Myanmar Daily News-မြန်မာနေ့စဥ်သတင်းများ

  • Home
  • Myanmar Daily News-မြန်မာနေ့စဥ်သတင်းများ

Myanmar Daily News-မြန်မာနေ့စဥ်သတင်းများ သတင်းမှန်တွေ မြန်မြန်ဆန်ဆန် ပြန့်ဝ?

27/09/2023
ဆရာမ။   ။ ဆရာမက စကားတစ်လုံး ဒါမှမဟုတ် ဝါကျတစ်ကြောင်း ရွတ်ပြမယ်...မင်းတို့က ဆန့်ကျင်ဘက် ပြန်ပြောရမယ်နော်တပည့်များ။   ။ ဟု...
21/07/2023

ဆရာမ။ ။ ဆရာမက စကားတစ်လုံး ဒါမှမဟုတ် ဝါကျတစ်ကြောင်း ရွတ်ပြမယ်...
မင်းတို့က ဆန့်ကျင်ဘက် ပြန်ပြောရမယ်နော်

တပည့်များ။ ။ ဟုတ်ကဲ့ပါ ဆရာမ

ဆရာမ။ ။ မြင့်သော
တပည့်များ။ ။ နိမ့်သော

ဆရာမ။ ။ ဖြူသော
တပည့်များ။ ။ မဲသော

ဆရာမ။ ။ ကျဉ်းသော
တပည့်များ။ ။ ကျယ်သော

ဆရာမ။ ။ ဝသော
တပည့်များ။ ။ ပိန်သော

ဆရာမ။ ။ လိမ်မာသော
တပည့်များ။ ။ လိမ်ပျော့သော

ဆရာမ။ ။ မဟုတ်ဘူး၊ မှားတယ်
တပည့်များ။ ။ ဟုတ်တယ်၊ မှန်တယ်

ဆရာမ။ ။ ဟာ... မဟုတ်သေးဘူး
တပည့်များ။ ။ မဟာ... ဟုတ်နေပြီ

ဆရာမ။ ။ အွန်... ဘုရားရေ
တပည့်များ။ ။ အင်... မာရ်နတ်ရေ

ဆရာမ။ ။ ဟဲ့... ငါ မေးနေတာမဟုတ်ဘူး
တပည့်များ။ ။ ဟိတ်... သူ ဖြေနေတာဟုတ်တယ်

ဆရာမ။ ။ အမလေး သေတော့မှာပဲ
တပည့်များ။ ။ အကိုကြီး ရှင်တော့မှာပဲ

ဆရာမ။ ။ ဟိုး... ရပ်တော့
တပည့်များ။ ။ ဂိုး... သွားတော့

ဆရာမ။ ။ တော်ပြီ၊ သင်တန်းပြီးပြီ
တပည့်များ။ ။ တော်သေးဘူး၊ သင်တန်းစပြီ

ဆရာမ။ ။ နင်တို့ဟာနင်တို့ စစ မစစ ငါသွားပြီဟေ့... တကတည်းမှ

ဆရာမ ခမျာ
တပည့်များ၏ ဆန့်ကျင်ဘက်ဝါကျ ပေါ်ထွက်မလာခင်
အခန်းအပြင်သို့ အမြန်ပြေးထွက်သွားရှာလေတော့သတည်း။

#ဆရာမအရူံးပေးလိုက်ရတဲ့ကျောင်းသား🤣🤣🤣

11/07/2023

အရုပ်က အရုပ်လိုမနေ

ဘုန်းဘုန်းကိုတော့ ချမ်းသာပေးလိုက်ပါဗျာ 😁😁
18/06/2023

ဘုန်းဘုန်းကိုတော့ ချမ်းသာပေးလိုက်ပါဗျာ 😁😁

03/06/2023

ငါသာသတို့သားဆို သုံးယောက်လုံး ကြွတ်သတ်ဆေး ခပ် Thetတယ်...

မြန်မာ့ရုပ်ရှင်လောကမှ ပထမဦးဆုံးသတိပေးခြင်းကိုခံလိုက်ရတဲ့ မိုးဟေကို
28/02/2023

မြန်မာ့ရုပ်ရှင်လောကမှ ပထမဦးဆုံးသတိပေးခြင်းကိုခံလိုက်ရတဲ့ မိုးဟေကို

မိုး‌ဟေကို ဟာအနုပညာလောက မှာသွက်လက်ပြီး သရုပ်ဆောင် ပိုင်နိုင်လွန်းတဲ့ မင်းသမီးလေး အဖြစ် ပရိတ်သတ်တွေက ချစ်ခ....

ဒါဝင်နူးဇက်ရဲ့ ပခုံးဒဏ်ရာအခြေအနေကို ဖွင့်ဟလာတဲ့ ကလော့ပ်
19/02/2023

ဒါဝင်နူးဇက်ရဲ့ ပခုံးဒဏ်ရာအခြေအနေကို ဖွင့်ဟလာတဲ့ ကလော့ပ်

Arsenal have reached an agreement to sign Spezia’s defender Yaku Kevio as the second signing of this year’s January transfer window. The 22-year-old defender Khie Vio will visit London and undergo a medical examination. Transfer guru Fabrizio Romano said on his YouTube channel that Arsenal beat ...

မသောက်ဘဲ မူးသူ (သို့မဟုတ်) ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းရှိသူဗြိတိန်နိုင်ငံသား မက်သရူးဟော့ဟာ ရှားပါးဝေဒနာတစ်မျိုးကြော...
18/02/2023

မသောက်ဘဲ မူးသူ (သို့မဟုတ်) ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းရှိသူ

ဗြိတိန်နိုင်ငံသား မက်သရူးဟော့ဟာ ရှားပါးဝေဒနာတစ်မျိုးကြောင့် ယမကာ မသောက်ဘဲ မူးယစ်ရီဝေခြင်း ခံစားနေရသူပါ။ ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းကြောင့် ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ စားစရာတွေ (ဟမ်ဘာဂါ၊ ဒိုးနတ်၊ ပီဇာ၊ ကိတ်မုန့် အစရှိသဖြင့်) စားလိုက်တာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က အီသနော(ethanol) ထုတ်လုပ်ပေးတာကြောင့် အရက်သောက်ထားသလို မူးယစ်ရီဝေလာတာ ဖြစ်ပါတယ်။

သကြား၊ ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ စားစရာတွေ စားပြီး နောက်တစ်နေ့ဆိုရင် အရက်နာကျတဲ့ ဝေဒနာမျိုးတောင် ခံစားရသူပါ။ ပိုက်ဆံတပြားတချပ်မှ မကုန်ဘဲ မူးယစ်ရီဝေခွင့်ရတာ ကံကောင်းတယ်လို့ထင်စရာရှိပေမဲ့ စားချင်တာ မစားရတဲ့ သူ့ဘဝက ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ရပ်တစ်ခုပါလို့ Vice သတင်းဌာနနဲ့ အင်တာဗျူးမှာ မက်သရူးဟော့က ဆိုခဲ့ပါတယ်။

Ref: Matthew Hogg has a rare disorder called auto-brewery syndrome
Team ( ရိုးရာလေး)

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ၅ ပွဲမှာ ၄ ဂိုးသွင်းထားပြီး ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိ...
16/02/2023

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ၅ ပွဲမှာ ၄ ဂိုးသွင်းထားပြီး ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးထိ ရှိလာခဲ့ပါပြီ။

နှင်းဆီဒါဘီမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ ဂါနာချို
13/02/2023

နှင်းဆီဒါဘီမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာတဲ့ ဂါနာချို

Arsenal have reached an agreement to sign Spezia’s defender Yaku Kevio as the second signing of this year’s January transfer ...

