Zaw Min Htike

  • Home
  • Zaw Min Htike

Zaw Min Htike Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zaw Min Htike, Media/News Company, .

15/09/2024

တောင်ငူ ရမည်းသင်းက အိမ်ပျက်ဆီးသွားတဲ့အိမ် ၂၀ကို အိမ်ပြန်လည် တည်ဆောက်ပေးရန် ကျနော်တို့ သူငယ်ချင်းတွေ စီစဥ်နေပါတယ်

မိတ်ဆွေများအနေဖြင့် ကူညှီပါဝင်လှုဒါန်းနိုင်ပါသည်

ကမ္ဘာတစ်ဝန်း တမန်တော်မြတ်(PBUH) မွေးနေ့ဂုဏ်ပြုပွဲကျင်းပမှု ပုံရိပ်များအောက်တိုဘာ ၃၁၊ ၂၀၂၀                               ...
31/10/2020

ကမ္ဘာတစ်ဝန်း တမန်တော်မြတ်(PBUH) မွေးနေ့ဂုဏ်ပြုပွဲကျင်းပမှု ပုံရိပ်များ

အောက်တိုဘာ ၃၁၊ ၂၀၂၀ Myanmar Muslim Media

Unicode
ကမ္ဘာတစ်ဝန်းမွတ်စလင်တွေဟာ အောက်တိုဘာ ၂၉ရက်နေ့မှာကျရောက်ခဲ့တဲ့ အီးဒ်မီလာဒ်အန်နဗီ မောင်လွတ် ခေါ် တမန်တော်မြတ်(ဆွ)ရဲ့ မွေးနေ့ကိုဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ ဂုဏ်ပြုပွဲဟာ ၂၉ရက်နေ့ညနေပိုင်းက စတင်ပြီး အောက်တိုဘာ၃၀ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အစ္စလာမ်ပြက္ခဒိန်ရဲ့ ၃လမြောက်မှာကျရောက်တဲ့ အီးဒ်မီလာဒ်အန်နဗီမောင်လွတ်ပွဲကို ကမ္ဘာတစ်ဝန်းဂုဏ်ပြုကျင်းပခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှလိုက်ရပါတယ်။

ကမ္ဘာတစ်၀န်း တမန်တော်မြတ်(PBUH) မွေးနေ့ဂုဏ်ပြုပွဲကျင်းပမှု ပုံရိပ်များ

Zawgyi
အောက်တိုဘာ ၃၁၊ ၂၀၂၀ Myanmar Muslim Media

ကမ္ဘာတစ်၀န်းမွတ်စလင်တွေဟာ အောက်တိုဘာ ၂၉ရက်နေ့မှာကျရောက်ခဲ့တဲ့ အီးဒ်မီလာဒ်အန်နဗီ မောင်လွတ် ခေါ် တမန်တော်မြတ်(ဆွ)ရဲ့ မွေးနေ့ကိုဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ ဂုဏ်ပြုပွဲဟာ ၂၉ရက်နေ့ညနေပိုင်းက စတင်ပြီး အောက်တိုဘာ၃၀ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အစ္စလာမ်ပြက္ခဒိန်ရဲ့ ၃လမြောက်မှာကျရောက်တဲ့ အီးဒ်မီလာဒ်အန်နဗီမောင်လွတ်ပွဲကို ကမ္ဘာတစ်၀န်းဂုဏ်ပြုကျင်းပခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှလိုက်ရပါတယ်။

ဂျိန်းစ်ဘွန်း မင်းသားကြီး Sean Connery ကွယ်လွန်ဧရာဝတီ၊ အောက်တိုဘာ ၃၁ ၊ ၂၀၂၀ ။ ဂျိန်းစ်ဘွန်း မင်းသားအဖြစ် လူသိများ ကျော်က...
31/10/2020

ဂျိန်းစ်ဘွန်း မင်းသားကြီး Sean Connery ကွယ်လွန်

ဧရာဝတီ၊ အောက်တိုဘာ ၃၁ ၊ ၂၀၂၀ ။

ဂျိန်းစ်ဘွန်း မင်းသားအဖြစ် လူသိများ ကျော်ကြားခဲ့တဲ့ Scottish မင်းသားကြီး Sir Thomas Sean Connery ဟာ ယနေ့၊ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မင်းသားကြီးဟာ ၁၉၆၂ ခုနှစ်မှ စတင်ကာ ၁၉၈၃ ခုနှစ်အထိ James Bond ဇာတ်ကောင်နဲ့ အောင်မြင် ကျော်ကြားခဲ့ပြီး သူ့ဘဝ အနုပညာ သက်တမ်းတလျှောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

