Thet or Asak News
  • Home
  • Thet or Asak News
Thet or Asak News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet or Asak News, Media/News Company, .
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၂ရွာ  မီးဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအနှံရှိ သက်တိုင်းရင်းသားများမှ...
16/09/2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၂ရွာ မီးဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအနှံရှိ သက်တိုင်းရင်းသားများမှ ကောက်ခံရရှိငွေ(၁၈၇၂၅၀၀)အား ထောက်ပံ့ လှူဒါန်း
==============================
ရန်ကုန် စက်တင်ဘာ ၁၆
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့က ကျောက်တော်မြို့နယ်ရှိ ဘုရားပြင်ကျေးရွာနှင့် တောင်ပေါက်ကျေးရွာ ရွာလုံးကျွတ်နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၂ရွာ တွင် အိမ်ခြေပေါင်း ၄၅၀ နီးပါး ရှိသည့်အနက် အိမ်ခြေပေါင်း ၂၅၀ နီးပါးခန့် မီးရှိုခံခဲ့ရပြီး ဒေသခံ ၂၄၀ ကျော်မှာ ကျောက်တော်မြို့ ရှိ ဘုန်းကြီးကျောင်း နှင့် ဓမ္မရုံတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၌ နေထိုင်လျက်ရှိကြောင်း ဒေသခံအချိုပြောကြားမှုအရ သိရှိရပါသည်။
၎င်း ကျောက်တော်မြို့နယ်၊ ကျေးရွာ ၂ ရွာ မီးရှို့ခံရမှုကြောင့် မီးဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအနှံရှိ သက်တိုင်းရင်းသားများထံမှ ကောက်ခံရရှိသော အလှူငွေ (၁၈၇၂၅၀၀) (ကျပ်တစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်းနှစ်ထောင်ငါးရာ)ကို ကျောက်တော်မြို့နယ်စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းအေးထံသို့ (၁၅.၉.၂၀၂၀) ရက်နေ့ကရခိုင်ပြည်နယ် သက်စာပေနှင့်ယဥ်ကျေးမှုအသင်းမှ တာဝန်ယူ လွှဲပြောင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန် စက်တင်ဘာ ၁၂             ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ (၄) မိုင်စျေးရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား Covid 1...
12/09/2020
ရန်ကုန် စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ (၄) မိုင်စျေးရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား Covid 19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၇ နာရီ အချိန်က သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဦးစီး မကျည်းကုန်း စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် မောင်တောကြက်ခြေနီအသင်းခွဲ၊ မောင်တောလူငယ်ရေးရာကွန်ယက်တို့မှ လာရောက် ပူးပေါင်းပြီး Covid -19 အသိပညာပေးခြင်း ၊ စျေးအဝင်အထွက်လက်ဆေးကြရန်ပြောကြားခြင်း၊ Surgical Face Mask များပေးဝေခြင်း ၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် Covid -19 Awareness Poster များကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
31/08/2020
လူငယ့်အသံ လူငယ့်အကြံ
~~~~~
■ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြနေတဲ့အစီအစဉ် ဖြစ်ပါတယ်။
သက်မျိုးနွယ်စုလူငယ် ကိုကျော်အေးမောင်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဆောင်ရွက်ချက်တွေကြားရမှာပါခင်ဗျာ။
- Unicode
~~~~~~~~~~~~~~~
- Zawgyi
~~~~~~~~~~~~~~~
ခေါင်းဆောင်များ၏ ပြောစကားများ
22/08/2020
ခေါင်းဆောင်များ၏ ပြောစကားများ
( သြဂုတ် - ၁၁၊ ၂၀၂၀ ) မြန်မာက ဒုက္ခသည်ဘင်္ဂါလီများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ Facebook တွင် အထောက်အထားများရ...
