Nyi Nyi Zaw

Nyi Nyi Zaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyi Nyi Zaw, Media/News Company, .

16/03/2022

အရင်းကြီးပါဆိုပီး

အတင်းကြီးမယုံလိုက်နဲ့

လူချင်းထိုးတဲ့ဓားးမှာ

လူရင်းးထိုးတဲ့ဓားးက ပိုနက်တယ်

05/03/2022

မတောင်းဘဲ ရနေတာကတော့ အမေရဲ့ အဆူအဆဲတွေပါဘဲ ဟဲဟဲ

ရပ်ကွက်ထဲပုံပြပီးလိုက်ရှာတာတောင်မတွေ့ခဲ့ရပုးကွာ😌
21/02/2022

ရပ်ကွက်ထဲပုံပြပီးလိုက်ရှာတာတောင်မတွေ့ခဲ့ရပုးကွာ😌

04/01/2021

ယောက်ကျားတွေ အသဲကွဲတာ 💔
ကိုယ်နဲ့မတန်တဲ့ မိန်းမကို 🙎
ချစ်မိလို့........
မိန်းမတွေ အသဲကွဲတာ💔
ဖောင်းဒိုင်း ဖောင်းဒိုင်း လုပ်ချင်တဲ့ကောင်ကို 😅
အချစ်စစ် နဲ့အတည်ချစ်ခဲ့လို့.....
အဆင်ပြေလား ငါ့ကောင်ဒို့✌✌

01/01/2021

ပြေဘူးအေ စိတ်ညစ်တာပဲသိတယ်

29/12/2020

စစ်မှန်တဲ့တန်ဖိုးဆိုတာ

🌐 လောကကြီးမှာ…
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။

🌐 ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။

🌐 ကိုယ့်အပေါ်
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး
မထင်မိပါစေနဲ့။

🌐 ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။

🌐 သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး
လိုက်ပါ။


🌐 မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်
အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

🌐 ဒီဘဝမှာ…
အမုန်းတွေရှိရင်လည်း ကျေပါစေ။

🌐 အငြိုးတွေရှိရင်လည်း ကျေပါစေ။

🌐 ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။

🌐 နောက်ဘဝတွေ အထိယူမသွားပါနဲ့။

�မိတ်ဆွေ "သိထားရမည့်အရာက---

💠 ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

💠ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

💠ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

💠ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

💠ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

💠ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

💠ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

💠ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

💠ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

🍒ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .
Credit

27/12/2020
26/12/2020

တစ်ဦးနှင့်တစ်ဦး
ခဏတာတွေ့ဆုံရချိန်လေးမှာ
မေတ္တာမပျက်ကြပါစေနဲ့ ။

လူ့ဘဝဟာ မမြဲတာဖြစ်လို့
နှုတ်ဆက်ခွဲခွာခြင်းတွေနဲ့
ကြုံတွေ့ကြရအုံးမှာပါ ။

ဒါကြောင့်...
အတ္တကြီးပြီးတော့လည်း
တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။

ပြည့်စုံတယ်ဆိုတိုင်းလည်း
မောက်မာကြွားဝါမလုပ်ပါနဲ့ ။

မခွဲရခင်အချိန်လေးမှာ
အားလုံးကို အထင်မသေးပဲ

အားလုံးဆီက မေတ္တာတရားတွေ
ရအောင်ကြိုးစားပါ ။

သူတစ်ပါးတွေအတွက်
​စိတ်ချမ်းသာစေမှုတွေကို
ဖန်တီးပေးခြင်းဟာ

ကုသိုလ်လည်းရစေနိုင်သလို
ကိုယ်တိုင်မှာလည်း
စိတ်ချမ်းသာစွာ နေရပါတယ် ။

(သာရ ဂ ဝေ သီ)

📸:Mg Phonez Myint Zaw

-Han Thi❤️❤️❤️

26/12/2020

🙏🙏🙏
သူရဲကောင်း အဖေ 👑😍

အမေကိုယ် ခဏခဏ ချစ်တယ်လို့ပြောပြီးတော့
အဖေ့ကိုယ် ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းပြောဖို့ကိုယ်
ကျနော် မေ့နေခဲ့တယ်

