ချင်းတို့ဌာနီ - Chin Dou Hta Ni

  • Home
  • ချင်းတို့ဌာနီ - Chin Dou Hta Ni

ချင်းတို့ဌာနီ  - Chin Dou Hta Ni Chin Dou Hta Ni is producing Chin funny video, music, traditional and lifestyles of Chin People.
(3)

မေ့မရနိုင်တဲ့ အတွဲလေးနော်… 😊🍀❤️     #ချင်းတို့ဌာနီ
21/07/2024

မေ့မရနိုင်တဲ့ အတွဲလေးနော်… 😊🍀❤️





#ချင်းတို့ဌာနီ

Congratulations to Khumi Youth in USA for your graduation! 👏👏🥳🥳 Proud of you all,1. Zaw Lin Oo2. Thein Thein3. San Da Ph...
21/06/2024

Congratulations to Khumi Youth in USA for your graduation! 👏👏🥳🥳

Proud of you all,
1. Zaw Lin Oo
2. Thein Thein
3. San Da Phyu

Wish you all for the best for your future blessed days! Cheers!! 🥳🥳

©️KYA~USA

Congratulations!! 👏👏👏-----------------------------------------------------မြန်မာပြည်ဖွားချင်းလူငယ် Juventus Football Clu...
04/06/2024

Congratulations!! 👏👏👏
-----------------------------------------------------

မြန်မာပြည်ဖွားချင်းလူငယ် Juventus Football Club မှခေါ်ယူ
ဇွန်/၀၂/၂၀၂၄
======================
Australia နိုင်ငံတွင်နေထိုင်သော မြန်မာချင်းလူငယ်လေး Joseph Mara Laichhie ဟာဆိုရင် Australia Juventus Football Club တွင်ကစားနေပြီး ကလဒ်လက်ရွေးစင်အဖြစ် လာမည့်ရာသီပွဲတွင် Italy သို့သွားရောက်ကစားခွင့်ရမည်ဟု မိသားစုမှတစ်ဆင့်သိရှိရပါတယ်။ အသက်(၁၂)သာရှိသေးတဲ့ မရာ(ချင်း) Joseph Mara ဟာမြန်မာနိုင်ငံ ချင်းပြည်နယ် ငဖိုင်ပီး ရွာမှအဖ Rung Ceu Khaimeichho အမိ Toklengtiang တို့၏သားငယ်ဖြစ်ကြောင်းသိရှိရပါတယ်။
နှစ်ပေါင်း(၁၂၀)ကျော်သက်တမ်းရှိ Juventus Football Club ဟာဆိုရင် အီတလီနိုင်ငံ Turin, Piedmont
တွင်အခြေစိုက်သော Professional Football Club ဖြစ်ပြီး တော့ Juventus ဆိုတာ အီတလီလို "လူငယ်" လို့အဓိပ္ပာယ်ရပါတယ်။
------------------------------------------------------------
Mara saw football thaina liata Khizaw apatha awpa eima hnei ba aw
Moh- Joseph Mara Laichhie
Khi- Ngephepi
Paw. Rung Ceu Khaimichho
No- Toklengtiang
Ko- 12
Tahma yna suh Australia
Eima Sawchapaw pa Joseph Mara Laichhie cha Khazopata tlana byhna pie ta achuna Siku tawta football liata hlao tlohna avaw to haw.Juventus Clup liata vaw palao lyma ta Tahma cha athai chaipa naw atlyna liata avaw hlao haw. Australia Juventus Clup vyu pata Italy rah la football akhai awpa ta asie ba aw .
Mara saw zydua ta hlaotlohna ato thei nawpa chata Thlachha bao khai suh vy. Joseph Mara Lai chhie Khazopata byhna chapie lyma sala mara Chipho moh Khizaw apathasa rili tupa vaw cha ma y.

Credit:Beiho

ပြင်ပကမ္ဘာဆီ ရောက်သွားသလိုအဆက်အသွယ်ပြတ်ပြီးတိတ်ဆိတ်ခြင်းများစွာနဲ့ငြိမ်သက်သွားတဲ့ ဒို့မြို့ငယ်လေး... အစစ အရာရာ အဆင်ပြေကြ...
02/06/2024

ပြင်ပကမ္ဘာဆီ ရောက်သွားသလို
အဆက်အသွယ်ပြတ်ပြီး
တိတ်ဆိတ်ခြင်းများစွာနဲ့
ငြိမ်သက်သွားတဲ့ ဒို့မြို့ငယ်လေး...

