Military Weapons News

  • Home
  • Military Weapons News

Military Weapons News Non Government Organization and Defense News

04/04/2023

India Air Force
DHRUV
Aerobatic Team

Zambia လေတပ်ရဲ့ အပေါ့စားတိုက်ခိုက်ရေးနဲ့တန်းမြင့်အမောင်းသင်လေယာဉ် L15 အား ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည့် Zambia စစ်...
28/03/2023

Zambia လေတပ်ရဲ့ အပေါ့စားတိုက်ခိုက်ရေးနဲ့တန်းမြင့်အမောင်းသင်လေယာဉ် L15 အား ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည့် Zambia စစ်သည်များ ။
အဆိုပါ L15 တွင် တရုတ်လေတပ်သုံး L15 များကဲ့သို့ IFF Antenna များမြင်တွေ့ရချင်းမရှိပါဘူး။

၂၇ ရက်နေ့မှာ ပြင်ပသတင်းဌာနတွေရဲ့ကောင်းမှု့နဲ့ ယာဉ်တစ်ချို့ရဲ့ ပုံတွေကို အတော်လေးပြတ်ပြတ်သားသား မြင်ရတော့ အာနည်းနည်းထုချင...
27/03/2023

၂၇ ရက်နေ့မှာ ပြင်ပသတင်းဌာနတွေရဲ့ကောင်းမှု့နဲ့ ယာဉ်တစ်ချို့ရဲ့ ပုံတွေကို အတော်လေးပြတ်ပြတ်သားသား မြင်ရတော့ အာနည်းနည်းထုချင်လာတာနဲ့လိုက်မွှေနှောက်ကြည့်မိတယ်။ အဲ့ထဲက 155mm အမြောက်ကြီးနဲ့ 122mm ကို ဆွဲလာတဲ့ HeavyDuty Truck ယာဉ်ကို ကြည့်မိတော့ Steyr ဆိုပြီးမြင်ရလို့ ရှာကြည့်တော့ ဥရောပက Austria နိုင်ငံရဲ့ Defense Industry တစ်ခုဖြစ်တဲ့ Steyr AUG သေနတ်ကို ထုတ်တဲ့ Company ဗျ။ ဥရောပ တံဆိပ်စစ်သုံးယာဉ်တစ်စီးက တပ်မတော်ဆီ ဘယ်ပုံရောက်လာလည်းဆိုတော့ 1980 ကျော်မှာ တရုတ်နိုင်ငံက Steyr ဆီကနေ Steyr 91 Model တွေကိုလိုင်စင်ယူပြီး အလုံးအရင်းနဲ့ထုတ်သုံးတာကစတာပဲဗျ။ ဒါပေမဲ့ တရုတ်ပြည်တွင်းမှာသုံးနေတဲ့ Steyr 91 ကို Shacman SX2190N ဆိုတဲ့ နာမည်နဲ့ သုံးပြီး ပြည်ပနိုင်ငံကိုတင်ပို့တဲ့အခါမှာ Shaanxi Steyr နာမည်နဲ့ရောင်းပါတယ်။ လုပ်ငန်းခွဲ 4ခုရှိပြီး ဘီးပါတဲ့ ကားတွေမှန်သမျှ အကုန်ထုတ်ပါတယ်(လူစီး/အိမ်စီးကားငယ်တွေတော့မပါပါဘူး)။အဲ့ဒီ Shaanxi ဆိုတာ Y-8 တွေလည်းထုတ်ပါတယ်။ လေယာဉ်ထုတ်တဲ့ ဌာနခွဲကတော့ AVIC ရဲ့လက်အောက်မှာ အလုပ်ပါတယ်။ Steyr က Shaanxi နဲ့တွဲလုပ်တယ်ဆိုပြီးဘာလို့ Shinotruk Logo ပါနေရတာလည်းဆိုတော့ ကုန်တင်ကားနဲ့ဆက်စပ်တဲ့ company မှန်သမျှက China National Heavy Duty Truck Group (CNHTC) လက်အောက်မှာလုပ်ကိုင်ရပြီး အဲ့ဒီအဖွဲ့ကို တရုတ်ဗဟိုအစိုးရရဲ့လက်အောက်မှာထားတာမို့ပါ။ တရုတ်Truck ကားထုတ်တဲ့ Company မှန်သမျှ EU အခြေစိုက်နာမည်ကြီး ကားထုတ်လုပ်ရေး Company တွေနဲ့ ပူးတွဲပိုင်ဆိုင်ကြတာပါ။Volkswagen ဆိုရင် Shinotruk ရဲ့ ရှယ်ယာ 25% ပိုင်ဆိုင်ပါတယ်။ပြောချင်တာကတော့ တရုတ်နိုင်ငံကားဈေးကွက်ကကြီးမားပါတယ်။ကျနော် တရုတ် ကိုရောက်တိုင်း ဆိပ်ကမ်းရဲ Agent ကအစ အများစုက Volkswagen BMW Ford လိုကားတွေစီးကြတာပါ။အဲ့တာ‌‌ကြောင့် တပ်မတော်က IVECO လို Steyr လို Heavy Duty truck တွေသုံးနေတယ်ဆိုရင်တော့ သိပ်အံ့ဩစရာမရှိပါဘူး။ ဒါကတစ်ပိုင်းပါ နောက်တစ်ခုက 25mm AAG/ 122mm/240mm/300mm နဲ့ D30 တင်ယာဉ် KS-1M လက်နက်စနစ်တွေရဲ့ အောက်ခံယာဉ် Miltruk က အားလုံး Wheel base အနည်းအများသာကွာပြီး အတူတူနီးပါးဖြစ်နေတာမြင်ရမှာပါ။ ဒါက DI က လက်နက်စနစ်အမျိုးမျိုးအတွက် အသုံးချနိုင်တဲ့ အခြေခံ Chassis တစ်ခုတော့အမှီအခိုနည်းနည်းနဲ့ ထုတ်နိုင်နေပြီဆိုတာပါပဲ။ ဒီဘက်ခေတ်မှာနိုင်ငံကြီးတွေကလွဲလို့ ကားတစ်စီးအတွက် အပ်ကအစမောင်းလို့ရတဲ့ထိ ဘယ်သူမှထုတ်မနေပါဘူး။ ကိုယ်တိုင်တက်နိုင်တဲ့အပိုင်းတွေ ကို့ဘာသာထုတ်ပြီး လိုတဲ့ အင်ဂျင် ဂီယာဘောက်ကို တရုတ်နိုင်ငံကမှာယူတပ်ဆင်တာမျိုးကမြန်မာနိုင်ငံအနေအထားနဲ့ အဖြစ်နိုင်ဆုံးပါ။ယာဉ်တွေအကုန်လုံး All Wheel Drive ဖြစ်တာမို့ တော်ရုံလမ်းမျိုးကို သက်တောင့်သက်သာနဲ့သွားလာနိုင်မှာပါ။ Chassis တစ်ခုထုတ်နိုင်တယ်ဆို သံချပ်ကာအကာအကွယ်အသင့်အတင့်နဲ့ လူသယ်ယာဉ်တွေ MRAP တွေအတွက် လမ်းစတစ်ခုဖြစ်လာမှာပါ။ယခင်ထဲကလည်း MAV တွေ BBAC တွေတည်ဆောက်ဖူးတာမို့တကယ်သာအရေးတကြီးလိုအပ်လာမယ်ဆို အခက်အခဲအနည်းငယ်ကလွဲလို့အဆင်ပြေလာနိုင်ပါတယ်။ အောက်ကပုံတွေကတော့ Shinotruk ကထုတ်တဲ့ all purpose အသုံးပြုနိုင်တဲ့ Chassis တွေပဲဖြစ်ပါတယ်။ သေချာ လေ့လာရင်တော့ ပိုပြီး detil ကျကျ သိရမှာပါ။ ကျနော်ကတော့ ရေပေါ်ဆီလောက်ပဲလိုက်ဖတ်ကြည့်ထားတာမို့ ဒီလောက်ပါပဲဗျ။