မင်းသားကြီး Sean Connery ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

Ref. BBC

23/10/2020
💪💪💪💪ဇွဲ မလျော့သူ 💪💪💪💪၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတ...
21/10/2020

💪💪💪💪ဇွဲ မလျော့သူ 💪💪💪💪

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။ အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။
ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ဝိုင်းအုံသွားခဲ့ကြတယ်..။ ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်၀န်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်...။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်...။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်၀န်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေကလည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာ၀ယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော်တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်..။ ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်...။
ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်၀င်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမား၀င်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူ၀င်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်...။ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်...” ဆိုပြီး သူရွေးကောက်ပွဲ၀င်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။
သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။
ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာ၀န်ဖြစ်ပါတယ်....။
Credit: original

15/10/2020

ကိုဗစ်ပိုးကူးစက်မှုကြောင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ အောက်တိုဘာ ၁၅

ကိုဗစ်ပိုးကူးစက်မှုကြောင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) စတုဘုမ္မိကနိကာယဂဏနာယက (ငှက်တွင်း) အကျိုးတော်ဆောင် ယနေ့ မနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ဝန်ကြီးရုံး၊ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Myanmar Harp ကိုပြောသည်။

“ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားပါပြီ၊ အောက်တိုဘာ ၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်၊ နောက် သင်္ဃန်းကျွန်းဆေးရုံ၊နောက် ဧရာဝတီကုသရေးစင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ကုသပါတယ်၊ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်”ဟု ၎င်းကပြောသည်။

ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊ စတုဘုမ္မိက ဗဟိုဌာနကျောင်းတိုက်၊ ဦးစီးပဓာနနာယက လည်းဖြစ်တော်မူသည်ဟုသိရသည်။

ဆရာတော်ကြီးကို ယနေ့ ၁၅-၁၀-၂ဝ၂ဝ (ကြာသပတေးနေ့) နံနက် ၉း၄၉ အချိန်တွင် အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီဟုလည်းသိရှိရသည်။
အရှင်တေဇနိယ(မန်းတောင်ခြေ)က ဆရာတော်ကြီးနှင့် ပတ်သတ်ပြီး“ကျောင်းမှာသီတင်းသုံး‌ရင်းအသက်ရူရတာမကောင်းလို့ကားဒရိုင်ဘာနဲ့အတူဝေဘာဂီဆေးရုံမှာသွားပြတယ်။စစ်ဆေးကြည့်လိုက်တော့ကိုဗစ်ပိုးရှိတာတွေ့ရတယ်။
ဒါနဲ့ကျောင်းတိုက်ကိုလော့ဒေါင်းချသံဃာ/ကျောင်းသားအားလုံးသက်ဆိုင်ရာသို့ပြောင်း‌ရွေ့ခဲ့ရတယ်။ သက်သာပြီပြန်ရတော့မယ်လို့ထင်နေမှဒီမနက်မှာပျံလွန်တော်မူသွားတယ်။ ဒီဖြစ်စဉ်အားလုံးဟာရက်သတ္တပတ် အတွင်းမှာဖြစ်သွားတယ်၊ ကိုဗစ်ရောဂန္တရကပ်ဆိုးကြောင့်အရွယ်မျိုးစုံ/အဆင့်အတန်းမျိုးစုံအသက်သေဆုံးခြင်းနဲ့ကြုံရတယ်၊ ကပ်ရောဂါနှင့်ကြုံနေရတဲ့အခါမှာတော့ရာထူး/အာဏာ/ပါဝါဘယ်လောက်ကြီးကြီးငွေကြေးဘယ်‌လောက်တတ်နိုင်‌/တတ်နိုင်
လူမသိ/သူမသိ တိတ်တဆိတ် ပင်ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်၊ "" ကော ဇညာ မရဏံ သုဝေ"" ကပ်ရောဂါကာလအတွင်းမှာသွေးတိုး/ဆီးချိုအခြေခံရှိသူများအထူးသတိထားတော်မူကြပါဘုရား....ဘဝသံသရာ ခရီးရှည်ကြီးမှာ...ဘေးဘယာဝေးကွာ....ကျန်းမာချမ်းသာကြပါစေ.....”ဟု ဖေ့ဘုတ်စာမျက်နှာထက် မိန့်ကြားထားသည်ကိုတွေ့ရသည်။