28/01/2023
16/01/2023

#ယနေ့ထုတ်သတင်းစာ_ကာတွန်း

Congratulation 😘GOAT MESSI..မင်းအရှုံးမပေးသေးရွေ့မရှုံးသေးဘူးဆိုတာရယ်ပြီးပြီဆိုတဲ့ နောက်ဆုံးအချိန်တစ်ခုကိုမရောက်သရွေ့မနိ...
18/12/2022

Congratulation 😘GOAT MESSI..
မင်းအရှုံးမပေးသေးရွေ့
မရှုံးသေးဘူးဆိုတာရယ်

ပြီးပြီဆိုတဲ့ နောက်ဆုံး
အချိန်တစ်ခုကိုမရောက်သရွေ့
မနိုင်သေးဘူးဆိတာရယ်

သိလိုက်ရတဲ့
World Cup Final ကပေးတဲ့
သင်ခန်းစာပါပဲ

"အ​မေ့သားသမီး​တွေ...အားမ​​လျှော့ဘဲ ​ရှေ့ဆက်​နေ"
15/09/2022

"အ​မေ့သားသမီး​တွေ...အားမ​​လျှော့ဘဲ ​ရှေ့ဆက်​နေ"

တောထဲရောက်နေတဲ့ အမေ့သမီးအတွက်အားပေးစကားလေးတစ်ခွန်းလောက်🥰🥰
15/09/2022

တောထဲရောက်နေတဲ့ အမေ့သမီးအတွက်
အားပေးစကားလေးတစ်ခွန်းလောက်🥰🥰

အများပြည်သူပို့ဆောင်ရေးစနစ်အားလုံး အခမဲ့သတ်မှတ်ထားတဲ့နိုင်ငံ ဥရောပရဲ့ အသေးငယ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၆ သိန်...
22/07/2022

အများပြည်သူပို့ဆောင်ရေးစနစ်အားလုံး အခမဲ့သတ်မှတ်ထားတဲ့နိုင်ငံ

ဥရောပရဲ့ အသေးငယ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၆ သိန်းကျော်ပဲ နေထိုင်တဲ့ လူဇင်ဘတ်နိုင်ငံဟာ ဘတ်စ်ကား၊ ရထား၊ ကားရထား အစရှိတဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ်အားလုံးကို အခမဲ့ပြေးဆွဲပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ပြီး ဝင်ငွေနည်းပါးသူတွေကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး လူဇင်ဘတ်အစိုးရက အများပြည်သူ ပို့ဆောင်ရေးစနစ်အားလုံးကို အခမဲ့လုပ်ပေးခဲ့တာပါ။

Ref: Luxembourg's public transportion
crd

မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး  Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ရန်ကုန်၊ ဇူလိုင် ၂၀မြန်မာန...
20/07/2022

မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်

ရန်ကုန်၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။

အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet တို့ ပါဝင်ကြောင်း၊ Skynet သည်ရွှေသံလွင်ကုမ္ပဏီကပိုင်ဆိုင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိပြီး အော်ရီဒူးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံခဲ့သော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။

အော်ရီဒူးဘက်ကမူ အဆိုပါသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဟု ရိုက်တာသတင်း၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ရှိ အော်ရီဒူးကြော်ငြာတစ်ခု။
crd

ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်တွင်း ဘယ်လိုနေထိုင်နေရပါသလဲ။  “အန်တီက အသီးအနှံလေးတွေမှာတယ်။ သူက အများကြီးလည်းမစားနိုင်ဘူး...
14/07/2022

ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်တွင်း ဘယ်လိုနေထိုင်နေရပါသလဲ။

“အန်တီက အသီးအနှံလေးတွေမှာတယ်။ သူက အများကြီးလည်းမစားနိုင်ဘူး၊ သူမှာတဲ့ သင်္ဘောသီး၊ သရက်သီးနဲ့ ဖီးကြမ်းငှက်ပျောသီး လေးတွေ ပို့ခွင့်ရတယ်။ ထောင်မှာရေခဲသေတ္တာတော့မရှိဘူး။ အဲကွန်းလည်းမရှိဘူး။ ခြင်တော့မကိုက်ဘူး၊ ခြင်ထောင်ပေးတယ်ပြောပါတယ်။ အဆင်ပြေတယ်။ အန်တီက လောကဓံကို နားလည်ပါတယ်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါပဲ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

crd

မုံရွာ 929 ဆိပ်ကမ်းမှာ ဆီတင်သင်္ဘော၂စီး မီးလောင်မှုဒီကနေ့ ဇူလိုင် ၁၀ရက်မနက်ပိုင်း ၉ နာရီကျော်က စစ်ကိုင်း၊ မုံရွာမြို့နယ်...
10/07/2022

မုံရွာ 929 ဆိပ်ကမ်းမှာ ဆီတင်သင်္ဘော၂စီး မီးလောင်မှု

ဒီကနေ့ ဇူလိုင် ၁၀ရက်မနက်ပိုင်း ၉ နာရီကျော်က စစ်ကိုင်း၊ မုံရွာမြို့နယ်၊ ကမ်းနားအနီး၊ ချင်းတွင်းမြစ်ဘေး 929 ဆိပ်ကမ်းမှာ ဆီတင်ရေယာဥ် ၂ စီး ဆီဖြည့်ရာက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။ အမြန်ရေယာဥ်ပေါ်က ဆီပေပါတွေမီးလောင်မှုဟာ နေ့လယ် ၁နာရီကျော်အထိဖြစ်နေပြီး လက်ရှိမှာတော့ မီးလောင်နေတဲ့ဆီတင်တွဲကြီးဟာ ချင်းတွင်းမြစ်‌ထဲ မျောပါသွားပြီးရေလယ်ခေါင်မှာဆက်လောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

'' သင်္ဘော ၂ စင်းက ချင်းတွင်းမြစ်ထဲမှာ မီးလောင်ပြီးမျောသွားတယ်။ ဆိပ်ကမ်းကနေ လက်ပံတောင်းရွာနားအထိ မျောသွားတာဆိုတော့ မြို့အစ အဆုံးပဲပါပဲ။ခန့်မှန်း ဆီပေပါ တစ်ထောင်နီးပါးပါတယ်။သံခွံဆိုတော့အကုန်မီးလောင်ပေမဲ့ မမြှုပ်သွားဘူး''

ဆီပေပါတွေမီးလောင်ချိန်ဟာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး မုံရွာခရိုင်မီးသတ်စခန်းနဲ့လူမှုကူညီရေးအသင်းတွေ ခက်ခက်ခဲခဲနဲ့ ငြှိမ်းသတ်ခဲ့ရတာကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံတွေမှာမြင်ရပါတယ်။ မီးငြှိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်း‌သားတွေ ကြီးကြီးမားမားထိခိုက်တာမရှိခဲ့ပေမဲ့ မီးလောင်အားပြင်းလို့ မီးခိုးညှော်တာနဲ့တခြားအသေးအဖွဲထိခိုက်မှုတွေတော့ရှိခဲ့ပါတယ်။

