Ye Revolution and Information Network

  • Home
  • Ye Revolution and Information Network

Ye Revolution and Information Network ရေးမြို့ တော်လှန်ရေး သတင်းအချက်လက်?

လမိုင်းမြို့ ရဲစခန်းမှ မွန်လူငယ်တစ်ဦးအား ရဲစခန်းနား ကပ်လာသည်ဟုဆိုကာ ပစ်သတ်ခဲ့​ကြောင်း သိရ ဇူလိုင်လ ၃၁ရက်နေ့ညတွင် ပစ်ခတ်...
01/08/2022

လမိုင်းမြို့ ရဲစခန်းမှ မွန်လူငယ်တစ်ဦးအား ရဲစခန်းနား ကပ်လာသည်ဟုဆိုကာ ပစ်သတ်ခဲ့​ကြောင်း သိရ

ဇူလိုင်လ ၃၁ရက်နေ့ညတွင် ပစ်ခတ်ခံရသူ ကိုလင်းအောင် ဆိုသူမှာ စားသောက်ဆိုင်တစ်ခုမှ ပြန်လာခဲ့ပြီး မနက်မိုးလင်းတွင် ရဲစခန်းမှ အလောင်းပြန်လာထုတ်ပေးမှသာ သေဆုံးသည်ဟုသိရသည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ "လမိုင်းရဲစခန်းက သူတို့ဝင်းနားကပ်လာလို့ ပစ်တယ်​ပြောတယ်။ သူ့အနေနဲ့အဲ့နားကိုသွားစရာအကြောင်းလည်းမရှိဘူး" ဟု သိရပါတယ်။ အခင်းဖြစ်ပွားသည့်နေရာဟုယူဆရသော နေရာမှာ လမိုင်းရဲစခန်းနှင့် အလွန်ဝေးသောနေရဖြစ်ပြီး သေဆုံးသူ ၏ ဆိုင်ကယ်နှင့် ပေကျံနေသော သွေးများလည်း အဆိုပါနေရာတွင်ရှိနေသည်ဟု ထပ်မံသိရသည်။

ယခင်ကလည်း လမိုင်းမြို့တွင် ယခုကဲ့သို့ ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရပါတယ်။

ရေးမြို့နယ်ဆိုင်ရာ နွေဦးတော်လှန်ရေး သတင်းအချက်လက်များ အချိန်မီ သိရှိစေနိုင်ရေးအတွက် YRIN အမည်ရှိ Channel တစ်ခုဖွင့်လှစ်ထ...
08/07/2022

ရေးမြို့နယ်ဆိုင်ရာ နွေဦးတော်လှန်ရေး သတင်းအချက်လက်များ အချိန်မီ သိရှိစေနိုင်ရေးအတွက်
YRIN အမည်ရှိ Channel တစ်ခုဖွင့်လှစ်ထားပါသည်။

For subscribe : https://t.me/Yerevolution

" အာယုတောင်ကျေးရွာတွင် ရပ်ကွက် အုပ်ကြီး မှ တပည့်ဖြစ်သူအား သွားခေါ်စဥ် ချော်လဲကာ သေနတ်ကျည်ထွက် အုပ်ကြီး ၏ တပည့်တစ်ဦး ကျည...
08/07/2022

" အာယုတောင်ကျေးရွာတွင် ရပ်ကွက် အုပ်ကြီး မှ တပည့်ဖြစ်သူအား သွားခေါ်စဥ် ချော်လဲကာ သေနတ်ကျည်ထွက်
အုပ်ကြီး ၏ တပည့်တစ်ဦး ကျည်ထိသေဆုံး "

ရေးမြို့နယ် အာယုတောင်ကျေးရွာ စစ်ကောင်စီ အုပ်ချုပ်ရေးမှု မှ ရုံးမတက်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအား သွားရောက်ခေါ်စဥ် ချောလဲကျသဖြင့် ကျည်ထွက်ကာ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ခွင့်ပျက်ကွက်နေတဲ့ သူ့တပည့် အနောက်ဆိုသူအား သူတို့ ၂ ယောက်သွားခေါ်စဥ် ကျည်ထွက်သွားခဲ့ဟု သိရပြီး "တစ်ယောက်က သေနတ်ယူသွားခဲ့ကာ အဲဒီသေနတ် မောင်းတင်ထားတာကို သူမသိဘူး ချော်လဲပြီး အဲ့မောင်းတင်ထားတဲ့ သေနတ်နဲ့ပဲ သူနဲ့ လိုက်ပါလာတဲ့ အမျိုးသားတစ်ယောက်ကို ထိမှန်ပြီး သေဆုံးခဲ့ရတယ်" ဟု ပြောသည်။

အသက် ၃၀ ရှိ အချွန်း ဆိုသူမှာ အာယုတောင်ကျေးရွာ ရပ်ကွက် (၂) တွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေးရုံးတွင် ရုံးပိုင်းလခစား တစ်လ ၁ သိန်းဖြစ် လုပ်ကိုင်နေသူဟုသိရသည်။

08/07/2022
06/07/2022
06/07/2022

ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အခမ်းအနား ကို မွန်၊ကရင်၊တနင်္သာရီ မှကျောင်းသားသမဂ္ဂများစုပေါင်းကျင်းပမည်။

ကျင်းပမည့်နေ့ - ၇.၇.၂၀၂၂ (ကြာသပတေးနေ့)
ကျင်းပမည့်အချိန် - နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန်)

