𝗡𝘄𝗮𝘆 𝗢𝗼 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻

  • Home
  • 𝗡𝘄𝗮𝘆 𝗢𝗼 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻

𝗡𝘄𝗮𝘆 𝗢𝗼 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗡𝘄𝗮𝘆 𝗢𝗼 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻, Media/News Company, .

ချင်းပုန်းရွာတွင် မတရားသတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းတွေ့ရှိ၊ ဆိုင်ကယ် အစီးရေ ၅၀ ဝန်းကျင်နှင့် ကား ၅ စီးခန့် မီးရှို့ ဖ...
28/02/2022

ချင်းပုန်းရွာတွင် မတရားသတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းတွေ့ရှိ၊ ဆိုင်ကယ် အစီးရေ ၅၀ ဝန်းကျင်နှင့် ကား ၅ စီးခန့် မီးရှို့ ဖျက်ဆီး
=====
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းပုန်းရွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဆိုင်ကယ်စီးရေ ၅၀ ဝန်းကျင်နှင့် ကားကြီး ကားလေး ၅ စီးဝန်းကျင်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ၎င်းတို့ သတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“၂၆ ရက်နေ့တုန်းက PDF သင်တန်းဆင်းပွဲကို ဆိုင်ကယ်တွေ ကားတွေနဲ့ လာကြတာ ။ အဲဒီ ဆိုင်ကယ်တွေ ကားတွေ အားလုံးကို ဒီနေ့ မနက်မီးရှို့သွားတယ်။ သူတို့ ၂၆ ရက်နေ့က သတ်ထားတဲ့ အလောင်းတွေကိုတော့ ဒီအတိုင်း ထားခဲ့တယ်” ချင်းပုန်းရွာ ဒေသခံ တစ်ဦးက ပြောကြားသည်။

သေဆုံးသွားသူများထဲမှ ချင်းပုန်းကျေးရွာမှ ဦးအောင်မောင်း ၊ ပန်းပထုံးရွာမှ ကိုထွန်းထွန်းနှင့် ကိုမျိုးညွှန့်တို့ကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး PDF ဝတ်စုံဝတ်ထားသူတစ်ဦးနှင့် ကျန်သူများကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ပြောပြသည်။

“အလောင်းတွေကို သူတို့ စတည်းချသွားတဲ့ ဘုန်းကြီးကျောင်း ရေကန်နား ရယ်၊ မူကြိုကျောင်းထဲက ၆ လောင်းတွေ့ခဲ့တာ။ သူတို့က ၂၆ ရက်နေ့တုန်းက ရဟတ်ယာဉ်နဲ့ လူလာချသွားတယ်။ PDF ဝတ်စုံ ဝတ်လာပြီးတော့မှ ။ သူတို့က PDF ဝတ်စုံပေါ်မှာ ကျဉ်ကာပါတယ်လို့ ပြောတယ်။ PDF သင်တန်းဆင်းပွဲ ဖြစ်တော့ သူတို့က PDF နဲ့ ပုံမှားရိုက်တဲ့အခါ တချို့ PDF ကလေးတွေက ကိုယ့်လူထင်လို့ မပြေးတာလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတ်ဖြတ်ခဲ့မှုကို ပြန်ပြောင်းပြောပြသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချင်းပုန်းကျေးရွာတွင် ပြုလုပ်သည့် PDF သင်တန်းဆင်းပွဲသို့ ရဟတ်ယာဉ်များနှင့် လာရောက် ပစ်ခတ်ခဲ့သေးသည်။

နေအိမ် ၂ လုံး မီးလောင် ပျက်စီးသွားခဲ့ပြီး ချင်းပုန်းရွာရှိ နေအိမ် ၄ လုံးကိုလည်း မီးရှို့ခဲ့ကာ ချင်းပုန်းကျေးရွာ မူကြိုကျောင်းရှိ ကလေးငယ် ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ရေစကြို ရေလယ်ကျွန်းအုပ်စုကို အကြမ်းဖက် စစ်ကောင်စီတပ်များ လက်နက်ကြီး/ငယ်များ ပစ်ခတ် ဝင်ရောက်၊ ပြည်သူများ နေအိမ်ကို မီးရှိ...
26/02/2022

ရေစကြို ရေလယ်ကျွန်းအုပ်စုကို အကြမ်းဖက် စစ်ကောင်စီတပ်များ လက်နက်ကြီး/ငယ်များ ပစ်ခတ် ဝင်ရောက်၊ ပြည်သူများ နေအိမ်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ ရေစကြိုမြိုနယ်၊ ရေလယ်ကျွန်းအုပ်စုရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် လက်နက်ကြီး/ ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်ပြီး ပြည်သူများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။

“နေအိမ်တွေကို မီးရှို့တာက ညနေ ၃ နာရီခွဲလောက်ကဗျ။ ခုထိ မပြန်သေးဘူး။ ရေလယ်ကျွန်းအုပ်စု ဆင်တဲမြောက်ရွာနဲ့ လှေခုက်/ ကျွန်းညိုရွာတွေကို ဝင်တာဗျ။ သူတို့က တစ်အုပ်စုတည်းဆိုတော့ အတိအကျတော့ မသိရသေးဘူး” ဟု အကြမ်းဖက် စစ်ကောင်စီတပ်များ နေအိမ်မီးရှို့မှုကို လှမ်းမြင်နေရသည့် အဆိုပါ ကျေးရွာ အုပ်စုနားရှိ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်မှုကြောင့် အဆိုပါ ရွာများရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်များ ပြန်မထွက်သေးသည့်အတွက် ဆုံးရှုံးမှုအတိအကျကို မသိရှိရသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
KTM

12/02/2022

မြန်မာနိင်ငံအဝန်းမြို့နယ်ပေါင်း 132 မြို့နယ်ကို အကြမ်းဖက်စစ်တပ်က Mobile Internet ဖြ​တ်တောက်ထားထာဖြစ်ပါတယ်။ကျန် Online ရနေတဲ့သူတွေက Twitter မှာ များများကြိုးစားပေးကြပါဗျ။

Fake News Check Community
#̸O̸r̸a̸n̸g̸e̸🍊̸

Breaking News- အင်းစိန်ထောင်တွင် "စစ်အာဏာရှင်ဖြုတ်ချရေး အတွက် " နိုင်ငံရေးအကျဉ်းသားများ ၃ ရက်တာ အစာငတ်ခံ ဆန္ဒပြနေရန်ကုန်...
12/02/2022

