခတ် နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက စဉ့်ကူးမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် တိုက်ပွဲဝင် ရဲဘော်များကို မြို့နယ်နေ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနေကြောင်း စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

"စဉ့်ကူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီး ညနေ ၃ နာရီလောက်မှာ မြေပြင်ကို အကုန်ရှင်းနိုင်ခဲ့တယ်။ စစ်ခွေး အသေအ‌ပျောက်တော့ အတည်မပြုနိုင်သေးဘူး" ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Khit Thit Media

မောင်တောနှင့် သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်အလောင်း ၇၅၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းရဟု AA အသိပေး▪️ငပလီလေဆိပ်ထိန်းချုပ...
07/07/2024

မောင်တောနှင့် သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်အလောင်း ၇၅၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းရဟု AA အသိပေး

▪️ငပလီလေဆိပ်ထိန်းချုပ်ထားနိုင်ဟုဆို

▪️အမ်း၊ နပခ စစ်တိုင်း၊ စကခ (၅)တောင်ကုတ်၊ စစ်တွေ(ဒကစ)နှင့် ဓည၀တီရေတပ်စခန်း ဌာနချုပ်များအား ဖြတ်တောက်ပိတ်ဆို့ထား

▪️သံတွဲမြို့သိမ်းတိုက်ပွဲမှာ အခက်ခဲဆုံးဟု AA အသိပေး

ရှိုင်း၊မိထက်/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်တိုက်ပွဲနှင့် သံတွဲမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး အဆိုပါမြို့နယ် နှစ်ခု တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၇၅၀ ကျော်၊ လက်နက်ခဲယမ်းများစွာ သိမ်းပိုက် ရရှိခဲ့ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန် ကြေညာသည်။

အာရက္ခဒေသတစ်ခုလုံးအတွင်း၌ စစ်ကောင်စီ ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်ဟူသော စစ်ရေးရည်မှန်းချက်အတိုင်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအား ထိုးစစ်ဆင်ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြို့နှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြို့များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ (၇) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက်ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန်ခုခံနေသကဲ့သို့ AA ဘက်ကလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

ဇွန်လ ၂၃ရက်တွင် အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော တောဟိန်းတောင်ဗျူဟာအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းတပ်စခန်းရရှိရေး ၂လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး AAဘက်ကလည်း ထိုက်သင့်သည့်ကျဆုံးထိခိုက်မှုရှိခဲ့ကြောင်း ၊ရန်သူ့အလောင်း အမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေးလွတ်မြောက်နေသောသူများအား လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း)အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

မောင်တောဒေသ တိုက်ပွဲတွင်လည်း အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) တပ်ရင်းများ စုပေါင်း ခုခံတိုက်ခိုက်နေသည့် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအားယခု ဇူလိုင် ၆ရက်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃၅၀ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။

ဧပြီ ၁၃ရက်က စတင်ထိုးစစ်ဆင်ခဲ့သည့် သံတွဲမြို့နယ် တိုက်ပွဲကိုလည်း ဖော်ပြခဲ့ရာ ဇွန်လနှင့် ဇူလိုင်တွင် တိုက်ပွအရှိန်ပြင်းထန်ခဲ့ပြီး ဇူလိုင် ၅ရက် မနက်တွင် ငပလီ (မဇင်)လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု အသိပေးသည်။

သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင်ကာ ခုခံခဲ့သည်ဟုဆိုသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅)စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့ကြောင်း ဖော်ပြသည်။

သံတွဲတိုက်ပွဲသည် ရက္ခိုင်ဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း အခက်ခဲဆုံးမြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း AAက အသိပေးသည်။

သို့သော်လည်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၄၀၀ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု AAက ထုတ်ပြန်သည်။

သံတွဲအခြေစိုက် ခမရ(၅၆၆) တပ်ရင်းအား ဇွန်လ ၂၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော ရန်သူ့တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း အသိပေးသည်။

ခမရ (၅၆၆)အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် ရန်သူသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့ကြောင်း၊ သို့သော်လည်း ရန်သူများအားလုံးကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ ရန်သူအများစုမှာ တပ်မ (၁၀၁)၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါတပ်ရင်းများအားလုံးနီးပါးကို အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း ၄၀၀ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့ပြီး သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများအား ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြသည်။

သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း အသိပေးသည်။

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံချေမှုန်းလျက်ရှိကြောင်း၊ ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅)တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ယနေ့ ညနေပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည် တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း AAက ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ ရန်သူ့စခန်းတချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