အခမ်းအနားအပိုင်း (၁) - ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပွညျ့အခမျးအနားအစီအစဉ်မြား။
အခမ်းအနားအပိုင်း (၂) - "ခေတ်အဆက်ဆက်က ကျောင်းသားပြည်သူလူထုသည် စတေးခံမဟုတ်" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း။

ပါဝင်ဆွေးနွေးမည့် Panelists များမှာ
ရဲဘော်စံ - ထားဝယ်မြိုနယ်အခြေခံပညာကျောင်းသားများသမဂ္ဂ၊
ကိုချစ်ဝင်းမောင် - ကျောင်းသားခေါင်းဆောင်ဟောင်း(ဗကသများအဖွဲချုပ်၊မြေလတ်ဒေသ)
ရဲဘော်စောခန့်ဇော်ဝင်း - ကရင်ပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်
ရဲဘော် ရဲခေါင် - မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ

Moderator အနေဖြင့် ရဲဘော်ဗညား (တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက်) က ဆောင်ရွက်သွားမည်ဖြစ်သည်။

ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တိုင်းတွင် ရှေ့တန်းမှရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သောကျောင်းသားထုရဲ့ စဉ်းစားခကြျ များ၊ရပ်တည်ချက် များ၊နိုင်ငံရေးအစုအဖွဲများအပေါ် အမြင်သဘောထားများ၊ ကျောင်းသားပြည်သူလူထုအတွက် တရားမျှတမှု ပျောက်ဆုံးမှုတွေဖြစ်နေပြီလား? ..စတဲ့ အကြောင်းအခြင်းအရာများကို ကျောင်းသားသမဂ္ဂရဲဘော်များ၊သမဂ္ဂရဲဘော်ဟောင်းများမှ ဆွေးနွေးတင်ပြသွားကြမည် ဖြစ်ပါသည်။

ဤဆွေးနွေးပွဲကို မွန်၊ ကရင်၊ တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများ၊ Media များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ရိုက် live ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပါသည်။

25/06/2022

ရေးမြို့နယ်အတွင်းတွင်နေထိုင်ကြကုန်သော စစ်ကောင်စီ ပညာရေးကို ဆန့်ကျင်ကြသည့် CDM ကျောင်းသားများ ကျောင်းသူများ ခင်ဗျာ

ကြားကာလအတွင်း မိမိ တို့နေအိမ်နှင့် နီးစပ်ရာCDMဆရာ၊ဆရာမများထံတွင် ကိုယ်တိုင်လေ့လာသင်ယူနေသော CDMကျောင်းသားကျောင်းသူများအား YFES တွင် အတန်းတင်စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် စာရင်းသွင်းမှတ်တမ်းတင်ပေးမည် ဖြစ်ကြောင်း နှင့် စာရင်းသွင်းရန် အတွက် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ အနေဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ့။ CDM ကျောင်းသားများအနေဖြင့် အတန်းတင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းလိုပါက Yarmanya Federal Education School နှင့် ရေးမြို့နယ် ပညာရေး ဘုတ်အဖွဲ့ သို့ ဆက်သွယ်နိုင်ပါတယ်။
အသေးစိတ်အချက်လက်များသိလိုပါက ဤ ပိုစ့်တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

https://www.facebook.com/113920571324512/posts/129366443113258/?sfnsn=mo

ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ

#ရမနကသ

ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ မှ အဖွဲ့ဝင်အသစ် ခေါ်ယူခြင်း
03/03/2022

ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ မှ အဖွဲ့ဝင်အသစ် ခေါ်ယူခြင်း

ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသားမဂ္ဂ အဖွဲ့အသစ် ခေါ်ယူလျက် ရှိပါတယ်ခင်ဗျာ။
ရေးမြို့နယ်အတွင်း နေထိုင်ကြသော တက္ကသိုလ်အသီးသီး ကောလိပ်အသီးသီး ကျောင်းအသီးသီး မှ စိတ်ပါဝင်စားကြသော ကျောင်းသား ကျောင်းသူ မည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

Form ဖြည့်ရန်

https://docs.google.com/forms/d/e/1FAIpQLSeY6qYQaSl3EiQ7kOWtjXrG0GWaXFPh9MtuZctH_VlOBDbqBQ/formResponse?pli=1

အသေးစိတ်သိရှိလိုပါက ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ ၏ Chat Box သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

24/02/2022

🚨ကရင်နီ အတွက် အရေးပေါ် အကူညီ 🚨
(ဆေးဝါး၊ခဲယမ်း၊လက်နက်၊ရိက္ခာ လိုအပ်နေပါတယ်။)

ရုရှား နဲ့ ယူကရိန်းကို တစ်ချက်ထားပြီး ပြည်တွင်းကိုတစိတ်အာရုံလေးစိုက်ပေးကြပါဗျာ။
ကရင်နီပြည်ကို စကစဟာ အင်အားအလုံးအရင်းအသုံးပြုကာဖိနှိပ်လျက်ရှိပါတယ်။ လေယာဉ်များနဲ့ ဗုံးတွေဆက်တိုက်ကြဲနေသလို ၊ လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ်ပစ်ခတ်လျက်ရှိပါတယ်။
အခုဆို KNDFထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ နန်းမယ်ခုံကို လက်လွှတ်လိုက်ရပါပြီ။ စကစရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျနော်တို့ရဲ့ ပြည်သူ့ရဲဘော်တွေ အသက်စတေးနေကြရသလို အပြစ်မဲ့ပြည်သူလူထုတွေရဲ့ အသက်နှင့်အိုးအိမ်တွေဟာလည်း ဖျက်ဆီးခံရလျက်ရှိပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန်နေတာ ၁၀ရက်နီးပါးရှိလာပါပြီ။
စစ်ပွဲတစ်ပွဲရဲ့ အသုံးစရိတ်ဟာ အားလုံးသိတဲ့အတိုင်းပဲ အမတန်များပါတယ်။ လက်နက်ရိက္ခာဟာ တိုက်ပွဲတစ်ပွဲအတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ကျနော်တို့တွေ အတတ်နိုင်ဆုံးထောက်ပံ့ကြရအောင်လားခင်ဗျာ။