13/08/2020
( သြဂုတ် - ၁၁၊ ၂၀၂၀ ) မြန်မာက ဒုက္ခသည်ဘင်္ဂါလီများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ Facebook တွင် အထောက်အထားများရှိနေဟု ကုလစုံစမ်းစစ်ဆေးသူ ပြောဆို။ ဂမ်ဘီယာက ခရိုင်တရားရုံးမှ တစ်ဆင့် တောင်းဆိုချက်ကို Facebook က ငြင်းဆိုခဲ့ပြီးနောက် IIMM ကိုလည်း အချက်အလက်များ လွှဲပြောင်းပေးခြင်း မရှိခဲ့
======================
မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) တို့ကို ဆန့်ကျင်ခြင်း အပါအ၀င် နိုင်ငံအတွင်း လူ့အခွင့်အရေး အလွဲသုံးစားမှုများကို စုံစမ်းစစ်ဆေးရသူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် Facebook က ကတိပြုသော်လည်း “ လေးနက်သောနိုင်ငံတကာရာဇ၀တ်မှုဖြစ်နိုင်ခြေများ” နှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများအား ထုတ်ပြန်ပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွင် " လေးနက်သော နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်ရာရောက်သည့် ဖြစ်နိုင်ခြေများနှင့် အလွန်အမင်းသက်ဆိုင်သည့် အချက်အလက်များ ” ကို လက်၀ယ်ရှိနေသော်လည်း တစ်နှစ်တာဆွေးနွေးပွဲကာလအတွင်း မည်သည့်အရာမျှ မျှဝေပေးခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန်က Reuters နှင့် တွေ့ဆုံရာ၌ ပြောဆိုသည်။
သို့သော် IIMM က မည်သည့်အရာများ တောင်းဆိုခဲ့ကြောင်း အကြောင်းအရာအသေးစိတ်ကို ဖော်ပြရန် နီကိုလပ်စ်က ငြင်းဆိုသည်။ ၄င်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် တောင်းဆိုချက်ကို Facebook ကလည်း လတ်တလော တုန့်ပြန် ခြင်း မရှိသေးချေ။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇-ခုနှစ် စစ်ရေးဖြိုခွင်းမှုတွင် ဒုက္ခသည်ဘင်္ဂါလီ ၇၃၀,၀၀၀ ကျော်တို့အား အိမ်နီးချင်း ဘင်္ဂလားဒက်ရ်ှနိုင်ငံအတွင်း အတင်းအဓမ္မ ထွက်ပြေးစေခြင်းဖြင့် “ လူမျိုးသုဉ်း “ ပြုမှုရာရောက်သည်ဟု နိုင်ငံတကာရာဇ၀တ်ခုံရုံး ICJ ၌ တရားစွဲဆိုခြင်း ခံနေရသည်။
လူမျိုးသုဉ်းပြုသည်ဆိုခြင်းကို မြန်မာနိုင်ငံက ငြင်းပယ်ခဲ့ပြီး လက်နက်ကိုင်တပ်များမှာ နယ်ခြားစောင့်ရဲစခန်းများအား တိုက်ခိုက်သည့် စစ်သွေးကြွတို့ကို တရား၀င်စစ်ဆင်ရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက Facebook သည် အကြမ်းဖက်မှုကိုဖြစ်ပေါ်စေသည့် အမုန်းစကားများကို ဖြန့်ဝေရာတွင် အဓိကနေရာမှပါဝင်ခဲ့သည်ဟု ဆိုသည်။ Facebook ကမူ ကုမ္ပဏီအနေဖြင့် အမုန်းစကားများ ရပ်တန့်ရေးအတွက် လုပ်ဆောင်နေပြီး စစ်တပ်အရာရှိများ အပါအ၀င်စစ်တပ်နှင့် ဆက်နွယ်နေသော အကောင့်များကို ဖျက်သိမ်းခဲ့သည်ဟု ပြောဆိုသော်လည်း အချက်အလက်များကို ( ထုတ်ဖော်ခြင်းမရှိပဲ ) ထိန်းသိမ်းထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံအပေါ် နောင်တွင်တရားစွဲဆိုရာ၌ အသုံးပြုရန် နိုင်ငံတကာရာဇ၀တ်မှုနှင့် သက်ဆိုင်သည့် အထောက်အထားများ စုဆောင်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးယန္တရား (IIMM) ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
"ကံမကောင်းတာက IIMM ဟာ ဒီနေ့အထိ Facebook ဆီက ဘာအချက်အလက်မှမရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်တယ်။ ဒီယန္တရားအနေနဲ့ နောက်ဆုံးမှာ ဒီအရေးကြီးတဲ့ သက်သေအထောက်အထားတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်" ဟု နီကိုလပ်စ် ကွန်ဂျီယန်က တနင်္လာနေ့၌ ပြောဆိုသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာစစ်ဖက်နှင့် ရဲတပ်ဖွဲ့၀င်များ၏ ဆက်သွယ်ပြောဆိုမှုများနှင့် ပို့စ်များကို ထုတ်ပြန်ပေးရန် မြန်မာအား ICJ တွင် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံက ကိုလံဘီယာခရိုင် တရားရုံးမှတစ်ဆင့် တောင်းဆိုချက်ကို Facebook က ငြင်းဆိုခဲ့ပြီးနောက် IIMM ကလည်း ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဂမ်ဘီယာ၏ တောင်းဆိုချက်မှာ အီလက်ထရောနစ်၀န်ဆောင်မှုစံနစ် အသုံးပြုသူများ၏ အချက်အလက်များအား အခြားသူများထံ လွှဲပြောင်းပေးရာရောက်ပြီး အမေရိကန်၏ ဥပဒေနှင့် ဆန့်ကျင်နေသဖြင့် ကိုလံဘီယာခရိုင် တရားရုံး၏ အမိန့်ကို ပယ်ဖျက်ပေးရန် Facebook က လျှောက်လဲခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်၌ Facebook က သတင်းထုတ်ပြန်ရာတွင်မူ ဂမ်ဘီယာ၏ တောင်းဆိုချက်ကို လိုက်လျှောနိုင်ခြင်း မရှိသော်လည်း ကုလသမဂ္ဂ၏ လွတ်လပ်သောစုံစမ်းစစ် ဆေး ရေးယန္တရား (IIMM) နှင့်အတူ အလုပ်လုပ်လျှက်ရှိကြောင်း ဖော်ပြထားသည်။
((( Dhaka Tribune., 11 August , 2020, “UN investigator: Facebook has relevant evidence of Myanmar's crimes against the Rohingyas. By: Reuters” ကို , ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#မြန်မာနိုင်ငံဆိုင်ရာ_လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား
======================
UN investigator: Facebook has relevant evidence of Myanmar's crimes against the Rohingyas
Reuters
Published at 06:45 pm August 11th, 2020
He declined to give details of the material the IIMM had asked for. Facebook did not immediately respond to a request for comment
The head of a UN investigative body on Myanmar said Facebook has not released evidence of “serious international crimes,” despite vowing to work with investigators looking into abuses in the country including against the Rohingya Muslim minority.
