Oren - Health & Beauty

  • Home
  • Oren - Health & Beauty

Oren - Health & Beauty Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oren - Health & Beauty, Media, .

မိုးရာသီမှာ အထူးသတိထားရမယ့် မှိုပြဿနာမကြာခင် မိုးရာသီရောက်တော့မယ် ဆိုတော့ အားလုံးကျန်းမာရေးအတွက်Oren က အထူးသတိထားသင့်တဲ့...
30/04/2020

မိုးရာသီမှာ အထူးသတိထားရမယ့် မှိုပြဿနာ

မကြာခင် မိုးရာသီရောက်တော့မယ် ဆိုတော့
အားလုံးကျန်းမာရေးအတွက်Oren က အထူးသတိထားသင့်တဲ့ မှိုပြဿနာအကြောင်းပြောပြချင်ပါတယ်။

အိမ်တိုင်း လိုလို မှာ ရှိ တဲ့ မှို ပြဿနာတွေက
ရာသီ ဥတု ကြောင့် အများ ဆုံးဖြစ်တာပါ။
အထူးသဖြင့် စိုစွတ်ထိုင်းမှိုင်းတဲ့ အခုလို မိုးရာသီမှာ
ပိုတွေ့ ရလေ့ရှိပါတယ်။

အိမ် ထဲ မှာ မှို အတွေ့ ရ ဆုံးနေ ရာတွေက မီးဖိုချောင်၊
အိမ်သာ၊ ပြတင်းပေါက်၊ မြေအောက်ထပ် တို့
ဖြစ်ပါတယ်။

အဲ့လိုအိမ်ထဲတွေမှာ မှိုတက်နေခြင်းက
နာတာရှည် အသက်ရှူ လမ်းကြောင်းရောဂါ
ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

မှိုတွေနဲ့ ထိတွေ့မှု များရင်များသလို
အသက်ရှူလမ်းကြောင်း ပြဿနာအပြင်
အရေပြားရောဂါ၊ ဝမ်းရောဂါ၊ ဆီး ရောဂါတွေလည်း
ဖြစ်တတ်ပါတယ်။

အဲ့လို ကြောက်စရာ ပြသနာအများကြီးရှိတာကြောင့် Oren တို့ မိုးရာသီမှာ မှိုတွေကို အထူးသတိထား သန့်ရှင်းကြဖို့ မမေ့ကြစို့နော်။

& Beauty

ပူဒီနာ (ပူစီနံ)ရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံ (၇)မျိုးပူဒီနာကို ဟင်းခတ်အမွှေးအကြိုင်အပြင် ခံတွင်းနံ့ ကြည်လင်လန်းဆန်း...
30/04/2020

ပူဒီနာ (ပူစီနံ)ရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံ (၇)မျိုး

ပူဒီနာကို ဟင်းခတ်အမွှေးအကြိုင်အပြင်

ခံတွင်းနံ့ ကြည်လင်လန်းဆန်းစေဖို့
ခံတွင်းသန့်စင်ဆေးရည်တွေနဲ့ သွားတိုက်ဆေးတွေမှာထည့်သွင်း အသုံးပြုတယ်လို့ပဲ
Oren တို့ အသိများကြပါတယ်။

တကယ်တော့ ပူဒီနာက ကျန်းမာရေးအတွက်
အများကြီး အသုံးဝင်ပါတယ်။

၁။ ဘက်တီးရီးယား တိုက်ဖျက်ပေးခြင်း
၂။ အသက်ရှူလမ်းကြောင်းကျန်းမာရေးကို တိုးမြှင့်ပေးခြင်း
၃။ အစာချေစနစ် ကောင်းမွန်စေခြင်း
၎။ ဟော်မုန်း ထိန်းညှိပေးခြင်း
၅။ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
၆။ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
၇။ စိတ်ဖိစီးမှုကို သက်သာစေခြင်း တို့ပဲဖြစ်ပါတယ်။

& Beauty

မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။-မျက်ခုံးတက်တူးက ခန္ဓာကိုယ်အစိ...
30/04/2020

မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။

-မျက်ခုံးတက်တူးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ထိုးတဲ့ အခြားတက်တူးတွေလိုမျိုး တာရှည်မခံပါဘူး။ အရေပြားအမျိုးအစားပေါ်မှာ မူတည်ပြီး တစ်နှစ်ကနေနှစ်နှစ်အထိပဲခံပါတယ်။

-မျက်ခုံးတက်တူးက မျက်နှာပေါ်မှာထိုးရတာဖြစ်တာကြောင့် ရှက်ပြီးဖွက်ထားလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒါကြောင့် မထိုးခင်မှာ အဆင်ပြေမလားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။

-မျက်ခုံးတက်တူးက အရောင်ထည့်သွင်းထားတဲ့ အလှအပပြုပြင်မှုဖြစ်တာကြောင့် အစစ်အတိုင်းဖြစ်ဖို့တော့ မလွယ်ကူပါဘူး။

-မျက်ခုံးတက်တူးမထိုးခင်မှာ အွန်လိုင်းကနေဖြစ်ဖြစ် နီးစပ်ရာသူငယ်ချင်းတွေကနေပဲဖြစ်ဖြစ် မျက်ခုံးတက်တူးထိုးပေးနိုင်တဲ့ ကျွမ်းကျင်သူကိုသေချာရှာပါ။

-ဆေးခန်းက သန့်ရှင်းမှုရှိရဲ့လားဆိုတာကိုသေချာစစ်ဆေးပါ။

-မျက်ခုံးတက်တူးထိုးတာက အပ်ချွန်ချွန်လေးတွေကို အသုံးပြုပြီး အရေပြားအပေါ်ယံလွှာထဲကို အရောင်ထိုးသွင်းပြုပြင်တဲ့ အလှအပပြုပြင်မှုတစ်ခုဆိုပေမယ့် အခြားတက်တူးတွေထိုးသလိုမျိုး နာကျင်မှုရှိနိုင်ပါတယ်။ ထုံဆေးသုတ်ပြီး ထိုးပေးတယ် ဆိုပေမယ့်လည်း နာကျင်မှုကတော့ ရှိနိုင်ပါတယ်။

-အဆီပြန်တဲ့အသားအရေမျိုးဆိုရင်တော့ မျက်ခုံးတက်တူးထိုးရတာ ခက်ခဲနိုင်ပါတယ်။

-တက်တူးထိုးနေစဉ်မှာ ဖိအားတစ်ခုခုရှိနေသလိုမျိုး ခံစားရနိုင်သလို အရေပြားကို ကုတ်ခြစ်နေသလိုခံစားမှုမျိုးခံစားရနိုင်ပါတယ်။
ထိုးပြီးစမှာမျက်ခုံးနေရာကအရောင်အရမ်းတောက်နေတာမျိုးဖြစ်နေနိုင်ပါတယ်။၎- ၅ ရက် တစ်ပတ်လောက်ကြာတဲ့အခါ အရောင်ကတဖြည်းဖြည်းကျသွားပြီး ပုံမှန်ဖြစ်သွားပါလိမ့်မယ်။

-အရေပြားကို အပ်ချွန်ချွန်လေးနဲ့ထိုးပြီး လုပ်ထားတဲ့ အလှပြုပြင်မှုဖြစ်တာကြောင့် အနာကျက်ချိန်ဆိုတာရှိပါတယ်။ အနာကျက်တဲ့ဖြစ်စဉ်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

-မျက်ခုံးတက်တူးက အရေပြားအောက်ဘက် ၁ မီလီမိတာအထိပဲ အပ်ချွန်ချွန်လေးနဲ့ထိုးသွင်းလုပ်ဆောင်တဲ့ တက်တူးဖြစ်တာကြောင့် အရောင်ပျက်သွားတာမျိုးမဖြစ်အောင် မျက်ခုံးတက်တူးထိုးထားပြီး ၅ ရက်ကနေ ၇ ရက်အတွင်းရေမထိအောင်နေရပါမယ်။

Reference from hellodoctor



အစားအိမ်ရောဂါက နှုတ်ခမ်းနီ ကြောင့် ဖြစ်နိုင်တယ် ဆိုတာ တွေးကြည့်ဖူးမှာတောင် မဟုတ်ပါဘူးနှုတ်ခမ်းနီ ကို ဆိုးချင်စဖွယ် အရောင်အ...
30/04/2020

အစားအိမ်ရောဂါက နှုတ်ခမ်းနီ ကြောင့် ဖြစ်နိုင်တယ် ဆိုတာ တွေးကြည့်ဖူးမှာတောင် မဟုတ်ပါဘူး

နှုတ်ခမ်းနီ ကို ဆိုးချင်စဖွယ် အရောင်အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်ကြလို့ လှတာမြင်လိုချင်ကြတဲ့ မိန်းကလေးတို့ အန္တရာယ်ကို သတိမထားကြပါဘူး

ကြေးနီ ခဲဓာတ်ပါဝင်မှုများတဲ့ နှုတ်ခမ်းနီကို နေ့စဉ်ဆိုးမိတဲ့အခါ အစာအိမ်ကို ထိခိုက်မိပြီး ကင်ဆာအထိ ဖြစ်နိုင်ပါတယ်နော်။



တချို့ကျ ခေါင်းအုံးပေါ်ခေါင်းချရုံနဲ့ အိပ်ပျော်လွယ်ပေမယ့် ကျွန်မကတော့ အိပ်မပျော်တဲ့ ညများစွာကို ရင်ဆိုင်နေရသူပေါ့😔ဒီတော...
29/04/2020

တချို့ကျ ခေါင်းအုံးပေါ်ခေါင်းချရုံနဲ့ အိပ်ပျော်လွယ်ပေမယ့် ကျွန်မကတော့ အိပ်မပျော်တဲ့ ညများစွာကို ရင်ဆိုင်နေရသူပေါ့😔

ဒီတော့ ကျွန်မ အိပ်ပျော်အောင် ဘယ်လို လေ့ကျင့်ယူသလဲ?

