Arakan Ethnic News

  • Home
  • Arakan Ethnic News

Arakan Ethnic News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arakan Ethnic News, Media/News Company, .

10/11/2023

ပုဏ္ဏားကျွန်းမြို့နယ်၊အလယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ နိုဝင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းက ကထိန်သက်န်းဆက်ကပ်လှူဒါန်းပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ အထက၊အလယ်ချောင်း ပညာရေး အသိုင်းဝိုင်းကနေ သိရပါတယ်။

10/11/2023

ပုဏ္ဏားကျွန်းမြို့နယ် အ.ထ.က အလယ်ချောင်း ကထိန်အလှူပွဲမှာ ကျောင်းသားကျောင်းသူလေးများရဲ့ ဒိုးပတ်အက

04/11/2023

ဗီဒီယို မှတ်တမ်း
ဝါကျွတ်လပြည့်နိ၊အလယ်ချောင်းရွာ
မီးပုံးပျံတစ်ထောင်လွှတ်တင်ပူဇော်ပွဲ🎇🎉🎆

၂၀၂၃ခု၊(ဒုတိယအကြိမ်)

ကြက်ချေဘုရား မင်းပြားမြို့နယ် ၊ ကျိန်းတောင်တန်းငပယင့်(ငါးပြီအင်း)ရွာ အဝတွင် တည်ရှိသော “ ကြက်ချေဘုရား ”အားမြောက်ဦးဘုရင် စ...
01/11/2023

ကြက်ချေဘုရား

မင်းပြားမြို့နယ် ၊ ကျိန်းတောင်တန်း
ငပယင့်(ငါးပြီအင်း)ရွာ အဝတွင် တည်ရှိသော “ ကြက်ချေဘုရား ”အားမြောက်ဦးဘုရင် စန္ဒဝိဇယရာဇာ (၁၀၇၂ - ၁၀၉၃) တည်ထား ကိုးကွယ်ခဲ့ကြောင့်
သိရသည်။

Photo/Crd

30/10/2023

ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာမှာ မီးပုံးပျံ ၁၀၀၀ လွှတ်တင်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာမှာ အောက်တိုဘာလ ၂၉ရက် သတင်းကျွတ်လပြည့်နေ့က မီးပုံးပျံ ၁၀၀၀ လွှတ်တင်ပူဇော်ပွဲကို ပြည်သူ​သောင်း
နဲ့ချီ ကျင်းပခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေဆီက ကနေ သိရပါတယ်။

🙏🙏🙏🙏🙏အဘိဓမ္မာခါတော်နေ့မင်္ဂလာပါ~🙏သီတင်းကျွတ် လပြည့်နေ့🙏 🙇‍♂️အဘိဓမ္မာ အခါတော်နေ့  သမိုင်း🙏🙏🙏🙏  ပဝါရဏာနေ့  🙏 ဘုရားဆုပန်သော...
29/10/2023

🙏🙏🙏🙏🙏

အဘိဓမ္မာခါတော်နေ့မင်္ဂလာပါ~
🙏သီတင်းကျွတ် လပြည့်နေ့🙏
🙇‍♂️အဘိဓမ္မာ အခါတော်နေ့ သမိုင်း🙏🙏🙏

🙏 ပဝါရဏာနေ့

🙏 ဘုရားဆုပန်သောနေ့

🙏 အမိနို့ဘိုးကျေသောနေ့

🙏 အဘိဓမ္မာအခါတော်နေ့

🙏🌹သီတင်းကျွတ်လပြည့်
နေ့ကိုနေ့ထူးနေ့မြတ် အဖြစ်
အဘိဓမ္မာအခါတော်နေ့ဟု
သတ်မှတ်ကြသည်။

🌹🙏ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌
ဆီမီးများ ထွန်းညှိကာ မြတ်စွာ
ဘုရားရှင်အား ပူဇော်ကြ၏။

🙏🌹ထိုအစဉ်အလာကား
မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်
မှမယ်တော်မိနတ်သားအား ကျေးဇူးဆပ်
သောအားဖြင့် အဘိဓမ္မာ မြတ်ဒေသနာ
တော်ကိုဟောကြားတော်မူပြီးသင်္ကဿန
ဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်
မူရာအခါ၌နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့
သည့်အစဉ်အလာကိုဆက်လက်ထိန်းသိမ်း
ကာဖြင့်ယနေ့အခါတွင် ဆီမီးများ ထွန်းညှိ
ခြင်းဖြင့် ပူဇော်ခြင်းဖြစ်၏။

🌹🙏ဘိုးဘွား မိဘ ဆရာသမားများအား…
ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှား
မိခဲ့သည် ရှိသော်အပြစ်ခပ်သိမ်း ပပျောက်
ငြိမ်းဖို့ကန်တော့ကြသည့် မိဘဆရာ ပူဇော်
ပွဲများ၊ ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူ
ကြသည့်သံဃာတော်များ ဝါကျွတ်သည့်အ
ခါအပြစ်ရှိကအချင်းချင်း တောင်းပန် ပြော
ကြားကြသော ပဝါရဏာနေ့ အခမ်းအနား
များ၊ မီးထွန်းပွဲ အခမ်းအနား စသည်ဖြင့်
ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့်
နေထူးနေ့မြတ်ပင် ဖြစ်သည်။

🙏🌹မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ဝါဆိုလပြည့်
သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူးမြတ်စွာဘုရားရှင်ညွှန်ကြားချက်
အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်
ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူ
ရန်ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်
မူသည်။

🌹🙏ဤသို့ ယမိုက်(ရေမီးအစုံ) ပြာဋိဟာ
ကို ပြတော်မူပြီး၍ ဝါဆိုလပြည့် ညနေ
ဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်
တို့နည်းတူတာဝတိံသာနတ်ပြည်၌ ဝါကပ်
တော်မူ၍မယ်တော်မိနတ်သားအား အဘိ
ဓမ္မာတရားဟောကြားတော်မူရန်တာဝတိံ
သာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)
ဖြင့်ကြွသွားတော်မူ၏။