ပုံစာ - မီးလောင်ချိန်မြင်ကွင်းများနဲ့ ချင်းတွင်းမြစ်လယ်ခေါင်မှာ ဆက်လောင်နေတဲ့ဆီတင်တွဲ
ဓာတ်ပုံ - သုခဟိတနာရေးကူညီမှုအသင်း ၊ KMT
crd

ဂျပန်၀န်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံခံရမှု NUG နိုင်ငံခြားရေး၀န်ကြီး၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးတွေ၀...
08/07/2022

ဂျပန်၀န်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံခံရမှု NUG နိုင်ငံခြားရေး၀န်ကြီး၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးတွေ၀မ်းနည်းကြောင်းပြော

ဒီိနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ပစ်ခတ်လုပ်ကြံခံရလို့ ကွယ်လွန်သွားခဲ့ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ​NUG ရဲ့နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်မှာရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွက် မစ္စတာအာဘေးကူညီခဲ့မှုတွေကို မြန်မာပြည်သူတွေက ဘယ်တော့မှမမေ့ကြောင်းနဲ့ အခုလို၀မ်းနည်းကြေကွဲချိန်မှာ ဂျပန်ပြည်သူတွေနဲ့အတူ မြန်မာက တစ်သားတည်းရပ်တည်ကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေး၀န်ကြီးကလည်း မစ္စတာ အာဘေးကွယ်လွန်ခြင်းအတွက် အလွန်၀မ်းနည်းရကြောင်းနဲ့ မစ္စတာအာဘေးဟာ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်မှာ ဂျပန်နိုင်ငံကို အသွင်ပြောင်းဖို့စိတ်အားထက်သန်ခဲ့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။
မလေးရှားနိုင်ငံခြားရေး၀န်ကြီးလည်း မစ္စတာအာဘေးကွယ်လွန်ခြင်းအပေါ် မလေးရှားအစိုးရနဲ့လူထုကိုယ်စား ၀မ်းနည်းကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအတွက်သူ့ရဲ့ထင်ရှားတဲ့ဆောင်ရွက်ချက်တွေကိုအမြဲသတိရနေမှာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် မစ္စတာအာဘေးဟာ မလေးရှားနိုင်ငံကို သုံးကြိမ် လာရောက်ခဲ့ပြီး မလေးရှားဂျပန်နှစ်နိုင်ငံဆက်ဆံရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါ၀င်ခဲ့သူလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံများ-Getty Images
crd

ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်တပ်ဘက်က လေယာဥ်၀င်ရောက်လာတာ ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလို့  ထိုင်း၀န်ကြီးချုပ်တုံ့ပြန်မြန်မာစစ်...
01/07/2022

ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်တပ်ဘက်က လေယာဥ်၀င်ရောက်လာတာ ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ်တုံ့ပြန်

မြန်မာစစ်တပ်ဘက်က တောင်းပန်ပြီးဖြစ်လို့ ဘာမှ လုပ်စရာမလိုဘူး လို့ ပြော

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ရဲ့ လေပိုင်နက်ထဲ မြန်မာစစ်တပ်ရဲ့ တိုက်လေယာာဥ် တစ်စီး မနေ့ ဇွန် ၂၉ ရက်မှာ ပျံသန်း၀င်ရောက်လာတဲ့ကိစ္စဟာ ပြဿနာကြီး တစ်ခုမဟုတ်ဘဲ မြန်မာစစ်တပ်ဘက်ကလည်း တောင်းပန်ပြီးပြီဖြစ်လို့ ဘာမှ ဆောင်ရွက်စရာမရှိဘူးလို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားကြောင်း ထိုင်း PBS သတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။

မြန်မာစစ်တပ်လေယာဥ် ခုလို ကျူးကျော်၀င်ရောက်လာတာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အရာရှိတွေနဲ့ ထိုင်းစစ်တပ်တို့ ဆွေးနွေးပြောဆိုခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်က သူတို့လေယာဥ်မှူးအနေနဲ့ အခုလို ထိုင်း လေပိုင်နက်ထဲ ကျူးကျော်၀င်ရောက်လိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း၊ လေယာဥ်က လှည့်ပတ်ပျံသန်းဖို့လိုအပ်လို့ ထိုင်းလေပိုင်နက်ထဲ ၀င်ရောက်တာ ပြုလုပ်ခဲ့ရတယ်လို့ ရှင်းပြခဲ့တယ်လို့ လည်းအဲဒီသတင်းက ဖော်ပြပါတယ်။
ထိုင်းတော်၀င်လေတပ်ဟာ အဲဒီဖြစ်စဥ်ကြောင့် မနေ့က တိုက်လေယာဥ်နှစ်စင်းကို ပျံတက်ခဲ့ရပေမဲ့ မြန်မာစစ်တပ်က လေယာဥ်ကတော့ မြန်မာဘက်ကို ပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
၀န်ကြီးချုပ် ပရာယွတ်က ထိုင်းစစ်တပ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို အပြည့်အ၀ ကာကွယ်ပေးနိုင်တယ်လို့လည်း ထိုင်းလူထုကို အခိုင်အမာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံတွင်းလူမှုကွန်ရက်တွေမှာတော့ ထိုင်း၀န်ကြီးချုပ်ရဲ့ မြန်မာစစ်တပ်အပေါ်တုံ့ပြန်မှုနဲ့ပတ်သက်လို့ ၀ေဖန်မှုတွေလည်းရှိနေပါတယ်။
မြန်မာစစ်တပ်လေယာဥ် ပျံသန်း၀င်ရောက်လာလို့ ထိုင်းနိုင်ငံတွင်း ကျေးရွာ ၂ ရွာက ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရပြီး စာသင်ကျောင်းတစ်ခုမှာဆိုရင် အတန်းတွေကို ရပ်လိုက်ရပြီး ကျောင်းသားတွေအားလုံးကို ကျောင်းအတွင်းက ဗုံးခိုကျင်းတစ်ခုထဲ အကာအကွယ်ယူနေထိုင်ဖို့ စီစဥ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးကတော့ အခုလို မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ကျူးကျော်၀င်ရောက်မှုဟာ ဒီနှစ်အတွင်း လေးငါးကြိမ်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
crd

စာသင်ကျောင်းတွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ကလုပ်လုပ် လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ NUG ထုတ်ပြန်လက်ရှိစာသင်နှစ်ရဲ့ကျောင်းဖွင့်ရ...
03/06/2022

စာသင်ကျောင်းတွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ကလုပ်လုပ် လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ NUG ထုတ်ပြန်

လက်ရှိစာသင်နှစ်ရဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်သည်ဖြစ်စေ လုံးဝလက်ခံမှာမဟုတ်ဘဲ ရှုတ်ချသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၃ ရက် မှာထုတ်ပြန်လာပါတယ်။

လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ပြည်သူ့ခုခံတော်လှန်စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့်ကျင့်ဝတ်တွေကိုလည်းNUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထုတ်ပြန်ထားပြီးဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုတင်းကျပ်စွာလိုက်နာဖို့ထပ်လောင်းတောင်းဆိုတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချပြီး စာသင်ကျောင်းတွေကို ကြိုးပမ်းဖွင့်လှစ်နေတာဖြစ်ပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူအများစုဟာတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာဆက်လက်ပါဝင်နေဆဲဖြစ်ပြီး စာရင်းရှိကျောင်းသား၊ကျောင်းသူအရေအတွက်ရဲ့ အနည်းငယ်သာ ကျောင်းတက်ဖို့ စာရင်းသွင်းထားတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင် မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့လယ် ဘားလမ်းမှတ်တိုင် ဗုံးပေါက်ကွဲမှုဟာလည်း စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာကအထင်အမြင်လွဲစေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း NUG က တုံ့ပြန်ပြောဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကလည်း ဖောက်ခွဲမှုလုပ်သူဟာ မြို့ပြပြောက်ကျားတစ်ဦးဖြစ်တယ်လို့ စွပ်စွဲထားတာကြောင့် ဘားလမ်း ကားမှတ်တိုင်က ပေါက်ကွဲမှုဟာ အပြန်အလှန်စွပ်စွဲချက်တွေရှိနေတဲ့အနေအထားဖြစ်ပါတယ်။

NUG ကတော့ အလားတူဖြစ်ရပ်မျိုးတွေကို စစ်ကောင်စီက ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ကလေးငယ်တွေရှိရာစာသင်ကျောင်းတွေမှာလုပ်ဆောင်မှာကို စိုးရိမ်တယ် လို့ပြောဆိုပြီး ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာရှိတဲ့ ပညာရေးမှူးရုံးမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ဆရာမတစ်ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ဒါဟာ ဒေသကာကွယ်ရေး PDF တွေရဲ့လုပ်ရပ်လို့စွပ်စွဲထားပါတယ်။

မြို့ပြပြောက်ကျားတွေကတော့ ပြည်သူတွေရှိတဲ့နေရာတွေကိုပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့သူတို့ရဲ့စစ်ရေးထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေရှိပါတယ်။

လက်ရှိစာသင်နှစ်ကျောင်းဖွင့်ရာသီမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြားကာလပညာရေးအစီအစဥ်တွေသင်ကြားပေးနေတာတွေကိုလည်းထုတ်ပြန်ထားပြီး အင်တာနက်၊ အွန်လိုင်းကနေသင်ကြားပေးနေတဲ့ ဒီအစီအစဥ်ကိုလက်လှမ်းမှီနိုင်သူတွေအနေနဲ့ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေကို ဆက်လက်သပိတ်မှောက်ပေးဖို့ တောင်းဆိုတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုနှစ်ပညာသင်နှစ်မှာ နိုင်ငံတဝန်းမှာ ကျောင်းအပ်နှံသူ ၅.၂ သန်းအထိရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုထားပါတယ်။
crd

နိုင်ငံ​ပျောက်သူ နိုင်ငံပျောက်သူ Short Film ကို မေလ (၃၀) ရက်မနက် (၈) နာရီအချိန်ကစပြီး ပဒေသာပင်ယူကျုချန်နယ်မှာကြည့်ရှုနို...
30/05/2022

နိုင်ငံ​ပျောက်သူ

နိုင်ငံပျောက်သူ Short Film ကို မေလ (၃၀) ရက်
မနက် (၈) နာရီအချိန်ကစပြီး ပဒေသာပင်ယူကျု
ချန်နယ်မှာကြည့်ရှုနိုင်ပါပြီ။

ဒါကိုကြည့်ပြီးသွားရင်လည်း တော်လှန်ရေး
အတွက် ကိုယ်ကျရာနေရာကနေ ဆက်လက်
ပါဝင်ပေးကြပါဦးခင်ဗျာ။

ဒီ Short Film ကနေ ရရှိလာတဲ့ ဝင်ငွေတွေဟာ
နွေဦးတော်လှန်ရေးအတွက်အသုံးပြုမှာဖြစ်လို့
‌ယူကျုမှာ ပြည်တွင်းဆို VPN ချိတ်ပြီးဝင်ကြည့်
ပေးဖို့ (ပြည်ပဆိုမချိတ်လည်းရ) နဲ့ ဒေါင်းလုတ်
ဆွဲပြီး Facebook မှာ ပြန်မတင်ဖို့ တောင်းဆိုပါတယ်။

Play2Donate ရဲ့ Nway Oo Videos App မှာ
ဇွန်လ (၂) ရက်နေ့ဆို စပြီးကြည့်နိုင်ပါတယ်။
ယူကျုမှာကြည့်လည်းဝင်ငွေရသလို
App ထဲမှာကြည့်ရင်လည်းဝင်ငွေရအောင်
စီစဉ်ထားတာပါ။

ဒီဇာတ်လမ်းကိုကြည့်ပြီးသွားတဲ့သူတွေအနေနဲ့
နောက်ရက်တွေမှာလည်း ချန်နယ်ထဲက တခြား
ကိုယ်ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီး နေ့စဉ်
ဝင်ကြည့်ပေးမှသာ ကြော်ငြာခတွေပုံမှန်ရနေမှာ
ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ယူကျုမှာ ဇာတ်လမ်း
နာမည်ရိုက်ရှာပြီးကြည့်ပေးဖို့နဲ့ ကြော်ငြာတက်လာရင်Skip Ads နှိပ်ပြီးကျော်ပေးဖို့ပါ။

📺 ပဒေသာပင် YouTube Channel ကို ဝင်ရန် -
https://tinyurl.com/PDTPCH

Nway Oo Video App ကို ဒေါင်းလုပ်လုပ်ရန် -

🤖 Android (Google Play Store) -
https://bit.ly/3HD3ama

🍎 IOS (Apple) -
https://apple.co/3t2MRKN

📲 Android TV နှင့် Play Store မရှိသူများ အတွက် -
https://bit.ly/3M2A7Mp

"နိုင်ငံပျောက်သူ" ဇာတ်လမ်းကို ကြည့်ကြတဲ့အခါမှာလည်း VPN ခံကြဖို့ သတိပေးချင်ပါတယ်။ V4C VPN app ကို ဒီလင့်မှာ ဒေါင်းလို့ရပါတယ်။

🤖 Android (Google Play Store) -
https://play.google.com/store/apps/details?id=co.vforc.myvpn

📲 Direct Download Link -
https://thadinn.com/apk/v4c-v0.4.1.apk


#နိုင်ငံပျောက်သူ

#ကလစ်ရင်းနဲ့တော်လှန်

မြလိပ်တောင်ပေါ်မှာ ပေ (၃၀‌)ကျော်အရှည်ရှိတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲမန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ ...
03/05/2022

မြလိပ်တောင်ပေါ်မှာ ပေ (၃၀‌)ကျော်အရှည်ရှိတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ မြလိပ်တောင်ပေါ်မှာ ပေ (၃၀)ကျော်အရှည်ရှိတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာတမ်းကို တက်ရောက်ချိတ်ဆွဲခဲ့တယ် လို့ မန္တလေးသပိတ်အင်အားစုက ဒီကနေ့မှာသတင်းထုတ်ပြန်လာပါတယ်။

