Gwa News

Gwa News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gwa News, Media/News Company, .

ဆရာကန်တော့ပွဲတွေပါပါသလားပိတ်တာတော့ပိတ်ပြီ
17/03/2020

ဆရာကန်တော့ပွဲတွေပါပါသလား
ပိတ်တာတော့ပိတ်ပြီ

ဂွတွေရေ.. ဒီတခါတော့ စစစ ကခေါ်ပြီလျှောက်လွှာခေါ်ယူခြင်း  ~~~~~~~~~~~အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလက်ထောက်စုံစမ်းရေးမှူးအမျိုး...
16/03/2020

ဂွတွေရေ.. ဒီတခါတော့ စစစ ကခေါ်ပြီ

လျှောက်လွှာခေါ်ယူခြင်း
~~~~~~~~~~~

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
လက်ထောက်စုံစမ်းရေးမှူး
အမျိုးသား၊ အမျိုးသမီး (၁၁၆) နေရာ

ဂွမြို့နယ် ကျိန်တလီချောင်းဖျားဒေသ ကောက်ရကျေးရွာရှေးဟောင်းစေတီနှစ်ဆူနှင့်ဌာပနာ သတ္တုဆင်းတု လေးဆူ။ (ပုံတွင်ရှု)ဆင်းတုလေးဆူကိ...
15/03/2020

ဂွမြို့နယ် ကျိန်တလီချောင်းဖျားဒေသ ကောက်ရကျေးရွာ
ရှေးဟောင်းစေတီနှစ်ဆူနှင့်ဌာပနာ သတ္တုဆင်းတု လေးဆူ။ (ပုံတွင်ရှု)
ဆင်းတုလေးဆူကိုအိုးထိမ်းရွာသစ်ဘုန်းကြီးကျောင်းတွင်ထိမ်းသိမ်းထားသည်။
စေတီနှစ်ဆူကိုရှေးဟောင်းအုပ်ချပ်ကြီးများအသုံးပြုတည်ထားပါသည်။
မည်သည့်ခေတ်လက်ရာဖြစ်နိုင်သည်ကိုလေ့လာနေဆဲဖြစ်သည်။ ပညာရှင်များထံပုံများပေးပို့ထားသည်။
သမိုင်း(ဒဏ္ဋာရီမဟုတ်)ကိုတူးဆွခြင်းသည် အလွန်အရေးပါပါသည်။

သံတွဲခရိုင်အရေးပိုင် လက်ထောက်ကော်မရှင်နာမင်းကြီး W.B. TYDD ပြုစုရေးသားခဲ့သည့် ဘားမားဂေဇက် သံတွဲခရိုင်ကိုဂွမြို့နယ်နှင့်ဆ...
14/03/2020

သံတွဲခရိုင်အရေးပိုင် လက်ထောက်ကော်မရှင်နာမင်းကြီး W.B. TYDD ပြုစုရေးသားခဲ့သည့် ဘားမားဂေဇက် သံတွဲခရိုင်ကို
ဂွမြို့နယ်နှင့်ဆိုင်သည့်အပိုင်းများအား Gwa news မှအပိုင်းလိုက်ခွဲကာ ဘာသာပြန်တင်ဆက်ပေးပါမည်။

သင်္ကြန်တွင်း ရေကစားလိုပါက မိမိအိမ်ရှေ့၌ ရေပုံးများချကာကစားနိုင် ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး...
14/03/2020

သင်္ကြန်တွင်း ရေကစားလိုပါက မိမိအိမ်ရှေ့၌ ရေပုံးများချကာကစားနိုင် ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

https://myanmar.mmtimes.com/news/136756.html

သင်္ကြန်တွင်း ရေကစားလိုပါက မိမိအိမ်ရှေ့၌ ရေပုံးများချကာကစားနိုင် ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆို....

Gwa ဆေးရုံ ကျိန်တလီဆပ်သွား PPE မရှိနိုင်သေးပါ ဆက်သွယ်အလှူခံကြပါမြောက်ဥက္ကလာဆေးရုံအုပ်ကြီးတောင်ကိုယ်တိုင်အလှူခံပါတယ်။ PPE မရ...
14/03/2020

Gwa ဆေးရုံ ကျိန်တလီဆပ်သွား PPE မရှိနိုင်သေးပါ ဆက်သွယ်အလှူခံကြပါ
မြောက်ဥက္ကလာဆေးရုံအုပ်ကြီးတောင်ကိုယ်တိုင်အလှူခံပါတယ်။ PPE မရှိပါက ဆေးရုံဝန်ထမ်း တွေ လူနာထံကပ်ကြမည်မဟုတ်ပါ။

ဂွမြို့နယ်ကုလားပြင်ရွာတွင်ယမန်နေ့ကဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးလူတဦးသေဆုံးခဲ့သည်။လူသေဆုံးမှုဖြစ်ပွားပါကအာမခံဆယ်သိန်းချက်ချ...
14/03/2020

ဂွမြို့နယ်ကုလားပြင်ရွာတွင်ယမန်နေ့ကဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးလူတဦးသေဆုံးခဲ့သည်။
လူသေဆုံးမှုဖြစ်ပွားပါကအာမခံဆယ်သိန်းချက်ချင်းထုတ်ယူနိုင်သည်။
ပုံတွင်လိုအပ်သောစာရွက်စာတမ်းများကိုရှုပါ။

13/03/2020

ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
=================================
နေပြည်​တော် ​မတ် ၁၃

ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများတွင် အောက်ပါ အချက်များ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ COVID-19 ကြိုတင်ကာကွယ်ရေးအချက်များအား တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် ၁၁-၃-၂၀၂၀ ရက်နေ့ကစ၍ စာစစ်ဌာနများတွင် ဆောင်ရွက်လျက်ရှိပါသည်။
~~~~~~~~
(၁) စာမေးပွဲ မစတင်မီ ကျောင်းသား/ကျောင်းသူများအား ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေမှု ရှိ/မရှိ မေးမြန်းရန်၊
(၂) ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက အဆိုပါ ကျောင်းသား/ကျောင်းသူများအား Surgical Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု၍ ဖြေဆိုစေရန် (သို့မဟုတ်) သီးခြားနေရာ သတ်မှတ်ပေး၍ စာမေးပွဲ ဖြေဆိုစေရန်၊
(၃) စာစစ်ဌာနများတွင် သီးခြားအခန်းတစ်ခန်း စီစဉ်ထားရှိစေ၍ ရောဂါလက္ခဏာ ခံစားနေရသော ကျောင်းသာ/ကျောင်းသူများအား ဖြေဆိုစေရန်နှင့် စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများအားလည်း ရောဂါမကူးစက်နိုင်ရေး အလေးထား ဆောင်ရွက်စေရန်
(၄) ထိုသို့ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်
(၅) လက်ဆေးရန် ရေနှင့်ဆပ်ပြာများ၊ Hand Gel များ၊ Surgical Mask နှာခေါင်းစည်းများအား အလုံအလောက် ထားရှိပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန်၊
(၆) စာမေးပွဲခန်းအတွင်းရှိ စာပွဲများအား အနည်းဆုံး (၃)ပေခန့် ဝေးကွာအောင် ထားရှိ ဖြေဆိုစေရန်၊
(၇) စာမေးပွဲခန်းအတွင်းသို့ မဝင်ရောက်မီ ကျောင်းသား/ကျောင်းသူများအား Hand Gel များဖြင့် လက်သန့်စင်စေပြီးမှ ဝင်ရောက်စေရန်၊
(၈) စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရပါက စာမေးပွဲခန်း မစောင့်စေဘဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သ တင်းပေးပို့၍ ကုသမှုခံယူစေရန်
(၉) စာမေးပွဲခန်းအား လေဝင်/လေထွက် ကောင်းစေရေး ဆောင်ရွက်ပေးရန်၊
~~~~~~

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နိုင်မည့် နည်းလမ်းများ
************************
(၁) လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။
(၂) နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။ တစ်ရှုးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။
(၃) တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ အဟာရ ပြည့်ဝစွာ စားသုံးပါ။ ကောင်းစွာ အိပ်စက် အနားယူပါ။

🔘သင်္ကြန်ပွဲတော် အရင်နှစ်တွေလို မဏ္ဍပ်တွေဆောက်ပြီးမလုပ်ဖို့ အစိုးရပန်ကြား◽စုစု(Zawgyi/Unicode)ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိ...
