Man U Daily News

  • Home
  • Man U Daily News

Man U Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Man U Daily News, Media/News Company, .

“ကျွန်တော်အနေနဲ့ ရော်နယ်ဒိုကို ယူနိက်တက်အသင်းမှာဆက်နေစေချင်ပါတယ်။သူနဲ့အတူ နောက်ထပ်ကစားခွင့်ရချင်သေးလို့ပါ။ သူက မယုံနိုင်...
26/08/2022

“ကျွန်တော်အနေနဲ့ ရော်နယ်ဒိုကို ယူနိက်တက်အသင်းမှာဆက်နေစေချင်ပါတယ်။သူနဲ့အတူ နောက်ထပ်ကစားခွင့်ရချင်သေးလို့ပါ။ သူက မယုံနိုင်စရာ ကစားသမားပါ။ နောက်ထပ်အတူ ရော်နယ်ဒ်ုနဲ့ ကစားခွင့်ရဖို့ကို မစောင့်နိုင်တော့ပါဘူး။”❤️👏

🗣ကာစီမဲရိုး(ယူနိက်တက်ကစားသမားသစ်)

ယူနိုက်တက်အသင်းဂျာစီနဲ့ ခန့်ညားစွာ မြင်တွေ့ရတဲ့ ကတ်စမဲရိုး
25/08/2022

ယူနိုက်တက်အသင်းဂျာစီနဲ့ ခန့်ညားစွာ
မြင်တွေ့ရတဲ့ ကတ်စမဲရိုး

ဒါ​တောင် ကစ္စမဲရိုး မပါသေးဘူး🤔🔴ယူနိုက်တက် ခံစစ်မှုး ဗာရန်းက​တော့ မ​နေ့ညကပွဲမှာ လီဗာပူးလ်တိုက်စစ်မှုး ဒီယက်ဇ်ကို ​လေ​ပေါ်...
25/08/2022

ဒါ​တောင် ကစ္စမဲရိုး မပါသေးဘူး🤔

🔴ယူနိုက်တက် ခံစစ်မှုး ဗာရန်းက​တော့ မ​နေ့ညကပွဲမှာ လီဗာပူးလ်တိုက်စစ်မှုး ဒီယက်ဇ်ကို ​လေ​ပေါ်မှာ ကိုင်​​ပေါက်ပြခဲ့ပါတယ်။

[ရီးရဲလ်ကစား​​ဖော်​ဟောင်း ကြမ်း​ဖော်ကြမ်းဖက် ကစ္စမဲရိုး​ရောက်လာပီဆိုတဲ့သတင်းနဲ့တင် ဗာရန်းတစ်​ယောက်​တော့ ရီးရဲလ်မှာ ကစားခဲ့တဲ့ တချိန်ကပုံစံ​တွေ ပြန်ပြလာပြီ ထင်ပါရဲ့..😁]

Crd

Jadon Sancho : "ပြီးခဲ့တဲ့အပတ်တွေတုန်းက ကျွန်တော်တို့ အရမ်းနာကျင်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပြန်ရုန်းထွက်ရမယ်ဆိုတာ ကျွန်တော်တ...
24/08/2022

Jadon Sancho :

"ပြီးခဲ့တဲ့အပတ်တွေတုန်းက ကျွန်တော်တို့ အရမ်းနာကျင်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပြန်ရုန်းထွက်ရမယ်ဆိုတာ ကျွန်တော်တို့တွေးထားပြီး လီဗာပူးလ်နဲ့ပွဲမှာတော့ ကျွန်တော်တို့တွေ လုပ်နိုင်တာကို ပရိသတ်တွေဆီ ချပြခွင့်ရခဲ့ပါတယ်။

အခုလို အနိုင်ရရှိတာက အသင်းအတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ပထမနှစ်ပွဲက ကျွန်တော်တို့တွေ ကောင်းကောင်းမကစားခဲ့ရပါဘူး။ ဒီနေ့မှာတော့ ကျွန်တော်တို့အားလုံးအတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။

ပရိသတ်တွေက ဘယ်လိုတုံ့ပြန်လဲဆိုတာကို ခင်များတို့လည်း တွေ့မှာပါ။ ကျွန်တော်တို့က သုံးမှတ်ရခဲ့ပေမယ့် နောက်ထပ်နိုင်ပွဲတွေရဖို့ ဆက်ကြိုးစားမှရပါမယ်။ ပွဲတိုင်းကိုလည်း ဒီကိုမျိုး ကစားနိုင်ဖို့ အရေးကြီးပါတယ်"

Crd mudnmm

"အသင်းခေါင်းဆောင်လက်ပတ်က ဘရူနို့ကို အားတတ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ရာဖေးလ်ဗာရန်းနဲ့အတူ အသင်းအတွက် ခေါင်းဆောင်မှ...
24/08/2022

"အသင်းခေါင်းဆောင်လက်ပတ်က ဘရူနို့ကို အားတတ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ရာဖေးလ်ဗာရန်းနဲ့အတူ အသင်းအတွက် ခေါင်းဆောင်မှုပြသခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

ကွင်းထဲမှာ သူတို့တွေဟာ ကြီးမားတဲ့ခြားနားမှုတွေကို ဖန်တီးနေတယ်လို့ ကျွန်တော်ခံစားရတယ်။ သူတို့နှစ်ယောက်တင်မကဘဲ ကျွန်တော်တို့အသင်းအနေနဲ့ ခေါင်းဆောင်ကောင်းတွေ ပိုပြီးလိုအပ်ပါတယ်"

-တန်ဟတ်

[Sky Sports]

Crd mudnmm

✅️ ဒီကစားသမား (၃)ယောက်ရဲ့ Defensive trio Role ကတော့ ပြိုင်ဘက်ရဲ့ တိုက်စစ်တိုင်းကို အတိုင်းအတာ တစ်ခုအထိ ကောင်းကောင်း ထိန်...
23/08/2022

