SAP

06/12/2021

တရားကို နတ်စောင့်တယ် ဆိုတယ်
ဘယ်မှာ လဲ 😠😠😠😠😠အဲ့ နတ်
လူဆိုရင် မေးမေးပီး စောက်ခွက်ရိုက်တယ်

မအေလိုးတွေ ယူနီဖောင်းမြင်သမျှ မင်းတို့ရုပ်လို့ကိုသတ်မှတ်ပီးး ရတေဲ့နည်းလမ်းနဲ့ တော်လှန်သွားမေ အလှည့်ကျရင် အမိန့်ရပါ ဆိုတာ...
05/12/2021

မအေလိုးတွေ ယူနီဖောင်းမြင်သမျှ မင်းတို့ရုပ်လို့ကို
သတ်မှတ်ပီးး ရတေဲ့နည်းလမ်းနဲ့ တော်လှန်သွားမေ
အလှည့်ကျရင် အမိန့်ရပါ ဆိုတာ မပြော ကျေး😌
မအေလိုးတွေ

04/12/2021

ဒေါက်တာ ဆာဆာ ပို့စ် ရဲ့အောက်က ကွန်မန့် သဘောကျလွန်း၍ ကူးယူဖော်ပြပါသည်

အာဏာကို လက်နက်အားကိုးနဲ့
သိမ်းခဲ့ပြီး ယခုတော့ တိုင်းပြည်စုတ်
ပြတ်သတ်သွားခဲ့ပြီ၊

တကယ်တော့....
ကိုယ့်လုပ်ရပ်မှန်တယ် ထင်ရင်
ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို
အကြမ်းဖက် ဖြိုခွဲစရာ မလိုဘူး။
ကျည်အစစ်တွေ သုံးပြီးလည်း
ပစ်နေစရာ မလိုဘူး။

ငါတို့က နိုင်ငံအတွက်
ကောင်းဖို့ လုပ်နေတာ ဆိုရင်
မီဒီယာကိုလည်း ကြောက်နေစရာ မလိုဘူး။
Phoneတွေ ကိုလည်း ကြောက်စရာမလို သလို
အပြစ်မရှိ အပြစ်ရှာ
ဘယ်အစိုးရမှ မလုပ်တဲ့ ပုံစံမျိုးသုံးပြီးမှ
စစ်စရာလည်း မလိုပါဘူး။

ငါတို့က ဒီမိုကရေစီကို လိုလားတယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ် ဆိုရင်လည်း
ဆက်သွယ်ရေးကွန်ယက်တွေ ပိတ်စရာ မလိုဘူး ။
ဖုန်း လိုင်းတွေ WiFi တွေ ဖျက်စရာ မလိုဘူး။
သတင်းမှန်ကန်ရေး PSI စလောင်းတွေ သိမ်းဖြုတ်လုပ်စရာမလိုဘူး

ပြီးတော့
ငါတို့ လုပ်သမျှ
အောင်မြင်နေတယ်ထင်ရင်
ပြည်သူကို အကျိုးမပြုတဲ့ ဥပေဒေတွေ ထုတ်စရာ မလိုသလို.လူတွေကို ပစ်သတ်စရာ မလိုဘူး။
သေသွားတဲ့ပြည်သူ အလောင်းတွေကို လုစရာမလိုဘူး။

ငါတို့လုပ်သမျှ
ပြည်သူ အပေါ် စေတနာ ထားပြီးမှ
လုပ်နေတယ်လို့ ယူဆရင်
နိုင်ငံတကာကနေ ဗုံးကျဲမှာ စိုးလို့
ဆေးရုံတွေ၊ ကျောင်းတွေမှာ ကုတ်ကတ်နေစရာ မလိုဘူး။

ပြောချင်တာက လုပ်ရပ်ကမမှန်၊
စေတနာက မပါ။
ပြည်သူ အပေါ်
လက်နက်အားကိုးနဲ့ အနိုင်ကျင့် သတ်ဖြတ်တာကလွဲလို့
နိုင်ငံကို အုပ်ချုပ်ဖို့
ဘာအရည်အချင်းတွေများ ရှိလို့
အာဏာလုရတာလဲ။