(မောင်တောမြို့နယ်နှင့် သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းရသော တပ်စခန်းများ။ ဓာတ်ပုံ - AA)

People's Spring

Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီ...
23/06/2024

Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဇွန် ၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ရှေ့ကာ စခန်းဖြစ်သော ကဇူးကိုင်း၊ တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်သွားပြီဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ကျော်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်း၊ တော ဟိန်းတောင်ဗျူဟာကုန်းစခန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ အဆက်အသွယ် လုံး၀ ပြတ်တောက်သွားကြောင်း၊ အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းကို AA က မတ်လ နောက်ဆုံးအပတ်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကဇူးကိုင်း ဗျူဟာကုန်း ကျသွားပြီလို့ ပြောလို့ရပါတယ်။ အဆက်အသွယ်ပြတ် တောက်တယ် ဆိုတာ စခန်းကုန်းကျသွားလို့ မဆက်သွယ်နိုင်တော့တာပါ" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

AA စစ်ရေးသတင်းရင်းမြစ်ကလည်း ဗိုလ်မှူးချုပ် အဆင့် ဦးစီးနေသည့် အမ်းမြို့နယ်၊ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာရှိ ပင်မကုန်း နှစ်ခုစလုံးကို အာရက္ခတပ်တော်က ယနေ့ နံနက် ၈ နာရီအချိန်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်သားအလောင်းအများအပြားရရှိထားပြီး ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က Jet fighter ဖြင့် ၁၆ ကြိမ်၊ Y12 ဖြင့် ၂ ကြိမ်၊ Y(8)ဖြင့် ၁ ကြိမ်၊ လာရောက်တိုက်ခိုက် ဗုံးကျဲနေကြောင်း၊ အမ်းမြို့နယ်အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ကူပေးနေကြောင်း သိရှိရသည်။

Khit Thit Media

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း၆၀ ရှိလာ-People's Spring ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့...
12/06/2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း
၆၀ ရှိလာ

-People's Spring

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၁ ရက်နေ့မှာ ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက် မှာရှိတဲ့ စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး ဆဒုံးဗျူဟာကုန်းအပါအဝင် စခန်းအကြီးအသေး ၁၈ ခုကိုသိမ်းပိုက်ခဲ့ပါတယ် ။ဆဒုံးဗျူဟာကုန်းအပါအဝင် ဆဒုံးမြို့အဝင်ဂိတ်စခန်း ၊ဆဒုံးမြို့ ရဲစခန်း ၊
ဆဒုံးမြို့ထွေအုပ်ရုံး ၊ဆဒုံးစုပေါင်းဂိတ်စခန်း ၊ဆဒုံးရေတံခွန်ဂိတ်စခန်းစတဲ့ စခန်းတွေသိမ်းပိုက်ခဲ့ပြီး ဆဒုံးမြို့ကိုပါ KIA ကအလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ် ။ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၆၀ ရှိလာပြီဖြစ်ပါတယ်

ဒါအပြင် ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက်မှာ KIA သိမ်းပိုက်ဖို့က ကန်ပိုက်တည်မြို့က စစ်ကောင်စီတပ်စခန်းအနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ် ။ဒါကြောင့် မြန်မာ-တရုတ် နယ်စပ်မှာ စစ်ကောင်စီ ထိန်းချုပ်စီမံနိုင်တာ နောက်ဆုံးတစ်ခုတည်းကျန်တဲ့ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြို့ဟာ KIA သိမ်းပိုက်ထိန်းချုပ်ဖို့ လက်တကမ်းအကွာကိုရောက်နေပြီဖြစ်ပါတယ် ။ ဒါတောင် ကန်ပိုက်တည်မြို့ အနီးဝန်းကျင်က စစ်ကောင်စီစခန်းနဲ့ ရုံးအချို့ကို KIA က ဇွန် ၁၁ ရက်မှာပဲစတင်သိမ်းပိုက်ထားပြီဖြစ်ပါတယ် ။