✅️ ဒီကစားသမား (၃)ယောက်ရဲ့ Defensive trio Role ကတော့ ပြိုင်ဘက်ရဲ့ တိုက်စစ်တိုင်းကို အတိုင်းအတာ တစ်ခုအထိ ကောင်းကောင်း ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် နည်းပြအဆက်ဆက် ဗရုတ်သုတ်ခဖြစ်နေခဲ့တဲ့ ခံစစ် နဲ့ကွင်းလယ်ကို နည်းပြကြီးကိုယ်တိုင် အကောင်းဆုံး ပြန်လည် တည်ဆောက်နေတာပါ။

ကစားပုံ လေးလံပြီး နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို ပြတ်ပြတ်သားသား အနားပေးနိုင်တာက တကယ်အားရစရာကောင်းနေပြန်ပါတယ်။

နောက်ပွဲတွေမှာ အချိတ်အဆက်မိနေတဲ့ ဗာရန်း-မာတီနက်ဇ် တို့ရဲ့ CB ဗဟိုခံစစ်အတွဲကို DM Role ကနေ ကစ္စမဲရိုးကို ထည့်သွင်းလိုက်ရင် တကယ်ကို အားရစရာကောင်းတဲ့ trio ဖြစ်လာမှာပါပဲ။

Crd

ရက်ရှ်ဖို့ဒ် : "ဒါဟာ ကျွန်တော် ပုံမှန်သွင်းနေကျ သွင်းဂိုးတစ်ဂိုးပါပဲ။ ဒါကြောင့် ဒီလိုမျိုးဂိုးတွေကို သွင်းယူနိုင်ခြင်းဟာ...
23/08/2022

ရက်ရှ်ဖို့ဒ် :

"ဒါဟာ ကျွန်တော် ပုံမှန်သွင်းနေကျ သွင်းဂိုးတစ်ဂိုးပါပဲ။ ဒါကြောင့် ဒီလိုမျိုးဂိုးတွေကို သွင်းယူနိုင်ခြင်းဟာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီနေ့မှာ ကောင်းမွန်တဲ့အနေအထားနဲ့ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။

နောက်နေ့တွေမှာလည်း ဂိုးတွေထပ်သွင်းဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဆက်လက်ပြီး ကြိုးစားနေမှာပါ။ အခုလို သွင်းဂိုးရရှိခဲ့တာဟာ အရမ်းကောင်းတဲ့ ခံစားချက်တစ်ခုပါပဲ။

ဂျေဒမ်လည်း အကောင်းဆုံးဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ သူအချိန်ယူပြီး သေချာလေးအဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အရင်လိုမျိုးပြန်ဖြစ်ဖို့ အစွမ်းကုန်ပေးဆပ်သွားမှာပါ"

Credit

အရှုံးကိုလက်မခံနိုင်ပဲ ယူနိုက်တက်ထက် လီဗာပူးလ်က ပိုကောင်းကြောင်း ဖျင်ပိတ်ငြင်းနေတဲ့ ကလော့ပ်
23/08/2022

အရှုံးကိုလက်မခံနိုင်ပဲ ယူနိုက်တက်ထက် လီဗာပူးလ်က ပိုကောင်းကြောင်း ဖျင်ပိတ်ငြင်းနေတဲ့ ကလော့ပ်

Leave a Comment Cancel replyYour email address will not be published. Required fields are marked * Save my name, email, and website in this browser for the next time I comment.

ဒီနေ့ညနေ ယူနိုက်တက်နဲ့ အေဗီလာ ပွဲ ရှိတယ်နော် ဘော်ဒါတို့  ဂိုးရလဒ်ခန့်မှန်းခဲ့ ကြဦး👇
23/07/2022

ဒီနေ့ညနေ ယူနိုက်တက်နဲ့ အေဗီလာ ပွဲ ရှိတယ်နော် ဘော်ဒါတို့ ဂိုးရလဒ်ခန့်မှန်းခဲ့ ကြဦး👇

မင်းလဲငါ့စော်လိုဘဲ နောက်တယောက်ထားပြီးငါ့အပေါ်သစ္စာရှိသလိုမျိုး🗣 - Kalvin Phillips - "ကမ္ဘာ့အကြီးဆုံးအသင်းတွေထဲကတစ်သင်းဖြ...
21/07/2022

မင်းလဲငါ့စော်လိုဘဲ နောက်တယောက်ထားပြီးငါ့အပေါ်သစ္စာရှိသလိုမျိုး

🗣 - Kalvin Phillips - "ကမ္ဘာ့အကြီးဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ယူနိုက်တက်က ကျွန်တော့်ကို လိုချင်တဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် လိဒ်အပေါ်သစ္စာရှိရှိရှိနေလိုတာကြောင်း မန်ချက်စတာရဲ့အခြား တစ်ဖက်ခြမ်းကို သွားလိုက်တာပါ"

ဖီလစ် ကိုယူနိုက်တက်က ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်အသင်းကြားမှာရှိတဲ့ သမိုင်းကြောင်းပြဿနာတွေကြောင်းသူ့အနေနဲ့ မန်စီးတီးကိုဘဲပြောင်းရွေ့ခဲ့တာဖြစ်ကြောင်းဖွင့်ပြောလာပါတယ်။

Crd

မိန်းမတွေရဲ့ မာယာထက် ၁ပွဲကို အနည်းဆုံး ၃ဂိုးသွင်းနေတဲ့ ယူနိုက်တက်က ပိုကြောက်ဖို့ကောင်းတယ်Crd
20/07/2022

မိန်းမတွေရဲ့ မာယာထက် ၁ပွဲကို အနည်းဆုံး ၃ဂိုးသွင်းနေတဲ့ ယူနိုက်တက်က ပိုကြောက်ဖို့ကောင်းတယ်