အစစ အရာရာ အဆင်ပြေကြပါစေလို့
သတိရခြင်း များစွာနဲ့ တောင်းဆု ပြုလိုက်ပါတယ်.... 🙏🙏🙏


#ချင်းတို့ဌာနီ

ရှဉ့်ပျံ (Flying Squirrel) လေးတွေ ဖမ်းရတာ လွယ်လားဗျ... 😁😁ဓါတ်ပုံ - Eaung Lin Htun  #ချင်းတို့ဌာနီ
31/05/2024

ရှဉ့်ပျံ (Flying Squirrel) လေးတွေ ဖမ်းရတာ လွယ်လားဗျ... 😁😁

ဓါတ်ပုံ - Eaung Lin Htun


#ချင်းတို့ဌာနီ


ပလိုင်းထဲက ဒီလို ငါးမျိုးစုံထည့်ခြင်းရဲ့ ပျော်ရွှင်ဖွယ် ရသကို ချင်းတောင် ပလက်ဝမြို့နယ်က ဒေသခံတွေ ပိုအသိဆုံး ဖြစ်မယ်ထင်ပါ...
25/05/2024

ပလိုင်းထဲက ဒီလို ငါးမျိုးစုံထည့်ခြင်းရဲ့ ပျော်ရွှင်ဖွယ် ရသကို ချင်းတောင် ပလက်ဝမြို့နယ်က ဒေသခံတွေ ပိုအသိဆုံး ဖြစ်မယ်ထင်ပါတယ်... 😊😊



#ချင်းတို့ဌာနီ

11/05/2024

ခူမီးချင်းရိုးရာ သိမှတ်ဖွယ်အကြောင်း နောက်ထပ်တစ်ပုဒ် မကြာခင် လာမယ်နော် ... အချိန်နဲ့အမျှ ကြည့်ရှုနိုင်ဖို့ ပေ့စ်ကို "Follow" လုပ်ထားပြီး စောင့်မျှော် အားပေးကြပါအုန်း... 🤗🤗❤

08/05/2024

ခူမီးချင်းရိုးရာ ကြွက်မင်းပုံပြင်လေးကို နောင်လာနောင်သားများ နားဆင်နိုင်ဖို့ မှတ်တမ်းတင် ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ ပုံပြင်ပါ အသုံးအနှုန်းများကို မူရင်းမပျက် ဘာသာပြန်ဖို့ အခက်အခဲရှိတဲ့အတွက် မူရင်း ခူမီးဘာသာစကားနဲ့ပဲ ဖန်တီးထားပါတယ်။

နောက်ထပ် တင်ဆက်မှုများကို အချိန်နဲ့အမျှ ကြည့်ရှုနိုင်ဖို့ Page ကို "Follow" လုပ်ထားပြီး YouTube ချန်နယ် https://www.youtube.com/ ကို Subscribe လုပ်ပေးထားကြပါခင်ဗျား။ အားပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား ... ။


#ချင်းတို့ဌာနီ


ခူမီးချင်းရိုးရာ ပုံပြင်လေး မကြာခင် အတူတူ နားထောင် ကြရအောင် အမျိုးတို့ရေ ... 😇🤗🤗စောင့်မျှော်ပေးကြပါအုန်းနော် ....
07/05/2024

ခူမီးချင်းရိုးရာ ပုံပြင်လေး မကြာခင် အတူတူ နားထောင် ကြရအောင် အမျိုးတို့ရေ ... 😇🤗🤗

စောင့်မျှော်ပေးကြပါအုန်းနော် ....

ဒီပုံကို ကြည့်လိုက်ရင် ကျန်းမာရေးအတွက် ဒေသခံတွေ တောတွင်း Trekking ထွက်ကြတယ်လို့ ထင်စရာ ရှိပါတယ်...။ အမှန်တော့ ရပ်ဝေးက သာ...
13/04/2024

ဒီပုံကို ကြည့်လိုက်ရင် ကျန်းမာရေးအတွက် ဒေသခံတွေ တောတွင်း Trekking ထွက်ကြတယ်လို့ ထင်စရာ ရှိပါတယ်...။

အမှန်တော့ ရပ်ဝေးက သား၊ သမီးတွေနဲ့ အဆက်အသွယ်ရဖို့ ဖုန်းလိုင်းမိတဲ့ တောင်တန်းဆီ အပင်ပန်းခံ လမ်းလျှောက်တက်လာရခြင်း ဖြစ်ပါတယ်...။

ချင်းတောင်က ဒီလိုအဖြစ်အပျက်တွေကိုလည်း နောင်တစ်ချိန်မှာ အမှတ်ရမိစေဖို့ မျှဝေပေးလိုက်ပါတယ်...။

ဓါတ်ပုံ - Mai Trizar


#ချင်းတို့ဌာနီ


ဒို့ဌာနေက ခူမီးပျိုဖြူများနံနက်ခင်း ရေခပ်ဆင်းဟန်… ❤️ဓါတ်ပုံ - အိုက်တင့် (ချင်းပြည်)[မှတ်ချက် - ချင်းတို့ဌာနီပေ့စ်ဟာ ဒေသအ...
09/04/2024