12/03/2020

🔘သင်္ကြန်ပွဲတော် အရင်နှစ်တွေလို မဏ္ဍပ်တွေဆောက်ပြီးမလုပ်ဖို့ အစိုးရပန်ကြား
◽စုစု

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိနေတဲ့အတွက် ဒီနှစ်သင်္ကြန်ပွဲတော်မှာ ခါတိုင်းနှစ်တွေကလို မြို့တော်ဝန်မဏ္ဍပ်တွေ လုပ်တော့မှာ မဟုတ်သလို မဏ္ဍပ်တွေဆောက်ပြီး စည်စည်ကားကားမလုပ်ဖို့ အစိုးရအဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကြာသပတေးနေ့က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတခုပြီးတဲ့နောက် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကို အဲဒီလိုပြောတာပါ။ ဗိုင်းရပ်စ်အရေး သတင်းမှားဖြန့်သူတွေကို အရေးယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မစုစုက ဆက်ပြောပြပါမယ်။

အခုနှစ် ဧပြီလကုန်အထိ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို မလုပ်ဖို့ အစိုးရကဆုံးဖြတ်ချက် ချခဲ့တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဌာနက ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့က အများပြည်သူကို ဧပြီလကုန်ထိပါ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေ အခမ်းအနားတွေ မလုပ်ဖို့အတွက်ပါ။ အဲဒါ မေတ္တာရပ်ခံမယ်၊ ပန်ကြားမှာပေါ့။ အဓိကက ဒီသင်္ကြန်တို့ ဘာတို့ဆိုတာကလေ ရေကလည်းဆိုတယ်၊ အဲဒီအခြေအနေမှာ ဒီဗိုင်းရပ်စ်က ပိုပြီးတော့ ရှင်သန်တဲ့အနေအထား ရှိတာပေါ့နော်။ အဲဒါကြောင့် အဲဒီကာလလေးမှာ ရှောင်ကြဉ်နေဖို့ပါ။”

အခုလို ဆုံးဖြတ်လိုက်တာက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို လုံးဝမပြုလုပ်ဖို့ တားမြစ်ပိတ်ပင်တာမျိုး မဟုတ်ဘူးလို့လည်း အခုလိုဆက်ပြောပါတယ်။

“သိပ်ပြီးတော့ မဏ္ဍပ်တွေဘာတွေ မဆောက်ဖို့ပါခင်ဗျ။ လူစည်ကားအောင် မလုပ်ဖို့ပေါ့။ သို့သော် တကိုယ်ရည်တကာယ ကိုယ့်ဟာနဲ့ကိုယ် ဒီဘာသာရေးသဘောအရ လုပ်တာတွေကတော့ ကျနော်တို့ မပိတ်ပင်ပါဘူး။ အဲဒီသဘော သက်ရောက်မှာလည်း စိုးရိမ်ရပါတယ်။ မဏ္ဍပ်တွေ ဆောက်ပြီးတော့လေ သိပ်ပြီးတော့ စည်စည်ကားကား မကျင်းပဖို့ အဲဒါလေးကို ပြောတာပါခင်ဗျ။”

စုစု။ ။ အရင်တုန်းကဆိုရင်တော့ ဒီရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တို့၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်တို့ဆိုတာ အစဉ်အလာအရ ရှိတယ်လေ။ အခုကရော ဒီအစိုးရမဏ္ဍပ်တွေ အပိုင်းကရောဆရာ။

ဦးအောင်လှထွန်း။ ။ ကျနော်တို့ မရှိတော့ပါဘူး ခင်ဗျ။ အဲဒါတော့ အသေအချာပြောနိုင်ပါတယ်။”

COVID- 19 ကိုရိုနာရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် သတင်းအမှားတွေ ဖြန့်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားဖို့အတွက် အခုအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

“အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ ဖြန့်ချီတာကိုလည်း ကျနော်တို့ အဲဒါကိုဟန့်တား ကာကွယ်ဖို့ အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကိုလည်း ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ကျနော်တို့ ဆုံးဖြတ်ကြပါတယ်ခင်ဗျ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ကြာသပတေးည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ COVID- 19 စောင့်ကြည့်လူနာသစ် ၁၄ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးခြားထားရှိ ကုသပေးနေပြီး အခုချိန်ထိ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

COVID- 19 ကိုရိုနာရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း WHO ရဲ့ ညွှန်ကြားရေးမှူးက ဂျနီဗာရုံးချုပ်မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့ပါတယ်။ ဒီရောဂါကူးစက်ခံနေရတဲ့ နိုင်ငံပေါင်းဟာလည်း ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ကူးစက်နှုန်းနဲ့ သေဆုံးသူတက်နေတဲ့ နိုင်ငံတွေမှာ ဒီရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာတွေကိုလည်း ပိတ်ထားလိုက်ပြီး အရှိန်မြှင့်ဆောင်ရွက်နေကြတာပါ။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၂၄ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၁၂ရက်မှာ ထွက်ရှိထားတဲ့ စာရင်းတွေအရ လူပေါင်း ၁၂၀,၀၀၀ ကျော် (၁၂၇,၇၉၉) ကူးစက်ခံထားရပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ၄,၇၀၀ ကျော် (၄,၇၁၆) သွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

[Unicode Version]

သင်္ကြန်ပွဲတော် အရင်နှစ်တွေလို မဏ္ဍပ်တွေဆောက်ပြီးမလုပ်ဖို့ အစိုးရပန်ကြား

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိနေတဲ့အတွက် ဒီနှစ်သင်္ကြန်ပွဲတော်မှာ ခါတိုင်းနှစ်တွေကလို မြို့တော်ဝန်မဏ္ဍပ်တွေ လုပ်တော့မှာ မဟုတ်သလို မဏ္ဍပ်တွေဆောက်ပြီး စည်စည်ကားကားမလုပ်ဖို့ အစိုးရအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကြာသပတေးနေ့က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတခုပြီးတဲ့နောက် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကို အဲဒီလိုပြောတာပါ။ ဗိုင်းရပ်စ်အရေး သတင်းမှားဖြန့်သူတွေကို အရေးယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မစုစုက ဆက်ပြောပြပါမယ်။

အခုနှစ် ဧပြီလကုန်အထိ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို မလုပ်ဖို့ အစိုးရကဆုံးဖြတ်ချက် ချခဲ့တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဌာနက ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“အဓိက ကတော့ က်န္တောို့က အများပြည်သူကို ဧပြီလကုန်ထိပါ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေ အခမ်းအနားတွေ မလုပ်ဖို့အတွက်ပါ။ အဲဒါ မေတ္တာရပ်ခံမယ်၊ ပန်ကြားမှာပေါ့။ အဓိကက ဒီသင်္ကြန်တို့ ဘာတို့ဆိုတာကလေ ရေကလည်းဆိုတယ်၊ အဲဒီအခြေအနေမှာ ဒီဗိုင်းရပ်စ်က ပိုပြီးတော့ ရှင်သန်တဲ့အနေအထား ရှိတာပေါ့နော်။ အဲဒါကြောင့် အဲဒီကာလလေးမှာ ရှောင်ကြဉ်နေဖို့ပါ။”