Crd

မန်ယူ vs ပဲလေ့စ် ပွဲ တိုက်ရိုက်ပြမည်တိုက်ရိုက်LIVEပြမည်  ကြည့်ကျမလားကန်မည့်ချိန် ယနေ့ ညနေ 4:40 PM
19/07/2022

မန်ယူ vs ပဲလေ့စ် ပွဲ တိုက်ရိုက်ပြမည်

တိုက်ရိုက်LIVEပြမည် ကြည့်ကျမလား

ကန်မည့်ချိန် ယနေ့ ညနေ 4:40 PM

ချာလီဆာဗေချ့် " ဒီဂျာစီဝတ်ပြီးကစားရတဲ့အခိုက်တန့်က ကျနော့်ဘဝမှာတခြားဘာနဲ့မှမလဲနိုင်ပါဘူးဇီဒန်း " ကျနော်ကခံစားချက်ကိုဦးစာ...
17/07/2022

ချာလီဆာဗေချ့် " ဒီဂျာစီဝတ်ပြီးကစားရတဲ့အခိုက်တန့်က ကျနော့်ဘဝမှာတခြားဘာနဲ့မှမလဲနိုင်ပါဘူး

ဇီဒန်း " ကျနော်ကခံစားချက်ကိုဦးစားပေးတတ်ပါတယ်။ ထူသဖြင့်နှလုံးသားကရရှိလာတဲ့ပျော်ရွှင်မူတွေအတွက် ကျေနပ်ရပါတယ်။ ဒီလိုဖြစ်လာတာကလဲ ယူနိုက်တက်ကြောင်းပါဘဲ။ ကျနော်အမြဲယူနိုက်တက်မှာရှိနေချင်တာပါ။

Crd

🗣️ ရုကော်စတာ (ဘင်ဖီကာ ဥက္ကဋ္ဌ )ဒါဝင်နူးနက်ကိုအသင်းကြီးတွေစိတ်ဝင်စားနေတာမြင်ရတော့ သူ့အတွက်ရော ကလပ်အသင်းအတွက်ပါကောင်းမယ်ဆိ...
17/07/2022

🗣️ ရုကော်စတာ (ဘင်ဖီကာ ဥက္ကဋ္ဌ )

ဒါဝင်နူးနက်ကိုအသင်းကြီးတွေစိတ်ဝင်စားနေတာ
မြင်ရတော့ သူ့အတွက်ရော ကလပ်အသင်းအတွက်ပါ
ကောင်းမယ်ဆိုပြီးအရင်ဆုံးတွေးမိတယ်
ကျွန်တော်တို့က ယူရို 40 + 45 သန်းလောက်ရရင်
ရောင်းမယ်လို့အားလုံးကတိုင်ပင်ထားကြတာ
တစ်ရက်နှစ်ရက်အတွင်းမှာ လီဗာပူလ်းကသန်း 80 +
အပိုဆုကြေးသန်း 20 ပေးမယ်လို့ကမ်းလှမ်းလိုက်တော့
ကျွန်တော်တို့ဗျာ ရုံးခန်းထဲမှာဘောင်းဘီကျွတ်မတက်ကခုန်ကြတာ ပျော်တာပေါ့ဗျာ အမှန်ဆိုရင်ဒါဝင်နူးနက်ထက််ကောင်းတဲ့ကစားသမားတွေကျွန်တော်တို့အသင်းမှာအများကြီးရှိပါတယ်

(အစောပိုင်းက ဒါဝင်နူးနက်ကိုယူနိုက်တက်က
လိုက်ခဲ့ပေမဲ့အဆင်မပြေခဲ့ပဲ ကစားသမားက
လီဗာပူလ်းကိုရွေးချယ်သွားခဲ့ပါတယ်)

Crd

"ချယ်လ်ဆီးက မန်စီးတီးနဲ့ လီဗာပူးလ်ကို ကျော်ပြီး အမှတ်ပေးဖလားရချင်တယ်ဆိုရင် ရော်နယ်ဒိုကို ဝယ်သင့်တယ်ဗျ၊ စတာလင်၊ ကူလီဘလီတိ...
16/07/2022

"ချယ်လ်ဆီးက မန်စီးတီးနဲ့ လီဗာပူးလ်ကို ကျော်ပြီး အမှတ်ပေးဖလားရချင်တယ်ဆိုရင် ရော်နယ်ဒိုကို ဝယ်သင့်တယ်ဗျ၊ စတာလင်၊ ကူလီဘလီတို့က ကစားသမားကောင်းတွေပါ၊ အသင်းကိုလည်း ကူညီပေးနိုင်မယ့်သူတွေပါ၊ ဒါပေမယ့် သူတို့တကယ်လိုအပ်နေတာက ကမ္ဘာအ့ဆင့်တိုက်စစ်မှူးပဲ၊ ဘာလို့လဲဆိုတော့ ကိုင်ဟာဗက်ဇ်က တိုက်စစ်မှူးစစ်စစ်မဟုတ်သလို တရာသီကို ဂိုး ၂၀ သွင်းပေးဖို့ အာမ,မခံနိုင်လို့ပဲ"

"ရော်နယ်ဒိုသာဆို အဲဒီအတွက် ကောင်းကောင်းလုပ်ပြနိုင်တယ်၊ ချယ်လ်ဆီးက ပွဲတိုင်းမှာ ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်တယ်၊ ပြိုင်ဘက်ဧရိယာထိပ်တွေထိကို သူတို့တွေ ဖိအားပေးကစားနိုင်ပြီး ရီဆီဂျိမ်းစ် နဲ့ ဘင်ချီဝဲလ်တို့ဆီကနေ အကောင်းဆုံးဖြတ်တင်ဘောတွေက ဧရိယာထဲကို ရောက်လာမှာ သေချာတယ်၊ အဲဒါတွေကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်မယ့်သူက ရော်နယ်ဒိုပဲဆိုတာ သေချာတယ်၊ သူတို့တွေ ဒီလူကို ခေါ်ကိုခေါ်ယူသင့်တယ်"

- ပေါလ်မာဆွန်

တန်ဟက်ခ်လက်ထက်မှာ ပြိုင်ဘက်ကို ဂိုးပြတ်သွင်းမှပဲ အိပ်ပျော်စားဝင်တော့တဲ့ ယူနိုက်တက
15/07/2022

တန်ဟက်ခ်လက်ထက်မှာ ပြိုင်ဘက်ကို ဂိုးပြတ်သွင်းမှပဲ အိပ်ပျော်စားဝင်တော့တဲ့ ယူနိုက်တက

Here We Go!မာတီနက်ဇ်အတွက် ယူနိုက်တက်တို့ အပြည့်အဝသဘော တူညီမှုရခဲ့ပြီးဖြစ်ရာ အေဂျက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို(55)သန်း ပ...
15/07/2022

Here We Go!

