06/12/2022
အမှား ၃ ချက်ကိုက NLD တွေက ဖုံးထားတယ်။ ကလေးတွေက ခုထိ မသိဘူး။ ဒါနဲ့ ဒီ ဆန္ဒပြပွဲတွေ ဖြစ်လာတာပဲ။
၁) စစ်တပ်လက်ဝေခံ ဒီမိုကရေစီကို မက်မောမှု
မြန်မာပြည် ဒီမိုကရေစီဆိုတာက အစကတည်းက စစ်တပ်လက်ဝေခံအဖြစ် ရှိနေတာ။ ဒါကို ကျေကျေနပ်နပ်နဲ့ အဖွားကြီးက လက်ခံထားတာ။ စစချင်း ရွေးကောက်ပွဲ မဝင်ဘူး။ ဦးခင်မောင်ဆွေ ဦးသိန်းညွန့် ခွဲထွက်တယ်။ ဝင်တယ်။ ကိုပိုက်တင်နဲ့ သဘောထား ကွဲတယ်။ ဒါ ထင်ရှားတဲ့သူတွေ ပြောပြတာ။ မှားတာ မှန်တာ ပြောတာ မဟုတ်ဘူး။ နောက်ပိုင်း NLD ဝင်တယ်။ အစက ၂၀၀၈ မကြိုက်ပေမယ့် အဖွားကြီးက အာဏာကို ခုံမင်သွားတယ်။ ၂၀၀၈ က စစ်တပ်လူကြီးတွေက သူတို့စံစားရမယ်အထင်နဲ့ ဆွဲထားတော့ အာဏာရပါတီက သက်ဦးဆံပိုင်ဘုရင်အလား အာဏာရှိတာ။ အခု NLD တောင်းနေတဲ့ We want democracy ဘာညာက ယောင်ပြပဲ။ တကယ်လိုချင်တာက We want the previous privileges. ပဲ။ အဲဒီ privileges တွေကို သူတို့ချည်း မောင်ပိုင်စီးထားလို့ တိုင်းရင်းသားတွေနဲ့တောင် မတည့်ဘူး။ ဦးခွန်ထွန်ဦး တို့၊ ကရင်ခေါင်းဆောင်တွေတို့ မသေသေးဘူး မေးကြည့်။
၂) ဖက်ဒရယ်လ်တည်ဆောက်လို့ရ
ဒီမိုကရေစီအစစ်က စစ်တပ်က ဖက်ဒရယ်လ်ဖွဲ့ပြီးမှ ရမှာ။ ဖက်ဒရယ်လ်မှာ အဓိက ညှိမရတာက တပ်တွေ ကိစ္စ။ ပြည်နယ် ကိစ္စ။ တပ်တွေကိစ္စက တပ်က ညှိမှ ရမှာ။ ပြည်နယ်ကိစ္စက ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှ ရမှာ။ အဖွားကြီးက အတ္တကြီးတယ်။ တပ်က ခေါင်သူကြီးလုပ်တာကို မကြိုက်ဘူး။ ဒါ့ကြောင့် သူ့နည်းသူ့ဟန် ပင်လုံ လုပ်တယ်။ မအောင်မြင်ဘူး။ ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေးချင်ဘူး။ ၂၀၀၈ မှာ အာဏာရပါတီကို လုပ်ပိုင်ခွင့်တွေ မဟားဒယား ပေးထားတယ်။ စစ်အစိုးရက ကြံ့ကိုရည်ရွယ်ပေးတာမှန်ပေမယ့် NLD ကောင်းစားဖို့ ဖြစ်နေတယ်။ စစ်တပ်က ဒါကို ပြန်ရုတ်သိမ်းချင်တယ်။ NLD က မရုတ်သိမ်းချင်ဘူး။ ဒါ့ကြောင့် ၂၀၀၈ ကို တွယ်ကုပ်ထားချင်တာ။ ကိုယ်တွေလဲ အရင် ရေးဖူးတယ်။ ဂျာမန်ပုံစံ ဖက်ဒရယ်လ်ကို PR နဲ့ သွားရင် ရနိုင်တယ်လို့။ တစ်ပြည်နယ်ချင်းစီလိုက်ကလဲ အာဏာရှိတဲ့ ပုံစံကိုး။ အခုအခြေအနေမှာ စစ်ကောင်စီက ဆွဲပေးရင် ဒါကို အဓိကဦးတည်ရင် ၂၀၂၁ နိုဗဲလ်ဆုဟာ ဦးမင်းအောင်လှိုင် ရမှာ။
၃) NLD သည် မဲခိုးဖို့ အကြောင်းခိုင်လုံခဲ့
NLD ဟာ မဲခိုးစရာ မလိုဘဲ ဘာလို့ခိုးမှာလဲလို့ ပြောကြတယ်။ မလိုတာ မဟုတ်ဘူး။ လိုတယ်။ လိုလို့ စနစ်တကျ အကွက်ချ ခိုးတာ။ NLD ဟာ မဲမခိုးရင် မဲနိုင်ပြီး ရွေးကောက်ပွဲ ရှုံးနိုင်စရာ ရှိတယ်။ ၂၀၀၈ အရ စစ်တပ်က ထိုင်ခုံ ၂၅% ယူထားတယ်။ စစ်သားက ထိုင်ခုံယူတာဖြစ်တယ်၊ % ယူထားတာ မဟုတ်တော့ တချိူ့မဲဆန္ဒနယ်တွေ မကျင်းပဖြစ်တဲ့အချိန် % လျော့မသွားဘဲ ၂၇% အထိ တက်လာတယ်။ တည့်တည့်ပြောရရင် စစ်သားက ကြံ့ပဲ။ ကြံ့က ၁၀% ပဲ ရဦး။ ၃၇% ရနေပြီ။ တိုင်းရင်းသားနယ်တွေမှာ NLD ကို အကြိုက်နည်းနေပြီ။ ရှမ်း/ရခိုင် တိုင်းရင်းသား ပါတီ နှစ်ခုပေါင်းသာ ၁၃% ကျော်ရင် NLD က သွားပြီ။ သွားဆို သူတို့က စစ်တပ်နဲ့ ပေါင်းလိုက်ရင် NLD က ၄၉% ရလဲ မဲနိုင်ပြီး ရွေးကောက်ပွဲ ရှုံးမှာကိုး။ အဲဒီအခြေအနေက ဖြစ်လာနိုင်ခြေများနေတော့
(က) ရခိုင်မှာ ရှမ်းမှာ သူတို့ရှုံးနိုင်တဲ့ မဲဆန္ဒနယ်တွေ ဖျက်တယ်။ စစ်တပ်မဲရုံတွေ ရွှေ့တယ်။
(ခ) ကြံ့ခိုင်ရေး ၁၀% အထိ မနိုင်နိုင်အောင်၊ တောင်ပေါ်ဒေသမှ NLD တွေ အနိုင်ရ ပိုများအောင် ကြိုတင်မဲတွေ မဲမသမာမှုတွေ လုပ်တယ်။
(ဂ) UEC ကို သေချာချုပ်ကိုင်ပြီး ချယ်လှယ်တယ်။
Credit: ဆရာသန့်ဇင်ထွဋ်(ကိုဗစ် ၁၉ ဖြင့်ကွယ်လွန်သူ)