21/08/2022
သျှမ်းပြည်ကိုဘာ ကြောင့် “က မ္ဘောဇ” လို့ခေါ်သလဲ
*******************************
By – Sai Murngkhon
က မ္ဘောဇ ဆိုလျှင် သျှမ်းပြည် ကိုဆိုလို ကြောင်းလူအများကသိကြသည်။ သို့ သော် က မ္ဘောဇ ဆိုသည့်စကား သည် ကမ်ပူးချား (က မ္ဘောဒီးယား) မှ လာခြင်းဖြစ် သော ကြောင့် သျှမ်းပြည် နှင့် ကမ်ပူးချား ( က မ္ဘောဒီးယား)ဆက်စပ်ပုံကိုသိသူ နည်း ပေလိမ့်မည်။
အေဒီ (၆၄၉) ခုနှစ်တ ွင်ထူ ထောင်ခဲ့ သော နန် ချောင်ဘုရင့်နိုင်ငံ တော်သည် မိုင်းမင်းဆက် (Mong Dynasty) (၁၃) ဆက်ရှိပြီး ပြည် ထောင် (၆) ခုဖြင့်စုစည်းတည် ဆောက်ထားသည်။ နန် ချောင်နိုင်ငံ၏ အကျယ်အဝန်းသည် (၁) ယခုတရုတ်ယူနန်ပြည်နယ် တစ်ခုလုံး၊ (၂) ယခု သျှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် အပါ အဝင် မြန်မာနိုင်ငံ အထက်ပိုင်း နှင့် အိန္ဒိယအာသံပြည်နယ်၊ (၃) ယခုတရုတ် စီချွမ်းပြည်နယ် အောက်ပိုင်း၊ (၄) ယခု တရုတ် ဂ ွမ်းစီ ပြည်နယ်အောက်ပိုင်း နှင့် (၅) တုံကင် နှင့် ယခု က မ္ဘောဒီးယားအထက်ပိုင်းထိကျယ်ဝန်းခဲ့သည်။
နန် ချောင်၏ (၅) ယောက် မြောက်မင်းဆက် “ခ ွန်လူဘုန်း” ခေတ် (အေဒီ ၇၄၈ - ၇၇၈) တ ွင် တိုင်းပြည်ထဲမှအစ ွမ်းစရှိသူလူငယ်များအားဖိတ် ခေါ်ယှဉ်ပြိုင်စေ၍ အစ ွမ်းအစအရှိဆုံးလူငယ်ဖြစ်သူ မိုင်း မော (ယခင်အ ခေါ် မိုင်းတိန်း ခေါ်) မှ ခ ွန်တိန်းခမ်း မည် သောလူငယ် ကို သမီးဖြစ်သူ နန်းဖပ့်ဝတီ နှင့် ထိမ်းမြား ပေးပြီး မိုင်း မောကိုစား စေသည်။
မိုင်း မော ကိုအုပ်ချုပ်သူ ခ ွန်တိန်းခမ်း နှင့် နန်းဖပ့်ဝတီ တ ွင် ခ ွန်လူးလုံ နှင့် ခ ွန်လိုင်း အမည်ရှိ သောသား တော် (၂) ပါး ထ ွန်းကားခဲ့သည်။ အေဒီ (၈၄၂) ခုနှစ်တ ွင် ဆစ် ဆောင်ပန်းနား တ ွင် စော်ဘ ွားဆက်ပြတ်သ ွား ကြောင့် သားကြီးခ ွန်လူးလုံ အား နန် ချောင် ၏(၁၀) ယောက် မြောက်မင်းဆက်ဖြစ်သူ ခ ွမ်ဘုန်းယူ့ ( အေဒီ ၈၂၄ - ၈၅၉) မှ ဆစ် ဆောင်ပန်းနား ကိုအုပ်ချုပ် စေသည်။
မိုင်း မော စော်ဘ ွားကြီး ခ ွန်တိန်းခမ်းလည်း အေဒီ (၈၅၃) ခုနှစ်တ ွင်က ွယ်လွန် သော် သားငယ် ဖြစ်သူ ခ ွန်လိုင်းမှ မိုင်း မော (မိုင်းတိန်း ခေါ်) ကိုဆက်လက်အုပ်ချုပ်သည်။ ခ ွန်လိုင်းတ ွင် သားသမီးမထ ွန်းကား ချေ။
အေဒီ (၉၅၂) ခုနှစ် တ ွင်ခ ွန်လိုင်း က ွယ်လ ွန် သော် မိုင်း မောပြည် ထောင်တ ွင်အုပ်ချုပ်သူ စော်ဘ ွားဆက်ပြတ်သ ွားခဲ့သည်။ ထို့ကြောင့် မိုင်း မောပြည်ထောင် အောက်ရှိ (၁) ဟိုတူ့၊ (၂) မိုင်းတိန်း၊ (၃) ဆဲန်ကျဲ့နှင့် (၄) တုမ်မို မြို ့(၄) မြို့မှ အမတ်ကြီး (၄) ပါး တို့ စု ပေါင်း၍ မိုင်း မော ပြည် ထောင်ကိုအုပ်ချုပ်ခဲ့ရသည်။