မာတီနက်ဇ်အတွက် ယူနိုက်တက်တို့ အပြည့်အဝသဘော တူညီမှုရခဲ့ပြီးဖြစ်ရာ အေဂျက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို(55)သန်း ပေးခဲ့ရသည်။ စာချုပ်(2027)ခုနှစ်အထိ ချုပ်ဆိုမည်ဖြစ်သည်။
[Fabrizio Romano]

Crd

ဒီနေ့ညနေ ယူနိုက်တက်ရဲ့ ဒုတိယမြှောက်ခြေစမ်းပွဲရှိတယ် မန်ဖန်တို့       မဲလ်ဘုန်း victory    vs        မန်ယူphoto credit
15/07/2022

ဒီနေ့ညနေ ယူနိုက်တက်ရဲ့ ဒုတိယမြှောက်ခြေစမ်းပွဲရှိတယ် မန်ဖန်တို့

မဲလ်ဘုန်း victory vs မန်ယူ

photo credit

မထင်မှတ်ပဲ ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်ကစားသမားဟောင် လူးဝစ်နာနီယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ ကစာ...
14/07/2022

မထင်မှတ်ပဲ ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်ကစားသမားဟောင် လူးဝစ်နာနီ

ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ လူးဝစ်နာနီကို ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာ တွေ့ရဘာတယ် ။ (၃၅)နှစ်အရွယ် ယူနိုက်တက်ကစားသမားဟောင်း လူးဝစ်နာနီ သည် ပြီးခဲ့တဲ့ ရက်ကပဲ မဲဘုန်း ဗစ်ထရီအသင်း ကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာလည်း ယခု 1 ပတ်မှာ ခြေစမ်းပွဲစဉ်(၂)ပွဲကို တောက်လျှောက် ကစားသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲစဉ် ပြီးဆုံးပြီးချင်းဆိုသလို၊ ဒုတိယခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ သြတြေးလျနိုင်ငံကထွက်ခွါသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခု 1 ပတ် သောကြာနေ့မှာ ဒုတိယခြေစမ်းပွဲစဉ်အဖြစ် မဲဘုန်း ဗစ်ထရီအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။မဲဘုန်းဗစ်ထရီအသင်းကတော့ သြစတြေးလျ A League ရဲ့ အကောင်းဆုံးသော အသင်း 1 သင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရာသီမှာ အမှတ်ပေးဇယား ဒုတိယနေရာ ရပ်တည်ခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း လူးဝစ်နာနီ သည် လည်း မဲဘုန်းဗစ်ထရီအသင်းထံ ပြီးခဲ့တဲ့ ရက်က ရောက်ရှိလာခဲ့တာပါ။ သို့ဖြစ်၍ သောကြာနေ့မှာ ရင်ဆိုင်မယ့် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ လူးဝစ်နာနီကို ပြိုင်ဘက်အဖြစ် မြင်တွေ့ရမှာပါ။ (၃၅)နှစ်အရွယ် ပေါ်တူဂီ တိုက်စစ် ကစားသမား သည် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ထို နောက်မှာတော့၂၀၁၅ မှာ စပို့တင်းလစ်စဘွန်း အသင်းသို့ အငှားထွက်ကစားခဲ့ပြီးနောက် ဖီနာဘာဂျီအသင်းထံ ပြောင်းရွေ့ကြေး (၆)သန်းနဲ့ ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ထို နောက်မှာတော့လာဇီယို၊ ဗလင်စီယာ၊ စပို့တင်းလစ်စဘွန်း၊ အော်လန်ဒိုစီးတီး ဗနီးဇီးယား အသင်းတွေမှာ ရာသီအနည်းငယ်စီ ကစားခဲ့တဲ့ ကစားသမားပြီး လာမယ့် သောကြာနေ့မှာတော့မဲဘုန်းဗစ်ထရီအသင်း နဲ့အတူ ယူနိုက်တက် အသင်းကို ပြန်လည် ရင်ဆိုင် ကစားမှာ ဖြစ်ကာ သရဲနီ ပရိတ်သတ်တွေအတွက် 1 ချိန်က ကစားသမားဟောင်း 1 ယောက်ကို မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီသားအတွက် ကလပ်အသင်းရှားပါးနေပြီလား ရော်နယ်ဒိုဟာ သူ့ကို ခေါ်ယူဖို့ PSG အသင်းဘက်ကို  ကမ်းလှမ်းခဲ့တယ်လို့ သတင်းအချို...
13/07/2022

ပေါ်တူဂီသားအတွက် ကလပ်အသင်းရှားပါးနေပြီလား

ရော်နယ်ဒိုဟာ သူ့ကို ခေါ်ယူဖို့ PSG အသင်းဘက်ကို ကမ်းလှမ်းခဲ့တယ်လို့ သတင်းအချို့ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် PSG အသင်းကတော့ သူတို့အသင်းမှာ ရော်နယ်ဒိုအတွက် နေရာမရှိဘူးဆိုပြီး ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ ရော်နယ်ဒိုရဲ့ ရည်ရွယ်ချက်က အထမမြောက်သေးပါဘူးလို့ပဲ ဆိုရတော့မှာပါ။ ဘိုင်ယန်ကလည်း ရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုထားပါသေးတယ်။