တစ်လတစ်ကြိမ် ပုံမှန် ဖွင့်ရမယ့်
ထီတောင်
မရောင်းတတ်ပဲ
နိုင်ငံ တိုးတက်အောင် ဘယ်လို စိတ်ကူးတွေနဲ့ လုပ်မှာလဲ။

လက်နက်ကိုင်ပြီးမှ
လုပ်ချင်ရာ လုပ်။
စိတ်ကူးထဲ ပေါ်သမျှ အတွေးတွေကို
ဥပဒေလို့ ပြောပြီး လုပ်ချင်ရာ လုပ်။
ဖမ်းချင်သလို ဖမ်း။
သတ်ချင်သလို သတ်။
ဖျက်ဆီးချင်သမျှ ဖျက်ဆီးနေတာ
ခုဆိုရင် တနှစ်ပြည့်တော့မယ်

သေနတ်ကြီးတွေ ကိုင်ပြီး လုပ်ခွင့် ရနေတာတောင်
ဘာများ အောင်မြင်အောင် စွမ်းဆောင်နိုင်လို့လဲ။

တိုင်းပြည် အုပ်ချုပ်ဖို့ ဆိုရင်
ပြည်သူအပေါ် မေတ္တာ စေတနာ ထားပြီး
ရင်ဝယ် သားလို သဘောထားရတယ် ဆိုတာရော သိကြလို့လား။

ခုတော့
လုပ်ချင်တာက ဘုရင်။
လုပ်နေတာ အကြမ်းဖက် လူသတ်သမား။

နိုင်ငံနဲ့ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းချပြီးမှ
မအောင်မြင်တဲ့ ကိစ္စရပ် တွေ နဲ့
လူသတ်တဲ့ အလုပ်တွေချည်း လုပ်နေပြီး
နိုင်ငံတိုးတက်အောင်
ဝိုင်းဝန်းကြိုးပမ်းကြဖို့
ပြည်သူတွေကို ဘယ်လိုစည်းရုံးကြမှာလဲ။

အရည်အချင်း မရှိပဲ
လက်နက်ရှိရင် လူသတ်ပြီးမှ
နိုင်ငံ့ခေါင်းဆောင် လုပ်လို့ ရမယ် ထင်နေတဲ့ စိတ်ကူးတွေကို ရပ်ပေးပါ။

လူစိတ် ရှိနေသေးရင်
ငါတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်
တိုင်းပြည် ဘယ်လို ဖြစ်နေပြီလဲ ပြန်ကြည့်ပေးပါ။

လူသတ်ပြီး ထီးနန်း လုယူမယ်။
ပုန်ကန်သူ မှန်သမျှ သတ်ဖြတ်ပြီး
ဘုရင် လုပ်မယ် ဆိုတဲ့
အတွေးမျိုးကတော့
ပဒေသရာဇ် ခေတ်နှောင်းပိုင်းမှာပဲ ကောင်းပါတယ်။
မှတ်တမ်း မှတ်ရာ မှန်သမျှ မီးရှို့ဖျက်ဆီးပြီး
ငါ ဘုရင် ငါ ရေးချင်ရာ ရေးပြီး ထားခဲ့မယ်။
ငါစိတ်ကြိုက် ရေးထားတာတွေကို နောက်လာ နောက်သားတွေ သမိုင်း အဖြစ် ဖတ်စေ ဆိုပြီး လုပ်လို့ ရပါတယ်။

ခုလို အိုင်တီခေတ်ကြီးထဲမှာတော့
လူတွေ အများကြီး သတ်ပြီးမှ
ဘုရင် လုပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့သလို
ပြည်သူတွေအားလုံးကလည်း လုံးဝ လက်ခံကြမှာ မဟုတ်တော့ပါဘူး။