Breaking News- အင်းစိန်ထောင်တွင် "စစ်အာဏာရှင်ဖြုတ်ချရေး အတွက် " နိုင်ငံရေးအကျဉ်းသားများ ၃ ရက်တာ အစာငတ်ခံ ဆန္ဒပြနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် "စစ်အာဏာရှင် ဖြုတ်ချရေးအတွက်" နိုင်ငံ ရေးအကျဉ်းသားများ ယနေ့မှစတင်၍ ၃ ရက်တာ အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ပြောသည်။

"ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် စစ်အာဏာရှင်ဖြုတ်ချရုံမှ တစ်ပါး ဘာမှ မရှိ " ဆိုသော ကြွေးကြော်သံဖြင့် အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် အစာငတ်ခံ ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ Black TV လှုပ်ရှားမှုတွင်လည်း ပြည်သူများနှင့်အတူ ပါဝင်ကြမည်ဖြစ်ကြောင်း ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများက ပြောသည်။

"နံရံကိုခေါင်းနဲ့ မတိုက်နဲ့တဲ့ ငါတို့ကား နိုင်လိုစိတ်ဖြင့်တိုက်၏ အာဏာရှင်တံ တိုင်း ဗုန်းဗုန်းလဲစေ"ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးကလည်း ထောင်တွင်းမှ ကဗျာရေးသား ပေးပို့ထားသည်။

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြရာတွင်

၁။ စစ်အုပ်စုသည် နိုင်ငံသူ နိုင်ငံသားများမှ လက်ခံယုံကြည်သည့် ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးယုံကြည်ချက်များအား ဖျောက်ဖျက်ရန်အတွက် ပြည်သူလူထုအား လက်နက်ကြီး/ငယ်များနှင့်သတ်ဖြတ်ဖြိုခွဲခြင်း၊ သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များအား နံရံများသုံး၍ချုပ်နှောင်ခြင်း၊ ထောင်ဆွေးပုဒ်မများဖြင့်အမိန့်ချခြင်းတို့ကို အာဏာသိမ်းပြီးတနှစ်ကျော်ကာလထိ တစိုက်မတ်မတ်ကျူးလွန်ပြုလုပ်ခဲ့သည်။

သို့သော် နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်အား အကြမ်းနည်းသုံး၍ နံရံများဖြင့် ဖျောက်ဖျက်ရန်ကြိုးပမ်းမှု မှန်သမျှသည် အချည်းနှီးဖြစ်ပြီး ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်များသည် မြူတမှုန်မျှ လွင့်ပြယ်မသွားကြောင်းကို ဤနိုင်ငံရေး သိဒ္ဓိတင်မှုအားဖြင့် တို့သက်သေထူသည်။

၂။ စစ်အုပ်စုကျူးလွန်ခဲ့သော မတရားမှုတိုင်းအတွက် မည်သည့်စကားပြောဆိုမှု၊ မည်သည့်ဆွေးနွေး ညှိုနှိုင်းမှုမျှ မပြုလုပ်လိုသော ကျွန်ုပ်တို့၏သဘောထားများအား ဤနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် သက်သေထူသည်။

ဟု ပြည်သူများထံ သတင်းစကားပါးထားကြောင်း General Strike Committee - GSC က ထုတ်ပြန်ထားသည်။

KhitThitMedia
#̸O̸r̸a̸n̸g̸e̸🍊̸

12/02/2022

Data အင်တာနက်လိုင်းပိတ်ထား
========
ချင်းပြည်နယ်မှာ တစ်ခုတည်း Data အင်တာနက်လိုင်းရတဲ့ ဟားခါးမြို့နယ်နဲ့ ကလေး၊ တမူးမြို့နယ်ဘက်မှာ ဒီမနက်ကစပြီး Data အင်တာနက်လိုင်း အားလုံးမရတော့ဘူးလို့သိရတယ်။

ဒါပေမယ့် MPT fiber အင်တာနက်လိုင်းကတော့ အသုံးပြုလို့ရပါတယ်။

မနေ့ကတည်းက ဖေဖော်ဝါရီ ၁၂ ရက် မနက် ၄ နာရီကနေ ည ၁၁ နာရီထိ တနိင်ငံလုံး အင်တာနက်လိုင်းပိတ်ထားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Zalen
#̸O̸r̸a̸n̸g̸e̸🍊̸

12/02/2022

ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အများစုတွင် မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ခံရခြင်းနှင့်နှေးကွေးခြင်းများ ဖြစ်နေ၊ Wifiနှင့်Fiber အင်တာနက်လိုင်း များရရှိနေဆဲ

မုံရွာမြို့ပေါ်ရှိ နေရာတချို့တွင်Fiber Wi-Fi များသာရနေပြီး ရပ်ကွက်တစ်ချို့တွင်မိုဘိုင်းလ်အင်တာနက်များ အရက်နေ့ညမှစ၍သုံးစွဲမရကြောင်း ပေးပို့လာသောသတင်းများအရသိရသည်။

📌 အလားတူ မန္တလေးမြို့နှင့် ရန်ကုန်မြို့များရှိနေရာတစ်ချို့တွက်လည်း Mobile Data, fiber WiFi ၂မျိုးစလုံးရရှိသောနေရာမှာရှိ Mobile Data သုံးစွဲ၍မရသောနေရာများလည်းရှိနေသည်။

📌စစ်ကိုင်းမြို့တွင် Mobile Data သုံးစွဲ၍မရ Fiber Wi-Fi များအသုံးပြုလို့ရသည်။

📌ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် Mobile Dataနှင့် Fiber Wi-Fi အသုံးပြုရနေ

📌တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်လည်း Fiber Wi-Fi များသာအသုံးပြုလို့ရပြီး Mobile Data များဖြတ်တောက်ခံထားရကြောင်းပေးပို့လာသောသတင်းများအရသိရှိရသည်။

တခြား အင်တာနက်ဖြတ်တောက်ခံရသောနေရာများကိုလည်းထပ်မံဖြည့်စွက်သတင်းပေးပို့ကြပါရန် တောင်းဆိုအပ်ပါရှင်

SSN
Feb 12, 10:00 AM
T.me/SggScoutNetwork

ပြည်နှင်ဒဏ်ပေးခံရမယ့်မြန်မာ့အမျိုးသား ထိုင်းအချုပ်ခန်းထဲမှာ ကြိုးဆွဲချသွား-People's Springထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်...
07/02/2022