အမေ ကမှသားကိုယ်ချစ်တယ်လို့ပြောတယ်
အဖေ ကချစ်တယ်လို့စကားလေးတခွန်း ပြောဖို့တောင်
သတိမရဘူးဆိုပြီး တွေးမိခဲ့တယ်
တကယ်တော့ အဖေဆိုတာ ကျနော်တို့ရဲ့ နောက်ကွယ်က
သူရဲကောင်းတွေဆိုတာ ကျနော်မေ့နေခဲ့တယ်
အဖေ က ချစ်တယ်လို့သာထုတ်မပြောပြတာ
အမေတွေ ချစ်သလိုမျိုး အဖေတွေလည်း ချစ်ကြပါတယ်

အမေ အလုပ်တွေပင်ပမ်းပြီးလည်းလုပ်ရတယ်
အိမ်မှုတာဝန်တွေလည်း အမေ လုပ်ရတယ်
ထမင်းဟင်းချက်ပြုတ်ရတာလည်း အမေဆိုပြီး
စိတ်မကောင်းဖြစ်ခဲ့တယ်
တစ်မိသားစုလုံး အစစအရာရာအတွက် နောက်ကွယ်က
တာဝန်ထမ်းဆောင်နေတဲ့ အဖေကိုယ်ကျ
ကျနော် နည်းနည်းလည်းမှကို ကျနော် စိတ်မကောင်း
မဖြစ်ခဲ့လို့ ကျနော် တောင်းပန်ပါတယ် အဖေ

အဖေ နဲ့ အမေ ဘယ်သူကိုပိုချစ်လဲလို့ မေးတိုင်း
အမေ ကိုပိုချစ်တယ်ဆိုပြီး အမေ ရင်ခွင်ထဲတိုးဝင်ကာ
အဖေ ကိုယ်ကျတော့ ပြုံးပြဖို့တောင် ကျနော် မေ့နေခဲ့တယ်

တစ်ခါတ​လေ အမေ အိမ်မှာမရှိတဲ့အချိန်တွေဆို
အမေကို မရမကလိုက်ရှာပြီး အိမ်မှာ ရှိနေတဲ့
အဖေ ကိုတော့ မေ့နေတက်ကြတယ်

အဖေ ရင်ထဲမှာရှိတဲ့ အချစ်တွေ သားသမီးတွေအပေါ်မှာ
ထားတဲ့ သံယောဇဥ်တွေကိုယ်
ကျနော်တို့ကပဲ
ဘာသာပြန်ညံ့ခဲ့တာပါ
အဖေ ဟာ သားသမီးးတွေအတွက် လူပေါ် ဘယ်တုန်းကမဟုတ်ခဲ့ပါဘူး
သူရဲကောင်းတွေပါ အဖေ သူရဲကောင်းတွေပါ