People's Spring

04/06/2024

စစ်ကောင်စီ၏ တပ်မ နှင့် စကခ ရှုံးနိမ့်မှု

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ မေလအထိ ခြောက်လကျော်အတွင်း တပ်မ ၁၁၊ ၄၄၊ ၈၈၊ ၉၉ တို့မှ တပ်မမှူးများ သေဆုံးပြီး တပ်မ ၅၅ တပ်မမှူး သေဒဏ်ပေးခံရသည်။
တပ်မ ၁၀၁ တပ်မမှူး သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရသည်။ လက်ရှိအချိန်တွင် တပ်မ ၇၇ တခုတည်းသာ အင်အားပြည့်ရှိသည်။
စကခ ၁၊ ၁၂၊ ၁၄၊ ၁၆ တို့မှ စကခမှူးများ အရေးယူခံရ၊ စကခ ၈ မှူး ဒဏ်ရာရရှိ၊ စကခ ၉ မှူး၊ စကခ ၁၅ ဒုစကခ မှူး အဖမ်းခံရ၊ စကခ ၁၉ မှူး ပျောက်ဆုံးနေသည်ကို တွေ့ရ၏။ စကခ ၉၊ ၁၅၊ ၁၆ တို့မှာ ဖွဲ့စည်းပုံ လုံးဝပျက်သွားပြီး စကခ ၇၊ ၁၂၊ ၁၉ တို့မှာ ဖွဲ့စည်းပုံ ပျက်လုနီးပါးဖြစ်၏။
စကခ ၅၊ ၈၊ ၁၃၊ ၁၇၊ ၂၁ တို့မှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်းထန်သောထိုးစစ်နှင့် ရင်ဆိုင်နေရသည်။ စကခ ၁၊ ၁၄ ကမူ လောက်ကိုင်တွင် လက်နက်ချခဲ့ရသည်ဖြစ်၍ ဦးကျိုးနေ၏။

(ကိုးကား-အေးချမ်းစု ၏ အထိနာနေသော စစ်ကောင်စီ တပ် ဆောင်းပါး)

မင်းအောင်လှိုင်၏ ကောက်ရိုးမျဉ်**************မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာသိမ်းပြီး ချိန်မှစ၍ နိုင်ငံရေး၊...
29/05/2024

မင်းအောင်လှိုင်၏ ကောက်ရိုးမျဉ်
**************

မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာသိမ်းပြီး ချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး အစရှိသည် တို့တွင် မည်သည့်နယ်ပယ် တွင် မှ ဦးမော့အောင် မလုပ်နိုင်သေး ဆိုသည်က အားလုံး အသိပင် ဖြစ်သည်။

၎င်းတို့ ကျွမ်းကျင် ပါသည် ဆိုသော စစ်ရေး တွင်လည်း ဆက်တိုက်ဆိုသလို အရေးနိမ့်လာခဲ့သည်မှာ ၆ လ ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုကာလ များ အတွင်း တော်လှန်ရေး တပ်များ သိမ်းယူ နိုင်ခဲ့သော မြို့ရွာ များကို ပြာပုံ ဖြစ်အောင် လုပ်နိုင်ခဲ့သည် မှ အပ အခြား တိုးတက်မှု တစုံတရာ မတွေ့ရသေး။

မြဝတီ ကို ပြန်လည် ထိန်းချုပ် နိုင်ရန် ဒု ခေါင်း‌ ဆောင် စိုးဝင်း ကိုယ် တိုင် ဦးဆောင်ကာ အင်အား အလုံးအရင်း သုံးကာ ထိုးစစ် ဆင်နေသည် ဆိုသော နိုင်ငံတော် အဆင့် အောင်ဇေယျ စစ်ဆင်ရေး သည် ဒေါန တောင်ခြေ တောနော် ရေတံခွန် အနီး မှ ရှေ့မတိုး နိုင် ဖြစ်နေရသည်။

ရခိုင်၊ ကချင် ဒေသများ တွင်လည်း မရှူ မလှ အရေး နိမ့်နေပြီး ယခု အခါ ချင်းတော်လှန်ရေး ညီနောင်များက တီးတိန် ကို သိမ်းယူရန် ညီညွတ်စွာ ပူးပေါင်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ထိုသို့ ဖြစ်ပျက် နေသည်များကို ကြည့်မည်ဆိုက စစ်ကောင်စီ အဖို့ မည်သို့မျှ ပြန်လည် နာလံထူလာနိုင်တော့မည် မဟုတ်ဆိုသည်က ထင်ရှားနေသည်၊ ၎င်းတို့ အဖို့က အချိန်ကို ချေးငှားပြီး နေ နေရသည့် living on borrowed time အနေအထားမျိုး ဖြစ်လာနေသည်။