🙏🌹မြတ်စွာဘုရားရှင်သည် တာဝတိံသာ
နတ်ပြည်၌ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန်ပယ်လယ်ကသစ်ပင်ရင်းရှိ
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်
ဖျာကြီးပေါ်၌သီတင်းသုံးတော်မူ၏။

🌹🙏ဤသို့ တာဝတိံသာ နတ်ပြည်သို့
မြတ်စွာဘုရားရှင်ကြွတော်မူလျှင်
လူ့ပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့
စုဝေးရောက်ရှိ ကြကုန်သော လူအ
ပေါင်းတို့ကကောင်းကင်သို့မျှော်ကြည့်
၍ ဘုရားရှင် အဘယ်သို့ ကြွတော်မူပါ
သနည်းဟု မေးလျှောက်သဖြင့်…

🙏🌹ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါ
မထေရ်က…ဘုရားရှင်သည် တာဝတိံ
သာနတ်ပြည်ဝယ်သိကြားမင်း၏
ပဏ္ဍု ကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်
တော်မူလျှင်မယ်တော်မိနတ်သားအမှူး
ပြုသော နတ်ဗြဟ္မာအပေါင်းအားအဘိ
ဓမ္မာတရားကို ဟောကြားရန် တာဝတိံ
သာ နတ်ပြည်သို့ ကြွတော်မူ၏ဟု ဖြေ
ကွား၏။

🌹🙏လူတို့သည် မြတ်စွာဘုရားရှင်ကို
မဖူးမြင်ရသမျှ ဤအရပ်မှ မပြန်အံ့ဟု
ကြံပြီးလျှင် သာဝတ္ထိပြည်အနီးဝယ် အ
သီးသီး သစ်ခက်တဲမဏ္ဍပ် ကိုပြု၍ နေ
ကြကုန်၏။

🙏🌹မြတ်စွာဘုရားရှင်သည်
ရှေးဦးကပင်လျှင်အရှင်မောဂ္ဂလာန်
အားသင်ချစ်သားသည်…ဤပရိတ်သတ်
အား တရားဟောရစ်ရမည်ဟုမိန့်တော်မူ
ခဲ့ပြီး ဖြစ်၏။

🌹🙏မြတ်စွာဘုရားရှင်သည်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌
( ၇ )ဝါမြောက် ဝါကပ်တော်မူ၍ဝါ
တွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာ
တော်ကိုဟောကြားတော်မူခဲ့၏။တစ်ဖန်
အရှင်သာရိပုတ္တရာအားအဘိဓမ္မာတရား
အကျဉ်း ဟောတော်မူ၏။

🙏🌹အရှင်သာရိပုတ္တရာမှလည်း
မိမိ၏ တပည့် ရဟန်းငါးရာအား
မြတ်စွာဘုရားရှင် ဟောကြားတော်မူ
သော အဘိဓမ္မာအကျဉ်းကိုမိမိဉာဏ်
ဖြင့် မကျဉ်းမကျယ် အလယ်အလတ်
အားဖြင့်ပြန်လည် ဟောကြားတော်မူ
ပါတယ်။

🌹🙏မြတ်စွာဘုရားရှင် တာဝတိံသာ၌
အဘိဓမ္မာတရား ဟောကြားခြင်း
ပြီးဆုံးသည်နှင့်တပြိုင်နက်အရှင်သာ
ရိပုတ္တရာက တပည့် ရဟန်းငါးရာကို
အဘိဓမ္မာတရားသင်ပြပို့ချပေးမှုလည်း
ပြီးဆုံးလေတော့၏။

🙏ထိုနေ့ကား…
သီတင်းကျွတ်လပြည့်နေ့ပင်တည်း။

🙏🌹အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူပြီးသော်သိကြားမင်း
အား…မြတ်စွာဘုရားရှင်က သင်သိကြား
မင်း၏ နတ်ပြည်၌ငါဘုရား ပြုဖွယ်ကိစ္စ
ကို ပြုပြီးပြီ။

🌹🙏လူ့ပြည်ရှိ
သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား
ဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။

🙏🌹သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့
တွင် အရှင်မောဂ္ဂလာန် မှ တာဝတိံသာ
နတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာ
ဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်
မည်နည်းဟု မေးလျှောက်သဖြင့်

🌹🙏မြတ်စွာဘုရားရှင်က…
ချစ်သား သင်၏ နောင်တော်ကြီး
သာရိပုတ္တရာ ဝါကပ်ရာသင်္ကဿနဂိုရ်
ပြည် တောင်တံခါး၌သီတင်းကျွတ်လ
ပြည့်နေ့ ပဝါရဏာနေ့ တွင် ဆင်းသက်
တော်မူမည်ဟု မိန့်တော်မူပါတယ်။

🙏🌹လူအပေါင်းတို့ဟာ
ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ
တဆင့် ကြားသိရဖြင့် သီတင်းကျွတ်
လဆန်း ( ၉ ) ရက်နေ့၌ပင် သင်္ကဿ
နဂိုရ်ပြည်တောင်တံခါးသို့ ရှေးရှုသွား
ကြကုန်၏။

🌹🙏သီတင်းကျွတ်လပြည့်နေ့
ရောက်သော်…သိကြားမင်းသည်
တာဝတိံသာနတ်ပြည် သုဒဿနမြို့မှ
သည်သင်္ကဿနဂိုရ်ပြည်တောင်တံခါး
ဝထိ ရွှေစောင်းတန်း၊ ပတ္တမြားစောင်း
တန်း၊ ငွေစောင်းတန်း ဟူသောစောင်း
တန်း လှေကားသုံးသွယ်ကို တင့်တယ်
စွာ စီရင်၏။