Myanmar is facing charges of genocide at the International Court of Justice (ICJ) over a 2017 military crackdown on the Rohingya that forced more than 730,000 people to flee into neighboring Bangladesh.
Nicholas Koumjian, head of the Independent Investigative Mechanism on Myanmar (IIMM), told Reuters the social media giant was holding material “highly relevant and probative of serious international crimes” but had not shared any during year-long talks.
He declined to give details of the material the IIMM had asked for. Facebook did not immediately respond to a request for comment.
Myanmar denies genocide and says its armed forces were conducting legitimate operations against militants who attacked police posts.
UN investigators said Facebook had played a key role in spreading hate speech that fueled the violence.
The company says it is working to stop hate speech and has deleted accounts linked to the military including senior army officials but preserved data.
The UN Human Rights Council set up the IIMM in 2018 to collect evidence of international crimes in Myanmar to be used in future prosecutions.
“Unfortunately, to date, the Mechanism has not received any material from Facebook but our discussions continue and I am hopeful that the Mechanism will eventually receive this important evidence,” Koumjian said on Monday.
His comments followed a move by Facebook last week to block a bid by Gambia, which brought the genocide case against Myanmar at the ICJ in the Hague, to obtain posts and communications by members of Myanmar’s military and police.
The social media giant urged the US District Court for the District of Columbia to reject the demand, which it said would violate a US law that bars electronic communication services from disclosing users’ communications.
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ သက်စာပေနှင့်ယဥ်ကျေးမှုအသင်း (ယာယီ) မှတ်ပုံတင်ခွင့် အသိပြုလက်မှတ...
24/07/2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ သက်စာပေနှင့်ယဥ်ကျေးမှုအသင်း (ယာယီ) မှတ်ပုံတင်ခွင့် အသိပြုလက်မှတ်ရရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ရန်ကုန် ဇူလိုင် ၂၄
"သက်" တိုင်းရင်းသားလူမျိုးများ၏ သမိုင်း၊ စာပေနှင့်ယဥ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးကဏ္ဍများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇) ရပ်ကွက်၊ သမာဓိလမ်း၊ အမှတ်(၇၀၂/ခ)၌ သက်စာပေနှင့်ယဥ်ကျေးမှုအသင်းအား (၁၀-၃-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့ (တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) သို့ တင်ပြလျှောက်ထားခဲ့ရာ (၁၄-၅-၂၀၂၀) ရက်နေ့က တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့ (တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)မှ မြို့နယ်အဆင့်အနေဖြင့်သာ လျှောက်ထားရန် အကြောင်းကြားလာခဲ့ပါသည်။
သို့ဖြစ်ပါ၍ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်စာပေနှင့်ယဥ်ကျေးမှုအသင်းသည် ယာယီဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နိုင်ရေးအတွက် (၂၂-၇-၂၀၂၀) ရက်နေ့က ယာယီမှတ်ပုံတင်ခွင့်လက်မှတ် အမှတ်(၆/ဒဂုံဆိပ်ကမ်း/၀၀၅) ဖြင့် ယာယီ မှတ်ပုံတင်ခွင့် အသိပြုလက်မှတ်အား ထုတ်ပေးခဲ့ပါသည်။
အဆိုပါ ယာယီ မှတ်ပုံတင်ခွင့် အသိပြုလက်မှတ်ဖြင့် လှုပ်ရှားဆောင်ရွက်မှု(၁)လ ပြည့်မြောက်(၂၂-၈-၂၀၂၀) ရက်​နေ့ မှသာလျှင် အတည်ပြုမှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဟုမြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။
Credit
မောင်တောတွင် တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံးကျော်မျိုးအောင် | DMGဇူလိုင် ၁၂ ၊ မောင်တောရခိုင်ပြည်နယ်၊ မောင်တောမြို...