#ကိုမင်း
Harp

ဟာသပုံပြင်များ (2)■ဆေးလိပ်သမားနဲ့ ဗလီဆရာ~~~~~~~~~ဂျန်နတ်မှာ ဆေးလိပ်ရနိုင်မလားလို့ လူတစ်ယောက်က ဗလီဆရာကို မေးတယ်။ ရနိုင်တာ...
15/10/2020

ဟာသပုံပြင်များ (2)

■ဆေးလိပ်သမားနဲ့ ဗလီဆရာ
~~~~~~~~~
ဂျန်နတ်မှာ ဆေးလိပ်ရနိုင်မလားလို့ လူတစ်ယောက်က ဗလီဆရာကို မေးတယ်။ ရနိုင်တာပေါ့လို့ ဗလီဆရာက ဖြေတယ်။ ဆေးလိပ်သမားလည်း ပျော်သွားပြီး ဟာ! ဒါဆိုရင် ဆေးလိပ်ဖြတ်စရာ မလိုတော့ဘူး၊ ကောင်းလိုက်တာဆရာရယ်လို့ ပြောတယ်။ ဒီတော့ ဗလီဆရာပြန်ပြောလိုက်တာက- ဆေးလိပ်တော့ ရနိုင်တယ်။ မီးညှိချင်ရင်တော့ ဂျဟန်နမ် သွားယူရမယ်တဲ့။

☠☠☠☠☠☠

■ဘယ်လိုဖြစ်ဖြစ် ရိုက်မှာပဲ
~~~~~~~~~~~
ဘာသာရေးကျောင်းဆရာနဲ့အတူ ကျောင်းသားတစ်ဦးဟာ အလှူအိမ်မှာ အလှူသွားရောက် စားသောက်ကြတယ်။ ကျောင်းသားက ထမင်းစားတော့ ရေ ခဏ-ခဏသောက်နေတယ်။ ဟေ့ကောင်! သူများကျွေးတဲ့ အလှူဆိုတာ ကောင်းကောင်းကြိတ်ပေးမှ သူတို့ များများ ကုသိုလ်ရတာ။ မင်းက ရေတွေ ဒီလောက်သောက်နေရင် အလကားစားရတာတွေ များများဘယ်ကြိတ်နိုင်တော့မလဲကွလို့ ကျောင်းဆရာက ပြောပြီး ကျောင်းသားရဲ့ ကြောပြင်ကို တချက်ရိုက်လိုက်တယ်။ ရေနဲ့မြှောချမှ များများကြိတ်နိုင်မှာပေါ့ဆရာရဲ့လို့ ကျောင်းသားက ပြန်ပြောတော့ ကျောင်းဆရာက နောက်တချက် ထပ်ရိုက်လိုက်ပြီး ပြောလိုက်တာက-
"အစကဘာလို့ ကြိုမပြောလဲ"တဲ့။