ဒို့ဌာနေက ခူမီးပျိုဖြူများ
နံနက်ခင်း ရေခပ်ဆင်းဟန်… ❤️

ဓါတ်ပုံ - အိုက်တင့် (ချင်းပြည်)

[မှတ်ချက် - ချင်းတို့ဌာနီပေ့စ်ဟာ ဒေသအရေး၊ လူမျိုးအရေး၊ ဘာသာရေးနဲ့ အခြား ပဋိပက္ခ ပွါးများစေမည့် ကော်မန့်များ၊ အရေးအသားများကို အားမပေးပါ။ ဒါ့ကြောင့် အပြုသဘောမဆောင်တဲ့ ကော်မန့်များကို ဖျက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။]


#ချင်းတို့ဌာနီ

အဖိုးတန်ပုံပြင်များကို မျိုးဆက်သစ်များ လေ့လာနိုင်အောင် ကြိုးစားရေးသားတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်…။နောင်လည်း များများထုတ်...
06/04/2024

အဖိုးတန်ပုံပြင်များကို မျိုးဆက်သစ်များ လေ့လာနိုင်အောင် ကြိုးစားရေးသားတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်…။

နောင်လည်း များများထုတ်နိုင်ဖို့ လက်လှမ်းမှီသူများအားလုံး ဝယ်ယူအားပေးကြရအောင် အမျိုးတို့.. ❤️😎🤗

ဘယ်မှာ ဝယ်ရမလဲလို့ သိချင်သူများ ကော်မန့်မှာ ဝင်ကြည့်ပါနော်… 🤗🤗

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကြား စီးပွားကူးသန်းရောင်းဝယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စတွေမှာ အဓိက အထောက်အကူပြုနေတဲ့ ပ...
04/04/2024

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကြား စီးပွားကူးသန်းရောင်းဝယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စတွေမှာ အဓိက အထောက်အကူပြုနေတဲ့ ပင်မ မြစ်တစ်စင်းရှိပါတယ်။ ဒါကို ချင်းပြည်နယ် နယ်နမိတ်အတွင်းမှာတော့ ကုလားတန်မြစ်လို့ ခေါ်ပြီး ရခိုင်ပြည်နယ် နယ်နမိတ်အတွင်းမှာတော့ ကစ္ဆပနဒီမြစ်လို့ ခေါ်ပါတယ်။

ဟိုးရှေးရှေးခေတ် ဘိုးစဉ်ဘောင်ဆက်ကတည်းက ဒီမြစ်ကို အသုံးပြုပြီး ဒေသအတွင်း ကုန်သွယ်ကြတယ်၊ ဒေသထွက်ကုန် ရောင်းဝယ်ရေးတွေ လုပ်ကြတယ်…။ အဲခေတ်တုန်းက စက်မှုထွန်းကားမှု သိပ်မရှိသေးတဲ့အတွက် ရခိုင်ပြည်နယ်က ကုန်သည်တွေဟာ ဒေသအခေါ် သဗ္ဗန် တွေကို အသုံးပြုပြီး လေငြိမ်တဲ့အချိန် လှော်တက်အရှည်ကို လှေဦးက တစ်ဦး၊ ပဲကိုင်နားက တစ်ဦး လှော်ရပြီး၊ လေသာတဲ့အချိန်မှာတော့ ပုံထဲကအတိုင်း ရွက်လွှင့်ပြီး ခရီးနှင်ခဲ့ကြတယ်။ ဒါဟာ ဒေသအချင်းချင်းကြား ကုန်သွယ်ရေးအတွက် သုံးများတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နောက်တစ်မျိုးက စက်လှေတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒေသထွက် မြေပဲ၊ ငှက်ပျော်သီး၊ သရက်သီး၊ နံနက်သီးအပြင် အခြား ဒေသထွက်ကုန်တွေကို ဝယ်ယူပြီး မိမိတို့ ရခိုင်ပြည်နယ်ထဲကို ပြန်လည်တင်ပို့ ကြတယ်…။ ပလက်ဝမြို့နယ်က ဒေသခံတွေလည်း ဒေသထွက်ကုန်တွေ ရောင်းချဖို့ ရခိုင်ပြည်နယ်က ကုန်သည်တွေကို အားကိုးကြတယ်…။ ရခိုင်ပြည်နယ်က ကုန်သည်တွေလည်း ထုတ်ကုန် ကုန်ကြမ်းများအတွက် ချင်းဒေသခံတွေကို အားကိုးကြတယ်…။

ဒါဟာ ကုလားတန်မြစ် - ကစ္ဆပနဒီမြစ်ကို မှီခိုပြီး စီးပွား ကူးသန်း ရောင်းဝယ်ရေးအတွက် လှေ၊ သဗ္ဗန်၊ စက်လှေတွေနဲ့ အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပူးပေါင်း လုပ်ဆောင်ကြတဲ့ အမှတ်ရစရာ ဓလေ့တစ်ခုဖြစ်ပါတယ်…။