ပြီးတော့ 300mm GMLRS ကြီးကို ဆေးအရမ်းမမှုတ်ကြပါနဲ့လို့ 😁 ဆေးတွေပျံ့နေတယ်။

ပုံတွေအတွက်

PanNew
KoTheinTunOo
KoAungMoeKyaw

အကုန်လုံး Credit ပေးပါတယ်ခင်ဗျာ









တပ်မတော်ရေမှ တည်ဆောက်နေဆဲ စစ်ရေယာဉ်ဖြစ်သည့် 135m စွမ်းရည်မြင့် Frigate ရေယာဉ်ရဲ့ တည်ဆောက်ပြီးစီးမှု့အနေအထားပါ။ ပုံရိပ်မပ...
27/03/2023

တပ်မတော်ရေမှ တည်ဆောက်နေဆဲ စစ်ရေယာဉ်ဖြစ်သည့် 135m စွမ်းရည်မြင့် Frigate ရေယာဉ်ရဲ့ တည်ဆောက်ပြီးစီးမှု့အနေအထားပါ။ ပုံရိပ်မပြတ်သားတာကြောင့် ဘာမှမပြောနိုင်ပေမဲ့ ရေတပ်က F12 (ကျန်စစ်သား) တပ်တော်၀င်တုန်းကလိုနိုင်ငံအများအပြား အာရုံစိုက်မှု့တစ်ခုဖြစ်လာမယ်လို့ တော့ထင်ပါတယ်။ တပ်မတော်ရေရဲ့ပုံစံငယ် ဒီဇိုင်းနဲ့ အတော်ကွဲထွက်နေတာမြင်ရမှာပါ။

ပုံရိုက်ကူးသူအတွက်
Credit ပေးပါတယ်


အသက် 28 နှစ်နဲ့ ယူကရိန်း ယာဉ်တင်တပ်ရင်းရဲ့ တပ်မှူးဖြစ်လာတဲ့ Dmytro Kotsyubaylo ဟာ Bakhmud မှာ ဖြစ်တဲ့ တိုက်ပွဲတစ်ခုမှာ က...
08/03/2023