အခုလို ဆုံးဖြတ်လိုက်တာက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို လုံးဝမပြုလုပ်ဖို့ တားမြစ်ပိတ်ပင်တာမျိုး မဟုတ်ဘူးလို့လည်း အခုလိုဆက်ပြောပါတယ်။

“သိပ်ပြီးတော့ မဏ္ဍပ်တွေဘာတွေ မဆောက်ဖို့ပါခင်ဗျ။ လူစည်ကားအောင် မလုပ်ဖို့ပေါ့။ သို့သော် တကိုယ်ရည်တကာယ ကိုယ့်ဟာနဲ့ကိုယ် ဒီဘာသာရေးသဘောအရ လုပ်တာတွေကတော့ ကျနော်တို့ မပိတ်ပင်ပါဘူး။ အဲဒီသဘော သက်ရောက်မှာလည်း စိုးရိမ်ရပါတယ်။ မဏ္ဍပ်တွေ ဆောက်ပြီးတော့လေ သိပ်ပြီးတော့ စည်စည်ကားကား မကျင်းပဖို့ အဲဒါလေးကို ပြောတာပါခင်ဗျ။”

စုစု။ ။ အရင်တုန်းကဆိုရင်တော့ ဒီရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တို့၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်တို့ဆိုတာ အစဉ်အလာအရ ရှိတယ်လေ။ အခုကရော ဒီအစိုးရမဏ္ဍပ်တွေ အပိုင်းကရောဆရာ။

ဦးအောင်လှထွန်း။ ။ ကျနော်တို့ မရှိတော့ပါဘူး ခင်ဗျ။ အဲဒါတော့ အသေအချာပြောနိုင်ပါတယ်။”

COVID- 19 ကိုရိုနာရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် သတင်းအမှားတွေ ဖြန့်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားဖို့အတွက် အခုအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

“အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ ဖြန့်ချီတာကိုလည်း ကျနော်တို့ အဲဒါကိုဟန့်တား ကာကွယ်ဖို့ အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကိုလည်း ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ကျနော်တို့ ဆုံးဖြတ်ကြပါတယ်ခင်ဗျ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ကြာသပတေးည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ COVID- 19 စောင့်ကြည့်လူနာသစ် ၁၄ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးခြားထားရှိ ကုသပေးနေပြီး အခုချိန်ထိ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

COVID- 19 ကိုရိုနာရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း WHO ရဲ့ ညွှန်ကြားရေးမှူးက ဂျနီဗာရုံးချုပ်မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့ပါတယ်။ ဒီရောဂါကူးစက်ခံနေရတဲ့ နိုင်ငံပေါင်းဟာလည်း ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ကူးစက်နှုန်းနဲ့ သေဆုံးသူတက်နေတဲ့ နိုင်ငံတွေမှာ ဒီရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာတွေကိုလည်း ပိတ်ထားလိုက်ပြီး အရှိန်မြှင့်ဆောင်ရွက်နေကြတာပါ။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၂၄ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၁၂ရက်မှာ ထွက်ရှိထားတဲ့ စာရင်းတွေအရ လူပေါင်း ၁၂၀,၀၀၀ ကျော် (၁၂၇,၇၉၉) ကူးစက်ခံထားရပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ၄,၇၀၀ ကျော် (၄,၇၁၆) သွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

ဂွမြို့နယ်အတွက်သိရန်လိုအပ်သောကျွဲ၊နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ။Crd.photo
12/03/2020

ဂွမြို့နယ်အတွက်သိရန်လိုအပ်သော
ကျွဲ၊နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ။

Crd.photo

12/03/2020

Gwa မြို့နယ်နှင့်သင်္ကြန်ပွဲများ

စစ်ကိုင်း၊မကွေးစသည့်တိုင်းနဲ့ပြည်နယ်များတွင်သင်္ကြန်ပွဲများပိတ်ထားပြီဖြစ်သည်။
NRPCအစည်းအဝေးတွင်ဒေါ်အောင်ဆန်းစုကြည်ကလည်း ယနေ့ထုတ်ပြန်မည်ပြောဆိုထားရာ
ဂွမြို့နယ်သင်္ကြန်ပွဲများ ဘုရားပွဲများကို ထုတ်ပြန်မည့်အမိန့်ညွှန်ကြားချက်များအတိုင်းလိုက်နာကြပါရန်နှိုးဆော်လိုက်ရပါသည်။

ဂွမြို့နယ်မှာ hot ဖြစ်တဲ့ CF (Community Forest )ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ******...
11/03/2020

ဂွမြို့နယ်မှာ hot ဖြစ်တဲ့ CF (Community Forest )

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
************************************************

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုသည်မှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်သည့် ရေရှည်တည်တံ့စေသော သစ်တောသစ်ပင်စီမံအုပ်ချုပ် အသုံးပြုခြင်းဆိုင်ရာ သစ်တောလုပ်ငန်းများကို ဆောင်ရွက်သည့်လုပ်ငန်း တစ်ရပ်ရပ်ကို ဆိုသည်။ ယင်းစကားရပ်တွင် တစ်နိုင်တစ်ပိုင်အဆင့်မှ စီးပွားဖြစ်အဆင့်အထိ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများဖန်တိးရန်၊ အစားအစာထုတ်လုပ်ရန်၊ ဂေဟစနစ် တည်ငြိမ်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ ပိုမိုကောင်းမွန်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များအနက် ရည်ရွယ်ချက် တစ်ခုခုသို့မဟုတ် တစ်ခုထက်ပိုသည့် ရည်ရွယ်ချက်များအတွက် သစ်တောစိုက်ခင်းအသစ်များ တည်ထောင်ခြင်းနှင့် တည်ရှိသော သစ်တောများကို စီမံအုပ်ချုပ်ခြင်းတို့ပါဝင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
+++++++++++++
http://bit.ly/38BWLpD

လဝက လုပ်လိုသူဂွများအတွက်
11/03/2020

လဝက လုပ်လိုသူဂွများအတွက်

Fb က February ၂၉ ရက်နေ့ကကြော်ငြာတကယ်ဆွဲသလားတော့ Gwa News ကအတည်မပြုနိုင်သေးပါ။YUTONG ပေါက် Aircon လေအိတ် (အမြန်ယာဉ်)( ဂျိ...
06/03/2020

Fb က February ၂၉ ရက်နေ့ကကြော်ငြာ
တကယ်ဆွဲသလားတော့ Gwa News ကအတည်မပြုနိုင်သေးပါ။

YUTONG ပေါက် Aircon လေအိတ် (အမြန်ယာဉ်)( ဂျိ‌တ္တော - ဂွ)(ဂွ-ဂျိတ္တော)
မနက်တိုင်း 6 နာရီ စဆွဲပြီ..

ကျိန်တလီမြို့ရေပေးဝေရေးအတွက် ဆည်မှ မြို့အဝင်ထိ main pipe  PVC 12 in 10 in 8 in ၂မိုင် သွယ်တန်းရန် ပြည်နယ်စည်ပင်သာယာ မှတင...
05/03/2020

ကျိန်တလီမြို့ရေပေးဝေရေးအတွက် ဆည်မှ မြို့အဝင်ထိ main pipe PVC 12 in 10 in 8 in ၂မိုင် သွယ်တန်းရန် ပြည်နယ်စည်ပင်သာယာ မှတင်ဒါခေါ်ယူပြီ။

ပွဲတွေရှောင်ကြဖို့..ဂွကျတယ်..