ဒုတိယ ထန်တလန် မဖြစ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

ကရင်နီကရဲဘော်တွေဟာ ပြည်သူတွေမှတစ်ဆင့် ပေါက်ဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပဲဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့ဟာ ပြည်သူလူထုရဲ့ အကူအညီကို အင်မတန်မှလိုအပ်နေပါတယ်ခင်ဗျာ။
ကျနော်တို့ပြည်သူတွေမှာ ပြည်သူတွေပဲရှိပါတယ်။ ကူကြပါ လှူကြပါ။ ကျနော်တို့ အနူးအညွတ်တောင်းဆိုပါတယ်ဗျာ။

ထောက်ပံ့ လှူဒါန်းလိုပါက Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
မလှူဖြစ်ခဲ့ရင်တောင် လူများများ တွေ့မြင်နိုင်အောင် Like & Share လေးလုပ်ခဲ့ပေးပါ။

22/02/2022

အားလုံးသိကြတဲ့အတိုင်း တော်လှန်ရေးမှာပါဝင်မှုအားကောင်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ရေဦီးမှ ရဲဘော်တွေဟာ ရရာလက်နက်ကိုစွဲကိုင်ပြီး စစ်ကောင်စီကို ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေပါတယ်။
နိုင်ငံတော်ဘဏ္ဏာရဲ့ 40% ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုကာ ခေတ်မီလက်နက်တပ်ဆင်ထားသော စစ်တပ်ကို လက်လုပ်တူမီးတွေနဲ့ ခုခံတော်လှန်နေကြတာပါ။
လက်လုပ်တူမီးနှင့်ပင်လျှင် စကစကိုအကြပ်ရိုက်စေတဲ့ အလယ်ပိုင်းရဲဘော်တွေ လက်ထဲကို မောင်းပြန်တွေသာရောက်သွားရင် စကစကို ဘယ်လောက်ခေါင်းခဲစေမလဲဆိုတာ ပြောစရာတောင်မလိုပါဘူးခင်ဗျာ။
ဒါ့အပြင် ကျနော်တို့ရဲ့ ပြည်သူ့ရဲဘော်တွေဟာ လက်နက်အင်းအားမမျှတမှုတွေကြောင့် မကြွေလွင့်သင့်ပဲကြွေလင့်နေကြရပါတယ်
လွန်ခဲ့သော တစ်ရက်ကပဲ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်နှစ်ယောက် ကျဆုံးခဲ့ရပါတယ်။
အသက်ကိုပဓာနမထားပဲ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေဟာ ကျနော်တို့ ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုကို လိုအပ်လျှက်ရှိပါတယ်။

tay နတ် ပေးပါ အသက်ပေးပါ့မယ် ဆိုတဲ့ ရဲဘော်တို အတွက် ကူညီကြရအောင်ဗျာ့။

ထောက်ပံ့ လှူဒါန်းလိုပါက Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
မလှူဖြစ်ခဲ့ရင်တောင် လူများများ တွေ့မြင်နိုင်အောင် Like & Share လေးလုပ်ခဲ့ပေးပါ။

မေတ္တာရပ်ခံပါတယ်
06/02/2022

မေတ္တာရပ်ခံပါတယ်

ကျဆုံးရဲဘော်ရဲ့ မိခင်အဖွဲ့အစည်းက ကျဆုံးရဲဘော်ဟာ မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ဖော်ဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒီအတွက် မထုတ်ဖော်ဖို့မေတ္တာရပ်လိုပါတယ်။တော်လှန်ရေးဒလန်မလုပ်ဖို့ လိုပါတယ်။ အထူးအရေးကြီးပါတယ်။ အခုလို ပြောပြီးတာတောင်မှ မရပ်သေးပဲ ဘယ်သူဘယ်ဝါဆိုတာမျိုး ထုတ်ဖော်ရင်တော့ ဒလန်ဆိုပြီး သတ်မှတ်ရပါလိမ့်မယ်။ ဆုံးရှုံးမှုအတွက် ငိုကြွေးပါ၊ ငိုကြွေးလို့ရပါတယ်။ ထုတ်မပြောဖို့ မေတ္တာရပ်ခံပါတယ်။

အထူးမေတ္တာရပ်ခံပါရစေ။

06/02/2022

ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ - Ye Students’ Union

ကျုံလောင်းရွာဟောင်း ကျေးရွာတွင်  Non CDMထွေအုပ်စာရေး  ၊ စကစ သတင်းပေး သူတစ်ဦးယနေ့ နေ့လည် ၁၂ ဝန်ကျင်ခန့်တွင် ရှင်းလင်းခံရ...
02/02/2022