✊✊✊✊✊✊

■ကြောပူတာခံနိုင်တယ်၊ နားပူတာ မခံချင်လို့
~~~~~~~~~~
လယ်စိုက်တာ တစ်ရက်ကို ဘယ်လောက်ရသလဲလို့ ဗလီဆရာတစ်ဦးက နေ့စားလယ်သမားတစ်ယောက်ကို မေးတယ်။
တစ်ရက် 3000 လောက်တယ်လို့ လယ်သမားက ဖြေတယ်။
လယ်မစိုက်နဲ့တော့၊ ဗလီမှာ ငါနဲ့လာနေ။ တစ်ရက်ကို 5000 ပေးမယ်လို့ ဗလီဆရာက ပြောတယ်။
လယ်သမားလည်း သဘောကျပြီး ဗလီမှာနေတယ်။ 3ရက်လောက်ကြာတော့ လယ်သမားပျောက်သွားလို့ လိုက်ရှာတဲ့အခါ လယ်ထဲမှာ လယ်စိုက်နေတာကို တွေ့တယ်။ ဗလီဆရာလည်း ဒေါပွသွားပြီး

"မင်းလယ်စိုက်နေရတာ ကြောပူမှာပဲဆိုပြီး သနားလို့ မင်းကို ဗလီမှာ ခေါ်ထားတာ၊ မင်းက ခွေးမီးကောက် ကျည်တောက်စွပ်ပဲ"လို့ ပြောတယ်။

ဒီတော့ လယ်သမားက ပြန်ပြောလိုက်တာက- "ဆရာရယ်၊ လယ်ထဲမှာ လယ်စိုက်ရတာက ကြောပဲပူတာ၊ ဆရာ့နားမှာ လာနေပြီး တရားတွေ နားထောင်ရတာ
#နားလည်းပူတယ်၊
#ဖင်လည်းပူတယ် ။
#ခေါင်းလည်းပူတယ်။ အလ္လာဟ်က ဘယ်လို လအ်နတ်ပို့တာ၊ ဘယ်လိုအဇားဘ်ပေးလို့ ဘယ်လိုခံစားရမယ်ဆိုတာတွေချည်း ကြားနေရတော့
#ရင်ပါပူတယ် ဆရာရေတဲ့။

14/10/2020

ယနေ့သေဆုံး (၃၉)ယောက်တွင် ဆီးချိုအခံနဲ့သေဆုံးသူ (၂၀) နှလုံးရောဂါနဲ့သေဆုံးသူ (၈)ဦး ကျန်(၁၁)ဦးထဲက(၅)ဦးကကားပေါ်မှာတင်ကွယ်လွန်ပြီး(၆)ဦးကတော့ရောဂါအခံမရှိပဲကိုဗစ်ကြောင့်ကွယ်လွန် သေဆုံးသူအများစုက အသက် (၇၀ )ဝန်းကျင်တွေအများဆုံးပါဝင်သည်

အိမ်ကို ရေသန့်လာပို့ပေးသူအား ပြန်ပြီးရေတိုက်ဖူးပါသလား။ ရေသန့်ပို့ရင်း ဘယ်လောက် ရေငတ်နေလိုက်မလဲနော်။ စလုပ်ကြည့်ပါ။ Credit
14/10/2020

အိမ်ကို ရေသန့်လာပို့ပေးသူအား ပြန်ပြီးရေတိုက်ဖူးပါသလား။ ရေသန့်ပို့ရင်း ဘယ်လောက် ရေငတ်နေလိုက်မလဲနော်။ စလုပ်ကြည့်ပါ။

Credit

12/10/2020

ခက်ခဲမူနှင့်အတူ
လွယ်ကူမူသည်
ဒွန်တွဲလျက်ရှိနေလျက်ပါ

 #အများကောင်းကျိုးအတွက်တနေ့ သောအခါသစ်ခုတ်သမား တစ်ယောက်ဟာမြစ်ကမ်းနဘေးရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ လက်ထဲကပုဆိန်ရေထဲ ...
09/10/2020

#အများကောင်းကျိုးအတွက်

တနေ့ သောအခါ
သစ်ခုတ်သမား တစ်ယောက်ဟာ
မြစ်ကမ်းနဘေးရှိ သစ်ပင်ကိုခုတ်ရင်း
အရှိန်လွန်ကာ လက်ထဲကပုဆိန်
ရေထဲ ပြုတ်ကျသွားတယ်....

ပြန်ရှာမရတဲ့အဆုံး..
ရွာသားလည်း
၀မ်းနည်းစွာ ငိုကြွေးတာပေါ့...

ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
ဘာကြောင့် များငိုနေရတာလဲ အသင်လူသား.....

ကျွန်တော်မျိုး ပုဆိန်
ရေထဲပြုတ်ကျသွားလို့ပါအရှင်....
ထိုပုဆိန်နဲ့ပဲ ကျွန်တော်မျိုး သက်မွေးရတာပါ .....

အသစ်လဲမ၀ယ်နိုင်ပါဘူး... လို့

အမှန်အတိုင်းဖြေလိုက်တော့....

မြစ်စောင့်နတ်လဲ
ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ ရွှေပုဆိန် နဲ့
ပြန်ရောက်လာပြီး
" ဒါ သင့်ပုဆိန်လား "

"မဟုတ်ပါဘူး "
ထိုအခါ မြစ်စောင့်နတ် လဲ
ငွေပုဆိန်ကိုပြပြီး
"ဒါရော သင့်ပုဆိန်လား "

" မဟုတ်ပါဘူး "
ထိုအခါ မြစ်စောင့်နတ်လဲ
သံပုဆိန်ကို ပြပြီး
" ဒါရော သင့်ပုဆိန်လား "

"ဟုတ်ပါတယ် ..
ကျွန်တော်မျိုး ပုဆိန်ပါ "
ဟုဖြေလိုက်သော်
