Theinzayat Revolution Imformation Network

  • Home
  • Theinzayat Revolution Imformation Network

Theinzayat Revolution Imformation Network Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Theinzayat Revolution Imformation Network, News & Media Website, .

16/10/2023

16.10.2023
11.20 am
ပဲခူးတိုင်း ၊ ဝေါမြို့နယ်
အုတ်ဖိုကျေးရွာ အုပ်စု တွင်
တပ်ဆွဲထားပီး ၊ အုတ်ဖို.၁ ကမ်းနားဆိပ် ဇရပ် တွင် သဲအိတ်ဘန်ကာ ဆောက်လုပ်ပီး ရှိနေသော ရန်သူ
၄ ယောက်အား စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးခဲ့သည် ။

KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ. ၄ ပူးပေါင်းအဖွဲ့ မှ သွားရောက်တိုက်ခိုက်ခဲ့ပီး ၊ ပူးပေါင်း အဖွဲ့ မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည် ။

လက်ပံကျေးရွာ မှ ပျူစောထီး
၁၂ ဦး သည် အုတ်တွင်း တွင်
စစ်သင်တန်း. ၂ ပါတ် တက်ရောက်
ခဲ့ပီး ၁၄ ရက်နေ့ ည ၉.၄၅ အချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့သည် ။ လက်ပံကျေးရွာ တွင် ပျုစောထီး သင်တန်းတက်ရောက်ခဲ့သော အင်အား မှာ ၂၅ ဦး ရှိပီဖြစ်ပီး ၊
၂ သုတ်ခွဲတက်ရောက်ခဲ့သည် ။

အုတ်ဖို.၁ ၊ အုတ်ဖို.၂ ၊ သံခွန်
ရွာ တို့မှ ပျူစောထီး သင်တန်း
၁၀ ဦး တက်ရောက်ထားတယ် လို့ လည်း သတင်းရရှိထားပါသည် ။

သိမ်ဇရပ် LPDF နှင့်အတူ KNU/KNLA နှင့် အခြားပူးပေါင်းတပ်ဖွဲ့များ သိမ်ဇရပ်လမ်းများပေါ်၌ လှုပ်ရှားဆောင်ရွက်သိမ်ဇရပ်၊ ဩဂုတ် ...
19/08/2023

သိမ်ဇရပ် LPDF နှင့်အတူ KNU/KNLA နှင့် အခြားပူးပေါင်းတပ်ဖွဲ့များ သိမ်ဇရပ်လမ်းများပေါ်၌ လှုပ်ရှားဆောင်ရွက်

သိမ်ဇရပ်၊ ဩဂုတ် ၁၉

သိမ်ဇရပ် Local PDF နှင့်အတူ KNU/KNKA နှင့် အခြားပူးပေါင်းတပ်ဖွဲ့များ သိမ်ဇရပ်မြို့အဝင်ဆိုင်းဘုတ်အနီးသို့ ယမန်နေ့မနက်(၇း၀၀)နာရီဝန်းကျင်မှစ၍ လှုပ်ရှားရောက်ရှိလာကြောင်း သတင်းရရှိပါသည်။

လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် ရန်ကုန် - သိမ်ဇရပ် - မော်လမြိုင် လမ်းမပေါ်ရှိ သထုံစုမှ သိမ်ဇရပ်အတွင်း ပေ(၈၀)ရပ်ကွက်လမ်းမပေါ်ရှိ ဖြတ်သန်းသွားလာသည့် ယာဥ်များအား ယမန်နေ့မနက်(၇း၀၀)နာရီမှ နေ့လယ်(၁၁း၀၀)နာရီအထိ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

သိမ်ဇရပ် LPDF နှင့် ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားဆောင်ရွက်နေစဥ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမတ(၃၁၀)မှ မနက်(၁၀း၀၀)နာရီဝန်းကျင်တွင် လက်နက်ကြီး(၄)လုံးရမ်းသမ်းပစ်ခတ်ခဲ့သည်မှလွဲ၍ စစ်ကောင်စီဘက်မှ မည်သည့်တန်ပြန်လှုပ်ရှားမှုမျိုးကိုမျှ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိ​ကြောင်း သိမ်ဇရပ်ဟစ်တိုင်မှ သတင်းရရှိပါသည်။


#သိမ်ဇရပ် /KNLA
#ပူးပေါင်တပ်ဖွဲ့များ

VD - Photo-သိမ်ဇရပ် LPDF

19.7.2023မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံ တွင်မနေ့ နေ့လည် (၁၈ ရက်နေ့) ၁၁. ၃၀ နာရီ အချိန်ခန်...
19/07/2023

