Fight Belt Champ

  • Home
  • Fight Belt Champ

Fight Belt Champ FB - Champ

11/09/2023

Sean Strickland ရဲ့ Right Cross တစ်​လုံးက Israel Adesanya ကို ပျာယာခတ်​သွား​စေတယ်​။ ​Sean Strickland ရဲ့ လက်​သီး​တွေ ဆက်​တိုက်​ထိ​​တော့ ဟန်​ချက်​​ပျက်​ပြီး ​ဆောက်​တည်​ရာမဲ့သွားတယ်​။ တော်​​တော်​​လေးကို မာဂုဏ်​​ကောင်းလို့သာ အလဲထိုးမခံရတာပါ။

03/09/2023

ပြင်​သစ်​ ကတုံး Ciryl Gane က Sergey Spivac ကို တစ်ဖက်​သတ်​အသာစီး ကစားပြီး၊ ​ဒုတိယအချီမှာ အလဲထိုးကာ UFC Paris ပြိုင်​ပွဲကို ​အောင်​ပွဲခံခဲပါတယ်​။

Ciryl Gane က ခါးပတ်​လုပွဲ​တွေမှာသာ ဘာမှမဟုတ်​တာ၊ ဒီလိုပွဲမျိုးဆို တကယ့်​ဆရာကြီး။

14/08/2023

ကော်​နာမက်​ဂရီ​ကော်​ က အယ်​ဒီအယ်​ဘာရဇ်​ ကို ဒုတိယအချီမှာ အလဲထိုးပြီး UFC မှာ ပထမဆုံး​သော နှစ်​ထပ်​ကွင်း ချန်​ပီယံ ဖြစ်​ခဲပါတယ်​။

၂၀၁၆ ခုနှစ်​​တွေဆိုတာ ​ကော်​နာ ရဲ့ ဘုန်းမင်း​နေလ ​တောက်​ပခဲတဲ့ ​နေ့ရက်​​တွေဖြစ်​ပါတယ်​။ UFC မှာ ​ကော်​နာ ရဲ့ တ​ကျော့ပြန်​ ​အောင်​မြင်​မှု​တွေကို ထပ်​ပြီး​တော့ မြင်​ချင်​ပါ​သေးတယ်​။

အခု​လော​လောဆယ်​ ​ကော်​နာ ​ပြောစကား " ဒီဇင်​ဘာလ မှာ မိုင်​ကယ်​ချန်​ဒလာ နဲ့ ထိုးမယ်​၊ ပြီး​တော့ ဂျက်​စတင်​ဂိတ်​ဂျီ ဆီက BMF ခါးပတ်​ကို လုမယ်​။ ​နိတ်​ဒီယဇ်​ နဲ့ Trilogy ပွဲ ကိုလည်း စိတ်​၀င်​စားတယ်​"

08/08/2023

ဂျက်​စတင်​ ဂိတ်​ဂျီ က အမြင့်​ကန်​ချက်​ နဲ့ ဒပ်​စတင်​ ပိုရီ​ယေ ကို ရှုံး​ကြွေးဆပ်​ပြီး၊ BMF ခါးပတ်​ကို မ,သွားတာ​လေ။

03/08/2023

တိုနီဖာဂူဆန်​ ရဲ့ အ​ကောင်းဆုံးအချိန်​​တွေ က ကုန်​ဆုံးသွားခဲပါပြီ၊ ​နောက်​ဆုံးအချီမှာ ​ဘော်​ဘီဂရိမ်း ရဲ့ ပယ်​ပယ်​နယ်​နယ်​ ချုပ်​ကွက်​မိတာခံရပြီး မသက်​မသာရုန်းကန်​​နေတာကို ကြည့်​ပြီး​တော့ မျက်​ရည်​​၀ဲခဲရပါတယ်​။

02/08/2023

ဒဲရစ်​လီဝစ်​ က ပွဲစတာနဲ့ ဒူးပျံတိုက်​ချက် ကို သုံးပြီး De Lima ကို (၃၃) စက္ကန့်​တည်းနဲ့ အလဲထိုးပြသွားတာ ကြမ်းတယ်​။

31/07/2023

အဲလက်​စ်​ပါရဲရား က ယန်​ဘလာဟိုးဗစ်​ ကို အငြင်းပွားဖွယ်​ရာ အမှတ်​​ပေးဆုံးဖြတ်​ချက်​ဖြင့်​ ကပ်​နိုင်​သွားပါတယ်​။

ပါရဲရား အတွက်​​တော့ လိုက်​ဟဲဗီးဝိတ်​တန်း ကို တက်​ထိုးတာ အဖွင့့်လှခဲ​ပေမဲ့၊ ပိုလန်​သားကြီး ယန်​ဘလာဟိုးဗစ်​ အတွက်​ နစ်​နာရပါတယ်​။