ဒီမြလိပ်တောင်ဟာ ဒုဌဝတီမြစ်ကမ်းဘေးမှာရှိပြီး အမြင့်ပေ (၃၀၀၀)ကျော်ရှိတဲ့ကျောက်ဆောင်ကြမ်းတွေနဲ့ တက်ရခက်တဲ့တောင်တစ်တောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတောင်ထိပ်နေရာကိုတက်ပြီး အနီ‌ရောင်စာတမ်းကို ချိတ်ဆွဲခဲ့တာလို့ မန္တလေးသပိတ်အင်အားစုဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဧပြီ (၁၈)ရက်တုန်းကလည်း မြလိပ်တော်ထိပ်မှာ အလားတူ စာတန်းချိတ်ဆွဲခဲ့ဖူးပြီး ဒါဟာဒုတိယအကြိမ်ဖြစ်ပါတယ်။

ဓာတ်ပုံ - မန္တလေးသပိတ်အင်အားစု
crd

ရိုင်နီယာနဲ့ လေ့ကျင့်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တဲ့ အောင်လအန်ဆန်း
01/05/2022

ရိုင်နီယာနဲ့ လေ့ကျင့်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တဲ့ အောင်လအန်ဆန်း

May 1, 2022 Uncategorized ရိုင်နီယာနဲ့ လေ့ကျင့်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တဲ့ အောင်လအန်ဆန်း Posted by admin ပရိသတ်ကြီးတိ....

အခြေခံပညာအောင်စာရင်းတွေထွက်လာ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အောင်စာရင်းတွေကို စစ်ကောင်စီလက်အောက် ပညာရေးဌာနက ဒီနေ့ ဧ...
24/04/2022

အခြေခံပညာအောင်စာရင်းတွေထွက်လာ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အောင်စာရင်းတွေကို စစ်ကောင်စီလက်အောက် ပညာရေးဌာနက ဒီနေ့ ဧပြီလ ၂၄ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်လာပါတယ်။

မူလတန်းကစလို့ န၀မတန်း(၉ တန်း)အထိ အောင်စာရင်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီက အခြေခံပညာ အတန်းတင်စာမေးပွဲတွေကို မတ်လ ၁၇ ရက်ကနေ ၂၃ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့အခြေခံပညာကျောင်းတွေကို စစ်ကောင်စီက အဲဒီနှစ် ဇွန်လမှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။

ဒါပေမဲ့ ကပ်ရောဂါလှိုင်းသစ်ကြောင့် ပြန်ပိတ်ခဲ့ရပြီး နို၀င်ဘာလ ၁ ရက်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။

ပုံမှန်ပညာသင်နှစ်တစ်ခုမှာ စာသင်လ ၉ လနီးပါးအထိရှိတာဖြစ်ပေမဲ့ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုကြားက ပြန်ဖွင့်တဲ့အခြေခံပညာကျောင်းတွေဟာ စာသင်လလျော့နည်းတာကြောင့် သင်ရိုးကုန်သင်ကြားမှုနဲ့ ကျောင်းသားကျောင်းသူတွေ တတ်မြောက်မှုအပိုင်းကို ‌ပညာရေးအကဲခတ်တွေက ဝေဖန်မှုတွေရှိနေပါတယ်။
crd

“ဒီတစ်ကြိမ် ကြိုးဝိုင်းထဲမှာ အရင်ကလို အမှားမျိုးတွေ လုပ်တော့မှာမဟုတ်ပါဘူး” ဆိုတဲ့ အောင်လ
24/04/2022

“ဒီတစ်ကြိမ် ကြိုးဝိုင်းထဲမှာ အရင်ကလို အမှားမျိုးတွေ လုပ်တော့မှာမဟုတ်ပါဘူး” ဆိုတဲ့ အောင်လ

April 24, 2022 Uncategorized “ဒီတစ်ကြိမ် ကြိုးဝိုင်းထဲမှာ အရင်ကလို အမှားမျိုးတွေ လုပ်တော့မှာမဟုတ်ပါဘူး” ဆိုတဲ့ အောင်လ Posted by admin Un...

ပြည်ပ​လေ​ကြောင်းလိုင်း​တွေပြန်လည်ပြေးဆွဲတာကို ဒီကနေ့စတင် လုံခြုံ​ရေးအာမခံနိုင်ချက်ရှိမှသာ ခရီးသွားလုပ်ငန်းပွင့်မယ်လို့လု...
17/04/2022

ပြည်ပ​လေ​ကြောင်းလိုင်း​တွေပြန်လည်ပြေးဆွဲတာကို ဒီကနေ့စတင်

လုံခြုံ​ရေးအာမခံနိုင်ချက်ရှိမှသာ ခရီးသွားလုပ်ငန်းပွင့်မယ်လို့လုပ်ငန်းရှင်အချို့သုံးသပ်

ဒီက​နေ့ ဧပြီ(၁၇)ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်ကစပြီး ကိုဗစ်နဲ့အာဏာသိမ်း အခြေအနေကြား ၂နှစ်ကျော် ပိတ်ထားခဲ့တဲ့ မြန်မာပြည်တွင်း ပြည်ပ​လေ​ကြောင်းလိုင်း​တွေပြေးဆွဲတာကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ဒီက​နေ့​မှာ​တော့ စင်ကာပူက​နေ မြန်မာကို စီးပွားဖြစ်​လေ​ကြောင်းလိုင်း ပထမဆုံးပြန်​ပြေးဆွဲတယ်လို့ စစ်​ကောင်စီရဲ့ နိုင်ငံခြား​ရေးဝန်ကြီးဌာနက​နေ ထုတ်ပြန်လာပါတယ်။

ခရီးသည်စုစု​ပေါင်း (၁၂၄) ဦးလိုက်ပါလာတဲ့ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း (Myanmar National Airlines _ MNA) ဟာ စင်ကာပူနိုင်ငံက​နေ ရန်ကုန်ကိုဆိုက်ရောက်တာလို့ဆိုပါတယ်။

ပြည်ပက​နေ မြန်မာပြည်တွင်းကိုဝင်​ရောက်လာမယ့် ခရီးသည်​တွေအ​နေနဲ့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကအသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး (၁၀)မျိုးထဲက တစ်မျိုးမျိုးကို မြန်မာနိုင်ငံကိုဆိုက်ရောက်တဲ့နေ့ရက် မတိုင်မီ လွန်ခဲ့တဲ့ (၁၄)ရက်ကျော်ထဲက အကြိမ်ပြည့်ထိုးနှံထားပြီးတဲ့ သက်သေခံလက်မှတ်အပြင် (၇၂)နာရီအတွင်း စစ်​ဆေးထားတဲ့ ကိုဗစ်ကင်းရှင်း​ကြောင်း ဓါတ်ခွဲအ​ဖြေလိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြည်ပ လေကြောင်းလိုင်းတွေပြန်လည်ဖွင့်လှစ်ပေမဲ့ လက်​တွေ့မှာ​တော့ အာဏာသိမ်း​နောက်ဆက်တွဲအ​ခြေအ​နေ​ နဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ့ခရီးသွားလမ်းညွှန်တချို့မှာ မြန်မာကို အန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအတွက် ပြည်ပခရီးသွား၀င်​ရောက်ဖို့ ​မျှော်လင့်လို့မ​ရ​သေးဘူးလို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

crd

ကိုဗစ်နဲ့ အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ ရန်ကုန်မြို့လယ်ခေါင်က ရုပ်ရှင်ရုံတွေကို ဒီကနေ့ဧပြီ (၁၇)ရက်မနက်ပိုင...
17/04/2022

