Immortal Esports

  • Home
  • Immortal Esports

Immortal Esports Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Immortal Esports, Gaming Video Creator, .

ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့မှာ Honor of Kings Global Version ကို မြန်မာနိုင်ငံမှာ တရားဝင်ဆော့ကစားလို့ရပြီလို့ ကြေညာခဲ့ပ...
14/05/2024

ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့မှာ Honor of Kings Global Version ကို မြန်မာနိုင်ငံမှာ တရားဝင်ဆော့ကစားလို့ရပြီလို့ ကြေညာခဲ့ပါတယ်။

လတ်တလောအချိန်မှာတော့ Android ဖုန်းတွေအတွက် Play Store မှာ Download လုပ်လို့ရပြီး iOS မှာတော့ App Store မှာ Brazil Region ချိန်းပြီး Download လုပ်လို့ရနေပါပြီ။

HOK ကိုမဆော့ခင် သမိုင်းကြောင်းကို လေ့လာလိုက်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အအောင်မြင်ဆုံး Mobile MOBA ဂိမ်း၊ စံချိန်တင် Download Count တွေ၊ စံချိန်တင် Prize Pool တွေနဲ့ နာမည်ကောင်းရထားတဲ့ဂိမ်းလို့ အကြမ်းဖျင်းပြောရပါလိမ့်မယ်။

Esports Competitive အရသာကိုထိတွေ့ခါစ Local Esports Community ကို HOK က ဘာတွေပေးစွမ်းသွားနိုင်မလဲ? ဆုကြေးငွေအမြောက်အများပေးထားတဲ့ပြိုင်ပွဲတွေနဲ့ ပြည်တွင်းကိုဝင်လာနိုင်လား…ကြည့်လိုက်ရအောင်…

၂၀၁၅ ခုနှစ် တရုတ်နိုင်ငံမှာစတင်ထွက်ရှိခဲ့တဲ့ Honor of Kings ဟာ ၂၀၂၀ ပြည့်နှစ်မှာ Daily Active Player သန်း (၁၀၀) ကျော်အထိရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း (၂၀၀) ကျော်အထိအမြတ်အစွန်းရရှိခဲ့ပါတယ်။ Esports Tournament တွေဘက်မှာလည်း Contribution အများဆုံးတွေထဲက ဂိမ်းတစ်ခုလို့ပြောလို့ရပြီး ဆုကြေးငွေဒေါ်လာသန်း (၈၀) အထိဆုကြေးငွေများချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း HOK ကို မြန်မာနိုင်ငံမှာ တရားဝင်ဆော့ကစားလို့ရပြီဖြစ်တာကြောင့် ဆုကြေးငွေအနည်းငယ်နဲ့ ပြိုင်ပွဲလေးတွေအရင်လာနိုင်ပြီး HOK Local Community ပိုပြီးကျယ်ပြန့်လာမယ်ဆိုရင် ဆုကြေးငွေအသင့်တင့်ပြိုင်ပွဲတွေ၊ Official ပြိုင်ပွဲတွေအပြင် နိုင်ငံတကာပြိုင်ပွဲတွေကို ကိုယ်စားပြုနိုင်မယ့်ပြိုင်ပွဲတွေပါ ဝင်ရောက်လာနိုင်ပါတယ်။

နိုင်ငံတွင်း High Earning Esports Player တွေကိုကြည့်လိုက်ရင်လည်း HOK Player တွေဖြစ်တဲ့ Impurity Esports ရဲ့ XHero, AhXing, XiaoLin တို့ကထိပ်ဆုံးမှာရှိနေတာပါ။ ဒါကိုကြည့်ချင်းအားဖြင့် HOK ပြိုင်ပွဲတွေရဲ့ Prize pool တွေကမက်လောက်စရာဖြစ်နေတာကိုတွေ့ရပြီး Life Changes ဖြစ်သွားစေနိုင်မယ့် ပမာဏတွေလည်းဖြစ်ပါတယ်။ HOK မှာ Pro Player လုပ်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင် အခုကတည်းက Train ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ…

၂၀၂၄ ဇန်နဝါရီရဲ့ (၄) ပတ်မြောက်ကတော့ စိတ်လှုပ်ရှားစရာတွေအပြည့်ပါပဲ...🇸🇬 HB.Dale >>> 👹 BG.Dale (Coach)👹 BG.DJ >>> 📜 MYTH.D...
25/01/2024

၂၀၂၄ ဇန်နဝါရီရဲ့ (၄) ပတ်မြောက်ကတော့ စိတ်လှုပ်ရှားစရာတွေအပြည့်ပါပဲ...

🇸🇬 HB.Dale >>> 👹 BG.Dale (Coach)
👹 BG.DJ >>> 📜 MYTH.DJ (Coach)
👹 BG.Lina >>> 🤖 AI.Lina
🤖 AI.Benno >>> 🦅 FCON.Benno
🌠 TSB.Sanji >>> 🦅 FCON.Sanji
☠️ TMH.KidX >>> 🦅 FCON.KidX
🟠 RRQ.Naomi >>> 🎯 TGX.Naomi

ပြီးခဲ့တဲ့ ၂၀၂၃ ရဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှု‌လောက်လောက်လားလားမရရှိခဲ့တဲ့ မြန်မာအသင်းတွေအနေနဲ့ လူစာရင်းအပြောင်းအလဲ များစွာလုပ်ထားပြီး ၂၀၂၄ ရဲ့Challenge အသစ်တွေကို ရင်ဆိုင်ဖို့ပြင်ဆင်‌နေကြတာကိုတွေ့ရပါတယ်။

လတ်တလောအချိန်ကမှ Esports အသိုင်းအဝိုင်းတစ်ခုလုံး အုတ်အော်သောင်းနင်းတွေဖြစ်ခဲ့ကြတဲ့ ဒေါ်လာ (၃) သန်းတန် 2024 MSC ရဲ့ရိုက်ခတ်မှုတွေကလည်း ပြည်တွင်း MLBB Community ကို အဖျားခတ်မှုတွေရှိခဲ့တယ်လို့ပြောရမလားပါပဲ။

သေချာတာ‌တစ်ခုကတော့ မနှစ်ကထက်ပိုမိုပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်တာကြောင့် ၂၀၂၄ ရဲ့နိုင်ငံတကာဇာတ်ခုံပေါ်မှာ မြန်မာအသင်းတွေအနေနဲ့ ပရိတ်သတ်များအလိုတော်အရ စိတ်တိုင်းကျအသုံးတော်ခံပြီး အောင်မြင်မှုတပွေ့တပိုက်နဲ့ အိမ်ပြန်လာနိုင်မလားဆိုတာ စိတ်ဝင်စားနေပါပြီ။

PUBG Mobile ရဲ့ ပထမဆုံးမြန်မာ Voice Pack အဖြစ်ထွက်ရှိလာတဲ့ " Zoe Voice Pack " ဇန်နဝါရီလ (၂၂) ရက်နေ့မှာ PUBG Mobile နဲ့ A...
22/01/2024

PUBG Mobile ရဲ့ ပထမဆုံးမြန်မာ Voice Pack အဖြစ်ထွက်ရှိလာတဲ့ " Zoe Voice Pack "

ဇန်နဝါရီလ (၂၂) ရက်နေ့မှာ PUBG Mobile နဲ့ Airstyle တို့ ပူးပေါင်းပြီး ပထမဦးဆုံးမြန်မာ Voice Pack အဖြစ်ထွက်ရှိလာခဲ့တာပါ။