🙏🌹မြတ်စွာဘုရားရှင်သည်
ရောင်ခြည်တော်ခြောက်သွယ်တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသ
ရေတော်ကို ပြတော်မူ၍ပတ္တမြားစောင်း
တန်းဖြင့် ဆင်းသက်ကြွတော်မူပါတယ်။

🌹🙏ဗြဟ္မာကြီးတို့က ဘုရားရှင်အား
ရွှေထီး ငွေထီး၊သန္တာထီး တို့ဖြင့်
အသီးသီးမိုးလျှက်လက်ျာဘက်ရှိ
ရွှေစောင်းတန်းဖြင့်၊သိကြားမင်းအ
မှူးရှိသော နတ်အပေါင်းတို့ မှရွှေတံ
ခွန်၊ ငွေတံခွန်၊ပုလဲတံခွန်တို့ကို ကိုင်
လျှက်မြတ်စွာဘုရားရှင်အား ပူဇော်
ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်း
ဖြင့် ဆင်းသက်လာကုန်၏။

🙏🌹ဤသို့အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်
ကိုဖူးမြင်ရသော လူပရိတ်သတ် အ
ပေါင်းတို့သည်အားရဝမ်းသာဖြစ်၍
ဘုရားအဖြစ်ကိုမတောင်းတသူ တစ်
ဦးမျှပင် မရှိပေ။

🌹🙏အရှင်သာရိပုတ္တရာက တပည့်ရဟန်း
ငါးရာနှင့်တကွမြတ်စွာဘုရားရှင်၏
ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။

🙏🌹အရှင်သာရိပုတ္တရာက…
မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော
လူနတ်ဗြဟ္မာတို့သည်အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ကြရ၍ လွန်စွာ မြတ်နိုးကြကုန်
လျက် ဘုရားဆုကို တောင့်တကြကုန်၏။

🌹🙏မြတ်စွာဘုရားရှင်က…
အရှင်သာရိပုတ္တရာအား…ချစ်သား
ကိလေသာမီးတို့၏ငြိမ်းရာ
အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌
မွေ့လျော်ကြကုန်သော
သဗ္ဗညုတဘုရားရှင်တို့အား
ဗြဟ္မာ နတ် လူအပေါင်းတို့က
ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာ
တည်းဟုမေးကာ ဖြေကာဖြင့်တရား
တော်ကို ဟောကြားတော်မူခဲ့ပါတယ်။

🙏🌹ထိုတရားကိုနာကွားကွရ၍
အရှင်သာရိပုတ္တရာ၏တပည့်ငါးရာသည်
ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

🌹🙏ထိုနေ့သည်ကား
သီတင်းကျွတ်လပြည့်နေ့ပေတည်း။

🙏🌹အချုပ်အားဖြင့်…
သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်
၌မယ်တော် သန္တုဿိတနတ်သားအမှူးရှိ
သော နတ်ဗြဟ္မာအပေါင်းအားအဘိဓမ္မာ
တရား ဟောကြားတော်မူပြီးခဲ့သည့်နေ့။

🌹🙏အရှင်သာရိပုတ္တရာအား အဘိဓမ္မ
တရားအကျဉ်းဟောတော်မူပြီးခဲ့သည့်နေ့။

🙏🌹အရှင်သာရိပုတ္တရာမှ တပည့်
ရဟန်းငါးရာအားမကျဉ်းမကျယ် အဘိ
ဓမ္မာတရားကို ဟောတော်မူပြီးခဲ့သည့်နေ့။

🌹🙏အဘိဓမ္မာဒေသနာတော်
ဟောတော်မူပြီးနောက်
တာဝတိံသာ နတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်
တော်မူခဲ့သည့်နေ့။

🙏🌹ဝါဆိုဝါကပ်တော်မူကြသော သံ
ဃာတော်များအပြစ်ရှိကအချင်းချင်း
ပြောကြားကြရသော ပဝါရဏာနေ့။

🌹🙏မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်
ပြည်သို့ ဆင်းသက်တော် မူရာအခါ၌
ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာ နှင့်
လူအပေါင်းတို့ဘုရား ဆုပန်ကြသော
နေ့များသည်

🙏🌹သီတင်းကျွတ် လပြည့်
နေ့ဖြစ်ခြင်း စသည်ဖြင့်နေ့ထူး နေ့မြတ်
ပေါင်းများစွာမှရှေးဘုရားရှင်တို့၏ထုံး
စံအတိုင်းမယ်တော်ဖြစ်ခဲ့ဖူးသောသန္တု
ဿိတနတ်သားအားကျေးဇူးဆပ်သော
အားဖြင့်

🌹🙏အဘိဓမ္မာ ဒေသနာတော်ကို
ဟောကြားတော်မူပြီးသည့်နေ့ကို အဘိ
ဓမ္မာအခါတော်နေ့ဟုမှတ်တမ်းတင်တော်
မူခဲ့ခြင်း ဖြစ်လေသည်။🙏🙏🙏

ထပ်ဆင့်မျှခြင်း

"မရိုးနိုင်သည်အမ်းရိုးမအလှ"Photo/Crd
27/10/2023

"မရိုးနိုင်သည်
အမ်းရိုးမအလှ"

Photo/Crd

ရခိုင်ရှေးဟောင်းအမွေအနှစ်ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ရှေးယခင်မှုအတိုင်း မမြင်လိုက်ရသောသူများ အတွက်။ ။
26/10/2023

ရခိုင်ရှေးဟောင်းအမွေအနှစ်
ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်
ရှေးယခင်မှုအတိုင်း မမြင်လိုက်
ရသောသူများ အတွက်။ ။

ရခိုင်ပြည်မှာရှိတဲ့တိုင်းရင်းသားတွေနေထိုင်တဲ့နေရာကို အပန်းဖြေကြမယ်လိုက်ကြမလား။ ။
25/10/2023

ရခိုင်ပြည်မှာရှိတဲ့
တိုင်းရင်းသားတွေနေထိုင်တဲ့
နေရာကို အပန်းဖြေကြမယ်
လိုက်ကြမလား။ ။