04/03/2020

ပွဲတွေရှောင်ကြဖို့..
ဂွကျတယ်..

Photo ko gyi kyaw
28/02/2020

Photo ko gyi kyaw

သမတရုံးသတင်းထုတ်ပြန်ချက်အရ ဂွမြို့နယ်အတွက် အိန္ဒိယနှင့်မြန်မာ သဘောတူညီချက်စာချုပ်မှာ မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးေ...
27/02/2020

သမတရုံးသတင်းထုတ်ပြန်ချက်အရ ဂွမြို့နယ်အတွက် အိန္ဒိယနှင့်မြန်မာ သဘောတူညီချက်စာချုပ်မှာ မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ်တည်ဆောက်ရေး ဆိုင်ရာစီမံကိန်းအတွက်ဖြစ်သည်ဟုသိရသည်။
အသေးစိတ် မထုတ်ပြန်သေးပါ။
Crd myanmar President Office Page

ဂွမြို့နယ်အတွက်စာချုပ်ချုပ်ဆိုလိုက်ပါပြီThank you U Nyi Pu, U Win Myint & Myanmar teamRef DVB အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ေ...
27/02/2020

ဂွမြို့နယ်အတွက်စာချုပ်ချုပ်ဆိုလိုက်ပါပြီ
Thank you U Nyi Pu, U Win Myint & Myanmar team

Ref DVB

အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘက်ဒ် အစိုးရအိမ်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးကြပါတယ်။

မြန်မာသမ္မတရဲ့ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (အမ်အိုယူ) ၅ ခုနဲ့ စီမံကိန်းသဘောတူညီချက် ၅ ခု စုစုပေါင်း ၁၀ ခုကို နှစ်နိုင်ငံသံအမတ်ကြီးတွေအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမ်အိုယူစာချုပ်တွေထဲမှာ လူကုန်ကူးမှုတားဆီးရေး၊ သစ်၊ ကျားနဲ့ သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုနှိမ်နင်းရေး၊ ရေနံထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ဆေးသုတေသန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ပါဝင်သလို ရခိုင်ပြည်နယ်အတွင်း လမ်းတံတား၊ မူကြိုကျောင်းနဲ့ ဆေးရုံတွေမှာဆောင်ရွက်မယ့်စီမံကိန်းတွေကိုလည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

မြန်မာသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

မြန်မာသမ္မတနဲ့ ဇနီး ဒေါ်ချိချိုတို့ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မဟတ္တမဂန္ဒီ အထိမ်းအမှတ်နေရာကိုလည်း သွားရောက်ဂါရဝပြုခဲ့သလို ဗုဒ္ဓဂါယာနဲ့ တပ်ခ်ျမဟာတို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။

ယနေ့သမတအိန္ဒိယခရီးစဉ်တွင် ဦးညီပုလိုက်ပါသွား။ရခိုင်ပြည်နယ်အခြား ကိစ္စများနှင့် ဂွမြို့နယ်ဖွံ့ဖြိုးရေးအတွက် MOU ထိုးမည်။
26/02/2020

ယနေ့သမတအိန္ဒိယခရီးစဉ်တွင် ဦးညီပုလိုက်ပါသွား။
ရခိုင်ပြည်နယ်အခြား ကိစ္စများနှင့် ဂွမြို့နယ်ဖွံ့ဖြိုးရေးအတွက် MOU ထိုးမည်။

ဂွကမပါ..
26/02/2020

ဂွကမပါ..

ဂွမြို့နယ်အတွက်သတင်းကောင်းမကြာမီသွားရောက်မည့်နိုင်ငံတော်သမတ၏အိန္ဒိယခရီးစဉ်တွင် ရေးထိုးမည့် MOU ၆ခုတွင်ရခိုင်ပြည်နယ်ဂွမြို...
22/02/2020

ဂွမြို့နယ်အတွက်သတင်းကောင်း

မကြာမီသွားရောက်မည့်နိုင်ငံတော်သမတ၏အိန္ဒိယခရီးစဉ်တွင် ရေးထိုးမည့် MOU ၆ခုတွင်ရခိုင်ပြည်နယ်ဂွမြို့နယ်ဖွံ့ဖြိုးရေးအတွက်လည်း မြောက်ဦးမြို့နယ်နှင့်အတူပါရှိသည်ဟု ယမန်နေ့ကသမတရုံးသတင်းစာရှင်းလင်းပွဲတွင်ဦးဇော်ဌေးမှပြောကြားခဲ့ ဟုသိရသည်။

20/02/2020

ဂွမြို့နယ်နှင့်မီးအန္တရယ်

ယနေ့ရန်ကုန်သံဈေးမီးလောင်သည်။
မကြာမီကမန္တလေးအကြီးဆုံး shopping mall မီးလောင်သည်။
လောင်သမျှ၏ ၉၀ % သည်လျှပ်စစ်ရှော့ဖြစ်ခြင်းကစတာများပါသည်။ အရည်အသွေးပြည့် လျှပ်စစ်ဝါယာကြိုးများ၊ပစ္စည်းများအသုံးမပြုကြခြင်း ခရီးသွား အပြင်သွား လျှင် မိန်းမချခဲ့ကြခြင်း စသည်တို့ကိုသတိပြုရပါမည်။
ဂွမြို့နယ်တွင်မကြာမီကမှ national grid မှမီးရနေရာ အရည်အသွေးမပြည့်မီသော ဆားဗစ်ကြိုးများ ဘရိတ်ကာများ မှားယွင်းသော တပ်ဆင်မှုများကိုအထူးသတိပြု ကာတာဝန်ရှိသူများကလည်းစစ်ဆေးကြရန်လိုပါသည်။

20/02/2020

ဂွမြို့သို့သွားရာရန်ကုန် ပုသိမ်လမ်း
U Tin Tun Naing

"BOT ကုမ္ပဏီများနှင့် နိုင်ငံတွင်းက လမ်းမကြီးများ "
+++++++++++++++++++++++++++++++
(နိုင်ငံတဝှမ်းက မဟာဗျူဟာကျတဲ့ လမ်းမကြီး ၉၀ ရာခိုင်နှူံးကျော်ရဲ့BOT (Build, Operate, Transfer - တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း တွေကို မိမိအစီအစဉ်နဲ့ ဆောက်ရွက်စေပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို အချိန်ကာလတစ်ခု လမ်းအသုံးပြုခ ကောက်ခံစေပြီး အချိန်တန်ရင် နိုင်ငံတော်ကို လွှဲပြောင်းရမယ်လို့ စာချုပ် ချုပ်ဆိုထား ပါတယ်..။

တကယ့်လက်တွေ့မှာ.. ကုမ္ပဏီအများစုက စာချုပ်ပါ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာတာ အားနည်းနေလို့ ကျနော်တို့ တာဝန်ယူတဲ့ (၄) နှစ်တာ မှာသက်ဆိုင်ရာ လွှတ်တော်ကော်မတီများနှင့်အတူ ကျနော်တို့ အားသွန်ခွန်စိုက် ကြိုးပမ်းထိန်းကျောင်းခဲ့ပါတယ်။

ရလဒ်အနေနဲ့ BOT ကုမ္ပဏီအများစုက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ လိုက်ပါဆောင်ရွက်ခဲ့ကြလို့ နိုင်ငံတဝှမ်းက လမ်းမကြီးများ အခုဆိုရင် ယခင်ကထက် များစွာတိုးတက် ကောင်းမွန်လာတာ အားရစရာ တွေ့ရပါတယ်။

သို့သော် တချို့လမ်းမကြီးများကတော့ လိုအပ်ချက်များစွာ ရှိနေဆဲပါ..။

ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ကျနော်ဆွေးနွေးဖြစ်ခဲ့တာ လေးတစ်ခုကို မျှဝေလိုက်ပါတယ်..။)

+++++++++++++++++

လေးစားရပါတဲ့ နာယကကြီးခင်ဗျား..