ယူနိုက်တက်နည်းပြ အဲရစ် တန်ဟဂ်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ပလန်ထဲမှာ ရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ရောင်းချမှာမဟုတ်ဘူးလို့ ပြောထားတာကြောင့် ဘာတွေဆက်ဖြစ်လာမလည်းဆိုတာကို စောင့်ကြည့်သွားရတော့မှာပါ။

Crd

တစ်ခါတစ်လေ တွေးမိတယ်။ အကယ်၍ ပေါ်တူဂီတို့များ ကမ္ဘာ့ဖလားဝင်ခွင့် မရခဲ့ဖူးဆိုရင် ရော်နယ်ဒိုအနေနဲ့ နိုင်ငံတောင် ပြောင်းကစား...
09/07/2022

တစ်ခါတစ်လေ တွေးမိတယ်။ အကယ်၍ ပေါ်တူဂီတို့များ ကမ္ဘာ့ဖလားဝင်ခွင့် မရခဲ့ဖူးဆိုရင် ရော်နယ်ဒိုအနေနဲ့ နိုင်ငံတောင် ပြောင်းကစားနေမလားဆိုတာကိုပါ...

ရွန်းနီ

ခရစ္စတီယာနိုရော်နယ်ဒို နဲ့ မန်ချက်စတာယူနိုက်တက် ဂျာစီသစ် -KING 👑 -CR7- 🐐
08/07/2022

ခရစ္စတီယာနိုရော်နယ်ဒို နဲ့ မန်ချက်စတာယူနိုက်တက် ဂျာစီသစ်

-KING 👑 -CR7- 🐐

အပြောင်းအရွှေ့မတိုင်ခင် မန်ယူဂနဝင်ဟောင်းနဲ့ သူစကားပြောခဲ့တာကို မာလာစီယာဖွင့်ဟမန်ယူကစားသမားသစ် မာလာစီယာက အပြောင်းအရွှေ့မတ...
06/07/2022

အပြောင်းအရွှေ့မတိုင်ခင် မန်ယူဂနဝင်ဟောင်းနဲ့ သူစကားပြောခဲ့တာကို မာလာစီယာဖွင့်ဟ

မန်ယူကစားသမားသစ် မာလာစီယာက အပြောင်းအရွှေ့မတိုင်ခင် မန်ယူဂနဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဗန်ပါစီနဲ့
ကလပ်အကြောင်းစကားပြောခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ မာလာစီယာဟာ တန်ဟက်လက်ထက် မန်ယူရဲ့ ပထမဆုံး
ခေါ်ယူသူဖြစ်လာပြီး အဲဒီဘယ်နောက်ခံလူဟာ ပြောင်းရွှေ့ကြေးပေါင် ၁၄.၇ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာတာပါ။

၂၂ နှစ်အရွယ်ကစားသမားဟာ မန်ယူကစားသမားဘဝ မိတ်ဆက်မှုအပြီးမှာ သူ့အပေါ် ဗန်ပါစီရဲ့လွှမ်းမိုးနိုင်မှုအကြောင်း
ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာက အတွေ့အကြုံတွေအကြောင်းကိုလည်း အဲဒီတိုက်စစ်မှူးဟောင်းနဲ့ ဆွေးနွေးခဲ့ကြောင်း
မာလာစီယာကဆိုခဲ့တာပါ။ ဖီယင်နုကစားသမား တစ်ယောက်ဖြစ်ခဲ့တဲ့ ဗန်ပါစီကလည်း ဒီမှာကစားခဲ့တာဆိုတော့ မန်ယူနဲ့ပတ်သက်လို့
အမြဲစိတ်ဝင်စားခဲ့ပါတယ်။

ဖီယင်နုလူငယ်အသင်းမှာ ကစားတုန်းက ယူနိုက်တက်မှာ ပြိုင်ပွဲတစ်ခုကစားခဲ့ပြီး အဲဒီအချိန်က တစ်နေ့တော့ ငါ ဒီကိုပြန်လာနိုင်ရမယ်လို့
ပြောခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒါက တကယ်ဖြစ်လာတာပါ၊ ကျွန်တော်က ဒီအဆင့်ကို အခုမှရောက်တာဖြစ်လို့ အဲဒါကိုအပြည့်အဝမပြရသေးပါဘူး။
ဒါပေမဲ့ အမြင့်ဆုံးအဆင့်ထိ ကျွန်တော်ရောက်ချင်ပါတယ်။

အဲဒီလိုလုပ်နိုင်မယ်လို့လည်း ထင်ပါတယ် လို့ မာလာစီယာကပြောကြားခဲ့ပါတယ်။ မာလာစီယာဟာ ပြီးခဲ့တဲ့ရာသီ နယ်သာလန်လိဂ်မှာ မြန်နှုန်းနဲ့
နေရာလွတ်တွေကို တိုက်စစ်ဆင်နိုင်စွမ်းတို့ကြောင်းနာမည်ရလာသူပါ။ တန်ဟက်ဟာ အေဂျက်နည်းပြဘဝကတည်းက မာလာစီယာရဲ့ ခြေစွမ်းကို
သတိထားမိတာ ဖြစ်ပါတယ်။

မန်ယူပစ်မှတ်အန်တိုနီနဲ့မာတီနက်ဇ်တို့အတွက်ပေါင်သန်း၁၀၀ကျော်ပြောင်းရွေ့စျေးသတ်မှတ်ပေးလိုက်တဲ့အေဂျက်စ်အေဂျက်စ်အသင်းကသူတို့အ...
28/06/2022

မန်ယူပစ်မှတ်အန်တိုနီနဲ့မာတီနက်ဇ်တို့အတွက်ပေါင်သန်း၁၀၀ကျော်ပြောင်းရွေ့စျေးသတ်မှတ်ပေးလိုက်တဲ့အေဂျက်စ်