19.7.2023
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊
သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံ တွင်မနေ့ နေ့လည် (၁၈ ရက်နေ့)
၁၁. ၃၀ နာရီ အချိန်ခန့်တွင်
ကျိုက်ထိုမြို့နယ် ၊ ချောင်းစောက် ရွာ တွင် နေထိုင်သော.
မောင်ချစ်လေး. ၂၅ နှစ်
(ဘ)ဦးမောင်လေး သည်
သိမ်ဇရပ် စျေး တွင် စျေးဝယ်ပီး
စျေးထုပ်. ၂ ထုပ် ဆိုင်ကယ်ပေါ် တင်ပီး ပြန်ထွက်လာစဉ် ၊
သိမ်ဇရပ်ကားဂိတ် လမ်းဆုံ
(စျေးအနီး တွင်ရှိ)အရောက်တွင်
စစ်တောင်းတံတားအဟောင်းထိပ်တွင် တာဝန်ကျနေသော
အမတ. ၃၁၀ မွ တပ်သား
တယောက် (ယူနီဖောင်း မပါ ၊ အရပ်ဝတ်) စီးနင်းလာသည့်
ဆိုင်ကယ် နှင့် မောင်ချစ်လေး
၏ ဆိုင်ကယ်ပေါ် ပါရှိလာသော စျေးထုပ် နှင့် ညွိပီး ကားဂိတ် လမ်းဆုံ၌ စကစ တပ်သား
စီးနင်းလာသော
ဆိုင်ကယ် မှောက်သွားပီး ၊
လှဲကျသွားခဲ့သည် ။
စကစ တပ်သား ပွန်းပဲ့
ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပီး ၊
မောင်ချစ်လေး မွ ဆိုင်ကယ်
ရပ္ပီး လှဲကျသွားသော သူအား
ဖေးကူပီး ၊ ဖြစ်သွားသည့် အပေါ်
တာဝန် ယူပါမည်ဟု ပြောကြားနေစဉ် ၊ စကစ တပ်သား မွ
ဘာမွ ပြန်မပြောပဲ ၊
ဖုန်းဆက်နေခဲ့သည် ။

၁၅ မိနစ်ခန့် အကြာတွင်
စကစ တပ်သားများ အခင်း
ဖြစ်ပွားရာ သိမ်ဇရပ် ကားဂိတ်
လမ်းဆုံ သို့ ရောက်ရှိလာခဲ့ပီး ၊
မောင်ချစ်လေး နှင့် ဆိုင်ကယ် ၊
စျေးထုပ်. ၂ ထုပ္ကို
ခေါ်ဆောင်/ ယူဆောင်သွားပီး ၊ အမတ.၃၁၀ ထဲ သို့
ခေါ်ဆောင်သွားခဲ့သည် ။

ယနေ့ မနက် ( ၁၉ ရက်နေ့ )တွင်
မောင်ချစ်လေး ၏ မိသားစုမ်ားအား အမတ.၃၁၀ မွ အလောင်းလာရောက်ထုပ်ယူရန် ဆက်သွယ် အကြောင်းကြားလာခဲ့ပီး ၊
သိမ်ဇရပ် တိုက်နယ်ဆေးရုံ မွ
တဆင့် ၊ သိမ်ဇရပ် အကွက်.၅
သုသာန်တွင် တရားနာပီး ၊
မောင်ချစ်လေး ၏ ရုပ်အလောင်း အား မီးသဂြိုလ် ခဲ့သည် ။

သေဆုံးသွားသော မောင်ချစ်လေး
ခန္ခာကိုယ် ခေါင်းပိုင်း တွင်
ညိုမဲၿစဲ ဒဏ္ရာ ၊ နှုုတ်ခမ်းတွင်
ကွဲနေပီး ၊ လည်းပင် ၊ ကုတ္ပိုး
တို့တွင် ညိုမဲစွဲဒဏ်ရာ ၊ ဦးခေါင်းပျော့စိ ဒဏ်ရာ တို့ကို တွေ့ရသည် ။
စကစ မွ သိမ်ဇရပ် တိုက်နယ် ဆေးရုံ တွင်. ၁၈ ရက်နေ့
သေဆုံးကြောင်း ကို
သိမ်ဇရပ် တိုက်နယ်ဆေးရုံအုပ်
ဒေါက်တာ မြတ်ဆုဝေ လက်မှတ်ဖြင့် သေမှု့သေခင်း ၊ ဖွင့်ခိုင်းပီး ၊
လက်မှတ်ထိုးထုတ်ပြန်ခိုင်းခဲ့သည် ။ မောင်ချစ်လေး ရုပ်အလောင်း အား ထုတ်ယူရာတွင် စကစ မွ
ငွေသား.၂ သိန်းတောင်းယူခဲ့ပီး ၊
ဆိုင်ကယ် နှင့် စျေးထုပ် မ်ားပါ
ပြန်မပေးပဲ ယူဆောင်ထားခဲ့ပါသည် ။

မောင်ချစ်လေး သည် မည်သည့်
အဖွဲ့စည်းများ နှင့် သက်ဆိုင်ခြင်း
မရွိပဲ ၊ စျေးရောင်း ၊ စျေးဝယ်
လုပ်စားသော ပြည်သူ တဦးဖြစ်ပါသည် ။