မင်းအောင်လှိုင်၏ တခုတည်းသော မျှော်လင့်ချက် အဖြစ် ဆုပ်ကိုင်ထားနေသည်က စစ်မှု ထမ်း ဥပဒေ ဖြင့် စစ်ထဲ ဆွဲသွင်းခံရသော လူငယ် လေးများ၏ အသက်ကို ရင်း၍ ပြန်၍ အနိုင်‌တိုက်နိုင်ကောင်းရဲ့ဟူ၍ ဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း နှစ်နှစ်ကာကာ ယုံကြည်ခြင်း မရှိ၊ လက်အောက် ဗိုလ်ချုပ် များသည်လည်း အလားတူပင် ဖြစ်သည်။

လူဆိုသည်က ထွက်ပေါက် ပိတ်လာလျင် ကောက်ရိုးမျဉ် သာသာ မျှ ရှိသော မျှော်လင့်ချက်မျိုးကိုပင် မလွတ်တမ်း ဆွဲကိုင်ထားလိုကြသည်ပင် ဖြစ်သည်။

ထိုအနေအထားကို အသေအချာ သုံးသပ်ကြည့်မည် ဆိုက စစ်ရေး တွင် အသာစီး ရမလာမချင်း မင်းအောင်လှိုင်နှင့် အဖွဲ့သည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာကျန်းမာရေး ဖက်သို့ မည်သို့မျှ ဦးလှည့် နိုင်တော့မည် မဟုတ်၊ စစ်ရေး တွင် အသာစီး ရလာပြီး အာဏာ မသိမ်းခင် တည်ငြိမ်မှု မျိုးက မည်သို့မျှ ဖြစ်လာတော့မည် မဟုတ်။ အထက်တွင် ဆိုခဲ့သညိ့ အတိုင်း နေလို့ရသမျှ အချိန်များကို ချေးငှားပြီး နေနေကြခြင်းသာ ဖြစ်သည်၊ ၎င်းတို့၏ တခုတည်းသော အားကိုးရာ ဖြစ်သည့် တိုက်လေယာဉ် များသည်လည်း မြို့ရွာများကို ဖျက်စီး ပစ်ဖို့သာ အသုံးတည့်နေသည်။

စစ်တပ်သည် ၁၉၅၀ ကျော် နှစ်များ နောက်ပိုင်း အဆိုးဝါးဆုံး အနေအထား နှင့် ကြုံတွေ့နေရပြီး တရုတ် အစောင့်ရှောက်ခံ နိုင်ငံ ဘဝ ရောက်နေရပြီ ဆိုသည်ကို မြန်မာ အရေး အနီးကပ် လေ့လာနေသည့် ပြည်ပ သုတေသီများက တညီတညွတ် တည်း လက်ခံထားကြက

မင်းအောင်လှိုင်အဖို့က ရသမျှ အခမ်းအနား မကျန် လိုက်တက်ကာ မိုးလားကဲလားပြော၊ ယတြာချေ၊ ကြက်ဝက် နွား ခြံများ လိုက်ကြည့်နေသည် မျိုး ကိုသာ တွေ့နေကြရသည် မဟုတ်ပါလော။ ဤသည်ကလည်း လက်ရှိ တိုင်းသိပြည်သိ နိုင်ငံတကာ အသိ ဖြစ်ပျက်နေမှု များသည် ချဲ့ကား ပြောဆိုနေသယောင် အပူရုပ် ကို ဟန်လုပ်ကာ သရုပ်ဆောင် နေရခြင်း ပင် ဖြစ်သည်။

ဤသည်ကို အလေးအနက် စဉ်းစားရကောင်းမှန်း မသိပဲ အာဃာတ တရားများဖြင့် မိမိတို့ သားသမီးများ နောင်ရေးကို မျက်ကွယ်ပြုကာ ထောက်ခံ ပံ့ပိုးပေးနေသူ များ ရှိနေသည်က လွန်စွာမှ အံ့ဩဖို့ ကောင်းနေရသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

နေပြည်တော်စစ်ရုံးချုပ်၊  အေလာလေတပ်နှင့် စစ်ခေါင်းဆောင်နေအိမ် တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆု...
05/04/2024

နေပြည်တော်စစ်ရုံးချုပ်၊ အေလာလေတပ်နှင့် စစ်ခေါင်းဆောင်နေအိမ် တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ စစ်ရုံးချုပ် ထိခိုက်ပျက်စီး

မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၅ ရက်

နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ်၊ အေလာလေတပ်စခန်းနှင့် စစ်ခေါင်းဆောင် နေအိမ်တို့ ယမန်နေ့ ဧပြီ ၄ ရက်နေ့က ဒရုန်းများ​ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ ဦးသေဆုံးပြီး စစ်ရုံးချုပ်အတွင်း ပျက်စီးမှုများပြားခဲ့ကြောင်း သိရ သည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ်နှင့် အေလာမြို့နယ်ရှိ အေလာလေတပ်စခန်းတို့ကို ယမန်နေ့ နံနက်ပိုင်းတွင် အသေခံဒရုန်းများ(ကာမီကာဇေ)ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ကြောင်း Power Of Ababil POA Drone Team တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အသေခံဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်မှုဖြစ်စဉ် တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နေအိမ်ကို ဒရုန်း လေး စင်း ၊ စစ်ရုံးချုပ်ကို ၁၂ စင်း၊ အေလာလေတပ်စခန်းအတွင်းသို့ ၁၂ စင်းဖြင့် ကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အေလာလေတပ်စခန်းအတွင်း လေယာဉ်ပြေးလမ်းနှင့် လေယာဉ်အချို့ပျက် စီးထိခိုက်မှုရှိပြီး စစ်ရုံးချုပ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်(ကကကြည်း) စစ်ဆင်ရေး၏ အဆောင်(၁) မြေပုံခန်းအထိပါ ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်အတွင်းရှိ စစ် ဘက်ဆိုင်ရာ အရေးကြီးသည့် အဆောက်အဦများ၊ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် ဒရုန်း များအားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ဒရုန်းနှစ်စီး ကို လေထဲ၌ပင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

စစ်ရုံးချုပ်နှင့်အေလာလေတပ်စခန်းတို့ တိုက်ခိုက်မှုကို ရှားထူးဝေါနည်းပညာတပ်ဖွဲ့၊ Kloud Team၊ POA တပ်ဖွဲ့၊ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၃၅၀၂ တပ်ခွဲ-၁ နှင့် Orion Drone Team တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#နေပြည်တော်စစ်ရုံးချုပ် #အေလာလေတပ်စခန်း #စစ်ခေါင်းဆောင် #ဒရုန်းဗုံးတိုက်ခိုက်ခံရ #စစ်ကောင်စီတပ် #၁၅ဦးသေဆုံး

ကနဦး သတင်းထုတ်ပြန်ချက် နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်န...
04/04/2024

ကနဦး သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

MOD

နေပြည်တော်တပ်ကုန်းမြို့နယ် မြို့မရဲစခန်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရန်ကုန်၊ ဧပြီ ၄ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ...
04/04/2024

နေပြည်တော်တပ်ကုန်းမြို့နယ် မြို့မရဲစခန်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ အဖွဲ့ခေါင်းဆောင် ဇင်ယော်က ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် တပ်ကုန်းမြို့မရဲစခန်းကိုဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်း ထိခိုက်မှုရှိကြောင်း သိရှိရသည်။

"'မနက် ၅ နာရီမှာ တပ်ကုန်းမြို့မရဲစခန်းကိုဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်မှုရှိပါတယ်။ အတိအကျတော့ မသိရသေးပါဘူး" ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ အဖွဲ့ခေါင်းဆောင် ဇင်ယော်က ပြောဆိုသည်။

ဓာတ်ပုံ- တပ်ကုန်းမြို့မရဲစခန်းအဝင်အ၀။ (ပုံအဟောင်းဖြစ်ပါသည်။)

Khit Thit Media

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဂျက်တိုက်လေယာဉ် ၂ စီး ပျက်စီးပြီး လေကြောင်းနည်းပြ ၁ ဦး၏ ဦးခေါင်းတွင် ...
15/03/2024

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဂျက်တိုက်လေယာဉ် ၂ စီး ပျက်စီးပြီး လေကြောင်းနည်းပြ ၁ ဦး၏ ဦးခေါင်းတွင် ကျည်အစ ထိမှန် ၊ လေတပ်အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ဂျက်တိုက်လေယာဉ် ၂ စီး ထိမှန်ပျက်စီးပြီး လေကြောင်းနည်းပြ ၁ ဦး၏ ဦးခေါင်းတွင် စိုးရိမ်ရ ဒဏ်ရာရကာ လေတပ်အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

မတ်လ ၁၄ ရက်နေ့ည ၈ နာရီ ၄၄ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို့ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးမှာ စစ်ကောင်စီ၏တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