12/07/2020
မောင်တောတွင် တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး
ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၂ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဗောဓိကုန်းကျေးရွာမှ ရွာသားတစ်ဦးမှာ ယာခင်းသို့သွားစဉ် တောဆင်းရိုင်းနင်း၍ သေဆုံးသွားခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်အချိန်က ဦးကျော်မြ ၅၇ နှစ်မှာ ယာခင်းသို့သွားစဉ် ယင်းသို့ တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗောဓိကုန်းကျေးရွာလူကြီး ဦးလှမောင်ဦးက ဆိုသည်။
“ယာခင်းသွားတဲ့လမ်းမှာ ဆင်ကပုန်းနေတာကို လူကမမြင်ဘူး။ ဒီဆင်က လူသတ်တာများပြီ။ ဟိုတစ်ခါ ကံသာယာအထက်ရွာကတစ်ဦးကို သတ်ထားတဲ့ ဆင်အုပ်စုကွဲနေတယ်။ တစ်ကောင်တည်း။ ခြေတစ်ဖက် အငယ်ဖြစ်တယ်။ အခုရက်ပိုင်း ဆင်အုပ်စုတွေ လာရောက်ဖျက်ဆီးလို့ ယာခင်းတွေ အတော်ပျက်စီးနေကြ ရတယ်”လို့ ဦးလှမောင်ဦးက ပြောသည်။
ယခု ဆင်းနင်း၍ သေဆုံးသွားသူ ဦးကျော်မြမှာ သားသမီး ၆ ဦး ကျန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မောင်တောမြို့၊ ကံသာယာကျေးရွာမှ တောင်သူတစ်ဦး တောဆင်ရိုင်းနင်း၍ သေဆုံးသွားခဲ့သည်။
“ဒီလိုတောဆင်ရိုင်းတွေက အမြဲလိုလို ရွာတွေမှာစိုက်ထားတဲ့ စိုက်ခင်းတွေက သီးနှံတွေကိုစားတယ်၊ ဖျက်ဆီး တယ်၊ သက်ဆိုင်ရာ သစ်တောအာဏာပိုင်အဖွဲ့အစည်းတွေက တောဆင်ရိုင်းအန္တရာယ်ကို မကာကွယ်ပေးနိုင် ကြဘူး။ အခုကျေးရွာသားတွေထိတ်လန့်ပြီး ညအချိန် အလေးအပေါ့သွားဖို့ အိမ်အောက်ဆင်းဖို့တောင် စိုးရိမ်နေ ကြရပါတယ်” ဟု ကံသာယာအထက်ကျေးရွာမှ ကိုကျော်လှက ပြောသည်။
မောင်တောမြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးမြင့်ဇော်က “ကျွန်တော်တို့ သစ်တောဦးစီးဌာနကတော့ တောဆင်ရိုင်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ လုပ်နေပါတယ်” ဟု ဆိုသည်။
၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်များနောက်ပိုင်း မောင်တောမြို့နယ်အတွင်း လူအများအပြားနေရပ်စွန့်ခွာ သွားကြရာ တောရိုင်းတိရိစ္ဆာန်များကိုလည်း ယင်းနောက်တွင် ပိုမိုတွေ့ရှိလာနေရကြောင်း မောင်တော ဒေသခံများက ပြောကြသည်။
{Unicode}
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/wild-elp-md.html
ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၂ ၊ မောင်တော
{Unicode}
မောင်တောတွင် တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး
ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၂ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဗောဓိကုန်းကျေးရွာမှ ရွာသားတစ်ဦးမှာ ယာခင်းသို့သွားစဉ် တောဆင်းရိုင်းနင်း၍ သေဆုံးသွားခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်အချိန်က ဦးကျော်မြ ၅၇ နှစ်မှာ ယာခင်းသို့သွားစဉ် ယင်းသို့ တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗောဓိကုန်းကျေးရွာလူကြီး ဦးလှမောင်ဦးက ဆိုသည်။
“ယာခင်းသွားတဲ့လမ်းမှာ ဆင်ကပုန်းနေတာကို လူကမမြင်ဘူး။ ဒီဆင်က လူသတ်တာများပြီ။ ဟိုတစ်ခါ ကံသာယာအထက်ရွာကတစ်ဦးကို သတ်ထားတဲ့ ဆင်အုပ်စုကွဲနေတယ်။ တစ်ကောင်တည်း။ ခြေတစ်ဖက် အငယ်ဖြစ်တယ်။ အခုရက်ပိုင်း ဆင်အုပ်စုတွေ လာရောက်ဖျက်ဆီးလို့ ယာခင်းတွေ အတော်ပျက်စီးနေကြ ရတယ်”လို့ ဦးလှမောင်ဦးက ပြောသည်။
ယခု ဆင်းနင်း၍ သေဆုံးသွားသူ ဦးကျော်မြမှာ သားသမီး ၆ ဦး ကျန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မောင်တောမြို့၊ ကံသာယာကျေးရွာမှ တောင်သူတစ်ဦး တောဆင်ရိုင်းနင်း၍ သေဆုံးသွားခဲ့သည်။