ကျုံလောင်းရွာဟောင်း ကျေးရွာတွင် Non CDM
ထွေအုပ်စာရေး ၊ စကစ သတင်းပေး သူတစ်ဦးယနေ့ နေ့လည် ၁၂ ဝန်ကျင်ခန့်တွင် ရှင်းလင်းခံရ ဟုသိရ။

အန်တီညို  (ရွေး/ကော် အဖွဲ့ဝင်) အားစကစ မှ ယနေ့ညနေ  လာရောက်ဖမ်းဆီးသွားဟု သိရ။
02/02/2022

အန်တီညို (ရွေး/ကော် အဖွဲ့ဝင်) အား
စကစ မှ ယနေ့ညနေ လာရောက်ဖမ်းဆီးသွားဟု သိရ။

နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ မှ သဘောထားထုတ်ပြန်ချက်
01/02/2022

နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် ရေးမြို့နယ်ကျောင်းသားများသမဂ္ဂ မှ သဘောထားထုတ်ပြန်ချက်

ရေးမြို့ ချောင်းတောင် ကျေးရွာ  တွင်ယနေ့ညဦးပိုင်းခန့် ၌ ပစ်ခတ်မှုဟု ယူဆရသော အသံများ ထွက်ပေါ် ဒလံတစ်ဦး ပစ်ခံခတ်ရဟု ကနဦး...
28/01/2022

ရေးမြို့ ချောင်းတောင် ကျေးရွာ တွင်
ယနေ့ညဦးပိုင်းခန့် ၌ ပစ်ခတ်မှုဟု ယူဆရသော အသံများ ထွက်ပေါ်
ဒလံတစ်ဦး ပစ်ခံခတ်ရဟု ကနဦးသိရ

ရေးမြို့ NLD အမာခံတစ်ဦး ပစ်သတ်ခံရသော သတင်းမှာ သတင်းအမှား ဖြစ်ကြောင်း သံလွင်တိုင်းမ် သတင်းဌာန မှ စီစစ်တင်ပြထား စစ်တပ်အာဏ...
26/01/2022

ရေးမြို့ NLD အမာခံတစ်ဦး ပစ်သတ်ခံရသော သတင်းမှာ သတင်းအမှား ဖြစ်ကြောင်း သံလွင်တိုင်းမ် သတင်းဌာန မှ စီစစ်တင်ပြထား

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန် အမှား အစီအစဥ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရေးမြို့မှာ NLD အမာခံ ဘာသာခြားတစ်ဦးကို YGF (Ye Guerrilla Force)မှ အကြောင်းမဲ့ ပစ်သတ်သယောင် ဖန်တီးရေးသားထားသည့် သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

Kyaw Swar ဆိုသည့် telegram channel တစ်ခုမှာ "ရေးမြို့တွင် NLDအမာခံ မွတ်စ် ၁ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ"ဆိုသည့်ခေါင်းစဥ်ဖြင့် သတင်းတစ်ခုကို ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။

"ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် တိုးချဲ့ သလ္လာဝတီ ၁ လမ်း အမှတ် ၁၃ နေမွတ်ဆလင်လူမျိုး ဦးဝင်းညွှန့် (ခ)ရာဆင်ကို ရေးမြို့နယ် YGF မှပစ်ခတ်ရှင်းလင်းခဲ့သည်။ ဦးဝင်းညွှန့်သည် အမာခံ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး NLD ကိုမဲပေးခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည် " လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဆိုပါ သတင်းကို ကြည့်ရှုသူ တစ်ထောင့်လေးရာနီးပါးရှိပြီး ဝင်ရောက်မှတ်ချက်ပေးသူ ၂၉ ယောက် ရှိခဲ့ပါတယ်။

ဦးဝင်းညွန့်ကို NLD ပါတီဝင်ဟုပြောဆိုမှုနှင့်ပတ်သတ်ပြီး ဒေသခံ တစ်ဦးအား သံလွင်တိုင်းမ်မှ ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ "အရင်ကတော့ ပါတီဝင်လို့ပြောတာပဲ သေချာမသိဘူး၊ NLD လို့သာပြောတာစစ်တပ်သတင်းပေး ဒလံ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် သံလွင်ခက် မီဒီယာရဲ့ သတင်းဖော်ပြချက်မှာတော့ YGFမှတာဝန်ရှိသူတစ်ဦးက ဦးဝင်းညွန့်သည် စစ်ကောင်စီရဲ့ သတင်းပေးဖြစ်နေသောကြောင့် ရှင်းလင်းရခြင်းဖြစ်ပြီး NLD ပါတီနှင့်မသက်ဆိုင်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါတယ် ။

ဒါကြောင့် Kyaw Swarဆိုသည့် Telegram channel မှာ ဖော်ပြထားသည့် ရေးမြို့တွင် NLD အမာခံ မွတ်စ် ၁ ဦးကို YGF မှ ပစ်သတ်ခဲ့သည်ဆိုသော သတင်းမှာ စစ်ကောင်စီကိုဆန့်ကျင်နေသည့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ဖန်တီးထားသော သတင်းအမှားသာဖြစ်ကြောင်း စာဖတ်ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

နောက်အပတ်တွေမှာလည်း အမှန် အမှား အစီအစဉ်ကနေ ဘယ်လို သတင်းတု သတင်းမှားတွေကို စိစစ်ပေးမလဲဆိုတာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦး ရှင်။

