We Love Mongyu

  • Home
  • We Love Mongyu

We Love Mongyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Mongyu, News & Media Website, .

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲ (၈/၂၀၂၁) တိုက်ရိုက်ထုတ်လွှင့်မှု
27/08/2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲ (၈/၂၀၂၁) တိုက်ရိုက်ထုတ်လွှင့်မှု

Press Conference 8/2021

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မိုင်းယု ဩဂုတ် ၂၇ရှမ်းပြည်နယ်အရှ...
27/08/2021

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မိုင်းယု ဩဂုတ် ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်‌ဒေသ မိုင်းယုမြို့ရှိ ဒေသခံပြည်သူ/သားများ ကိုဗစ်-၁၉ ရောဂါ ပြန်လည်မကူးစက်နိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့၊ ရပ်ကျေးစာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသူကြီးများနှင့် ရပ်မိရပ်ဖများပါဝင်သည့် အဖွဲ့များက မိုင်းယုဒေသတွင်း အထူးကြပ်မတ် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေလျက်ရှိခဲကြသည်။

မိုင်းယုမြို့ မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ တို့က အိမ်ပြင်မထွက်စေရေး၊ မဖြစ်မနေအပြင်ထွက်မည်ဆိုပါ တစ်ဦးတစ်ယောက်သာ ထွက်ရှိရေး၊ အိမ်ပြင် ထွက်သူများကိုလည်း မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာစေရေးတို့ကို ပညာပေးစစ်ဆေးလျက် ရှိရာ ၄င်း ပညာပေးမှုကို ရက်သတ္တပတ်နှစ်ပတ် ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဒေသတွင်းရှိ ကုန်စုံဆိုင်များ၊ ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း(Mask)တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များ ကိုလည်း နှာခေါင်းစည်း (Mask)တပ်၍ (Take Away)ပါဆယ်စနစ်ဖြင့်ရောင်းချနိုင်ရေးနှင့် ဈေးဆိုင်များကို နံနက်(၇)နာရီမှ မွန်းတည့်(၁၂)နာရိထိသာ ဖွင့်လှစ်ရောင်းချစေရေးတို့ကို အထူးကြပ်မတ် စစ်ဆေးဆောင်ရွက် နေလျက်ရှိပြီး အသိပညာပေးနိူးဆော်ခြင်းလုပ်ငန်းများကိုလည်း ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် ဒေသတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ အရှိန်အဟုန်မြှင့်တင်ကာ လှည့်လည်နိူးဆော်ပေးနေလျက်ရှိကြသည်။

အလားတူ မိုင်းယုမြို့ ပြည်သူပြည်သားများ ကိုဗစ်-၁၉ရောဂါ ပြန်လည်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မိုင်းယောင်း-မိုင်းယု နယ်နိမိတ်လမ်းဆုံရာ တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်တွင် လူဝင်လူထွက်များ ကန့်သတ်စစ်ဆေးမှုများကို ပြည်သူစစ်အဖွဲ့များနှင့် ရပ်မိရပ်ဖများက အလှည့်ကျ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

မိုင်းယုမြို့တွင် ကိုဗစ်အတည်ပြုလူနာ (၃၄)ဦးလုံး ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်၍ ကိုဗစ်- ၁၉ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာများ မရှိတော့သဖြင့် ဒေသခံပြည်သူ/သားများ ရောဂါပြန်လည်မကူးစက်နိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသူကြီးများက ညှိနှိုင်းကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင် ရွက်ပေးနေသဖြင့် ဒေသခံပြည်သူများကလည်း အလေးထားကာလိုက်နာဆောင်ရွက်ပေးကြရန် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့က တိုက်တွန်းနိူးဆော်ထား ကြောင်း သိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when We Love Mongyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share