“ဒီလိုတောဆင်ရိုင်းတွေက အမြဲလိုလို ရွာတွေမှာစိုက်ထားတဲ့ စိုက်ခင်းတွေက သီးနှံတွေကိုစားတယ်၊ ဖျက်ဆီး တယ်၊ သက်ဆိုင်ရာ သစ်တောအာဏာပိုင်အဖွဲ့အစည်းတွေက တောဆင်ရိုင်းအန္တရာယ်ကို မကာကွယ်ပေးနိုင် ကြဘူး။ အခုကျေးရွာသားတွေထိတ်လန့်ပြီး ညအချိန် အလေးအပေါ့သွားဖို့ အိမ်အောက်ဆင်းဖို့တောင် စိုးရိမ်နေ ကြရပါတယ်” ဟု ကံသာယာအထက်ကျေးရွာမှ ကိုကျော်လှက ပြောသည်။
မောင်တောမြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးမြင့်ဇော်က “ကျွန်တော်တို့ သစ်တောဦးစီးဌာနကတော့ တောဆင်ရိုင်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ လုပ်နေပါတယ်” ဟု ဆိုသည်။
၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်များနောက်ပိုင်း မောင်တောမြို့နယ်အတွင်း လူအများအပြားနေရပ်စွန့်ခွာ သွားကြရာ တောရိုင်းတိရိစ္ဆာန်များကိုလည်း ယင်းနောက်တွင် ပိုမိုတွေ့ရှိလာနေရကြောင်း မောင်တော ဒေသခံများက ပြောကြသည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/wild-elp-md.html
တောင်ကြီးတွင် ရဲတပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဆေးဝါးများနှင့်အတူ ပြည်သူများက ဖမ်းဆီး□■□■□■□■□■□■□■□ #ကမ္ဘောဇတိုင်း□■□■□■□■□...
10/07/2020
တောင်ကြီးတွင် ရဲတပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဆေးဝါးများနှင့်အတူ ပြည်သူများက ဖမ်းဆီး
□■□■□■□■□■□■□■□
#ကမ္ဘောဇတိုင်း
□■□■□■□■□■□■□■□
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ၊ ပြည်သူများ စုပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက်ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် ၂ ဦးတွင် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် တောင်ကြီးမြို့မရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ များလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ထဲက ပြည်သူတွေ ပူးပေါင်းပြီး သွားဖမ်းတာ ရဲ ၂ ယောက်ကို ဆေးပြား ၉ ပြားနဲ့ အတူ ဖမ်းမိတယ်။ သူတို့က ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကလို့ ပြောတယ်။ အဲဒါနဲ့ စခန်းမှူးကို အကြောင်းကြားလိုက်တော့ လာခေါ်သွားပြီး တစ်ခါတည်း အမှုဖွင့် အရေးယူ လိုက်တယ်” ဟု ရွှေတောင်ရပ်ကွက်နေ ဦးသန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ရွှေတောင်ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည်ဟု ကျော်ဇောသူများ၏ နေအိမ်များအား ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများမှ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသူ ၂ ဦးကို အမှုဖွင့်အရေးယူကာ ကျန် ၃ ဦးမှာ မူးယစ် ဆေးဝါး တွေ့ရှိခြင်း မရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ထို့အတူ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကလည်း “ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်မှု ရှိနေတယ်ဆိုလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စီမံချက်နဲ့ လုပ်လိုက်တာပါ” ဟု ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “အရေးယူထားတာ ဟုတ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပိုမိုများလာသဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူ များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။
https://www.kanbawzatainews.com/2020/07/tgi.pol.html
ရခိုင်ပြည်နယ်တွင် မိုးကြီးနိုင်ဟု မိုးဇလသတိပေး___________________________ယခုရက်ပိုင်း ရာသီဥတုအ ခြေအနေအရ မြန်မာနိုင်ငံဒေသ...