အသက် 28 နှစ်နဲ့ ယူကရိန်း ယာဉ်တင်တပ်ရင်းရဲ့ တပ်မှူးဖြစ်လာတဲ့ Dmytro Kotsyubaylo ဟာ Bakhmud မှာ ဖြစ်တဲ့ တိုက်ပွဲတစ်ခုမှာ ကျသွားခဲ့တယ်လို့ သတင်းတွေတက်လာပါပြီ။ သူမွေးထားတဲ့ ဝံပုလွေကို ရုရှားကလေးတွေရဲ့အရိုးတွေ ကျွေးမယ်ဆိုပြီး video တစ်ခုမှာ ပြောဖူးပါတယ်။

Heavy duty truck ကနေ MRPA တို့ ရိုးရိုး Armour Vehicle Mod လုပ်ပြီးသုံးတဲ့အထဲမှာ Ural 4320 Truck ကို Mod တဲ့ ကောင်တွေသဘေ...
07/03/2023

Heavy duty truck ကနေ MRPA တို့ ရိုးရိုး Armour Vehicle Mod လုပ်ပြီးသုံးတဲ့အထဲမှာ Ural 4320 Truck ကို Mod တဲ့ ကောင်တွေသဘောအကျဆုံးပဲ။ ဘယ်နိုင်ငံမျိုးမဆိုစစ်သုံး ထရပ်ကားကို သံချပ်ကာအုပ်သုံးပြီးဖြစ်စေ စက်သေနတ်ကြီးတွေတပ်ပြီးဖြစ်စေတပ်ဆင်ပြီးသုံးစွဲနေကြတာ လက်ရှိထိပါပဲ။ လက်ရှိခေတ်အနေအထားနဲ့ ဒေါ်လာ2သန်းပတ်လည်မှာ လူလည်းအသင့်အတင့်သယ်နိုင်ရမယ် ကာလီဘာမနည်းတဲ့ Auto Cannon လည်း ပါရမယ် လက်နက်ငယ် ကအစ IED အဆုံး အနေအထားအသင့်အတင့်ခံနိုင်ရမယ် ဆိုတဲ့အနေအထားမှာ ရွေးစရာသိပ်မရှိပါဘူး။ အဲ့တော့ ဒီ စစ်သုံး truck ယာဉ်ကို ပုံစံပြောင်းသုံးရဖို့တွေဖြစ်လာတာပဲ။လိုက်ရှာကြည့်ရင်တော့နိုင်ငံအမျိုးမျိုးမှာ နာမည်အမျိုးမျိုးတပ်ပြီး စစ်သုံးထရပ်ကားတွေကို Mod ပြီးသုံးနေကြတာမြင်ရမှာပါ။ ပိုက်ဆံအကုန်ခံနိုင်တဲ့နိုင်ငံမျိုးဆို အဆင်ပြေပေမဲ့ သံချပ်ကာတိုက်ယာဉ်‌တွေလိုအပ်တယ် ဒါပေမဲ့ ပတ်ကားသံချပ်ကာယာဉ်ကြီးတွေမလိုအပ်တဲ့ အနေအထားမျိုး ရန်သူကမိုင်းနဲ့ လက်နက်ငယ်ကိုပေါပေါ အားပြုသုံးနေတဲ့ နိုင်ငံငယ်တွေမှာ အခုလို ထရပ်ကားယာဉ် heavy duty Truck ကို ပုံစံပြောင်းလဲအသုံးပြုတာကပိုတွက်ချေကိုက်မဲ့ အနေအထားလို့ထင်မြင်မိပါတယ်။

ပုံထဲကတော့ ဆီးရီးယားမှာ Wagner တပ်တွေကရိုးရိုး Truck ကို သံချပ်ကာယာဉ်ပြောင်းလဲအသုံးပြု‌နေတုန်းကပုံတွေပါ။Chassic တောင့်တာကြောင့် Vietnam မှာ 105 mm အမြောက်ရဲ့ အောက်ခံယာဉ်အဖြစ်သုံးနေပါတယ်။

Su35 ပုံစတင်ပါလာပြီဖြစ်တဲ့ အီရန် မြေအောက် လေယာဉ်သိုလှောင်ရုံ တစ်ခုတွင်တွေ့ရတဲ့ ပိုစတာတစ်ခု။ Air frame သက်တမ်း သိပ်မကျန်တ...
07/02/2023