ရခိုင်ပြည် ပေါက်တောမြို့နယ်တောင်ညိုကျောက်ဂူဘုရားမရောက်ဖူးရင် မရောက်ဖူးသေးရင်အရောက်သွားသင့်ပါတယ်။Photo/Crd
24/10/2023

ရခိုင်ပြည် ပေါက်တောမြို့နယ်
တောင်ညိုကျောက်ဂူဘုရား
မရောက်ဖူးရင် မရောက်
ဖူးသေးရင်အရောက်
သွားသင့်ပါတယ်။

Photo/Crd

သင်ပုန်းတန်းကျေးရွာမှာ တနှစ်အတွင်း ကျောင်းထိုင်ဆရာတော် ၂ပါး ပျံလွန်တော်မူရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်...
12/10/2023

သင်ပုန်းတန်းကျေးရွာမှာ တနှစ်အတွင်း ကျောင်းထိုင်ဆရာတော် ၂ပါး ပျံလွန်တော်မူ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် တနှစ်အတွင်း ကျောင်းထိုင်
ဆရာတော် ၂ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သင်ပုန်းတန်းကျေးရွာမှာ အရှေ့ဘက် ကျောင်းတိုက်(ကျောင်းကြီး)နဲ့ ခင်ဇိုင်းကျောင်းတိုက် ဆိုပြီး ဘုန်းကြီးကျောင်း ၂ ကျောင်းရှိပြီး ယခုလိုမျိုး တနှစ်အတွင်းမှာ ကျောင်းထိုင်ဆရာတော် ၂ပါး ပျံလွန်တော်မူတာမျိုး တကြိမ်တခါမှ မရှိခဲ့ဖူးပါဘူး လို့ သင်ပုန်းတန်းကျေးရွာ ဒေသခံတယောက်က A.E.N ကိုပြောပါတယ်။

ဆရာတော်ကြီး ၂ပါးဟာ ရပ်ရပ်အေးချမ်းသာယာရေးနဲ့ တပည့် ဒကာ၊ဒကာမတွေကို တရားဓမ္မတွေနဲ့ ဆုံးမ သြဝါဒတွေပေးခဲတာကြောင့် အမျိုးသီလကို စောင့်ထိန်းနိုင်မယ့် အသိပညာတွေများစွာရရှိခဲ့ ပြီး ဆရာတော်ကြီး ၂ပါး ပျံလွန်တော်မူတာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

သင်ပုန်းတန်း အရှေ့ကျောင်း
တိုက်(ကျောင်းကြီး)ဆရာတော် ဦးပညာသာရကတော့ အောက်တို
ဘာလ ၁၁ ရက်နေ့က သက်တော် ၇၇ နှစ် ဝါတော် ၅၇ ဝါမှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ခင်ဇိုင်းကျောင်းတိုက် ဆရာတော် ဦးပညာကတော့ ဇွန်လ ၂ရက်နေ့မှာ သက်တော် ၈၅နှစ်၊ဝါတော် ၇၈ နှစ်မှာ ပျံလွန်တော်မူခဲ့ကြတာလို့ သိရပါတယ်။

ရသေ့တောင်မြို့ ပြည်လုံးချမ်းသာ(အပြင်)စစ်ဘေးရှောင်စခန်းပြောင်းရွေ့ရန် အခက်အခဲများစွာရှိနေ။အိမ်ထောင်စု (၈၉)စု ၊ လူဦးရေ (၁၄...
04/10/2023

ရသေ့တောင်မြို့ ပြည်လုံးချမ်းသာ(အပြင်)စစ်ဘေးရှောင်စခန်းပြောင်းရွေ့ရန် အခက်အခဲများစွာရှိနေ။
အိမ်ထောင်စု (၈၉)စု ၊ လူဦးရေ (၁၄၄ ) ဦးခန့်ရှိသည့် ရသေ့တောင် ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းသည် ၂၀၂၀ ခုနှစ်ကတည်ကပင် ဦးထွန်းမြ ပိုင်ဆိုင်သည်လယ်ယာမြေတွင် အခမဲ့နေထိုင်ခဲသည်။ အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့ရမည့် စစ်ဘေးရှောင်တို့သည် နေရာပြောင်းရွှေ့ရန်အခက်ခဲများစွားနှင့်ကြုံတွေ့နေရသည်။" စစ်ဘေးရှောင်ဆိုတော့သိတဲ့အတိုင်းဘဲ လက်လုပ် လက်စား များတာပေါဗျာ နေရာပြောင်းရွှေ့ဖို့ဆိုရင် အဆောက်အအုံးတွေဆောက်ဖို့ ကုန်ကျစရိတ်မရှိကြသေးဘူး၊ မြေကလည်း ငှားရမ်းရမယ်လေ မငှားရင် အိမ်မှမဝယ်နိုင်တာ အဲ့တော့ မြေငှားဖို့ ကုန်ကျစရိတ် မတက်နိုင်သေးဘူး အရမ်းအခက်ခဲပါဘဲဗျာ" လို့ စစ်ဘေးရှောင်စခန်းခေါင်းဆောင် ဦးမောင်ကျော်ခင်ကပြောပါတယ်။
"ကျမတိုဒီအခက်အခဲတောင်မကဘူး ပြောင်းရွှေ့ပြီးရင်လည်း အိမ်သာ ၊ သောက်သုံးရေ ၊ မိန်းခလေးတွေ ရေချိုးမယ့်နေရာ စားဝတ်နေရေး ၊လုံခြုံမှူကအစ အကုန် အခက်ပါဘဲ ဒါကြောင့် ကျမတို့အပေါ် အခက်အခဲကျစရာမကျန်တော့ဘူးတောင်ခံစားပါတယ်" စစ်ဘေးရှောင် ဒေါ် မကြည်သန်းက အလို့ပြောပါတယ်
"မြေ ၁ ဧကကို ၁ နှစ်မှာ ၁၈ သိန်းနဲ့ငှားရမ်းထားပါတယ် ။ စာချုပ်ကိုတော့ ၂၀၂၃ ခုနှစ် ၁၁ လပိုင်းလောက်မှ စာချုပ် ချုပ်မှာပါ" ဟု့လည်း လယ်ပိုင်ရှင်ထံမှ သိရပါတယ်