အေဂျက်စ်အသင်းကသူတို့အသင်းရဲ့အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ တောင်ပံကစားသမားအန်တိုနီနဲ့နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်တို့အတွက်နှစ်ဦးပေါင်းပြောင်းကြေးရွှေ့ကို ပေါင်(၁၁၅)သန်းအထိတန်ကြေးသတ်မှတ်ထားတာကြောင့် ဒီကစားသမားနှစ်ဦးလုံးကိုပစ်မှတ်ထားနေတဲ့မန်ချက်စတာယူနိုက်တက်အသင်းက ဒီတန်ကြေးအတိုင်းကမ်းလှမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ဂ်ဟာသူရဲ့အသင်းဟောင်း အေဂျက်စ်အသင်းရဲ့ကစားသမားတွေကိုယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေပြီးတင်ဘာအန်တိုနီမာတီနက်ဇ်တို့ကို အလိုရှိနေပါတယ်။ဒါပေမယ့်နောက်ခံလူတင်ဘာကအေဂျက်စ်မှာပဲဆက်လက်ကျန်ရှိနေဖို့သေချာနေတာကြောင့်

အန်တိုနီနဲ့ မာတီနက်ဇ်တို့ကိုသာ ပစ်မှတ်ဆက်ထားနေရပြီး မာတီနက်ဇ်ကိုလည်း ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်ကပါ စိတ်ဝင်စားနေသလို ဒုတိယမြောက် ကမ်းလှမ်းချက်အဖြစ် ပေါင်(၃၅)သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ပါသေးတယ်။ အေဂျက်စ်ဘက်ကတော့ အာဆင်နယ်ရဲ့ ပေါင်(၃၅)သန်းတန် ကမ်းလှမ်းမှုကို ထပ်မံပယ်ချထားခဲ့ပြီး သူတို့ကစားသမားရဲ့ တန်ကြေးက ပေါင်(၄၅)သန်းအထိ ရှိနေတယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။

ဒါကြောင့်ယူနိုက်တက်အနေနဲ့ အာဂျင်တီးနား ဗဟိုခံစစ်ကစားသမားမာတီနက်ဇ်အတွက်ပေါင်(၄၅)သန်းထိ အသုံးပြုရမှာဖြစ်သလို နောက်ထပ်ပစ်မှတ်ဖြစ်သူ အန်တိုနီအတွက်ကိုလည်းပေါင်သန်း(၇၀)ထိအသုံးပြုရလိမ့်မယ်လို့ အေဂျက်စ်ဘက်ကသတိပေးထားပါတယ်။

နွေဈေးကွက်အတွင်းဟယ်လာအပါအဝင်အသင်းရဲ့အဓိက ကစားသမားအများအပြားကိုလက်လွတ်ားခဲ့ရတဲ့အေဂျက်စ်အသင်းဟာ အခုလည်းနောက်ထပ် main playersတွေကို ထပ်မံလက်လွတ်ရဖို့ရှိနေတဲ့အတွက်ပြောင်းရွှေ့ကြေးများစွာနဲ့မှသာ လက်လွတ်သွားဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကလည်းလက်ရှိအချိန်ထိကစားသမားသစ် တစ်ဦးမှကိုမခေါ်ယူနိုင်သေးပဲခေါ်ယူချင်နေတဲ့ကစားသမား အရေအတွက်သာတဖြည်းဖြည်းနဲ့တိုးပွားလာခဲ့ပြီးနည်းပြတန်ဟက်ဂ်ကလည်းသူရဲ့တပည့်ဟောင်းတွေကိုသာအသင်းဆီ ခေါ်ဆောင်ချင်နေခဲ့ပါတယ်။

လက်ရှိမှာတော့ယူနိုက်တက်ကကွင်းလယ်လူဖရန်ကီဒီယွန်းရဲ့ အပြောင်းအရွှေ့ကိုသာအာရုံစိုက်နေပြီးခေါ်ယူနိုင်ဖို့ကရာခိုင်နှုန်း အရမ်းများနေရပြီးကစားသမားဘက်ကသဘောတူညီမှုကိုသာ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

ပရိသတ်တွေတောင်းဆိုမှုကြောင့် ယူနိုက်တက်တွင် ပြန်လည်မြင်ရဖို့ ရှိနေတဲ့ ဝိန်းရွန်းနီပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြ...
27/06/2022

ပရိသတ်တွေတောင်းဆိုမှုကြောင့် ယူနိုက်တက်တွင် ပြန်လည်မြင်ရဖို့ ရှိနေတဲ့ ဝိန်းရွန်းနီ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လိဂ်ဝမ်းကလပ် ဒါဘီကိုလည်း ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီကတော့ သူဟာ ဒါဘီရဲ့ မပြောင်းလဲတဲ့ အခြေအနေကြောင့် အသင်းကနေ ထွက်ခွာခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။
ဒါဘီကနေ ထွက်ခွာလာကြောင်းကို ရွန်းနီက – “ကျွန်တော့်အတွက် ဒါဘီကို စွန့်ခွာရမယ့် အချိန်တခု ရောက်လာခဲ့ပါပြီ။ အသင်းဘက်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကျွန်တော်ကတော့ မှန်းထားတဲ့အတိုင်း မဖြစ်လာလို့ အသင်းကနေ ထွက်ခွာဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ဝိန်းရွန်းနီဟာ ဒါဘီကောင်တီကနေ ထွက်ခွာသွားပြီလို့ အတည်ပြုပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက တုံ့ပြန်ခဲ့ကြပါတယ်။ယူနိုက်တက်ပရိတ်သတ်တွေအနေနဲ့ ဝိန်းရွန်းနီကို နည်းပြအဖွဲ့အဝင်အဖြစ် အလိုရှိနေတာဖြစ်ပါတယ်။
အသင်းမှာရှိတဲ့ ဒီဂီယာလို ကစားသမားမျိုးတွေရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်ဖူးတာကြောင့် အသင်းကို ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်နေကြတာပါ။ဝိန်းရွန်းနီကို အသင်းဖော်ဟောင်းရှိနေတဲ့ ရော်နယ်ဒိုနဲ့အတူ အသင်းကိုပြန်တည်ဆောက်ဖို့ ယူနိုက်တက်ပရိတ်သတ်တွေအလိုရှိနေတာဖြစ်ပါတယ်။