ဒီ " Zoe Voice Pack " မှာ Airstyle ရဲ့ Stream တွေမှာ ရေပန်းစားခဲ့တဲ့စကားတွေဖြစ်တဲ့ "မိုက်လိုက်တာ...ငါ့သားရာ" ၊ " ကျေးဇူးတင်ပါသည်" စတဲ့ Voice Line တွေလည်းပါဝင်မှာဖြစ်ပါတယ်။ " Zoe Voice Pack " ကို ဇန်နဝါရီလ (၂၂) ရက်မှ ဖေဖော်ဝါရီလ (၄) ရက်နေ့အထိ In-game မှာ အခမဲ့ရယူနိုင်မှာလည်းဖြစ်ပါတယ်။

ပြည်တွင်းမှာ ကစားသူဦးရေများစွာရှိတဲ့ ဂိမ်းများထဲမှ မြန်မာဘာသာနဲ့ပထမဆုံးထွက်ရှိလာတဲ့ PUBG Mobile ရဲ့ Voice Pack လည်းဖြစ်တာကြောင့် မြန်မာ PUBGM Player များအတွက်တော့ ကျေနပ်စရာလည်းဖြစ်မှာပါ။

" Zoe Voice Pack " ရဲ့ Official TVC Video ကို Comment မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

‼️ Breaking News ‼️LOD Season (2) Champion Mythic SEAL အနေနဲ့ Light Of Dawn Season (2) ရဲ့ အထူးအစီအစဉ် ကျပ်သိန်း (၃၀၀) တ...
12/01/2024

‼️ Breaking News ‼️

LOD Season (2) Champion Mythic SEAL အနေနဲ့ Light Of Dawn Season (2) ရဲ့ အထူးအစီအစဉ် ကျပ်သိန်း (၃၀၀) တန်ဖိုးရှိ Sponsorship အစီအစဉ်ကို ငြင်းပယ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အကြောင်းအရင်းကတော့ Mythic SEAL အသင်းရဲ့အနာဂတ်မှာလာမယ့် Sponsorship Program များမှာ လက်တွဲမယ့် Company များကြား နားလည်မှုလွဲနိုင်တဲ့အခြေအနေများကို ရှောင်ရှားချင်တဲ့အတွက်ကြောင့်လို့လည်း သိရပါတယ်။

Mythic SEAL အသင်းကငြင်းပယ်လိုက်တဲ့ Sponsorship ကို ၂၀၂၄ မှာကျင်းပသွားမယ့် LOD Season (3) ရဲ့ဆုကြေးမှာပေါင်းပြီး ပေးအပ်သွားမယ်လို့လည်း Light of Dawn ကနေပြန်လည်ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်အရ Light of Dawn Season (3) ပြိုင်ပွဲက ၂၀၂၄ မှာ ဆုကြေးငွေအမြင့်မားဆုံးပြိုင်ပွဲဖြစ်လာနိုင်ပြီး Official Tournament တွေနဲ့ကင်းကွာနေတဲ့ Local MLBB Community အတွက်တော့ သေချာစောင့်ကြည့်ရမယ့် ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။

Happy Karen New Year to you all !ယနေ့ကျရောက်တဲ့ ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်ရဲ့ပထမဆုံးနေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း...
11/01/2024

Happy Karen New Year to you all !

ယနေ့ကျရောက်တဲ့ ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်ရဲ့ပထမဆုံးနေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တိုင်သူပြည်သားအားလုံး “စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း” နဲ့ပြည့်စုံပါစေလို့ ကျွန်တော်တို့ရဲ့ Immortal Esports အဖွဲသားများမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Falcon Esports ရဲ့ ‌ပြောင်းလဲမှုတွေမှာ ပါဝင်လာနိုင်တဲ့ ကစားသမား (၂) ယောက်၂၀၂၄ ကို လူစာရင်းအသစ်နဲ့စတင်ဖို့ ပြင်ဆင်နေတဲ့ F...
10/01/2024

Falcon Esports ရဲ့ ‌ပြောင်းလဲမှုတွေမှာ ပါဝင်လာနိုင်တဲ့ ကစားသမား (၂) ယောက်

၂၀၂၄ ကို လူစာရင်းအသစ်နဲ့စတင်ဖို့ ပြင်ဆင်နေတဲ့ Falcon Esports အနေနဲ့ Sneak Peak အချို့ကို ကြေညာခဲ့ပါတယ်။

မနေ့က ကြေညာခဲ့တဲ့ Sneak Peak တစ်ခုမှာ Burmese Ghouls နဲ့ Ai Esports မှာ‌ဆော့ကစားခဲ့တဲ့ Mid Laner - Kid လို့အများကခန့်မှန်းထားကြပေမဲ့လည်း Falcon Esports ရဲ့ကောမန့်မှာမန့်ထားခဲ့တဲ့ Akai ပုံကြောင့် MPL ယှဉ်ပြိုင်ဖူးသူ၊ Claw Esports ရဲ့ကစားသမား‌ ‌‌ဟောင်း Roamer - KidX ဖြစ်နိုင်ခြေရာခိုင်နှုန်းများနေပါတယ်။

နောက်ထပ်တစ်ခု‌အနေနဲ့ ဒီနေ့ကြေညာခဲ့ပုံအရ Echo မှ Sanji နဲ့ နာမည်ဆင်တူ‌နေတဲ့ Team Star Boyz မှ လူငယ်လက်သစ် Gold Laner - Sanji ကလတ်‌တလောမှာ ရေပန်းအစားဆုံးပါ။

Burmese Ghouls, Ai Esports စတဲ့အသင်းကြီးတွေမှာ ကစားသမားများနဲ့လမ်းခွဲမှုတွေကို မြင်တွေ့နေရသော်လည်း ကစားသမားအပြောင်းအလဲများစွာလုပ်ဖို့ရှိနေတဲ့ Falcon Esports အနေနဲ့ ကစားသမားထွက်ခွာမှုနဲ့ပတ်သတ်ပြီး တိတ်ဆိတ်နေတာကိုတွေရပါတယ်။ လူသစ်တွေအများကြီးခေါ်ယူသွားမယ့် Falcon Esports မှာ ဘယ်ကစားသမားတွေကထွက်ခွာသွားမလဲ? မြန်မာအသင်းတွေရဲ့ပြောင်းလဲမှုတွေက ၂၀၂၄ မှာ တိုးတက်မှုတွေကိုမြင်ရနိုင်လား? Immortal Esports အနေနဲ့ ၂၀၂၄ မှာ မြန်မာအသင်းတွေ ဘယ်အရွေ့ထိရောက်နိုင်မလဲဆိုတာကို အလွန်စိတ်ဝင်စားနေပါပြီ။

Benno ကို Falcon Esports ရဲ့ Lineup မှာမြင်ရတော့မှာလား? ယနေ့ညနေ‌ (၆) နာရီခန့်မှာ Falcon Esports ရဲ့ page မှ အသစ...
08/01/2024

Benno ကို Falcon Esports ရဲ့ Lineup မှာမြင်ရတော့မှာလား?