အဓိကက ကျွန်မက နေ့စဉ်ကြုံသမျှ အခက်ခဲတွေကို အိပ်ရာထဲရောက်မှ အတွေးနယ်ချဲ့တတ်တာမို့

အရင်ဆုံး အသက်ကိုပြင်းပြင်းရှူပြီး မျက်နှာကြောဖြေလျော့လိုက်တယ်

အိပ်ရာကို ကျကျနန ခင်းပြီး လှဲလျောင်း ပုခုံးကြောကို ဖြေလျော့ထားတယ်

ဘာမှ မတွေးဘဲ အသက်ရှူရာ နှာခေါင်းထိပ်ကို အာရုံစိုက်ထားတယ်

ကောင်းကင်ပြာပြာအောက် က ရေကန်ဘေးလေးမှာ တစ်ယောက်တည်းလမ်းလျှောက်နေတယ်လို့ စိတ်ကူးယဉ်လိုက်တယ်

ဒီလိုနည်းလမ်းက ကျွန်မတင်မဟုတ်ပဲ စစ်မြေပြင်က စစ်သားအချို့လည်း သုံးစွဲကြတယ်လို့ သိရတယ်

အိပ်မပျော်ရင် ဒီနည်းလမ်းလေးကို သုံးကြည့်ဖို့ မမေ့နဲ့နော်။



မျက်ကပ်မှန်မှာကာလာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံရှိပြီး မျက်လုံးအလှကို ပိုပေါ်လွင်အောင် လုပ်လို့ရပါတယ်။ဒါကြောင့် တချို့တွေအနေ...
29/04/2020

မျက်ကပ်မှန်မှာကာလာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံရှိပြီး မျက်လုံးအလှကို ပိုပေါ်လွင်အောင် လုပ်လို့ရပါတယ်။

ဒါကြောင့် တချို့တွေအနေနဲ့ မျက်ကပ်မှန်ကို အမြင်အာရုံချို့ယွင်းမှုကြောင့် တပ်တာမဟုတ်ဘဲ အလှအပအတွက် တပ်လာကြပါတယ်။

ဘာကြောင့်ပဲတပ်တပ် မျက်ကပ်မှန်တပ်တဲ့အခါ အများဆုံးကြာအချိန်အနေနဲ့ တနေ့ကို ၁၀ နာရီ ကနေ ၁၂ နာရီထိပဲ တပ်ထားသင့်ပါတယ်။ တပ်ထားတဲ့အချိန်မှာလည်း အချိန်မှန် မျက်စဉ်းခတ်ဖို့ မမေ့သင့်ပါ။

တနေ့ကို ၁၂ နာရီထက် ပိုကြာအောင် မတပ်ပါနဲ့။

အဲ့ထက်ပိုကြာအောင်တပ်ထားရင် မျက်ကပ်မှန်ခြောက်သွေ့ပြီး မျက်စိယားယံတာ၊ နီရဲတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။



မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာ (၅)မျိုး (၁) ဂျင်းဟင်းခတ် အမွှေးအကြိုင်တမျိုးဖြစ်တဲ့ ဂျင်းကအစာခြေစနစ်ကို ကောင်း...
29/04/2020

မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာ (၅)မျိုး

(၁) ဂျင်း

ဟင်းခတ် အမွှေးအကြိုင်တမျိုးဖြစ်တဲ့ ဂျင်းက
အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အအေးမိ၊ ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေနွေးပူပူထဲ ဂျင်း လက်တဆစ်ခန့် ပါးပါး လှီးထည့်ပြီး
သောက်သုံးပေးခြင်းက ဖျားနာမှုတွေကို ကြိုတင်
ကာကွယ်ပေးနိုင်ပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက Antioxidants ကြွယ်ဝတဲ့
အစားအစာတမျိုးဖြစ်တာကြောင့်
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့
ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေနိုင်ပါတယ်။
အဲ့တာကြောင့် ဖျား နာ လွယ်တဲ့ မိုးတွင်းကာလမှာ
ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

(၃) နနွင်း

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ထည့်သွင်းလေ့ ရှိတဲ့
နနွင်းဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို
သေစေနိုင်တာကြောင့်
မိုးရာသီမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို
ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၄) ငရုတ်ကောင်း

ငရုတ်ကောင်းမှုန့်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ
ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့အပြင်
မိုးရာသီမှာ ဖြစ်တတ်တဲ့ ချောင်းဆိုး၊ နှာစေးခြင်းတွေကိုလည်း အလျင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ပန်းသီး

ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက
ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းရှိတာကြောင့်
မိုးရာသီမှာ ဖျားနာခြင်းကင်းဝေးဖို့
စားသုံးပေးသင့်ပါတယ်။

& Beauty

ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတဲ့ သရက်သီးမှည့်  သရက်သီးမှည့်ရာသီရောက်ပြီဆိုတော့ Oren ကသရက်သီးမှည့်ရဲ့ ကင်ဆာဖြစ်ပွားန...
29/04/2020

ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတဲ့ သရက်သီးမှည့်

သရက်သီးမှည့်ရာသီရောက်ပြီဆိုတော့ Oren က
သရက်သီးမှည့်ရဲ့ ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်ပုံ ပြောပြချင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါဝင်တဲ့
သစ်သီးများက ကင်ဆာဖြစ်ပွားမှုကို
လျော့ချပေးနိုင်ပါတယ်။

သရက်သီးမှည့်မှာ Antioxidant တွေအများအပြား
ပါဝင်တာကြောင့်
ဆီးကြိတ်ကင်ဆာ၊ရင်သားကင်ဆာ၊
အူလမ်းကြောင်းကင်ဆာ၊ သွေးကင်ဆာ
ဖြစ်ပွားနှုန်းတွေ လျော့ကျစေနိုင်ပါတယ်။

& Beauty

တခါတရံမှာ အမှိုက်က ရွှေဖြစ်တယ်ဆိုတာ ဒါမျိုးပေါ့ 👇👇ငှက်ပျောခွံ က ဝါနေတဲ့သွားတွေကို ငွေကုန်ကြေးကျ မရှိဘဲ သဘာဝဆန်ဆန် ဖြူစေတယ်...
28/04/2020

တခါတရံမှာ အမှိုက်က ရွှေဖြစ်တယ်ဆိုတာ ဒါမျိုးပေါ့ 👇👇

ငှက်ပျောခွံ က ဝါနေတဲ့သွားတွေကို ငွေကုန်ကြေးကျ မရှိဘဲ သဘာဝဆန်ဆန် ဖြူစေတယ်ဆိုတာ သိပြီးပြီလား?