မောင်ချစ်လေး တွင် ဇနီး ကျန်ရှိခဲ့ပီး ၊ ၁. ဇီးပြောင်းကျေးရွာ တွင်
နေထိုင်သော သူ မဟုတ်ပါ ၊
ချောင်းစောက်ရွာ တွင် နေထိုင်ပီး
အိမ်ဆိုင်ဖွင့်ထားပီး ၊ စျေးရောင်း
သော အရပ်သားပြည်သူ ဖြစ်ပါသည် ။ မောင်ချစ်လေး ၏
မိဘ များသည် ဝါးဘိုးချောင်း
ရွာသားများ ဖြစ်ကြပီး
စကစ မွ ထုတ်ပြန်သော
၁ ဇီးပြောင်းကျေးရွာ တွင်
နေထိုင်သော သူ မဟုတ်ပါ ။

ယခုနှစ် ဇန္နဝါရီ. ၂၅ ရက်နေ့တွင်
သိမ်ဇရပ် ခမရ.၂၀၇ မွ
ရွှေကျင်မြို့နယ် ၊ ဆိပ်ကလေးတွင်
နေထိုင်ပီး ၊ ကယ်ရီမောင်း သော
ကိုကျော်ဇင်လတ် ကိုလည်း
အမတ.၃၁၀ မွ တပ်ကြပ်ကြီး
ဦးတင့်ရွှေ (ငြိမ်း) ၏ ချွေးမ
ဖြစ်သူ မဥမ္မာ စျေးဆိုင် တွင်
စကားအနည်းငယ် မ်ားရာ မွ
မဥမ္မာ မွ စကစ တပ်သားများ
ကို ခေါ်ပီး ၊ ဖမ်းဆီး နှိပ်စက်
ကာ သေဆုံးခဲ့မှု့ ရှိခဲ့သည် ။

အသိပေးထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက် တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်ကော...
05/07/2023

အသိပေးထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်

တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်မည် ဖြစ်သဖြင့် ပြည်သူထူထုများ ထိခိုက်နစ်နာမှု မရှိစေရန် အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

(၁) ပဲခူးတိုင်းအတွင်းရှိ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူး - စစ်တောင်းလမ်းပိုင်း နှင့် မွန်ပြည်နယ် အတွင်းရှိ ရန်ကုန် - မုတ္တမ၊ ရန်ကုန် - ဘားအံ လမ်းပိုင်းများအား နေ့စဉ် ည (၆) နာရီ မှ နံနက် (၆) နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန်။

(၂) သတ်မှတ်လမ်းပိုင်းများအတွင်း နေ့အချိန် ခရီးသွားလာရာတွင် မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ရန် နှင့် တာဝန်အရစစ်ဆေးခြင်းအား ကြည်ဖြူစွာ လက်ခံရမည်။

(၃) အထက်ပါထုတ်ပြန်ချက်များအား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များကို စစ်ဒေသခွဲ (၂) မှ တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါသည်။

အမှတ် (၂)၊ စစ်ဒေသခွဲကွပ်ကဲရေးရုံး
တောင်ပိုင်းစစ်ဒေသ

#ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်
#အမှတ်(၂)စစ်ဒေသခွဲ
#တောင်ပိုင်းစစ်ဒေသ
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွှတ်ရေးအစိုးရ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စက္ကူစက်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ပျူစောထီးနှင့်စစ်ကောင်စီတပ်သားတို့ သေဆုံးမှုရှိဂျ...
04/07/2023

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စက္ကူစက်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ပျူစောထီးနှင့်စစ်ကောင်စီတပ်သားတို့ သေဆုံးမှုရှိ

ဂျူလိုင် ၄၊ သိမ်ဇရပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်ကောင်စီတပ်ရင်း အမတ(၃၁၀)အနောက်ဘက်ရှိ စက္ကူစက်ဂိတ်အား ယမန်နေ့နေ့လယ် (၁၀း၃၀)နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပြီး အဆိုပါဂိတ် တိုက်ခိုက်မှုတွင် ပျူစောထီး(၁)ဦးနှင့် စစ်ကောင်စီတပ်သား(၁)ဦး သေဆုံးခဲ့ပြီး အခြားစစ်ကောင်စီတပ်သား(၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက သိမ်ဇရပ်ဟစ်တိုင်သို့ ပြောကြားပါသည်။

အဆိုပါတိုက်ခိုက်မှု၌ နှစ်ဖက်အပြန်အလှန်ထိတွေ့မှု (၈)မိနစ်ဝန်းကျင် ဖြစ်ခဲ့ကြောင်းသိရှိရပြီး အမတ(၃၁၀)မှ ၈၁ - မမ (၈)လုံး ပြန်လည်ပစ်ခတ်မှုတွင် ဘုရားလေးဆူ၊ စစ်ကွင်း၊ မုက္ကမော့၊ အခိုင် နှင့် ဝါးကောက်ကွင်းကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များမှ သိရှိရသည်။

ထိတွေ့မှုအပြီး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြသော်လည်း စီးလာသောကားမှာ စက်ချို့ယွင်းသဖြင့် ချန်ထားခဲ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောကြားပါသည်။

R I N
#စက္ကူစက်ဂိတ် #ထိတွေ့မှု #စစ်ကောင်စီ

16.6.202319.38 pm တွင်မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ရွာလေး ကွက်သစ် ( ၈ လမ်း )  အကြမ်းဖ...
17/06/2023