27/07/2023

အဲလက်​စ်​ပါရဲရား ရဲ့ ဘယ်​၀ိုက်​လက်​သီးက ထိကျပါ။ စထရစ်​လန့်​ က ဒိုင်​၀င်​တားပြီးတာ​တောင်​ မူး​နောက်​​နေတုန်းပါ။

အဲလက်​စ်​ပါရဲရား ရဲ့ ဘယ်​၀ိုက်​လက်​သီးက မစ်​ဒယ်​၀ိတ်တန်းမှာ အလုပ်​ဖြစ်​ခဲတယ်​။ အစ္စ​ရေးအက်​ဒီစန်​ညာ ကိုလည်း ဘယ်​၀ိုက်​ထိုးပြီး ဆုံးမခဲတာပါ။

လိုက်​ဟဲဗီးဝိတ်​ တန်းမှာ ဘယ်​၀ိုက်​လက်​သီးက ဘယ်​​လောက်​ထိ အဆိပ်​ရှိအုံးမလဲ ​စောင့်​ကြည့်​ပါမယ်​။

23/07/2023

အင်္ဂလန်​သား Tom Aspinall က Marcin Tybura ကို
ပထမအချီမှာ အလဲထိုးသွားပါတယ်​။

ပွဲအပြီး အင်​တာဗျူးမှာ ဂျွန်​ဂျုံး ကို​တောင်​ စိန်​​ခေါ်သွား​ပါတယ်​။ ပြင်​သစ်​ကတုံး ဆယ်​ရီ​ယေ ဂန်း နဲ့လည်း မကြာခင်​​တွေ့မယ်​တဲ့။

21/07/2023

ချားလ်​အိုလီဘဲရာ x အစ္စလာမ်​မာကာရှဖ်​ - (၁)

အစ္စလာမ်​မာကာရှဖ်​ x ချားလ်​အိုလီဘဲရာ - (၂) မ​ကြေပွဲ ကို အဘူဒါဘီမြို့မှာ ကျင်းပမဲ့ UFC - 294 ပြိုင်​ပွဲမှာ ပြန်လည်​ကြည့်​ရပါမည်​။

20/07/2023

နိုက်​ဂျီးရီးယား အိပ်​မက်​ဆိုးကြီးကို ကိုယ်​တိုင်​အိပ်​မက်​ဆိုး​တွေ မက်​​စေခဲတဲ့ လီယွန်​အဒ်​၀ပ်​ ရဲ့ အမြင့်​ကန်​ချက်​။

18/07/2023

ဟို​​ဟေး မစ်​ဗီဒယ်​ က ဘမ်​ အက်​ခ်ျ​ခမ်​ ကို (၅) စက္ကန့်​ တည်းနဲ့ အ​မှောက်​သိပ်​ပြခဲပါတယ်​။

လမ်းသရဲ မစ်​ဗီဒယ်​ ရဲ့ ဒူးပျံတစ်​ချက်​က ဘမ်​ အက်​ခ်ျ​ခမ်​ ကို ​လောကကြီးနဲ့ ခဏ​လေး အဆက်​အသွယ်​ပြတ်​သွား​စေပါတယ်​။

17/07/2023

Curtis Blaydes ရဲ့ အလဲထိုးချက်​က ​ကြောက်​စရာပါ။ ဂျွန်​ဂျုံး နဲ့ စတီဖင်​ မီယိုဆစ်​ တို့ရဲ့ ခါးပတ်​လုပွဲမှာ နိုင်​တဲ့သူနဲ့ ကစားဖို့​တောင်းဆိုထားပါတယ်​။

14/07/2023

Tun Min Naing (ဆူလိုင်​မန်း) ကို မ​လေးရှား ​မွေထိုင်းဖိုက်​တာ Kabilan Jelevan က ပထမအချီ မှာ အလဲထိုးသွားပါတယ်​။

#ထွန်းမင်းနိုင်

12/07/2023

နပမ်းသမား​လေး ဘိုနီကယ်​လ်​ က လူစားဝင်​ထိုး​ပေးတဲ့ ဘလ်​၀ူးဒ်​ဘမ်း ကို (၃၈) စက္ကန့်​တည်းနဲ့ အလဲထိုးပြသွားတာ ကြမ်းလွမ်းတယ်​။

ဝယ်​တာဝိတ်​တန်းမှာ အနာဂတ်​ ချန်​ပီယံက ဘယ်​သူလဲ...? ပထမ တ​စ်​​ယောက်​က အိုင်​ယာလန်​ လူဆိုး​လေး အီယန်​ ဂယ်​ရီ (၁၂) ပွဲနိုင...
07/07/2023

ဝယ်​တာဝိတ်​တန်းမှာ အနာဂတ်​ ချန်​ပီယံက ဘယ်​သူလဲ...?