"ရှော့တိုက်ဒုံး ၃ လုံး လေတပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တာမှာ ဂျက်တိုက် လေယာဉ် ၂ စီး ထိမှန်ပါတယ်။ အဲဒါကို အခုပြုပြင်နေပါတယ်။ သိုလောင်ရုံ ၁ လုံး၊အခမရုံးနှင့်ပရိဘောဂပစ္စည်းတွေ ထိခိုက်တယ်။ တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရပါတယ်။ လေကြောင်းနည်းပြ ၁ ဦးလည်း ဦးခေါင်းထိမှန်ဒဏ်ရာရပါတယ်။ သူကတော့ စိုးရိမ်ရတယ်။ အရာရှိ ၁ ဦး ရင်ဘတ်နဲ့ မျက်နှာမှာ အစမှန်တယ်။ မစိုးရိမ်ရဘူး" ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရှော့တိုက်ဒုံးထိမှန်သော ဂျက်တိုက်လေယာဉ် ၂ စီးကို ပြုပြင်နေဆဲဖြစ်ပြီး ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် BWM နှင့် မဟာမိတ်အဖွဲ့က ပြန်လည်တိုက် ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေစဉ်။

crd Thit Media

▪︎Breaking newsKIA ကနမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်တိုက်​လေယာဥ်ကိုပစ်ချရွှေပြည်စိုး/People's Spring ရှမ်းပြည်နယ်မြောက်ပိုင်...
16/01/2024

▪︎Breaking news

KIA ကနမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်တိုက်​လေယာဥ်ကိုပစ်ချ

ရွှေပြည်စိုး/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ၌ ယနေ့ ဇန်နဝါရီ ၁၆ရက် နေ့လယ် ၁၂ နာရီခန့်က တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးကို KIAက ပစ်ချလိုက်ကြောင်း ကနဦးသတင်းရရှိထားကြောင်းနှင့် အသေးစိတ်အတည်ပြုနေကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA က လွန်ခဲ့သည့် နှစ်ပါတ်ခန့် (ဇန်နဝါရီ ၃ ရက်​နေ့)ကလည်း မိုး​မောက်မြို့နယ်တွင် စစ်ကောင်စီ၏ရိက္ခာတင်ရဟတ်ယာဉ်တစ်စီးကို ပစ်ချပြီး ရဟတ်ယာဥ်​​ပေါ်ပါ စစ်သားအားလုံး​သေခဲ့သည်။

ထိုအပြင် ၂၀၂၁ ​မေလအတွင်းကလည်းမိုး​မောက်မြို့နယ် ၊အ​လော့ဘွမ်တိုက်ပွဲစစ်တပ် ရဟတ်ယာဥ်တစ်စီကိုပစ်ချခဲ့သည်။ထို​ကြောင့် KIA က စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုက်​လေယာဥ်တစ်စီး ၊ရဟတ်ယာဥ် ၂ စီးကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအပြင် KIA က ၂၀၁၃ ခုနှစ်တွင် လိုင်ဇာအနီးတိုက်ပွဲ၌ စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချခဲ့​သေးသည်။ ထို​ကြောင့် People's Spring မှတ်တမ်းတင်ထားသ​လောက် ဆိုလျင် KIA က စစ်တပ် တိုက်​လေယာဥ် ၁ စီး နှင့် ရဟတ်ယာဥ် ၃ စီး ပစ်ချထားခြင်းဖြစ်သည်။ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးတွင် စစ်တပ် ​၏ တိုက်​လေယာဥ်နှင့် ရဟတ်ယာဥ် အများဆုံးပစ်ချထား​​သောအဖွဲ့ဖြစ်သည်။

KNDF နှင့် ကရင်နီ တပ်​ပေါင်းစုကလည်း ၂၀၂၃ နိုဝင်ဘာ ၁၁ ရင်တွင် စစ်တပ်၏ အ​ပေါ့စားတိုက်​လေယာဥ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

နမ့်ဖတ်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA က ၁၈ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၁၅ရက်နံနက်အစောပိုင်းတွင် သိမ်းယူခဲ့သည်။ စစ်တပ်က စခန်းသိမ်းခံရပြီး​နောက် ​လေ​ကြောင်းမှ ဆက်တိုက် တိုက်ခိုက်​နေခြင်းဖြစ်သည်။

"ထိုးစစ်က ၁၈ရက်ကြာတယ်။ စခန်းသိမ်းနိုင်ပြီ။ စစ်တပ်က မနိုင်တော့လို့ လေကြောင်းကနေ လာပစ်တယ်" ဟု နမ့်ဖက်ကာမှ စစ်ဘေးရှောင်လာခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၇) တပ်မမှူးဗိုလ်မှူးချုပ် ရဲကျော် လာရောက်ကွပ်ကဲနေသည့် ခလရ ၁၂၃ တပ်ရင်းကို
KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြီးခဲ့သည့်နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း၌လည်း မကြာခဏတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်၍ နမ့်ဖက်ကာမြို့ ရပ်ကွက်(၁)အပါအဝင် မြို့ပေါ်ရပ်ကွက်အချို့မှဒေသခံ ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