မြစ်စောင့်နတ် လည်း
ကျေနပ်ပြီး ရွာသား၏
ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့်
ပုဆိန်သုံးလက်စလုံးကို ပေးလိုက်လေသည်....

ကာလအတန်ကြာသော်
သစ်ခုတ်သမား
လင်မယားဟာ
မြစ်ကမ်းနဘေး မှာ
လမ်းလျှောက်နေစဉ်
သူ့မိန်းမမှာ ခြေချော်ပြီး
ရေထဲသို့ပြုတ်ကျပြီး
မြုပ်သွားလေသည်...
ပြန်ရှာမရတဲ့အဆုံး..
ရွာသားလည်း
ဝမ်းနည်းစွာ ငိုကြွေးနေတာပေါ့...

ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
"ဘာကြောင့်များ ငိုနေရတာလဲ အသင်လူသား "

" ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် "
ဟု အမှန်အတိုင်းဖြေလိုက်တော့
မြစ်စောင့်နတ်လည်း ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ "အိချောပို" နဲ့ အတူ ပြန်ရောက်လာပြီး
"ဒါသင့် မိန်းမလား "ဟုမေးသော်

ရွာသားက - "ဟုတ်ပါသည် အရှင်နတ်မင်းကြီး"
ထိုအခါမြစ်စောင့်နတ်လည်း ဒေါသထွက်ပြီး ..
"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်"
ဟု ပြောသော် ရွာသားက ....

"ခွင့်လွတ်ပါ..
အရှင် နတ်မင်းကြီး ...

ကျွန်တော်လိမ်ချင်လို့
လိမ်ရခြင်းမဟုတ်ပါ...

အကယ်၍ "အိချောပို" ကို
ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..

နတ်မင်းကြီးက
"သင်ဇာဝင့်ကျော်" ကို
ပြပေလိမ့်မည်...

အကယ်၍
"သင်ဇာဝင့်ကျော်" ကို
ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..

နတ်မင်းကြီးက
ကျွန်တော့် မိန်းမကို
ပြပေလိမ့်မည်...

ထိုအခါ ကျွန်တော်မျိုးက
အမှန်အတိုင်း
ဟုတ်ပါသည် ဟုဖြေသော်
အရှင် နတ်မင်းကြီး က
ကျွန်တော့်ကို
မိန်းမသုံးယောက်စလုံး
ပေးပေလိမ့်မည် ...

အရှင် နတ်မင်းကြီး
ကျွန်တော်မျိုးသည်
အလွန်ဆင်းရဲပါသည်
ထို့ကြောင့် ဘယ်လိုမှ
မိန်းမသုံယောက်ကို
၀မ်းဝအောင် ရှာမကျွေးနိုင်ပါ...

ထိုကြောင့် "အိချောပို" ကို ကျွန်တော့်မိန်းမပါဟု
ဖြေလိုက်ရခြင်းဖြစ်ပါတယ် "

ထိုအခါ မြစ်စောင့်နတ်လည်းလွန်စွာ ကျေနပ်ပြီး
ရွာသား၏ ရိုးသားမှုကို
ဂုဏ်ပြုသောအားဖြင့်
မိန်းမသုံးယောက်လုံး
ကိုပေးပြီး တသက်စာ
စားမကုန်သော
စည်းစိမ်တို့ကိုပါ
ပေးလိုက်လေသည် 😁😁😁

ဤ ပုံပြင်လေး၏ အဓိက ရည်ရွယ်ချက်ကတော့ ...
ယောကျာ်းများ
လိမ်ပြောသည်ဆိုရာတွင်
လိမ်ချင်၍ မဟုတ်ပဲ😁....

အများ ကောင်းကျိုးအတွက်
ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ..... 😁😁😁

"အဖြူရောင် မုသား" များသာဖြစ်ကြောင်း .....😁😁

သိစေလို၍ ဖြစ်ပါသည် .....

😁😁😁

 #ချေဂွေဗားရားလူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့ ဘာဆန်းလို့တုန်းဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာတ...
09/10/2020

#ချေဂွေဗားရား

လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့
ဘာဆန်းလို့တုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။
လူဆိုတာ ကျည်ဆန်နဲ့မသေလည်း
နောက်တနည်းနဲ့
သေချာပေါက် သေရမှာ သေချာ။

ဥပမာ ပလက်ဖောင်းပေါ်မှာ
လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတအိုး ပြုတ်ကျလာပြီး