သံလွင်တိုင်းမ် မှ အမှန်အမှား စီစစ်တင်ပြထားသည်။

စစ်ကောင်စီ မှ ရေးမြို့အား ခရိုင်မြို့အဖြစ်ပြောင်းလည်း ဖွဲ့စည်းသွားမည်ဟုဆိုရေးမြို့သည် ယခင် မော်လမြိုင်ခရိုင် အတွင်းရှိ မ...
20/01/2022

စစ်ကောင်စီ မှ ရေးမြို့အား ခရိုင်မြို့အဖြစ်ပြောင်းလည်း ဖွဲ့စည်းသွားမည်ဟုဆို

ရေးမြို့သည် ယခင် မော်လမြိုင်ခရိုင် အတွင်းရှိ မြို့ တစ်မြို့သာဖြစ်ပြီး ယခုအခါတွင် ရေးမြို့အား ခရိုင်မြို့အဖြစ် စကစ မှ ပြောင်းလည်း ဖွဲ့စည်းမည်ဟူသော ညွှန်ကြားချက်တစ်ချို့ထွက်ရှိလာခဲ့ပါသည်။ ရေးခရိုင်တွင် မည်သည့်မြို့နယ်များ ပါဝင်မည်ဟူသော ညွှန်ကြားချက်များ မပါဝင်သေးသော်လည်း လမိုင်းမြို့ ခေါဇာ မြို့ နှင့် သံဖြူဇရပ်မြို့ ကျိုက်ခမီမြို့ တို့ ပါဝင်ဖို့ သေချာ သည်ဟု သတင်းအရင်းမြစ်အချို့မှ သိရပါတယ်။

မော်လမြိုင် မှာ ရေးသို့ စကစ စစ်ကား ၅၀စီး ခန့်ဖြင့် ထိုးစစ် ဆင်ရန် ဟုယူဆရသော စစ်ကြောင်းများ တက်လာဟု DVB ဆိုမွန်ပြည်နယ် မေ...
19/01/2022

မော်လမြိုင် မှာ ရေးသို့ စကစ စစ်ကား ၅၀စီး ခန့်ဖြင့် ထိုးစစ် ဆင်ရန် ဟုယူဆရသော စစ်ကြောင်းများ တက်လာဟု DVB ဆို

မွန်ပြည်နယ် မော်လမြိုင်ဘက်ကနေ ရေးမြိုနယ်ဘက်ကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်ညပိုင်းတွေမှာ စစ်ကောင်စီတပ်ကားတွေ ညဘက်မှာ ရေးမြို့ဘက်ကို စစ်ကြောင်းထိုးလာနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

စစ်ကောင်စီတပ်ကားအစီး ၅၀ လောက်က ညဘက်မှာ စစ်ကြောင်းထိုးလာတယ်၊ PDF တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တဲ့ ရွာတွေဘက်ကို စစ်ဆင်ရေးတွေ စစ်ကောင်စီဘက်က လုပ်လာနိုင်ခြေရှိတာကြောင့် အများဆုံးက ကရင်ရွာတွေဘက်က ဒေသခံတွေက ပိုပြီး စိုးရိမ်နေကြရပါတယ်

ဇန်နဝါရီလ ၆ ရက်နေ့ ည တွင် အာယုတောင်ရှိ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်အားမွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး နှင့် YSTF ပူ...
08/01/2022

ဇန်နဝါရီလ ၆ ရက်နေ့ ည တွင် အာယုတောင်ရှိ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်အား
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး နှင့် YSTF ပူးပေါင်းတိုက်ခိုက်
စကစ ၂ဦးသေ ၆ဦးဒဏ်ရာရ ကားနှစ်စီးပျက်စီး ဟု ထုတ်ပြန်

https://www.facebook.com/102214428965407/posts/122476960272487/?sfnsn=mo

ရေးမြို့နယ်  ကနင်ကမော့ကျေးရွာ သို့ စကစ မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်ဟု သတင်းရရှိ။
07/01/2022

ရေးမြို့နယ် ကနင်ကမော့ကျေးရွာ သို့ စကစ မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်ဟု သတင်းရရှိ။

30/12/2021

ဒီဇင်ဘာလ ၃၀ရက်နေ့
ယနေ့မနက် ဆယ်နာရီဝန်းကျင်ခန့်တွင် ကျောင်းရွာ စံပြကျေးရွာ နှင့်
နတ်ကြီးရွာ၊မြင်းတပြေးရွာ တို့မှ ကြားလိုက်ရသောအသံသည်
YSTF အဖွဲ့မှ RPJ 7 (လောင်ချာ)အား အစမ်းလေ့ကျင့်ပစ်လွှတ်သော အသံသာဖြစ်ကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် စိုးရိမ်ထိန့်လန့်ခြင်းများ မဖြစ်ပွားစေရန် YSTF မှာ သတင်းပေးပို့ ထုတ်ပြန်လာပါသည်။
YSTFသည် စစ်ရေး ကိစ္စရပ်များအတွက်
မြို့တွင်းပြောက်ကျားတပ်များအပြင် တောတွင်းခြုံခို အထူးတပ်သားများဖြင့်လည်း စနစ်တကျပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်းကို YRIN ထံမှတစ်ဆင့် မိဘပြည်သူများအား အသိပေးအပ်ပါသည်။