ငှက်ပျောခွံမှ အဖြူနှစ်လေးတွေနဲ့ သွားကို တစ်ပတ် နှစ်ကြိမ်တိုက်ပေးမယ်ဆိုရင် ပုလဲလုံးလေးတွေအလား ထင်မှတ်ရမှာပါ။


ဝိတ်ကျချင်ဇောနဲ့ Over Exercise  လုပ်နေမိလားလူတော်တော်များများက နေ့တိုင်း ဒါမှမဟုတ် တစ်ခါတရံမှာ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်း...
28/04/2020

ဝိတ်ကျချင်ဇောနဲ့ Over Exercise လုပ်နေမိလား

လူတော်တော်များများက နေ့တိုင်း ဒါမှမဟုတ် တစ်ခါတရံမှာ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းကို အကြိမ်အရေအတွက်များစွာ လုပ်နေမိတတ်ကြပါတယ်။

ပုံမှန် မလုပ်ပဲ မမှန်ကန်တဲ့ လုပ်ဆောင်မှုကြောင့် လူပင်ပန်း စိတ်ပင်ပန်းစွာနဲ့ ရပ်တန့်ပစ်ချင်လာမှာပါ။

တချို့ကျ Over Exercise လုပ်ပြီး သဘောကျတဲ့ ခန္ဓာတစ်ကြိမ်လောက်ရပြီဆိုတာနဲ့ ဆက်မလေ့ကျင့်ပဲ ရပ်ပြစ်လိုက်ပါတယ်။

ဒီလိုတွေ လုပ်ဆောင်မိတာကနေ ခန္ဓာ ဇီဝကို အလှည့်အပြောင်း မြန်စေလို့ ပုံပျက်ယွင်းဖို့ လမ်းစများပြီး ဝိတ်ကို ပိုလို့သာ တိုးစေမှာပါနော်။


အသားဖြူစေတဲ့ သလဲသီးမင်္ဂလာပါ...Orenသလဲသီး စားပေးရတယ်တဲ့။ အရည်ရွှမ်းတဲ့ အနီရောင်သလဲသီးတွေဟာ ကျန်းမာနုပျိုစေနိုင်တဲ့ အစားအစာေ...
28/04/2020

အသားဖြူစေတဲ့ သလဲသီး

မင်္ဂလာပါ...Oren
သလဲသီး စားပေးရတယ်တဲ့။

အရည်ရွှမ်းတဲ့ အနီရောင်သလဲသီးတွေဟာ
ကျန်းမာနုပျိုစေနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သွေးတွင်းသကြားဓါတ် မများစေဖို့
ကာကွယ်ပေးနိုင်သလို

နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ညိုမည်းပျက်စီးတာ၊ နေလောင်တာ
မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားတွင်း ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ပြန်လည်ပြုပြင်ပေးလို့
အသားအရေကို ဖြူစင်ဝင်းပလာစေပါတယ်။

& Beauty

နုပျိုစေတဲ့ မြင်းခွာရွက် မြင်းခွာရွက်က ကျန်းမာရေးအတွက်သာမက  အသားအရေ  လှပဖို့လည်း အများကြီး အထောက်အကူပြုပါတယ်။အရွယ်မတိုင်...
28/04/2020

နုပျိုစေတဲ့ မြင်းခွာရွက်

မြင်းခွာရွက်က ကျန်းမာရေးအတွက်
သာမက အသားအရေ လှပဖို့လည်း
အများကြီး အထောက်အကူပြုပါတယ်။

အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်
သလိုမျိုး အရေးအကြောင်းတွေ

ဘာလို့လဲဆိုတော့ မြင်းခွာရွက်မှာ Collagen ပါဝင်မှု များလို့ပါပဲ။

ခန္ဓာကိုယ်ထဲမှာ Collagen ပါဝင်မှု
များတာက အသားအရေကို
ကြည်လင်တောက်ပစေပြီး
အရေးအကြောင်းတွေနဲ့ အသားအရေ
မညီမျှတာတွေကို လျှော့ချပေးနိုင်ပါတယ်။

& Beauty

ဆံပင်ဆိုသည်မှာ လေထဲက ဖုန်တွေအမှုန်အမွှားတွေကပ်ဖို့ တလွင့်လွင့်နဲ့ အဆင်သင့်စောင့်စားနေတဲ့ ဖုန်စုပ်စက်နဲ့ တူပါတယ်။ ဒါပေမယ့်လ...
27/04/2020

ဆံပင်ဆိုသည်မှာ လေထဲက ဖုန်တွေအမှုန်အမွှားတွေကပ်ဖို့ တလွင့်လွင့်နဲ့ အဆင်သင့်စောင့်စားနေတဲ့ ဖုန်စုပ်စက်နဲ့ တူပါတယ်။

ဒါပေမယ့်လို့ ဆံပင်က အညစ်အကြေးတွေကို ခဏခဏ မလျှော်သင့်ပါဘူး
ဆံပင်ဆိုတာ နန်းကြိုးမျှင် မဟုတ်သလို လျှော်လွန်းရင်လည်း ဆံသားပျက်စီးတတ်တာ မို့

နေ့တိုင်းရေချိုးရင်း ခေါင်းလျှော်တတ်တဲ့ ယောက်ျားလေးများ
တစ်ပတ်ကို သုံးခါ လျှော်သူများ ဆင်ခြင်ရပါမယ်နော်။

ပုံမှန်ဆို ဆံပင်အထူအပါးပေါ် မူတည်ပြီး တစ်ပတ် တစ်ခါ ၊ဆယ်ရက်မှ တစ်ခါ သာ လျှော်ပေးသင့်ပါတယ်နော်။



အိပ်ရေးဝတာတောင် ကိုယ်တွေလက်တွေ ကိုက်ခဲ ထိုင်းမှိုင်းနေလို့ မနက်ခင်းတိုင်း အမေလုပ်သူရဲ့ ဆူသံလေးနဲ့ နိုးထနေရလား?ဒီလိုဆိုရင်...
27/04/2020

အိပ်ရေးဝတာတောင် ကိုယ်တွေလက်တွေ ကိုက်ခဲ ထိုင်းမှိုင်းနေလို့ မနက်ခင်းတိုင်း အမေလုပ်သူရဲ့ ဆူသံလေးနဲ့ နိုးထနေရလား?

ဒီလိုဆိုရင်တော့ ကြာတဲ့ အခါ အပျင်းကြီးသူလို့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်တော့မှာပေါ့

အဲ့တော့ မနက်ခင်းတိုင်းပေါ့ပါးစွာ နိုးထလာစေဖို့ mobile phone ကို လျှော့သုံးပြီး တီဗီကြည့်တာ နဲ့ ဂိမ်းဆော့တာ လျှော့မှ ရမယ်နော်။

အလင်းပြန် ရောင်ခြည်က အိပ်စက်တဲ့အချိန်မှာထွက်တဲ့ Melatonin ဟော်မုန်းကို လျော့နည်းစေလို့ စိတ်မကြည်ခြင်းနဲ့ လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်စေတာကြောင့်ပါ။



ဇက်ကြောတက်တာ သက်သာစေမယ့် နည်းလမ်း (၇)ခု၁. ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံးကို တတန...
27/04/2020

ဇက်ကြောတက်တာ သက်သာစေမယ့်
နည်းလမ်း (၇)ခု

၁. ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါ

ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။
ခါးဆန့်ပြီး အနေအထားမှန်ကန်စွာထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကိုကိုင်းပြီးထိုင်တာမျိုး၊ ကွန်ပျူတာမျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။
လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။

၂. လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ

လက်နှစ်ဖက်ကိုဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီခေါင်းကိုစောင်းပြီး လည်ပင်းကြောတွေဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀လောက်ထားပြီးနောက်တစ်ဖက်ပြောင်းပါ။နောက်တစ်ဆင့်က ဘယ်လက်ကို တန်းအောင်မြှောက်တင်ပြီးလက်ဖျားထိပ်မော့ကြည့်ပါ (စက္ကန့် ၃၀)၊ပြီးရင် ညာလက်ကိုမြှောက်ပါ။

၃. ရေနွေး သို့မဟုတ်ရေခဲကပ်ပါ

ဒဏ်သက်သာအောင်ရေခဲကပ်ရမလား၊ရေနွေးကပ်ရမလား ဇဝေဇဝါဖြစ်တတ်ကြပါတယ်။
တကယ်တော့ ထိခိုက်ဒဏ်ရာတွေအတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊အကြော၊ကြွက်သားဒဏ်ဖြစ်တာတွေအတွက်ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေးကြပ်ထုပ်လေးကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်းသက်သာနိုင်ပါတယ်။

၎. နှိပ်နယ်ပါ

လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။

၅. ရေဓါတ်ဖြည့်ပါ

ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်ပါတယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင်ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။

၆. အလွယ်လေ့ကျင့်ခန်းလုပ်ပါ

ခေါင်းကိုရှေ့ငိုက်ချလိုက်၊နောက်လှန်ချလိုက်လေ့ကျင့်ခန်းကိုဖြည်းဖြည်းလုပ်ပါ။
ဘေးကိုလှည့်တာလည်း တလှည့်စီလုပ်ပါ။
ကြွက်သားတွေတောင့်လာပြီလို့ခံစားရရင်ခေါင်းကို ဘယ်ဘက်စောင်းချပါ(ဖြည်းဖြည်းချင်း)။ ပြီးရင်ညာဘက်ကိုစောင်းပါ။ နည်းနည်းနာရင်နာနိုင်ပေမယ့်ဖြည်းဖြည်းလုပ်ရင်ဘာမှမဖြစ်ပါဘူး။
ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်းလုပ်လို့ရပါတယ်။နေရတာပေါ့ပါးလာပါလိမ့်မယ်။
အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့။
တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။

၇. မျက်မှန်တပ်သူဖြစ်လျှင် ပါဝါအမြဲစစ်ပါ
လက်ရှိတပ်ထားတဲ့မျက်မှန်က ပါဝါကိုက်မှဖြစ်မှပါ။
မျက်မှန်ပါဝါတက်နေတာ အသစ်မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေဖြစ်လာပါလိမ့်မယ်။

#အားလုံးကျန်းမာကြပါစေ။
& Beauty

မုန့်ဖုတ်ဆိုဒါကို သွားတွေ ဖြူဖွေးလှပစေဖို့ ဘယ်လိုအသုံးပြုမလဲ? သွားတွေ ဖြူဖွေးဖို့အတွက် မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်းတစ်ဇွ...
27/04/2020

မုန့်ဖုတ်ဆိုဒါကို သွားတွေ ဖြူဖွေးလှပစေဖို့
ဘယ်လိုအသုံးပြုမလဲ?