ပြည်သူတွေကတော့
အနာဂတ်တွေ အတွက်
ရေကုန် ရေခမ်း ဆက်လက် တိုက်ပွဲ ဝင်သွားကြမှာပါ။

အားလုံးရဲ့ အနာဂတ်တွေ အတွက်ပါပဲ။

အရေးတော်ပုံ အောင်ရမည်။
စစ်အာဏာရှင် စနစ် အပြီးအပိုင် ကျဆုံးစေရမည်။

အရေးတော်ပုံအောင်ရမည်။
စစ်အာဏာရှင်စနစ်ကျရှုံးရမည်။

01/12/2021

တချို့က
ကြက်သားဟင်းကို ကြွားနေကြတယ်။
တချို့က
ဖက်များခင်းလို့ စားနေရတယ်။

တချို့က
စျေးတက်လို့ မုန်းနေကြတယ်။
တချို့က
ကလေးလက်ဆွဲလို့ ပုန်းနေရတယ်။

တချို့က
ရည်းစားနဲ့ အချစ်တွေပွါးနေကြတယ်။
တချို့က
မငြီးတွားဘဲ မျှစ်တွေစားနေရတယ်။

တချို့က
အမျိုးနဲ့အဆွေနဲ့ လွမ်းနေကြတယ်။
တချို့က
မိုးထဲရေထဲ လှမ်းနေရတယ်။

တချို့က
အိပ်ယာခင်းပြီး မိုက်နေကြတယ်။
တချို့က
သိက္ခာရင်းပြီး တိုက်နေရတယ်။

ကြိတ်ခါရှင်းလို့ မရတဲ့အချိန်မို့
ဘာဖြစ်ဖြစ်ငါ့လိပ်ပြာတော့လုံပါရစေ။ ။

01/12/2021

PDF များကိုစိန်ခေါ်ခဲ့တဲ့

ရေစကြိုဒလန် သိန်းမြင့်

ပစ်သတ်ခံရ 😁😁😁🤭👇🏻👇🏻👇🏻

01/12/2021

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁)
၁၃၈၃ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၃) ရက်
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ဥပဒေကဲ့သို့ အာဏာတည် သော အောက်ပါ အမိန့် ကို ထုတ်ပြန်လိုက်သည်။

၁။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအပေါ် လက်နက်ဖြင့် ဥပဒေမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက် နှိမ်နင်းခြင်း များဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ခေါ် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ (“အကြမ်းဖက်စစ်ကောင်စီ” ဟု ညွှန်းမည်) အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၁-၃-၂၀၂၁ နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အမိန့်နာခံ ဆောင်ရွက်နေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဝန်ထမ်း အကြီးအကဲ နှင့် ဝန်ထမ်းများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၄ တို့နှင့် ငြိစွန်း နေကြောင်းထင်ရှားပါသည်။

၃။ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ ဦးဆောင် ညွန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၁ ခု ဇွန်လ ၁၀ ရက်တွင် အမိန့် ပေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မများ နှင့် ညိစွန်းနေကြောင်းထင်ရှားခြင်း တို့ကြောင့် ၎င်း၏ ရာထူးတာဝန်မှ ရပ်စဲကြောင်းကို အမျိုးသားညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၁၄-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၁ ဖြင့်ထုတ်ပယ်ခဲ့ခြင်း ကို ထပ်မံ အတည်ပြုသည်

၄။ သို့ဖြစ်၍ နိုင်ငံတော်၏ ကိုယ်စားချုပ်ဆိုခဲ့သော ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စာချုပ်များတွင် ပါရှိသော ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုကို ဤဥပဒေကဲ့သို့ အာဏာတည် သော အမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရ အဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နှင့် ၄င်းက တာဝန်ပေးအပ်သူအား နိုင်ငံတော်၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ်စာတမ်းများ ချုပ်ဆိုတာဝန်ယူရန် တာဝန်ပေးအပ် လိုက်သည်။

၆။ ဥပဒေကဲ့သို့ အာဏာတည်သော ဤအမိန့် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှ စ၍ အာဏာတည်ရမည်။

ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ

အာဏာတည်သောအမိန့်

(၁/၂၀၂၁)ကိုထုတ်ပြန်လိုက်သည်💖💪👇

မနေ့က တရားရုံးမှာ အမေစုကိုတရားသူကြီးက မေးတယ်... "NUG .က ဦးဝင်းမြင့်ကို သမ္မတ -DASSK ကို အတိုင်ပင်ခံ အဖြစ် ခန့်ထားတာ သိသလ...
30/11/2021

မနေ့က တရားရုံးမှာ အမေစုကို
တရားသူကြီးက မေးတယ်...

