News in Myanmar

  • Home
  • News in Myanmar

News in Myanmar နေ့စဉ်သတင်းပေါင်စုံ

ဝိုင်း Click ကြအောင် ....ချင်းနဲ့ ကလေးမြို့နယ်က ရဲဘော်တွေအတွက်ပါ။  VPN ခံဖို့လိုရင် US သို့မဟုတ် UK မှာထားပေးကြပါနော်။ l...
03/09/2022

ဝိုင်း Click ကြအောင် ....
ချင်းနဲ့ ကလေးမြို့နယ်က ရဲဘော်တွေအတွက်ပါ။ VPN ခံဖို့လိုရင် US သို့မဟုတ် UK မှာထားပေးကြပါနော်။ link ကိုနှိပ်ပြီး သတင်းတွေပေါ်လာရင် မိနစ်ဝက်လောက်နေပေးရင်ရပြီ။ ချင်းဘာသာလိုရေးတဲ့အကြောင်းရင်းက Google Ads က ရိုမန်အက္ခရာနဲ့ရေးတဲ့စာကိုပဲ ကြော်ငြာပေးလို့ပါ။
လိုင်းရတဲ့သူအားလုံးကို အားကိုးတယ်ဗျာ။

https://bit.ly/3pWLHOZ
https://bit.ly/3Ao3Ry6
https://bit.ly/3dYq6TM
https://bit.ly/3e56opy
https://bit.ly/3wBgGEl
https://bit.ly/3q2wRqc
https://bit.ly/3Tuhqon
https://bit.ly/3B17Ou6
https://bit.ly/3R60Qd1
https://bit.ly/3RkWVsq
https://bit.ly/3TyEu5E
https://bit.ly/3zO94yZ
https://bit.ly/3Agtl1x
https://bit.ly/3bVOGns
https://bit.ly/3SWqbao
https://bit.ly/3dBTjDX
https://bit.ly/3pkXMgT
https://bit.ly/3dzF2Ym
https://bit.ly/3SHce02
https://bit.ly/3QkgbpU
https://bit.ly/3pgTerP
https://bit.ly/3zOiBWU
https://bit.ly/3PctNlK

စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရဧရာဝတီ 10 August 2022စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မြင်းမူန...
10/08/2022

စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ

ဧရာဝတီ 10 August 2022

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မြင်းမူနဲ့ မုံရွာ မြို့နယ် ၃ ခုကို ယခု သြဂုတ် ၁ ရက်မှ ၈ ရက်ထိ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွင်း ဒေသခံပြည်သူတွေ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂၉ ဦးထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီပဲယင်း၊ ကိုင်းကံရွာ စီးနင်းခံရမှု ၈ ဦး သေဆုံး
***************************************
ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီခန့်မှစပြီး အကြမ်းဖက်စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနဲ့ လိုက်လံ ပစ် ခတ်ခဲ့သလို ကျန်ရဟတ်ယာဉ် ၂ စီးနဲ့လည်း တပ်ဖွဲ့ဝင်တွေ ချထားခဲ့ပြီး ကိုင်းကံရွာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ရွာနားကို ရုတ်တရက်ရောက်လာပြီး ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေလုပ်လို့ လယ်စိုက်နေတဲ့ ကိုလှမျိုး (အမည် လွှဲ) တို့ ဒေသခံတွေ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ နေရာရောက်တဲ့ထိ ဝပ်ရင်း၊ ပြေးလွှားရင်းနဲ့ အသက်လု ထွက်ပြေးခဲ့ရ လို့ ရွာက မိသားစုဝင်တွေကိုတောင် မကယ်ထုတ်နိုင်ခဲ့ဘူးလို့ ကိုလှမျိုးက ပြောပြပါတယ်။