07/07/2020
ရခိုင်ပြည်နယ်တွင် မိုးကြီးနိုင်ဟု မိုးဇလသတိပေး
___________________________
ယခုရက်ပိုင်း ရာသီဥတုအ ခြေအနေအရ မြန်မာနိုင်ငံဒေသ အများအပြားတွင် မိုးရွာနေပြီး ရခိုင်ပြည်နယ်သည် မိုးရွာသွန်းမှု အများဆုံးဒေသ ဖြစ်နေသည်။ ဇူလိုင် ၆ ရက်က မြို့နယ် ၁၅ ခု တွင် နေရာကွက်မိုးကြီးခဲ့ရာ ရခိုင် ပြည်နယ်မှ မြို့နယ်ခုနစ်ခု ပါဝင် ခဲ့သည်။
ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ဂွ၊ သံတွဲ၊ မာန်အောင် နှင့် ကျောက်ဖြူမြို့တို့တွင် နေ ရာကွက် မိုးကြီးခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆက်လက်သတိပေးထားသည်။
https://7day.news/191406
ကိုဗစ်-၁၉ အကြောင်းမကြားဖူးသူ သိန်းချီရှိနေတဲ့နိုင်ငံစောသန္တာအေး ဘာသာပြန်ဆိုသည် | DMGမြန်မာပြည်အနောက်ပိုင်း အလှမ်းဝေးလွန်...
01/07/2020
ကိုဗစ်-၁၉ အကြောင်းမကြားဖူးသူ သိန်းချီရှိနေတဲ့နိုင်ငံ
စောသန္တာအေး ဘာသာပြန်ဆိုသည် | DMG
မြန်မာပြည်အနောက်ပိုင်း အလှမ်းဝေးလွန်းတဲ့နေရာက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အစိုးရရဲ့ကျေးဇူးတော်ကြောင့် ကိုဗစ်-၁၉ ရောဂါဆိုးအကြောင်းကို ရေရေရာရာ မသိဘဲ ရှိနေနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အဲဒီဒေသမှာ ပြင်းထန်လှတဲ့တိုက်ပွဲတွေ ရှိနေပြီး မြန်မာအစိုးရကလည်း အင်တာနက်ဖြတ်တောက်ထားတာ နှစ်ချီ ကြာမြင့်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ၂၀၁၉ ဇွန်လမှာ ဒီဒေသထဲက မြို့နယ် ၉ ခုမှာ အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေအကြား ပဋိပက္ခတွေကို အင်တာနက်က မီးလောင်ရာလေပင့် ဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ပါ။
မေလမှာတော့ မြို့နယ်တစ်ခုမှာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေစုစုပေါင်း ၈ သိန်းခန့်ရှိတဲ့ ကျန်တဲ့ ၈ မြို့နယ်မှာတော့ သတင်းအမှောင်ချထားဆဲပါ။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကတော့ ခုလို အင်တာနက်ပိတ်ဆို့ထားတာဟာ ပြည်သူလူထုအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သတင်းပေး တိုင်ကြားခြင်း မပြုနိုင်ရုံသာမက အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လူထုကျန်းမာရေး ပညာပေး ဆောင်ရွက်ချက်တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကြားက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် အရပ်သားတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် သတင်းအချက်အလက်တွေ သိခွင့်ရဖို့ အရေးကြီးတယ်။” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ ဥပဒေအကြံပေး လင်ဒါ လက်ဒီယာ က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။
ဇွန်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၆၄၅၃၂ ကြိမ်ရှိပါတယ်။ ဒီအထဲမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ၂၉၂ ကြိမ်ရှိပြီး သေဆုံးသူစုစုပေါင်း ၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်က မွတ်ဆလင် တစ်သိန်းကျော် နေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ကူးစက်မှုတချို့ တွေ့ရှိထားပါတယ်။ ဒီက ဒုက္ခသည်အများစုဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၈ ခုနှစ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်ကြောင့် ရောက်နေကြတာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားစွဲခံထားရတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာခုံရုံးမှာ ရင်ဆိုင်ဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ ဒီဒေသမှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ရခိုင်လူမျိုးတွေလည်း ရှိနေကြပါတယ်။