16.6.2023
19.38 pm တွင်
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊
ရွာလေး ကွက်သစ် ( ၈ လမ်း )
အကြမ်းဖက် စစ်ကောင်စီ ၏ လက်နက်ကြီး ရမ်းသန်း
ပစ်ခတ်မှု့ကြောင့်

၁.ကိုဇင်ဘိုလတ် (ခ) ကိုဘိုဘို
၃၄ နှစ် (ဘ)ဦးမြင့်ဝေ၊
ရွာလေးကွက်သစ်ပိုင်းနေ၊ ကျပန်း၊ ယာခါးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖမိုးပေါက်ထွက်ဒဏ်ရာ(၁)ချက်၊
(မစိုးရိမ်ရ) ။

၂. မအေးအေးနွယ်. ၃၈ နှစ်
(ဘ) ဦးချစ်လွင်၊
ရွာလေးကွက်သစ် ပိုင်းနေ၊ ကျပန်း၊ ယာဘက်နံရိုးအောက်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပါးထိရွ ဒဏ်ရာ(၁)ချက်၊ ယာလက်သကြွယ်ပြတ်ဒဏ်ရာ(၁)ချက် (သေဆုံး) ။

၃. မသဇင်အောင်. ၅ နှစ်
(ဘ) ကိုဘျိုဘို (ခ) ဦးဇင်ဘိုလတ်၊
ရွာလေးကျောင်း (မူကြို)တွင်
ယာပါးနှင့်ဝဲတင်ပါးပေါက်ပြဲ
(မစိုးရိမ်ရ) ။

၎.ကိုရှိန်းကျော်. ၃၅ နှစ်
(ဘ)ဦးဝင်းနိုင်၊
ရွာလေးကွက်သစ်ပိုင်းနေ၊ ကျပန်း၊ ဝဲလက်မောင်းရင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာလက်သကြွယ်ပေါက်ပြဲ ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ။

၅. ဒေါ်ချိုမာသန်း. ၃၆ နှစ်
(ဘ) ဦးခင်မောင်ဖြူ ၊
ရွာလေးကွက်သစ်ပိုင်း နေ၊ ကျပန်း၊ ဝဲလက်မောင်းနှင့်တံထောင်ဆစ်ထိခိုက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖမိုးပြတ်ရှဒဏ်ရာ(၁)ချက်၊ (မစိုးရိမ်ရ)
တို့ ဒဏ်ရာရရှိခဲ့သည် ။

သိမ်ဇရပ် ၊ အမတ.၃၁၀ မွ
19. 38 pm တွင်
၁၂၀ မမ. ၂ လုံး စတင်ပစ်ခတ်ခဲ့ပီး ၊ ထို ၂ လုံးမွာ ကျောက်တန်းလေး နှင့် ဧက. ၇၀ ကျောက်မိုင်း ဝန်းကျင် တွင်ကျရောက်ပေါက်ကွဲခဲ့ပီး ၊ သိမ်ဇရပ် ရဲစခန်း မွ
၆၀ မမ. ၅ လုံး ထပ်မံပစ်ခတ်ရာ
၆၀ မမ. ၄ လုံး သည်
ရွာလေး ကွက်သစ် ၊ ၈ လမ်းသို့ ကျရောက် ကျရောက်ပေါက်ကွဲခဲ့ပီး ၊ အရပ်သား. ၅ ဦး ထိခိုက်ခဲ့သည် ။ ကျန်. ၁ လုံးသည် ဦးစိုးလေး အိမ် နားသို့ ကျရောက်ခဲ့ပီး ၊
မေပါက္ကြဲခဲ့ပါ ( အကွက်.၅ သုသာန် သို့ ဝင်ရောက်ရာ
လမ်းဆုံနား ရွိ တဲအိမ် ) ။
ထို မကွဲသော အလုံးကို
အမတ.၃၁၀ မွ ယနေ့
မနက်တွင် (၁၇ ရက်နေ့)
လာရောက်စစ်ဆေးပီး သိမ်း
ဆည်းသွားသည် ။

ရန်သူမွ ထိုပစ်ခတ် မှု့ဖြစ်စဉ်အား
KNU/KNLA ၊ PDF တို့မှ
လာရောက်ပစ်ခတ်သည် ဟု
စကစ တယ်လီဂရမ် ချန်နယ်
တွင် သတင်းဖွထားသည် ။

ညကတည်း ဒူးရှည် ငမျြိုး
ရဲစခန်း အင်ဖော်မာ (ရဲသင်တန်း တက္ထား၊ အတို တလတ် ရွိ ) မွ
KNU/KNLA ၊ PDF တို့မှ
လာရောက်ပစ်သည် ဆိုပီး
ရွာထဲတွင် လိုက်လံပြောဆိုနေသည် ။
သို့ပေမယ့် ပြည်သူ မွ မည်သည့်
အဖွဲ့စည်း မွ ပစ္ခတ္တာကို သိရှိပါသည် ။ ( ခွေး အချင်းချင်းလည်း သိကြပါသည် ။)