သွားတွေ ဖြူဖွေးဖို့အတွက် မုန့်ဖုတ်ဆိုဒါ
ထမင်းစားဇွန်းတစ်ဇွန်းကို
ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (၅)စက်နဲ့ ခွက်တစ်ခွက်ထဲ အတူရောထည့်ပြီး ခပ်စေးစေးပျစ်ပျစ် ဖြစ်လာတဲ့အထိ မွှေပေးပါ။

လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပါ။
ရလာတဲ့ အနှစ်တွေကို သွားပွတ်တံကို အသုံးပြုပြီးပဲဖြစ်ဖြစ် သွားပေါ်မှာ သုတ်လိမ်းပြီး
(၅)မိနစ်လောက်ကြာအောင် ထားပေးပါ။

ပြီးရင်တော့ သုံးနေကျ သွားတိုက်ဆေးနဲ့
တိုက်ပြီး ဆေးပစ်လိုက်ပါ။ (၁၀)မိနစ်လောက်အထိ ထားလို့လည်းရပါတယ်။
ဒီထက်တော့ပိုမထားသင့်ပါဘူး။

တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဖြူဖွေးလှပတဲ့ သွားတွေ ပိုင်ဆိုင်နိုင်ပါပြီ။

& Beauty

ဆူနေတဲ့ဗိုက်မှာ ဘယ်တော့မှ မကျတဲ့ အဆီတွေက နေရာယူထားလို့ သိပ်ကိုစိတ်ညစ်ရတာပဲ။😣တကယ်ပါ အလွှာလိုက်ခွာ ခြစ်ချပြီး ရောင်းလို့ရလိ...
24/04/2020

ဆူနေတဲ့ဗိုက်မှာ ဘယ်တော့မှ မကျတဲ့ အဆီတွေက နေရာယူထားလို့ သိပ်ကိုစိတ်ညစ်ရတာပဲ။😣

တကယ်ပါ အလွှာလိုက်ခွာ ခြစ်ချပြီး ရောင်းလို့ရလို့ စီးပွားဖြစ်မယ်ဆိုရင် အဆီတွေစုချင်သလောက်သာ စုစမ်းပါစေ 🙄

အဆီကျချင်လို့ အဆီကျဆေးသောက်ပြန်တော့ ဘေးဖြစ် လေ့ကျင့်ခန်းလည်းမလုပ်နိုင်လို့ အခက်ကြုံရပြန်ရော....

ဂျင်း 1 တတက်
နနွင်း 1ဇွန်းနဲ့ တစ်ဝက်
ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သံပုရာရည် 5 ဇွန်းကို ရောထားပြီး

ရေ 1 လီတာနဲ့ အတူ ရောကြိုလိုက် ပြီး 10 မိနစ်ခန့် အအေးခံလိုက်တယ်

ဆေးကို ဆယ်ရက်ခန့် စွဲသောက်လိုက်တာ အဆီတွေကို တာ့တာ ဘိုင့်ဘိုင် လုပ်နိုင်သွားပြီ။

စမ်းကြည့်ဖို့ မမေ့နဲ့နော် 🤩



သင်သိပါလား ❓
24/04/2020

သင်သိပါလား ❓

သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ- အသက်ရှူမဝခြင်း- ရင်ပူခြင်း၊အစာမကြေခြင်း- မိန်းမကိုယ်အကြောင်းမဲ့သွေးယိုခြင်း- အသံဝင်ခြ...
24/04/2020

သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ

- အသက်ရှူမဝခြင်း
- ရင်ပူခြင်း၊အစာမကြေခြင်း
- မိန်းမကိုယ်အကြောင်းမဲ့သွေးယိုခြင်း
- အသံဝင်ခြင်း၊အသံပြောင်းခြင်း
- အစာမြိုရခက်ခြင်း
- မကြာခဏလေပွခြင်း
- အနာမကျက်ခြင်း
- ညဘက်ချွေးထွက်လွန်ခြင်း
- ပါးစပ်နဲ့ခံတွင်းပြည်တည်နာတွေအပူတွေမကျက်ခြင်း
- ရင်သားများပြောင်းလဲခြင်း
- မကြာခဏဝမ်းသွားခြင်း
- ဆီးထဲသွေးပါခြင်း
- ဝမ်းထဲသွေးပါခြင်း
- ချောင်းဆိုးသွေးပါခြင်း
- ထူးဆန်းတဲ့နာကျင်မှု / ကိုက်ခဲမှု
- ဆီးသွားရခက်ခဲခြင်း
- မူမမှန်တဲ့အဆီဖုဖြစ်ခြင်း၊ ရောင်ရမ်းခြင်း

အခု Oren ပြောပြသွားတဲ့လကဏာတွေက
သားအိမ်ခေါင်းကင်ဆာ တစ်ခုတည်းအတွက်
မဟုတ်ပါဘူး။

တခြားဖြစ်နိုင်တဲ့ကျန်းမာရေးအခြေအနေတွေကြောင့်
လည်းဖြစ်နိုင်ပါတယ်။
ဒီရောဂါလက္ခဏာတွေထဲ က တစ်ခုခုဖြစ်လာပြီဆိုရင်
ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

& Beauty

ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားရည်ထိန်းသိမ်းနည်းဆယ်ကျော်သက်အရွယ်ဆိုတာ အသားရည် rejuvenation လို့ခေါ်တဲ့ သဘာဝအလျောက် အ...
24/04/2020

ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့
အသားရည်ထိန်းသိမ်းနည်း

ဆယ်ကျော်သက်အရွယ်ဆိုတာ အသားရည် rejuvenation လို့ခေါ်တဲ့
သဘာဝအလျောက် အသားရည်က
သူ့ဘာသူပြုပြင်တာ အကောင်းဆုံးအချိန်ပါ။

ဝက်ခြံတစ်လုံးပေါက်ရင် ပျောက်ဖို့ ၁ ပတ်တောင်
မစောင့်ရတဲ့ အရွယ်ပေါ့၊
အရည်ပြား ကျုံ့နိုင်ဆန့်နိုင်အားလည်း
အကောင်းဆုံးအချိန်ပေါ့။
အဲ့လိုအရွယ်မှာ ဟော်မုန်းမငြိမ်သက်လို့
ဝက်ခြံပေါက်တာကလွဲရင်
တခြားအရည်ပြား ပြဿနာ သိပ်ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

ခုခေတ်မှာတော့ အဲ့လိုမဟုတ်တော့ဘူး။
ဆယ်ကျော်သက် မိန်းကလေးတွေက
အရေပြားပြဿနာကို အများဆုံး ရင်ဆိုင်နေရတယ်လို့
ဆိုပါတယ် ..

အဲ့လို အရေပြား ပြဿနာတွေ မဖြစ်ရအောင်
ဆယ်ကျော်သက်အရွယ်အတွက် အသင့်တော်ဆုံး
အရည်ပြားထိန်းသိမ်းနည်းတွေကတော့ …..

– ရေဓာတ်ပြည့်ဝဖို့ အရေးအကြီးဆုံးပါ။

– brand ထက် ကိုယ့်နဲ့သင့်တော်တဲ့ ပစ္စည်းပဲ
သုံးဖို့လိုပါတယ်။

– အသက် ၂၀ မကျော်သေးရင် anti-aging product တွေ လုံးဝ မသုံးသင့်ပါဘူး။

– ရေဓာတ်နဲ့ အဆီဓာတ် balance လုပ်ပေးနိုင်တဲ့ moisturizer တစ်မျိုးလောက်ပဲ သုံးပေးရင်
လုံလောက်ပါပြီ။

– Skincare steps တွေ အဆင့်ဆင့် မလိုအပ်ပါဘူး။

– suncream ကိုတော့ မမေ့မလျော့လိမ်းပါ။

– မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း အိမ်ပြန်ရောက်တာနဲ့ မိတ်ကပ်တန်းပြီး ဖျက်ပါ။

– တစ်ပတ်ကို တစ်ရက် skin ကို ဘာဆိုဘာမှမလိမ်းပဲ အသက်ဝဝပေးရှူပါ။
product free period လေးထားရှိပေးပါ။

– အိပ်ရေး ဝဝအိပ်ပါ

– ဝမ်းမချုပ်ပါစေနဲ့။

ဒီလောက်ဆိုရင်တော့ ဆယ်ကျော်သက်လေးတွေ
အတွက် အရည်ပြားထိန်းသိမ်းမှုက
လုံလောက်တာထက်ကို ပိုနေပါပြီ။

& Beauty

ချောမောလှပတဲ့အသားအရေကို ကော်ဖီနဲ့ ဘယ်လိုဖန်တီးယူမလဲ??....ကော်ဖီက လူကို လန်းဆန်းတက်ကြွစေသည် သာမကအသားအရေအတွက်လည်း အလွန်အသု...
23/04/2020

ချောမောလှပတဲ့အသားအရေကို
ကော်ဖီနဲ့ ဘယ်လိုဖန်တီးယူမလဲ??....

