Junior Gen X

Junior Gen X သတင်းမှန်များကို တင်ဆက်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိနေ...
27/07/2022

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ
ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင်၂၇ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင် သွားကားလမ်း၊ သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက်(ခ)ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး(ခ)စိုးငယ် လိုက်ပါလာသည့် DYNA မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲအချိန် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ကြီး၊ ရွှေပြည်သာရပ်ရှိ တည်းခိုခန်းတွင် ဘိန်းဖြူများတာဝန်ခံသယ်ဆောင်သူများ ဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်းနှင့်အတူ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး(ခ)ကြီးဘ၊ ကျော်သူ တို့ ၈ ဦးအား ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ HIJET မော်တော်ယာဉ် ၁ စီး၊ SURF မော်တော်ယာဉ် ၁ စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်...
27/07/2022

စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
နေပြည်တော်၊ ဇူလိုင် ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျောင်းဆောင်နှင့် ၇၅ ခန့်အကွာ၌ အကြမ်းဖက်သမား (စိစစ်ဆဲ)တို့ ဖောက်ခွဲခဲ့သည့် လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်း၊
ထို့အတူ ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း၌လည်း PDF အမည်ခံအကြမ်းဖက်သမားများက “ကျောင်းများ၌ ပညာ သင်ကြားမှု များမပြုဘဲ ကျောင်းများပိတ်ထားရန်” ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်နှင့် လက်လုပ်ဗုံးတစ်လုံးတို့အား လာရောက်ချထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက် ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာ ရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း အကြမ်းဖက်သမားများ လာရောက်ချထားသည့် ခြိမ်းခြောက်စာနှင့် လက်လုပ်ဗုံးတို့၏ မှတ်တမ်းဓာတ်ပုံ

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင...
27/07/2022

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်
နေပြည်တော်၊ ဇူလိုင် ၂၇
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ “စိန်”တည်းခိုခန်း အရှေ့လမ်းဘေးပလက်ဖောင်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်အသံမိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဒေးဒရဲတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်အောက်ရှိ ဗိုလ်ဗဌေးလမ်း၌ ပေါက်ကွဲ မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ တွင် လက်လုပ်အသံမိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံဥသျှောင်ရပ်ကွက်၊ ဦးပွားဘုရားအနောက်ဘက်နေ ဦးမိုးဆွေ (၅၆)နှစ် (ဘ) ဦးမြဟန်၏ နေအိမ်အရှေ့တွင် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်သို့ အကြမ်းဖက်သမား အမျိုးသား ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျည်ပေါက်ထွက်မှုမရှိခဲ့သဖြင့် အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ပြီး ခဏအကြာ ထပ်မံရောက်ရှိလာပြီး ထမင်းဆိုင်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ဆိုင်အတွင်းကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်း ဟင်းများ ထည့်ထားသည့် မှန်ကောင်တာတစ်ခု ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံဥသျှောင်ရပ်ကွက်၊ ဦးပွားဘုရားအနောက်ဘက်ရှိ ထမင်းဆိုင်အတွင်းသို့ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲခဲ့မှု မှတ်တမ်းဓာတ်ပုံ