“မိုးစပါး စိုက်နေတဲ့အချိန် ပစ်ခတ်လာတော့ ကျနော်တို့ ပြေးလိုက်ဝပ်လိုက်နဲ့ပေါ့။ နေ့လယ် ၁ နာရီထိုး သူတို့ ပစ်တာ နားသွားတော့မှပဲ လွတ်တယ်လို့ ခံစားရတာပဲ။ ကွင်းပြင်တွေထဲကနေ ဖြတ်ပြေးရတာ။ ၃ မိုင်ရှိတဲ့ နေရာတခုကို ခြေ လျင် ထွက်ပြေးကြရတာ။ ဖိနပ်တောင် မစီးနိုင်ဘူး။ တရစပ်ကို ပစ်တာ” လို့ သူက ပြောပြပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်ဟာလည်း ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဩဂုတ် ၆ ရက်ထိ ကိုင်းကံရွာမှာ တပ်စွဲထားခဲ့တဲ့ အဲဒီ အကြမ်းဖက်စစ်သားတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၇၆) က ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ သြဂုတ် ၅ ရက်ကစပြီး သေဆုံးရုပ်အလောင်းတွေ စတင် တွေ့ရှိလာရပါတယ်။ ရေဆိုး မြောင်းကနေ မျက်နှာညိုမဲ၊ နားအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ ဒေသခံပြည်သူ ၁ ဦးရဲ့ ရုပ်အလောင်း မြောပါလာလို့ ဒေသခံတွေက သဂြိုဟ်ပေးခဲ့ရပါတယ်။ ဒါ့ပြင် လျှော်ဖြူရွာက အသက် ၆၀ အရွယ် ပြည်သူ ၁ ဦးလည်း ပစ်ခတ်သတ် ဖြတ်ခံခဲ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့ ဩဂုတ် ၆ ရက်မှာ ဒေသခံတွေ ရှင်းလင်းရေး ဝင်လုပ်တဲ့အခါ ရွာအတွင်း နေအိမ် ၁ လုံးမှာ စုပြီးမီးရှို့ထားတဲ့ ၄ ဦးကို တွေ့ရှိခဲ့ရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့မရအောင် ပျက်စီး နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မျက်မြင်ဖြစ်တဲ့ ကိုင်းကံရွာခံတဦးက “၄ ဦးကတော့ ရုပ်ရည်တွေ ပျက်စီးသွားတဲ့အတွက် ဘယ်သူဆိုတာ မသိရတော့ ဘူး။ မီးရှို့တဲ့အိမ်ထဲမှာ အလောင်းတွေကိုထည့်ပြီး မီးရှို့သွားတယ်။ သူတို့ ဘယ်သူဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့ပြင် ကိုင်းကံရွာအနီးဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ ကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကိုင်းကံရွာမှာ နေအိမ် ၁၄၇ လုံး မီးလောင်ပျက်စီးခဲ့ပြီးတော့ လက်တလောမှာ မီးဘေးသင့် ပြည်သူတွေအတွက် ရိက္ခာအခက်အခဲ အဓိက ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုင်းကံရွာခံတဦးက “အစာရေစာ လုံလောက်အောင် မနည်းလုပ်နေရတယ်။ ကျနော်တို့မှာ ပိုင်ဆိုင်မှုဆိုလို့ ယုတ်စွ အဆုံး လူတိုင်းကိုယ်စီတောင် ဖိနပ်မစီးနိုင်ဘူး။ ဖိနပ်တောင် မကျန်ဘူး” လို့ ပြောပြပါတယ်။

ကိုင်းကံရွာက ထွက်ခွာသွားတဲ့ စစ်ကြောင်းဟာ ကိုင်းကံအနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ လျှော်ဖြူ၊ အင်ပင်၊ ယဒင်နဲ့ နဂါးဘိုရွာတွေက ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းပုံစံအနေနဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက် ခေါ် ဆောင်သွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

မြင်းမူမှာလည်း ၁၈ ဦး သတ်ဖြတ်ခံရ
**********************************
စစ်ကိုင်းတိုင်း၊ မြင်းမူမှာ ဒေသခံပြည်သူ ၈ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

သြဂုတ် ၁ ရက်မှာ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ် ၅ စီး နဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၂၀၀ နီးပါးကို ဓားစာခံအနေနဲ့ ဖမ်းထားခဲ့ပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် မဂျပ်ပိဟာ လေယာဉ်ကပစ်လိုက်တဲ့ လက်နည်ကျည်စမှန်ပြီး သေဆုံးခဲ့သလို ယာခင်းထဲမှာ လယ်ထွန်စက်မောင်းနေတဲ့ ဦးကျော်သန်း (၆၀ နှစ်) ကို ရဟတ်ယာဉ်ပေါ်က ဆင်းလာ တဲ့ အကြမ်းဖက်စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အသက် ၃၀ နှစ်အရွယ် ဦးကျော်လွှမ်းကို စစ်ဆေးအပြီးမှာ လက်ပြန်ကြိုးတုပ်၊ စာသင်ကျောင်းအနောက်ဘက်ကို ခေါ်ဆောင်ပြီး ဓားနဲ့ လည်လှီးသတ်ခဲ့တယ်လို့ သိရပါတယ်။