Su35 ပုံစတင်ပါလာပြီဖြစ်တဲ့ အီရန် မြေအောက် လေယာဉ်သိုလှောင်ရုံ တစ်ခုတွင်တွေ့ရတဲ့ ပိုစတာတစ်ခု။ Air frame သက်တမ်း သိပ်မကျန်တော့တဲ့ F14 F4 F5 တွေနေရာမှာ SU30 SM တွေ Su 35 တွေအချိုးကျအစားထိုးနိုင်မယ်ဆို အီရန်ကလေတပ်မှာဘေးနိုင်ငံတွေနဲ့ lvl ညှိလို့အတဲ့အနေအထားတစ်ခုဖြစ်လာမှာပါ။ Surface to surface ပဲ့ထိန်းဒုံး အမျိုးမျိုး SRBM(TBM)/MRBM/ICBM အမျိုးမျိုးထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်အ‌ခြေခံ ကောင်းတွေရှိတာကြောင့် အားနည်းနေတဲ့ လေတပ်ကိုသာသေချာဖြည့်ဆည်းနိုင်ရင်ပိုပြီးပြည့်စုံလာမှာပါ။ ခေတ်‌သစ်မှာ စူပါပါဝါနိုင်ငံကြီးတစ်ခုရဲ့ စစ်စခန်းတွေ မောင်းသူမဲ့တာဝေးကင်းထောက်လေယာဉ် စတာတွေကို တိုက်ခိုက်ထားနိုင်တဲ့ ဇရှိတာကြောင့် အရှေ့အလယ်ပိုင်းမှာ သွားရှုပ်လို့မရတဲနိုင်ငံထဲပါနေပါတယ်။

ဘယ်လ်ဂျီယမ် တပ်မတော်က  အရပ်ဘက်ကာကွယ်ရေး company OIP ကနေ တပ်တော်၀င်ဖျက်သိမ်းထားတဲ့ သံချပ်ကာယာဉ်တော်တော်များများကို ယူကရိန...
05/02/2023

ဘယ်လ်ဂျီယမ် တပ်မတော်က အရပ်ဘက်ကာကွယ်ရေး company OIP ကနေ တပ်တော်၀င်ဖျက်သိမ်းထားတဲ့ သံချပ်ကာယာဉ်တော်တော်များများကို ယူကရိန်းကိုထောက်ပံ့ဖို့ အတွက် သင့်တော်တဲ့ဈေးနဲ့ ပြန်လည်၀ယ်ယူချင်တယ်ဆိုပြီး သတင်းတက်လာ တာမြင်တယ်ဗျ။ ခေတ်မှီတာသုံးချင်လို့သာ တပ်တော်၀င်ဖျက်သိမ်းတာတစ်ချို့ လက်နက်တွေကတော်ရုံနိုင်ငံအတွက် တော့ သစ်လွင်နေပါသေးတယ် ။
တကယ်တော့ ရီစရာကြီး
အနောက်နိုင်ငံ တွေရဲ့ reverse inventory တွေထဲမှာ ထည့်ထားတဲ့ အရံတင့်တွေ သခက တွေကို ယူကရိန်းမှာ မန်းပြီးသုံး ဒလဟောသုံးနေ‌ကြတာ ဘာသံမှမထွက်ဘူး။ ရုရှားကနေရောင်းတဲ့ တင့်တို့သံချပ်ကာတို့ကျ အမှိုက်ပုံထုတ်ဆိုပဲ။ တကယ်တော့အရံဆိုတဲ့ စကားနဲ့ အစုတ်ဆိုတဲ့ စကားက ပါးပါးလေးပဲခြားတာပါ ဆန္ဒရှိရင် M 4 တို့ T 34 တို့ တောင်ယူကရိန်းမှာ သုံးလို့ရသေးတယ်။တစ်ခုရှိတာကတော့ပိုက်ဆံရှိတဲ့နိုင်ငံတွေဆိုတော့ ထိန်းသိမ်းမှု့ကောင်းတယ်။

အောက်ကပုံကတော့ Balgium တပ်မတော်ကနေ တပ်တော်၀င်ဖျက်သိမ်းထားတဲ့ တင့်တွေ သံချပ်ကာယာဉ်တွေပါ။ပုံထဲမှာ ဆို Leopard 1. AMX 13.M113 နဲ့ Gepard လို လေကြောင်းရန်ကာကွယ်ရေးစက်အမြောက်တွေပါမြင်တွေ့ရမှာပါ။ လက်ရှိအထိကိုသုံးနေကြသေးတဲ့တိုက်ယာဉ်တွေပါပဲ။ အဲ့ဒီယာဉ်တွေအင်အားအတိုင်းသာ ဆို သာမန်နိုင်ငံတစ်ခုအနေအထားနဲ့ ဝုန်းခနဲအင်အားကောင်းသွားမဲ့လက်နက်မျိုးတွေပါပဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ် က IAF ရဲ့ Mirage 2000 နဲ့ Su30MKI နှစ်စီး လေ့ကျင့်ခန်းလုပ်နေတုန်း မတော်တဆဖြစ်ပြီးပျက်ကျခဲ့စဉ် အနေအ...
31/01/2023

လွန်ခဲ့တဲ့ရက်အနည်းငယ် က IAF ရဲ့ Mirage 2000 နဲ့ Su30MKI နှစ်စီး လေ့ကျင့်ခန်းလုပ်နေတုန်း မတော်တဆဖြစ်ပြီးပျက်ကျခဲ့စဉ် အနေအထား