ပြည်နှင်ဒဏ်ပေးခံရမယ့်မြန်မာ့အမျိုးသား ထိုင်းအချုပ်ခန်းထဲမှာ ကြိုးဆွဲချသွား

-People's Spring

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရလို့ ပြည်နှင်ဒဏ်ပေးခံရမယ့် မြန်မာနိုင်ငံသားတစ်ဦးဟာ ထိန်းသိမ်းထားတဲ့ ရဲစခန်းမှာ ကြိုးဆွဲချသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ဖရာပရာဒန် ခရိုင် ရဲစခန်းမှာ မနေ့က မနက်အစောပိုင်းဖြစ်ပွားခဲ့တာပါ။ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားတဲ့ မြန်မာအမျိုးသားဟာ အသက် ၃၅ နှစ်ရှိပါပြီ ။

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

အဲဒီနောက် ပြည်နှင်ဒဏ်ပေးဖို့ သူ့ကို ရဲစခန်းမှာထိန်းသိမ်းထားတာပါ။ မနေ့က မနက်ပိုင်း ၂ နာရီခွဲလောက်မှာတော့ ရဲစခန်း တာဝန်ကျကင်းသမားက အချုပ်ခန်းကိုသွားကြည့်ရာမှာ ဘောင်းဘီရှုံ့ကြိုးသုံးကာ ကြိုးဆွဲချ သေဆုံးသွားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အလောင်းကို စစ်ဆေးမှုတွေလုပ်ပြီး ဘန်ချက်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာ ဝန်းကျင်ကို လုံခြုံရေးကင်မရာဟာလွှမ်းခြုံမှုမရှိတာကြောင့် စစ်ဆေးမှုတွေလုပ်သွားမယ်လို့ လည်းသိရပါတယ်။

ကနဦးအနေနဲ့ မြန်မာအမျိုးသားဟာ စိတ်ဖိစီးမှုတွေ ဒဏ်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ကောက်ချက်ချထားကြပါတယ်။

မြန်မာအမျိုးသားကြိုးဆွဲချသွားတဲ့အချုပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေစစ်ဆေးနေစဉ်

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

Vinyl လေးတစ်ခုတောင် အသက်ရင်းပြီးချိတ်ရတဲ့  စောက်ကျိုးနဲတိုင်းပြည်ငါလိုးမနိုင်ငံ
06/02/2022

Vinyl လေးတစ်ခုတောင် အသက်ရင်းပြီးချိတ်ရတဲ့ စောက်ကျိုးနဲတိုင်းပြည်

ငါလိုးမနိုင်ငံ

06/02/2022

စခ အင်အား ၇၀ခန့်မြောင်သို့ ဦးတည်
➡➡➡➡➡➡➡➡➡➡➡➡
6.2.22
မုံရွာ- မန္တလေးကားလမ်းမပေါ်တွင် ကင်းပုန်းယူနေသော စခအင်အား ၇၀ခန့်သည် ဘိုးမင်းကြီးကင်းရွာမှ ကျော့မင်းရွာသို့ တောလမ်းမြှဖတ်သွားကြောင်းသတင်းရရှိပါသည်။
ယခုကျော့မင်းတောမြှဖတ်၍ မြောင်သို့ဦးတည်သွားသည်ဟု သတင်းထပ်မံရရှိပါသည်။

#မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

မင်းက ကားစီးနိုင်တယ်ငါက စက်ဘီးစီးနိုင်တယ်ဒါပေမယ့်.....ငါတို့အိပ်မက်က တစ်ခုတည်းပဲ့..❤✊
05/02/2022

မင်းက ကားစီးနိုင်တယ်
ငါက စက်ဘီးစီးနိုင်တယ်

ဒါပေမယ့်.....
ငါတို့အိပ်မက်က တစ်ခုတည်းပဲ့..❤✊

တစ်နှစ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီးDVBစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖ...
05/02/2022

တစ်နှစ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီး
DVB
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ မြန်မာစစ်တပ်နဲ့ သူတို့နဲ့ပတ်သက်ဆက်နွှယ်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နေရာပေါင်း ၁၂၆ နေရာမှာ ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

05/02/2022

နေ့ဘက်/ ညဘက်အချိန်တွေမှာ ရန်ကုန်မြို့နေရာတော်တော်များများနဲ့ ထိစပ်မြို့နယ်တွေမှာ 💥💣 အသံတွေကြားနေရတယ် တော်တော်များများလဲ ကျင့်သားရနေလောက်ပါပြီ

သို့သော် မြို့ပြပျောက်ကြားစစ်ဆင်ရေးကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကူညီလို့ရတာ ကူညီကြရအောင်ပါ

မလိုအပ်ဘဲအပြင်မသွားပါနဲ့
စခများရှိရာနေရာနဲ့ဝေးဝေးကနေ သွားပါ
စခများရှိမယ့်နေရာတွေကို လှို့ဝှက်စွာသတင်းပေးပါ

05/02/2022

Warning🛑🛑🛑
FNCC ကနေကကိုယ်တိုင်စုံစမ်းသိရှိထားတဲ့အချက်အလက်ဖြစ်ပါတယ်။အဲဒါကတော့က်ုဂျင်မီကိုဇေယျာသော်တို့နဲ့ဆက်စပ်နေတယ်လို့စစ်ခွေးတွေကသတ်မှတ်ထားတဲ့လူပုဂ္ဂိုလ် 78 ဦးရဲ့ Ph No, NRC,Bank Acc,Home Address တို့ကိုအသေးစိတ်စုံစမ်းထားပြီးဖမ်းဖို့ချောင်းမြောင်းနေတဲ့သတင်းပါ။အတွင်းလူတွေဆီကနေအဲဒီ 78 ဦးလုံးရဲ့အချက်အလက် Data စာရွက်ကို ရရှိပါကလည်းတင်ပေးသွားပါမယ်။တစ်ချို့တွေကိုတော့လှုပ်ရှားမှူတွေကိုပါစောင့်ကြည့်နေပြီးမဖမ်းဆီးသေးပဲလွှတ်ပေးထားတာမျိုးလို့သိရပါတယ်။ဟိုဘက်ရပ်ကွက်ကဗိုလ်ကတော် Group ထဲမှာ 78 ဦးလုံးရဲ့ Data အချက်အလက်တင်လိုက်တာကိုတွေ့လိုက်ရပေမဲ့ချက်ချင်းပြန်ဖျက်သွားခဲ့လို့မသိရှိလိုက်ရပါဘူး။ဒါကြောင့်သက်ဆိုင်သူများအနေနဲ့အထူးသတိထားကြဖို့အထူးမေတ္တာရပ်ခံအပ်ပါတယ်။သိရှိရသမျှသောအကြောင်းအရာအတိုင်းတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။Bank Acc တွေကိုတော့ဒီနေ့ပဲ Freeze လုပ်ခိုင်းဖို့စစ်တပ်ဘက်ကညွှန်ကြားမိန့်ထုတ်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။/24