ကော်ဖီက လူကို လန်းဆန်းတက်ကြွစေသည် သာမက
အသားအရေအတွက်လည်း အလွန်အသုံးဝင််ပါတယ်။

ဘယ်လိုအသုံးဝင်လဲဆိုတော့....

(၁)မျက်နှာချေးချွတ်ဖို့

ကော်ဖီကြမ်းမှုန့်ရယ်၊သကြားညိုရယ် ဆတူရော၊
သံလွင်ဆီ လေးပုံတစ်ပုံပေါင်းပြီး
မျက်နှာပေါ်တင်…စက်ဝိုင်းပုံစံ (၁၀)မိနစ်ခန့်
နှိပ်နယ်ပေးပါ။ ထို့နောက် ရေဆေးချပြီး
မျက်နှာကို ရေဓာတ်ခရင်မ် လိမ်းပေးပါ။
ပြီးရင်တော့ အသားအရေလေးကြည်လင်သွားပါပြီ။

(၂)ကလေးလေးတွေလို အသားအရေနူးညံ့ဖို့

ချော့ကလက်မှုန့်(cocoa powder) နဲ့ ကော်ဖီမှုန့် ဇွန်း(၂)ဇွန်းစီ၊
နွားနို့(၃)ဇွန်းနဲ့ပျားရည်ဇွန်းအပြည့် (၁)ဇွန်းရောပြီး မျက်နှာပေါ် မိနစ်(၃၀)လောက်ထားပြီး ရေဆေးချလိုက်ပါ။
အဆီပြန်တတ်တဲ့အသားအရေဆိုရင်နို့အစား
ဒိန်ချဉ်သုံးလို့ရပါတယ်။
အသားအရေကိုနူးညံ့စေတဲ့အပြင် ရေဓာတ်ပါ
ဖြည့်ပေးပါတယ်။
ပြီးတော့ ချွေးပေါက်တွေပါကျဉ်းပေးနိုင်ပါတယ်။

(၃)မျက်ကွင်းညိုနဲ့ မျက်အိတ်လည်းဖျောက်ပစ်နိုင်

မျက်ကွင်းတစ်ဝိုက်ကို ကော်ဖီမှုန့်ရယ် သံလွင်ဆီရယ်
ရောပြီး လိမ်းပေးပါ။
(၁၀)မိနစ်လောက်ထားပြီး wet တစ်ရှူးနဲ့ သုတ်ပေးပါ။
တစ်ပတ်ကို (၂)ကြိမ်(၃)ကြိမ်လောက် လုပ်ပေးရင်
လုံလောက်ပါပြီ။

(၄)အသားအရေလေး ဝင်းပစေဖို့

ကော်ဖီမှုန့်ရယ် ၊ဆားရယ်၊ရေနွေးရယ်နဲ့ မျက်နှာသစ်ပေးပါ။
ကော်ဖီမှုန့်လေးနဲ့မျက်နှာကိုပွတ်ပြီးချေးချွတ်ပါ။
ပြီးရင် ခုနက ကော်ဖီနဲ့ပဲ မျက်နှာသစ်ပေးပါ။
ဒါဆိုရင် မျက်နှာလေး ကြည်လင်ဝင်းပသွားပြီး
ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီနော်။

ချွေးပေါက်ကျယ်လို့ စိတ်မညစ်နဲ့တော့ ကျယ်နေတဲ့ ချွေးပေါက်တွေကိုကြက်ဥအကာနဲ့ ကျဉ်းသွားအောင် လုပ်ကြမယ်။...ပြုလုပ်ပုံအဆင့်ဆင့်...
23/04/2020

ချွေးပေါက်ကျယ်လို့ စိတ်မညစ်နဲ့တော့

ကျယ်နေတဲ့ ချွေးပေါက်တွေကိုကြက်ဥအကာနဲ့
ကျဉ်းသွားအောင် လုပ်ကြမယ်။...

ပြုလုပ်ပုံအဆင့်ဆင့်ကို Oren ကပြောပြလိုက်ပါတယ်နော်။

ကြက်ဥအကာအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့
သံပရာရည် တစ်ခါညှစ်စာကို ရောမွှေပါ။

ရောထားတဲ့တရည်ကို မျက်နှာပေါ်က ချွေးပေါက်အကျယ်ဆုံးနေရာတွေမှာ လိမ်းပါ။
၁၅မိနစ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချပါ။

တစ်ပတ်မှာ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင်
ချွေးပေါက်တွေကျဉ်းပြီး
ချောမွေ့တဲ့မျက်နှာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အလိမ်အညာမပါ ဂျင်းမထည့်တတ်တဲ့ ဂျင်းပါ ရှင့်➖➖➖➖➖ချက်ပြုတ်ရေးရာမှာရောအသုံးဝင်တဲ့ ဂျင်းရဲ့ ကျန်းမာရေးအတွက် ...
23/04/2020

ကျန်းမာရေးအတွက် အလိမ်အညာမပါ ဂျင်းမထည့်တတ်တဲ့ ဂျင်းပါ ရှင့်
➖➖➖➖➖

ချက်ပြုတ်ရေးရာမှာရောအသုံးဝင်တဲ့ ဂျင်းရဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိမလဲ သေချာသိပါရဲ့လား?

(1)ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကိုသက်သာစေတယ်။
(2)ကြွက်သားနာကျင်ခြင်းကို သက်သာစေတယ်။
(3)အရိုးပွရောဂါကိုသက်သာစေတယ်။
(4)သွေးတွင်းသကြားဓာတ်လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလျော့ကျစေတယ်။
(5)နာတာရှည် အစာမကျေခြင်းကို ကူညီပေးနိုင်တယ်။
(6)ရာသီလာစဉ် နာကျင်ခြင်းကိုသက်သာစေတယ်။
(7)ကင်ဆာရောဂါ ကိုကာကွယ်ပေးနိုင်ပါတယ်။





ပုံစာ- ဂျင်းမဟုတ်တဲ့ ချင်း(ဂျင်း)

ကိုယ်ခံအားကောင်းဖို့ သတိပြုလုပ်ဆောင်ရမယ့်အချက် (၉) ချက်ရောဂါ တွေကို စိုးရိမ်နေရချိန်မှာ ကိုယ်ခံအား ကောင်းဖို့ ကိုယ့်ကိုယ...
23/04/2020

ကိုယ်ခံအားကောင်းဖို့ သတိပြုလုပ်ဆောင်ရမယ့်အချက် (၉) ချက်

ရောဂါ တွေကို စိုးရိမ်နေရချိန်မှာ ကိုယ်ခံအား ကောင်းဖို့
ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်သင့်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ခံအားကောင်းအောင် အစားစားဖို့ နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အဓိကပဲ လို့ သိထားသူ များပါတယ်။

ဒါပေမယ့် ကိုယ်ခံအားကောင်းချင်သူတွေ အနေနဲ့
ဒီအချက်တွေကို လည်း မမေ့သင့်ဘူး လို့ သတိပေးလိုက်
ချင်ပါတယ်နော်။

(၁) ကိုယ်တွင်း က အကျိုးပြုဘက်တီးရီးယား တွေကို
ထိန်းညှိပါ

ဘက်တီးရီးယားဆိုတာ အရေပြား၊ လက်သည်း၊ ဆံပင်တို့လို နေရာတွေတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း မှာလည်း
ရှိနေပါတယ်။ အူလမ်းကြောင်း ထဲမှာ ရှိနေတဲ့
အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotic ) ကို ထိန်းညှိနိုင်မှ ဝမ်းပျက်တာ၊ လေပွတာ စတဲ့ အစာခြေစနစ် နဲ့ ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ် ကုသ နိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယားတွေ ကျန်းမာ စေဖို့ ဒိန်ချဉ်၊ ကင်ချီ၊ စတဲ့ အချဉ်ဖောက် အစားအသောက် တွေအပြင် Probiotic ဖြည့်စွက်ဆေးတွေ လည်း သောက်သုံးလို့ရပါတယ်။

(၂) ဆင်ခြင်သောက်ပါ

အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို ဆင်ခြင်သောက်သင့်ပါတယ်။ အရက်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တာကြောင့် ရောဂါကာကွယ်နိုင်စွမ်းကို
လျော့နည်းစေပါတယ်။