"NUG .က ဦးဝင်းမြင့်ကို သမ္မတ
-DASSK ကို အတိုင်ပင်ခံ အဖြစ်
ခန့်ထားတာ သိသလား" တဲ့

ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က...

"နဂိုကတည်းက
ပြည်သူက အသိအမှတ်ပြုထားတာ
ဦးဝင်းမြင့်က သမ္မတ
ကျမက အတိုင်ပင်ခံ ပဲလေ" လို့
ဆိုလိုက်တော့...

တရားသူကြီးက ဆက်မေးမယ်...

"ဒါဆို CRPH တို့ NUG ဆိုတဲ့ အဖွဲ့
တွေကို သိသလား...? အသိအမှတ်ပြု
သလား..?" တဲ့

ထိုအမေးကို
ဒေါ်အောင်ဆန်းစုကြည်က...

"ကျမတို့ကို ဖမ်းထားပြီးမှ အဲဒီ့အဖွဲ့
တွေ ရှိလာတာဖြစ်လို့ ကျမကို မမေးပါနဲ့။
CRPH.NUG အဖွဲ့တွေကို
အသိအမှတ်ပြုလား...ဆိုတာ ပြည်သူ
တွေကို မေးကြည့်ပါ ။ ဒီမိုကရေစီဆို
တာ ပြည်သူကနေ ဖြစ်လာတာမို့
ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်"လို့
ပြန်ပြောလိုက်ပါတယ်...။

ကဲ မေးတဲ့ ကောင်
ဘာတတ်နိုင်သေးလဲ ..

ကိုယ်ပစ်လိုက်တဲ့ ခဲလုံး
ကိုယ့်နဖူးပဲ ပြန်ပြန်မှန်နေတော့...

ဂိန် -ဂိန် -ဂိန် -လို့သာ
အော်လိုက်တော့...

သွားမလုပ်နဲ့
အဲ့ဒါ ငါတို့ပြည်သူ့မိခင်ကွ 😊

❤❤❤❤❤❤❤❤

30/11/2021

အမေစု ICJသွားရှင်းတာလဲ ဒီသဘောပါဘဲ

လူက လူအလုပ်လူလုပ်ပါတယ်

ခွေးက ခွေးအလုပ်လုပ်ပါတယ်

မနှစ် က LA မှာ မိုးတွေ တအားရွာပြီး
LA မြစ်ထဲမှာ ရေတွေပြည့်သွားတယ်။
ရေစီးကလည်းသန်တာပေါ့။

အဲဒီအချိန်မှာ
TV မှာ Breaking News လာတော့ကြည့်လိုက်တာ
မီးသတ်သမားတွေ၊ ရဲတွေ
ဟယ်လီကော့ပတာတွေ၊မီဒီယာတွေ
အယောက်၁၀၀လောက်ရှိမယ်။

ရေမျောပါသွားနေတဲ့ခွေးတစ်ကောင်ကို
ဆယ်ဖို့ ကြိုးစားနေကြတာ။
မိုးထဲ၊လေထ ဲအလွန်ခက်ခက်ခဲခဲနှင့်
ရေစီးအတိုင်းအရှိန်ပြင်းထန်စွာ
မျောပါသွားနေတဲ့ ခွေးကို
မောင်းနေတဲ့ ဟယ်လီကော့ပတာ ပေါ်ကနေ
ကြိုးတန်းလန်းနဲ့ဆင်းလာတဲ့မီးသတ်သမားက ခွေးကို ပိုက်ကွန်နှင့် ပစ်ပြီးဖမ်းဖို့ လုပ်နေတယ်။