Source _ https://t.me/fakenewscheckcommunity/24

ကနီမြိုပေါ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများကို  ယနေ...
05/02/2022

ကနီမြိုပေါ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများကို ယနေ့ဖေဖော်ဝါရီလ(၅)ရက် ည(၇)နာရီခွဲဝန်းကျင်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနီ PDF က သတင်းထုတ်ပြန်လာသည်။

KLG PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ရဲများ၏ ထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

စစ်ကိုင်း၊ ကသာမြိုနယ်တွင်လည်း ယနေ့ ဖေဖော်ဝါရီလ(၅)ရက်၊ နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ကသာ PDF က ထုတ်ပြန်သည်။

ကသာမြိုနယ်၊ ဝေပေါင်တောရကျောင်းဘက်မှ နမ့်စမ်းရွာဘက်သိုတက်လာသည့် စစ်‌ကောင်စီတပ်များနှင့် ကသာ PDF၊ မြိုလှ PDF တိုက ပူးပေါင်းပြီး တိုက်ခိုက်ခြင်းဖြစ်ရာ PDF ဘက်မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်သည့် ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ထိုနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ထုံးစံအတိုင်း ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်စမ်းရွာနေ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Link: https://www.tachileik.net/mm/news/29284

05/02/2022

" မိဘပြည်သူများ သို့ ကြိုတင်၍ တောင်းပန်ထားခြင်း
🙏🙏🙏 "

မိဘပြည်သူ ကျေးဇူးရှင်များ ခင်မျာ

ဒိ့ နောက်ပိုင်းကာလများတွင်
ရန်ကုန်မြို့နေရာအနှံ့၌ အပြန်အလှန်ပစ်ခတ်မှုတွေ မကြာခဏ ကြုံရ နိုင်ပါတယ် ။

အဲ့ဒီ အတွက် မိမိကျင်လည်
သွားလာလှုပ်ရှား နေထိုင်ရာများမှာ ပေါက်ကွဲသံတခုနဲ့တင်ရပ်မသွားပဲ အပြန်အလှန်ပစ်ခတ်သံများ ကြားရသည်ရှိသော် ........
ကျေးဇူးရှင်မိဘများ အနေနဲ့ မစပ်စုမိဖို့ ဝမ်းသာအားရ ထွက်အားမပေးမိဖို့နဲ့ မှတ်တမ်းမတင်မိဖို့အရေးကြီးပါတယ်။

ပစ်ခတ်မှုများ ဖြစ်ပွားချိန်တွင် .....
မိမိအိမ်ထဲမှာ မဟုတ်ဘဲ
လမ်းပေါ်ရောက်နေခဲ့ရင် ဒါမှမဟုတ် ဝမ်းရေးအရ လှုပ်ရှား ရုန်းကန်နေရသောပတ်ဝန်းကျင်ရောက်နေခဲ့လျင်ဖြင့် နီးစပ် ရာ အဆောက်အဦး ထဲ
( သို့ ) လမ်းကြားတခုထဲ ပြေးရှောင်​​ပြီး ဘေးကင်းရာမှာ နေပေးကြပါ ။

ကျွန်တော်တို့အနေနဲ့ မစ်ရှင်တိုင်းမှာ ပစ်မှတ် ကြာချိန် ဝင်လမ်း ထွက်လမ်း အကုန်ဇာတ်တိုက်လေ့ကျင့်ထားတာ မို့ အချိန်လွဲလို့မရပါဘူး ။

အဆင့်ဆင့် လွဲချော်တတ်ပါတယ်။
မလွဲချော် ခဲ့ရင်တော့ အားလုံး ထမင်းစားရေသောက်အဆင့်ပါပဲ။

ဒါပေမယ့် ကျေးဇူးရှင်
မိဘများကြောင့် လမ်းပိတ်နေခဲ့ရင်
အချိန်လွဲခဲ့ရင် အုပ်ချုပ်ရေး ယန္တရားကိုင်ထားတဲ့ စကစမှ လမ်းတွေပိတ်ချနိုင်ခဲ့ရင် အခြေအနေတွေရှုပ်ထွေးသွားနိုင်ပါတယ်။

မိဘပြည်သူများ ကို အနူးအညွှတ်တောင်းပန်လိုတာက အရေးတကြီး ကား ဆိုင်ကယ် မောင်းလာခဲ့ရင် လမ်းတောင်းခဲ့ရင် လမ်းဖယ်ပေးဖို့ပါ

အဲ့ဒီအချိန် ရန်သူ မိဘ ကျေးဇူးရှင် မကွဲပြားလို့ လက်နက်ထိုးချိန် လမ်းတောင်းခဲ့ရင်လည်း သားဆိုးသားမိုက် များကို မေတ္တာ နဲ့ ကြည့်ရှု ခွင့်လွှတ်ပေးကြပါလို့ မိဘပြည်သူ ကျေးဇူးရှင်များအား ကြိုတင် တောင်းပန်အပ်ပါတယ် ။
🙏🙏🙏

စောသက်ပြင်း
D.R.F
အာဏာရှင်တော်လှန်ရေးတပ်ဦး
ကတောင်းဆိုထားပါတယ်

သူရဲကောင်း မင်းခန့်ကျော် ရဲ့ နောက်ဆုံးခရီး ...🥀
19/12/2021

သူရဲကောင်း မင်းခန့်ကျော် ရဲ့ နောက်ဆုံးခရီး ...🥀

သူရဲကောင်း ၁ ဦး ကျဆုံးကြောင်း သတင်းထုတ်ပြန်ခြင်းနှင့် အထူးဝမ်းနည်းကြေကွဲခြင်းဒီဇင်ဘာလ ၁၈ ရက်နေ့၊ ကနီမြို့နယ် ချင်းတွင်းမ...
19/12/2021