တန်ဟက်ဂ်ကြောင့် အသင်းကနေထွက်ခွါပီး ဆရာဖြစ်သူရှိရာ ရိုးမားကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ရော်နယ်ဒိုသတင်းတွေရဲ့ဖော်ပြချက်အရ ယူ...
25/06/2022

တန်ဟက်ဂ်ကြောင့် အသင်းကနေထွက်ခွါပီး ဆရာဖြစ်သူရှိရာ ရိုးမားကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ရော်နယ်ဒို

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာနည်းပြသစ် တန်ဟတ်ရဲ့စီမံကိန်းမှာ သူပါဝင်တယ်လို့ မခံစားရတာကြောင့်ယခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကိုပြန်ရောက်လာပြီးနောက် အသင်းအတွက် ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အေဂျက်စ်နည်းပြဟောင်း တန်ဟတ် ရောက်လာတာက အားလုံးကိုပြောင်းလဲစေနိုင်ပါတယ်

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရရော်နယ်ဒိုဟာ ရာသီသစ်မတိုင်ခင် ယူနိုက်တက်ကနေထွက်ခွာဖို့ကြိုးစားနေပြီး အကျပိုင်းရောက်နေတဲ့ အသင်းကိုပြန်လည်ဆွဲတင်ဖို့ကြိုးစားမယ့် တန်ဟတ်ရဲ့အစီအစဉ်တွေမှာသူပါဝင်လိမ့်မယ်လို့မခံစားရကြောင်း သိရပါတယ်။

ရိုးမားနဲ့ စပို့တင်းလစ္စဘွန်းတို့ကရော်နယ်ဒိုရဲ့ဖြစ်နိုင်ခြေရှိတဲ့ ကလပ်အသစ် ဖြစ်လာနိုင်ပေမယ့်ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ရမယ်ဆိုရင်တောင် ရော်နယ်ဒိုရဲ့တစ်ပတ်လုပ်ခလစာ ပေါင် ၄၈၀၀၀၀ ကို အဲဒီအသင်း ၂သင်းဘယ်လိုပေးချေနိုင်မလဲဆိုတာက မရှင်းမလင်းဖြစ်နေပါတယ်

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရတာကလည်းအသင်းကနေ ရော်နယ်ဒိုထွက်ခွာချင်နေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်နေပြီး သူ့အနေနဲ့ ကစားသမားဘ၀ နေဝင်ချိန်ရောက်လာချိန်မှာ အမြင့်ဆုံးအဆင့်မှာပဲ ဆက်လက်ကစားချင်နေပါတယ်။

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူဂျော့ချ်မန်ဒက်စ်ဟာ ကစားသမားဖြစ်သူအတွက် အသင်းသစ်ရှာဖွေနေပြီး ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ရိုးမားက ဖြစ်နိုင်ခြေရှိတဲ့အသင်းအဖြစ် ထင်ပေါ်လာပါတယ်

မန်ဒက်စ်က ရိုးမားနဲ့ ဆက်ဆံရေးကောင်းရှိသူဖြစ်ပြီးမော်ရင်ညိုသာမက ဂိုးသမား ပက်ထရစ်စီယိုနဲ့ ကွင်းလယ်လူဆာဂျီယိုအိုလီဗီအဲရာတို့ကိုလည်း အသင်းထံ ခေါ်ဆောင်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ရိုးမားကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားတဲ့အသင်းဖြစ်ပြီးယူနိုက်တက်လိုပဲ ရာသီသစ်မှာ ယူရိုပါလိဂ်ပဲဝင်ခွင့်ရထားပါတယ်၊ရော်နယ်ဒိုရဲ့ပထမဆုံးကလပ်ဖြစ်တဲ့ စပို့တင်းလစ္စဘွန်းကို ပြန်ရေးကလည်းဖြစ်နိုင်ခြေရှိနေပြီး စပို့တင်းက ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားပါတယ်။

ဂရင်းဝုဒ်သတင်းမှန်ပေါ်ပေါက်ပြီ!ဂရင်းဝုဒ်နဲ့ပတ်သက်ပြီးစွဲချက်တင်မူအရ ဂရိတ်မန်ချက်စတာရဲများမှ အာမခံ(၆)လအတွင်း အသေးစိ တ်စုံ...
24/06/2022

ဂရင်းဝုဒ်သတင်းမှန်ပေါ်ပေါက်ပြီ!

ဂရင်းဝုဒ်နဲ့ပတ်သက်ပြီးစွဲချက်တင်မူအရ ဂရိတ်မန်ချက်စတာရဲများမှ အာမခံ(၆)လအတွင်း အသေးစိ တ်စုံစမ်းစစ်ဆေးမူများပြုလုပ်ခဲ့ကြပါတယ်။ ယင်းအချိန်တွင်းမှာ ဂရင်းဝုဒ်ဟာနေအိမ်အကျယ်ဖြင့်သာ နေထိုင်ခဲ့ရပြီး ယင်းနိုင်ငံရဲ့စည်းမျဥ်းအရ စွဲချက် တင်ခံရသူအားလျှော့ပါးသောဝန်ဆောင်မူတို့ကိုဂရင်းဝုဒ်အားဖြတ်တောက်ခဲ့ပါတယ်။