“ဓားစာခံ ၁ ယောက်ကို ဒီရွာမှာ PDF တွေ ရှိလားဆိုပြီး မေးတာပေါ့။ အဲဒီ ဓားစာခံက မသိဘူး၊ မရှိဘူး ပြောလို့ မသိရ ကောင်းလားဆိုပြီး စာသင်ကျောင်းအနောက်ဘက်က အိမ်နားကို ခေါ်သွားပြီးတော့ သတ်ထားခဲ့တယ်” လို့

ပြန်လည် လွတ်မြောက်လာတဲ့ ဓားစာခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လက်ပံကျင်းရွာခံတဦးက ပြောပါတယ်။

အဲဒီ စာသင်ကျောင်းအတွင်း စစ်ဆေးနေမှုတွေကို ကျောင်းနောက်ဘက်ရှိ အိမ်ထဲကနေ ချောင်းကြည့်နေတဲ့ အသက် ၆၀ နှစ်အရွယ် ဦးလှအေးကိုလည်း အကြမ်းဖက်စစ်တပ်က တွေ့သွားပြီး ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၎င်းအိမ်နှင့်တကွ မီးရှို့ခဲ့ ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အလားတူ ဦးစိုးလင်း (၆၀ နှစ်) နဲ့ လေဖြန်းနေသူ ဦးဌေးဆောင် (၇၀ နှစ်) တို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနိုင်လင်း (၄၀ နှစ်) နဲ့ ဦးကျော်သက်ဦး (၄၃ နှစ်) တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

အဆိုပါ ပြည်သူ ၈ ဦးအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးလည်း သေဆုံးမှု ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဩဂုတ် ၂ ရက်နေ့ကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့မှ ကိုလုလင်က ပြောပါတယ်။

၎င်းက “ရွာကို စီးထားတဲ့အချိန် တိုက်ဖို့ကတော့ ဘယ်လိုမှကို ခေါင်းထဲထည့်လို့ မရဘူး။ ကလေးတွေရော၊ အမျိုးသမီးတွေ ရော၊ သက်ကြီးတွေရော ရွာထဲမှာရှိနေတော့ သွားတိုက်ဖို့ကို ခေါင်းထဲမတွေးရဲဘူး။ ဓားစာခံတွေ ရှိတဲ့အတွက် ဒရုန်း သုံးပြီး တိုက်ဖို့လည်း အဆင်မပြေဘူး” လို့ ဆိုပါတယ်။

ဩဂုတ် ၂ ရက်နေ့မှာ လက်ပံကျင်းရွာကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။ သြဂုတ် ၄ ရက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ မြင်းမူကို စစ်ကူလာတဲ့ People Guerrilla Commando – Myinmu အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားဟာ လမ်းကြောင်းမှားပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ကားပေါ်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။

“တောလမ်းကနေ ကားနဲ့လာကြတာဆိုတော့ လမ်းကြောင်းမှားသွားပြီး ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေဘက်ကို ရောက်မလာဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဘက်ကို ရောက်သွားတာ။ အကြမ်းဖက်စစ်ကောင်စီ အယောက် ၂၀ လောက်က ဝိုင်းပစ်တာ။ ကိုယ့်လူတွေကလည်း ကားထဲကနေ ရသလောက် ခံပစ်တာ။ ဒါပေမဲ့ ကိုယ့်လူ ၈ ယောက်လုံး ကျသွားတယ်” လို့ မြင်းမူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လက်ပံကျင်းရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူတို့ ပြန်လာမယ်ဆိုတဲ့ အကြောင်း ဖမ်းဆီးထားတဲ့ ဓားစားခံတွေကို ပြောခဲ့လို့ အခုအချိန်ထိ ပြည်သူတွေအနေနဲ့ ကျေးရွာကို ပြန်မဝင်ရဲသေးဘူးလို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့နဲ့ မိုင် ၄၀ ခန့် အကွာအဝေးမှာရှိတဲ့ မြင်းမူမြို့နယ်မှာ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ လှုပ်ရှားလေ့ရှိပြီး ယခုတခေါက် စစ်ကြောင်းကတော့ တပ်မ ၇၇ က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

“မြင်းမူ၊ အရာတော်၊ စစ်ကိုင်း၊ မြိုင် ၄ ခုက အကြမ်းဖက်စစ်ကောင်စီယန္တရား ရပ်သွားပြီ။ မြို့တွေလောက်ပဲ အကြမ်းဖက်စစ်ကောင်စီ ကျန်တော့ တယ်။ PDF စိုးမိုးမှု အားကောင်းတယ်။ သူတို့ ခြေလျင်စစ်ကြောင်းလာရင် အထိအခိုက်များတယ်။ အဲဒါကြောင့် လေ ကြောင်းနဲ့ လာတာ။ အဓိကကတော့ နယ်မြေစိုးမိုးချင်တာ။ ရတဲ့နည်းနဲ့ဝင်လာပြီး နှိမ်နင်းတာ” လို့ ကိုလုလင်က ပြောပါ တယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာတော့ သပြေစုရွာအနီးစခန်းချထားတဲ့ God Of Snakes ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတခုကို ဩဂုတ် ၈ ရက် နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ PDF ၃ ဦး ကျဆုံးခဲ့ပါတယ်။

