17/08/2022
Facebook အသုံးပြုခွင့် လုံးဝပိတ်ပြီး အစားထိုး ကိုယ်ပိုင်ဆိုရှယ်မီဒီယာတစ်ခု တီထွင်နေဟု ဇော်မင်းထွန်းပြော......🥴
All In One
August 17 ,2022
မြန်မာနိုင်ငံတွင် Facebook အသုံးပြုခွင့် လုံးဝပိတ်ပင်ပြီး အစားထိုးကိုယ်ပိုင် ဆိုရှယ်မီဒီယာတစ်ခုနှင့် အစားထိုးရန်စီစဥ်နေကြောင်း စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ ခေါင်းဆောင် ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
စစ်တပ်နှင့်ပတ်သက်သည့် ပို့စ်များ၊ အမျိုးဘာသာသာသနာ ထိခိုက်စေသည့် ပို့စ်များ၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုတွင် Facebook ပေါ်မှတဆင့် စီးဆင်းနေမှုများကြောင့် ပိတ်ပင်ခြင်းဖြစ်သည်ဟု ဇော်မင်းထွန်းက ဆိုသည်။
ယနေ့နံနက် စစ်ကိုင်းတံတားပစ်ခတ်မှုအကြောင်း စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးအကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း Facebook က ဖြုတ်ချခဲ့သည်ဟု ဆိုသည်။