သူရဲကောင်း ၁ ဦး ကျဆုံးကြောင်း သတင်းထုတ်ပြန်ခြင်းနှင့် အထူးဝမ်းနည်းကြေကွဲခြင်း

ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည့် အာဠာဝက ပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးတပ်သား ၁ ဦး ကျဆုံးခဲ့ရပါသည်။
ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရေကြောင်း၊ ကုန်းကြောင်းမှတဆင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွါစဉ် ကိုမင်းခန့်ကျော် မှာ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါသည်။
ကိုမင်းခန့်ကျော်သည် အသက် ၁၈ နှစ်မပြည့်သေးသည့် တော်လှန်ရေးတပ်သားဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် နွေဦးတော်လှန်ရေးအတွင် ပြည်သူအတွက် အသက်ပေးလှူသွားသော သူရဲကောင်းတဦးအဖြစ် မှတ်တမ်းတင်လိုက်ပြီဖြစ်ပါသည်။
သူရဲကောင်း ကိုမင်းခန့်ကျော်နှင့်တကွ ပြည်သူအားလုံး လိုလားသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတို့အတွက် အာဠာဝက ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဆက်လက်တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သူရဲကောင်း ကိုမင်းခန့်ကျော် ကျဆုံးခဲ့ရခြင်းအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပြီး အာဠာဝက ပြောက်ကျားတပ်ဖွဲ့ဝင်များ၏ စိတ်နှလုံးတွင် အမြဲအမှတ်ရ လေးစားနေကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အာဠာဝက ပြောက်ကျားတပ်ဖွဲ့

🛑လှိုင်သာယာမြို့နယ် အနောက်ခြမ်း၊ အမှတ် ၁၆ ရပ်ကွက်တွင်၊ စစ်ကောင်စီတပ်သားများနှင့် ရပ်ကျေးများအင်အား ၃၀ ခန့်ဖြင့် ဧည့်စာရင...
12/12/2021

🛑လှိုင်သာယာမြို့နယ် အနောက်ခြမ်း၊ အမှတ် ၁၆ ရပ်ကွက်တွင်၊ စစ်ကောင်စီတပ်သားများနှင့် ရပ်ကျေးများအင်အား ၃၀ ခန့်ဖြင့် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။ အိမ်ရှိလူများ ထွက်ပြရသည်ဟု သိရသည်။ ထူးခြားဖြစ်စဉ်ရှိပါက ဆက်လက်ဖော်ပြပါမည်။

ဒီဇင်ဘာ ၁၂ ရက်

#ဧည့်စာရင်း

12/12/2021

🛑လှိုင်သာယာမြို့နယ် အနောက်ခြမ်း၊ အမှတ် ၁၆ ရပ်ကွက်တွင်၊ စစ်ကောင်စီတပ်သားများနှင့် ရပ်ကျေးများအင်အား ၃၀ ခန့်ဖြင့် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။ အိမ်ရှိလူများ ထွက်ပြရသည်ဟု သိရသည်။ ထူးခြားဖြစ်စဉ်ရှိပါက ဆက်လက်ဖော်ပြပါမည်။

ဒီဇင်ဘာ ၁၂ ရက်

#ဧည့်စာရင်း

12/12/2021

သေဆုံးသူ နဂါးလေးဝင်းနိုင်သည် ဆိုင်းတောင်ရပ်ကွက်(၁) ရာအိမ်မှူး ဖြစ်ပြီး ဆိုင်းတောင် တံတားထိပ်တွင် ဆိုင်ကယ်မောင်းနေစဉ် နားထင်ကို သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန့်ဘလူတွင် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ထွန်းနိုင် ပစ်သတ်ခံရ
===================================================
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ငါးရာနဲကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ထွန်းနိုင်ကို KBU-UG အဖွဲ့က ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆံုံးခဲ့ကြောင်း KBU-UGအဖွဲ့ထံမှ သိရသည်။
နတ်မောက်တွင် တံခွန်တိုင်ရွာ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဇော်ခိုင် ပစ်သတ်ခံရ
==================================================================
မကွေးတိုင်း၊ နတ်မောက်မြို့နယ် ၊ တံခွန်တိုင် ကျေးရွာရှိ ပျူးစောထီးအဖွဲ့ ခေါင်းဆောင် ဇော်ခိုင်ကို ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းကာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါ သေဆုံးသူ ဇော်ခိုင်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မျးကို သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကာ ဇော်ခိုင်ကို သေနတ်ကျည် ၁၀ ချက်ကျော် ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

12/12/2021

အရေးပေါ်သတင်းထုတ်ပြန်ချက်
12.12.2021

ဒီနေ့ဖြစ်ပွားခဲ့သော သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုတွင် UG မြို့ပြပျောက်ကျားနှင့်
Local PDF တွေအနေဖြင့် ပြည်သူများရှင်းလင်းအောင် ထုတ်ပြန်ရန်လ်ိုအပ်ပါတယ် ။

ကျနော်တို့ ROM
မြို့ပြပြောက်ကျားနှင့်မဟာမိတ်ညီကိုတွေအနေနဲ့ လုပ်ဆောင်မှုမရှိပါ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးထုတ်ပြန်လိုပါတယ်။

Rangers of Mandalay

12/12/2021

သာကေတ

- DC နှစ်စီး မာန်အောင်ဘက်သွား
ခွေးအချို့ကျန်နေဆဲ
- Hijet ကားကိုလမ်းဘေးချရပ်ခိုင်းထားပီး အကုန်ထုတ်ဖျက်ဆီးပီး စစ်နေ

10:34 pm

12/12/2021

ရွှေပြည်သာ

ပစ်သံ ၃ ချက်ကြားရဟု ကနဦးသတင်းရရှိ။

Dec 12, Sun , 10:14 PM

"တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများ၏ Facebook စာမျက်နှာအား ဝိုင်းဝန်းတိုက်ခိုက်ရန် တပ်တွင်းညွှန်ကြားထား"...
12/12/2021

"တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများ၏ Facebook စာမျက်နှာအား ဝိုင်းဝန်းတိုက်ခိုက်ရန် တပ်တွင်းညွှန်ကြားထား"
12.12.2021(SUN) | ‌8:40 PM

အရာတော်မြို့ အကြမ်းဖက်စစ်တပ်မှ စစ်သားများနှင့် ၎င်းတို့၏ ဇနီးမယားများကို တတ်ကြွလှုပ်ရှားသူများနှင့် ပျောက်ကျားတပ်ဖွဲ့များ၏ Facebook စာမျက်နှာများအား တိုက်ခိုက်ရန် တပ်တွင်း ညွှန်ကြားထားကြောင်း ဖရဲသီးတလုံးထံမှ သိရသည်။