စီးနင်းမှုအတွင်း မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ရာ PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး စခန်းကို လမ်းပြအဖြစ် ရိုက်နှက် ဖမ်းဆီးခေါ်လာခံရသူ ၂ ဦးဟာ ဇူလိုင်လအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ PDF ၂ ဦး ဖြစ်ပြီး သူတို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းတခွင် မြေပြင်စစ်ကြောင်းများ ထိုးနေသလို လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာလည်း တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရုံသာမက နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP-Myanmar) က ထုတ်ပြန်ထားချက်အရ အာဏာသိမ်းကာလအတွင်း ဇူလိုင် ၁၅ ရက်ထိ နေအိမ်၊ အဆောက်အအုံပေါင်း ၂၈,၄၉၁ လုံး မီးရှို့ခံရပြီး အဲဒီထဲကမှ စစ်ကိုင်းတိုင်းဟာ မီးလောင်ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကာ ၇၂ ရာခိုင်နှုန်းကျော်သော နေအိမ် တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၂၁၇၁ ဦး ရှိပြီ ဖြစ်တယ် လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဧရာဝတီ 10 August 2022

21/06/2022

သုံးဖို့ အဆင်သင့်ပါ။

26/03/2022

နောက်ဆုံးမှာ(ရလား)တဲ့😌😌
ရပါပြီ ရပါပြီ😌😌
Video crd.

ယနေ့(21-3-2022)ညနေခင်း မော်လမြိုင်ကမ်နားလမ်း မြစ်ရေတက်မြင်ကွင်း။Source Hnin Taung
21/03/2022

ယနေ့(21-3-2022)ညနေခင်း မော်လမြိုင်ကမ်နားလမ်း မြစ်ရေတက်မြင်ကွင်း။

Source Hnin Taung

21/03/2022

ပြည်သူ့ဘက်တော်သား ရဲရဲတော် အနုပညာရှင်မေပန်းချီ၊ နိုင်ငံရေးမကောင်းတိုင်းအနိုင်ကျင့်လိုမရဘူး

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေဘေးကင်းပါစေ🙏မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြော...
21/03/2022

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေဘေးကင်းပါစေ🙏

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

📌 မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေအများကြီးကျန်ပါသေးတယ်။

https://www.windy.com/?12.125,94.867,6,m:d5GaiNk

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုဘေးကင်းစွာ ကျော်ဖြတ်နိုင်ဖို့

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအားရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)
🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

ကိုယ်ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေများကိုဆက်ဝေမျှပေးပါ။

We all with you, Ayeyarwady 🙏

Crd: Wai Yan Moe

21/03/2022

မြိတ်ကျွန်းစု၊ ကျွန်းစုဝဲကျေးရွာမှာ အာဆနီမုန်တိုင်းအရှိန်ကြောင့် လှိုင်းကြီးနေသည့် မြင်ကွင်း(ရုပ်/သံ)

အပူပိုင်းမုန်တိုင်းငယ်၏ ရွေ့လျားနိုင်သည့်လမ်းကြောင်းခန့်မှန်းသုံးသပ်တင်ပြချက် (၂၁.၀၃.၂၀၂၂) ၁။ ယနေ့ မတ်လ၂၁ရက် ညနေမှစ၍ မြစ...
21/03/2022