သွေးအိုင်ထဲ
နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။

ဥပမာ ပင်လယ်ရဲ့ ညနေဆည်းဆာကို
ထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့
ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့
လူအုပ်ကြီးလိုပေါ့။

ဥပမာ ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ
ဒဏ်ခံကြိုးတချောင်းဆီကပြတ်ထွက်
ညဘက် ဒေတာတခုလုံး
နံရံတခုထဲပြေး၀င် ပြဲထွက်သွားသလိုပေါ့။

ရပါတယ်။
မရတာက
ခင်းဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲကဆေးထိုးအပ်ကို
လွတ်ကျစေခဲ့တာပဲ။

ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ
ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။

လူဆိုတာ လူကိုကာကွယ်ရမယ်။
ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။

ဒီ့အတွက် ကျုပ်မှာသက်သေခံအထောက်အထား အိမ်ထောင်စုဇယားမရှိ။

ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။

ဒီ့နောက်မှာ ကျုပ်ဦးထုပ်
ခင်ဗျားတို့ခေါင်းပေါ်ရောက်နေမှာကို
ကျုပ်မသိ။

ဒီ့နောက်မှာ ကျုပ်အလောင်း
ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို
ကျုပ်မသိ။

ဒီ့နောက်မှာ ဒီနာမည် ဟာ
တော်လှန်ရေးရဲ့
သင်္ကေတတစ်ခုဖြစ်သွားမှာကို
ကျုပ်မသိ။

လူငယ်တို့
အရေပြားပေါ် ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့ တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။

မတရားမှုဟာ
တစ်ချက်ခြင်းသွားနေတဲ့ နာရီတလုံးထဲက စက္ကန့်တံတချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတဦးအဖြစ် ကမ္ဘာထဲ ဆက် သွာနေလိမ့်ဦးမယ်။

သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။

ကျုပ်ဇနီး အလိုင်ဒါ ကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်း နောက်အိမ်ထောင်ပြုလိုက်လို့။

ကဲ တချက်တည်းနဲ့
ကျင်း၀င်အောင် စိမ်တတ်သူကြီးတို့
တချက်တည်းနဲ့
ငါ့ကိုရအောင်ယူလိုက်တော့။

အဲ့ဒီလို ကျုပ်သူတို့ကို
အော်ပြောလိုက်တဲ့ အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ
ပြန့်ကျဲ နေဆဲလေ
မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။

#ခရမ်းပြာထက်လူ
၂၀၁၂ ခုနှစ်

PPP ပါတီ၏ မွတ်စလင်မ်များအပေါ် သဘောထားကိုကန့်ကွက်ကြောင်း ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ကအကြံပြုလွှာထုတ်ပြန်ပြည်ထော...
08/10/2020

PPP ပါတီ၏ မွတ်စလင်မ်များအပေါ် သဘောထားကိုကန့်ကွက်ကြောင်း ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ကအကြံပြုလွှာထုတ်ပြန်

ပြည်ထောင်စုအဆင့် ဒီဘိတ်ဖြစ်စေ ဒိုင်ယာလော့ခ် ဖြစ်စေ ရင်ဆိုင်ရန်အသင့်ဟုလည်းဆို

05/10/2020

ဒီ Page လေးကိုလဲ like လုပ်ထားပေးကြပါ

Address


Website

Alerts

Be the first to know and let us send you an email when Zaw Min Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share