ယနေ့ညနေ‌ (၆) နာရီခန့်မှာ Falcon Esports ရဲ့ page မှ အသစ်ရောက်လာမယ့်ကစားသမားကို hints များပေးပြီးကြေညာခဲ့ပါတယ်။

▪️Android Icon,
▪️Flying Plane,
▪️Pokémon Character - Snorlax
▪️MLBB Character - Gloo
▪️Alphabet - O & N

စတဲ့ hints များနဲ့ကြေညာခဲ့တာဖြစ်ပြီး AI Esports နဲ့လမ်းခွဲခဲ့တဲ့ Benno လို့လည်းထင်ကြေးပေး ခန့်မှန်းမှုများလည်းရှိနေပါတယ်။

Benno သာ Falcon Esports ကိုရောက်ရှိခဲ့ရင် ပွဲထွက်ခွင့်အတွက် Royal Milk နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး Royal Milk ကိုယ်တိုင်ကလည်း ပြည်တွင်း Exp Laner တွေထဲက အကောင်းဆုံးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် Falcon Esports ရဲ့ Exp Lane အတွက်က‌ ‌တောင့်တင်းသွားပြီလို့ပြောရမှာပါ။

လတ်တလောအချိန်မှာ Falcon Esports အနေနဲ့ ဖိလစ်ပိုင်နိုင်ငံသားနည်းပြ ARSY ကိုခေါ်ယူခဲ့ပြီး နောက်ထပ်ကစားသမားအပြောင်းအလဲတွေလည်း လုပ်သွားဦးမယ်လို့ သိထားရပါသေးတယ်။

rmN ကို Position 4 အနေနဲ့ပြန်ခေါ်ယူလိုက်တဲ့ Nigma Galaxy Nigma Galaxy ဟာ သူတို့ရဲ့ လစ်လပ်နေတဲ့ Position 3 နေရာအတွက် Ghos...
05/01/2024

rmN ကို Position 4 အနေနဲ့ပြန်ခေါ်ယူလိုက်တဲ့ Nigma Galaxy

Nigma Galaxy ဟာ သူတို့ရဲ့ လစ်လပ်နေတဲ့ Position 3 နေရာအတွက် Ghost နဲ့ Position 4 အတွက် rmN ကိုခေါ်ယူခဲ့ပါတယ်။

Ghost ဟာ Xtreme Gaming မှာ Carry Role ဆော့ခဲ့ပြီး အခု Nigma မှာတော့ Offlane ဆော့မှာဖြစ်ပါတယ်။ Xtreme Gaming မှာ အတော်အသင့် လက်စွာခဲ့ပေမဲ့ အောင်မြင်မှုကြီးကြီးမားမားတော့ မရရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း Nigma မှာ Miracle, Sumail တို့နဲ့ အတူ အကောင်းဆုံး ဆော့ကစားနိုင်မဲ့ Potential Player တစ်ဦးဖြစ်ပါတယ်။

rmN ကတော့ အရင်က Nigma Galaxy မှာ အချိန်အတော်ကြာ Coach အဖြစ်ရှိခဲ့ဖူးပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Nigma Galaxy အနေနဲ့ ဘာလို့ kick ပြီးသား Coach ကို Position 4 အနေနဲ့ ခေါ်ယူခဲ့တာလဲ ဆိုတာပါ။

Kuroky နဲ့ rmN support duo ကိုတွေးကြည့်တာနဲ့တင် ကြက်သီးထဖို့ကောင်းနေပြီမလို့ 2024 မှာ Nigma Galaxy အနေနဲ့ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 😛

Happy New Year Everyone!Esports ပရိတ်သတ်ကြီးများအားလုံးပဲ (၂၀၂၄) ခုနှစ်ရဲ့ပထမဆုံးနေ့မှစတင်ပြီးတော့ “စိတ်၏ချမ်းသာခြင်း ကိ...
01/01/2024

Happy New Year Everyone!

Esports ပရိတ်သတ်ကြီးများအားလုံးပဲ (၂၀၂၄) ခုနှစ်ရဲ့ပထမဆုံးနေ့မှစတင်ပြီးတော့ “စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း” အားလုံးနဲ့ပြည့်စုံနိုင်ပါစေလို့ Immortal အဖွဲ့သားများမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဒုတိယမြောက်ဖိလစ်ပိုင်နည်းပြကို ခေါ်ယူလိုက်တဲ့ Falcon EsportsM5 World Championship အပြီးမှာ ပြည်တွင်းအသင်းများ‌အနေနဲ့ လာမ...
31/12/2023

ဒုတိယမြောက်ဖိလစ်ပိုင်နည်းပြကို ခေါ်ယူလိုက်တဲ့ Falcon Esports

M5 World Championship အပြီးမှာ ပြည်တွင်းအသင်းများ‌အနေနဲ့ လာမယ့်ပြိုင်ပွဲများအတွက် အပြိုင်အဆိုင်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ ဒီနှစ်ထဲမှာ ပထမဦးဆုံး‌အ‌နေနဲ့ Zino Esports က ဖိလစ်ပိုင်နိုင်ငံမှ Coach C ကိုခေါ်ယူဖြည့်တင်းထားပါတယ်။

Zino Esports ပြီးနောက် Falcon Esports အနေနဲ့လည်း အသင်းရဲ့ ဒုတိယ‌မြောက်နိုင်ငံခြားသားနည်းပြအဖြစ် MDL PH မှာယှဉ်ပြိုင်နေတဲ့ RSG Mistah မှ Coach - ARSY ကိုခေါ်ယူခဲ့တာကို Mistah Esports Pro - page မှကြေညာခဲ့တာဖြစ်ပါတယ်။

လတ်တလောအပြောင်းအရွေ့များကိုကြည့်ချင်းအားဖြင့် ကျန်ရှိတဲ့အသင်းများလည်း ပြောင်းလဲမှုများကိုပြုလုပ်နိုင်ဖွယ်ဖြစ်ပြီး လာမယ့်နှစ်မှာ အံ့ဩမှင်သက်ဖွယ် အပြောင်းအရွေ့တွေရှိလားမလားဆိုတာ စိတ်ဝင်စားစရာပါ။

Indo အသင်းကြီးတစ်သင်းဖြစ်တဲ့ RRQ မှ မြန်မာ Tank Roamer Player - Naomi နဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မကြာသေးခင်အချိန်ကမှ ...
23/12/2023

Indo အသင်းကြီးတစ်သင်းဖြစ်တဲ့ RRQ မှ မြန်မာ Tank Roamer Player - Naomi နဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မကြာသေးခင်အချိန်ကမှ ကြေညာခဲ့ပါတယ်။

MPL Indo Season (12) မှာ Naomi အနေနဲ့လက်စွမ်းကောင်းတွေပြသထားနိုင်ခဲ့ပေမယ့်လည်း လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်း တိတိကျကျတော့ မသိရသေးပါဘူး။

M5 ဝင်ခွင့်နဲ့လွှဲချော်ခဲ့တဲ့ Team RRQ အနေနဲ့ဖိလစ်ပိုင်နိုင်ငံသား Jungler - Irrad နဲ့ Tank Roamer - Brusko တို့ကိုခေါ်ယူဖြည့်တင်းထားပြီး Naomi ရဲ့နေရာကို Echo မှ Tank Roamer - Yawi နဲ့အစားထိုးသွားမယ်လို့ ကောဟဟာလတွေလည်းထွက်ရှိနေပါတယ်။