ယမန်နေ့က အရာတော်မြို့ ဝါးရောင်းကျေးရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲခဲ့သော KORL အဖွဲ့၏ Facebook စာမျက်နှာအား စစ်ကောင်စီတပ်သားများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် ပြုတ်ကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေ‌ကြောင်းသိရသည်။

https://ift.tt/3ylct72

အရာတော် ကင်းထောက်
https://ift.tt/3DhhHmk

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

12/12/2021

"တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများ၏ Facebook စာမျက်နှာအား ဝိုင်းဝန်းတိုက်ခိုက်ရန် တပ်တွင်းညွှန်ကြားထား"
12.12.2021(SUN) | ‌8:40 PM

အရာတော်မြို့ အကြမ်းဖက်စစ်တပ်မှ စစ်သားများနှင့် ၎င်းတို့၏ ဇနီးမယားများကို တတ်ကြွလှုပ်ရှားသူများနှင့် ပျောက်ကျားတပ်ဖွဲ့များ၏ Facebook စာမျက်နှာများအား တိုက်ခိုက်ရန် တပ်တွင်း ညွှန်ကြားထားကြောင်း ဖရဲသီးတလုံးထံမှ သိရသည်။

ယမန်နေ့က အရာတော်မြို့ ဝါးရောင်းကျေးရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲခဲ့သော KORL အဖွဲ့၏ Facebook စာမျက်နှာအား စစ်ကောင်စီတပ်သားများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် ပြုတ်ကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေ‌ကြောင်းသိရသည်။

https://www.facebook.com/100696705760452/posts/123240816839374/

အရာတော် ကင်းထောက်
https://t.me/ayadawscouts

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ခရမ်းမြို့ ကွမ်းမိုးဒိန်းရပ်ကွက်တွင် မီတာခများကောက်ခံနေ မဆောင်လျှင်မီးဖြတ်မည်ဟုပြော၊ ကမာကလုတ်ကျေးရွာတွင်လည်း မီတာခများအတ...
12/12/2021

ခရမ်းမြို့ ကွမ်းမိုးဒိန်းရပ်ကွက်တွင် မီတာခများကောက်ခံနေ မဆောင်လျှင်မီးဖြတ်မည်ဟုပြော၊ ကမာကလုတ်ကျေးရွာတွင်လည်း မီတာခများအတင်းအဓ္ဓမလိုက်လံကောက်ခံနေ

Khayan Channel (ဒီဇင်ဘာ ၁၂)

ခရမ်းမြို့နယ် ကွမ်းမိုးဒိန်းရပ်ကွက်တွင် ဇော်လွင်ဦး ဆိုသူက မီတာစာရွက်များလိုက်လံပေးဆောင်နေပြီး မီတာခများကောက်ခံနေကြကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံးပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်ပါက မီးဖြတ်မည်ဟု ၎င်းက ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သိရသည်။ ဇော်လွင်ဦး ဆိုသူမှာ လျှပ်စစ်ရုံး၀န်ထမ်းတစ်ဦးဖြစ်ပြီး ယခုကာလမှာ သူကမီတာစာရွက်များကို လိုက်လံပေးပို့နေတာဖြစ်ကြောင်း ပြည်သူများထံမှ သိရသည်။ ယနေ့တွင် ကွမ်းမိုးဒိန်းရပ်ကွက်မှ လျှပ်စစ်ရုံးသို့ မီတာလာဆောင်ကြသူများများပြားလျက်ရှိနေပြီး မနက်ဖြန်တွင် ပိုပြီးမီတာလာဆောင်ကြလိမ့်မည်ဟု ပြည်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။

ထို့အတူ အေးရွာကျေးရွာအုပ်စု ကမာကလုတ်ကျေးရွာတွင်လည်း ဇော်မင်း ဆိုသူက မီတာခများကို အတင်းအကြပ်လိုက်လံကောက်ခံနေကြောင်း သိရပြီး အကြမ်းဖက်စစ်တပ်က ရွှေဦးကွင်း​ကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။


#☯

12/12/2021

ခရမ်းမြို့ ကွမ်းမိုးဒိန်းရပ်ကွက်တွင် မီတာခများကောက်ခံနေ မဆောင်လျှင်မီးဖြတ်မည်ဟုပြော၊ ကမာကလုတ်ကျေးရွာတွင်လည်း မီတာခများအတင်းအဓ္ဓမလိုက်လံကောက်ခံနေ

Khayan Channel (ဒီဇင်ဘာ ၁၂)

ခရမ်းမြို့နယ် ကွမ်းမိုးဒိန်းရပ်ကွက်တွင် ဇော်လွင်ဦး ဆိုသူက မီတာစာရွက်များလိုက်လံပေးဆောင်နေပြီး မီတာခများကောက်ခံနေကြကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံးပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်ပါက မီးဖြတ်မည်ဟု ၎င်းက ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သိရသည်။ ဇော်လွင်ဦး ဆိုသူမှာ လျှပ်စစ်ရုံး၀န်ထမ်းတစ်ဦးဖြစ်ပြီး ယခုကာလမှာ သူကမီတာစာရွက်များကို လိုက်လံပေးပို့နေတာဖြစ်ကြောင်း ပြည်သူများထံမှ သိရသည်။ ယနေ့တွင် ကွမ်းမိုးဒိန်းရပ်ကွက်မှ လျှပ်စစ်ရုံးသို့ မီတာလာဆောင်ကြသူများများပြားလျက်ရှိနေပြီး မနက်ဖြန်တွင် ပိုပြီးမီတာလာဆောင်ကြလိမ့်မည်ဟု ပြည်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။

ထို့အတူ အေးရွာကျေးရွာအုပ်စု ကမာကလုတ်ကျေးရွာတွင်လည်း ဇော်မင်း ဆိုသူက မီတာခများကို အတင်းအကြပ်လိုက်လံကောက်ခံနေကြောင်း သိရပြီး အကြမ်းဖက်စစ်တပ်က ရွှေဦးကွင်း​ကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။


#☯

12/12/2021

* ထန်းတပင်မြို့နယ်

ထန်းတပင်မြို့နယ်၊ တရားရုံးရှေ့တွင် ယနေ့ည
ဗုံးတစ်လုံးပေါက်ကွဲကြောင်းသိရသည်။



12/12/2021

မင်းတပ်မြို့ထဲစစ်ဆေးရေးဂိတ် ဖုန်းအစစ်ဆေးမခံတဲ့သူကို သေနတ်နဲ့ပစ်ရာမှ အမျိုးသမီးတဦး သေဆုံး