ဗီဒိယိုအညွှန်း
မူလYSTFအဖွဲ့သားများ ၏ လေ့ကျင့်ပစ်ခတ်နေ့မှု

ရေးမြို့နယ် နှင်းစုံကျေးရွာ တွင် ဗုံးဟုယူဆရသော ပေါက်ကွဲမှုဖြစ်ပွား ဟု သိရ။
30/12/2021

ရေးမြို့နယ် နှင်းစုံကျေးရွာ တွင် ဗုံးဟုယူဆရသော ပေါက်ကွဲမှုဖြစ်ပွား ဟု သိရ။

ရေးမြို့နယ် ကျောင်းရွာကျေးရွာ သို့ ဦးတည်၍ စစ်ကောင်စီမှ စစ်ကားများ တက်လာဟုသိရ
23/12/2021

ရေးမြို့နယ် ကျောင်းရွာကျေးရွာ သို့ ဦးတည်၍ စစ်ကောင်စီမှ စစ်ကားများ တက်လာဟုသိရ

15/12/2021

Soldier Cat က ဘယ်သူလဲ ဘာလဲ?

Soldier Cat ဆိုတာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေ ရှာဖွေရေး နှင့် ထောက်ပို့ လုပ်မယ့် အဖွဲ့ပါ။

Soldier Cat က ဘယ်က နေ ဘယ်လိုဖြစ်လာတာ လဲ?

Soldier Cat က မြေပြင်က PDF တပ်သားတစ်ယောက်ပါ။
ဒေသပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုမှာ
ပြည်သူ့ကာကွယ်ရေး သင်တန်းဆင်းပြီး လှုပ်ရှားဖို့ စောင့်နေတဲ့ ရဲဘော်တစ်ယောက်ဖြစ်ပြီး သူ့ ရဲ့စခန်းမှာ သူဟာ တပ်စိပ်မှူး တစ်ယောက်ပါ။
သူ့အနောက်မှာ ရဲဘော်တွေအများကြီး ရှိပါတယ်။

သူဟာ လက်နက်မပြည့်စုံသေးတဲ့ သူ့စခန်းအတွက် လှုပ်ရှားနိုင်ဖို့ ကြိုးပမ်းနေစဥ်မှာ ပဲ အဖမ်းခံသွားခဲ့ ရပါတယ်။
သူဟာ သူ့ရဲဘော်တွေ ကို ဆက်လက် ဦးဆောင်နိုင်ခြင်းမရှိ တော့ ပဲ စစ်ကြောရေး မှာ ဆိုးရွားလွန်းတဲ့ နေ့ရက်တွေ ဖြတ်သန်းနေရပါတယ်။

အဲ့ဒီ Soldier Cat နဲ့ ဒီအဖွဲ့က ဘယ်လိုပက်သက်မှုရှိလည်း?

ကျွန်တော်တို့ အခုလို Soldier Cat Funding Team တည်ထောင်ခြင်းဟာ လည်း Soldier Cat လို ရဲဘော်တွေ လှုပ်ရှားဖို့ ကျားကန်ရင်း ဖမ်းခံသွားရတဲ့ အဖြစ်မျိုးထပ်မဖြစ်အောင် ရည်ရွယ်ပါတယ်။

နိုင်ငံအဝှမ်းမှာ Soldier Cat လို ခဲရခဲဆစ် တော်လှန်ရေးအတွက် ကြိုးပမ်းနေရတဲ့ ရဲဘော်တွေ အများကြီး ရှိနေပါတယ်။ အဆိုပါ ရဲဘော်လေးတွေ အတွက်
အကူအညီပေးနိုင်ဖို့ ရည်ရွယ်တည်ထောင် ထားခြင်းဖြစ်ပါတယ်။

လိုအပ်ချက်တွေကို ကျားကန်နေရင်းနဲ့ အဖမ်းခံလိုက်ရတဲ့ Soldier Cat လို ရဲဘော်တွေ ထပ်မရှိလာအောင်
သင်တို့ပါဝင်ကူညီပေးနိုင်ပါတယ်။

သင်တို့အကူညီတွေ စောင့်မျှော်နေကြတဲ့ ရဲဘော်တွေ အများကြီးရှိပါတယ်။

ထောက်ပံ့ ကူညီ အောင်ပွဲဆီ

.

ရေးမြို့နယ်ဆိုင်ရာ နွေဦးတော်လှန်ရေး သတင်းအချက်လက်များ အချိန်မီ သိရှိစေနိုင်ရေးအတွက် YRIN အမည်ရှိ Channel တစ်ခုဖွင့်လှစ်ထ...
11/12/2021

ရေးမြို့နယ်ဆိုင်ရာ နွေဦးတော်လှန်ရေး သတင်းအချက်လက်များ အချိန်မီ သိရှိစေနိုင်ရေးအတွက်
YRIN အမည်ရှိ Channel တစ်ခုဖွင့်လှစ်ထား လျှက်ရှိပါသည်။
စစ်ကောင်စီ၏ ကျူးလွှန်မှုများ နှင့် တော်လှန်ရေးအင်အားစုများ ၏ လှုပ်ရှားမှုများကို လိုတိုပိုရှင်း စာသားများနှင့် အချိန်နှင့်တပြေးညီ တင်ဆက်လျက်ရှိပါသည်။

ေအာက်ပါ Telegram Channel သို့ join နိုင်ပါသည်။

For subscribe : https://t.me/Yerevolution

ရေးမြို့နယ် လိပ်ပုတ်ကျေးရွာ အား စစ်ကောင်စီမှ အသွားအလာ ပိတ်ပင်ထားသဖြင့် အဆိုပါရွာရှိ အခြေခံလူတန်းစားများ အခက်ကြုံနေရဟု သိ...
11/12/2021