၃ပွဲဆက် Comeback တစ်ခုနဲ့ အတူပြန်လည်အသက်ဝင်လာတဲ့ China Region ရဲ့ Ti DreamGrand Final မှာ ၃ပွဲဆက် Comeback ဖို့ဆိုတာတကယ်...
18/12/2023

၃ပွဲဆက် Comeback တစ်ခုနဲ့ အတူပြန်လည်အသက်ဝင်လာတဲ့ China Region ရဲ့ Ti Dream

Grand Final မှာ ၃ပွဲဆက် Comeback ဖို့ဆိုတာတကယ်ကိုမလွယ်ကူပါဘူး။ အထူးသဖြင့် Gaimin Gladiators လိုအသင်းမျိုးကို Comeback ဖို့ဆိုတာ ပိုလို့တောင်မလွယ်ကူပါသေးတယ်။ဒါပေမဲ့ Azura Ray ဟာ ၃ပွဲဆက်နိုင်ပွဲနဲ့အတူ တရုတ်အသင်းတွေနဲ့ဝေးကွာနေတဲ့ Champion Trophy တစ်ခုကို China Region အတွက်ယူဆောင်ပေးခဲ့ပါတယ်။

Ti6 ပြီးထဲက Ti ငတ်နေခဲ့တဲ့ China Region အတွက် Azura Ray ရဲ့နိုင်ပွဲဟာ ဒီနှစ် Ti13 အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီနှစ် China အသင်းတွေရဲ့ Roster အပြောင်းအလဲတွေဟာ တော်တော် Impact ဖြစ်ခဲ့တယ်လို့ပဲပြောရမှာပါ။

Ame ဟာလဲမကြာခင် Xtreme Gaming နဲ့အတူ Pro player life ကို ပြန်လာတော့မှာမို့ China Region ရဲ့ Ti13 dream ဟာ တကယ်ပဲဖြစ်လာနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


၂ ကြိမ်မြောက် M Series Trophy ကိုကိုင်မြောက်နိုင်ခဲ့တဲ့အသင်း ၄ နှစ်ဆက်တိုက် M Series winner country ဆိုတဲ့ စံချိိန်ကိုဆက...
17/12/2023

၂ ကြိမ်မြောက် M Series Trophy ကိုကိုင်မြောက်နိုင်ခဲ့တဲ့အသင်း

၄ နှစ်ဆက်တိုက် M Series winner country ဆိုတဲ့ စံချိိန်ကိုဆက်ထိိန်းထားနိုင်တဲ့ ဖိလစ်ပိုင်

တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ M5 World Championship Title ကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့တဲ့ AP Bren

Best 7 အပြည့် ယှဉ်ပြိုင်ခဲ့တဲ့ Grand Final Series ကလည်း ရသအမြောက်ဆုံး Series တစ်ခုဖြစ်ခဲ့ပြီး ကြည့်ရှုသူတိုင်းကို ရသပေါင်းစုံပေးခဲ့တဲ့ Series တစ်ခုဖြစ်ခဲ့ပါတယ်။

M5 World Championship ရဲ့ အားလုံးစောင့်စားနေတဲ့အချိန်ကိုတော့ ရောက်ရှိလာပြီ။ ဒီ Grand Final ပွဲစဉ်မှာ Onic တို့ AP Bren က...
17/12/2023

M5 World Championship ရဲ့ အားလုံးစောင့်စားနေတဲ့အချိန်ကိုတော့ ရောက်ရှိလာပြီ။

ဒီ Grand Final ပွဲစဉ်မှာ Onic တို့ AP Bren ကိုသာ အနိုင်ရမယ်ဆိုရင် M Series မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ (၃) နှစ်ဆက်ဗိုလ်ဆွဲထားတဲ့မှတ်တမ်းကို ချိုးဖျက်နိုင်မှာဖြစ်ပြီး M3 တုန်းက ရှံးကြွေးကိုပါပြန်ဆပ်နိုင်မှာပါ။

လက်ရှိလက်စွမ်းအရလည်း ချန်ပီယံဖြစ်ဖို့အတွက် Onic ကအလားလာကောင်းနေပြီး AP Bren တို့ Upper Bracket Final ပွဲစဉ်ကိုသင်ခန်းစာပြန်ယူကာ ပြင်ဆင်လာမယ်ဆိုရင်တော့ အကြိတ်အနယ်ရှိတဲ့ Grand Final ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခံစားရမှာအသေအချာပါပဲ။

တနင်္ဂနွေနေ့မှာ လက်ဖက်ရည်လေးတစ်ခွက်ဖျော် ဖုန်းလေးဖွင့်ပြီး M5 Champion Title အတွက် ကြမ်းပါပေ့ဆိုတဲ့အသင်း (၂) သင်းရဲ့ ပြိုင်ဆိုင်မှုကို အရသာခံပြီးကြည့်လိုက်ရအောင်ဗျာ။

2023 က Onic တို့ မှော်အောင်တဲ့နှစ်လို့ ပြောရမလားပါပဲ... 🏆 MPL ID SS 11 Champion🏆 MSC 2023 Champion 🏆 Snapdragon Pro Seri...
16/12/2023

2023 က Onic တို့ မှော်အောင်တဲ့နှစ်လို့ ပြောရမလားပါပဲ...

🏆 MPL ID SS 11 Champion
🏆 MSC 2023 Champion
🏆 Snapdragon Pro Series 2023 Champion
🏆 MPL ID SS 12 Champion
⚔️ M5 World Championship Grand-finalist

ခုလည်း M5 World Championship မှာ ဖိလစ်ပိုင်ရဲ့ကောင်းလှပါချည်ရဲ့ဆိုတဲ့အသင်း AP Bren ကို (3-0) နဲ့အပြတ်အသတ်နိုင်ပြီး Grand Final ကိုတက်ရောက်သွားခဲ့ပါပြီ။ ဒီနှစ်တစ်နှစ်လုံး Onic ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တိုင်း လုပ်ချင်သလိုလုပ်ခွင့်ရခဲ့ပြီး လုပ်တိုင်းလည်းဖြစ်နေခဲ့တာပါ။ Early Game မှာဘယ်လောက်ပဲပဲနိမ့်နိမ့် စားပွဲကိုပြောင်းပြန်လှန်လိုက်သလို ပြန်လာနိုင်ခဲ့တဲ့ပွဲတွေလည်းမနည်းပါဘူး။

အကယ်၍ Black List သာ Lower Bracket Final ပွဲစဉ်မှာအနိုင်ရပြီး Grand Final ကိုတက်လှမ်းနိုင်ခဲ့ရင် အသင်းတစ်သင်းကို (၂) ခါမရှုံးဘူးဆိုပြီးကြွေးကြော်ထားတဲ့အတိုင်း တကယ်လုပ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ESL One Kuala Lumpar မှ စောစီးစွာအိမ်ပြန်ခဲ့ရတဲ့ Team Secret ယနေ့ Team Liquid နဲ့ ယှဉ်ပြိုင်ဆော့ကစားခဲ့တဲ့ Lower Bracket...
15/12/2023

ESL One Kuala Lumpar မှ စောစီးစွာအိမ်ပြန်ခဲ့ရတဲ့ Team Secret

ယနေ့ Team Liquid နဲ့ ယှဉ်ပြိုင်ဆော့ကစားခဲ့တဲ့ Lower Bracket Round (1) ပွဲစဉ်မှာ Secret တို့ (၂-၀) နဲ့ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှနှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Team Secret အနေနဲ့ လူစာရင်းအပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး ကစားသမားဟောင်း Mid One ကိုပါခေါ်ယူအားဖြည့်ထားပေမယ့် ယခင်ကလိုလက်စွမ်းမျိုး ပြန်လည်ပြသနိုင်ဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