ဒီဇင်ဘာ ၁၂ ရက်

မနက် ၉ နာရီဝန်းကျင်က မင်းတပ်မြို့
စစ်ဆေးရေး ဂိတ်တခုတွင်
ဆိုင်ကယ်စီးလာတဲ့
အမျိုးသားတစ်ယောက်ရဲ့ဖုန်းကို
စစ်ဆေးရာ ထိုသူက
အစစ်မခံဘဲ လူနေအိမ်ကြားထဲ
ဝင်ပြေးလို့ စခများက လိုက်လံပစ်
ခတ်ရာ ယင်းပတ်ဝန်းကျင်တွင်
နေအိမ်တွင်နေထိုင်နေသူ
အသက် ၂၈နှစ်ဝန်းကျင် စိုက်ပျိုး
ရေးဝန်ထမ်းအမျိုးသမီးတစ်ဦးသေ
ဆုံးသွားကြောင်း ‌ဒေသခံ တဦး သတင်းပေးပို့ပါတယ်။

အလောင်းတော်ကဿပ နယ်မြေသတင်း
#

12/12/2021

ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာအတွင်း လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား
======
ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာ ခြေတော်ရာဘုရားတောင်ခြေအနီးမှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) ၊ ကရင်နီတပ်မတော် ( KA) တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်တယ်လို့လည်း KNDF ကထုတ်ပြန်ထားပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၁၁ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ဒေါမတငယ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ထူးလွီးဘီလာနဲ့ ငွေတောင်ရွာသစ်ကြားမှာလည်း တိုက်ပွဲဖြစ်ပွားတာလည်း ရှိခဲ့ပါတယ်။

12/12/2021

စစ်ကောင်စီသင်္ဘောတစ်စင်း ရွှေကူမြို့နယ်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
=====
ရွှေကူ - ဒီဇင်ဘာ ၁၂၊ ၂၀၂၁။

ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောတစ်စီးသည် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရွာသို့ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

"ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ထုသွားတယ်။ ဘုန်းကြီးကျောင်းကို ထိသွားတယ်။ ဓမ္မရုံတွေရော ရွာဘက်ကို ပစ်သွားတာ။" ဟုသူကပြောသည်။

ယနေ့ မွန်းလွှဲ ၄ နာရီခန့်ကလည်း အင်အား အပြည့်တင်ဆောင်လာသည့် သံခွန် နှစ်စီး ဆန်တက်လာ‌ေကြာင်း အခြား‌ေဒသခံများထံကသိရသည်။ ကျောက်ကြီးကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင်လည်း ဒီဇင်ဘာ ၁၀ ရက်နေ့က ခြေလျင်စစ်ကြောင်းချီတပ်လာသည့် စစ်ကောင်စီများကို မြို့လှ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးခဲ့သည်။

12/12/2021

Breaking News

ယနေ့ည ၇ နာရီကျော်ကျော်ခန့် ကသံသုမာလမ်းမပေါ်မှ ရန်ကုန်သစ် သုဝဏ္ဏရဲစခန်း မှာ နာနတ်သီး ၁ လုံး အရောင်းအဝယ်ဖြစ်ကြောင်း ကနဦးသတင်းရရှိ။

နောက်ဆက်တွဲသတင်းမသိရသေး။

Dec 12, Sun , 8:39 PM

ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးတွေအတွက်” ကြယ်” ဆိုတဲ့ ကဗျာလေးရေးစပ်ခဲ့တဲ့ မူးလာLinkထဲ၀င်ဖတ်ရန်👇👇https://ift.tt/3dL1Hx...
12/12/2021

ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးတွေအတွက်” ကြယ်” ဆိုတဲ့ ကဗျာလေးရေးစပ်ခဲ့တဲ့ မူးလာ
Linkထဲ၀င်ဖတ်ရန်👇👇
https://ift.tt/3dL1HxG

12/12/2021

ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးတွေအတွက်” ကြယ်” ဆိုတဲ့ ကဗျာလေးရေးစပ်ခဲ့တဲ့ မူးလာ
Linkထဲ၀င်ဖတ်ရန်👇👇
https://newsfeedmyanmar.one/?p=1004

12/12/2021

ဒီဇင်ဘာ ၁၂ ၊ နွေဦးနေ့စဉ် ညနေပိုင်း သတင်းအကျဉ်းချုပ်

[ပြည်တွင်းသတင်းများ]
- လောင်းလုံ ရေဖြူကျေးရွာအတွင်းမှာ စကစတပ်တွေ တပ်စွဲထား၊ ရွာအတွင်းမှာ အမျိုးသမီးငယ်တွေကို နှောက်ယှက်တာတွေ ရှိနေ
- မန္တလေးမှာ သေနတ်ပစ်ခံရလို့ တစ်ရက်တည်း သုံးဦး သေဆုံး
- မန္တလေး မူဆယ်လမ်းမှာ ကုန်စည်စစ်ဆေးရေးနေရာတွေ တိုးမယ်လို့ စကစ ပြော
- ကံပေါက်ဒေသက ရွာသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် မညိုမာဦး ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရ
- Silent Strike တွင် ပါဝင်သည့် ပဲခူးမြို့ရှိဆိုင်များကို ၇ ရက် ဖွင့်ခွင့်မပြု
- ကုန်သွယ်ရေး ကြန့်ကြာမှုကြောင့် သစ်သီးအရည်အသွေးကျဆင်းပြီး မြန်မာ့ဖရဲ ဈေးမရ
- မကွေးတိုင်းဝန်ကြီးချုပ်အား တရားစွဲဆိုထားသူ၏ ကော်ဖီဆိုင်ဗုံးခွဲခံရ၊ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ
- ဦးကျော်မိုးထွန်းကို လုပ်ကြံရေးအစီအစဉ်တွင် ပါဝင်သူ အပြစ်ရှိကြောင်း ဝန်ခံ

[တိုက်ပွဲသတင်း]
- မုံရွာ ယာကြီးလမ်းပေါ်မှာ စကစယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
- ကနီမြို့နယ်တွင် စကစ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
- တပ်မဟာ ၄ နယ်မြေတွင် စစ်တပ်က ၃ ဦးစေ၊ ဒေသခံများ ရိုက်နှက် စစ်ဆေးခံနေရ

[ပေါက်ကွဲမှုများ]
- ရန်ကုန်တိုင်းအတွင်းရှိ စကစတပ်စခန်းများ နှစ်ရက်ဆက်တိုက်ခိုက်ခံရ