သိမ်ဇရပ် အမတ.၃၁၀ နှင့် ခမရ.၂၀၇ ၊ ပျူစောထီး ပဲသီး အဖွဲ့ ၊ ရဲစခန်း တို့ မွ အဆင်ခြင် မဲ့
လက်နက်ကြီး ပစ်ခတ်မှု့ကြောင့်
အရပ်သား ပြည်သူ နှင့် ကျွဲ ၊ နွား များလည်း သေဆုံး ၊ ဒဏ်ရာ ရရျှိမှု့ လည်း မကြာခဏ ဖြစ်ပွားနေပီး ၊
သုံးခြ ၊ ရွာလေး ရွိ အရပ်သား.
၃ ဦးထိ သေဆုံးထားပီး ၊
မိုးဘော ၊ နတ်စင် ၊ ခမောက်ခွေ ၊
ကော်ကပ် ၊ ဇီးပြောင်းကျေးရွာ အုပ္စု မ်ား ၊ ကွေ့ကြီး ၊ ဝင်းကံ ၊ ကျောက်ရေတွင်း ၊ ကျောက်ပုံကြီးကွင်း ၊ ဝါးဒတ်ကွင်း ၊ ရေကျော် ၊ သုံးခြ ၊ ခရွဲ ၊ အခိုင် ၊ စစ်ကွင်း ၊ မုက္ကမော့ ၊ အကွက်. ၆ ၊ အကွက်. ၅ ၊ ရွာလေး ၊ လူလေ ၊ တောင်တလုံး ၊ တောင်တခြမ်း ၊ ပေ.၈၀ ၊ အမှတ်. ၅ ၊ သထုံစု ၊ ကမ်းနီ ကျေးရွာ များသည် စကစ ၏
လက်နက်ကြီး မ်ား ရမ်းသန်း ပစ်ခတ်မှု့ကြောင့် ထိခိုက်ဒဏ်ရာ ရရွိသူ
၁၅ ဦး ဝန်းကျင်ထိရှိထားပါသည် ။
စကစ မွ ၄၀ မမ ၊ ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ ၊ ၁၀၅ /၁၂၂ ဟောင်ဝှစ်ဇာ များဖြင့် မကြာခဏ
(နေ့စဉ်နီးပါး) ပစ်ခတ်မှု့ရှိပါသည် ။

25/03/2023

25.3.2023 နေ့
ယနေ့ညနေ 3:30မိနစ်အချိန်ခန့်တွင် စကစကင်းပုန်းဝတ်သော(မုက္ကမော့၊အခိုင် ဝန်းကျင်)ဟု ယူဆရသော နေရာမှ လက်နက်ကြီး(၃)လုံး ပစ်ခက်ရာကျောက်ရေတွင်းရွာ(သိမ်ဇရပ်မြို့)သို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။
ထိုပေါက်ကွဲမှုကြောင့် ကျောက်ရေတွင်းရွာသား နွားဆွဲ(ကျောင်း)လာသူ လူငယ် အသက်(15+16) နှစ်
အမည် ချစ်စနိုး၊ ခိုင်ဝင်းထွန် တို့၂ဦး ထိခိုက်ဒဏ်ရါ ရရှိခဲ့ပါသည် ။
တစ်ဦးမှာ ပေါင်အတွင်းသို့ အစဝင်ပြင်းထန်ဒဏ်ရါ ရရှိထားပြီး၊တစ်ဦးက မစိုးရိမ်ရ ဒဏ်ရါဟု သတင်းပေးပို့လာပါသည်။

Theinzayat Revolution Imformation Network

25/03/2023

24.3.2023 နေ့ရက်
၁၂း၀၀နာရီဝန်းကျင်တွင် ဇလုပ်ကြီး ရှမ်းစုရွာဟောင်ရှိ စကစ၏(၅၉၈)အထိုင်တပ်ရှေ့ ကင်းပုန်းနေရာအား
KNU/KNLA တပ်မဟာအဖွဲ့၊ Local PDF Theinzayat နှင့် အခြားတော်လှန်ရေးအင်အားစု အဖွဲ့ဝင်များမှ
(RPG )၂လုံးသွားရောက်ပစ်ခက်ခဲ့ပါသည်။ စကစ၏ ထိခိုက်မှုအား စုံစမ်းရာတွင် တိကျမသိရသေးပါ။(သိရှိရပါက ဖော်ပြပေးပါမည်)။တော်လှန်ရေးအင်အားစုများ အထိခိုက်မရှိ ပြန်လည်ဆုပ်ခွါနိုင်ခဲ့ပါသည်။

Local PDF Theinzayat အဖွဲ့ဝင် တပ်သားတစ်ဦး RPG ပစ်ခက်မှု ရုပ်သံအား ပူတွဲတင်ပြအပ်ပါသည်။

Local PDF Theinzayat

မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ကြောင်း LPDF TZYမှ ​ကြေညာစာ ထုပ်ပြန်အသိပေးထုတ်ပြန်ကြေညာချက်သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတ...
10/03/2023