အခုခေတ်မှာ သဗ္ဗန်ကို အသုံးပြုပြီး ကုန်သွယ်တာ တော်တော်နည်းလာပြီ ဖြစ်တဲ့အတွက် ယခင်က အတွေ့အကြုံကို အမှတ်တရ ပြန်လည် မျှဝေပေးထားခြင်း ဖြစ်ပါတယ်။


#ချင်းတို့ဌာနီ


#သဗ္ဗန်
#ကုလားတန်မြစ်
#ကစ္ဆပနဒီမြစ်

ဒစ်ဂျစ်တယ်စကရင်မှ ကိုယ့်ဒေသဆီ ရောက်သွားသလို ခံစားရစေမယ့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသအလှနဲ့ လူနေမှုပြ ဓါ...
02/04/2024

ဒစ်ဂျစ်တယ်စကရင်မှ ကိုယ့်ဒေသဆီ ရောက်သွားသလို ခံစားရစေမယ့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသအလှနဲ့ လူနေမှုပြ ဓါတ်ပုံများ… ❤️❤️😎



#ချင်းတို့ဌာနီ

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပညာအပေါ်  ရာနှုန်းပြည့် မူတည်တယ်လို့ လက်ခံ ယုံကြည်ထားရင် …ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပညာရေးနဲ့ အလှမ...
31/03/2024

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ
ပညာအပေါ် ရာနှုန်းပြည့် မူတည်တယ်လို့
လက်ခံ ယုံကြည်ထားရင် …

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်
ပညာရေးနဲ့ အလှမ်းဝေးမသွားစေဖို့
အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို
ကြိုးစား ရုန်းကန်ရစမြဲပါ…

အခုမြင်ကွင်းက
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က
သားသား၊ မီးမီးတို့ရဲ့ တောတွင်းတိုင်
ပညာရေးအပေါ် မဆုတ်မနစ် ကြိုးစားခဲ့ကြပုံ ဖြစ်ပါတယ်…

ယနေ့ ပညာရေးကို တန်ဖိုးထားကြသလို
တနေ့ ပညာရေးက သားသား၊ မီးမီးတို့ ဘဝကို
အမြင့်ဆုံးထိ ချီးမြှောက်သွားပါစေကွယ်… 🙏🙏❤️

မူရင်းဓါတ်ပုံရိုက်ကူးသူများကို လေးစားစွာ Credit ပေးပါတယ်။


တချိန်တုန်းက တက္ကသိုလ်ဆီ .... 😍❤ဓါတ်ပုံ - Isaac Htun
29/03/2024

တချိန်တုန်းက တက္ကသိုလ်ဆီ .... 😍❤

ဓါတ်ပုံ - Isaac Htun

Congratulations Lelen! Wish you all the best for your future career!Photos Crd: CG
24/03/2024

Congratulations Lelen! Wish you all the best for your future career!

Photos Crd: CG

အနာဂတ် ခူမီးမျိုးဆက်သစ် သားငယ်၊ သမီးငယ်များရဲ့ ရိုးရာဝတ်စုံနဲ့ ချစ်စရာ ဖက်ရှင်လျှောက်တဲ့ဟန်ကို အောက်ပါ လင့်က ဝင်ရောက်ကြည...
23/03/2024

အနာဂတ် ခူမီးမျိုးဆက်သစ် သားငယ်၊ သမီးငယ်များရဲ့ ရိုးရာဝတ်စုံနဲ့ ချစ်စရာ ဖက်ရှင်လျှောက်တဲ့ဟန်ကို အောက်ပါ လင့်က ဝင်ရောက်ကြည့်ရှုအားပေးကြပါအုန်းခင်ဗျား...

Khumi culture, rooted in the lush landscapes of Paletwa in Chin State, boasts a vibrant tapestry of customs and rituals passed down through generations.

Central to this cultural tapestry is the traditional attire, a symbol of identity and pride for the Khumi people. Each garment tells a story, reflecting the community's connection to nature, spirituality, and communal harmony.

You are most welcome to enjoy our kids' fashion show in our traditional costume via below link. Thank you so much! ❤️😊❤️

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ခူမီးရိုးရာနှစ်သစ်ကူးအစီအစဉ်မှာ သားငယ်၊ သမီးငယ်များရဲ့ ချစ်စရာ ရို....