Draft Master Puppey ဦးဆောင်တဲ့ Secret တို့ ဒီလူစာရင်းနဲ့ပြန်လည်တောက်ပနိုင်ပါ့မလား? Roster အပြောင်းအလဲတွေထပ်မံပြုလုပ်ဖို့ လိုအပ်သေးလားဆိုတာ အတွေးအမြင်များကိုမျှဝေပေးခဲ့ပါဦး။

နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ M5 Knockout Stage ရဲ့ Lower Bracket ပွဲစဉ်တွေပြန်လည်စတင်ပါတော့မယ်။မြန်မာအသင်းမပါတော့လို့ ခ...
14/12/2023

နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ M5 Knockout Stage ရဲ့ Lower Bracket ပွဲစဉ်တွေပြန်လည်စတင်ပါတော့မယ်။

မြန်မာအသင်းမပါတော့လို့ ခြောက်ကပ်ကပ်နိုင်နေပေမယ့်လည်း M Series ဆိုတဲ့ အရှိန်အဝါအတိုင်း လက်ကျန်ပွဲစဉ်တွေက အံ့ဩမှင်သက်စရာကောင်းတဲ့ အခိုက်အတန့် တွေပြည့်နေမှာဖြစ်လို့ ကြည်ရှု့သူတိုင်းကို ရသပေါင်းစုံပေးနိုင်မှာအမှန်ပါ။

Black List International Vs Geek Fam (12:30 PM)

ဖိလစ်ပိုင်ရဲ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ အင်ဒိုရဲ့အကောင်းဆုံးအသင်းတစ်သင်း တွေ့ဆုံမယ့်ပွဲပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုဆိုတဲ့အတိုင်း ပြိုင်ဆိုင်မှုဘယ်လောက်အထိ ပြင်းထန်ကြမယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒီပွဲစဉ်မှာ Geek Fam ရဲ့ Jungle Player “Nnael” ပြန်လည်ပါဝင်လာမှာဖြစ်ပြီး အင်ဒိုအသင်း Onic ကိုရှူံးနိမ့်ထားတဲ့ Black List အနေနဲ့ Geek Fam နဲ့ပွဲစဉ်မှာ ဂုဏ်သိက္ခာကိုပြန်ဆယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Deus Vult Vs See You Soon (4:30 PM)

Knockout Stage မစခင် အစောဆုံးအိမ်ပြန်ရမယ့် အသင်းတွေအဖြစ် ထင်ကြေးပေးခံထားရတဲ့ အသင်းတွေဖြစ်ပေမယ့် Top 6 အထိရောက်အောင် ဆော့ထားနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ တမူထူးခြားတဲ့ Draft တွေနဲ့ Deus Vult ကပဲအနိုင်ယူသွားမလား… Playoffs တက်ရင် မထင်ထားလောက်အောင် လက်စွမ်းပြတတ်တဲ့ ခမာတို့ထုံးစံအတိုင်း See You Soon တို့ပဲနိုင်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။

မြန်မာအသင်း Burmese Ghouls ရဲ့ M5 ခရီးစဉ်ကတော့ Knockout Stage | Lower Bracket Round (1) မှာပဲ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ပရ...
11/12/2023

မြန်မာအသင်း Burmese Ghouls ရဲ့ M5 ခရီးစဉ်ကတော့ Knockout Stage | Lower Bracket Round (1) မှာပဲ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

ပရိတ်သတ်များအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကို နားလည်ပေမယ့်လည်း Burmese Ghouls အသင်းသားအားလုံးပေါင်းရဲ့ ပျှမ်းမျှအသက်က (၁၇) နှစ်သာရှိသေးတာကို သတိပြုရမှာပါ။

Burmese Ghouls အသင်းသားတွေအနေနဲ့လည်း M5 ကအမှားတွေကို အနာဂတ်မှာ သင်ခန်းစာယူနိုင်ပြီးတော့ ဖိအားပေါင်းစုံကို ကောင်းကောင်းကိုင်တွယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Burmese Ghouls တို့အနေနဲ့ Upper Bracket မှာ ဆက်လက်ကျန်ရှိနေနိုင်မယ့်အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း Geek Fam ကိုအရှုံးပေ...
10/12/2023

Burmese Ghouls တို့အနေနဲ့ Upper Bracket မှာ ဆက်လက်ကျန်ရှိနေနိုင်မယ့်အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း Geek Fam ကိုအရှုံးပေးခဲ့ရပြီး Lower Bracket မှာယှဉ်ပြိုင်ရတော့မှာပါ။

အဓိက ကစားသမားမပါဝင်တဲ့ Geek Fam ကိုယှဉ်ပြိုင်ရာမှာ ပြတ်သားတဲ့အနိုင်ရလဒ်နဲ့ အဆုံးသတ်နိုင်ခွင့်တွေရခဲ့ပေမယ့် လွဲချော်ခဲ့တာကိုတွေ့ရပါတယ်။

M5 ခရီးစဉ်ရဲ့ Last Chance အဖြစ် မနက်ဖြန် ညနေ ၄ နာရီခွဲမှာ Burmese Ghouls တို့ Cambodia အသင်း See You Soon ကို အနိုင်ဆော့မှရမှာဖြစ်ပါတယ်။

ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုခံနေရဆဲ မြန်မာအသင်း Burmese Ghouls Burmese Ghouls အနေနဲ့ Group Stage မှာ အဆင်မပြေမှုများကြ...
07/12/2023

ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုခံနေရဆဲ မြန်မာအသင်း Burmese Ghouls

Burmese Ghouls အနေနဲ့ Group Stage မှာ အဆင်မပြေမှုများကြုံတွေခဲ့ရကာ ရှုံးပွဲတွေကြုံခဲ့ရပေမယ့်လည်း AP Bren ရဲ့ရာနှုန်းပြည့်နိုင်ပွဲကြောင့် Knockout Stage ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

M5 Group Stage ပွဲစဉ်များအပြီး Knockout Stage ရဲ့ Bracket ထွက်ပေါ်လာတဲ့နောက်မှာလည်း ပြိုင်ပွဲတွင်းမလျော်ညီတဲ့အပြုအမူကြောင့် ပွဲစဉ်နှစ်ပွဲအထိယှဉ်ပြိုင်ခွင့်ပိတ်ခံထားရတဲ့ "Nnael" ရဲ့ Geek Fam နဲ့မှ Burmese Ghouls တို့သွားစုံနေတာပါ။

အဓိက ကစားသမားမပါဝင်တဲ့ Geek Fam ID နဲ့ဆက်လက်ယှဉ်ပြိုင်ရမယ့် Burmese Ghouls တို့ရဲ့ကံဇာတာကတော့ သကာပေါ်ပျားရည်လောင်းလိုက်သလို လို့ဆိုရမှာဖြစ်ပြီး ရရှိထားတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ နောင်တော်အသင်းကြီးတွေလို မထင်မှတ်ထားမယ့်အရာတွေကို လုပ်ပြသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

Breaking News!!!ဆုကြေးငွေအများဆုံးပြိုင်ပွဲတစ်ပွဲဖြစ်သည့် Light of Dawn Season (2) ပြိုင်ပွဲအား မြန်မာနိုင်ငံ Esports အဖ...
16/10/2023

Breaking News!!!