ကြည့်နေတဲ့လူသိန်းပေါင်းများစွာကလည်း
ခွေးအသက်ရှင်ဖို့
မီးသတ်သမားဘေးကင်းဖို့
ဆုတောင်းနေကြတယ်။

နာရီဝက်လောက်ကြာမှ ပိုက်ကွန်မှာ မိတယ်။
ခွေးကို အနီးကို ဆွဲယူပြီး ရင်ဘက်မှာ
ပွေ့ဖို့လုပ်တော့ ကြောက်နေတဲ့ခွေးက
စပြီးကိုက်တော့တာပဲ။

ခွေးကအကောင်ကြီးမျိုးဗျ။

မီးသတ်သမား၏နာကျင်စွာညည်းတွားသံကို
TV မှာကြားနေရတယ်
Radio. .ကနေအထက်အရာရှိက ပြောတယ်။

"မင်းသဘောပဲအကိုက်ခံရတာ
မခံနိုင်ရင်ပြန်လွှတ်ချလိုက်" တဲ့။

မီးသတ်သမားက ပြောတာက
ဒီလောက်နာရီဝက်ကြာ ခက်ခက်ခဲခဲ နှင့်
ကြိုးစားထားပြီးမှ ပြန်မချချင်ဘူးတဲ့။

ခွေးနှင့် လေပေါ်မှာ တွဲလောင်းကြီး
ရုန်းကန်နေကြတယ်။

ခွေးကသုံးလေးချက်ကိုက်တယ်။
မျက်နှာကိုမကိုက်မိရအောင်
လက်ကိုပေးကိုက်ထားတယ်။

ကြည့်နေတဲ့ လူတွေလည်း
ရင်တထိတ်ထိတ်နဲ့ပေါ့။

နောက်ဆုံး ခွေးက
ဟယ်လီကော့ပတာပေါ်ကို
ရောက်သွားတယ်။

အဲဒီ rescue operation အတွက်
ဒေါ်လာသိန်းချီပြီး ကုန်ကျသွားတယ်။

နောက်တပတ် လောက်ကြာတော့
မီးသတ်သမားကို ဂုဏ်ပြုပွဲလုပ်ကြတယ်။

မြို့တော်ဝန်တွေကအစ
တက်ရောက်ကြတဲ့ ဂုဏ်ပြုပွဲမှာ
သတင်းထောက်တစ်ယောက် ကမေးတယ်။

ဒီလောက်ကိုက်နေတဲ့ ခွေးကို
အသားအနာခံပြီးဘာဖြစ်လို့
ကယ်တာလဲတဲ့။

သူက ဘာပြောလဲဆိုတော့

"ခွေးအလုပ်ကကိုက်ရမယ့် အလုပ်
သူ့အလုပ်က အသက်ကယ်ရမယ့် အလုပ်
ခွေးအလုပ် ခွေးလုပ်ပြီး
လူ အလုပ်ကို လူလုပ်တာပါ" တဲ့။

တစ်ခါတစ်ရံ
လူတွေကိုကူညီပေးပေမယ့်
ကူညီတဲ့လူကိုကျေးဇူးတင်ဖို့
နေနေသာသာ

ပြန် ဒုက္ခပေးကြ၊ ဆဲကြ၊ ကိုက်ကြတဲ့
လူ့ခွေးတွေ ရှိနေပေမယ့်လည်း
ကူညီမှုကိုမရပ်ဆိုင်းလိုက်ပါနဲ့။

လူဟာလူ့အလုပ်လုပ်ပါ။
ခွေးဟာခွေးအလုပ်လုပ်ပါစေ။

လူသားပီသတဲ့ လူဟာ
သူတစ်ပါးအပေါ်မှာစာနာစိတ် ရှိပြီး
ဘယ်လိုအခြေအနေမျိုးမှာမဆို
တတ်နိုင်သလောက်ကူညီတတ်သူတွေ
ဖြစ်ကြပါတယ်။