အေဒီ (၉၅၇) ခုနှစ် ရောက် သော် ဆဲန်ကျဲ ့ နှင့် တုမ်မို အမတ် (၂) ပါးတို့အား မြို့စောင့်အဖြစ် ထားရစ်ကာဟိုတူ့ နှင့် မိုင်းတိန်း အမတ် (၂) ပါး နှင့် နောက်လိုက် (၁၈ ) ဦးတို့က မိုင်း မော ကိုအုပ်ချုပ်ရန် နန်း သေ ွးနန်းန ွယ်ရှာရန်အတ ွက်စတင်ထ ွက်ခ ွာလာခဲ့သည်။ ဆစ် ဆောင်ပဏ္ဏား မှတဆင့် အ ရှေ ့တောင်ဘက်စ ွန်း ခမာတို့အုပ်စိုး သော ချန်လ နိုင်ငံ (Chenla) နယ်စပ် နှင့်ထိစပ် နေ သော နန် ချောင်ပိုင် ကမ်ပူးချား ဒေသ မိုင်းဟိ နှင့် မိုင်းဟမ်း သို့ရောက်ရှိလာခဲ့သည်။ ထို ဒေသကိုအုပ်ချုပ်သူသည် စဝ်လုံဖငဲမ်းမိုင်း ဖြစ်သည်။ စဝ်လုံဖငဲမ်းမိုင်း တ ွင်သားသမီး နှင့် မြေးများ (၁၀၀) ရှိ သော ကြောင့် ၎င်းတို့အား အုပ်ချုပ် ရေးအမေ ွအနှစ်များ ပေးရန်အခက်ကြုံ နေ သော အခါ သာမယ လည်းဖြစ် နေသည်။ မိုင်း မော ဒေသမှ အမတ်မင်းများ ရောက်ရှိ လာခြင်းဖြင့်အားလုံးအစဉ် ပြေ စေ တော့သည်။
ကမ်ပူးချား ဒေသအုပ်ချုပ်သူ စဝ်လုံဖငဲမ်းမိုင်း မှ သား မြေးများ (၁၃) ပါး ပေးလိုက်သည်။ မင်းသား (၁) ပါးလျှင် အိမ် ထောင်စု (၈၀၀၀) စီလိုက်ပါ သော ကြောင့် စုစု ပေါင်းအိမ် ထောင်စု ပေါင်း (၁၀၄၀၀၀) လိုက်
ပါလာခဲ့သည်။
မိုင်း မော ဒေသ တ ွင်ကျန် နေခဲ့ သော အမတ် (၂) ပါး လည်း ပြန်လာ သော အမတ် (၂) ပါး၊ မင်းသားများနှင့် နောက်လိုက်များအား ဟိုတူ မြို ့နှင့် အနည်းငယ်က ွာ ဝေး သော နေရာ တ ွင် စောင့်လျက်ကြိုဆိုခဲ့သည်။ ထို နေရာ တ ွင် ဒေသအုပ် ချုပ် ရေး နှင့် နေရာချ ထား ရေးအတ ွက် တိုင်ပင်သည်။ ထို အမတ်ကြီး (၄) ပါးတိုင်ပင် ခဲ့ သော နေရာဒေသ ကို ဆီ ကော့ (လေးဦး) ဒေသ ဟု ခေါ်ဆိုခဲ့ ရာ ကာလကြာ သော် ဆီ ပေါ့ (ခေါ်) သီ ပေါ ဖြစ်လာခဲ့သည်။ ထိုမင်းသား (၁၃) ပါးအား အောက်ပါ မြို့များကိုစားစေသည်။
(၁) ခ ွန်တိုင်း (ခေါ်) ခ ွန်တိုင်ခန် အား ဆဲန်ကျဲ ့ ကိုလည်း ကောင်း၊
(၂) ခ ွန်ဆဲင်အိုက် အား မိုင်းတူ (ဆဲန်ဝီ (ခ) သိန္နီ) ကိုလည်း ကောင်း၊
(၃) ခ ွန်ခမ်းခဲန် အား ကျိုင်းလောဝ် ကိုလည်းကောင်း၊
(၄) ခ ွန်ခမ်းဆဲန်ဖ သည် အဖေဖြစ်သူ ခ ွန်တိုင်း နှင့်အတူ ဆဲန်ကျဲ့တ ွင်အတူ နေ၍ အုပ်ချုပ် ရေးကိုကူညီ စေ၍လည်း ကောင်း၊
(၅) စဝ်တဝ့်ခ ွန်ဝဲန် အား မိုင်းယိန် (ဝိန်းနန်) ကိုလည်း ကောင်း၊
(၆) ခ ွန်ခမ်း ပေါင်ဖ အား ကာ လေ (ဝိန်း ဆေ (ခ) ဝန်းသို) ကိုလည်း ကောင်း၊
(၇) ဆဲင်ပုန်င်ဖ အား မိုင်းခိုင်၊ ကွိုင်းလမ် နှင့် လာ့ပမ် ကိုလည်း ကောင်း၊