မဟုတ်မမှန် လုပ်ကြံသတင်း
ဖြစ်ကြောင်း LPDF TZYမှ ​ကြေညာစာ ထုပ်ပြန်

အသိပေးထုတ်ပြန်ကြေညာချက်

သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် နေထိုင်သူ ဒေါ်ခင်မြဝင်း(ခ)ဒေါ်မြဝင်းမှာ 9.3.2023နေ့ ညပိုင်းအချိန်တွင် သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ​သည့့်ကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ Local PDF Theinzayat အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ပြည်သူလူထုအား အသိပေးထုတ်ပြန်အပ်ပါသည်။

ကျွန်ုပ်တို့ Local PDF Theinzayat အနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်သည့့်အားလျော်စွာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို မည်သည့့်အခါမျှ ထိခိုက်နစ်နာစေမည်မဟုတ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုမှန်သမျှသည်လည်း ကျွန်ုပ်တို့ Local PDF Theinzayat မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်အသိပေးအပ်ပါသည်။

ဆက်လက်၍ ကျွန်ုပ်တို့ Local PDF Theinzayat အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ​ချေမှုန်းရေးကိုသာ ပဓာနထားကာ လူထုလွတ်မြောက်ရေးအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Local PDF Theinzayat

cd # TZY

စစ်ကောင်စီတပ်သားများ ခရွဲကျေးရွာဘက်သို့ လက်နက်ကြီး(၁၂၀ မမ)များ ညအချိန်မတော် ပစ်ခတ်ခရွဲ၊ ဖေဖော်ဝါရီ ၃ယနေ့မနက် (၁)နာရီဝန်း...
03/02/2023

စစ်ကောင်စီတပ်သားများ ခရွဲကျေးရွာဘက်သို့ လက်နက်ကြီး(၁၂၀ မမ)များ ညအချိန်မတော် ပစ်ခတ်

ခရွဲ၊ ဖေဖော်ဝါရီ ၃

ယနေ့မနက် (၁)နာရီဝန်းကျင်အချိန်တွင် ဝေါမြို့နယ်အရှေ့ဘက်ခြမ်းရှိ ပေါက်တန်းကျေးရွာ ဘောလုံးကွင်းမှနေ၍ စစ်ကောင်စီတပ်သားများ ၁၂၀ မမ လက်နက်ကြီး(၇)လုံးအား ခရွဲကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိမ်ဇရပ်ဟစ်တိုင်မှ သိရှိရပါသည်။

အဆိုပါပစ်ခတ်မှုတွင် ၎င်းတို့ပစ်ခတ်သည့်လက်နက်ကြီး (၃)လုံးမှာ ခရွဲကျေးရွာရှိ ထင်းတဲရပ်ကွက်အတွင်းနှင့် ရပ်ကွက်ဝန်းကျင်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါသည်။

ထိခိုက်မှုအနေဖြင့် ပြည်သူထိခိုက်မှု မရှိခဲ့သော်လည်း ထင်းတဲမြောက်ဘက်ရှိ အိမ်(၁)လုံး အနည်းငယ်ထိမှန်ခဲ့ပြီး အိမ်သာ(၁)လုံးနှင့် ငှက်ပျောပင်များပါ ထိမှန်ခဲ့ကြောင်း သတင်းရင်းမြစ်မှ သိရှိရပါသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးအား သိမ်ဇရပ်ဟစ်တိုင်မှ ဆက်သွယ်မေးမြန်းခဲ့ရာ

"မနက်(၁)နာရီထိုးကြီးဗျာ။ပစ်တာ (၇)လုံး။ ခြံသမားတွေ ရာဘာထခြစ်တဲ့အချိန်ဆိုတော့ အကုန်ကြောက်လန့်တကြားတွေ ဖြစ်ကုန်တော့တာပဲ။ နည်းတဲ့အသံမဟုတ်ဘူး။ စစ်ကောင်စီက အခုလိုလုပ်နေတယ်ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ အခုတော့ ကျွန်တော်တို့အားလုံး ကိုယ့်ရွာကိုယ်တောင် မနေရဲကြတော့ဘူး" ဟု ၎င်းမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

Photo - စစ်ကောင်စီမှ ခရွဲကျေးရွာသို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများနှင့် ထိခိုက်ပျက်စီးမှုများ

၁၉.၁.၂၀၂၃ ရက်နေ့ တွင်ရွှေကျင် မြို့နယ် ၊ ဆိပ်ကလေးကျေးရွာ တွင် နေထိုင်သော အရပ်သားပြည်သူ ဖြစ်သူကိုကျော်ဇင်လတ် နှင့် သားဖြစ...
26/01/2023