ကီလိုမီတာ (၁၈၀) ရှိတဲ့ ရန်ကုန်-ပုသိမ်လမ်းဟာ BOT စနစ်နဲ့ Oriental Highway Co. က လက်ရှိ တာဝန်ယူ ဆောင်ရွက်နေတဲ့ လမ်းဖြစ်ပြီး ယာဉ်အသွားအလာများပြားတဲ့အတွက် BOT ကုမ္ပဏီ အနေနဲ့ ငွေကြေးအမြတ် အစွန်း များစွာ ရရှိနေတဲ့လမ်းဖြစ်ပါတယ်..။

ပါဝါပွိုင့်မှာ ဖော်ပြထားသလို BOT ကုမ္ပဏီအနေနဲ့ တစ်နေ့ပျှမ်းမျှ ယာဉ်အသွားအလာ ၅၀၀ ကျော်ရင် လမ်းအကျယ် ၂၄ပေ၊ ၂၀၀၀ ကျော်ရင် လမ်းအကျယ် ၄၈ ပေ၊ ၄ လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်း ခင်း ပေးရမှာဖြစ်ပြီး စာချုပ်ပါ ကတိကဝတ်အတိုင်း မဆောင်ရွက်ရင် နိုင်ငံတော် အစိုးရ အနေနဲ့ စာချုပ်ပယ်ဖျက်ပြီး ဒီလမ်းကို BOT ကုမ္ပဏီဆီကနေ အချိန်မရွေး ပြန်လည်ရုတ်သိမ်းခွင့် အပြည့်အဝရှိတဲ့ လမ်းဖြစ်ပါတယ်..။

ဒီလမ်းနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေး ဒု-ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်ကို လေ့လာ ကြည့်တဲ့အခါ (ဝ)ကီလိုမီတာကနေ (၁၀)ကီလိုမီတာအထိ ပဲ.. (၄)လမ်းသွား ၄၈ပေအကျယ် အဆင့်မြှင့်တင် မယ်လို့ သိရပြီး ကျန်လမ်းအရှည် ကီလိုမီတာ(၁၇၀)ကိုတော့ ၂၄ ပေအကျယ် နှစ်လမ်းသွား ကတ္တရာကွန်ကရစ် ခင်းမယ်လို့ သိရပါတယ်..။

ရန်ကုန်-ပုသိမ်လမ်းရဲ့ လက်ရှိ တစ်နေ့တာ ယာဉ်အသွားအလာ ဖြတ်သန်းမှုဟာ အစီးရေ (၂၀၀၀) ကျော်ရုံတင်မက (၆၀၀၀) ကျော်ရှိနေတဲ့အတွက် အခုချေးငွေနဲ့စီမံဆောင်ရွက်မယ့် အနေအထားထက် ပိုမို သာလွန်တဲ့ လမ်းအကျယ် ၄၈ပေ ကတ္တရာကွန်ကရစ်လမ်း ခင်းရမယ့် တာဝန်ဟာ BOT ကုမ္ပဏီမှာ လုံးဝတာဝန်ရှိနေပြီး နိုင်ငံတော်အနေနဲ့ ပြည်ပချေးငွေဒေါ်လာသန်းပေါင်းများစွာ ရယူပြီး ကိုယ်စား တာဝန်ခံ ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်..။

ဒါကို နိုင်ငံတော်က BOT ကုမ္ပဏီဆီကနေ ခေတ္တခဏ ပြန်လည်လွှဲပြောင်းရယူမယ်..။ ပြီးရင် အခု ချေးငွေနဲ့ လမ်း အဆင့်မြှင့်တင်မယ်..။ နောက်တော့ ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ အခုချေးငွေပမာဏ အချိုးကို နှိုင်းယှဉ် တွက်ချက်ပြီး စာချုပ်ပါသက်တမ်းနဲ့ အကျိုးအမြတ် ပြန်လည်ပြင်ဆင်ညှိနှိုင်းခြင်း (concession agreement) ပြုလုပ်မယ်..။

ပြီးရင် BOT ကုမ္ပဏီလက်ဝယ် လမ်းကို ပြန်လည်လွှဲပြောင်းပြီး operation & maintenance ဆက်လက်လုပ်ကိုင် စေမယ် လို့သိရပါတယ်..။

ကုမ္ပဏီအနေနဲ့ လက်ရှိစာချုပ်အရ လုပ်ကိုင်ခွင့် သက်တမ်း ၃၃ နှစ် ကျန်ရှိနေသေးကြောင်း သိရပြီး concession agreement တွက်ချက်ညှိနှိုင်းပြီးရင် ဘယ်နှစ်နှစ် ဆက်လက် လုပ်ကိုင်ခွင့်ပေးမယ်၊ နိုင်ငံတော်က အကျိုးအမြတ်ဘယ်လို ရရှိမယ်ဆိုတာ ကျနော်တို့တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး..။

အဲဒီလို အရေးကြီးတဲ့ ညှိနှိုင်းမှုအချက်အလက်တွေ ပြည့်ပြည့်စုံစုံ မသိရဘဲ ဒီကိစ္စကို ကျနော်တို့ လွှတ်တော်က အတည်ပြုလိုက်ပြီးနောက်မှာမှ စာချုပ်စည်းကမ်းလိုက်နာရန်ပျက်ကွက်တဲ့ ကုမ္ပဏီက အရင်လိုပဲ အခွင့်အရေးတွေ ထူးမခြားနား ဆက်လက် စံစား ခံစားခွင့်ရနေခဲ့တယ်ဆိုရင် ဒီစီမံကိန်းကို နိုင်ငံတော်က ကြွေးတင်ခံပြီး ဆောင်ရွက် ရကျိုးနပ်မှာမဟုတ်သလို ကျနော်တို့လည်း တာဝန်ကင်းမှာမဟုတ်ပါဘူး..။

တကယ်ဆို စာချုပ်ပါကတိကဝတ် လိုက်နာရန် ပျက်ကွက်တဲ့ ကုမ္ပဏီကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ဖို့ပဲ ရှိပြီး အခုလိုကြွေးတင်ခံရမယ့်အတူတူ ဒီလမ်းရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို မည်သူတစ်ဦး တစ်ယောက်ကိုမှ ပြန်လည်ပေးအပ်ဖို့ မသင့်ဘဲ နိုင်ငံတော်ကသာ စီမံခန့်ခွဲ သွား သင့်တယ်လို့ အကြံပြုလိုပါတယ်..။

နာယကကြီးခင်ဗျား..