နွေဦးနေ့စဉ်ရဲ့ နေ့စဉ် သတင်းအကျဉ်းချုပ်များကို Telegram မှာလည်း ဖတ်ရှုနိုင်ပါပြီ။

Telegram Channel -

https://t.me/nwayoo_daily

12/12/2021

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ရင်း ၁၈ အရှေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ယနေ့ည ၇နာရီ ၄၉မိနစ်ခန့်က ကားတစ်စီး မီးလောင်မှုဖြစ်ပွားသဖြင့် နယ်မြေခံမီးသတ်စခန်းမှ ထွက်ခွာငြိမ်းသတ်နေကြောင်း သိရှိရသည်။

Source@မီးသတင်းများစုစည်းရာ

12/12/2021

မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်တွေကိုတားပြီး အကြောင်းပြချက်မျိုးစုံနဲ့ ငွေတောင်းနေ

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၂

မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်တွေကို တားပြီး အကြောင်းပြချက်မျိုးစုံနဲ့ အတင်းအဓမ္မ ငွေတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြိတ်မြို့၊ရေနံမြေရပ်ကွက် စာသင်ကျောင်းရှေ့မှာ တာဝန်ကျနေတဲ့ စစ်သား ၅ ဦးနဲ့အတူ အိုးလုပ်ပြင်ရပ်ကွက် နေ မီးသတ်တွေနဲ့ ပေါင်းပြီး
ဆိုင်ကယ် စီးလာသူတွေ၊ တက္ကစီမောင်းသူတွေကို တားဆီးပြီး တစ်စီးကို ငွေကျပ် တစ်သောင်းခွဲမှ နှစ်သောင်းအထိ နေ့စဉ်တောင်းနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင်၊ ဦးထုပ်၊ နောက်ကြည့်မှန် စတဲ့ လိုအပ်ချက်တွေကို တစ်မျိုးမဟုတ် တစ်မျိုး အကြောင်းပြပြီး ငွေတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပါတယ်။

"အားလုံးစုံနေရင်တောင် မရရအောင်တောင်းတယ်" လို့ ပိုက်ဆံပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။

အဲဒီငွေတောင်းတဲ့နေရာဟာ တောလှေဆိပ်နှင့်ငါးဖမ်းလှေ အများစုဆိုက်ကပ်တဲ့ လှေဆိပ်အများစုရှိတဲ့ နေရာလည်းဖြစ်လို့ နေ့စဉ် ဆိုင်ကယ်အစီးရေ ဆယ်ချီပြီး ဖမ်းဆီးခံနေရကြောင်းလည်း မျက်မြင်တွေက ဆိုပါတယ်။

"တစ်ခုမဟုတ် တစ်ခုစစ်ပြီး အမျိုးမျိုးပြဿနာရှာ ငွေတောင်းကြတယ်။ သူတို့လက်က လွတ်တဲ့လူမရှိသလောက်ပဲ" လို့ ဒေသခံတက္ကစီ မောင်းသူတစ်ဦးကပြောပါတယ်။

အရင်ကဖမ်းဆီးတောင်းခံမှုတွေ မရှိခဲ့ပေမဲ့လည်း ခုလို ပြဿနာမျိုးစုံရှာပြီး ငွေတောင်းနေတာ တပတ်လောက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - မြိတ်မြို့တွင်းတစ်နေရာ။
#

12/12/2021

မိုင်းတွမ်းဒေသအတွင်း ခမရ ၅၅၄ က အလှူတစ်ခု အကြောင်းပြပြီး လောင်းကစားဝိုင်းများ ကျင်းပနေ
======
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းဒေသအခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၅၅၄) ခြေမြန်တပ်ရင်းက လောင်းကစားဝိုင်းများ ကျင်းပနေကြောင်း ဒေသခံများထံမှ သိရသည်။

"ပူနားကိုမှာ ပွဲလုပ်မယ်ဆိုတုန်းက ခွင့်မပြုဘူး။ အခု ခမရ ၅၅၄ က တပ်ရှေ့တင် လောင်းကစားဝိုင်းတွေနဲ့ လုပ်နေတာကျတော့ မတားရဲကြဘူးလား မသိဘူး။ ဒီမှာ အေးအေးချမ်းချမ်း ဖြစ်နေတယ်ဆိုတာမျိုးပြချင်လို့ တပ်မိသားစု ပျော်ပွဲရွှင်ပွဲလုပ်တာဆိုလားပဲ။ ဟိုနေ့က တိုင်းမှူး ဒီဘက်လာတော့ တစ်ရက် ခဏပိတ်ထားတယ်။ သူတို့က လောင်းကစားဝိုင်းဖွင့်တော့ ဒီနယ်ဘက်က ကလေးတွေ ဆိုင်ကယ်တွေ၊ ကားတေါ ကုန်ပြီလေ။ လာမလုပ်စေချင်ဘူး"ဟု ဒေသခံတစ်ဦးက ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

အမှတ်(၅၅၄) ခြေမြန်တပ်ရင်းက အလှူတစ်ခုကို အကြောင်းပြပြီး လောင်းကစားဝိုင်းများပါသည့် ပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာလ (၅) ရက်နေ့ကတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး လာသည့် နေ့က ခေတ္တပိတ်ထားပြီးနောက် ဆက်လက်ကျင်းပနေကြကြောင်း သိရသည်။

12/12/2021

PDF စခန်းမှာ ပြသနာရှာနေတဲ့ ကာချုပ်
=======
| Delta News Agency

ပျော်ပျော်နေတတ်တဲ့ ၊ အစအနောက်သန်တဲ့ လူငယ်တဦး ။

စစ်အာဏာရူးတစုကြောင့် နွေဦးတော်လှန်ရေးလှိုင်းလုံးတွေကြားမှာ လူငယ်ဘဝနေ့ရက်တွေ တိုက်စားခံလိုက်ရပြီး တောတွင်းစစ်သင်တန်းတွေရှိရာမှာ ပြည်သူ့ဘက်သား တော်လှန်ရဲဘော်အဖြစ် ရောက်ရှိလာခဲ့သူ ၊ သူ့ကို သူငယ်ချင်းတွေက ကာချုပ်လို့ ချစ်စနိုးခေါ်ကြတဲ့ လူငယ်တဦးအကြောင်းကို ဒီတပတ် လူမှုဘဝ ၊ စာမျက်နှာ မှာ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ် ။

Address


Website

Alerts

Be the first to know and let us send you an email when 𝗡𝘄𝗮𝘆 𝗢𝗼 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share