လွမ်းမောရပါသော ချင်းတောင်တန်းဆီဝယ် ... 😇🫥Photo: ANT  #ချင်းတို့ဌာနီ
21/03/2024

လွမ်းမောရပါသော
ချင်းတောင်တန်းဆီဝယ် ... 😇🫥

Photo: ANT


#ချင်းတို့ဌာနီ

အေးချမ်းသာယာတဲ့ တနေ့ မှိုင်းညို့ညို့ ချင်းတောင်တန်းပြာအောက်ကမြစ်ကုလားတန်နံဘေးမှာ...ရိုးရှင်းတဲ့ ဘဝလေးနဲ့ဖြတ်သန်းလေတော့မယ...
20/03/2024

အေးချမ်းသာယာတဲ့ တနေ့
မှိုင်းညို့ညို့ ချင်းတောင်တန်းပြာအောက်က
မြစ်ကုလားတန်နံဘေးမှာ...

ရိုးရှင်းတဲ့ ဘဝလေးနဲ့
ဖြတ်သန်းလေတော့မယ်... 😇❤😇



#ချင်းတို့ဌာနီ

ရိုးရှင်းတဲ့ ဘဝလေးတစ်ခု==============ဒို့ချင်းတောင်ရဲ့ “ရိုးရှင်း” တဲ့ ဘဝဆိုတာက တကယ်တော့ ရွှေ၊ ငွေ၊ ပစ္စည်း စည်းစိမ် ဥစ္...
15/03/2024

ရိုးရှင်းတဲ့ ဘဝလေးတစ်ခု
==============

ဒို့ချင်းတောင်ရဲ့ “ရိုးရှင်း” တဲ့ ဘဝဆိုတာက တကယ်တော့ ရွှေ၊ ငွေ၊ ပစ္စည်း စည်းစိမ် ဥစ္စာကို မခင်တွယ်ပဲ ဘဝကို ရိုးသား ဖြူစင်စွာ နေထိုင်မယ်။ သူများ ပစ္စည်းကို မတရားသဖြင့် မယူချင်ဘူး၊ တရားသဖြင့်လည်း ခွင့်တောင်းပြီး ယူမယ်၊ ဒါမှမဟုတ် ပိုင်ရှင်ရှေ့မှာ သူ့ပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ဆိုင်မှု အသုံးအဆောင် ပစ္စည်းများကို အပြန်အလှန် ယူသုံးကြမယ်။

မိသားစုတစ်ခုက ချမ်းသာကြွယ်ဝဖို့ ဆိုတာထက် တနေ့စာ လုံလောက်ဖို့၊ တစ်နှစ်စာ လုံလောက်ဖို့ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ ကိုင်းကျွန်းလုပ်ငန်းနှင့် အခြား တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေ လုပ်ကြမယ်။ သားငါးအတွက် ကုလားတန်မြစ် (ဒါမှမဟုတ်) နီးစပ်ရာ ချောင်းထဲက လိုသလောက် တခါစား ငါးဖမ်းပြီး ဘဝကို ပျော်ပျော်နေမယ်။ မျိုးသုန်းတဲ့အထိ လောဘနဲ့ မဖမ်းကြဘူး။

ရွာထဲမှာ တောကောင်ဖြစ်ဖြစ်ဖြစ်၊ အမဲဖျက်တာဖြစ်ဖြစ် ရှိခဲ့ရင် အိမ်ရှင်က အိမ်တန်းစေ့ ခေါ်ဖိတ်မယ်။ ရွာသားတွေလည်း ကိုယ်စားမယ့် ထမင်းကို ဇလုံလေးနဲ့ ယူလာပြီး တရွာလုံး ညစာ အတူတူ ပျော်ပျော်ပါးပါး စားသောက်ကြမယ်…။

တကယ်တော့ ချင်းတောင်က ကျေးရွာမှာ နေထိုင်တဲ့ ရိုးရှင်းတဲ့ ဘဝဆိုတာ "လောဘ၊ ဒေါသ၊ မောဟ" ကင်းပြီး အပြန်အလှန် နှောင်ကြိုးမဲ့ ကူညီရင်း “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” မေတ္တာနဲ့ ပေါင်းစပ် ရှင်သန်တဲ့ လူမှုအသိုင်းအဝန်းတစ်ခုပါ။ ဒါဟာ မျိုးဆက်သစ်တွေအတွက် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း သွန်သင်ဆုံးမ ကျင့်သုံးလာခဲ့တဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။

ဒီအချိန် ပြန်တွေးမိရင် အရင်အချိန်တွေကို လွမ်းမိသား …. 😇🥹❤


#ချင်းတို့ဌာနီ



Edit: အခုအဆက်အသွယ် ပြန်ရပါပြီတဲ့ခင်ဗျား။ အားလုံးရဲ့ ပူးပေါင်း ကူညီမှုများအတွက် မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျား… 🙏...
12/03/2024

Edit: အခုအဆက်အသွယ် ပြန်ရပါပြီတဲ့ခင်ဗျား။ အားလုံးရဲ့ ပူးပေါင်း ကူညီမှုများအတွက် မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျား… 🙏🙏❤️

===============================

သူ့ကို တွေ့ရင် အကြောင်းကြားပေးကြပါခင်ဗျား...