Su30 ကတော့ သူရဲ့ ကြီးမားတဲ့ wings area ကြောင့် pilot များ ခုန်ထွက်ပြီးနောက် ကီလိုမီတာ 100ကျော်ထိ လူမပါပဲ ပျံသန်းသွားခဲ့တာမြင်ရမှာပါ။ ပိုင်းလော့တွေခုန်ထွက်ခဲ့တဲ့နေရာဟာလည်း Mirage 2000 ပျက်ကျရာနေရာနဲ့ မီတာ 1000 ခန့်သာဝေးတာမြင်ရမှာပါ။

Ejection Seat ကောင်းမကောင်းထက် Mirage 2000 ရဲ့ရှေ့ပိုင်း က Su 30 ရဲ့ Tail Fin 2ခုလုံးနဲ့ တိုက်မိခဲ့တာကြောင့် ခုန်မထွက်နိုင်ပဲ ကံဆိုးသွားရတာပဲဖြစ်နိုင်ပါတယ်။

Russia Media တစ်ခုမှာ မြင်တွေ့ရတဲ့ T62 တွေ ပြန်လည်ပြင်ဆင်နေတဲ့ Repair Plant တစ်ခု။ Russia နိုင်ငံ အရှေ့ဘက် Atamanovka မှ...
19/01/2023

Russia Media တစ်ခုမှာ မြင်တွေ့ရတဲ့ T62 တွေ ပြန်လည်ပြင်ဆင်နေတဲ့ Repair Plant တစ်ခု။ Russia နိုင်ငံ အရှေ့ဘက် Atamanovka မှာ ရှိတဲ့ အမှတ် 103 တင့်ပြင်ဆင်ရေးအလုပ်ရုံမှာ ပြင်ဆင်နေတာဖြစ်ပြီး အဆိုပါပြင်ဆင်ပြီးတဲ့ တင့်များကို ယူကရိန်းစစ်မြေပြင်သို့ပိုဆောင်နေတဲ့ Video တွေလည်း မကြာသေးခင်ကမြင်တွေ့ရမှာပါ။


75 နှစ်မြောက် လွတ်လပ်ရေးနေ့ ချီတက်အလေးပြုပွဲတွင် မြင်တွေ့ရသည့်။ တပ်မတော် မှကိုယ်တိုင်ထုတ်လုပ်‌သည့်  122mm အတွဲလိုက်ဒုံးစ...
04/01/2023

75 နှစ်မြောက် လွတ်လပ်ရေးနေ့ ချီတက်အလေးပြုပွဲတွင် မြင်တွေ့ရသည့်။ တပ်မတော် မှကိုယ်တိုင်ထုတ်လုပ်‌သည့် 122mm အတွဲလိုက်ဒုံးစနစ် 300mm ‌မြေပြင်မှမြေပြင်ပစ်ပဲ့ထိန်းဒုံးကျည်စနစ် နှင့် 105mm အမြောက်တပ်ဆင်ထားသည့် အပေါ့စားတင့် အားမြင်တွေ့ရစဉ် ။

ဒေသတွင်းပြိုင်ဘက်အဖြစ် ထိုင်း နိုင်ငံနှင့် ဘင်္ဂလားဒေရှ့် တို့တွင် ပဲ့ထိန်းဒုံးစနစ်များပိုင်ဆိုင် လာချိန်တွင်မြန်မာနိုင်ငံမှ ပဲ့ထိန်းလက်နက်ပိုင်ဆိုင်မှု့အားနည်းနေသည်ဟု ‌လေ့လာသူများမှ ထောက်ပြချက်အား ယနေ့တွင်အကောင်းဆုံးတုံ့ပြန်သွားခဲ့တာကိုမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။အကျိုးဆက်အနေဖြင့် မကြာသေးမှီကတပ်တော်၀င်ခဲ့သည့် Bangladesh ရဲ့ တူရကီလုပ် TRG 300 GMLRS နှင့် RTA ရဲ့ DTI 1G GMLRS များကို ယှဉ်ပြိုင်နိုင်လာမှာပဲဖြစ်ပါတယ်။

75 နှစ်မြောက် လွတ်လပ်ရေးနေ့မြန်မာနိုင်ငံသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်ကြပါစေဗျာ။2023.1.4
04/01/2023

75 နှစ်မြောက် လွတ်လပ်ရေးနေ့

မြန်မာနိုင်ငံသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်ကြပါစေဗျာ။

2023.1.4

24.12.2022 မှာ ရေတပ်ကတပ်တော်၀င်သွားတဲ့ ထဲက Superdevora တွေကို နည်းနည်း compare လုပ်ချင်စိတ်ပေါ်လာတာနဲ့ စုထားတဲ့ပုံတွေကြည...
24/12/2022