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလ...
27/07/2022

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်
နေပြည်တော်၊ ဇူလိုင် ၂၇
တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာထောင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့၏ဖမ်းဆီး သတ်ဖြတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ခဲ့ရာ ဇူလိုင်လ ၂၅ ရက်နေ့ ည ၉ နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာနေ ဦးကုလား (ခ)ဦးအောင်ကြည် (၆၀)နှစ် (ဘ)ဦးအုန်းမောင်သည် ရွာထောင်ကျေးရွာရှိ မိဘများအမွေဆိုင်နေအိမ်သို့ တစ်ဦးတည်း သွားရောက်နေထိုင်စဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့် ရောက်ရှိ လာပြီး ဦးကုလား(ခ)ဦးအောင်ကြည်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ရွာထောင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်၊ ရွာထောင်ကျေးရွာနှင့် ကုက္ကိုစုကျေးရွာကြား၊ ရေစကြို-ဆားလင်းကြီးကျေးရွာလမ်းဘေးရှိ တောရိုးအတွင်း၌ အကြမ်းဖက်သူများမှ သတ်ဖြတ်ခဲ့မှုကြောင့် ဦးကုလား(ခ) ဦးအောင်ကြည်အား လည်ပင်း လှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အင်တိုင်း ကျေးရွာနေ အောင်ဇော်ဦး(ခ)လင်းယုန် (၄၇)နှစ် (ဘ)ဦးခင်မောင်ငြိမ်းသည် လဲဘူးကျေးရွာမှ တောင်ငူ မြို့သို့ 1C/8081 Pajero ယာဉ်ဖြင့် မောင်းနှင်လာစဉ် လဲဘူးကျေးရွာအနီး မိုင်တိုင်အမှတ်(၂)မိုင်၊ (၀)ဖာလုံ တံတားအနီး၌ လမ်း၏ယာဘက်မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အောင်ဇော်ဦး(ခ)လင်းယုန် တွင် ဦးခေါင်း/ယာလက်ဖျံတို့တွင် ကျည် ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ Luger စာတန်းပါကျည်ခွံ ၁ ခု နှင့် Thai Arms စာတန်းပါကျည်ခွံ ၃ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် ပေါင်းတည်မြို့နယ်၊ ဇောင်းပလေးကုန်း ကျေးရွာနေ အောင်နိုင် (၄၁)နှစ် (ဘ)ဦးကွင်းတင် သည် အုပ်တွင်းကုန်းကျေးရွာနေ ကိုမင်းနိုင်(၃၉)နှစ် (ဘ)ဦးထွေးမောင်၏ နေအိမ်ရှေ့ခုံတန်းလျား၌ထိုင်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသောအကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် အောင်နိုင်တွင် ယာနားထင်/ ယာလက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ 9 mm Luger စာတန်းပါကျည်ခွံ ၂ ခု တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပျဉ်ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း(၆၅)နှစ် (ဘ)ဦးထွန်းငွေ၏ နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ ဦးမြင့်ဝင်း တွင် ဒဏ်ရာရရှိခြင်းမရှိဘဲ ၎င်း၏နေအိမ်အနီးတွင် နေထိုင်သည့် မနဒီကျော်ဇင်(၈)နှစ် (ဘ)ဦးကျော်ဇင်ဦး၊ဒေါ်ကြင်ဥ(၈၆)နှစ်(ဘ)ဦးလူတုတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာသေဆုံး သွားပြီး ဒေါ်ဝင်းမြတ်(၄၀)နှစ် (ဘ)ဦးဆန်းမောင် တွင် ယာလက်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဦးသန်းထွဋ်ဝင်း(၄၁)နှစ်(ဘ)ဦးဆောင်းတင်တွင်ယာပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ချက်၊ဒေါ်သန်းညွန့်လွင် (၇၀)နှစ်(ဘ)ဦးအောင်စိန် တွင် ဝဲလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဒေါ်သန်းညွန့်နွယ် (၆၅)နှစ် (ဘ)ဦးအောင်စိန် တွင် ရင်ဘတ်နှင့် ဝဲနံကြားတို့တွင်ကျည် ဖောက်ဝင်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့်အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလ...
26/07/2022

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်
နေပြည်တော်၊ ဇူလိုင် ၂၆
တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျားမင်းကြီးကျေးရွာနေ ဦးစိုးထိုက်(၄၅)နှစ် (ဘ)ဦးမြိုင် သည် စစ်ကိုင်း-ရွှေဘိုကားလမ်းဘေး၌ တစ်ဦးတည်းထိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၇ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးထိုက်အား “ဒလန်”ဟုစွပ်စွဲကာ သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးထိုးထိုက်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီခွဲအချိန်တွင် ရေဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ Petro One စက်သုံးဆီဆိုင်အရှေ့လမ်းကြားရှိ “နေခြည်လင်း”ကွမ်းယာဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မဝင်းဇာခြည်နိုင်(၃၂)နှစ် (ဘ)ဦးကြည်ရှင်သည် ၎င်းပိုင် “နေခြည်လင်း” ကွမ်းယာဆိုင်အတွင်း ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် မဝင်းဇာခြည်နိုင်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါ ရပ်ကွက်နေ ဦးမင်းထိုက် (၃၆)နှစ် (ဘ)ဦးမြင့်ကျော်သည် အမှတ်(၁၁)ရပ်ကွက်တွင် ပန်းရံအလုပ် ဆင်းပြီး နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက် လားရာတူ နောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမင်းထိုက်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသ နိုင်ရေး ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး မုံရွာ-မန္တလေး-ချောင်းဦးကားလမ်းမပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်နေ ဝင်းဖြိုးကျော်(၂၅)နှစ် (ဘ)ဦးရွှေမောင်သန်းသည် မန္တလေးမြို့ ဘက်မှ မုံရွာမြို့ဘက်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဝင်းဖြိုးကျော်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ ယာဉ်အမှတ် MON-82 W/96249 Honda CBR အမျိုးအစား ဆိုင်ကယ် ၁ စီးနှင့် မှတ်ပုံတင်ကတ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာနေ ရာအိမ်မှူး ဦးစိုးလှ (၄၇)နှစ် (ဘ) ဦးတိုးမောင် သည် ပင်းတယ-ရပ်စောက်သွားကားလမ်းဘေးရှိ “စိန်ရွှေဦး” လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးလှအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဝဲနားထင်၊ ယာနားထင်၊ ရင်အုံ၊ နောက်ကျော၊ ဝဲပေါင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ စုစုပေါင်း ၇ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ 9mm ကျည်ခွံ ၇ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေ(၆၃)နှစ် (ဘ)ဦးဂျော်နီသည် ဇနီးဖြစ်သူ ဒေါ်ခင်ထွေး(၅၉)နှစ် (ဘ) ဦးထွန်းတင်နှင့်အတူ မလှိုင်မြို့သမဝါယမအသင်းစုသို့ ပေးသွင်းရမည့် ငွေကျပ်သိန်း ၃၀၀ အား ပေးသွင်းရန်အတွက် ဆိုင်ကယ်ဖြင့်ထွက်ခွာသွားခဲ့ရာ ကန်ကြီးကျေးရွာလမ်းဆုံအရောက်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားအမျိုးသား ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆိုင်ကယ်လဲကျစဉ် အကြမ်းဖက်သမားများမှာ ဦးဝင်းဆွေ ယူဆောင်လာသည့် ငွေကျပ်သိန်း ၃၀၀ နှင့် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်တို့အား ယူဆောင်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းဆွေသည် ယာမျက်လုံး၊ မျက်လုံးအောက်နှင့် လည်ပင်းတို့၌ ကျည် ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဒေါ်ခင်ထွေးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့်အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေး နောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်...
26/07/2022