ဆက်လက်ပြီးတော့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် (၄၀) အဆင့်မြှင့်တင်မယ့် စီမံကိန်း နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြလိုပါတယ်..။ ရန်ကုန်-မန္တလေးအမြန်လမ်း ခရီးမိုင် ၃၆၀ ကျော်ကို မိုင် (၉၀) လေးပိုင်းပိုင်းပြီး ယခင်အစိုးရ လက်ထက်က ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို BOT ပေးဖို့ တင်ဒါခေါ်ခဲ့ပါတယ်..။

ပြည်တွင်းပြည်ပ ကုမ္ပဏီများနဲ့ လမ်းတံတားတည်ဆောက်မှု အတွေ့အကြုံများစွာရှိတဲ့ နိုင်ငံတကာ အတိုင်ပင်ခံ ကုမ္ပဏီများစွာလည်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်..။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တင်ဒါ နောက်ဆုံး အဆင့် ဇကာတင်ရွေးချယ်ဖို့ပဲ ကျန်တော့တဲ့ အချိန်မှ ဘာကြောင့်မှန်းမသိ တင်ဒါကို ပယ်ဖျက်ခဲ့ပါတယ်..။

ဆိုလိုတာက ရန်ကုန်-မန္တလေး အမြန်လမ်းဆိုတာ ပုဂ္ဂလိကလုပ်ငန်းရှင်များ အင်မတန် ရင်းနှီးမြုပ်နှံ လိုတဲ့လမ်းဖြစ်ပြီးတော့ ဒီနေ့ တင်ဒါခေါ်ရင် ဒီနေ့ပဲ အပြိုင်အဆိုင် တင်ဒါယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်မယ့် လမ်းဖြစ်တဲ့အတွက် ဒီလမ်းနဲ့ပတ်သက်လို့ နိုင်ငံတော်ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှ ကျခံသုံးစွဲရန်မသင့်ဘူးလို့ အလေးအနက် တင်ပြလိုပါတယ်..။

အခုတော့ နိုင်ငံတော်အနေနဲ့ လက်ငင်းကြွေးတင်တာအပြင် နှစ်စဉ် ဒီလမ်းအတွက် လိုအပ်တဲ့ ပြင်ဆင် ထိန်းသိမ်း စရိတ်တွေ ကိုလည်း ပြည်ထောင်စုဘတ်ဂျက် ကနေ မဖြစ်မနေ ကျခံသုံးစွဲရတော့မှာ ဖြစ်ပါတယ်..။

ပုဂ္ဂလိကကိုသာ လုပ်ပိုင်ခွင့်ပေးလိုက်ရင် အခုလိုကြွေးတင်မှာ မဟုတ်တဲ့အပြင် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်း စရိတ်လည်း နိုင်ငံတော်အနေနဲ့ ကျခံသုံးစွဲစရာ မလိုတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်ပါတယ်..။
မဟာမဲခေါင်ဒေသတွင်း လမ်းမကြီးများ အဆင့်မြှင့်တင်ရေး မဟာဗျူဟာလိုအပ်ချက်အရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုရင်လည်း ပုဂ္ဂလိက ကဏ္ဍကို ဖိတ်ခေါ်လိုက်ရင် ပျော်ပျော်ကြီးရင်းနှီးမြှုပ်နှံမယ့် ကိစ္စရပ်မို့ အမြန်ဆုံး တင်ဒါခေါ်ဖို့ကိုသာ စီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ်..။

နောက်ပြီးတော့ ဆောက်လုပ်ရေး ဒု-ဝန်ကြီးရဲ့ ရှင်းလင်းချက်မှာ လက်ရှိချေးငွေနဲ့ ဆောင်ရွက်မယ့် မိုင် (၄၀) ဟာ pilot project သာဖြစ်တယ်လို့ ပြောသွားတဲ့အတွက် ကျန်လမ်းပိုင်းတွေကိုရော အခုလို နိုင်ငံတကာ ချေးငွေရယူ ဆောင်ရွက်ဦးမယ်ဆိုတဲ့ သဘောများလားဆိုပြီး စိတ်မသက်မသာ ခံစားရပါတယ်..။

လေးစားရတဲ့ နာယကကြီးခင်ဗျား..

စီမံကိန်းကုန်ကျစရိတ်အနေနဲ့ ချေးငွေဒေါ်လာသန်း ၃၆၀အပြင် နိုင်ငံတော်အပိုင်းက အခုလက်ရှိတည်ဆောက်ထားရှိမှုတွေကို တန်ဖိုးသင့်ပြီး ထည့်သွင်းမယ့်လို့ ဆိုတဲ့ ၁၂.၅ သန်း ပါဝင်ကျခံရအုံးမှာမို့ စုစုပေါင်း ၃၇၂.၅ သန်းရှိပါတယ်..။ အဲဒီပမာဏဟာ မြန်မာငွေနဲ့ဆိုရင် ကျပ်ဘီလီယံ ၅၀၀ ကျော် ရှိတာကြောင့် နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး..။

ADB ရဲ့ ချေးငွေဆိုင်ရာ မူဝါဒကို လက်လှမ်းမီသလောက် ကျနော်လေ့လာကြည့်တဲ့အခါ အဆိုပြု စီမံကိန်း များ နဲ့သက်ဆိုင်တဲ့ ချေးငွေကို ယူရင်ယူ/မယူရင် ဒီချေးငွေအခွင့်အရေး ကျနော်တို့ဆုံးရှုံးမယ်..။ တိုင်းပြည်အတွက် တခြား အရေးတကြီးလိုအပ်နေတဲ့ စီမံကိန်းများအတွက် လွှဲပြောင်းသုံးစွဲဖို့ မဖြစ်နိုင်ဘူးလို့ သိရတဲ့အတွက် ထောက်ခံရခက်၊ ကန့်ကွက်ရခက်နဲ့ အတော့်ကို ကသိကအောက် ဖြစ်ရပါတယ်..။

အခုလို အငြင်းပွားစရာ ၊ ပြစ်တင်ဝေဖန်စရာ မရှိတဲ့ တခြားစီမံကိန်းတွေ ကျနော်တို့ တိုင်းပြည်အတွင်းမှာ များစွာရှိနေပြီး ဒီချေးငွေကို အဲသလိုစီမံကိန်းများအတွက် ရယူသုံးစွဲခဲ့မယ်ဆိုရင် အားလုံးက စိတ်လက် ကြည်သာ သဘောတူကြမှာပါ..။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အစကတည်းက အခုလို စီမံကိန်းတွေအတွက် ဒေါ်လာသန်းပေါင်းများစွာ မလိုအပ်ပဲ ကြွေးတင်မယ့်လမ်းကို ဘာကြောင့် ရွေးချယ်လျှောက်လှမ်းခဲ့ ရ တာလဲ ဆိုတဲ့ အကြောင်းရင်းကို သိချင်မိသလို အံ့လည်းအံ့သြမိပါတယ်..။

ဒီလိုပြောလို့ အခု အဆိုပြုတင်ပြလာတဲ့ စီမံကိန်းတွေဟာ ဆောင်ရွက်ဖို့ မလိုအပ်တဲ့စီမံကိန်းတွေလို့ ပြောလိုရင်း မဟုတ်ပါဘူး..။ ကြွေးတင်ခံပြီး ဆောင်ရွက်ရန် မလိုအပ်တဲ့ စီမံကိန်းများသာ ဖြစ်တယ်လို့ ထောက်ပြလိုရင်းပါ..။

အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ (၁၂) ရပ်မှာ ပုဂ္ဂလိကကဏ္ဍတိုးတက်စေရေး အားပေးမြှင့်တင်သွားမယ်ဆိုတဲ့ မူဝါဒတချို့ ပါရှိပါတယ်..။

အခုလို ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်နိုင်တဲ့၊ ဆောင်ရွက်သင့်တဲ့ အခြေခံ အဆောက်အဦစီ မံကိန်းတွေကို နိုင်ငံတော်က ပြည်ပချေးငွေရယူပြီး စီမံဆောင်ရွက်နေတာဟာ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့ မကိုက်ညီသလို နိုင်ငံတော်မှာလည်း ပြည်ပကြွေးမြီ ဝန်ထုတ်ဝန်ပိုး ထမ်းရမှာဖြစ်တဲ့အတွက် ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်ကြီးမှ အလျင်စလို အတည်မပြုသင့်ပဲ အစိုးရ၊ လွှတ်တော် နဲ့ ADB တို့ အကြား အကြေအလည် ပြန်လည်ညှိနှိုင်းပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်..။
Crd: U Tin Tun Naing

ရခိုင်မြောက်ပိုင်းရှိမြန်မာ့ကမ်းလွန် လုပ်ကွက် A3 တွင် ကိုရီးယားပိုင် Posco ကုမ္ပဏီမှ တနေ့ ကုဗပေ ၃၈ သန်းထွက်ရှိမည့် သဘာဝဓာ...