ကိုဗစ်နဲ့ အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ ရန်ကုန်မြို့လယ်ခေါင်က ရုပ်ရှင်ရုံတွေကို ဒီကနေ့ဧပြီ (၁၇)ရက်မနက်ပိုင်းတွေ့မြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုမြန်မာနှစ်ဆန်းတစ်ရက်ကစကာ ရုပ်ရှင်ရုံတွေကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာထားခဲ့ပြီး ဒီကနေ့မှာရုပ်ရှင်ရုံတချို့ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

ရုပ်ရှင်ရုံတွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ပြန်လည်ဖွင့်လှစ်ကြောင်း ကြော်ငြာ‌ထားပေမဲ့ လာရောက်ကြည့်ရှုသူမတွေ့ရတဲ့ အခြေအနေရှိတယ်လို့ ရုပ်ရှင်ရုံအနီးနေထိုင်သူတချို့က ကိုပြောပြပါတယ်။
crd

စစ်ကောင်စီ၏ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်၊ မဏ္ဍပ်ဖြုတ်သိမ်းလိုက်ရပြီး  စစ်တပ်...
15/04/2022

စစ်ကောင်စီ၏ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်၊ မဏ္ဍပ်ဖြုတ်သိမ်းလိုက်ရပြီး စစ်တပ်နှင့်ရဲ ထပ်မံ ပစ်ခတ်ရန် တာစူ

ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ မြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်း စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်ဖြစ်ပွားသဖြင့် မြို့နယ်သင်္ကြန်မဏ္ဍပ်ကို ဖြုတ်သိမ်းလိုက်ရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

"ဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ ဒလမြို့နယ် ဗဟိုမဏ္ဍပ်မှာ စစ်သားနဲ့ရဲအချင်းချင်းစကားများရန်ဖြစ်ကြတယ်။ ပစ်ခတ်မှုဖြစ်တယ်။ သေနတ်သုံးချက်ဖောက်တယ်။ ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ သီရိဇေယျနော်ရထာခန်းမ မျက်နှာချင်းဆိုင်ဖြစ်နေတော့ အချင်းချင်း ပစ်ခတ်ဖို့ တာစူနေကြတာ။ အချင်း ချင်းဆော်တော့မယ်သဘောတွေဖြစ်ကုန်တာ။ မူးပြီး ရန်ဖြစ်တာလို့ ပြောတယ်" ဟု ဒလသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်နှင့်ရဲ ရန်ဖြစ်မှုကြောင့် ဒလမြို့နယ် ဗဟိုမြို့နယ် သင်္ကြန်မဏ္ဍပ်ကို ဖြုတ် သိမ်းလိုက်ပြီး စစ်သား အများအပြား အစောင့်ချထားကြောင်း သိရှိရသည်။

"သင်္ကြန်မဏ္ဍပ်ဖြုတ်လိုက်ပါပြီ။ မနက်ဖြန် မရှိတော့ဘူး။ မဏ္ဍပ် ဖြုတ်သိမ်းလိုက်တာက ခု ညနေ မှ ဖြစ်တာစစ်သား တွေ ထိပ်မှ အများကြီး စောင့်နေကြတယ်" ဟု အခြားဒလမြို့ခံ သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နေ့လယ်ပိုင်း မြင်ရသည့် ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်။
crd

ယနေ့ သင်္ကြန် အကြတ်နေ့ ရန်ကုန်ဆူးလေ ဘုရား အနီး မြင်ကွင်းများcrd
15/04/2022

ယနေ့ သင်္ကြန် အကြတ်နေ့ ရန်ကုန်ဆူးလေ ဘုရား အနီး မြင်ကွင်းများ
crd

ရန်ကုန်သင်္ကြန်လူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေ ၊ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော  ဖောကား...
13/04/2022

ရန်ကုန်သင်္ကြန်လူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေ ၊ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော ဖောကား ၄ စီး၊ ဟိုက်ဂျက်ကား ၃ စီး အကြိမ်ကြိမ် ရေပက်ခံပြနေမှုကို ထုတ်လွှင့်နေ

ရန်ကုန်၊ ဧပြီ ၁၃

ယနေ့ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးများတွင် လူသူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

"ကျနော် လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ ပတ်လာတာ လူကိုမရှိဘူး လမ်းပေါ်မှာ။ ဆူးလေပတ်ဝန်းကျင်ကတော့ ပတ်ပတ်လည် အကုန်လမ်းတွေပိတ်ဆို့ထားတယ်။ ရေပက်ခံကားလည်းမတွေ့ဘူး။ ရေပက်သူလည်းမရှိဘူး။ အသံတိတ်သပိတ်တုန်းကလို မြို့ကြီးက ခြောက်ကပ်နေတာ" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ရုပ်မြင်သံကြားလိုင်းများတွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသ နေပြီး အဆိုပါ မြို့တော်ဝန်မဏ္ဍပ်ရှေ့တွင် လူတချို့တင်ဆောင်လာသော ဖောကား အဖြူ ၄ စီး ၊ ဟိုက်ဂျက်ကား အဖြူ ၃ စီးမှာ အကြိမ်ကြိမ် မြို့တော်ဝန်မဏ္ဍပ်ရှေ့ ဖြတ်သန်း ရေပက်ခံနေမှုကို မြင်တွေ့ရကြောင်း ပြောဆိုသည်။

"ဘာရယ်မဟုတ် TV ဖွင့်ပြီး ထိုင်ကြည့်နေတာ မြို့ တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖောကား ၄ စီးနဲ့ ဟိုက်ဂျက် ၃ စီးလောက်က အကြိမ်ကြိမ် ဖြတ်ပြပြီး လူရှိသလို လုပ်နေတာ။ ချမ်းသေလောက်တယ်။ စည်ပင်ဖောကား တွေဖြစ်ဖို့များတယ်" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။
crd

မြန်မာပလာဇာမှာရှိတဲ့ ဟယ်ရီဘားဖောက်ခွဲခံရဒီကနေ့ ဧပြီ (၁၁)ရက် ညနေ (၅)နာရီဝန်းကျင်မှာတော့ ရန်ကုန်၊ ဗဟန်းမြို့နယ် မြန်မာပလာဇ...
11/04/2022

မြန်မာပလာဇာမှာရှိတဲ့ ဟယ်ရီဘားဖောက်ခွဲခံရ

ဒီကနေ့ ဧပြီ (၁၁)ရက် ညနေ (၅)နာရီဝန်းကျင်မှာတော့ ရန်ကုန်၊ ဗဟန်းမြို့နယ် မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ ဟယ်ရီဘား(Harry's Bar)မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒီပေါက်ကွဲမှုမှာ လူထိခိုက်တာမရှိဘဲ ဘားဆိုင်ရဲ့ မှန်တွေသာကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာခဲ့ပြီး ည (၇)နာရီဝန်းကျင်အထိ ဆက်ရှိနေဆဲလို့သိရပါတယ်။