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေး နောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေး အစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများလုပ်ဆောင်
နေပြည်တော်၊ ဇူလိုင် ၂၆
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက် ၆၇ လမ်းနှင့် ၁၁၉ လမ်းထောင့်ရှိ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး၏ ရုံးခန်းအတွင်း အကြမ်းဖက်သမား (စိစစ်ဆဲ)တို့က ခြိမ်းခြောက်စာတစ်စောင် လာရောက်ထားသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “၂ ရက်အတွင်း ကျောင်းပိတ်ရန်နှင့် ကျောင်းမပိတ်ပါက ကျောင်းအား ဗုံးခွဲပြီး ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား တိုက်ခိုက်မည်ဖြစ်ကြောင်းနှင့် (ဂ)ရပ်ကွက် ပုတီးတစ်လုံးပျောက်ကျားအဖွဲ့နှင့် ခွေးသက်မဲ့ S.B.C” ဟုရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး ကျောင်းဆရာ၊ ဆရာမများနှင့် အဆိုပါကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူကျောင်းသား ၈၀၉ တို့၏ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဖိုင်ကောင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ “ပညာသင်ကြားနေမှုအား ဆက်လက်မပြုလုပ်ဘဲ ပိတ်ထားရန်” KIA သောင်းကျန်းသူအဖွဲ့မှ အဆိုပါကျောင်း ကျောင်းအုပ်ဆရာကြီးထံ ဖုန်းဆက်ခြိမ်းခြောက်ခဲ့သဖြင့် ကျောင်းပိတ်ထားခဲ့ကြောင်းနှင့် အဆိုကျောင်း၌ ဒေသခံကျောင်းသူ၊ ကျောင်းသား ၇၁ ဦး ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်း ဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများ ပေးပို့ခဲ့သည့် ခြိမ်းခြောက်စာ၏ မှတ်တမ်းဓာတ်ပုံ

26/07/2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ ဇူလိုင် ၂၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၊ အမှတ်(၃)ရပ်ကွက်နေ စိုးနိုင်သည် ၎င်းအသုံးပြုသည့် “Soe Naing” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နေသူများဖြစ်သည့် လှဝင်း(ခ) စိုင်းကိုနှင့် ဌေးလှိုင်တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Hla Win” Facebook အကောင့်နှင့် “Daw Htay Hlaing” Facebook အကောင့်၊ မြိတ်မြို့ ရေပုန်းနယ်မြေနေ ဖြိုးကိုကိုသည် ၎င်းအသုံးပြုသည့် “Phyo Ko Ko” Facebook အကောင့်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ ကျော်မင်းထွေးသည် ၎င်းအသုံးပြုသည့် “Kyaw Min Htwe” Facebook အကောင့်၊ ချောင်းဆုံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ခင်မြင့်သန်း(ခ)ခင်ပြုံးသည် ၎င်းအသုံးပြုသည့် “Khin Myint Than” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့်...
25/07/2022

ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်
နေပြည်တော်၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများအား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ ဦးစိုင်းဆေပန်ခ(၃၈)နှစ် (ဘ)ဦးစိုင်းမြင့်ဖေ ပိုင်ဆိုင်သည့် ၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ)ရပ်ကွက်ရှိ “မောသစ်ရွှေဆိုင်”သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေဆိုင်အရောင်းကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိ နေသည့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဦးဖြိုးမင်းစိုး(၃၇)နှစ် (ဘ)ဦးခင်မောင်စိုးတွင် ဝဲခြေဖမိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ G.F.L Auto 380 ကျည်ခွံ ၃ ခု အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ နှင့် ငွေများ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင...
25/07/2022