၁၉.၁.၂၀၂၃ ရက်နေ့ တွင်
ရွှေကျင် မြို့နယ် ၊ ဆိပ်ကလေးကျေးရွာ တွင် နေထိုင်သော အရပ်သားပြည်သူ ဖြစ်သူ
ကိုကျော်ဇင်လတ်
နှင့် သားဖြစ်သူ တို့ နှစ်ဦး သည်
သိမ်ဇရပ် သို့ ခရီးသွားလာရာ
ယခင် သိကျွမ်းခဲ့သော
အမတ. ၃၁၀ အရှေ့တွင် စျေးဆိုင်ဖွင့်ထားသော
တပ်ကြပ်ကြီး ဦးတင့်ရွှေ ( အငြိမ်းစား ) ၏
ချွေးမ. မဥမာ ဆိုင်တွင် ဝင်ရောက်စားသောက်နေချိန်တွင် စကစများက
ဖမ်းဆီးသွားခဲ့ရာ .....။
၂၄.၁.၂၀၂၃ ရက်နေ့ည တွင်
စခ များ၏ ညှင်းပန်းနှိပ်စက်မှု့ ကြောင့်
သေဆုံးသွားခဲ့သည် ။

ယနေ့. ၂၅ ရက်နေ့ မနက်. ၇ နာရီခွဲတွင်
သိမ်ဇရပ် မြို့ အခြေစိုက် ​မခမရ.၂၀၇
ဗဟိုကင်း မှ တဆင့်
သိမ်ဇရပ် ဆေးရုံ ရင်ခွဲရုံ သို့ ပို့ဆောင်ခဲ့ပီး
သိမ်ဇရပ် ဆေးရုံ တွင် သေမှု့သေခင်း
မှတ်တမ်းပြုလုပ်စေခဲ့သည် ။
သေမှု့သေခင်း မှတ်တမ်း တွင်
သေဆုံးသူ ကိုကျော်ဇင်လတ် သည် အရက်အလွန့်ကျွံ့
သောက်၍ သေဆုံးခဲ့သည် ဟု ပရမ်းပတာ
မှတ်တမ်းပြုလုပ်ခဲ့သည် ။

သေဆုံးသူ ကိုကျော်ဇင်လတ် ( အသက်. ၄၁ နှစ် )

ပုံ ။ သေဆုံးသွားသော ကိုကျော်ဇင်လတ် အား
စခ များမှ ညှင်းပန်းနှိပ်စက်ထားသော ညိုမဲဆွဲ
နေရာများ နှင့် ပြင်ပ ဒဏ်ရာ ။

25.1.202312. 10 pm ဝန်းကျင်ခန့်တွင် ဘုရားဖူးရန် လာသော လိုက်ထရပ် ကားတစီးသည်စစ်တောင်းတံတား အသစ်မှ ကျိုက်ထို သို့ထွက်ခွာလာစ...
26/01/2023

25.1.2023
12. 10 pm ဝန်းကျင်ခန့်တွင်
ဘုရားဖူးရန် လာသော လိုက်ထရပ် ကားတစီးသည်
စစ်တောင်းတံတား အသစ်မှ ကျိုက်ထို သို့
ထွက်ခွာလာစဥ် မုပလင် လမ်းဆုံ စစ်ဆေးဂိတ်
မရောက်ခင် ကားတန်းပိတ်ဆို့ နေချိန်
ပိတ်ထားသော ဆီဆိုင် အရှေ့ရောက်တွင်
၄၀ မမ ကျည် တခု ထိမှန်ခဲ့ပီး
၁ ဦးသေဆုံး ၊( အခင်းဖြစ်ရာတွင် ပွဲချင်းပီးသေဆုံး )
၇ ဦး ဒဏ်ရာရရှိခဲ့သည် ။ ( ပေါင်း. ၈ ဦး )
ထိခိုက်သူ. ၃ ဦးသည် ၊ ၄၀ မမ အစ ထိမှန်မှု့များခဲ့ပီး ၊
( ကျောဘက် ၊ ရင်ဘတ် နှင့် လက်မောင်း )
ကျန်. ၄ ဥိီးမှာ အစထိမှန်မှု့ အနည်းငယ်ရှိခဲ့သည် ။
ထို လိုက်ထရပ် ကားသည်
မ​ကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူ မြို့နယ် မှ
လာသော ဘုရားဖူးကားဟု သတင်းရရှိသည် ။

ထိုဖြစ်စဥ် အား အသေးစိတ်စုံစမ်းကြည့်ရာတွင်
မုပလင် လမ်းဆုံ စစ်ဆေးရေးဂိတ် သည်. မနက်ပိုင်းမှ စ၍ ကားတန်းကြပ်နေခဲ့သည် ။
ထိုကားတန်း ကြပ်နေချိန်မှာ ကားမှောင်ခို
( car without ) ကားများကို လွှတ်ပေးချိန် ဖြစ်သည် ။ ထို ​မှောင်ခိုကား များကို လွှတ်ပေးရာတွင်
ရခ နှင့် စခ များမှ စကားများနေကြပီး
စခ တကောင်မှ အော်ဟစ်ဆဲဆိုပီး ထို စခ မှ
၄၀ မမ တလုံးအား ရမ်းသမ်းပစ်ခတ်ခဲ့မှု့ကြောင့်
လိုက်ထရပ် ကားအား ထိမှန်ခဲ့သည် ။