(၃) ထိုက်သင့်တဲ့ လှုပ်ရှားမှု လုပ်ပါ

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်းအားဖြင့်
ကိုယ်ခံအား စနစ်ကို အကျိုးပြုတယ် လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုက
အသက်ရှူလမ်းကြောင်း ရောဂါပိုးတွေကို ဖြစ်စေတဲ့
ဘက်တီးရီးယားတွေကို တိုက်ခိုက်မယ့် ဆဲလ်တွေ
ပိုထွက်ရှိစေတယ်လို့ သိရပါတယ်။

(၄) ဆေးလိပ်ဖြတ် ပါ

ဆေးလိပ်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို
ယိုယွင်းအားနည်းစေတယ်ဆိုတဲ့အချက်က
ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းတစ်ခုထဲ
အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်သောက်နေသရွေ့တော့ ကိုယ်ခံအားပိုကောင်းဖို့၊ အသက်ရှူလမ်းကြောင်းရောဂါတွေ
ကနေ ကာကွယ်နိုင်ဖို့ မမျှော်လင့်ပါနဲ့လို့။

(၅) စောစောအိပ်ပါ

အိပ်ရေးပျက်ခြင်းက ရောဂါပေါင်းစုံ ကို မကာကွယ်၊
မဟန့်တားနိုင်တော့ဘဲ နာမကျန်း ဖြစ်လွယ် စေတဲ့ တရားခံပဲဖြစ်ပါတယ်။ အိပ်ချိန်မမှန်၊ အိပ်ရေးမဝတဲ့ အခါ ကိုယ်ခံအား ကို ကျစေပါတယ်။

(၆) စိတ်ဖိစီးမှု လျှော့ပါ

ကိုယ့်အပူ နဲ့ ကိုယ် ပူပင်စရာတွေ ရှိကြတယ် ဆိုပေမယ့်လည်း တွေးသင့်သလောက်ပဲ တွေးပါ။ စိတ်ဖိစီးနေတာ တွေကို တတ်နိုင်သလောက် ဖြေလျှော့ဖို့ ကြိုးစားပါ။

(၇) လက်ဆေးပါ

ရောဂါကင်းချင်တယ်၊ ကိုယ်ခံအားကောင်းချင်တယ်ဆို တစ်ကိုယ်ရည်သန့်ရှင်းမှုက အခြေခံအဆင့်ပါ။

လက်ဆေးပါ။ လက်သန့်ရှင်းမှု မရှိတဲ့ကိစ္စကနေ အသက်ရှူလမ်းကြောင်း နဲ့ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

(၈) အသီးအရွက် နဲ့ သီးနှံတွေ စားပါ

အသားဓာတ် တစ်မျိုးတည်း နဲ့ အားမဖြစ်နိုင်ပါဘူး။
အသီးအရွက် နဲ့ သီးနှံတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေက ရောဂါတွေကို ကာကွယ်နိုင်တယ်။

(၉) အချို စားသုံးမှု ကို လျှော့ချပါ

အချို စားများလို့ အားမဖြစ်ဘူးနော်။ သကြားဓာတ်ကို တော်သင့်ရုံ စားပါ။ ထပ်ပေါင်းအချိုဓာတ် ကြောင့်
ကိုယ်ခံအား စနစ်အပေါ် မကောင်းတဲ့ သက်ရောက်မှု
ရှိနိုင်တယ် လို့ သုတေသန တွေ့ရှိထားပါတယ်။



source: hellosayarwon

အသက်(30)ကျော် လေဒီတို့ သိထားရမယ့် နနွင်းအကြောင်း➖➖➖➖➖အရွယ်ရလာပြီလို့ သိနိုင်တာကတော့ မျက်လုံးနားက ကျီးကန်းခြေထောက် အရေြးေ...
22/04/2020

အသက်(30)ကျော် လေဒီတို့ သိထားရမယ့် နနွင်းအကြောင်း
➖➖➖➖➖

အရွယ်ရလာပြီလို့ သိနိုင်တာကတော့ မျက်လုံးနားက ကျီးကန်းခြေထောက် အရေးကြောင်းရယ် တွန့်လာတဲ့ နဖူးက အရေးကြောင်းရယ်က သက်သေတွေပါပဲ။ 😌

ဒါတွေက အသက် (30) ကျော်ရုံလေးနဲ့စတင်လက္ခဏာ ပြတတ်တဲ့ စိတ်ညစ်စရာတွေမို့ နနွင်းအကြောင်း ပြောပြပေးချင်ပါတယ်။

နနွင်းမှာ ဓာတ်တိုးဆန့်ကျင်တဲ့အစွမ်းရှိပြီး အိုမင်းရင့်ရော်မှုလွယ်လွယ်မဖြစ်အောင် တားဆီးပေးတယ်။

နနွင်း နဲ့ ပျားရည် (သို့) နနွင်းနဲ့ ဒိန်ဂျင် ရောစပ်ပြီး မိနစ်15-20 လိမ်းပေးမယ်ဆိုရင်တော့ မျက်နှာမှာ ဝက်ခြံကင်းပြီး အရေးကြောင်းများ သက်သာလို့ ဆယ်ကျော်သက်မျက်နှာပိုင်ရှင်လေး ဖြစ်စေပါတယ်။

မယုံမရှိ စမ်းကြည့်ဖို့ မမေ့နဲ့နော်။🤞





ပုံစာ- ဘုရားစူး နနွင်းလား

ရင်သားကင်ဆာ ဖြစ်နေကြောင်း ဘယ်လိုကြိုသိနိုင်မလဲ ❓အမျိုးသမီးတို့ကြား အသေအပျောက်များနေပြီး နောက်ကျမှ သိခွင့်ရတဲ့ အငိုမျက်လံ...
22/04/2020

ရင်သားကင်ဆာ ဖြစ်နေကြောင်း ဘယ်လိုကြိုသိနိုင်မလဲ ❓

အမျိုးသမီးတို့ကြား အသေအပျောက်များနေပြီး နောက်ကျမှ သိခွင့်ရတဲ့ အငိုမျက်လုံးမျိုး များစွာတွေ့ဖူးခဲ့ပါတယ်။ 😌

ရင်သားကင်ဆာအကြိတ်ဖုဟာ ပုံမှန်အနေနဲ့ဆိုရင် မာကြောတယ် နာကြင်တာမျိုး မရှိဘူး ရွေ့လျားမှုမရှိဘူး စတဲ့သဘာဝရှိ ပါတယ်။

(၁) နို့ သီးခေါင်း အရေပြား နဲ့ ရင်သားပေါ်ယံအရေပြားတို့  အရေခွံကွာကျပြီး အရေခွံ ပက်ကျားအက်လာရင်
(၂) ရင်သားအရောင် နီရဲလာရင်
(၃) နို့ သီးခေါင်းမှသွေးစက်ကျလာရင်
(၄) ရင်သားအရွယ်အစားနဲ့  ပုံစံ သိသိသာသာပြောင်းလဲသွားရင်
(၅) ရင်သား အရေပြားတို့  တင်းရင်းမနေဘဲ လိမ္မော်သီးအခွံကဲ့သို့  ပုံသဏ္ဍာန်မမှန် ဖောင်း ကြွတာမျိုး ချိုင့်ဝင်သွားတာမျိုး ကြုံလာရရင်
(၆) နို့ သီးခေါင်းပုံစံ မမှန်တော့ဘဲပြောင်းလဲသွားရင်(အထဲသို့ချိုင့်ဝင်သွားခြင်း)
(၇) နို့ သီး ခေါင်းမှာ အဖုအပိမ့်ကွက်များထွက်ပေါ်လာရင်
(၈) ရင်သားထဲ မှာ ငြိမ်နေ(မရွေ့ မရှား)သော အကျိတ်တည်လာရင်
(၉) ရာသီလာ စဉ် ကာလမဟုတ်ဘဲ၊ ဂျိုင်းကြား နဲ့ ရင်သားတို့  နာကျင်စွာခံ စားနေရရင်
(၁၀) ဂျိုင်းကြားမှာအကြိတ်တည်လာရင်
(၁၁) ရင်သားတစ်ရှုးတွေထူထဲကာမာတင်းတင်းဖြစ်၍ နေထိုင်ရ ခက်ခဲလာရင် မပေါ့ဆပဲ ဆေးခန်းသို့ အချိန်မီ ပြသလိုက်ပါ။



သင့်ကျောက်ကပ်မှာ ပြဿနာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀)ခု(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာကျော...
22/04/2020

သင့်ကျောက်ကပ်မှာ ပြဿနာရှိနေပြီလို့ ပြနေတဲ့
လက္ခဏာ (၁၀)ခု

(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ
ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်
သွေးထဲမှာအဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီး
သွေးညစ်စေပါတယ်။

အဲဒီအခါ လူတွေကပင်ပန်းအားနည်းလာပြီး
အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့
သွေးအားနည်းတာပဲဖြစ်ပါတယ်။

(၂) အိပ်မပျော်တာ

ကျောက်ကပ်က ကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစား သွေးထဲမှာအဆိပ်
အတောက်တွေကျန်နေတာပေါ့။

ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက
ဆက်နွှယ်မှုလည်းရှိနေပြီးကျောက်ကပ်ရောဂါ
ရှိသူတွေမှာ အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာ
တွေ့ရပါတယ်။

(၃) အသားခြောက်ပြီးယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကကဏ္ဍအတော်များများမှာအရေးပါပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်ထဲကအရည်ပိုတွေနဲ့အညစ်အကြေးတွေကိုဖယ်ရှားစွန့်ထုတ်ပေးတယ်၊ သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ ထောက်ပံ့တယ်၊ သွေးထဲမှာသတ္တုဓာတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်
လုပ်ဆောင်တယ်။

အသားအရေခြောက်သွေ့ပြီးယားယံနေတာက ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓာတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၄) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာ ဆီးခဏခဏသွားချင်တာ
ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။

ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာထိခိုက်နေတဲ့အခါ
ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။

တစ်ခါတလေဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ
ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ

ကျောက်ကပ်ကျန်းမာနေရင် သွေးထဲက
အညစ်အကြေးတွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးကလာပ်စည်းတွေကို
ထိန်းသိမ်းကာကွယ်ပေးပါတယ်။

ဒါပေမယ့် ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က
ယိုယွင်းနေတဲ့အခါ သွေးကလာပ်စည်းတွေကဆီးထဲကိုစတင်ယိုစိမ့်လာနိုင်ပါတယ်။

ဆီးထဲသွေးပါတာဟာကျောက်ကပ်ရောဂါရှိတယ်လို့
အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ ကျောက်ကပ်ကျောက်တည်တာ၊ ရောဂါပိုးဝင်တာတစ်ခုခုရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ

ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာ
ပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊
အထူးသဖြင့် ဆီးသွားပြီး ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။

ဒါဟာဆီးထဲမှာ albumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကို ဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာ
ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့
အစောပိုင်းလက္ခဏာဖြစ်ပါတယ်။

ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲမှာထိန်းပေးရမယ့်
အစားကျောက်ကပ်ကဆီးထဲကိုပရိုတင်းတွေ
အများကြီးစွန့်ထုတ်ပေးတာကြောင့်
မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။

(၈) ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ
ဆိုဒီယမ်တွေစုနေစေပြီး ခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။

ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာကနှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း
ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ

ဒါကတော့ အကြောင်းကြောင်းကြောင့်
အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့
ကျောက်ကပ်ကြောင့် ဖြစ်လာနိုင်ပါတယ်။

ကျောက်ကပ်ကစစ်ထုတ်ဖယ်ရှားမပေးတဲ့
အဆိပ်အတောက်ဓာတ်တွေစုပုံလာတာက
အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီး
ဖော့စဖရပ်စ်ဓာတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

& Beauty

Source: MYANMARTIMES

ကျန်းမာရေးအတွက် အုန်းစိမ်းရည်သောက်ပေးသင့်တဲ့ အကြောင်းရင်း (၅)ချက်(၁) ရေဓာတ် ဖြည့်ပေးနိုင်ခြင်းအုန်းစိမ်းရည်မှာ ရေဓာတ် ၉၅...
22/04/2020

ကျန်းမာရေးအတွက် အုန်းစိမ်းရည်သောက်ပေးသင့်တဲ့ အကြောင်းရင်း (၅)ချက်

(၁) ရေဓာတ် ဖြည့်ပေးနိုင်ခြင်း

အုန်းစိမ်းရည်မှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း
ပါဝင်တာကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို
ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ထို့အပြင် ကယ်လိုရီနဲ့ သကြားဓာတ်ပါဝင်မှုလည်း
လျော့နည်းပါတယ်။

(၂) သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ခြင်း

အုန်းစိမ်းရည်ဟာ ရာသီဥတုအပူရှိန်ကြောင့်
သွေးပေါင်တက်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။
အဲ့တာကြောင့် အုန်းစိမ်းရည်ကို တနေ့ ၂ ခွက်ခန့်
သောက်သုံးပေးခြင်းက သွေးပေါင်ချိန်ကို
မျှတစေပါတယ်။

(၃) ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်းစေခြင်း

အုန်းစိမ်းရည်ဟာ ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိ
ရှိတာကြောင့် ဆီးကျင်ခြင်းအပါအဝင် ကျောက်ကပ်မှာ
ကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) ရင်ပူ ၊ ရင်ဆာ ဖြစ်ခြင်းကို ပျောက်ကင်းစေခြင်း

အုန်းစိမ်းရည် သောက်သုံးပေးခြင်းက
ရင်ပူရင်ဆာဖြစ်ခြင်း နဲ့ ချွေးထွက်များပြီး
ပင်ပန်းနွမ်းနယ်ခြင်းတွေကို ထိထိရောက်ရောက်
သက်သာပျောက်ကင်းစေပါတယ်။

(၅) အသားရေကို ကြည်လင်းစေခြင်း

အုန်းစိမ်းရည်က ခန္ဓာကိုယ်ရဲ့ pH level ကို
ထိန်းညှိပေးနိုင်တာကြောင့် အသားအရေကို
စိုပြည်ကြည်လင်စေနိုင်တဲ့အပြင် နွေရာသီမှာ
ဖြစ်တတ်တဲ့ အရေပြားကျန်းမာရေးပြဿနာတွေကို
လျော့ပါးသက်သာစေနိုင်ပါတယ်။

& Beauty

နေ့တဒူဝ ကွန်ပျူတာရှေ့မှာအလုပ်လုပ်နေရတော့ မျက်ရိုးတွေကိုက် ဇတ်ကြောတွေက တက် မျက်လုံးကမျက်ရည်ပူတွေကျလို့ အလွယ်ပဲ မျက်မှန်လု...
21/04/2020

နေ့တဒူဝ ကွန်ပျူတာရှေ့မှာအလုပ်လုပ်နေရတော့ မျက်ရိုးတွေကိုက် ဇတ်ကြောတွေက တက် မျက်လုံးကမျက်ရည်ပူတွေကျလို့ အလွယ်ပဲ မျက်မှန်လုပ်တပ် လိုက်ကြပါတယ်။

မျက်မှန်ဆိုသည်မှာလည်း တပ်စရှိရင် ပါဝါက တဖြည်းဖြည်းတိုးလာမှာ မဟုတ်လား?

ဒါကြောင့် အစတည်းက မျက်မှန်မတပ်ရစေဖို့ သင်က ကွန်ပျူတာနေ့စဉ် အသုံးပြုနေရသူဆိုရင် ဒါတွေ သိထားသင့်ပါတယ်နော်။

ကွန်ပျူတာ မျက်နှာပြင်နဲ့ သင့်မျက်နှာ တန်းညီစွာ ထားပါ

သက်တောင့်သက်သာရှိစေတဲ့ ထိုင်ခုံရွေးချယ်ပါ

အလုပ်လုပ်ရာနေရာကို အလင်းရောင်စူးစူး မကျရောက်ပါစေနဲ့။

သင့်ခြေထောက်ကို ကြမ်းပြင်မှာ ပြားနေအောင်ချပါ။

ကွန်ပျူတာ ကြည့်လို့ မျက်လုံးခြောက်သွေ့လာသလို ခံစားရရင် မိနစ်20 အနားယူပါ။

အစိမ်းရောင်ရှိ အရာများကို 20ပေ အကွာခန့်မှ စက္ကန့် 20 ခန့် ကြည့်ပေးပါ။

ဒီလိုလေးသာ နေ့စဉ် လုပ်ပေးမယ်ဆိုရင် မျက်မှန်တပ်ရခြင်းက ကင်းဝေးမှာပါနော်



ပိန်လို့ စိတ်ပျက်မနေပါနဲ့တော့ 😪 ဝိတ်တက်ပြီး လှပစိုပြေလာစေဖို့ ကယ်လိုရီများများစားပေးပါ။ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီထက် ...
21/04/2020

ပိန်လို့ စိတ်ပျက်မနေပါနဲ့တော့ 😪 ဝိတ်တက်ပြီး လှပစိုပြေလာစေဖို့ ကယ်လိုရီများများစားပေးပါ။

ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီထက် နေ့စဉ် ပိုစားပေးဖို့လိုပါတယ်နော်။

တဖြည်းဖြည်းချင်း ဝိတ်တက်ချင်ရင်တော့ ကယ်လိုရီ 300 ကနေ 500 ထိစားပေးပါ။

မြန်မြန်ဝိတ်တက်ချင်ရင်တော့ ကယ်လိုရီ 700 ကနေ 1000 စားပေးရပါမယ်နော်။


ဘာကြောင့် မနက်ခင်းမှာရေ ရေ ပိုချိုးသင့်တာလဲ??... ရေချိုးတာဟာ တကိုယ်ရည်သန့်ရှင်းဖို့အတွက်သာမက ကိုယ်ကျန်းမာဖို့ စိတ်ကျန်းမ...
21/04/2020

ဘာကြောင့် မနက်ခင်းမှာရေ ရေ ပိုချိုးသင့်တာလဲ??...