ဆုကြေးငွေအများဆုံးပြိုင်ပွဲတစ်ပွဲဖြစ်သည့် Light of Dawn Season (2) ပြိုင်ပွဲအား မြန်မာနိုင်ငံ Esports အဖွဲ့ချုပ်မှကန့်ကွက်စာတင်လာကြောင်း Eternity ၏ CEO,ကိုစိုးမိုးအေးမှ ၎င်းရဲ့ Facebook account မှတဆင့်ပြောကြားခဲ့ပါတယ်။

လတ်တလောအချိန်တွင် ကန့်ကွက်ရသည့်အကြောင်းအရင်ကို တိတိကျကျမသိရသေးဘဲ မြန်မာနိုင်ငံ Esports အဖွဲ့ချုပ်၏ ပွဲခွင့်ပြုမှုမိန့်ပါမှသာ ပြိုင်ပွဲကျင်းပရမည်လို့ သက်ဆိုင်ရာဝန်ကြီးဌာနမှုတဆင့်အကြောင်းကြားလာခဲ့ခြင်းဖြစ်တယ်လို့လည်း ရေးသားထားတာဖြစ်ပါတယ်။

ယခုအချိန်တွင်ပြိုင်ပွဲများစွာကျင်းပနေသော်လည်း Light of Dawm Season (2) ပြိုင်ပွဲတစ်ခုတည်းကိုသာ ကန့်ကွက်ခြင်းဖြစ်သည့်အတွက် မေးခွန်းထုတ်စရာများလည်းဖြစ်နေပါတယ်။

MPL (5) ကြိမ်ဆက် Champion 🔥King of The Jungle "Kairi" ရဲ့ jaw dropping moments တွေနဲ့အတူ ဒီနှစ်မှာလည်း Onic တို့ Champio...
15/10/2023

MPL (5) ကြိမ်ဆက် Champion 🔥

King of The Jungle "Kairi" ရဲ့ jaw dropping moments တွေနဲ့အတူ ဒီနှစ်မှာလည်း Onic တို့ Champion ဖြစ်ခဲ့ပါပြီ။

ဖိလစ်ပိုင်အသင်းတွေနဲ့ဆုံမယ့် MPLI နဲ့ M5 မှာ ဒီ form ကိုဆက်ထိန်းထားနိုင်ရင်တော့ 2023 က Onic တို့နှစ်ပါပဲ။

MPL Indo ရဲ့ Grand Final ကိုတက်လှမ်းသွားပြီး M5 ဝင်ခွင့်ကိုပါရရှိသွားတဲ့ Geek Farm ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ MPL Indo | Lowe...
14/10/2023

MPL Indo ရဲ့ Grand Final ကိုတက်လှမ်းသွားပြီး M5 ဝင်ခွင့်ကိုပါရရှိသွားတဲ့ Geek Farm

ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ MPL Indo | Lower Bracket Final ပွဲစဉ်ဖြစ်တဲ့ Geek Farm VS BTR ပွဲစဉ်မှာ Geek Farm တို့ အစောပိုင်းမှာ 2-0 နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ Game 3 နဲ့ Game 4 တို့က BTR တို့ရဲ့ Game တွေဖြစ်ခဲ့ပြီး Game 5 မှာတော့ Geek Farm တို့ပြန်လာနိုင်ခဲ့ကာ Grand Final ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မနက်ဖြန် နေ့လယ်မြန်မာစံတော်ချိန် ၂ နာရီမှာ Champion Title အတွက် Onic နဲ့ Geek Farm တို့အပြိုင်လုရမှာဖြစ်ပြီး Best of 7 ယှဉ်ပြိုင်မှုကိုကြည့်ရှုရမှာပါ။

၃ ရက်တာကြာမြင့်ခဲ့တဲ့ The International 2023 ရဲ့ Group Stage | Phase (1) အပြီး Ti ကိုစောစီးစွာနှုတ်ဆက်ကာ အိမ်ပြန်ခဲ့ရတဲ့...
14/10/2023

၃ ရက်တာကြာမြင့်ခဲ့တဲ့ The International 2023 ရဲ့ Group Stage | Phase (1) အပြီး Ti ကိုစောစီးစွာနှုတ်ဆက်ကာ အိမ်ပြန်ခဲ့ရတဲ့အသင်းထဲမှာ မထင်မှတ်ထားတဲ့အသင်းတွေပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

အိမ်ပြန်ခဲ့ရတဲ့အသင်းတွေမှာ No One ပါတဲ့ Team SMG, လတ်တလောကမှ PSG နဲ့ partner လုပ်ထားတဲ့ PSG.Quest, Thunder Awaken နဲ့ Beastcost စတဲ့အသင်းတွေပါဝင်ခဲ့ပါတယ်။

Group တစ်ခုချင်းစီရဲ့ ထိပ်ဆုံးအသင်းတွေမှာတော့ LGD Gaming, Team Liquid, Tundra Esports တို့က ၇ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကိုယ်စီနဲ့ဦးဆောင်ထားနိုင်ခဲ့ပြီး Team Spirit အနေနဲ့ ထူးထူးခြာခြား ၈ ပွဲကစားရှုံးပွဲမရှိရလဒ်နဲ့ အခြားအသင်းတွေကို တပ်လှန့်ထားတာတွေ့ရပါတယ်။

Phase (2) ပွဲစဉ်တွေကို ယနေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲမှာ Team Spirt Vs Shopify Rebellion ပွဲနဲ့စတင်ဖွ့င်မှာဖြစ်ပြီး Team Spirt အနေနဲ့ ရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

ဝတ္တရားရှိအားပေးရဦးမယ့် The International ကမ္ဘာတစ်ဝှမ်းက Dota 2 ပရိတ်သတ်တွေအတွက် The International တစ်ကျော့ပြန်လို့လာပါပ...
12/10/2023

ဝတ္တရားရှိအားပေးရဦးမယ့် The International

ကမ္ဘာတစ်ဝှမ်းက Dota 2 ပရိတ်သတ်တွေအတွက် The International တစ်ကျော့ပြန်လို့လာပါပြီ။

အသက်တွေကြီးလာပြီး အလုပ်နဲ့မိသားစုနဲ့ဖြစ်လာလို့ Dota ကိုအရင်အချိန်တွေကလောက်မဆော့ဖြစ်တော့ပေမယ့် Ti ဆိုတဲ့အသံကြားတာနဲ့ ကြည့်ဖြစ်အောင်တော့ကြည့်လိုက်ဦးမှဆိုတဲ့အထိ လွမ်းမိုးမှုအားကောင်းတဲ့ The International...

တစ်နှစ်လုံးဂိမ်းထဲမဝင်ဖြစ်ရင်တောင်မှ ဒီအချိန်ရောက်ရင် မဆုံဖြစ်ကြတဲ့ဘော်ဒါတွေစုပြီး Battle Pass Level ကိုနေ့မအိပ်ညမအိပ်တင်ခဲ့ကြတာလည်း အမှတ်တရကောင်းတွေပါပဲ...

Dota 2 ကိုစေတနာမပါတဲ့ Gaben ရဲ့ကောင်းမှုကြောင့် ဒီနှစ် Ti ကအခွံကြီးသက်သက်သာဖြစ်နေပေမယ့်လည်း The International ရဲ့အရှိန်အဝါအရ ကျွန်တော်တို့လို Fan တွေကဝတ္တရားရှိအားပေးရဦးမှာမဟုတ်လား?