ရခိုင်ပြည်တွင်းအထွက်ဆုံး ရာသီပေါ်အစာအဖြစ်။ အကြိုက် ယိုထိုးမလားPhoto/Crd
19/09/2023

ရခိုင်ပြည်တွင်း
အထွက်ဆုံး ရာသီပေါ်
အစာအဖြစ်။

အကြိုက် ယိုထိုးမလား
Photo/Crd

ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမတဦး ရက်စက်စွာသက်ဖြတ်ခံရ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောတွင်နေထိုင်သော အလ...
16/09/2023

ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမတဦး ရက်စက်စွာသက်ဖြတ်ခံရ

ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောတွင်နေထိုင်သော အလယ်တန်းပြဆရာမ အသက် 35 နှစ်အရွယ် မနှင်းယု့ (ခ) မနှင်းယုနွယ် သည် ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရွာနီးပတ်ဝန်းကျင်မှာ သက်ဖြတ်ခံခဲရကြောင်းသိရသည်။

မနှင်းယု့ (ခ) မနှင်းယုနွယ်သည်ကျွန်းပေါ်‌ ပေါက်တောကျေးရွာမှ ပန်းဖော်ပြင်ကျေးရွာသို့ စာသင်ရန်လာစဉ်တွင် လမ်းခုလတ် တနေရာတွင် အသက်ခံရပြီး ကျွန်းပေါ်‌ ပေါက်တော‌‌ကျေးရွာနှင့် ပန်ဖော်ပြင် ကျေးရွာတွင်ဆက်ထားသည့် ကားလမ်းဘေးတွင် စွန့်ပစ်ခံထားရကြောင်း ထိုရုပ်အလောင်းအား သွားရောက်ကြည့်ရှူခဲ့သည့်ဒေသခံတဦးထံမှ သိရသည်။

မနှင်းယုနွယ် သည် လည်လှီး အသက် ခံရခြင်းဖြစ်ပြီး တခြားပြစ်မှူးများကိုကျူးလွန်ခြင်းရှိ/မရှိ သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း မြေပြင်သတင်းအရ သိရသည်။

ဓါတ်ပုံ - Crd

ခေတ်တွေဘယ်လိုပြောင်းပြောင်း မြေအိုးနဲ့ချက်တဲ့ခရမ်းသီးဟင်းကိုသတိရမီတယ်။Photo/Crd
27/08/2023

ခေတ်တွေဘယ်လို
ပြောင်းပြောင်း မြေအိုးနဲ့
ချက်တဲ့ခရမ်းသီးဟင်းကို
သတိရမီတယ်။

Photo/Crd

ရခိုင်ပြည်မြောက်ဦး နှင့် ထိုင်းအယုဒ္ဓယ သူပြိုင်ကိုယ်ပြိုင်မြို့နှစ်မြို့၁၇ရာစု အ‌ရှေ့တောင်အာရှတွင်းအကြီးကျယ်ဆုံး ရေကြောင...
25/08/2023

ရခိုင်ပြည်မြောက်ဦး နှင့် ထိုင်းအယုဒ္ဓယ
သူပြိုင်ကိုယ်ပြိုင်မြို့နှစ်မြို့

၁၇ရာစု အ‌ရှေ့တောင်အာရှတွင်း
အကြီးကျယ်ဆုံး ရေကြောင်းကုန်သွယ်မှု၌
ထင်ရှားခဲ့‌ကြသော မြိုကြီးနှစ်မြို့မှာ
အယုဒ္ဓယနှင့် မြောက်ဦး တို့ပင်ဖြစ်ခဲ့သည်။
ထိုမြို့ကြီးများ၏ တည်ဆောက်ပုံတို့မှာ
အနောက်တိုင်းမြို့ကြီးများကဲ့သို့ပင်
ရေမြောင်း၊တံတိုင်း၊ပြည်သူရင်ပြင်
များနှင့် ဆိပ်ကမ်းတို့ဖြင့် စနစ်ကျလှပေသည်။
အခြားအရှေ့တိုင်း သက်ဦးဆံပိုင်နိုင်ငံ
များထက် နိုင်ငံခြားသားဝင်ထွက်မှု
များပြားရခြင်းမှာ အာရကန်နှင့်ဆီယန်းနိုင်ငံ
၏ နိုင်ငံခြားရေးမူဝါဒ ကောင်းလွန်းလှခြင်း
ကြောင်းပင်ဖြစ်ပါသည်။နှစ်နိုင်ငံလုံးတွင် ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြု
ထားခဲ့ကြသည့်အတွက် ရိုမန်းကတ်သလစ်ဘုရားကျောင်းများ၊ဟိန္ဒူနတ်ဘုရားကျောင်းများ
၊အစ္စလာမ်ဗလီကြီးများနှင့် ၎င်းတို့၏
နိုင်ငံတော်ဗုဒ္ဓဘာသာ‌ဘုန်းကြီးကျောင်း၊ပုထိုး
တော်များကို အေးချမ်းစွာ မြင်တွေ့နိုင်လေသည်။
ဂျပန်ပြည်တွင် ဆမ်ဂိုဂူးခေတ်ကုန်ဆုံး၍ အဲဒိုး
ခေတ်ဆက်ခံလာသောအခါ တိုဂူးဂါဝါရှိုးဂန်း
ကို မခစားလိုသော ရိုးနင်း(သခင်‌မဲ့ ဆာမူရိုင်း)
များသည် အာရကန်နှင့် ဆီယန်းသို့ အများဆုံး
ထွက်ပြေးခိုလှုံခဲ့ကြပြီး ၎င်းတို့မှာ ဘုရင့်သက်
တော်စောင့်၊ဝန်ကြီးသက်တော်စောင့်နှင့် ကုန်သည်
ကြီးများ၏ သက်တော်စောင့်အဖြစ် ဝင်ရောက်
အမှူးထမ်းခဲ့ကြသည်။၎င်းရိုးနင်းများသည်
ရိုမန်းကတ်သလစ်ဘာသာကိုးကွယ်ကြပြီး
ပေါ်တူဂီနှင့် ဒတ်ခ်ျ ဂိုဏ်းအုပ်ဘုန်းတော်ကြီး
များ၏ လမ်းညွှန်မှုဖြင့် ထာဝရဘုရားသခင်
ကို ဆည်းကပ်ယုံကြည်ခဲ့ကြသည်။ဘင်္ဂလီ
ဝန်ကြီးအချို့ အာရကန်၌အမှူးထမ်းခဲ့ကြသလို
ဖရန်စစ်တို့ကလည်း ဆီယန်၌အမှူးထမ်းခဲ့
ကြသည်။ပေါ်တူဂီလူမျိုး ငဇင်ကာသည်
ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက် ရခိုင်ပိုင်
ပဲခူးမြို့၏ ဘုရင်ခံဖြစ်ခဲ့ပြီး ဆီယန်းဘုရင်
မဟာနာရိုင်းလက်ထက်၌ ဂရိလူမျိုး ကွန်စတင့်
ဂါရာချိသည် အမြင့်ဆုံး သူကောင်းဘွဲ့ဖြစ်သော သျှိုဖုရားဘွဲ့ဖြင့် အယုဒ္ဓယတော်ဝင်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။