အပူပိုင်းမုန်တိုင်းငယ်၏ ရွေ့လျားနိုင်သည့်လမ်းကြောင်းခန့်မှန်းသုံးသပ်တင်ပြချက် (၂၁.၀၃.၂၀၂၂)
၁။ ယနေ့ မတ်လ၂၁ရက် ညနေမှစ၍ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့်ကမ်းလွန် ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ လျှင် မိုင် ၄၀ခန့် တိုက်ခတ်နိုင်ပါသည်။ မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ နေရ များတွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။ ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဒီရေသည် ၆ပေမှ၇ပေ ခန့်အထိ မြင့်တက်နိုင်ပါသည်။
၂။ မတ်လ၂၂ရက်တွင် မြစ်ဝကျွန်းပေါ်၊ မော်တင်စွန်းကိုဦးတည်ပြီး ယင်း၏အနီးမှ ကပ်၍ ဖြတ်ကျော်နိုင်ခြေရှိသဖြင့် ဒေသခံများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို သထိထားသင့်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပါသည်။
၃။ မူလခန့်မှန်းလမ်းကြောင်းအတိုင်း ရွေ့လျားပါက မော်တင်စွန်းထိပ်သို့ ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေ ၅ပေမှ ၆ပေခန့် မြင့်တက်နိုင်ပါသည်။ အလားတူ မတ်လ၂၃ရက်နေ့၊ ရခိုင်ကမ်းရိုးတန်းကို ကမ်းဖြတ်ချိန်တွင်လည်း မုန်တိုင်းဒီရေ ၅ပေမှ ၆ပေခန့်အထိ မြင့်တက်နိုင်ပါသည်။
၄။ ၂၁ရက်မှ ၂၃ရက်အတွင်း တစ်ပြည်လုံး နေရာဒေသမရွေး မိုးသက်လေပြင်း ကျရောက်နိုင်သည့်အခြေအနေကိုလည်း သတိပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

CDM လုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ ပေးအပ်မှုစတင်မတ် ၁၈ ၊ ၂၀၂၂ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ...
19/03/2022

CDM လုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ ပေးအပ်မှုစတင်
မတ် ၁၈ ၊ ၂၀၂၂

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကနေ စွန့်ခွာပြီး CDM ပြုလုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေပေးအပ်မှုစတင်နေပြီလို့ Sydney Morning Herald သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဩစတြေးလျအစိုးရထံမှာ ပြည်ဝင်ခွင့် ရရှိထားတဲ့ CDM စစ်သား နှစ်ဦးကို Sydney Morning Herald နဲ့ The Age က တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ပြီး ပြန်လည်သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကိုမဖြတ်ကျော်မီ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နဲ့ပူးပေါင်းခဲ့သူ စစ်သားဟောင်းတစ်ဦးက သူ့အနေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်က အရပ်သားပြည်သူတွေကို မသတ်ချင်ဘူး။ ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့ဘက်မှာလည်း မရပ် တည်ချင်ဘူး”လို့ ဩစတြေးလျရောက်နေတဲ့ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောတာပါ။

မိသားစုနဲ့အတူ ဩစတြေးလျမှာ အခြေချနေပြီဖြစ်တဲ့ အခြားသောစစ်သားဟောင်းတစ်ဦးက လည်း ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီးချိန်အထိ သူ့အပေါ်ခြိမ်းခြောက်မှုများရှိခဲ့တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက အရမ်းရက်စက်ယုတ်မာတယ်။ ကျွန်တော် အဲဒီမှာနေလို့မရဘူး။ အာဏာမသိမ်းခင်က ကျွန်တော်တို့တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တယ်”လို့ အထက်ပါ စစ်သားဟောင်းက ပြောပါတယ်။


18/03/2022

သမ္မတပူတင်ကို ‘’ခင်ဗျားစခဲ့တဲ့စစ်ပွဲ...ခင်ဗျားရပ်ပါ’’ လို့ မင်းသားကြီးအာနိုးပြောပြီ

16/03/2022

ထောင်ထဲမှာ ပစ်သတ်ခံရတဲ့ရဲဘော်တွေအတွက် ပြန်ခလဲ့စားချေမယ်လို့ CNDF ဒု-စစ်ဦးစီးကသတိပေး

13/03/2022

သတင်းကောင်းတစ်ခုပါတယ်

#နွေဦးတော်လှန်ရေးဆရာတော်

13/03/2022

၁၃.၃.၂၀၂၂
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က တော်လှန်ရေးတပ်သားများရဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်တချို့ဖြစ်ပါတယ်။
Video- အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့

နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တေ...
13/03/2022

နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု
မတ် ၁၃ ၊ ၂၀၂၂

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။

ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံ ကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းတွေ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)၊ မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းတွေ အတွက်ဆိုပြီးတော့ အမေရိကန် မှာ နေထိုင်တဲ့ စာရေးဆရာအောင်ဒင်က သုံးသပ်ထားပါတယ်။

ထောက်ပံ့ပေးဖို့ အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။

13/03/2022

အီရတ်နိုင်ငံ Irbil မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးကို အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်
* * * * *

အီရန်နိုင်ငံဘက်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်(၁၂)စင်းသည် အီရတ်နိုင်ငံအနောက်မြောက်ပိုင်း Irbil မြို့တွင်းရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ယနေ့ မတ်လ(၁၃)ရက်နေ့ အကူးပိုင်းက ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