"Harry's Bar နားမှာ စကစ DC ၇စီးရပ်ထားတယ်။ရန်ရှင်းလမ်းထဲမှာလည်း DC ၁စီးရပ်ထားတယ်။ အစစ်အဆေး‌မရှိတော့ဘူးဗျ။ ဒါပေမဲ့ ညနေ ၆ခွဲလောက်ကတော့ ‌ကောင်လေးတစ်ယောက်ကိုလာဖမ်းသေးတယ်၊ လွတ်သွားတယ်။ ဒီကိစ္စနဲ့ဆက်စပ်လို့ဖမ်းတာလားဘာလဲဆိုတာတော့မသိဘူး"လို့ ဗဟန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဆရာစံအနောက်မြောက်ဘက်မှာရှိတဲ့ ဇဝနသီဟလမ်းမှာ အခုလိုလူငယ်တစ်ဦးကိုလာရှာတဲ့ဖြစ်စဉ်ဆက်ရှိခဲ့တာလို့ဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ရဲ့နေရာအချို့မှာပေါက်ကွဲတာနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်းလုံခြုံရေးတိုးမြှင့်ချထားတဲ့ အခြေအနေရှိနေပါတယ်။

ပုံစာ - ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ‌ဟယ်ရီဘားမြင်ကွင်း။
ဓာတ်ပုံ - CJ
crd

ယူကရိန်း အရှေ့ခြမ်း နီပရို Dnipro မှာ စစ်သင်တန်း ဆင်းကာစ စစ်သားလေးတွေ ရှေ့တန်းထွက်ဖို့ရာ ရထားဘူတာရုံမှာ သူတို့ရဲ့ ချစ်သူ...
11/04/2022

ယူကရိန်း အရှေ့ခြမ်း နီပရို Dnipro မှာ စစ်သင်တန်း ဆင်းကာစ စစ်သားလေးတွေ ရှေ့တန်းထွက်ဖို့ရာ ရထားဘူတာရုံမှာ သူတို့ရဲ့ ချစ်သူတွေကို နှုတ်ဆက်နေကြတဲ့ ပုံရိပ်တွေပါ။ နီပရိုဟာ အခုရက်တွေမှာ ရုရှားရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ တိုးမြှင့်ခံနေရတဲ့ အတွက် မြို့ကာကွယ်ရေး အတွက် ယူကရိန်းဘက်က အင်အားဖြည့်တင်း နေရပါတယ်။

နီပရို လေဆိပ်နဲ့ လေဆိပ်တဝိုက် အခြေခံ အဆောက်အဦးတွေ အားလုံး ရုရှားရဲ့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီလို့ နီပရိုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ယူကရိန်း သမ္မတ ဇလန်စကီးက အရှေ့ဘက်နယ်တွေကို ရုရှားက ပိုကြီးမားတဲ့ စစ်ဆင်ရေးတွေနဲ့ တိုးမြှင့် တိုက်ခိုက်လာလိမ့်မယ် ဆိုပြီး သတိပေးပါတယ်။

“ရုရှားတပ်တွေ ယူကရိန်းကို ပစ်ခတ်ခဲ့တဲ့ မစ်ဆိုင်းဒုံးကျည် စင်းရေပေါင်း နှစ်ထောင်နီးပါး ရှိပါပြီ။ လေကြောင်းတိုက်ခိုက်တာတွေ၊ တခြား လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကတော့ မရေမတွက်နိုင်အောင် ဖြစ်ပါတယ်။ အခုသီတင်းပတ် မှာလည်းပဲ ဆက်ပြီး ပြင်းထန် နေဦးမှာ ဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း အရှေ့ဘက်ခြမ်းမှာ ပိုပြီး ကြီးမားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ် လာလိမ့်မယ်” လို့ သမ္မတဇလန်စကီးက ဆိုပါတယ်။

အိန္ဒိယ မှာ ပေ ၆၀ ရှည်တဲ့သံ တံတား တစ်စင်းလုံးဖြုတ်ပြီးခိုးယူမှု အတွက် ဖမ်းဆီးခံရသူရှစ်ဦးမှာ ရေအရင်းအမြစ် ဌာန လက်ထောက် အင...
11/04/2022

အိန္ဒိယ မှာ ပေ ၆၀ ရှည်တဲ့သံ တံတား တစ်စင်းလုံးဖြုတ်ပြီးခိုးယူမှု အတွက် ဖမ်းဆီးခံရသူရှစ်ဦးမှာ ရေအရင်းအမြစ် ဌာန လက်ထောက် အင်ဂျင်နီယာ တစ်ဦး ပါဝင်..............
နယူးဒေလီ ၊ ဧပြီ ၁၁

အိန္ဒိယ နိုင်ငံ ဘီဟာ ပြည်နယ် ရိုတာ့စ် ဒေသရှိ ပေခြောက်ဆယ် ရှည်တဲ့သံ တံတား တစ်ခုလုံး ဖြုတ်ခိုး ယူ မှု အတွက် ဖမ်းဆီးခံထားရသူများ အနက် ရေအရင်းအမြစ် ဌာန က လက်ထောက်အင်ဂျင်နီယာ တစ်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ ကပြောကြားပါတယ်။

တံတား ကိုဖြုတ်ပြီး ခိုးယူ သွားတဲ့ သံထည် တန်ချိန် ၅၀၀ အနက် ကီလို ရာနဲ့ချီ တဲ့ သံထည်များ ကို ပြန်ရှာတွေ့ထားကြောင်း ရဲတပ်ဖွဲ့ ကပြောကြားသည်။

crd

ရန်ကုန်၊ စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurant တွင် စစ်တက္ကသိုလ် အပတ်စဉ်...
03/04/2022

ရန်ကုန်၊ စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurant တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ တွေ့ဆုံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ ပြီး အရာရှိဟောင်းတချို့နှင့်စစ်သားတချို့ထိခိုက်သေဆုံးနိုင်

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurantတွင် စစ်တက္ကသိုလ် အပတ် စဉ် ၂၆ အရာရှိဟောင်း တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းပြုလုပ်နေစဉ် ဗုံးခွဲတိုက် ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ TK House ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှစတင် ၍ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ ကျောင်းဆင်း အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပ​နေစဥ် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်မှတ်တမ်းရုံးမှ ဗိုလ်ချုပ် မန်းညို ဦးဆောင်သော Intake 26 အဖွဲ့က သောက်စားပျော်ပါး​နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"TK HOUSE အရှေ့မှာ ဗုံးခွဲခံရတယ်။ လူနာတင်ကားတွေရော၊ ရဲကားတွေရော စစ်ကားတွေရော ရောက်လာတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရသော TK House ဆိုင်မှာ ဗိုလ်မှူးချုပ်တင့်ဆန်းပိုင်ဖြစ်ပြီး သည် ၎င်းသည် စစ်တပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရှိရသေးဘဲ အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းလျက်ရှိသည်။