မက်ဆေ့ဒ်ဂျာက ဆက်သွယ် အကူအညီတောင်းခံလို့ ပေ့စ်ကနေ ကူညီ ရှာပေးပါရစေ...။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုက်ချောင်းဝကျေးရွာက (မောင်) ဦးသန်းအောင်ဟာ အိမ်နဲ့ အဆက်အသွယ်ပြတ်တာ အခုဆို နှစ်ပေါင်း ၁၈ - ၁၉ နှစ်လောက် ရှိနေပြီလို့ သိရပါတယ်။

အခုထိ ဘယ်ရောက်နေလို့ ဘာလုပ်နေလဲ၊ ဘာဖြစ်နေလဲဆိုတာ မိသားစုဝင်တွေအနေနဲ့ ဘာမှ မသိရသေးလို့ သူနဲ့ အရင်က သိဖူးတာဖြစ်ဖြစ်၊ တွေ့ဖူးတာဖြစ်ဖြစ်၊ သူအခု ဘယ်မှာနေထိုင်တယ်ဆိုတာကို သိတာပဲဖြစ်ဖြစ် ရှိခဲ့ရင် အခုပို့စ်က ကော်မန့်မှာ (ဒါမှမဟုတ်) မက်ဆေ့ဒ်မှာ ပြောပြပေးဖို့ မိသားစုဝင်များကိုယ်စား မေတ္တာရပ်ခံ အကူအညီတောင်းခံအပ်တယ်ခင်ဗျား...။

အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာနေတဲ့ မိသားစုဝင်တွေကို ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကူညီပေးနိုင်တာ အင်မတန် ထူးမြတ်တဲ့ ကုသိုလ် မင်္ဂလာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတက်နိုင်သလောက် ကူပေးကြရအောင်လား... 🙏🙏🙏

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်... ❤🙏🙏

အလွမ်းဖြေ ချင်းတို့ဌာနေ ပလက်ဝမြို့နယ်လေး ... ❤❤Memory returns to our beloved little town - Paletwa, Chin State... ❤❤   #...
11/03/2024

အလွမ်းဖြေ ချင်းတို့ဌာနေ
ပလက်ဝမြို့နယ်လေး ... ❤❤

Memory returns to our beloved little town - Paletwa, Chin State... ❤❤



#ချင်းတို့ဌာနီ

10/03/2024

ခူမီးရိုးရာ နှစ်သစ်ကူးဆင်းသက်လာပုံများကို ခူမီးရိုးရာဓလေ့ထုံးတမ်းများအကြောင်း လေ့လာသူ ဦးကျော်လှအောင်မှ တောင်ယာပြုလုပ်သည့်အဆင့်မှ အသေးစိတ် မျှဝေပြောပြပေးခြင်းဖြစ်ပါတယ်။ ဒါဟာ အပိုင်း - ၁ ဖြစ်ပါတယ်။

အခုဗွီဒီယိုမှာ ပြောပြပေးချက်ဟာ ပြည့်စုံပြီလို့ မဆိုလိုပေမယ့် ဒါနဲ့ ပတ်သက်ပြီး လေ့လာမှတ်သားနိုင်ဖို့၊ လိုအပ်သည်များကို ထပ်မံ ဖြည့်စွက် ပြုစုနိုင်ဖို့ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ တစ်ဖက်ကတော့ "သက်ကြီးစကား လူငယ်ကြား" သိစေဖို့ မှတ်တမ်းတင် ထားခြင်း ဖြစ်ပါတယ်။ အချို့အသုံးအနှုန်းကို ရှင်းလင်းတိကျစွာ မြန်မာမှုပြုဖို့ ခက်ခဲတဲ့အတွက် မြန်မာစာတမ်းမထိုးပေးနိုင်တာ နားလည်ပေးကြပါခင်ဗျား… 🙏🙏❤️

နောက်ထပ် အပိုင်းတွေကို အောက်ပါလင့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ခင်ဗျား... 😇🤗🤗❤

အပိုင်း ၂ - https://www.youtube.com/watch?v=skR5LpSPUM8
အပိုင်း ၃ - https://youtu.be/VyLtcWl72TE

အစီအစဉ်တွေကို အချိန်နဲ့အမျှ ကြည့်ရှုနိုင်ဖို့ ဒီပေ့စ်ကို "Follow" လုပ်ပေးပြီး YouTube ချန်နယ်ကိုလည်း "Subscribe" လုပ်ထားကြပါခင်ဗျား...။ အားပေးမှုများအတွက် ကျေးဇူးအထူးတင်ပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အရှိုချင်း အမေအိုနဲ့ ပါကျဲလေး ... 🐷🐷(အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုဖြစ်စဉ်ပြ ဓါတ်ပုံအဖြစ် ...
09/03/2024