ပထမ တ​စ်​​ယောက်​က အိုင်​ယာလန်​ လူဆိုး​လေး အီယန်​ ဂယ်​ရီ (၁၂) ပွဲနိုင်​၊ ရှုံးပွဲမရှိ​သေးပါ။

ဒုတိယ တစ်​​ယောက်​က ဆွီဒင် ကြွက်​ထွားကြီး ခမ်းဇက်​ ချီမိုင်းယက်​ဖ်​ (၁၂) ပွဲနိုင်​၊ ရှုံးပွဲမရှိ​သေးပါ။

တတိယ တစ်​​ယောက်​က ကာဂျစ်​စတန်​ အသံတိတ်​ အမဲလိုက်
ဝံပု​လွေ ချက်​ခပ်​ ရာ့ခ်​မွန်​​နော့ဖ်​ (၁၇) ပွဲနိုင်​၊ (၁၇) ပွဲလုံးကို အဆုံးသတ်​ပြထားတယ်​။ ရှုံးပွဲမရှိပါ။

ကျ​နော်​က​တော့ ချက်​ခပ်​ ရာ့ခ်​မွန်​​နော့ဖ်​ က ၀ယ်​တာဝိတ်​တန်းမှာ ချန်​ပီယံ အယင်​ဖြစ်​လာမယ်​ထင်​ပါတယ်​။

ချက်​ခပ်​ ရာ့ခ်မွ​န်​​နော့ဖ်​ နဲ့ အီယန်​ ဂယ်​ရီ တို့က ကလပ်​တူ၊ အသင်း​​ဖော်​​တွေပါ။ တစ်​ချိန်​မှာ ခက်​ခဲတဲ့ ပြိုင်​ဘက်​​တွေဖြစ်​လာနိုင်​ပါတယ်​။

05/07/2023

အစ္စ​ရေး အက်​ဒီစန်​ညာ & အဲလက်​စ်​ ပါရဲရား တို့ရဲ့ သံဇကာ ကွင်းထဲက ရ​သ​မြောက်​တဲ့ အမှတ်​တရ အဆုံးသတ်​များ 👊💥

03/07/2023

ဂျက်​စတင်​ ဂိတ်​ဂျီ Vs မိုင်​ကယ်​ ချန်​ဒလာ 👊💥 အ​ကောင်းဆုံး တိုက်​ခိုက်​ပွဲတစ်​ခုဖြစ်​သည်​။

ဒီလို ပွဲမျိုး​တွေ​တောင်​ မကြည့်​ရတာ အ​တော်​ကြာပြီပဲ။ ဒပ်​စတင်​ပိုရီ​ယေ နဲ့ ဂျက်​စတင်​ဂိတ်​ဂျီ တို့ရဲ့ မ​ကြေပွဲ BMF ခါးပတ်​လုပွဲကို ​မျှော်​လင့်​ပါအုံးမည်​။

ကယ်​ဗင်​လီ က ရလဒ်​မတည်​ငြိမ်​လို့ UFC က ထွက်​လိုက်​​သေးတယ်​။ Come Back အ​နေနဲ့ ပြန်​လာပြီး ပထမဆုံးပြန်​ကစားတဲ့ ပွဲမှာတင်...
02/07/2023

ကယ်​ဗင်​လီ က ရလဒ်​မတည်​ငြိမ်​လို့ UFC က ထွက်​လိုက်​​သေးတယ်​။ Come Back အ​နေနဲ့ ပြန်​လာပြီး ပထမဆုံးပြန်​ကစားတဲ့ ပွဲမှာတင်​ ဖာ့ခရက်​ဒီ​နောဖ့်​ ရဲ့ လည်​ပင်းညှစ်​ခြင်းခံလိုက်​ရလို့ သံဇကာကွင်းထဲမှာ ခဏတာ အိပ်​​ပျော်​သွားခဲပါတယ်​။

30/06/2023

အောင်​လအန်​ဆန်​ ကို သူတင်​၊ ကိုယ်​တင်​ ယှဉ်​ထိုးပြခဲတဲ့ တရုတ်​ကစားသမား ဖန်​​ရောင်​ တစ်​​ယောက်​ ရှာမီး အာဒိုဂန်​ နဲ့ အ​တွေ့မှာ​တော့ ပထမအချီမှာဘဲ မရှုမလှ အရှုံး​ပေးလိုက်​ရပါတယ်​။

29/06/2023

Charles Oliveira Vs Beneil Dariush

Dariush က (၈) ပွဲဆက်​ နိုင်​ထားပြီးခါမှ အ​ရေးကြီးတဲ့ပွဲမှာ Oliveira ကို ရှုံးရတယ်​။

Address


Website

Alerts

Be the first to know and let us send you an email when Fight Belt Champ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share