၂၀၂၀ အစောပိုင်းမှာ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကပ်ဘေးကြီး ပျံ့နှံ့လာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ “မည်သူ့ကိုမှ ချန်လှပ်မထားရေး” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး (Social Distancing) လိုမျိုး ရောဂါကာကွယ်ရေး လှုံ့ဆော်ချက်တွေ စတင်ခဲ့ပါတယ်။
ဒါပေမဲ့ ALD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် စပ်ကြားတစ်ဝိုက်ဒေသတွေမှာ ကျန်းမာရေးသတိပေးချက်တွေ မသိကြဘူးလို့ တနင်္ဂနွေနေ့က ပြောပါတယ်။ အစိုးရရဲ့ ဖေ့စ်ဘုတ်၊ ဖုန်းဆော့ဖ်ဝဲနဲ့ ဝက်ဘ်ဆိုက်ပေါ်က အသိပေးချက်တွေကို ဒီဒေသတွေမှာ လက်လှမ်းမမီကြပါဘူး။
“ကျွန်မရဲ့ မဲဆန္ဒနယ်ကပြည်သူတွေကို ကိုဗစ်-၁၉ အကြောင်း သိကြလားမေးကြည့်တာ ကမ္ဘာ့ကပ်ရောဂါကြီးအကြောင်းကို သူတို့ကို အစကနေ ပြန်ရှင်းပြနေရတယ်။ Social Distancing (အချင်းချင်း ခပ်ခွာခွာနေဖို့) ဆိုတာက ဘယ်ဟာ၊ လက်ကို ဘယ်လို သေချာဆေးရမယ် ဆိုတာတွေ ရှင်းပြရတယ်။” လို့ ဒေါ်ထုမေက ပြောပါတယ်။
“ကိုဗစ်နဲ့ဆိုတော့ ကျွန်မလည်း သိပ်သွားလာလို့ မရဘူးလေ။ ကျွန်မလည်း တွေ့သမျှလူကို သတိပေးရုံပဲ တတ်နိုင်တယ်။ …သူတို့က ကိုဗစ်အကြောင်း မကြားဖူးတော့ မကြောက်ကြဘူး။ လောလောဆယ်မှာ သူတို့က တိုက်ပွဲကို အများကြီးပိုစိုးရိမ်ကြတယ်” လို့ လွှတ်တော်အမတ်ဒေါ်ထုမေက ပြောပါတယ်။
စီအန်အန်က ဒီအကြောင်းကို မေးမြန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးဆီ ဆက်သွယ်ထားပါတယ်။
အဆုံးမသတ်နိုင်သေးတဲ့ တိုက်ပွဲတွေ
တပ်မတော်နဲ့ အေအေကြား ရင်ဆိုင်တိုက်ပွဲတွေဟာ ၂၀၁၈ နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ အေအေဟာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးအများစုနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
စစ်ပွဲအရှိန် မြင့်လာတာနဲ့အမျှ အင်တာနက်ဖြတ်တောက်မှု ရှိလာပြီး အရပ်သား သေကြမှုတွေလည်း ရှိလာပါတယ်။ လူထုဟာ သတင်းအချက်အလက်ကို အချိန်နဲ့တစ်ပြေးညီ မရကြတော့ဘူးလို့ ရခိုင်နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တနင်္ဂနွေနေ့က လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
အင်တာနက် ဖြတ်တောက်လိုက်ပေမယ့် တိုက်ပွဲတွေက ပိုမိုများပြားလာသလို ၂၀၂၀ ဇန်နဝါရီကနေ မေလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၁၅၁ ဦး၊ ဒဏ်ရာရသူ ၃၄၄ ဦးရှိတယ်လို့ ဒီစာအရ သိရပါတယ်။
“ဒါက အရှုံးအနိုင် အဖြေပေါ်မယ့်ပဋိပက္ခ မဟုတ်ဘူး” မြန်မာ့အရေး လေ့လာသုံးသပ်သူ ရစ်ချက်ဟိုဆေးက နိုင်ငံတကာ ပဋိပက္ခတွေစောင့်ကြည့်ရေး အဖွဲ့ (International Crisis Group) ထံပေးပို့တဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ရေးသားထားပါတယ်။ ဒီကိစ္စဟာ ရခိုင်လူထုက ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သူတို့နဲ့အနာဂတ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်လိုချင်လို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာပဲ။ ဒါကို နိုင်ငံရေးအရ တုန့်ပြန်အဖြေရှာရမှာကို လုပ်ဆောင်နေတာတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။
ဒါကိုမဖြေရှင်းနိုင်ရင် အဆုံးမသတ်တဲ့ စစ်ပွဲပဲရှိလာမယ်လို့ ဟိုဆေးက ပြောပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း အေအေနဲ့ မြန်မာစစ်တပ် နှစ်ဖွဲ့လုံးအပေါ် ရှိနေပါတယ်။
ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေဟာ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် သတင်းပေးပို့နိုင်ခြင်း မရှိသလို မှတ်တမ်းတင်ထားနိုင်ခြင်းလည်း မရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခိုင်ကျော်မိုးက ပြောပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တပ်မတော်နဲ့ အေအေ နှစ်ဘက်လုံးမှာ ရှိနိုင်တယ်။ အင်တာနက်မရှိတော့ လူထုက ဒီလိုကိစ္စမျိုးကို တင်ပြနိုင်တဲ့ သတင်းထောက်တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်။” လို့ ဦးခိုင်ကျော်မိုးက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ရခိုင်အဖွဲ့အစည်း ၇၉ ဖွဲ့ ပူးပေါင်းလက်မှတ်ရေးထိုးထားပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာရန်အတွက် အင်တာနက်ဖြတ်တောက်ထားမှုကို အရင်ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့ ဒီစာမှာ ဖော်ပြထားပါတယ်။