အဆက်သွယ်လုပ်ခြင်းမရှိ၊ ပြည်ပထွက်ခွာခွင့်မရ၊ အစရှိသဖြင့်တခြားမဖော်ပြထားသော အခွင့်ရေးတချို့လဲပိတ်ပင်ခံခဲ့ရပါတယ်။ယူနိုက်တက်အသင်းဖက်ကလဲ ယင်းကစားသမားအား စုံစမ်းစစ်ဆေးနေစဥ်ကာလအတွင်းအသင်းမှယာယီထုတ်ပယ်ထားခဲ့ပါတယ်။

ယခုအခါမနေ့ကရုံးချိန်မှာ ဂရိတ်မန်ချက်စတာရဲများမှထုတ်ပြန်ချက်များအရ ''ဂရင်းဝုဒ်မှာနောက်ထ ပ်ပြစ်မူများအပြင်၊ စွဲချက်တင်ပြစ်မူများမှာလဲသက် သေအထောက်ထားခိုင်လုံစွာမတွေ့ရှိသည့်အတွက် ယင်းစွဲချက်မှလွတ်မြောက်နိုင်ကြောင်း သို့သော် လည်းနောက်ဆုံးတစုံတရာမထုတ်ပြန်ခင်မှာ ဂရင်းဝုဒ်အနေနဲ့ နေအိမ်အကျယ်ဖြင့်သာနေရမည်ဖြစ် ကြောင်းစသည်တို့ပါဝင်ပါတယ်။ နောက်အပတ်တွင်းမှာနောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်အပေါ်ယူနိုက်တက်အသင်ကအထူးအလေးပေးစောင့်ဆိုင်းနေကြောင်းလဲသိရပါတယ်။

Crd Marna

ရော်နယ်ဒို ပရိတ်သတ် စစ်စစ်တွေသာသိနိုင်မယ့် ဓာတ်ပုံ
23/06/2022

ရော်နယ်ဒို ပရိတ်သတ် စစ်စစ်တွေသာသိနိုင်မယ့် ဓာတ်ပုံ

ဘာစီလိုနာ ဂန္ဓဝင်ကစားသမားကြီး ပူရိုးရဲ့ မက်ဆီနဲ့ရော်နယ်ဒိုအပေါ်အမြင်🐐🐐"အသက် ၃၅ ဒါမှမဟုတ် ၃၃ အရွယ်ကျရင် အချို့ကစားသမားတွေ...
22/06/2022

ဘာစီလိုနာ ဂန္ဓဝင်ကစားသမားကြီး ပူရိုးရဲ့

မက်ဆီနဲ့ရော်နယ်ဒိုအပေါ်အမြင်🐐🐐

"အသက် ၃၅ ဒါမှမဟုတ် ၃၃ အရွယ်ကျရင် အချို့ကစားသမားတွေဟာ သူတို့မိသားစုနဲ့အိမ်မှာနေပြီး ဘဝကိုစံစားနေကြပြီ။အချို့က တရုတ်နဲ့အမေရိကားမှာ ဘောလုံးသွားကစားကြတယ် ဒါမှမဟုတ် အသင်းငယ်လေးတွေနဲ့ စာချုပ်ချုပ်ဆိုကြတယ်.....

ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပိုမြင့်တဲ့အဆင့်တစ်ခုမှာရှိနေတုန်းပဲ၊သူတို့မှားသွားတာနဲ့ပြင်းထန်တဲ့ ဝေဖန်မှုတွေရနေတုန်းပဲ။ကျေးဇူးပြုပြီး သူတို့ကို ခနတစ်ဖြုတ် အနားပေးလိုက်ပါ။ဘာလို့လဲဆိုတော့ မကြာခင် ခင်ဗျားတို့ ဒီနှစ်ယောက်ကို လွမ်းရတော့မှာမို့ပါ"

လာမယ့်ရာသီ ယူနိုက်တက်အသင်းတိုက်စစ်မှာ အေဘရာဟမ်ကို မြင်တွေ့ရတော့မလား…မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအ...
21/06/2022

လာမယ့်ရာသီ ယူနိုက်တက်အသင်းတိုက်စစ်မှာ အေဘရာဟမ်ကို မြင်တွေ့ရတော့မလား…

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက်ခြေစွမ်းပြကစားခဲ့တဲ့ တိုက်စစ်မှူးအေဘရာဟမ်ကိုပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာအောင်ကြိုးပမ်းသွားဖို့ရှိနေပါတယ်အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းအေဘရာဟမ်ဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီအစပိုင်းက မော်ရင်ဟိုရှိတဲ့ရိုးမားအသင်းကိုပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ပထမဆုံးစီးရီးအေကစားသမားဘဝမှာပဲထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ(၅၇)ပွဲကစား၊(၂၇)ဂိုးအထိသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် အေဘရာဟမ်ဟာစီးရီးအေမှာ(၁၇)ဂိုးအထိသွင်းခဲ့တာကြောင့် အင်္ဂလိပ်ကစားသမားတွေထဲမှာစီးရီးအေသွင်းဂိုးအများဆုံးအဖြစ်စံချိန်တင်နိုင်ခဲ့ပြီး ရိုးမားအသင်းEuropa Conference League ဖလားရရှိအောင်လည်း ကူညီပေးခဲ့ပါတယ်။ယူနိုက်တက်အသင်းတိုက်စစ်မှာ ကာဗာနီက အသင်းနဲ့လမ်းခွဲသွားပြီဖြစ်တဲ့အပြင် စီရော်နယ်လ်ဒိုကလည်း အသက်အရွယ်ရလာတာကြောင့် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့လိုအပ်နေပြီးအေဘရာဟမ်ကို ပစ်မှတ်ထားနေပေမယ့် ကစားသမားကအခုနှစ်ပိုင်းအတွင်း ရိုးမားနဲ့လမ်းခွဲဖို့ဆန္ဒမရှိဖြစ်နေတာကြောင့်ခက်ခက်ခဲခဲကြိုးပမ်းရဖို့ရှိနေပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Man U Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share