ထို​နောက် ဒီဇင်ဘာလ တတိယလပတ်မှစ၍ KIA က ထိုးစစ်စင်တိုက်ခိုက်ပြီး ဇန်နဝါရီ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIAသတင်းရင်းမြစ်များထံမှသိရသည်။

တပ်မမှူးဗိုလ်မှူးချုပ် ရဲကျော်သည် ခလရ ၁၂၃ စတင်တိုက်ခိုက်ခံရသည့် လွန်ခဲ့သော နှစ်လခန့်မှစ၍ တပ်ရင်းအတွင်းကတုပ်ကျင်းထဲတွင်သာ နေပြီး အပြင်မထွက်ဟု ယင်းတပ်ရင်းနှင့် နီးစပ်သူများကပြောသည်။ အရက်အမြဲ‌တစေသောက်နေကာ စိတ်ဂယောက်ချောက်ခြားဖြစ်နေကြောင်းလည်း အတွင်းလူများကပြောသည်။

(​နောက်ဆက်တွဲ သတင်းများဆက်လက်​ဖော်ပြပါမည်)

(စစ်​ကောင်စီက ​လေ​​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော တိုက်​လေယာဥ်များကို စစ်​ရေး​​လေးကျင့်​သောအခမ်းအနားတစ်ခုတွင် ​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

People's Spring

BREAKING NEWSအမျိုးအမည်မသိရသေးသော စစ်လေယာဉ်တစင်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန...
11/11/2023

BREAKING NEWS

အမျိုးအမည်မသိရသေးသော စစ်လေယာဉ်တစင်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှုဖြစ် ယနေ့ (နိုဝင်ဘာ ၁၁ ရက်) ညနေ မြန်မာစံတော်ချိန် ၄း၄၀ တွင်ဖြစ်ပွားခဲ့သည်။ အရေးပေါ်လေထီးဖွင့်ခုန်ချခဲ့သော လေသူရဲနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်များဖြင့် အသည်းအသန်လိုက်လံရှာဖွေလျက်ရှိသည်။ ကရင်နီပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်ကတည်းကတည်းက ဆင်နွှဲလျက်ရှိသည်။ ဓာတ်ပုံ- မဇ္ဈိမ စစ်မြေပြင်သတင်းထောက်
Mizzima - News in Burmese

တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၊ ရဲ ၁ ဦးဒဏ်ရာရDVB·November 10, 2023နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကြ...
10/11/2023

တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၊ ရဲ ၁ ဦးဒဏ်ရာရ
DVB
·
November 10, 2023

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကြို့ပင်သာစစ်ဆေးရေးဂိတ်မှာ ဒီနေ့ည ၇ နာရီက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေ ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တပ်ကုန်းမြို့နယ် ကြို့ပင်သာစစ်ဆေးရေးဂိတ်ကို ဒီနေ့ည ၇ နာရီမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဘယ်လိုလာပစ်သွားလဲတော့မသိဘူး၊ စစ်သားတွေ အများကြီးပဲ လူနာတင်ယာဥ်လည်းရှိတယ်၊ ရဲတယောက် ဒဏ်ရာရလို့ ဆေးရုံခေါ်သွားတယ်။”

ကြို့ပင်သာစစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တာ မှန်ကန်ပြီး တပ်ကုန်းမြို့မရဲစခန်းမှ ရဲတပ်သားတဦး ဒဏ်ရာရရှိကာ တပ်ကုန်းမြို့ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တပ်ကတော့ သတင်းမပျံ့အောင် ဒရုန်းနဲ့ကင်းလာထောက်လို့ ရဲတွေက ဒရုန်းကို ပစ်တယ်လို့ ပြောတယ်။ အမှန်က သေနတ်နဲ့အပစ်ခံရတာ၊ ရဲတဦးထိတယ် မစိုးရိမ်ရဘူး။"

လက်တလောမှာ တပ်ကုန်းမြို့အဝင် ကြို့ပင်သာစစ်ဆေးရေးဂိတ်နဲ့မြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ရဲတွေ ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့သလို ၂၀၂၂ ခု ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း အခွန်ဦးစီးဌာနရုံးတို့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်။