24.12.2022 မှာ ရေတပ်ကတပ်တော်၀င်သွားတဲ့ ထဲက Superdevora တွေကို နည်းနည်း compare လုပ်ချင်စိတ်ပေါ်လာတာနဲ့ စုထားတဲ့ပုံတွေကြည့်နေရင်း MainGun အကြောင်း အာထုချင်လာတာနဲ့ ကြည့်မိတော့ မူလအစ္စရေး ထုတ် 271/272 နဲ့ ရေတပ်ထုတ် 273/274 နဲ့ ခုတပ်တော်၀င်တဲ့ 275/276 က နည်းနည်းကွဲပြားတယ်ဗျ။ မူလ အစ္စရေး made ကတော့ Elbit MINT 25 mm main gun ကို MA15 HMG နဲ့ turrent မှာ တွဲထားတယ် Mast တိုင်မှာ တော့ FLIR တစ်စုံနဲ့ ဒုတိယအကြိမ်တပ်တော်ထပ်၀င်တဲ့ 2 စီးမှာဆိုရင် Dual gun 2လက်နဲ့ ပွဲထွက်လာခဲ့ပေမဲ့ FLIR က Turrent နဲ့တစ်ခါထဲ တွဲဆင်ပြီး တပ်ထားတယ်။ခုနောက်ဆုံးတပ်တော်၀င်တဲ့ 2စီးမှာဆိုရင် main gun ကို 23mm (ခန့်မှန်း )တပ်ဆင်ထားပါတယ်။အဲ့မှာ တစ်ခု ထူးခြားတာပါတယ် ။သူရဲ့ Target OpticalSight ပဲ Main Mast မှာ တပ်ထားတာ ဘာအမျိုးအစားလည်းမသိပေမဲ့ အရွယ်အစားအရ ကြီးမားတဲ့အတွက် Target Detector အနေနဲ့ သုံးမလား Fire control အတွက် MainGun နဲ့တွဲသုံးမလားတော့ သေချာမသိရပါဘူး။ ပထမဆုံး ကောင်တွေ 271/272 ကို စံထားပြီးကြည့်ရင်တော့ Turrent မှာ buildin တစ်စုံနဲ့ Mask တိုင်မှာ တစ်စုံ စုစုပေါင်း 2စုံပါ၀င်ပါတယ်။ 23mm AAG တွေကနောက်ကန်အားများတယ်ဆိုပေမဲ့ ဗီယက်နမ်ကမ်း‌ခြေစောင့်တပ်မှာ တော့ digital စနစ်တွေနဲ့ MOD လုပ်ပြီး ပင်မလက်နက်အဖြစ်သုံးနေပါတယ်။

#24.12.2022

24.12.2022 ရေတပ်နှစ်ပတ်လည်နေ့မှာမြင်တွေ့ရတဲ့ တပ်ဖွဲ့တင် ကမ်းထိုးရေယာဉ် ။မူလအသုံးပြုနေတဲ့ ကမ်းထိုးရေယာဉ်များဟာ လက်နက်တပ်ဆ...
24/12/2022

24.12.2022 ရေတပ်နှစ်ပတ်လည်နေ့မှာမြင်တွေ့ရတဲ့ တပ်ဖွဲ့တင် ကမ်းထိုးရေယာဉ် ။

မူလအသုံးပြုနေတဲ့ ကမ်းထိုးရေယာဉ်များဟာ လက်နက်တပ်ဆင်မှု့ နှင့်အကာအကွယ်အားနည်းတာကြောင့် တိုက်ပွဲအတွေ့အကြုံများအား အခြေခံပြီး လိုအပ်ချက်များအတိုင်း ရေတပ်အလုပ်ရုံများမှာ အကာအကွယ်နှင့် လက်နက်စနစ် ပစ်မှတ်ရှာ စနစ်များဖြင့်ထပ်မံအဆင့်မြှင့်တင်ထားပါတယ်။

ဒီစာကို ကျနော်လွန်ခဲ့တဲ့ 2 နှစ်ကျော်ကရေးခဲ့တာပါ။ အခုကတော့ တာ၀န်ရှိသူတွေကြိုးပမ်းမှု့ကြောင့် အသီးအပွင့်တွေမြင်တွေ့လာရပါတေ...
17/12/2022

ဒီစာကို ကျနော်လွန်ခဲ့တဲ့ 2 နှစ်ကျော်ကရေးခဲ့တာပါ။ အခုကတော့ တာ၀န်ရှိသူတွေကြိုးပမ်းမှု့ကြောင့် အသီးအပွင့်တွေမြင်တွေ့လာရပါတော့မယ်။ ဆက်လက်စောင့်ကြည့်ကြပါစို့ဗျာ။

ဒီနေ့ခေတ်စစ်သုံးယာဥ် တော်တော် များများမှာ သက်ဆိုင်ရာ လက်နက် role အလိုက် Light (ပေါ့ပါးမှု့)ကိုကိုယ်စားပြုတဲ့ အမျိုးအစားတစ်ခု တွင်တွင်ကျယ်ကျယ် ဖြစ်လာတာမြင်ရမှာပါ။ သက်ဆိုင်ရာလက်နက် တစ်ခုရဲ့ မူလတာဝန်တွေကို အပြည့်အဝ မထမ်းဆောင်နိုင်ပေမဲ့ မူလတာဝန်ရဲ့70% နီးပါးထမ်းဆောင်နိုင်တဲ့အတွက် နိုင်ငံတကာက တပ်မတော်တွေမှာ အပေါ့စား လက်နက်များကို အပြိုင် တပ်ဆင်လာကြတာမြင်ရမှာပါ။ အဲ့ထဲကမှာ တရုတ် နိုင်ငံ နော်ရင်ကို ကထုတ်လုပ်တဲ့ ST 2 Light Tank လည်းပါပါတယ်။