ဒီနှစ် The International ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာကျင်းပမှာဆိုတော့ ကျွန်တော်တို့မြန်မာ‌တွေအတွက် ဒီရက်ပိုင်းကအိပ်ရေးပျက်မယ့်ညတွေပါပဲ။

အုပ်စုအဖွင့်ပွဲစဉ်တွေကို
Team Sprit Vs Ramzees တို့ရဲ့ 9 Pandas ရယ်
EG Vs Entity တို့ရဲ့ပွဲတွေအပြင်
LGD.Gaming Vs Gaimin Gladiators
Thunder Awaken Vs Betboom တို့ရဲ့ပွဲတွေနဲ့စဖွင့်ထားတယ်။

မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာစမှာဖြစ်လို့ မြန်မာပြည်က Hard Core Dota ဖန်တွေကို စောင့်ကြည့်ကြဖို့လက်တို့လိုက်တယ်ဗျို့...

The International စင်မြင့်ထက်မှာ ပရိတ်သတ်များအတွက် ပြန်လည်အသုံး‌တော်ခံဦးမယ့် Topson Ti ၂ ထပ်ကွမ်းချန်ပီယံ၊ Legendary Pla...
08/09/2023

The International စင်မြင့်ထက်မှာ ပရိတ်သတ်များအတွက် ပြန်လည်အသုံး‌တော်ခံဦးမယ့် Topson

Ti ၂ ထပ်ကွမ်းချန်ပီယံ၊ Legendary Player တစ်ဦးဖြစ်တဲ့ Topson ဟာ The International 2023 အတွက် OG အသင်းသားဟောင်းများနဲ့ပြန်လည်ဖွဲ့စည်းထားတဲ့ Old G အသင်းနဲ့ကြိုးစားခဲ့ပေမယ့်‌လည်း Regular Season မှာ Division 2 နဲ့သာအဆုံးသတ်ခဲ့ပြီး Open Qualifier မှာလည်း ကံမကောင်းခဲ့တာပါ။

ဒါပေမယ့် Ti 11 Champion Tundra Esports ဟာ Saksa အနားယူသွားပြီးနောက် Topson ကိုခေါ်ယူအစားထိုးပြီး Roster အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် The International စင်မြင့်ထက်မှာ Topson ရဲ့ တမူထူးခြားတဲ့လက်စွမ်းများကို ပြန်လည်မြင်တွေ့ရဦးမှာဖြစ်ကြောင်း မြန်မာနိုင်ငံမှ Topson ပရိတ်သတ်များကို သတင်းကောင်းပါးလိုက်ပါတယ်။

မနေ့က Light Of Dawn Season (2) ပြိုင်ပွဲအတွက် Direct Invite အသင်းတွေ ဖိတ်ခေါ်မယ့်ပုံစံကိုကြေညာသွားခဲ့ပါတယ်။ Local MLBB ပ...
07/09/2023

မနေ့က Light Of Dawn Season (2) ပြိုင်ပွဲအတွက် Direct Invite အသင်းတွေ ဖိတ်ခေါ်မယ့်ပုံစံကိုကြေညာသွားခဲ့ပါတယ်။

Local MLBB ပြိုင်ပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ Ai Esports, Falcon Esports, Burmese Ghouls အသင်းတို့ကိုသာ Direct Invite အသင်းတွေအဖြစ် အများဆုံးတွေ့ရပေမယ့် LOD Season (2) ရဲ့ Direct Invite အသင်းတွေအတွက် မကြာခင်ကျင်းပမယ့် M5 MM Qualifier ရဲ့ Top (4) အသင်းများကိုသာ Invite လုပ်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်အရ M5 MM Qualifier မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့အသင်းတိုင်းအတွက် LOD Season (2) မှာ Direct Invite ရရှိမယ့်အခွင့်အရေးကို တန်းတူရမှာဖြစ်ပြီး အသင်းငယ်များအတွက်လက်လွတ်မခံသင့်တဲ့ အခွင့်အရေးလည်းဖြစ်ပါတယ်။

MLBB လို Team Work ကိုအားပြုပြီး အချိတ်အဆက်မိမိကစားရတဲ့ 5 Vs 5 (MOBA) ဂိမ်းတွေမှာ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ Meta ကိုအမှီလိုက်နိုင်တဲ့ အသင်းများကသာအောင်မြင်မှုများကို ရယူနိုင်တာပါ။ ဥပမာအားဖြင့် MOBA ဂိမ်းတို့ရဲ့ စီနီယာဂိမ်းတစ်ခုဖြစ်တဲ့ DOTA 2 ပြိုင်ပွဲတွေမှာ မင်းမူခဲ့ပြီး ပရိတ်သတ်အားပေးမှုအများဆုံးအသင်းတွေဖြစ်တဲ့ OG, Team Secret, Nigma Esports တို့ဟာလည်း ပြောင်းလဲလာတဲ့ Game Meta အလျှောက် မျိုးဆက်သစ်တွေကို မယှဉ်နိုင်တဲ့အတွက် နောက်ကောက်ကျနေခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမြန်မာနိုင်ငံရဲ့အခြေအနေအရ ပြိုင်ပွဲစီစဉ်သူများမှ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြိုင်ပွဲများအပေါ် လူစိတ်ဝင်စားမှုများစေဖို့ ပရိတ်သတ်အားပေးမှုအများဆုံးအသင်းများကိုသာ Direct Invited အသင်းများအဖြစ် ဖိတ်ခေါ်နေရတာဖြစ်‌ပေမယ့် ပြောင်းလဲလာတဲ့ In-game Update များ၊ Patches များကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် အနီးစပ်ဆုံးပြိုင်ပွဲများမှ လက်စွမ်းအပြနိုင်ဆုံးအသင်းများကို ရွေးချယ် invite ပေးမှသာ နောက်မျိုးဆက်သစ်များအတွက် အခွင့်အရေးတွေပေါ်လာမှာပါ။

အထူးသဖြင့် လက်တလောကြေညာထားတဲ့ LOD Season (2) ရဲ့ Invitation ပုံစံကိုကြိုဆိုသင့်ပြီး နောက်လာမယ့်ပြိုင်ပွဲများအတွက်လည်း ဒီလိုဖိတ်ခေါ်မှုမျိုးပြုလုပ်ဖို့ တိုက်တွန်းသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ Daveeysမန်စီးတီးအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း Sergio Aguero ပိုင်ဆိုင်တဲ့အပြင် အာဂျင်တီးန...
05/09/2023

ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ Daveeys

မန်စီးတီးအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း Sergio Aguero ပိုင်ဆိုင်တဲ့အပြင် အာဂျင်တီးနားအခြေစိုက် နာမည်ကြီး Valorant အသင်းတစ်သင်းလည်းဖြစ်တဲ့ KRU Esports အသင်းဟာ သူတို့အသင်းနဲ့ ၃ နှစ်ကျော်ကြာလက်တွဲလာခဲ့တဲ့ Player ဖြစ်တဲ့ "Daveeys" တစ်ယောက် ယနေ့မနက်အစောပိုင်းမှာပဲရုတ်တရက် နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကိုတရားဝင်ကြေငြာခဲ့ပါတယ်။

စက်တင်ဘာ (၂)ရက်နေ့ကမှ ၂၃ နှစ်ပြည့် မွေးနေ့ကိုဆင်နွှဲခဲ့တဲ့ Daveeys တစ်ယောက်ယခုလို မထင်မှတ်ထားပဲရုတ်တရက်ကွယ်လွန်ခဲ့မှုအပေါ် Valorant Esports community တစ်ခုလုံးအံ့အားသင့်ခဲ့ရပါတယ်။

Daveeys ဟာ KRU Esports အသင်းရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ (၂၀၂၁-၂၀၂၂) ကာလတွေကတည်းက ပါဝင်ခဲ့တဲ့အသင်းရဲ့ main player တစ်ယောက်ဖြစ်ပြီးတော့ယခုလိုဖြစ်ရပ်ဆိုးဟာ KRU Esports အသင်းအတွက်သာမက Valorant Esports Community တစ်ခုလုံးအတွက်လည်းစိတ်မကောင်းနစ်နာစရာဖြစ်ခဲ့ပါတယ်။

May your soul rest in peace Daveeys .