DVB TV News

ကောလင်း မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို လွှင့်ထူရန်ကုန်၊ နိုဝင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ကောလင်းခ...
06/11/2023

ကောလင်း မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို လွှင့်ထူ

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ တော်လှန်ရေး အလံကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် သည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ကောလင်းမြို့ကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးတွင် လွှင့်ထူထားပြီ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Khit Thit Media

မြို့ပြတိုက်ပွဲများတွင် ပြည်သူများ ဆောင်ရန်၊ရှောင်ရန်အချက်များကိုNUGထုတ်ပြန်-People's Spring၁၀၂၇ စစ်ဆင်ရေး နှင့် အတူစစ်ဘ...
03/11/2023

မြို့ပြတိုက်ပွဲများတွင် ပြည်သူများ ဆောင်ရန်၊ရှောင်ရန်အချက်များကိုNUGထုတ်ပြန်

-People's Spring

၁၀၂၇ စစ်ဆင်ရေး နှင့် အတူစစ်ဘောင်ကျယ်လာပြီဖြစ်၍ ပြောက်ကျားစစ်ဆင်ရေး (Guerrilla warfare)
မှတစ်ဆင့် မြို့ပြတိုက်ပွဲ (Urban warfare) အဆင့်ဖြစ်သောမြို့သိမ်းတိုက်ပွဲအဆင့်ကိုရောက်လာတော့မည်ဖြစ်၍ စစ်၏သဘောသဘာဝအရပြည်သူများအသက်၊အိုးအိမ်၊စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိနိုင်သဖြင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဆောင်ရန်၊ရှောင်ရန် အချက်များကို ထုတ်ပြန်သည်။

NUG ၏ အမျိုးသမိး လူငယ်နှင့်ကလေးသူငယ်
ရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် ပြည်သူ့ကာကွယ်ရေးနှင့်ထောက်ပံ့ရေးတပ်ဖွဲ့တို့က" ပြည်သူ့အတွက်တောင်ပံများ"ဟူသော အချက် ၁၉ ချက်ပါသော စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များကို နိုဝင်ဘာ ၂ ရက်တွင်ထုတ်ပြန်အကြံပြုထားသည်။

အဆိုပါလမ်းညွှန်မှုများကိုလိုက်နာခြင်းဖြင့် မိမိတို့မိသားစုကိုအထိုက်အလျှောက်ကာကွယ်နိုင်မည်ဖြစ်သည်ဟုလည်းဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစ၍ "၁၀၂၇ စစ်ဆင်ရေး"ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများကို တစ်ချိန်တည်းတိုက်ခိုက်နေရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် စစ်စခန်းပေါင်း
၁၀၀ ခန့်နှင့် မြို့ ၄ မြို့ကို သိမ်းယူနိုင်ခဲ့သည်။ KIA ကလည်း ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ အဓိကစစ်စခန်းများကို ဆက်တိုက်သိမ်းယူနေသည်။တစ်ချိန်တည်းတွင် စစ်ကိုင်း
တိုင်းထီးချိုင့်မြို့နယ်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးဖြင့်
KIA ၊AA နှင့် PDF တို့က စစ်ကောင်စီကိုတိုက်ခိုက်နေသည်။

ယနေ့(နိုဝင်ဘာ ၃ ရက်)တွင် စစ်ကိုင်းတိုင်းရှိ ကောလင်း ၊
ခါမ်းပါတ် စသောမြို့များနှင့် ကန့်ဘလူ ၊အရာတော် ၊ကျွန်းလှ၊ ကလေးမြို့နယ်တို့တွင်လည်း တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲများကို စတင်ဖော်ဆောင်လာသည်။ ကရင်ပြည်နယ်တွင်လည်း ကော့ကရိတ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်း နိုဝင်ဘာ ၂ ရက်ကမြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်၏သဘောသဘာဝအရပြည်သူများအသက်၊အိုးအိမ်၊စည်းစိမ်များ ထိခိုက်ပျက်စီးမှု(collateral damages)
ရှိနိုင်သဖြင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန် NUG ကအကြံပြုသောဆောင်ရန်ရှောင်ရန် အချက် ၁၉ ချက်ကို ဖော်ပြလိုက်ပါသည်။

(မြို့ပြတိုက်ပွဲ များတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် NUG ၏ ဆောင်ရန်ရှောင်ရန်အကြံပြုချက်များ)

People's Spring

Address

Naypyidaw

15011

Website

Alerts

Be the first to know and let us send you an email when Voice Of Naypyidaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice Of Naypyidaw:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share