အီရန်ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိဟု သိရသည်။

ယခုဖြစ်ရပ်ကို အီရတ်အစိုးရက စုံစမ်းနေဆဲဖြစ်ပြီး ယခုလို လုပ်ဆောင်မှုသည် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်သည်ဟု အမေရိကန်ဘက်က ရှုတ်ချပြောဆိုထားသည်။

Video: Amichai Stein
Soruce: The Times of Israel, Washingtonpost

ဖာပွန်ရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် ၁၄ ဦးသေဆုံး ၊ စစ်သား ၁၆ ဦး ကို လက်နက်မ...
12/03/2022

ဖာပွန်ရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် ၁၄ ဦးသေဆုံး ၊ စစ်သား ၁၆ ဦး ကို လက်နက်များနှင့်အတူ ဖမ်းမိ

ရန်ကုန်၊ မတ် ၁၂

ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၉၇ ကို မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် KNLA တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးကာ ၁၆ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်သတင်းရင်းမြစ်များက သတင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက် ၂၉ လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိကြောင်း ၊သေဆုံးသူများထဲတွင် ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ တပ်ရင်းမှူး နှင့် ဗိုလ်မှူး ၁ ယောက် ပါဝင်ကြောင်းသိရှိရသည်။

KNLA နှင့် ပူးပေါင်းတပ်က ဝင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးကာ စစ်ကောင်စီတပ်၏ RPG-7 ၂ လက်၊ စက်လက် ၁ လက်၊ K3 မောထော ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်၊ RPG ကျည် ၆ လုံး၊ ၆၀ မမ ကျည် ၅ လုံး၊ ၇၉ မမ ကျည် ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၂၄ လုံး၊ ဖုန်း ၁၅ လုံး၊ စနိုက်ဘာ ကျည်ကတ် ၆ ခု၊ စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု၊ K3 ကျည် ၂၀၉၉ ခု၊ Nato စက်လက် ကျည် ၅၆၇ ခု၊ ဆွဲမိုင်း ၁လုံး၊ ငွေ ၃,၉၁၁,၁၁၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရရိခဲ့ပြီး စစ်ကောင်စီ ရမ်းသန်းပစ်သောကျည်ထိမှန်ကာ ပြည်သူ ၄ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

KNU တပ်မဟာ (၅)နှင့် တိုက်ပွဲဖြစ် စခတပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် ၁၄ ကောင်သေ၁၆ ကောင် အရှင်ဖမ်းမိလက်နက်မျိုးစုံ ၃၀ ခန့်နှ...
12/03/2022

KNU တပ်မဟာ (၅)နှင့် တိုက်ပွဲဖြစ် စခ
တပ်ရင်းမှူး၊ ဗိုလ်မှူး အပါအဝင် ၁၄ ကောင်သေ

၁၆ ကောင် အရှင်ဖမ်းမိ

လက်နက်မျိုးစုံ ၃၀ ခန့်နှင့် ခဲယမ်းအများအပြားရ

12/03/2022
12/03/2022

ဝက်လတ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ရုပ်သံ

ရန်ကုန်၊ မတ် (၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ အကြမ်းဖက်စစ်သား (၆) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက် PDF က သတင်းထုတ်ပြန်ထားပါတယ်။

Video- ဝက်လက်PDF

#ရွှေဘိုခရိုင် #ဝက်လက်မြို့နယ် #ဝက်လက်PDF_C

ဖိုးသောကြာဘယ်ရောက်နေလဲဟေ့
11/03/2022

ဖိုးသောကြာဘယ်ရောက်နေလဲဟေ့

11/03/2022

ကရင်နီပြည်

၁၁.၃.၂၀၂၂

11/03/2022

ဂိမ်းတခုလို မြင်ရတဲ့ ရုရှားတင့်ကားတပ်ကို ယူကရိန်းတိုက်ထုတ်

မတ်လ ၁၀

အဲဒီ ရုရှား တင့်ကားတပ်က ဗိုလ်မှူးကြီး Zakharov ကို သုတ်သင်နိုင်ခဲ့ ကြောင်း ယူကရိန်း ကာကွယ်ရေးဌာန တွစ်တာကနေ သတင်းထုတ်ပြန် ထားပါတယ်။

ယူကရိန်း မြို့တော် ကိယက် ရဲ့ အရှေ့‌မြောက်ဘက် Brovary ခရိုင်တွင်း ဝင်လာတဲ့ ရုရှား တင့်ကားတပ်ဟာ ယူကရိန်းတို့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ကိယက်မြို့ကို အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်တို့ကနေ စစ်ချီလာ နေတာ ဖြစ်ပြီး ကိယက်မြို့ တခုလုံးကို ဝိုင်းထားနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုချိန်အထိတော့ ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည် တွန်းလှန်နိုင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