ရေးမြို့နယ် လိပ်ပုတ်ကျေးရွာ အား စစ်ကောင်စီမှ အသွားအလာ ပိတ်ပင်ထားသဖြင့် အဆိုပါရွာရှိ အခြေခံလူတန်းစားများ အခက်ကြုံနေရဟု သိရ။

ဒီဇင်ဘာလ ၈ရက်နေ့ ညတွင်လည်း အဆိုပါ လိပ်ပ္ပုတ်ရွာသို့ ဦးတည်ကာ ကျောင်းရွာစစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်စတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့။

ရေးမြို့ ဝင်းသုခ ရွှေစျေး အရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူ သုံးဦး အား စစ်ကောင်စီမှ ပစ်ခတ်ဟု သတင်းရရှိ။
10/12/2021

ရေးမြို့ ဝင်းသုခ ရွှေစျေး အရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူ သုံးဦး အား စစ်ကောင်စီမှ ပစ်ခတ်ဟု သတင်းရရှိ။

ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲနေတဲ့ ရေးမြို့။ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မွန်ပြည်နယ် ရေးမြို့...
10/12/2021

ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲနေတဲ့ ရေးမြို့။

ဒီဇင်ဘာလ (၁၀) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မွန်ပြည်နယ် ရေးမြို့ အတွင်း ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲနေကြတဲ့ပုံတွေ မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

ပုံမှန်ရက်များမှာ လူစည်ကားလေ့ရှိတဲဲ့ ရေးမြို့ မြသီတာ စျေးတွေ လမ်းတွေပေါ်မှာ စျေးတွေပိတ် ဆိုင်တွေပိတ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လမ်းတွေပေါ်လည်း လူသူကင်းမဲ့ခဲ့ပါတယ်။

ဓါတ်ပုံ - CJ

ရေးမြို့ တွင် စစ်ကောင်စီ မှ Silent Strike လုပ်နေချိန် အပြင်ထွက်လက်သူများအား သေနတ်ဖြင့် လိုက်လံပစ် ခတ်နေဟု သတင်းရရှိ။
10/12/2021

ရေးမြို့ တွင် စစ်ကောင်စီ မှ Silent Strike လုပ်နေချိန် အပြင်ထွက်လက်သူများအား သေနတ်ဖြင့် လိုက်လံပစ် ခတ်နေဟု သတင်းရရှိ။

စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး နှင့် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိရေးမြို့အရှေ့ဖက်ခြမ်း ကျောင်း...
10/12/2021

စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး နှင့် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ရေးမြို့အရှေ့ဖက်ခြမ်း ကျောင်းရွာကျေးရွာရှိ ရဲကင်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒီဇင်ဘာ ၈ ရက်ညနေပိုင်းတွင် Ye Special Task Force (YSTF) မှ ဝင်ရောက်ခြေမှုန်းခဲ့ပြီး နှစ်နာရီဝန်းကျင်အကြာခန့်တွင် စစ်ကောင်စီ ၏ ကျောင်းရွာအခြေစိုက် တပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ရကြောင်း သိရပါသည်။

ဒီဇင်ဘာ ၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ကျောင်းရွာတိုက်နယ်အရှေ့ဖက် မုနိတောင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျပြီးပေါက်ကွဲခဲ့ရာ ရေးချောင်းဖျား ပနန်းပုံရွာမှ ဆေးလာကုသူ မိသီတာဦး ခြေသလုံးတွင်ဒဏ်ရာပြင်းထန်(စိုးရိမ်ရ)၊ ခလေးငယ်တစ်ဦး နဖူးဒဏ်ရာရရှိသဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညနေက ကျောင်းရွာမှာ PDF တွေ ရဲစခန်းကို ဝင်ပစ်ပြီး မကြာခင်မှာပဲ စစ်ကောင်စီက ကေအန်ယူထိန်းချုပ်နယ်မြေ ဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်တာ ကျချင်တဲ့နေရာကျပြီး ပေါက်ကွဲတယ်၊ မုနိတောင်ဘုန်းတော်ကြီးကျောင်းမှာ ဆေးလာကုတဲ့အမျိုးသမီးနဲ့ သူ့ခလေးလားမသိဘူး လက်နက်ကြီးထိသွားတယ်” ဟု ဒေသခံတစ်ဦးထံမှ သိရပါတယ်။

ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက်နေ့က လူနေအိမ် ၃ လုံးကို ဘေးလမိုင်းဘုရားတောင် အခြေစိုက် စကခ- ...
09/12/2021

ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက်နေ့က လူနေအိမ် ၃ လုံးကို ဘေးလမိုင်းဘုရားတောင် အခြေစိုက် စကခ- ၁၉ လက်အောက်ခံ ခလရ- ၁၀၆ မှ မီးရှို့ ဖျက်ဆီးခဲ့သည် ဟုဒေခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာသည် တိုက်ပွဲဖြစ်စဥ် များကြောင့် ရွာသားများအနေဖြင့် တောထဲတွင် ထွက်ပြေးတိန်းရှောင်နေရပြီ စပါးရိတ်သိမ်းချိန်နှင့် နှမ်းရိတ်သိမ်း ချိန်အတွင်း ဖြစ်ပွားသောကြောင့် စာဝတ်နေရေးအခတ်အခဲ များလည်း ရှိလာသည်။

ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတပ်များ မှ အင်အားတို့ချဲ့ခြင်း၊ စခန်းများ အသစ်ဆောက်ခြင်း၊ ကင်းထောက်ခြင်း၊ စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျှက်ရှိပြီး ဒေသခံ ခရီးသွားများအား အကြောင်းမဲ့ စစ်ဆေးမေးမြန်း လျှက်ရှိကြောင်းသိရသည်။

ယနေ့ညနေ ၅နာရီခွဲခန့်တွင် ကျောင်းရွာ ရဲကင်း စခန်း အားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အင်အားဆယ်ဦးထက်မနည်းဖြင့် လာရောက် ခြေမှုန...
08/12/2021

ယနေ့ညနေ ၅နာရီခွဲခန့်တွင် ကျောင်းရွာ ရဲကင်း စခန်း အား
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အင်အားဆယ်ဦးထက်မနည်းဖြင့် လာရောက် ခြေမှုန်း
စကစ ရဲတစ်ဦးနှင့် ပျူစောထီး လက်နက်ကိုင် နှစ်ဦး နှင့် စစ်မှုထမ်းဟောင်း တစ်ဦး ပြင်းထန် ဒဏ်ရာရရှိ

တပ်နှစ်ခုကြား ဟုပြင်ဆင်ဖတ်ရှုရန်ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် စကခ ၁၉ နှင့် ၆၁ တပ် တပ်အနောက် ခြမ်း တစ်လျောက် စက...
08/12/2021

တပ်နှစ်ခုကြား ဟုပြင်ဆင်ဖတ်ရှုရန်

ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့်
စကခ ၁၉ နှင့် ၆၁ တပ်
တပ်အနောက် ခြမ်း တစ်လျောက် စကစ စစ်သားများ ညလုံးပေါက်
ကင်းပုန်းဝပ်လျှက် ရှိ

ယနေ့ မနက်  ၈ နာရီခွဲချိန်က ရေးမြို့ဘက်မှထွက်ခွာလာသောစစ်ကား ၁ စီးအား YPDF မှ မိုင်းဆွဲ တိုက်ခိုက်အဆိုပါ စစ်ကားများသည် ရေး...
07/12/2021

ယနေ့ မနက် ၈ နာရီခွဲချိန်က ရေးမြို့ဘက်မှ
ထွက်ခွာလာသောစစ်ကား ၁ စီးအား YPDF မှ မိုင်းဆွဲ တိုက်ခိုက်
အဆိုပါ စစ်ကားများသည် ရေးမြို့ မြောက်ပိုင်း ရှေ့တန်းထွက်လာသော ကားများဖြစ်သည်ဟုသိရ။
ယမန်နေ့တွင် လည်း ရေးမြို့နယ်မြောက်ပိုင်းတွင် KNLA KNU တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ခွဲ ၄ တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ သုံးဦးသေဆုံး ဟု ကရင့်သတင်းမီဒီယာများ ထုတ်ပြန်ထား

ယနေ့နေ့လည် ၁၂နာရီ ဝန်းကျင်ခန့်တွင် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ အား YSTF အဖွဲ့မှ တာဝေးပစ်လျှော့တိုက်ဒုံးဖြ...
07/12/2021

ယနေ့နေ့လည် ၁၂နာရီ ဝန်းကျင်ခန့်တွင် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ အား YSTF အဖွဲ့မှ တာဝေးပစ်လျှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။
YSTF သည် ခေတ်မီ လက်နက်များအား ထုတ်လုပ်အသုံးပြုနေပြီး ယခု စကခ ၁၉ အား ပစ်ခတ်မှုတွင် အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရပြီး လက်ရှိ YSTF ၏ Facebook ပြန်ကြားရေးစာမျက်နှာ မှာ မသမာသူ အကြမ်းဖက်အားပေးသူ များ ၏ လက်ချက်ဖြင့်
Report ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ယနေ့နေ့လည် ၁ နာရီခန့်တွင် ရေးမြို့မ ရဲစခန်းအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ။ကြည်မြင်တိုင်သပိတ်ဖြိုခွင်းခံရမှူ၏ သွေးကြွေးလက်တ...
06/12/2021

ယနေ့နေ့လည် ၁ နာရီခန့်တွင် ရေးမြို့မ ရဲစခန်းအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ။
ကြည်မြင်တိုင်သပိတ်ဖြိုခွင်းခံရမှူ၏ သွေးကြွေးလက်တုံ့ပြန်ခြင်းဟု သိရ။

မေတ္တာရပ်ခံချက် ။ ။ ရဲစခန်း စစ်တပ် နှင့်အနီးပတ်ဝင်ကျင် နေရာများသို့ ပြည်သူများ အသွားလာပြုခြင်းရှောင်ရှားရန်လိုအပ်

မွန်ပြည်နယ် ရေးမြို့နယ်   နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ အေးသာယာကျေးရွာ မှ ရွာသား ၅ဦးထက် မနည်း ပေါ်တာ ဆွဲခံရဟု ဒေသခံမျာ...
04/12/2021

မွန်ပြည်နယ် ရေးမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ အေးသာယာကျေးရွာ မှ ရွာသား ၅ဦးထက် မနည်း ပေါ်တာ ဆွဲခံရဟု ဒေသခံများမှ တစ်ဆင့်သိရပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Ye Revolution and Information Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share