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက်များ ရယူပိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်မှာ အင်တာနက်အသုံးပြုခွင့်ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ပညာရေး ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ သတင်းအချက်အလက်တွေ တန်းတူညီမျှရယူခွင့် တောင်းဆိုကြောင်း ဒီစာမှာ ရေးသားထားပါတယ်။
ရွေးကောက်ပွဲနှစ်
တခြားနိုင်ငံအများစုမှာလိုပဲ မြန်မာနိုင်ငံမှာလည်း ကိုရိုနာပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် သွားလာခွင့်ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ လူစုလူဝေးမလုပ်ဖို့၊ နိုင်ငံရပ်ခြားက ပြန်ရောက်လာသူတွေ ကွာရန်တင်းဝင်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒီစည်းကမ်းတွေကို မလိုက်နာသူတွေအတွက်လည်း အစိုးရဟာ ပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။ ကွာရန်တင်းစည်းကမ်းတွေကို မလိုက်နာသူတွေအတွက် ဆိုရင် တစ်နှစ်အထိ အပြစ်ပေးနိုင်တဲ့ ထောင်ဒဏ်လည်း ပါဝင်ပါတယ်။ စည်းကမ်းဖောက်ဖျက်လို့ အကျဉ်းကျခံရသူ ၅၀၀ ထက်မနည်းရှိပြီး ဒီအထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။
ဒီစည်းကမ်းတွေဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပုံပေါ်ပေမယ့် အခြားတစ်ဘက်မှာတော့ ဝေဖန်မှုတွေ ရှိနေပြန်ပါတယ်။
“ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျဉ်းထောင်ထဲမှာ လူရာပေါင်းများစွာကို အုပ်စုလိုက် အချုပ်ခန်းထဲ ထည့်လိုက်တာက ကိုဗစ်ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မေလမှာထုတ်ပြန်ခဲ့တဲ့ စာထဲမှာ ဖီလ်ရောဘက်ဆင်က ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုဗစ်ကို ကိုင်တွယ်ပုံဟာ ဒီနှစ်နှောင်းပိုင်းမှာကျင်းပယ့် ရွေးကောက်ပွဲအတွက်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
ဒေါ်ထုမေကတော့ ရခိုင်ဒေသက တိုက်ပွဲတွေနဲ့ နောက်ဆက်တွဲ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် ဒီဒေသမှာ ဒေါ်စုနဲ့ သူ့ရဲ့ NLD ပါတီကို မဲပေးမယ့်သူအရေအတွက် လျော့နည်းသွားနိုင်တယ်လို့ ပြောပါတယ်။
“၂၀၁၅ တုန်းက ကျွန်မ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ခဲ့တယ်။ သူနဲ့တွဲလုပ်ရမှာကို ဝမ်းသာခဲ့တယ်။” လို့ ဒေါ်ထုမေက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်ဘက်က ပြည်သူလူထုအတွက် အင်တာနက်အသုံးပြုခွင့်ရအောင် ကူညီပေးလိမ့်မယ်လို့ပဲ ယူဆခဲ့တာ၊ ဖြတ်တောက်ပစ်မယ် မထင်ခဲ့ဘူး” လို့ သူက ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးဆိုတာကို ပါးစပ်ကပြောနေရုံနဲ့မရဘူး။ လက်တွေ့လုပ်ဆောင်ဖို့ လိုတယ်။” လို့ ဒေါ်ထုမေက ထပ်လောင်းပြောကြားပါတယ်။
အခြားတစ်ဘက်မှာတော့ ဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်လို့ ဒေါ်စုရဲ့ကိုင်တွယ်ပုံတွေဟာ ရွေးကောက်ပွဲအပေါ် ဘာမှ အကျိုးသက်ရောက်မှု မရှိတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် နိုင်ငံအနောက်ပိုင်း အစွန်အဖျားဒေသက ပြည်သူအများအပြားဟာ ဒီကပ်ဘေးအကြောင်းကို နကန်းတစ်လုံးမှ မကြားဖူးလိုက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက်ပါ။
စောသန္တာအေး
(စီအန်အန်သတင်းဌာန ဆောင်းပါးရှင် Angus Watson ရဲ့ The country where hundreds of thousands of people haven't heard of Covid-19 ကို မြန်မာဘာသာ ပြန်ဆိုပါတယ်။)
(ဓာတ်ပုံ - The New York Times)