ဓာတ်ပုံ- အာရှတော်ဝင်ဆေးရုံရှေ့၊ ပန်းလှိုင်လမ်းထိပ်တွင် TK HOUSE ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကား၊ ရဲကားများ ရောက်ရှိနေစဉ်။

Photo - CJ
crd KT

ဒဂုံတက္ကသိုလ်ဝင်ခွင့်ရစာရင်းများ တရားမဝင်ကြောင်း ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာ======================စစ်ကေ...
03/04/2022

ဒဂုံတက္ကသိုလ်ဝင်ခွင့်ရစာရင်းများ တရားမဝင်ကြောင်း ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာ
======================

စစ်ကောင်စီလက်အောက်ခံ ပညာရေးအဖွဲ့စည်းများမှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့်စာရင်းများ တရားမဝင်ကြောင်း ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာလိုက်သည်။

ယခုကာလအတွင်း စစ်ကောင်စီမှထုတ်ပြန်လျက်ရှိနေသည့် ဒဂုံတက္ကသိုလ်ဝင်ခွင့်ရစာရင်းများနှင့် ပတ်သက်ပြီး စစ်ကျွန်ပညာရေးတွင် ဝင်ခွင့်ရသည့် ကျောင်းသားကျောင်းသူများစာရင်းကို တရားမဝင် ကြောင်း ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြေညာလိုက်ကြောင်း အဆိုပါကောင်စီမှ ကျောင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုမင်းဟန်ထက်ပြောသည်။

“ဒီနေရာမှာတော့ နှစ်ပိုင်းခွဲပြီးပြောရမှာဖြစ်ပါတယ်။ တစ်ခုက ၂၀၂၀ မှဝင်ပြီးတော့ ဖြေခဲ့တာဖြစ်တဲ့ အတွက် အဲ့အခါတုန်းက သပိတ်မှောက်ဖို့မလိုဘူးပေါ့။ အဲဒါက တရားဝင်တယ်လို့ ကျနော်တို့အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီရလဒ်ကိုယူပြီးတော့ လက်ရှိအချိန်စစ်ကောင်စီလက်အောက်က စစ်ကျွန်ပညာ‌ရေးမှာ ဝင်ခွင့်လျှောက်မယ်၊ တက္ကသိုလ်တက်ကြမယ်ဆိုတာကတော့ တရားဝင် ဖြစ်တယ် လို့ ယူဆလို့မရပါဘူး။ အဲ့ဒီအတွက် ဒါကိုထုတ်တာပါ” ဟု ၎င်းကဆိုသည်။

တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွင်ပါဝင်သည့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း စစ်ကျွန် ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းအပ်ခြင်း၊ ကျောင်းတက်ခြင်းမပြုကြရန်လည်း တက္ကသိုလ် ကောင်စီက ညွှန်ကြားထားသည်။

ယာယီတက္ကသိုလ်အုပ်ချုပ်ရေး‌ကောင်စီများသည် ဆရာဆရာမကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ ဝန်ထမ်းသမဂ္ဂကိုယ်စားလှယ်များပါဝင်ပြီး အမျိုးသားညီညွတ်‌ရေး အစိုးရနှင့် ချိတ်ဆက်ထားသည်။ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့် စာရင်းများ နှင့် ပတ်သက်ပြီး တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီများက တရားမဝင်ကြောင်း သဘောထား ကြေညာချက်များထုတ်ပြန်လာကြသည်ကိုတွေ့ရသည်။ ဧပြီ ၂ ရက်ကလည်း မန္တလေး ရတနာပုံ တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထား သူများအား တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် တက္ကသိုလ်များကိုလာမည့် မေလ ၁၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှ သတင်းထုတ်ပြန်ထားပြီး လက်ရှိအချိန်တွင် တက္ကသိုလ်အလိုက် ဝင်ခွင့်ရစာရင်းများကိုထုတ်ပြန်ကြေညာလျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပညာရေးအခန်းကဏ္ဍတွင်ပါဝင်သည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများက အကြမ်းမဖက်အာဏာဖီဆန်သည့်အနေဖြင့် ကျောင်းမတက်ခြင်းဖြင့် သပိတ်မှောက်လျက်ရှိနေကြသည်။
crd

ယနေ့ နံနက် ၉ နာရီက စပြီး တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ဖြေဆို...............မတ်လ ၃၁ယနေ့ နံနက် ၉ နာရီကစပြီးတော့ တက္ကသိုလ် ဝ...
31/03/2022

ယနေ့ နံနက် ၉ နာရီက စပြီး တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ဖြေဆို...............
မတ်လ ၃၁

ယနေ့ နံနက် ၉ နာရီကစပြီးတော့ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွေ စတင် ဖြေဆိုနေပြီ ဖြစ်ပါတယ်.

ယနေ့ မတ် ၃၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၁ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သချာင်္ဘာသာ ဖြေဆိုမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်၊ဧပြီ ၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြမှာ ဖြစ်ပါ
crd

မန္တလေးမြို့၊ ဇွဲထက်ရွှေဆိုင် ၂ ခု အနီး ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရ၊ ရွှေဆိုင်များအားလုံးပိတ်ကုန်ရန်ကုန်၊ မတ်...
30/03/2022

မန္တလေးမြို့၊ ဇွဲထက်ရွှေဆိုင် ၂ ခု အနီး ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရ၊ ရွှေဆိုင်များအားလုံးပိတ်ကုန်

ရန်ကုန်၊ မတ် ၃၀

မန္တလေးမြို့ ၊ ၈၄ လမ်း၊ ၃၀ လမ်း ရှိ ဇွဲထက်ရွှေဆိုင်နှင့် ၆၂ လမ်းရှိ ဇွဲထက်ရွှေဆိုင်တို့ တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

"ဗုံးပေါက်တာက ရွှေဆိုင်နားမှာလို့ပြောတယ်။ ထိသွားတာက ၁၅ ဦးလောက်ရှိမယ်။ လူနာတင်ကားတွေ တော့တောက်လျှောက်ပဲ။ သေဆုံးသူတော့ မရှိဘူးလို့ သိရတယ်။ လက်တွေ ခြေထောက်တွေမှာ ဗုံးစမှန်တာများတယ်ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေး၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင်အနီးတွင်လည်း ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲပြီး ကားတစ်စီး မှန်ကွဲသွားကြောင်း သိရှိရသည်။

လက်ရှိတွင် မန္တလေးရှိ ဇွဲထက်ရွှေဆိုင်များအားလုံး ဆိုင်ပိတ်ထားလိုက်ကြပြီး အခြားသော ရွှေဆိုင်များလည်း ဆိုင်ပိတ်နေကြပြီဟု သိရှိရသည်။

ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုသည် မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိ ရှိရသေးဘဲ စစ်ကောင်စီတပ်များနှင့်ပျူစောထီးများကလည်း လူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား အမြင်လွဲစေရန် အများပြည်သူဆိုင်ရာနေရာများကို ဗုံးဖောက်ခွဲမှုများ ရှိလာနေကြောင်း တော်လှန်ရေးရဲဘော်တချို့က ဆိုကြသည်။

ဓာတ်ပုံ- ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော ဇွဲထက်ရွှေဆိုင်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Daily News-မြန်မာနေ့စဥ်သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share