Crd

မိုးရာသီအချိန်ဒေသထွက် အသီး/အနှံအော်ဂနှစ်စစ်စစ် တွေကိုစားကြမယ်။Photo/Crd
24/08/2023

မိုးရာသီအချိန်
ဒေသထွက် အသီး/အနှံ
အော်ဂနှစ်စစ်စစ် တွေကို
စားကြမယ်။

Photo/Crd

18/08/2023

"သတင်းတု သတင်းမှားတွေကြားက
စစ်ဘေးရှောင်တို့ဘဝ"

သဘာဝကပေးသောရခိုင်ပင်လယ်ကမ်းခြေအလှများ။Photo/Crd
18/08/2023

သဘာဝကပေးသော
ရခိုင်ပင်လယ်ကမ်းခြေ
အလှများ။

Photo/Crd

ကမ္ဘာ့ဉာဏ်တော်အငယ်ဆုံး ရခိုင်ပြည်က ရွှေဆင်းထုတော်ရွှေတစ်ရွေးသားကို ထုဆစ်ထားသည့်ဆင်းထုတော်စုစုပေါင်း ၅ ဆူ ရှိကြောင့်သိရသည...
06/08/2023

ကမ္ဘာ့ဉာဏ်တော်အငယ်ဆုံး ရခိုင်ပြည်က
ရွှေဆင်းထုတော်ရွှေတစ်ရွေးသားကို ထုဆစ်ထားသည့်ဆင်းထုတော်စုစုပေါင်း ၅ ဆူ ရှိကြောင့်သိရသည်။

ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးသော ဘုရား ၄ ဆူနှင့်
နောင်ပွင့်လာမည့် အရိမေတ္တယျဘုရားသျှင်တို့ကို
ရှေးခေတ်လက်ရာဖြင့်ထုဆစ်ထားခြင်းဖြစ်သည်။

မြောက်ဦးမြို့၊ စန္ဒမုနိ(ယခင် ဗန္ဓုလ‌) ဘုန်းတော်ကြီးကျောင်းတိုတ်ရှိ အံတော်တိုက်တွင် ကိန်းဝပ်စံပါယ်လျှက် ရှိကြောင့်သိရသည်။

Photo/Crd

05/08/2023

ဂါရဝပါ ချစ်အမျိုးရို့ အဆိုတော် ကိုဟိန်စိုး သီဆိုထားရေ တေးခင်းအသစ် "ချစ်တေ"ဆိုရေတေးခင်းချေကို အမျိုးတိ အားပီးနိုင်ဖို့ တင်ပီးလိုက်ပါရေ...

ချစ်တေ
တေးရွီး - ဇော်လင်း (ပိုးရွှီမြီ )
တေးဆို - ဟိန်းစိုး
ဟာမိုနီ - ဇော်မင်းထွန်း + မိချေ
KMA Music work station
Music group
Recording. Miro Studio
Mixing. Khing Maung Aye
Edit . Aung Myint Tun

အားပီးကတ်ပါတေအားလုံးသူကိုကျေးဇူးအထူးတင်ဟိပါရေ
အေသခြင်းကိုလေးအားပီးကတ်ဖို့ဆန္ဒပြုပါရေ ချစ်အမျိုးရို့
Shareလုပ်ပီးကတ်ဖို့လေးတောင်းဆိုချင်ရေ😍😍😍😍
အားလုံးသူကိုကျေးဇူးအထူးတင်ပါရေ🙏🙏🙏

အများမသိသေးသော ရခိုင်ပြည်ထဲက ခမီလူမျိုးတို့၏ရိုးရာအိမ်နတ်ပူဇော်ပွဲ  (ဆောင်းပါးကဏ္ဍ)အင်္ဂါအောင်(ခမီ) ရေးသားသည် ရခိုင်ပြည်...
05/08/2023