အရမ်းချစ်တယ်အဖေ

💙🙏🙏🙏
သူရဲကောင်းပါ အဖေ
w
Decemr 13 / 12 /2020

25/12/2020
20/12/2020

ကိုယ့်အတွက်ပဲ စိတ်ပူပါ
~~~~~~~~~~~~~~

မင်းမရှိလည်း ကမ်ဘာကြီးက. လည်ပတ်နေမှာပဲ ရာသီတွေ
လည်း သူ့နေသားတကျ ရွေလျားနေမှာပဲူ

မင်းမရှိလည်း .လူတချို့က. အဆင်ပြေနေကြမှာပဲ၊
မရှိခဏ. တမ်းတကြတုန်း မင်းထက် ကောင်းပေ့ဆိုတဲအရာ
တွေနဲ့တွေ့ရင် မင်းဆိုတာ သတင်းစာတစောင်ရဲ့နာရေးကြော်
ငြာ တစ်ပိုဒ်စာပဲ ပြီးရင် နောက်အပတ်စဥ်မှာတော့ ဘယ်သူ
မှမင်းကို အမှတ်ရမနေကြဘူး။

မင်းကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်း
သူတို့လိုအပ်ချက်တွေရနိုင်မယ့် နေရာတခုစီကို ရွေလျားသွာ
ကြမှာပဲ။ မင်းရှိတုန်းတော့ သူတို့ရနိုင်သမျှကို ကုန်စင်
အောင် ယူနေကြမှာပဲ။

သစ်ပင်တစ်ပင်လိုပေါ့၊ အသီးချိုရင် အသီးရာသီ
မှာမင်းဆီရောက်လာမယ်။ အပွင့်လှရင် အပွင့်ပွင့်ချိန်ကို
စောင့်ကြမယ်။ အမြစ်ပါချိုရင် မင်းကိုအမြစ်ပါလှန်ဖို့
စောင့်နေကြမှာပဲ။

မင်းသေဆုံးသွားတဲ့တနေ့.........
အသီးမသီးတော့တဲ့တနေ့...............
အပွင့်မပွင့်တော့တဲ့တနေ့...................

နောက်တပင်ကို ကူးပြောင်းသွားမယ့် ငှက်တွေလိုပေါ့။...
မင်းကို တန်ဖိုးထားပါတယ်ဆိုတဲ့ လူတွေလည်း
မင်းနေရာမှာ အခြားတယောက်ရောက်လာရင် မင်းဟာသူတို့
ရဲ့ တချိန်က တနေရာစာလေးပဲ ကျန်ခဲ့မယ့် ပါးစပ်သမိုင်း
ဖြစ်သွားမှာပဲ။..

မင်းရှိတုန်းသာ မင်းကိုအတိုင်းအတာတစ်ခု
လောက်ပဲ ပြုံးပြ၊ နှုတ်ဆက်ပြတာ မင်းမရှိတော့တဲ့တနေ့
မင်းကောင်းခဲ့သမျှတွေ ဆယ်ခုထဲမှာမကောင်းတာတခုရှိရင်
အဲဒိအရာကို ပုံကြီးချဲ့ပြီးပြောကြဥိးမှာပဲ။

ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့။ နောက်တခု
ခေတ်ထရင် အလိုလို ဖြတ်ချပြီး ဟောင်းနွမ်းဇာတ်သွင်း
လိုက်ကြတာပဲ။

ဒီ့အတွက်မင်းလည်း ဘာမှစိတ်ပူမနေနဲ့
မင်းရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေနေကြတာပဲ။
ဒါတွေကို မင်းသိဖို့လိုတယ်။ ဒါကြောင့်
ကိုယ့်အတွက်ကိုပဲ စိတ်ပူပါ။.......

15/12/2020

ကမ္ဘာပေါ်မှာ
မိုနာလီဇာရဲ့
အပြုံးကအလှဆုံးဆိုပဲ
ကျနော့် အမြင်မှာတော့
(အမေ့) ရဲ့
အပြုံးက
အလှဆုံးပါ😁

13/12/2020

သူငယ်ချင်းကောင်း
=================
သင့်ကို ချစ်တယ်။
ဒါပေမယ့်
ချစ်သူတော့ မဟုတ်။

သင့် ကို ဂရုစိုက်တယ်။
ဒါပေမယ့်
မိသားစုဝင် တော့ မဟုတ်။

သင့်ကို ပွေ့ဖက်အားပေးတယ်။
ဒါပေမယ့်
ဘဝလက်တွဲဖော် တော့ မဟုတ်။

သင့်ကို ကူညီအားပေးတယ်။
ဒါပေမယ့် ...
ဆွေမျိုးသားချင်းတော့ မဟုတ်။

အဲဒီလူက..
သူငယ်ချင်း ကောင်း ပါပဲ။

သူငယ်ချင်းကောင်းက

သင့်ကို ဖခင် တစ်ယောက်လို
ဆူပူလိမ့်မယ်။

မိခင် တစ်ယောက်လို
ဂရုစိုက်လိမ့်မယ်။

အကို တစ်ယောက်လို
စ နောက်လိမ့်မယ်။

အမ တစ်ယောက်လို
အားပေးနှစ်သိမ့်လိမ့်မယ်။

ညီလေး တစ်ယောက်လို
တိုင်ပင်လိမ့်မယ်။

ညီမလေး တစ်ယောက်လို
အဖော်ပြုလိမ့်မယ်။

ပြီးတော့..
သင့်ကို ချစ်သူထက်
ပိုပြီး နားလည်လိမ့်မယ်။

စာအုပ်ဆယ်အုပ်က
သူငယ်ချင်း တစ်ယောက်နဲ့
ညီတယ်ဆိုရင်..

သူငယ်ချင်းကောင်း ကတော့
စာကြည့်တိုက် တစ်ခုနဲ့
ညီလိမ့်မယ်။

😔😔😔😔
23/11/2020

😔😔😔😔

05/09/2020

မင်းကိုချစ်တယ်လို့ဖွင့်ပြောဖို့င့မှာခွင်းအားတေမရှိသေးလို့ကွာ😔😔😔

သိဖို့
04/09/2020

သိဖို့

02/09/2020

တိပ်တခိုလေးနဲ့မင်းချစ်သူကိုမင်းနေတာမသိအောင်ချစ်ခဲ့ဖူးသလာfri

Address


Website

Alerts

Be the first to know and let us send you an email when Nyi Nyi Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share