အရင်ဆုံးပြောရမှာဆို ST 2 သေချာ Design ဆွဲပြီး ထုတ်လုပ်ထားတဲ့ တယ တစ်စီးမဟုတ်ပါဘူး။သူ့ရဲ့ အောက်ခံ chassis က type 89 APC ကိုယူထားတာဖြစ်ပြီး turrent ကတော့ 105mm gun တပ်ထားတဲ့ WMA 301 ကိုတပ်ထားတာပါ။type 89 ရဲ့ အစ်ကိုကြီး type 85 APC ကတော့ထိုင်းမှာလက်ရှိ သုံးနေပါတယ် APC version အပြင်ကို 107mm အတွဲလိုက်ဒုံးစနစ်ပါတင်ပြီးသုံးနေတာပါ။ မြန်မာနိုင်ငံမှာလည်းသုံးနေပါတယ် wiki မှာတော့ type 85 APC version ဆိုပြီးပြပေမဲ့ ပုံမြင်ရတာကတော့ type 89 recovery vehicle version ပါ။ ST 2 က တရုတ် တပ်မတော် မှာသုံးဖို့မဟုတ်ပဲ export အတွက်ထုတ်ထားတာပါ အဲ့အချိန်ကပေါ့ ခုတော့ VT 5 လိုမျိုး တင့်တွေရှိနေပါပြီ။ ST 2 က prototype 2 စီး လုပ်ခဲ့တယ်ဗျ။ ပထမ တစ်စီး က 2008 နှစ်ကုန်ပိုင်းလောက်မှာ လုပ်ခဲ့တယ်။ type 89 APC chassis ကို ဒဲ့ ယူထားတဲ့ဟာကို type 63A turrent တပ်ထားတဲ့ကောင်ပါ။ ဒုတိယတစ်စီးက 2017 မှာ အဲ့ type 89 ကိုပဲ တည်ငြိမ်မှု့ ပိုကောင်းအောင် လမ်းခင်းဘီး တစ်လုံးပိုထည့်ထားတဲ့ recovery chassis ကိုမှ WMA 301 turrent တပ်ထားတဲ့ကောင်ပါ ။
Prototype ရဲ့ ပထမ အစီး ကတော့အထွေထွေ လိုအပ်ချက် များတာကြောင့်ဆက်မလုပ်ခဲ့ပဲ ပန်းခြံက အုတ်ခုံပေါ်ရောက်နေပါပြီ။ အဲ ဒုတိယ တစ်စီးကတော့ ST 2 လို့ တရားဝင်ခေါ်ကြတဲ့ လက်ရှိမြင်နေတဲ့ တိုက်ယာဥ်ပါ ။ light တင့်ရဲ့ တာဝန်အတိုင်း ပစ်ကူပေး မယ် တင့်ဖျက်မယ် ပေါ့။
အပူပုံရိပ်ဖော် စနစ် နဲ့ NATO Standard ကျည်အကုန်ပစ်နိုင်တယ်။ ပြီးတော့ ခုနောက်ပိုင်း Norinco ကထုတ်တဲ့ APFSDS တွေ GP 2 တို့လို missile တွေထည့်ပစ်လို့ရနေပါပြီ။မူရင်း type 89တွေက ရေထဲသွားလို့ရတယ် ဒါပေမဲ့ Turrent နဲ့ ခဲယမ်း အလေးချိန်ကြောင့် ရေထဲဖြတ် နိုင်မှု့တော့ ရှိမှာမဟုတ်တော့ဘူး။ တကယ်တော့ မြန်မာနိုင်ငံက အဲ့ ဒီ ST 2 Light tank နဲ့ မစိမ်းဘူး။သူ့မှာတပ်ထားတဲ့ WMA turrent ကြောင့်ပါ။
ပွဲတိုင်းကျော် ဒါနဲ့ပဲ ဆော်နေကြလို့ ။