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အရှိုချင်း အမေအိုနဲ့ ပါကျဲလေး ... 🐷🐷

(အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုဖြစ်စဉ်ပြ ဓါတ်ပုံအဖြစ် ရိုက်ခဲ့တဲ့ ပုံလေးဖြစ်ပါတယ်။)

ဓါတ်ပုံ - Isaac Htun


ယနေ့ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day) ကို ကြိုဆိုဂုဏ်ပြုသော ...
08/03/2024

ယနေ့ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day) ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ... 🥳🤗

"Invest in Women: Accelerate Progress"
"အရှိန်အဟုန်မြှင့်တိုးတက်ဖို့ အမျိုးသမီးများအပေါ် ရင်းနှီးမြှုပ်နှံစို့"

ဓါတ်ပုံ - Isaac Htun

#ဘေးကင်းလုံခြုံစွာနဲ့အသက်ရှင်သန်ခွင့်ရကြပါစေ
#ခွဲခြားဆက်ဆံမှုတွေကင်းဝေးပါစေ




နီးနီး ဝေးဝေးဘယ်လိုပဲ ကြည့်ကြည့် ...ကီမိုတောင်တန်းကြီးကထီးထီးနဲ့ ခန့်ခန့်နားနားကြီးရယ်.... ❤😇Mt. Kimo, which is a remark...
07/03/2024

နီးနီး ဝေးဝေး
ဘယ်လိုပဲ ကြည့်ကြည့် ...

ကီမိုတောင်တန်းကြီးက
ထီးထီးနဲ့ ခန့်ခန့်နားနားကြီးရယ်.... ❤😇

Mt. Kimo, which is a remarkable landmark or the heart of people from the Southern Part of Chin State!



ချင်းတောင်တန်းကို "မစ္ဆဂီရိ" လို့ ရှေးဟောင်းအမည်လေးသိရတဲ့ သကာလ... ကဲ... အားလုံးကို မစ္ဆဂီရိက လှိုက်လှဲစွာ ကြိုဆိုပါတယ်.....
06/03/2024

ချင်းတောင်တန်းကို "မစ္ဆဂီရိ" လို့ ရှေးဟောင်းအမည်လေးသိရတဲ့ သကာလ...

ကဲ... အားလုံးကို မစ္ဆဂီရိက လှိုက်လှဲစွာ ကြိုဆိုပါတယ်... ☺️🤗

ကိုယ့်ဒေသအမည်ကိုလည်း ဗဟုသုတအဖြစ် အောက်မှာ ဝင်လေ့လာသွားပါအုန်းနော်...။

#ဗဟုသုတအဖြစ်ပြန်လည်မျှဝေသည်။




===========================
မြန်မာ့မြို့ရွာဒေသများ၏ ရှေးဟောင်းအမည်များ
ကန္တာရ၀တီ - ကယား
ကမ္ဘောဇ - ရှမ်း
ကုသိနာဂရ - ပုသိမ်
ကေတုမတီ - တောင်ငူ
ကေလာသ - တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
သရေခေတ္တရာ - ပြည်
ကောသမ္ဘီ - ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ - ကျိုင်းတုံ
ခေါသန္တီ - မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ - ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ - စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ - စလင်းအနောက်ဘက်
စိနရဋ္ဌ - ကချင်ပြည်နယ်
စန္ဒပူရ - မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ - သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန - တောင်ငူနယ်
ဇေယျပူရ - စစ်ကိုင်း
ဇောတိနုဂရ - ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်
တတ္ထဒေသ - ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ - ဧရာဝတီမြောက်ပိုင်း
ဓညဝတီ - မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ - မြစ်ငယ်
ဒွာရာဝတီ - သံတွဲ
နဂရာဇာ - နဂရစ်
ပဉ္စာလရာဇ် - တကောင်း
ပဌမနဂရ - မကွေးတောင်ဘက်
ပေါက္ကရ၀တီ - ရန်ကုန်
မဟာနဂရ - မွန်ငယ်
မစ္ဆဂီရိ - ချင်းတောင်တန်း
မေဃဝတီ - မာန်အောင်
မိတ်ထီလာ - မိတ်ထီလာ
ယက္ခပုရ - သထုံ
ယောနက - ယော
ရတနပုရ - အင်းဝ
ရတနာတင်းတိမ် - တောင်တွင်းကြီး
ရတနာပုံ - မန္တလေး
ရာဇဂြီဟ - ကလေးအနီး
ရာမညဒေဝ - မွန်ပြည်နယ်
ရမ္မာဝတီ - ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ - ရွှေဘို
ဝေဘာရာ ဝေပုလ္လ - ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ - မြောက်ဦးအနီး
ဝိမဏု - ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ - ချင်းတွင်းမြစ်
သာကေတ - ရန်ကုန်
သာဂရ - ဆွာအနီး
သာယာဝတီ - သုံးဆယ်အနီး
သိရီခေတ္တရာ - မော်ဇာ
သိရီပစ္စရာ - ပုဂံအနီး
သိင်္ဂုတ္တရ - ရွှေတိဂုံကုန်းတော်
သုနာပရန္တ - ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ - သထုံ
သုဝဏ္ဏဘူမိ - တိုက်ကုလား၊ အရက်သမ၊ဝင်က
သင်္ဃဿနာရ - တကောင်း
ဟရိပုဉ္စ - မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ - ပဲခူး
အမရပူရ - တောင်မြို့
အရိမဒ္ဒနပူရ - ပုဂံ
အသီတဉ္စန - ရန်ကုန်
အလ္လကပ္ပ - စစ်ကိုင်းအနီး
အာဠဝတီ - မြစ်ကြီး
သြရိဿ - ပဲခူး
ဥက္ကလာပ - ရန်ကုန် တို့ဖြစ်ပါသည်။