Credit From
Feeling When I Do Good, I Feel Good Page
©

29/11/2021

PDF တွေအလှူခံတယ်တိုက်လဲမတိုက်ဘဲအလှူတွေချည်းခနခနခံနေတယ်လို့ပြောလို့
စကားနဲနဲပြောပါမယ်
pdfတွေမှာ local pdfနဲ့ Nugလက်အောက်ခံ pdfနှစ်မျိုးကွဲနေပါတယ်
NUGလက်အောက်ခံ pdfတွေတောင် NUGရဲ့ထောက်ပံမှုကိုအပြည့်အဝမရဘူး
pdfတွေမှာ ကျောင်းသား အလုပ်သမား ကုန်သယ်ပွဲစား ဆရာဝန် ပန်းရံသမား မော်ဒယ် လူတန်းစားပေါင်းစုံပါဝင်ပါတယ်
ချမ်းသာတဲ့ သူတွေကတော့ မိသားစုရဲ့ပံပိုးမှုနဲ့ အဆင်ပြေပေမဲ့ ချမ်းသာတယ်ဆိုရင်တောင်ရေရှည်အတွက်မလွယ်ကူလှပါဘူး အသင်းအဖွဲ့တစ်ခုလုံးအတွကိလဲမထောက်ပံနိုင်ပါဘူး
တော်လှန်ရေးကပါးစပ်ကအော်နေလို့မပြီးပါဘူး
တိုက်ချင်တိုင်းလဲတိုက်မရပါဘူး
မြန်မာ့GDPကျလာတာနဲ့ အမျှကုန်စျေးနှုန်းတွေတန်ဖိုးမြင့်တက်လာပါတယ် ကျနော်တို့လိုနယ်စပ်ဘက်တွေမှာဆို ကြက်ဥ3လုံး 500ပေးဝယ်နေရပါတယ် ဒီအခြေမျိုးတွေမှာ စီးပွားရေးမရှိတဲ့ pdfတွေအနေနဲ့ စားနပ်ရိက္ခာအတွက်ငွေကြေးလိုအပ်ပါတယ်အလှူခံကိုခံရမဲ့အခြေနေပါ
pdfတွေရပ်တည်နိုင်ဖို့အတွက်
ပထမအချက်အနေနဲ့ နေရာထိုင်ခင်းလိုပါတယ် အဲ့နောက်မှာ စားနပ်ရိက္ခာတွေ လိုက်ပါတယ် စားနပ်ရိက္ခာတွေ နောက်မှာဆေးဝါး ဆေးဝါးနောက်မှစစ်လက်နက်တစ်ဆင့်ချင်းသွားပါတယ်
မတိုက်သေးဘူးလားမပြောနဲ့ လက်နက်တွေမစုံသေးပါဘူး
ဒီလောက်ကြာနေပြီလက်နက်မစုံသေးဘူးလားမေးရင်
သေနက်တစ်လက်ရဖို့ ကျောက်ကပ်ထုတ်ရောင်းတောင်သေနက်စျေးကိုတိုးမပေါက်ပါဘူး
ခင်ဗျားတို့မြို့ပေါ်မှာ ဖုန်းလေးကိုင်
တော်လှန်ရေးလို့ထိုင်အော်နေရအောင်မလွယ်ကူလှဘူး အစားအသောက်အနေအထိုင်အဝတ်အစားအကုန်ခက်ခဲပါတယ် ပိုက်ဆံရှိရင်တောင်ရှိတိုင်းဝယ်လို့မရပါဘူး
ကျနော်တို့ တွေက ဘဝ အနာဂတ် မိသားစု ပညာရေး ချစ်သူ သူငယ်ချင်း အကုန်လုံးကိုပေးစပ်ထားတာပါ ဘယ်အထိ ဆက်ပြီးပေးစပ်ရအုံးမလဲကျနော်တို့မသိပါဘူး
ဘယ်သူကလုပ်ခိုင်းလို့လဲမေးရင်တော့မင်းဟာ စောက်ဂျပုနဲ့မထူးခြားနားသူတစ်ယောက်ပါဘဲ
ကျနော်တို့လုပ်နေတာ လူငယ်တာဝန်ကျေချင်လို့ပါ
ကျနော်တို့နောင်လာနောက်သားတွေအတွက်ပါ
ကျနော်တို့ရဲ့ မဟုတ်ရင်မခံချင်တဲ့စိတ်ကြောင့်ပါ
ခင်ဗျား တို့ကိုယ်တိုင်လာနေကြည့်ပါ
ခုဆိုကျနော်တို့မှာ အလှူငွေ တောင်းဖို့တောင်အားနာလာပြီ ..............