မြန်မာနိုင်ငံကလည်း အပေါ့စားတင့် ဆိုပြီး Type 63 amphibious တင့်တွေကို သုံးနေပါတယ်။ သုံးခဲ့အချိန်လည်းကြာနေပြီဖြစ်တဲ့အတွက် သူ့ထက်ပိုကောင်းမဲ့ light tank တစ်မျိုးကို ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နိုင်အောင်ကြိုးစာနေပုံရပါတယ်။ မြင်ရသလောက် 2S 1 SPH ရဲ့ chassis ကို မိမိတို့နဲ့ အသားကျနေတဲ့ WMA 301 turrent နဲ့ တွဲဖက်ပြီး စမ်းသပ်နေတဲ့ပုံအပြင် မြန်မာနိုင်ငံကလက်နက်ဝယ်နေကြနိုင်ငံတစ်ခုကထုတ်တဲ့ turrent နဲ့ ပါစမ်းသပ်နေတဲ့အနေအထားရှိနေပါတယ်။
အဓိကပြောချင်တာ Chassis ပိုင်းပါ။ သုံးထားတဲ့ Chassis က 2S1 ရဲ့chassis ကိုယူသုံးထားတဲ့အတွက်နည်းနည်း တော့အဆင်မပြေလောက်ဘူးထင်တယ်။ light tank အများစုက power weight ratio အနေနဲ့ 20/1 ကနေ 23/1
(hp/ton) ဝန်းကျင်ရှိပါတယ်။
Turrent ၂ခု မှာ WMA 301တပ်ထားတဲ့ စမ်းသပ်ပုံက အဆင်ပြေပေမဲ့ နောက်တစ်ခုကတော့ MBT တစ်စီးက Turrent နီးပါးကြီးတဲ့အတွက် ယာဥ်ရဲ့ mobility ကိုထိခိုက်နိုင်ပါတယ်။ 2S1 ရဲ့အောက်ခံယာဥ်ကို စံပြုပြီးစမ်းသပ်ရင်တော့ WMA နဲ့ ကောင်ကပြောစရာမရှိပါ။ဘက်ဂျက်သုံးဖို့ လုံလောက်ရင်တော့
DI အနေနဲ့ လှုပ်ရှားမှု့ကောင်းတဲ့ Chassis နောက်တစ်မျိုး ပြောင်းပြီး စမ်းသင့်ပါကြောင်း။

15/12/2022

75 ကြိမ်မြောက် တပ်မတော် လေ တည်ထောင်ခြင်းအထိမ်းအမှတ် နှင့် လေယာဉ်ရဟတ်ယာဉ်များတပ်တော်၀င်ခြင်းအခမ်းအနား ရုပ်သံ ။

14/12/2022

India နဲ့ China နယ်မြေအငြင်းပွားမှု့မှ မြင်တွေ့ရတဲ့ video .
ခုတစ်ခေါက်တော့ India က တရုတ်တပ်တွေကို တီးနေတာမြင်ရပါတယ်။

08/12/2022

တပ်မတော် ရေ မှ ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သား ပါ၀င်ဆင်နွှဲနေသည့် နိုင်ငံတကာရေတပ်များတွေ့ဆုံပွဲ International Fleet Review 2022(Bangladesh) မှ မှတ်တမ်း Video ကိုဂုဏ်ယူစွာဖြင့်တင်ပြလိုက်ပါတယ်ခင်ဗျ။




01/12/2022

ဒီဇင်ဘာ 3 ရက်နေ့ မနက် 7:30 မှာ US air force ရဲ့ New Generation Stealth Bomber B21 ကိုစတင်မိတ်ဆက်မှာဖြစ်လို့ စိတ်၀င်စားတဲ့ ဝါသနာရှင်ညီကိုများ အောက်က link မှာ စောင့်ကြည့်လို့ရပါတယ်။

https://youtu.be/chJlJgrvfBY


01/12/2022

ယနေ့နေ့လည်ပိုင်းမှာ အမေရိကန်‌ မရင်းတပ်ဖွဲ့ရဲ့ အမှတ် 121 တိုက်ခိုက်ရေးလေယာဉ်အုပ်မှ F35 တစ်စီးဟာ အိုကီနာဝါလေတပ်စခန်းရဲ့ Taxi Way မှာ towing လုပ်နေစဉ် Nose Landing Gear လျှပ်စစ် စနစ်ချို့ယွင်းပြီး မတော်တဆဖြစ်ခဲ့ပါတယ်


တပ်မတော် လေ မှ မှာယူထားတဲ့ FTC 2000G တိုက်လေယာဉ်အား ‌မြင်တွေ့ရပုံ
23/11/2022

တပ်မတော် လေ မှ မှာယူထားတဲ့ FTC 2000G တိုက်လေယာဉ်အား ‌မြင်တွေ့ရပုံ


2022 အာဆီယံ ကမ်း‌ခြေစောင့်တပ်ဖွဲ့များ Forum ကို နို၀င်ဘာ 21 မှ 25 အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်။
20/11/2022

2022 အာဆီယံ ကမ်း‌ခြေစောင့်တပ်ဖွဲ့များ Forum ကို နို၀င်ဘာ 21 မှ 25 အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်။


တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ နေပြည်တော် နိုဝင်ဘ...
19/11/2022

တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

နေပြည်တော် နိုဝင်ဘာ ၁၉

တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လေ့ကျင့်ပျံသန်းစဉ် သရက်ချောင်းမြို့ တောင်ဘက် မီတာ ၉၀၀၀ ခန့်အကွာသို့အရောက် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် လေယာဉ်မှူးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

Source: Information Team

17/11/2022

Bangladesh Army ရဲ့ VT 5 အလတ်စားတင့်များရောက်ရှိပြီးနောက် စမ်းသပ်ပစ်ခတ်နေတဲ့ video


Address


Website

Alerts

Be the first to know and let us send you an email when Military Weapons News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share