ထို​ဖြစ်စဥ်တွင် တော်လှန်ရေး အင်အားစု မှ
သွားရောက်ပစ်ခတ်ခဲ့ခြင်းမျိုး မရှိသလို
မည်သည့်အဖွဲ့စည်းမှ သွားရောက်လုပ်ဆောင်ခြင်း
မရှိပါ ။
မိမိတို့ ဘက်မှ သွားရောက်လုပ်​ဆောင်ခဲ့လျှင်
မိမိတို့၏ ရည်ရွယ်ချက်ဖြစ်သော စစ်အာဏာရှင် အမြစ်ပြတ် ပျက်သုဥ်းရေး အတွက်
စကစ . အဖွဲ့များဖြစ်သော ရခ ၊ စခ ၊ ထွေအုပ်
( ငှင်းတို့ ၏ ရုံး ၊ အဆောက်ဦး ၊ ဂိတ် ၊ တပ်ရင်း)
တို့ကိုသာ ဦးတည် တိုက်ခိုက်မှာဖြစ်ကြောင်း
မိမိ တို့ဘက်မှ သွားရောက်တိုက်ခိုက် ပစ်ခတ်ခဲ့လျှင်လည်း ၁ လုံးထဲ မပစ် ဘူး ။
မိမိ တို့မှ သွားရောက်ပစ်ခတ်ခဲ့လျှင် စကစ မှ
ပြန်လည် ရမ်းသန်း ပစ်ခတ်တက်တာကို
အနီးနားဝန်းကျင်
မှ နေထိုင်သူများအသိဆုံးပါ ။

စကစ မှ ထိုဖြစ်စဥ် အား တော်လှန်ရေးအင်အားစု မှ
လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားကား များထိခိုက်ခဲ့တယ် လို့ စွပ်စွဲပြောဆိုနေကြသည် ။

ပုံ ။ ၁ တွင် ထိခိုက်ခဲ့သော ကား နေရာ ၊ ကားပုံ
နှင့် မုပလင် လမ်းဆုံစစ်ဆေးရေးဂိတ် နေရာ ။

မမေ့ဘူး ပြည်သူက မင်းတို့ရဲ့ ယုတ်မာမှုကို သေတဲ့ထိ မမေ့ဘူး စိတ်ချ
24/01/2023

မမေ့ဘူး ပြည်သူက မင်းတို့ရဲ့ ယုတ်မာမှုကို သေတဲ့ထိ မမေ့ဘူး စိတ်ချ

08/01/2023

7.1.2023 နေ့ ခမရ (၂၀၇)သိမ်ဇရပ်မြို့မှ ပစ်သော ၁၂၀မမ ၂လုံးသည် (7:15)အချိန် သုံးခွကျေးရွာ ၊ သရက်ခြံနားရှိ
ဒေသခံ ရွာသား မိသားစု
၇ ဦး ခန့် ထိခိုက်ခဲ့ပီး
အေးမာ ( ၃၉ နှစ် ၊ တင်ပါး အစဝင် ဒဏ်ရာ)
စိုးမင်းအောင် ( ၄၄ နှစ် ၊
ညာ ဝမ်းဗိုက် အစဝင် ဒဏ်ရာ)
ဇော်မိုးလွင် ( ၂၈နှစ်၊သေဆုံး )
မနဒါအောင် ( ၁၁ နှစ် ၊ ပေါင် အစဝင်ဒဏ်ရာ)
ထက်မြက်လမင်း (၇ နှစ် ၊ တင်ပါးအစဝင် ဒဏ်ရာ)
သူရအောင် (၁၃ နှစ် ၊ ကျောရိုး အစပွန်းဒဏ်ရာ)
မရွှေစင်အောင် ( ၁၈ နှစ် ၊ ဘယ်မျက်နှာ အစပွန်းဒဏ်ရာ)
ရရှိခဲ့ကြသည် ။
စုစုပေါင်း ၈လုံး ပစ်ခက်ပေါက်ကွဲခဲ့သည်။

03/01/2023

မေတ္တာရပ်ခံ တောင်းပန်ပါသည်

Local PDF Theinzayat page ကနေ အလျှူရှင်များ၏ ဂုဏ်ပြုမှတ်တမ်းကို အချိန်နှင့်တစ်ပြေးညီ ယခင်ကလို မတင်ပေးနိုင်ခြင်းကို နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။

အကြောင်းအရာ။ ။ကွန်ပျူတာ ပျက်စီးခြင်းနှင့် နည်းပညာလိုအပ်ခြင်း
ကြောင့်ဟု တာဝန်ရှိသူမှ ပြောကြားလာပါသည်။
အလျှူရှင်များ၏ လျှူဒါန်းသောငွေ ပမာဏနှင့် လက်ခံရရှိသော နေ့အား မှတ်တမ်းတင်ထားပါသည်။
လက်ခံရရှိကြောင်း ဂုဏ်ပြုမှတ်တမ်း ကာယကံရှင်တွေထံ ပြန်ရောက်ဖို့ နောက်ကျနေဦးမည် ။
နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

တာဝန်ရှိသူ # # # LPDF Theinzayat

01/01/2023

Address


Website

Alerts

Be the first to know and let us send you an email when Theinzayat Revolution Imformation Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share