 : ထန်တလန်မြို့ လူနေအိမ်များ မီးထပ်ရှို့ခံရ--------ယနေ့ နို၀င်ဘာ ၂၄ ရက် ညနေပိုင်း ၂နာရီခန့်မှစ၍ ထန်တလန်မြို့ ဇုန်မွှန်ရပ...
24/11/2021

: ထန်တလန်မြို့ လူနေအိမ်များ မီးထပ်ရှို့ခံရ
--------
ယနေ့ နို၀င်ဘာ ၂၄ ရက် ညနေပိုင်း ၂နာရီခန့်မှစ၍ ထန်တလန်မြို့ ဇုန်မွှန်ရပ်ကွက်နဲ့ ကျောင်းလမ်းရပ်ကွက်အကြားတွင် နေအိမ်များ မီးလောင်နေပါတယ်။

မီး‌လောင်သွားသည့် နေအိမ်အရေအတွက် လက်တလောတွင် အတည်ပြုလို့မရသေးပေ။

"ညနေပိုင်း ၂နာရီလောက်မှာ ပထမအကြိမ် အိမ် ၂လုံး လောင်သွားတယ်။ နောက်ပြီး ၅နာရီခွဲ့ခန့်မှာ အခြားအိမ်တွေလည်း ဆက်လောင်တယ်၊ အခုလည်းလောင်နေတယ်" လို့ အဝေးကနေလှမ်းကြည့်နေသူ ပြည်သူတစ်ဦးက ပြောပါတယ်။

ပုံစာ ။ ။ ယနေ့ညနေပိုင်း ထန်တလန်မြိုတွင်း မီးလောင်နေသည့်ပုံ။

- The Chin Journal

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ်မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်...
23/11/2021

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ်

မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။
Crd #

Breaking News📌ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက်ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ်၊...
20/11/2021

Breaking News📌

ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက်ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ်၊အမျိုးသမီး၉ဦးသာ ဖမ်းခံရသည်ဟုသတင်းအမှားထွက်ပေါ်ပြီး စုစုပေါင်းဖမ်းဆီးခံရသူ အမျိုးသမီး၁၀ဦးထိရှိ၊ တောလိုက်မုဆိုးတစ်ဦးကိုလည်းစစ်တပ်က လည်လှီးသတ်ဖြတ်

နိုဝင်ဘာ၂၀၊RNA

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ နိုဝင်ဘာ၁၆ရက်နေ့က ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါသည်။

အဲ့ဒီဖမ်းဆီးမှုမှာ အမျိုးသမီး၉ဦးကိုသာ ဓာတ်ပုံနှင့်တကွ ဖမ်းဆီးနိုင်ခဲ့သည်ဟု အွန်လိုင်းပေါ်မှာပြန်နှံ့ခဲ့ပေမယ့် အမျိုးသမီးတစ်ဦးကိုတော့ အဓမ္မပြုကျင့်ပြီး နားထင်တေ့ပစ်သ တ်ခဲ့သည့်သတင်းကိုတော့ ဖုံးကွယ်ထားပေမယ့် ပြည်သူ့သတင်းမီဒီယာ RNAမှ ဒီကနေ့မှာ သိရှိခဲ့ရပါတယ်။

ပစ်သ တ်ခဲ့ရသည့်အမျိုးသမီးကို အကြမ်းဖက်စစ်တပ်က အဓမ္မပြုကျင့်၍ သတင်းအမှောင်ချကာ အလောင်းကိုလည်းဖျောက်ထားခဲ့ပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့သည်ဟုသိရသည်။

သေဆုံးသူကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့အမျိုးသမီး၏ရုပ်အလောင်းမှာ "အင်္ကျီ ရင်သားအထိပေါ်နေခြင်း၊ဘောင်းဘီကို ဗိုက်အထိလိပ်ထားခြင်း၊မျက်နှာတပြင်လုံးလည်း ဖူးယောင်မဲပုပ်ခြင်းနှင့် နားထင်မှာကျည်ထိမှန်ဒဏ်ရာကိုလည်း တွေရှိခဲ့သည်"ဟုသိရပါတယ်။

အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသမီးမှာ အသက်၂၀ ဝန်းကျင်ခန့်ရှိသူတစ်ဦးဖြစ်ပြီး ကြိုတင်ကြံစည်မှုပြုလုပ်ကာ ဖမ်းဆီးခံရသည့် အမျိုးသမီး၉ဦးကိုတော့ ကလေးမြို့ ဒကစတပ်ထဲသို့ ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။

ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့မှ အမျိုးသမီး၉ဦး ဖမ်းဆီးခံရသည်ဟု သတင်းပြန်နှံ့ပြီးနောက် သူ့ကိုအခြားတစ်နေရာမှာ အဓမ္မပြုကျင့်ပစ်သ တ်ခဲ့တာဖြစ်ပြီး အလောင်းကို တောတွင်းတစ်နေရာမှာ စောင်နှစ်ထပ်ဖြင့်အုပ်၍ အလောင်းဖျောက်ထားခဲ့သည်ဟု သိရပါတယ်။

ဒါ့အပြင် တောလိုက်ချင်းမုဆိုးတစ်ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးကာ လည်လှီးသ တ်ဖြတ်ခဲ့ပြီး ဖြစ်စဉ်နှစ်ခုလုံးကို သတင်းများဖုံးကွယ်ထားပေမယ့် ပြည်သူ့သတင်းမီဒီယာ RNAမှ သိရှိခဲ့ရပါသည်။

=====================================
ဒေသတွင်း ပြည်သူ့မီဒီယာ RNA ဆက်လက်ရပ်တည်နိုင်ရေးအတွက် မိဘပြည်သူများရဲ့အကူအညီများ လိုအပ်လျက်ရှိသည်။သင့်ရဲ့ကူညီမှုရရန် Page Messenger မှာပါဝင်လှုဒါန်းနိုင်ပါသည်။


Crd #

ဂုဏ်ပြုမှတ်တမ်းလွှာ ၉
06/11/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၉

ဂုဏ်ပြုမှတ်တမ်းလွှာ ၈
06/11/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၈

အကြောင်းအမျိုးမျိုးကြောင့်သတင်းထုတ်ပြန်ခြင်း နှောင့်နှေးခဲ့ခြင်းအတွက် ကြိုတင် အသိပေး တောင်းပန်အပ်ပါသည်
04/11/2021

အကြောင်းအမျိုးမျိုးကြောင့်သတင်းထုတ်ပြန်ခြင်း နှောင့်နှေးခဲ့ခြင်းအတွက် ကြိုတင် အသိပေး တောင်းပန်အပ်ပါသည်

SAP ပြည်သူ့ကာကွယ်ရေးပျောက်ကျားတပ်ဖွဲ့၏ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၁)
28/10/2021

SAP ပြည်သူ့ကာကွယ်ရေးပျောက်ကျားတပ်ဖွဲ့၏
ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၁)

ဂုဏ်ပြုမှတ်တမ်းလွှာ ၅
27/10/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၅

ဂုဏ်ပြုမှတ်တမ်းလွှာ ၇
27/10/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၇

ဂုဏ်ပြုမှတ်တမ်းလွှာ ၄
27/10/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၄

ဂုဏ်ပြုမှတ်တမ်းလွှာ ၁
27/10/2021

ဂုဏ်ပြုမှတ်တမ်းလွှာ ၁

Address


Website

Alerts

Be the first to know and let us send you an email when SAP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SAP:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share