11/03/2022

ယူကရိန်းနိုင်ငံ မာလ်ကိုလိုင်ဗ်မြို့အနီးတွင် ယူကရိန်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရုရှားစစ်တပ်ကားများ ပျက်စီးနေသည်ကို တွေ့ရသည်။

ရုရှားစစ်တပ်ကားများပေါ်တွင် လက်နက်ခဲယမ်းများ ပါ တွေ့ရှိရပြီး ရုရှားစစ်သားများကိုတော့ မတွေ့ရှိ ရပေ။

11/03/2022

March 11‌ရက် နေ့၊ လေးကေ့ကော်တိုက်ပွဲ

06/03/2022

Russia VS Ukraine Air Strike Difense

ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့......MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ NUG ရဲ့ပံ့ပိုးမှု ပြည်သူလူထုရဲ့ ဝန်းရံအားဖြည့်မှု...
06/03/2022

ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့......

MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ NUG ရဲ့ပံ့ပိုးမှု ပြည်သူလူထုရဲ့ ဝန်းရံအားဖြည့်မှုနဲ့အတူ ပြည်သူတွေမျှော်လင့်တဲ့လွတ်လပ်ရေးပန်းတိုင်ဆီကို ရောက်အောင်ချီတက်မှာပါ......

NUG ဟာလည်း အားနည်းချက်တွေကိုပြုပြင်ရင်း အခက်အခဲ ပြဿနာအမျိုးမျိုးကိုကျော်ဖြတ်ပြီး မြေပြင်က ခေါင်းဆောင်တွေရဲ့လက်နဲ့ ကောင်းကောင်းချိတ်ဆက်လာနေတာတွေ့ရတယ်.......

လက်နက်တပ်ဆင်မှုအပိုင်းတွေကြိုးစားစီစဉ်လာနေပါတယ်......
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့စကားလို
ကျွန်ုပ်တို့ပြည်သူနဲ့ ကျွန်ုပ်တို့ (NUG) အစိုးရ အားနည်းချက်ရှိကြရင်လည်း အပြန်လှန်ပြုပြင်ရင်း လက်တွေမြဲထားရမှာပါ......

မကောင်းရင်ပြင် မစွန်ရင်ပြောင်း
ဒီပွဲအောင်နိုင်ကြောင်းကတော့
ကျွန်ုပ်တို့တတွေဟာ လက်တွဲကိုတွဲပြီးတိုက်ရမှာပါ......
အခုလက်ရှိလည်း ကျွန်ုပ်တို့တော်လှန်ရေးတပ်ဖွဲ့၊ ကျွန်ုပ်တို့ပြည်သူ‌တွေနဲ့ ကျွန်ုပ်တို့အစိုးရ (NUG) ဟာ အချိတ်ဆက်ပိုမိလာပြီး ပိုမိုအားကောင်းလာနေပါပြီ......

ရန်သူ့ဘက်ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသား၊ နိုင်ငံရေးခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တွေကြား သပ်လျှိုထားနိုင်ဖို့ ငွေနဲ့ဝယ်လို့ရတဲ့ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသား၊ နိုင်ငံရေးခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တချို့‌ကိုဝယ်ထားပြီး အားသွန်ခွန်စိုက်သွေးခွဲဖို့ကြိုးစားလာနေပါတယ်.......

ဒါကြောင့်မို့ ‌ကျွန်ုပ်တို့တွေဟာ ပြည်သူ့ရဲ့ရန်သူဆီမှာ ကိုယ်ကျိုးကိုသာကြည့်ပြီး ကိုယ့်ကိုကိုယ် ရောင်းမစားမိဖို့နဲ့ အဝယ်ခံထားရတဲ့ အတုအယောင်တွေရဲ့သွေးခွဲစကား၊ သွေးခွဲတရားတွေကို နားမယောင်မိဖို့ သတိကြီးကြီးထားကြရပါမယ်......

ဒီနေ့ ပြည်သူနဲ့ ပြည်သူ့အစိုးရ (NUG) ဟာ ချိတ်ဆက်မှုအား‌ကောင်းလာတာနဲ့အမျှ အာဏာလုအကြမ်းဖက်အုပ်စုအတွက် အဘက်ဘက်က အကျပ်အတည်းကြီးမားလာနေပြီး ၎င်းတို့ရဲ့အာဏာသက်ဆိုးရှည်ရေး အိပ်မက်ကြီးပျက်စီးရလုနီးနီးကိန်းကိုဆိုက်နေပါပြီ .......