ရေချိုးတာဟာ တကိုယ်ရည်သန့်ရှင်းဖို့အတွက်သာမက
ကိုယ်ကျန်းမာဖို့ စိတ်ကျန်းမာဖို့အတွက်ပါ အရေးကြီးတဲ့အရာ
ဖြစ်ပါတယ်။

ဘာကြောင့် မနက်ခင်းမှာရေ ရေ ပိုချိုးသင့်တာလဲဆိုတော့….

၁။ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေခြင်း

ကျွန်တော်တို့ဟာ တညလုံးလဲလျောင်းအိပ်ထားတာကြောင့် မနက်အိပ်ရာထထချင်းမှာ အနည်းနဲ့အများဆိုသလို ညောင်းညာပြီး ထိုင်းမှိုင်းနေတတ်ပါတယ်။

အိပ်ရေးပျက်ရင် အိပ်ရေးမဝတဲ့အခါတွေမှာဆိုရင် မနက်အိပ်ရာထ ပိုထိုင်းမှိုင်းနေနိုင်ပါတယ်။
မနက်စောစောရေချိုးလိုက်ခြင်းဖြင့် ရေအေးအေးလေးရဲ့ အထိအတွေ့ကြောင့် အာရုံကြောတွေကိုလှုံ့ဆော်လိုက်သလိုဖြစ်ပြီး ညောင်းညာထိုင်းမှိုင်းနေတာတွေ သက်သာသွားကာ စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွလာပါတယ်။

၂။ စိတ်ဖိစီးမှုကို လျော့ပါးစေခြင်း

မနက်စောစောရေချိုးခြင်းဖြင့် ဦးနှောက်ကို ကြည်လင်လန်းဆန်း အားပြည့်စေပြီး စိတ်ထဲအတွေးထဲက တင်းကြပ်မှုတွေကို ပြေလျော့စေတဲ့အတွက် စိတ်ဖိစီးမှုတွေကို
သက်သာစေနိုင်ပါတယ်။

၃။ ပိုနေတဲ့အဆီတွေကို ကျစေပြီး ကိုယ်ရည်စစ်စေနိုင်ခြင်း

ဒီလိုပြောလို့ တချို့ကဟုတ်ပါ့မလား လို့ မေးနိုင်ပါတယ်။
ဒါပေမယ့် လေ့လာမှုတွေအရ မနက်စောစောရေအေးနဲ့
နေ့တိုင်းချိုးပေးမယ်ဆိုရင် လပိုင်းလောက်ဆိုရင်ကို
ပိုနေတဲ့အဆီတွေကို ကျစေပြီး ကိုယ်ရည်စစ်စေနိုင်ကြောင်း သုတေသနတွေအရသိရပါတယ်။

၄။ ကိုယ်ခံအားကို ကောင်းစေနိုင်ခြင်း

မနက်စောစောရေချိုးရင် အအေးမိတာ၊ နှာစေးတာ၊
ဖျားတာတွေဖြစ်တယ်ဆိုတာ ရေတအားအေးတာနဲ့
လေတိုက်ထဲမှာချိုးပြီး ရေချိုးပြီးတဲ့အခါမှာလည်း
လေတိုက်ခံလို့ဖြစ်တာပါ။

ရေချိုးခန်းထဲမှာ ရေကြက်သီးနွေးလေးနဲ့
မနက်စောစောချိုးပေးမယ်ဆိုရင် တကိုယ်လုံးက
သွေးကြောတွေကိုပွင့်စေပြီး သွေးလှည့်ပတ်မှုကို
ကောင်းစေကာ ကိုယ်ခံအားကိုမြင့်တက်စေနိုင်ပါတယ်။

ကိုယ်ခံအားမြင့်တက်လာတဲ့အတွက် ဖျားတာ၊ အအေးမိတာတွေ၊ ပိုးဝင်တာတွေ အလွယ်တကူမဖြစ်နိုင်တော့ပါဘူး။

ရေချိုးပြီးတဲ့အခါမှာတော့ လက်ရှည်အပါးလေး
ခဏဝတ်ထားဖို့လိုပါတယ်။

၅။ ကျားဟော်မုန်းကို မြင့်တက်အားကောင်းစေခြင်း

သုတေသနပြုချက်တွေအရ မနက်စောစောရေချိုးတာဟာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လှုပ်တဲ့ဖြစ်စဉ်ကို
အားပေးကာ ကိုယ်တွင်းရှိ ကျားဟော်မုန်းပမာဏကို
မြင့်တက်အားကောင်းစေနိုင်ကြောင်း သိရပါတယ်။

ကျားဟော်မုန်း (Testosterone) ဟာ သုတ်ကောင်တွေထုတ်ဖို့၊ မျိုးအောင်ဖို့၊ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကောင်းဖို့အတွက် အရမ်းအရေးပါတဲ့ ဟော်မုန်းပါ။

သူနည်းရင် ပန်းသိပ်မလန်းတာ၊ ကလေးရဖို့ ခက်တာတွေ
ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သင်ဟာ ပန်းသိပ်မလန်းသလိုခံစားရရင်၊ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျသလို ခံစားရရင်၊ ကလေးရဖို့ခက်တာဖြစ်နေရင် မနက်စောစောကို ရေအေးနဲ့ နေ့တိုင်းရေချိုးတာကို လုပ်ကြည့်သင့်ပါတယ်။

၆။ အသားအရေနဲ့ ဆံပင်အတွက် အထောက်အကူပြုခြင်း

မနက်ခင်းရေချိုးခြင်းဟာ အသားအရေမှာရှိသင့်တဲ့ အစိုဓါတ်ကို အားဖြည့်ပေးတဲ့အတွက် အသားအရေကို ကြည်လင်ဝင်းပစိုပြေစေပြီး အသားအရေခြောက်သွေ့ ကွဲအက်တာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဆံပင်ကျွတ်ခြင်း၊ ဆံသားခြောက်ခြင်းတွေကိုလည်း
မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပြီး
ဆံသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၇။ ကြွက်သားတင်းရင်းမှုတွေကို ပြေလျော့စေခြင်း

မနက်စောစောရေချိုးခြင်းဟာ ကြွက်သားတင်းရင်းနာကျင်မှုတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။
ဒါကြောင့် အကြောတက်ညောင်းကိုက်တတ်တဲ့ သူတွေအနေနဲ့ မနက်စောစောရေချိုးသင့်ပါတယ်။

: Dr 528

& Beauty

သတိထားသင့်တဲ့ ဝက်ခြံပျောက်ဆေးတွေရဲ့ ဆိုးကျိုးများဝက်ခြံပျောက်ဆေးအမျိုးမျိုးရှိလာတဲ့ ဒီနေ့ခေတ်မှာ သတိထားသင့်တဲ့ ဝက်ခြံပျေ...
21/04/2020

သတိထားသင့်တဲ့ ဝက်ခြံပျောက်ဆေးတွေရဲ့ ဆိုးကျိုးများ

ဝက်ခြံပျောက်ဆေးအမျိုးမျိုးရှိလာတဲ့ ဒီနေ့ခေတ်မှာ
သတိထားသင့်တဲ့ ဝက်ခြံပျောက်ဆေးတွေရဲ့
ဆိုးကျိုးတွေကို Oren ကနေပြောပြလိုက်ပါတယ်နော်။

ဝက်ခြံပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အရေပြားယားယံခြင်း၊ ပူခြင်း၊ နီရဲလာခြင်း
တင်းခြင်းစတဲ့ အနေရခက်တာတွေရှိပါတယ်။

တချို့ဆေးတွေမှာ toxic dose ပါဝင်မှု အလွန်များတာကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံပြောင်းခြင်း၊ သတ်သေချင်စိတ်လွန်ကဲခြင်းတွေအပြင်
အမျိုးသမီးတွေဆိုရင် ဆေးသောက်နေစဉ်အတွင်း ကိုယ်ဝန်ဆောင်လို့မရတာတွေ ဖြစ်တတ်ပါတယ်။

အဲ့တာတွေအပြင် ဆေးသောက်စ ၁၀ရက် အတွင်းမှာ ဝက်ခြံတွေပိုဆိုးလာတာ၊ ဆေးဖြတ်လိုက်လိုက်တာနဲ့
ပြန်ဖြစ်လာတာတွေရှိနိုင်ပါတယ်။

ဝက်ခြံပျောက်ဆေးတွေမှာ အခုလို ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေ အများကြီးရှိတာကြောင့် မဖြစ်မနေအသုံးပြုတော့မယ်ဆိုရင် အလှအပရေးရာကျွမ်းကျင်ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ရယူပြီးမှ အသုံးပြုသင့်ကြောင်း
အကြံပြုလိုက်ပါတယ်။

&Beauty

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 18:00
Thursday 09:00 - 17:00
Friday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Oren - Health & Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share