ခူမီးရိုးရာ နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းကို ရိုးရာဓလေ့နဲ့ ယှဉ်တွဲ ထည့်သွင်းစဉ်းစားလာတဲ့ တောင်ယာခုတ်တဲ့ အလုပ်အကိုင်မှ ...
05/03/2024

ခူမီးရိုးရာ နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းကို ရိုးရာဓလေ့နဲ့ ယှဉ်တွဲ ထည့်သွင်းစဉ်းစားလာတဲ့ တောင်ယာခုတ်တဲ့ အလုပ်အကိုင်မှ ဆက်စပ်မျှဝေပေးထားတဲ့ ဗွီဒီယိုကို အောက်ပါလင့်က ဝင်ရောက် ကြည့်ရှုနိုင်ပါပြီ...။

အခုဗွီဒီယိုမှာ ပြောပြပေးချက်ဟာ ပြည့်စုံပြီလို့ မဆိုလိုပေမယ့် ဒါနဲ့ ပတ်သက်ပြီး လေ့လာမှတ်သားနိုင်ဖို့၊ လိုအပ်သည်များကို ထပ်မံ ဖြည့်စွက် ပြုစုနိုင်ဖို့ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ တစ်ဖက်ကတော့ "သက်ကြီးစကား လူငယ်ကြား" သိစေဖို့ မှတ်တမ်းတင် ထားခြင်း ဖြစ်ပါတယ်။

https://www.youtube.com/watch?v=u1AZL7eodTg

နောက်ထပ် အပိုင်းတွေကိုလည်း မကြာခင် တင်ဆက်ပေးသွားပါမယ်။ အချိန်နဲ့အမျှ ကြည့်ရှုနိုင်ဖို့ ချန်နယ်ကို "Subscribe" လုပ်ပေးထားကြပါခင်ဗျား.. 😊☺️❤

ခူမီးရိုးရာ နှစ်သစ်ကူးဆင်းသက်လာပုံများကို တောင်ယာပြုလုပ်သည့်အဆင့်မှ အသေးစိတ် မျှဝေပြောပြပေးခြင်းဖြစ်ပါ.....

ချင်းတောင်လို့ ပြောလိုက်တာနဲ့ တောင်တန်းဒေသတွေကိုပဲ ပြေးမြင်တတ်ကြမှာပါ... ဒါပေမယ့် ထင်မထားလောက်တာက ချင်းပြည်နယ်အတွင်း စီး...
04/03/2024

ချင်းတောင်လို့ ပြောလိုက်တာနဲ့ တောင်တန်းဒေသတွေကိုပဲ ပြေးမြင်တတ်ကြမှာပါ... ဒါပေမယ့် ထင်မထားလောက်တာက ချင်းပြည်နယ်အတွင်း စီးဆင်းရာ ကုလားတန်မြစ်ကမ်းနံဘေးမှာ မြစ်ဝကျွန်းပေါ်ဒေသလို လှေ၊ စက်လှေ၊ သင်္ဘောတွေနဲ့ သွားလာနိုင်တဲ့ သာယာလှပတဲ့ လူနေမှုစတိုင်နှင့် ကုန်သွယ် စီးပွားရေးလေးတွေလည်း ရှိနေတယ်နော်...။

ဒါဟာ အဘောင်သားကျေးရွာဆီ သွားရာမြစ်ဝက ရုပ်ချောင်းဝပဲ ဖြစ်ပါတယ်... ရောက်ဖူးကြလားခင်ဗျား... 😊😊

ဓါတ်ပုံ - May Kar Yan

Address


Alerts

Be the first to know and let us send you an email when ချင်းတို့ဌာနီ - Chin Dou Hta Ni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ချင်းတို့ဌာနီ - Chin Dou Hta Ni:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share