ဒီအနေထားမှာ ရန်သူဟာ စစ်ရေးအရ စည်းမဲ့ကမ်းမဲ့ အရက်စက်ဆုံးတိုက်ခိုက်လာသလို ကျနော်တို့ကြားက ညီညွတ်ရေးကိုလည်းဖြိုခွဲဖို့ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ချဉ်းကပ်လာနေပါတယ်.....

အဲဒီတော့ ကျွန်ုပ်တို့ဘက်ကလည်း ကိုယ့်ပြည်သူနဲ့ ကိုယ့်အစိုးရ အားနည်းချက်တွေကို အပြန်အလှန် ထိန်းကျောင်း ပြုပြင်ကြရင်း အမှားဝန်ခံ အမှန်ပြင်ကြရင်း အာဏာလုအကြမ်းဖက်အုပ်စုရဲ့လက်တွင်းက ရုန်းထွက်ကြဖို့ စိတ်ဝမ်းမကွဲ တညီတညွတ်ထဲလက်တွဲထားဖို့လိုပါတယ်......

နိုင်ငံရဲ့လိုအပ်ချက်အရပေါ်ပေါက်လာရတဲ့ အရေးပေါ်အဖွဲ့အစည်းဖြစ်နေတော့ လိုအပ်ချက်တွေတော့ရှိခဲ့ပါတယ်......

ကျွန်ုပ်တို့ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်ခဲ့ကြရတာတွေရှိတာပါပဲ.....

ဒါပေမယ့် ဒီအချိန်မှာတော့ (NUG) ဟာသူ့လမ်းကြောင်းကို သူမတ်မတ်လျှောက်ဖို့ကြိုးစားလာနေတာတွေ့ရပါတယ်......

ကျွန်ုပ်တို့အခု တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်အားစုကြီးတခုအဖြစ်ထူထောင်လိုက်တဲ့ ပြည်သူ့မျှော်လင့်ချက်ရောင်ခြည် (MRDA) မြန့်မာ့တော်ဝင်နဂါးတပ်တော်အတွက်လည်း အဖက်ဖက်ကပံ့ပိုးဖို့သဘောတူထားပြီးဖြစ်ပါတယ်......

ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေဆီမှာလည်း (NUG) ဘက်က အထောက်ပံ့တွေပေးလာနေတဲ့ သတင်းတွေဝမ်းသာအားတက်ဖွယ် ကြားနေရပါတယ်.....

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ကျွန်ုပ်တို့ပြည်သူ့အစိုးရ (NUG) ဟာ အာဏာလုအကြမ်းဖက်အုပ်စုကိုကျော်လွန်ပြီး နိုင်ငံရေးအသာစီးရယူဖို့ကြိုးပမ်းအားထုတ်ရာမှာလည်း အောင်မြင်နေပါပြီ.......

လိုရင်းကိုပြန်ချုပ်ရရင် ကျွန်ုပ်တို့ပြည်သူတွေဘဝလွတ်မြောက်ရေးမဝေးတော့ဘူးဆိုတာပါပဲ.....

ကိုယ့်ပြည်သူနဲ့ ကိုယ့်အစိုးရ အချိတ်ဆက်မိမိနဲ့ ပြည်သူ့ဘဝလွတ်မြောက်ရေးကိုကြိုးစားပေးနေပြီဆိုတဲ့အချိန်မှာ အားလုံအနေနဲ့ကလည်း ရန်သူ့ရဲ့လှည့်ကွက်တွေကို သတိကောင်းကောင်းထားပြီး လမ်းကြောင်းမှန်မှန်ဝန်းရံလိုက်ပါပေးကြရင်း လွတ်လပ်ရေးပန်းတိုင်ဆီ ကိုယ်စီတာဝန်ယူချီတက်ကြပါစို့လို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်.......

#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်
via-AnyataraBhikkhu

02/03/2022

မတ် ၁ ရက်နေ့ ညပိုင်းက ယူကရိန်းနိုင်ငံ ခါကိဗ်မြို့အနီးတွင် ကြီးမားသည့်ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။ ‌ပေါက်ကွဲမှုဖြစ်သည့်နေရာသည် လက်နက်ခဲယမ်းသိုလောင်ရုံဖြစ်နိုင်သည်ဟု သခံများက ယူဆထားသော်လည်း သီးခြားအတည်မပြုနိုင်သေးသလို မည့်သည့်အကြောင်းကြောင့် ပေါက်ကွဲကြောင်းလည်း မသိရသေးပေ။

Address


Website

Alerts

Be the first to know and let us send you an email when News in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share