အများမသိသေးသော ရခိုင်ပြည်ထဲက ခမီလူမျိုးတို့၏ရိုးရာအိမ်နတ်ပူဇော်ပွဲ

(ဆောင်းပါးကဏ္ဍ)
အင်္ဂါအောင်(ခမီ) ရေးသားသည်

ရခိုင်ပြည် စစ်တွေ၊ မြောက်ဦး(မြို့ဟောင်း)ရှေးယခင်အခေါ်မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ အစရှိဒေသအသီးသီးရှိ တောင်ပေါ်သာမက မြေပြန့်လွင်ပြင်တို့၌
ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်များ ရှေးပဝေသဏီကပင် ရောနှောနေထိုင်လာသည်မှာ ယနေ့အထိပင်ဖြစ်ပေသည်။

ရခိုင်ပြည်သည် မြို့နယ်ပေါင်း ၁၈ ခုပါဝင်ဖွဲ့စည်းထားပြီရခိုင်၊ ခမီ၊ သက်၊ မြို ၊ ဒိုင်းနက်(ဆက္ကမ) ၊ ကမန်နှင့် မရာမာအစရှိသည်လူမျိုးပေါင်း ၇ မျိုးရှိသည် လူမျိုးတိုင်းတွင် ကိုယ်ပိုင် စာပေနှင့်ရိုးရာဓလေ့ ယုံကြည်ကိုးကွယ်မှူ ဆိုင်ရာများ မတူညီကြသည်ကို တွေ့ရသည်။

လူမျိုး ၇ မျိုးထဲမှ ခမီလူမျိုး၏ ရိုးရာအိမ်နတ် ပူဇော်ပသခြင်းသည်လည့် မျိုးနွယ်များထဲတွင် တမှူထူးခြားနေသည်ကိုတွေရသည်။

ရိုးရာအိမ်နတ် ပူဇော်ပသခြင်းကို ခမီလူမျိုးတို့အခေါ် (ခတ်ဝတ်ပူဝါတက်) မီမီတို့ အချင်းချင်းခေါ်ဝေါ် ပြောဆိုကြသည်။ ၎င်းပွဲကို ဝါဆိုလ အစမှ ဝါခေါင်ပြည်အတွင်းကျင်းပလေ့ ရှိကြသည်။

မိသားစု ကျန်းမာရေးကောင်းမွန်စေရန်နှင့် စိပွါးရေး လာဒ်လာဘများတိုးပွားစေခြင်းအတိုတ်အခိုက်များဘေးမှ ကင်းဝေးစေခြင်းများ အိမ်ဦးနတ်က ကူညီစောင်ရှောက်ပေးရန် တိုင်တည်ခြင်းပွဲဟု ရှေးလူကြီးပါးစပ်ရာဇဝင် များမှ အဆင့်ဆင့် လက်ခံကြသည်။

အဆိုပါပွဲကို မီမီအိမ်တွင်းမိသားစုမျှသာ ကျင်းပကြသည်ကျင်းပရန် ကြက်ဖ နှင့်ကြက်မကို အသုံးပြုကြပြီး နှစ်ကောင်မရှိလျှင် ကြက်ဖတကောင်နှင့်လည့် အဆင်ပြေသလို ပူဇော်ကြသည်။ အဆင်ပြေ​သောမီးသားစုများမှာ၀က်သတ်၍ ပူဇော်ကြသည်။

ကြက်ကို မိမိတို့အိမ် အလယ်တိုင်တွင် ရေဆေးရသည် ပြီးမှသတ်ရတယ် မီသားစုအားလုံးရေတခွက်စီ ဆေးရတယ်တစ်ဦးတယောက် ခရီးလွန်နေ၍ မရောက်လာနိုင်ရင် ဝတ်ခဲတဲ့အဝတ်အစားကို ကြက်နှင့် ထိပေးရတယ်လို့ ခမီကြိမ်ချောင်း
ကျေးရွာက ကိုသာလူကပြောပါတယ်။

ကြက်၏ ချက်အပြီး အသံ အမြစ် ခေါင်း ခြေထောက် တောင်ပံ အနည်းငယ်ယူ၍ မိမိနေထိုင်ရာ အိမ်၏ အလယ်ခေါင်တိုင်တွင်ပသပူဇော်ပြီးမှ အိမ်သားများက စားကြရသည် ။

ကြက်သားကို မီမီနှင့် ဆွေမျိုးနီးစပ်ရာများ အိမ်အနီးနားဘေးပတ်ဝန်းကျင့်ရှိ ဟင်းတခွက်ပေးပို့၍ ရိုးရာဓလေ့ ထိမ်းသိမ်းခြင်းကိုခမီလူမျိုးများက ဂုဏ်ယူတတ်ကြသလို့ ရှေးမှုမပျက် ပြုလုပ်ကြသည်မှ ချစ်စရာကောင်းသော ရိုးရာအမွေအနှစ် တခုဟုဆိုပါသည်။

ယခုလို့နှစ်စဥ်နှစ်တိုင်း ပြုလုပ်ခြင်းအားဖြင့် မီမီအိမ်တွင် အဖက်ဖက်မှခမီလူမျိုးအခေါ် (ခတ်၀တ်)အိမ်နတ်ကစောင်ရှောက်ပေးသည်ဟုယုံကြည့်ကြသည်။ အကြောင်းအမျိုးမျိုးကြောင်း မလုပ်မီလျှင်နေမကောင်းခြင်းများ စိပွားရေးမကောင်းခြင်းများ ကြုံလာလျှင်
အိမ်နတ်ကိုင်သည်ဟု ရှေးလူကြီးများပြောဆိုချက်အရ ခမီလူမျိုးများကယုံကြည်ကြသည်။

ခမီလူမျိုးများတွင် ခမီအမျိုးသားနေ့၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ ရိုးရာသမက်တတ်ပွဲ၊ စနိပွဲခေါ်(နှစ်သစ်ကူးပွဲ) ရိုးရာအိမ်နတ်ပူဇော်ပွဲ၊ အမျိုးလည်အိတတ်ပွဲ စသည်ပွဲများကိုကျင်းပလေ့ရှိကြသည်။