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်
နေပြည်တော်၊ ဇူလိုင် ၂၅
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းရှိ “Y” တံတားအောက်ရှိ ယာဉ်ထိန်းနားနေဆောင်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်အသံမိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းနားနေဆောင်ရှိ လေကာမှန် ၂ ချပ်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ ဇဗ္ဗူထွန်းလမ်းနေ ကလေးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးမောင်မောင်စိုး(၅၆)နှစ် (ဘ)ဦးသောင်းရီ၏ နေအိမ် ခြံဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ရှေ့သို့ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့မျက်နှာစာရှိ ပြတင်းပေါက်မှန် ၆ ချပ်တို့ ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလ...
25/07/2022

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်
နေပြည်တော်၊ ဇူလိုင် ၂၅
တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မုက္ခမူကျေးရွာအဝင် ကားလမ်း၌ အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကျိုက်ထို မြို့နယ်၊ မုက္ခမူကျေးရွာနေ ဦးသိန်းငွေ(၅၂)နှစ်အား နောက်စေ့၊ ဝဲမျက်လုံးအောက်၊ ဝဲမေးရိုးအောက်၊ ရင်ညွန့်၊ ယာနံရိုးအောက်နှင့် ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အခင်းဖြစ်နေရာ အနီးမှ Luger စာတန်းပါကျည်ခွံ ၇ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိစစ်ခဲ့ရာ ဦးသိန်းငွေသည် မုက္ခမူကျေးရွာသို့ ကွမ်းရွက်ပို့ပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်တွင် အမျိုးသား ၁ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက် ၁၁၅ x ၆၀ လမ်းထောင့်နေ မြို့နယ်လျှပ်စစ်နေ့စား ဝန်ထမ်း ဦးနေလင်း (၅၆)နှစ် (ဘ)ဦးတင်မောင်သည် နေအိမ်အောက်၌ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် အကြမ်းဖက်သူအမျိုးသား ၂ ဦး (စိစစ်ဆဲ)ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနေလင်းတွင် ယာနို့အုံ၊ ယာလက်ပြင်၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာမှ THAI SMB စာတန်းပါကျည်ခွံ ၆ ခု၊ THAI M စာတန်းပါကျည်ခွံ ၃ ခု၊ ကျည်ထိပ်ဖူး ၁ ခု တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာနေ ဒေါ်ပွား(၅၃)နှစ် (ဘ)ဦးဖစိန် ၏နေအိမ်သို့ နံနက် ၁၂ နာရီခွဲအချိန်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အား ၅ ဦး(စိစစ်ဆဲ)က မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ပွားအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ဝဲရင်အုံနှင့် လည်ပင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ များရရှိကာ သေဆုံးသွားကြောင်းနှင့် ထို့အတူ အဆိုပါအကြမ်းဖက်သမား ၅ ဦးသည် မောင်းမကန် ကျေးရွာ‌နေ ဦးဇော်ဝင်း(၅၄)နှစ်(ဘ) ဦးကြည်ဝင်း ၏နေအိမ်သို့ နံနက် ၁ နာရီခွဲအချိန် ထပ်မံရောက်ရှိ ခဲ့ပြီး ဦးဇော်ဝင်း အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးဇော်ဝင်းတွင် ဦးခေါင်းယာဘက်နှင့် ဝဲရင်အုံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသား ၁ဦး ရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင် များကသွားရောက်စစ်ဆေးရာ ဘီးလင်းမြို့နယ်၊ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် (၄၇)နှစ် (ဘ)ဦးလှဖေ အား တင်ပါးဆုံမှ ဆီးခုံသို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ကျောက်ရေတွင်းကျေးရွာ ဘောလုံးကွင်းအနီးရှိ “ဒေါ်ထွန်းမြ” လ္ဘက်ရည်ဆိုင်၌ထိုင်နေစဉ် ၎င်း၏အနောက်ဘက်စားပွဲ၌ ထိုင်နေသည့် အကြမ်းဖက် သမား အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင် ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်း ရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့်အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ...
25/07/2022

ကန်ကြီးထောင့်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
နေပြည်တော်၊ ဇူလိုင် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကျူတန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သူ(စိစစ်ဆဲ)က အဆိုပါကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် မီးလောင်မှုကြောင့် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေခန့်ရှိ RC (၁)ထပ်တိုက် စာသင်ခန်း အတွင်းရှိ ပလပ်စတစ်ကော်ခုံ ၁ ခုံနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ် များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ် ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

Address

53 Ang Mo Kio Avenue 3

569933

Alerts

Be the first to know and let us send you an email when Junior Gen X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share