17/02/2020

ရခိုင်မြောက်ပိုင်းရှိမြန်မာ့ကမ်းလွန် လုပ်ကွက် A3 တွင် ကိုရီးယားပိုင် Posco ကုမ္ပဏီမှ တနေ့ ကုဗပေ ၃၈ သန်းထွက်ရှိမည့် သဘာဝဓာတ်ငွေ့များထွက်ရှိဟုကြေငြာ လိုက်သည်။ ဂွမြို့နယ်၏တောင်ပိုင်း ပုသိမ်မြို့နယ်ကမ်းလွန် ရှိ A6 block တွင် မိုက်ကယ်မိုးမြင့်ပိုင် MPRL မှ တွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်နိုင်ရန်လုပ်ဆောင်နေသည်။
ဂွမြို့နယ် နှင့်သံတွဲမြို့နယ် ကမ်းလွန်လုပ်ကွက်မှာ A5 ဖြစ်ပြီး ဆိုက်စမစ်တိုင်းတာမှုများပြုလုပ်ခဲ့သော်လည်း ယခုချိန်ထိ ထူးခြားမှု မရှိသေးဟုသိရသည်။

ဂွမြို့နယ်၊သံတွဲနှင့်ဂွကြားမှာ ဒီဘုရားစေတီမျိုးတွေ့ဘူးကြပါသလား။ပုံတွေကတော့သရေခေတ္တရာမြို့ဟောင်းက ပျူဘုရားစေတီတွေ ပါ။
17/02/2020

ဂွမြို့နယ်၊သံတွဲနှင့်ဂွကြားမှာ ဒီဘုရားစေတီမျိုးတွေ့ဘူးကြပါသလား။
ပုံတွေကတော့သရေခေတ္တရာမြို့ဟောင်းက ပျူဘုရားစေတီတွေ ပါ။

ပြင်ဆင်ပြီးလယ်ယာမြေဥပဒေ အပြည့်အစုံCrd hlaing bwa
17/02/2020

ပြင်ဆင်ပြီးလယ်ယာမြေဥပဒေ အပြည့်အစုံ
Crd hlaing bwa

15/02/2020

လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ
တောင်သူလယ်သမားအဖွဲ့အစည်းဆိုသည်မှာ တောင်သူလယ်သမားများနဲ့ဖွဲ့စည်းထားသောအဖွဲ့။
တောင်သူလယ်သမားဆိုသည်မှာ လယ်ယာလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်နေသောသူကိုဆိုပါတယ်တဲ့။
ဂွမြို့နယ်ရှိတောင်သူလယ်သမားအဖွဲ့အစည်းများကို အထက်ပါအချက်များနှင့်စိစစ်ကြပါ။
မြို့နယ်လယ်စီတွင် တောင်သူလယ်သမားကိုယ်စားလှယ်၅ဦး၊ ရပ်ကျေးလယ်စီတွင်ရပ်မိရပ်ဖ ၂ဦး တောင်သူလယ်သမားကိုယ်စားလှယ်၃ဦးပါဝင်ရမည်ဟုပါပြင်ဆင်ထားသည်။

ဂွသားများနှင့်မကင်းနိုင်သည့်လယ်ယာမြေပြင်ဆင်သည့်ဥပဒေ ၂၀၂၀  လယ်ယာမြေကို အိမ်ကွက်ရိုက်သူများ - 1လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည်...
15/02/2020

ဂွသားများနှင့်မကင်းနိုင်သည့်လယ်ယာမြေ
ပြင်ဆင်သည့်ဥပဒေ ၂၀၂၀

လယ်ယာမြေကို အိမ်ကွက်ရိုက်သူများ - 1
လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ သည် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂ အဖြစ် ၁၄-၂-၂၀၂၀ နေ့တွင် ထွက်ပေါ်လာပြီဖြစ်ပါသည်။ ယခင်က ဥပဒေ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ လယ်ယာမြေတွင် အိမ်ကွက်ရိုက်၍ ရောင်းစားနေသူများ ယခု အရေးယူခံရတော့မည်ဖြစ်ပါသည်။
လယ်ယာမြေ ဥပဒေ၏ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း ပြင်ဆင် ပြဌာန်းလိုက်ပြီ ဖြစ်ပါသည်-
“၁၃။ လယ်ယာမြေနှင့် စပ်လျှဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။”
ဤတွင် ယခင်က လယ်ယာမြေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်း အသုံးမပြုရန် လိုက်နာရမည့် စည်းကမ်းသည် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသာ လိုက်နာရမည့် စည်းကမ်းချက်ဖြစ်သည် ဟု လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၂ ၏ အားနည်းချက်ကို အကြောင်းပြ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရှိသည့် လယ်ယာမြေများကို အကွက်ရိုက် ရောင်းနေခြင်းအပေါ် အရေးယူရန် ဥပဒေ ပြဿနာ ရှိခဲ့သော်လည်း၊ ယခုအခါ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရသည့်မြေကို မည်သူမျှ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့် မရှိကြောင်းဖြင့် တားမြစ်မိန့် ထုတ်ပြန်လာနိုင်ပြီး ဖြစ်ပါသည်။ မလိုက်နာပါက အရေးယူနိုင်တော့မည်ဖြစ်ပါသည်။
ဆက်လက် တင်ပြပါမည် ----------
Unicode ------
လယ်ယာမြေကို အိမ်ကွက်ရိုက်သူများ - 1
လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ သည် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂ အဖြစ် ၁၄-၂-၂၀၂၀ နေ့တွင် ထွက်ပေါ်လာပြီဖြစ်ပါသည်။ ယခင်က ဥပဒေ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ လယ်ယာမြေတွင် အိမ်ကွက်ရိုက်၍ ရောင်းစားနေသူများ ယခု အရေးယူခံရတော့မည်ဖြစ်ပါသည်။
လယ်ယာမြေ ဥပဒေ၏ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း ပြင်ဆင် ပြဌာန်းလိုက်ပြီ ဖြစ်ပါသည်-
“၁၃။ လယ်ယာမြေနှင့် စပ်လျှဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။”
ဤတွင် ယခင်က လယ်ယာမြေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်း အသုံးမပြုရန် လိုက်နာရမည့် စည်းကမ်းသည် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသာ လိုက်နာရမည့် စည်းကမ်းချက်ဖြစ်သည် ဟု လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၂ ၏ အားနည်းချက်ကို အကြောင်းပြ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရှိသည့် လယ်ယာမြေများကို အကွက်ရိုက် ရောင်းနေခြင်းအပေါ် အရေးယူရန် ဥပဒေ ပြဿနာ ရှိခဲ့သော်လည်း၊ ယခုအခါ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရသည့်မြေကို မည်သူမျှ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့် မရှိကြောင်းဖြင့် တားမြစ်မိန့် ထုတ်ပြန်လာနိုင်ပြီး ဖြစ်ပါသည်။ မလိုက်နာပါက အရေးယူနိုင်တော့မည်ဖြစ်ပါသည်။
Crd maung maung nyunt

သစ်ခွန်ဆောင်ပါ
13/02/2020

သစ်ခွန်ဆောင်ပါ

10/02/2020
ကျောင်း
08/02/2020

ကျောင်း

ဂွမြို့နယ်နှင့်တောဆင်ရိုင်းပြသနာ၆.၂.၂၀၂၀ ယမန်နေ့ညက ရဟိုင်ဖျားကျေးရွာတွင်လူတဦးဆင်နင်းခံရ၍သေဆုံးသွားသည်။ဂွမြို့နယ်တွင်းကြ...