ဘာလို့လဲ? ဘာကြောင့်လဲ?ယခု ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ပြည်တွင်းမှာ အရင် (၂၀၂၁-၂၀၂၂) ခုနှစ်တွေကထက်ပိုပြီးတော့ third party espo...
05/09/2023

ဘာလို့လဲ? ဘာကြောင့်လဲ?

ယခု ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ပြည်တွင်းမှာ အရင် (၂၀၂၁-၂၀၂၂) ခုနှစ်တွေကထက်ပိုပြီးတော့ third party esports ပြိုင်‌ပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပြုလုပ်လာကြပြီးတော့ ယှဉ်ပြိုင်တဲ့အသင်းတွေရော event organization တွေကပါအပြိုင်အဆိုင်ဖြစ်လာကြတာကိုသိသိသာသာမြင်တွေ့လာရပါတယ်။

-ဆုကြေးကွာဟမှုကြီးမားလာခြင်း။

ဒါပေမဲ့လည်း Mobile Games နဲ့ PC Games တွေရဲ့ကြားက Prize pool ကွာဟမှုဟာလည်း အရင်နှစ်‌တွေကထက်အတော်လေးကြီးမားလာတာကိုထပ်မံမြင်တွေ့ရပြန်ပါတယ်။ အချို့ပြိုင်ပွဲတွေမှာတော့ Mobile Game နဲ့ PC Game တွေရဲ့ဆုကြေးဟာ (၁၀) ဆနီးပါးကွာဟလာပါတယ်။

-နှိုင်းယှဉ်ကြည့်ခြင်း။

ပြည်တွင်း third party ပွဲတွေရဲ့ Mobile games ဘက်မှာဆိုရင် MLBB game တစ်ခုတည်းကိုသာ ပိုမိုအားစိုက်ပြုလုပ်လေ့ရှိပြီး PC Game ဘက်မှာဆိုရင်လည်း Dota2 တစ်ခုတည်းကသာ အခြား PC game တွေထက်ပိုမိုပြိုင်ဆိုင်မှုပြင်းထန်တာကိုတွေ့ရမှာပါ။

ဒီလိုယှဉ်ပြမှုနှစ်ခုမှာတော့ Mobile games တွေမှာဆိုရင် MLBB ကပြည်တွင်းမှာ community အတောင့်တင်းဆုံး game အမျိုးအစားဖြစ်နေပြီးတော့ PC Game ဘက်မှာဆိုရင် Dota2 ကအင်အားအတောင့်တင်းဆုံး game အမျိုးအစားအဖြစ်အသီးသီးရှိနေပါတယ်။ ယခုလို Local မှာ Fan base အများဆုံးဂိမ်း‌နှစ်ခုရဲ့ကြားက Prize pool ကွာဟမှုဟာ (၁၀)ဆနီးပါး အထိရှိနေခြင်းက Dota2 gamer တွေအပြင်အခြားသော PC Games ဆေ့ာကစားသူတွေအတွက်ပါစိတ်ပျက်စရာအနေအထားမှာရှိနေပါတယ်။

ဒီလိုကွာဟနေတဲ့အနေအထားကိုတော့ နိုဝင်ဘာမှာကျင်းပပြုလုပ်မဲ့ မြန်မာနိုင်ငံရဲ့ Prize pool အများဆုံးပြိုင်ပွဲဖြစ်တဲ့ The Yangon Major ပြိုင်ပွဲကဖာထေးပေးနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမဲ့အပြင်
နိုဝင်ဘာလထဲမှာပဲ GG. Gaming Fest နဲ့ LOD S2 လိုမျိုး Onground ပြိုင်ပွဲတွေပါရှိနေတာကြောင့် နိုဝင်ဘာလကတော့အတော်လေးပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေနဲ့ပြည့်နှက်နေတဲ့လလို့ဆိုလည်းနိုင်ပါတယ်။

ပြည်တွင်းရဲ့အတောင့်တင်းဆုံး game community တွေဖြစ်တဲ့ MLBB နဲ့ Dota2 ကြားက Prize pool ကွာဟမှုဟာ (၁၀)ဆအထိရှိနေတာကိုတော့ Dota2 ကိုဆော့ကစားတဲ့သူတွေအနေနဲ့ လုံးဝလက်ခံနိုင်စရာမရှိတဲ့အနေအထားမှာရှိနေပါတယ်။

ဒါဟာဘာကြောင့်လဲ?ဘာလို့လဲ? အခုဖတ်နေတဲ့စာဖတ်သူတွေရဲ့အမြင်ကိုလည်း Comment မှာချရေးသွားနိုင်ပါတယ်။

ဒုတိယနေရာဖြင့်သာကျေနပ်ခဲ့ရတဲ့ Yangon Galacticosမနေ့ညကယှဉ်ပြိုင်ဆော့ကစားခဲ့ကြတဲ့ IESF World Championship Dota2 ပြိုင်ပွဲရ...
04/09/2023

ဒုတိယနေရာဖြင့်သာကျေနပ်ခဲ့ရတဲ့ Yangon Galacticos

မနေ့ညကယှဉ်ပြိုင်ဆော့ကစားခဲ့ကြတဲ့ IESF World Championship Dota2 ပြိုင်ပွဲရဲ့ grand final ပွဲစဉ်ကြီးမှာတော့ Team Myanmar "Yangon Galacticos" အသင်းဟာ Team Mongolia အသင်းကိုအကောင်းဆုံးတုန့်ပြန်ဆော့ကစားနိုင်ခဲ့ပေမဲ့ (၂-၁) ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ကာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာပဲဖြစ်ပါ့တယ်။

Team Myanmar ဖြစ်တဲ့ YG အသင်းအနေနဲ့ ပွဲစဉ်တစ်လျှောက် ကောင်းမွန်တဲ့လက်စွမ်းတွေပြသထားနိုင်ခဲ့ပြီးတော့ယခု Grand Final အရောက်မှာတော့ အမှတ်မထင်ပဲရှုံးနိမ့်ကာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

Yangon Galacticos အသင်းဟာယခုပြိုင်ပွဲမှာဒုတိယနေရာမှာရပ်တည်နိုင်ခဲ့တာကြောင့် Prizepool USD 30,000 အထိရရှိခဲ့ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Immortal Esports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Immortal Esports:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share