(၈) တောဝ်.စိန်ခမ်း အား ယောင် ဟေ ွ ( ညောင် ရွှေ) ကိုလည်း ကောင်း၊
(၉) တောဝ်.အောဝ်ခ ွာ အား မိုင်းနိုင်း (မိုးနဲ) ကိုလည်း ကောင်း၊
(၁၀) တောဝ့်ငါးလုမ်း အား မိုင်း မော ကိုလည်း ကောင်း၊
(၁၁) ပါဝူးထိန် အား ကိန်မ ကိုလည်း ကောင်း၊
(၁၂) တောဝ့်လူးလေး အား မိုင်းဟင်း ကိုလည်း ကောင်း၊
(၁၃) ခ ွန်ပါက် ဆေလုံ အား မိုင်းက ွတ် (မိုးကုတ်) ကိုလည်း ကောင်း အသီးသီးအုပ်ချုပ် စေသည်။
ထို့ ကြောင့် ထို ဒေသအားလုံး၏ အုပ်ချုပ်သူ စော်ဘ ွားများသည် ကမ်ပူးချား ဒေသမှ လာ သော ကြောင့်က မ္ဘောဇ ဒေသ (သို့) က မ္ဘောဇ တိုင်းဟုအမည်သ ွင်လာခဲ့သည်။ ထို့ကြောင့် အမှန်မှာ က မ္ဘောဇ တိုင်းသည် တရုတ် နိုင်ငံ ရွှေလီမြစ်ချိုင့်ဝမ်း ဒေသ၊ မြန်မာနိုင်ငံ သံလ ွင်မြစ်အ နောက်ခြမ်းရှိ သျှမ်း မြောက်
နှင့် သျှမ်း တောင် အပြင်၊ မိုးကုတ် နှင့် စစ်ကိုင်းတိုင်းမှ ဝန်းသို အထိ ပါဝင်သည်။
မြန်မာ့သမိုင်းတ ွင်လည်းကုန်း ဘောင် ခေတ် အေဒီ (၁၇၆၅) တ ွင် ကျောက်စာထက်၌မှတ်တမ်းတင်ထားသော သျှမ်းတို့၏ ဒေသတိုင်း ကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။
(၁) အရုဇ္ဈပုရတိုင်း (၇၉) မြို့(ယခုထိုင်းနိုင်ငံ အလယ်ပိုင်း )၊
(၂) ယိုးနုတ်ချိုင်းယာ့ပူရိ တိုင်း(၅၇) မြို့(ယခုထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်)၊
(၃) ခေမာဝရ တိုင်း (၃၇) မြို့ (သျှမ်းပြည်အ ရှေ ့ပိုင်း)၊
(၄) မဟာနဂရတိုင်း (၁၂) မြို့(ယခု တရုတ်နိုင်ငံ ဆစ် ဆောင်ပဏ္ဏား)၊
(၅) စန္တပူရိ (ခ) လဝရထ တိုင်း (၁၀၀) မြို့(ယခု လာအိုနိုင်ငံ)၊
(၆) က မ္ဘောဇ တိုင်း (မိုးနဲ၊ ညောင် ရွှေ၊ ရပ် စောက်၊ မိုးဗြဲ၊ ဆဲန်ဝီ (ခ) သိန္နီ၊ ဆီ ပေါ့(ခ) သီပေါ၊ မိုးမိတ်၊ မိုင်းလုမ်း၊ ဆုံဆိုင်)၊
(၇) မောရိယတိုင်း (ယခု တရုတ်နိုင်ငံ ရှိ ကိုးသျှမ်းပြည်)၊
(၈) စယ့်တိုင်း (ခ) ဇင်တိုင်း တိုင်း (ကောင်းဇန့်၊ ဝိန်းနန်း၊ မန်းကိုး၊ မန်းဟင်၊ ဟိုချို၊ စယ့်လို၊ ဗန်း မော် )၊
(၉) အာလဝီတိုင်း (မိုင်းတာ၊ မိုင်းစိ၊ မိုင်းယန်း (ခ) မိုးညှင်း၊ မိုင်းကောင်(ခ) မိုး ကောင်း ၊ ခမ်းတီး၊ မိုင်းလုံ စ သော မြို ့ပေါင်း (၃၀)၊
(၁၀) ဟိန္ဒကတိုင်း (မိုးကုတ်)၊
(၁၁) မဏိပူရ တိုင်း (ယခု အိန္ဒိယ နိုင်ငံအာသံပြည်နယ်)၊ နှင့်
(၁၂) သုနာပရန ္တတိုင်း ( ကာ လေ (ခ) ကလေးမြို့၊ ဆောင်ဆုပ် (ခ) သောင်သ ွပ် အပါအဝင် မြို့ပေါင်း (၃၀) (ယခုချင်းနှင့်စစ်ကိုင်းတိုင်း) တို့ဖြစ်ကြသည်။
Sai Murngkhon
Ref: ပိုၼ်ႉၶိူဝ်းတႆးလႄႈပိုၼ်းမိူင်းတႆး − ၶိူဝ်းသႅၼ်