07/02/2020

ဂွမြို့နယ်နှင့်တောဆင်ရိုင်းပြသနာ

၆.၂.၂၀၂၀ ယမန်နေ့ညက ရဟိုင်ဖျားကျေးရွာတွင်လူတဦးဆင်နင်းခံရ၍သေဆုံးသွားသည်။
ဂွမြို့နယ်တွင်းကြာရှည်စွာဖြစ်နေသောတောဆင်ရိုင်းပြသနာ မှာယခုလူသေဆုံးသည်ထိရောက်ရှိလာခြင်းဖြစ်သည်။ ဘဝင် ချောင်းသာစသည့်ဂွမြို့နယ်ကျေးရွာများမှာ တောဆင်ရိုင်းများပြသနာကို ကြုံတွေ့ခဲ့ ကြုံတွေ့နေရဆဲပင်။
သိရှိကျွမ်းကျင်သူများအဆိုအရ တောဆင်ရိုင်းများ စားကျက်ပျောက် အမဲလိုက်ခံရမှုကြောင့်အန္တရယ်ကင်းရာ ရိုးမအောက်ခြေ လူနီးရာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုသည်။
အရှေ့ဟုဂွမြို့နယ်သားများကခေါ်ဆိုသည့် ဧရာဝတီတိုင်းမှ မုဆိုးများက ရိုးမတောတွင်းဆင်အပါအဝင်အမဲလိုက်သတ်ဖြတ်ကြပြီး မှောင်ခိုဈေးကွက်အဖြစ် ဝယ်ယူ၍တဖက်နိုင်ငံသို့ရောင်းချသည်ဟုဆိုသည်။
ဖမ်းဆီးမိသူများ (တမြန်နှစ်က ကိုင်းခုံကျေးရွာမှတဦး)၊တရာခံပြေးအဖြစ်ကုလားပြင်ကျေးရွာမှတဦး ရှိသည်။ ယခုအခါ ပြစ်ဒဏ်ကျခံရသော ကိုင်းခုံကျေးရွာမှတဦးမှာလွတ်မြောက်ပြီဟုသိရပြီး ထိရောက်သောပြစ်ဒဏ်ဟုတ်မဟုတ် သံသယပွားစရာဖြစ်နေသည်။
Photo crd ko gyi kyaw gwa

Gwa သို့ရောက်လာသောတရုပ်ခရီးသွားများရှိရင်စိစစ်နိုင်ဖို့ပါ။
06/02/2020

Gwa သို့ရောက်လာသောတရုပ်ခရီးသွားများရှိရင်စိစစ်နိုင်ဖို့ပါ။

လတ်တလော ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ စိုးရိမ်စရာအခြေအနေကြောင့်သံတွဲမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ...
01/02/2020

လတ်တလော ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်
ကူးစက်ရောဂါ စိုးရိမ်စရာအခြေအနေကြောင့်
သံတွဲမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ
၁၆ မှ ၂၀ ထိ မျက်စိစမ်းသပ် ခွဲစိပ်မည့် အစီ
အစဉ် ကို ချယ်ရီမေတ္တာဖောင်ဒေးရှင်း မှ ရက်
အကန့်အသတ်မရှိရွှေ့ဆိုင်းထားလိုက်ကြောင်း
သီတဂူဆေးရုံ ကြီးကြပ်ရေး ကော်မတီထံ မှ
သတင်းရရှိပါသည်။
ဗြဟ္မဝိဟာရီအသင်း သို့ စာရင်းပေးထားသူ
(၅၇) ဦးအား အစီအစဉ် ရွှေ့ဆိုင်းထားပါသည် ။လတ်တလော ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်
ကူးစက်ရောဂါ စိုးရိမ်စရာအခြေအနေကြောင့်
သံတွဲမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ
၁၆ မှ ၂၀ ထိ မျက်စိစမ်းသပ် ခွဲစိပ်မည့် အစီ
အစဉ် ကို ချယ်ရီမေတ္တာဖောင်ဒေးရှင်း မှ ရက်
အကန့်အသတ်မရှိရွှေ့ဆိုင်းထားလိုက်ကြောင်း
သီတဂူဆေးရုံ ကြီးကြပ်ရေး ကော်မတီထံ မှ
သတင်းရရှိပါသည်။
ဗြဟ္မဝိဟာရီအသင်း သို့ စာရင်းပေးထားသူ
(၅၇) ဦးအား အစီအစဉ် ရွှေ့ဆိုင်းထားကြောင်း
သိရှိရသည် ။

ငြိမ်းချမ်းတဲ့မြေ
30/01/2020

ငြိမ်းချမ်းတဲ့မြေ

ဂွမြို့နယ်နှင့်ကော်ရိုနာဗိုင်းရပ်စ်အန္တရယ်ဂွ နှင့်ငပလီ ကမ်းခြေ tour sites များကြောင့် လက်ရှိပြည်တွင်းရောက်အရေအတွက်သောင်းခ...
24/01/2020

ဂွမြို့နယ်နှင့်ကော်ရိုနာဗိုင်းရပ်စ်အန္တရယ်

ဂွ နှင့်ငပလီ ကမ်းခြေ tour sites များကြောင့် လက်ရှိပြည်တွင်းရောက်အရေအတွက်သောင်းချီနေသောတရုပ်ဧည့်သည်များ ရောက်လာနိုင်ပြီး တရုပ်မပြန်သေးပဲ ဗီဇာကုန်သည်ထိနေသွားမည့်သူများလည်းရှိလာ နိုင်ပါသည်။ ၎င်းတို့ထံ၌ရောဂါကူးစက်ထားပြီး လက္ခဏာမပြသေးသူများလည်းပါဝင်နိုင်ပါသည်။ ကြိုတင်သတိပြုနိုင်အောင် Gwa news မှသတိဖောက်လိုက်ရပါသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမဆင်ဘေးမဲ့တောရုံး၌သဘာဝအတိုင်းမွေးမြူထားသောရခိုင်တောင်လိပ်ကလေးများနှင့်လိပ်မောင်းခေါ် (...
19/01/2020

ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမဆင်ဘေးမဲ့တောရုံး၌သဘာဝအတိုင်းမွေးမြူထားသောရခိုင်တောင်လိပ်ကလေးများနှင့်လိပ်မောင်းခေါ် (ခြေခြောက်ချောင်း)လိပ်ကလေးများကို သားဖောက်ရန် ကြိုတင်ပြင်ဆင်နေ။
Crd aung lin naing

ဂွမြို့နယ်၏ဝန်ထမ်းအကြီးအကဲအခြေခံပညာညွှန်ကြားရေးမှုးချုပ်ဂွမြို့နယ် ကျင်းကြီးအုပ်စု ယမာကျွန်းရွာဇာတိဦးကိုလေးဝင်း။
19/01/2020

ဂွမြို့နယ်၏ဝန်ထမ်းအကြီးအကဲ
အခြေခံပညာညွှန်ကြားရေးမှုးချုပ်
ဂွမြို့နယ် ကျင်းကြီးအုပ်စု ယမာကျွန်းရွာဇာတိ
ဦးကိုလေးဝင်း။

Address


Website

Alerts

Be the first to know and let us send you an email when Gwa News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share