ရခိုင်ပြည်တွင် ခမီလူမျိုးများသည် လူဦးရေ တစ်သိန်းကျော်ရှိသည် ရခိုင်လူမျိုးပြီးလျှင် ဒုတိယလူဦးရေအများဆုံး လူမျိုးဖြစ်သည်။စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင်းတော၊ ကျောက်တော်၊ အမ်းမြို့နယ်တို့တွင် ပျံနှံနေထိုင်ကြသည်။ အများအားဖြင့်တောင်ယာလုပ်ငန်းများကို လုပ်ကိုင်သူများကြသည်။

အင်္ဂါအောင်(ခမီ) ရေးသားသည်

ရခိုင် ရှေးခေတ်ဘုရင်နဲ့ မိဖုရား ရုပ်တုတွေရခိုင်မင်းသမီး ရုပ်တုတွေကို ရှေးမူအတိုင်း ကျောက်ဆစ်ပန်းပုရခိုင်ရိုးရာ အမွေအနှစ်...
04/08/2023

ရခိုင် ရှေးခေတ်ဘုရင်နဲ့ မိဖုရား ရုပ်တုတွေ
ရခိုင်မင်းသမီး ရုပ်တုတွေကို ရှေးမူအတိုင်း ကျောက်ဆစ်ပန်းပုရခိုင်ရိုးရာ အမွေအနှစ်လက်ရာများဖြစ်သည်။

မြောက်ဦးမြို့ ကြက်စျေးရပ်ကွက်မှ ဦးလှကြီး ထုလုပ်တာဖြစ်ပြီ ယခုလက်ရှိထိ ထုလုပ်ဆဲဖြစ်ကြောင့်သိရသည်။

Photo/ Rfa

03/08/2023

ချိုက်အမျိုးတိ သာလီစွပါနန့် တေးခြင်းအသစ်ချေတစ်ပုတ်တင်ပီးလိုက်ပါရေ........မိုးစက်ကြွီတိုင်းမျက်ရည်စို..........

တေးရွီး.....ဇော်လင်း (ပိုးရွှီမြီ)

တေးဆို....မောင်ခင်၀င်း (ရင်းတား)

သရုပ်ဆောင်===ကိုထွန်း +ဝိုင်းသဇင်မြင့်
Studio===EDY
Music & Mixing ===Khin Maung Aye
ရိုက္ကူး တေးဖြတ်==တော်၀င်ဂစ္ဆပရုပ်သံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှငါးရှာသွားရာမှပျောက်ဆုံးနေသည့်အမျိုးသားရေနစ်သေဆုံး၍ ရုပ်အလောင်...
03/08/2023

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှငါးရှာသွားရာမှပျောက်ဆုံးနေသည့်အမျိုးသားရေနစ်သေဆုံး၍ ရုပ်အလောင်းအား ဆင်အင်းကြီးကျေးရွာရှိ သင်္ချိုင်း၌သင်္ဂြိုလ်လိုက်ပြီဟု ရွာသားတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသားမှာ ဦးဝင်းမောင် (၃၇)နှစ်ဖြစ်ကြောင့်သိရသည်။

Photo/ Crd

ရခိုင်လူမျိုးတို့၏ ရှေးခေတ်အိမ်ကြီးနှစ် ၁၀၀ ကျော်သက်တမ်းရှိပါတယ်။ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်ကျောက်တောင်ကျေးရွာမှာ တည...
02/08/2023

ရခိုင်လူမျိုးတို့၏ ရှေးခေတ်အိမ်ကြီး
နှစ် ၁၀၀ ကျော်သက်တမ်းရှိပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်
ကျောက်တောင်ကျေးရွာမှာ တည်ရှိသည်။
အိမ်ပိုင်ရှင် အဖွား (ရခိုင်အခေါ် အဘောင်မ)
ဒေါ်လယ်သူ - အသက် ၈၀ နှစ်
ဖြစ်ကြောင်းသိရသည်။

ပုံ/Crd

ယနေ့လွတ်မြောက်ချမ်းသာခွင့်တွင် ပါဝင်သည်သူများအားစစ်ကောင်စီမှထုတ်ပြန် ရက္ခိုင့်တပ်တော် AAမှ ၁ဦး၊ MNDAA မှ ၂ဦး၊ TNLA မှ ...
01/08/2023

ယနေ့လွတ်မြောက်ချမ်းသာခွင့်တွင် ပါဝင်သည်သူများအားစစ်ကောင်စီမှထုတ်ပြန်

ရက္ခိုင့်တပ်တော် AAမှ ၁ဦး၊ MNDAA မှ ၂ဦး၊ TNLA မှ ၁၆ဦးနှင့် SSPP/SSA မှ ၃ဦးတို့သည် ယနေ့လွတ်မြောက်ခွင့်တွင်ပါဝင်သည် ၂၂ ဦးကို စစ်ကောင်စီမှထုတ်ပြန်လိုက်သည်။

ယနေ့ဒုတိယဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ် လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု သိရသည်။

ရခိုင်အခေါ်  သဘော်ဦး/ကတက်ဦးမိုးရာသီအချိန် ရခိုင်ဒေသများတွင်အများအပြားထွက်ရှိလေ့ရှိသည်။ဒေသထွက် ခရု ၊ မျှစ် ၊ အခြားရာသီရ...
30/07/2023

ရခိုင်အခေါ် သဘော်ဦး/ကတက်ဦး
မိုးရာသီအချိန် ရခိုင်ဒေသများတွင်
အများအပြားထွက်ရှိလေ့ရှိသည်။
ဒေသထွက် ခရု ၊ မျှစ် ၊ အခြားရာသီရာပေါ်ဟင်းများနှင့်ရောစပ်ချက်နိုင်သလို့ နှံးပင်ေခါ်
ပင်စိမ်းနှင့်ထည်ချက်၍
အလိုက်ဆုံးဖြစ်သည်။

ပုံ/Crd

Address


Website

Alerts

Be the first to know and let us send you an email when Arakan Ethnic News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share