
15/03/2022
Sanrio Characters လိုချင်တဲ့ ဘော်ဒါတို့ အတွက် Diamond ဝယ်ရင်ရနိုင်မယ့် Free Ticket ပေးတဲ့ Event ကတော့ ဒီနေ့ ၁၄:၃၀ မှာ ပြီးတော့မှာဖြစ်လို့ အဲ့ဒီSkinတွေလိုချင်တဲ့သူတွေအနေနဲ့ ဒီနေ့ Deadline မတိုင်ခင် Diamond ဝယ်ထည့်ထားတာ အကောင်းဆုံးဖြစ်မှာပါဗျ...
ဒီBonusရတဲ့ Free Ticket လေးတွေကို ဒီ Sanrio Characters Eventမှာ တစ်ခါဖောက်တိုင်း Diamond အစားထိုးဖောက်လို့ရမှာဖြစ်ပါတယ်။
Sanrio Characters Hero တွေအနေနဲ့ Chang'e , Claude , Angela , Floryn တို့ရဲ့ Skinတွေ ရရှိနိုင်မှာပါ။
ဒါ့အပြင် နေ့တိုင်းရဲ့ ပထမဆုံး မဲနှိုက်တာကို ၅၀% လျှော့ဈေးနဲ့ရနိုင်ဦးမှာဆိုတော့ တစ်နေ့ကို တစ်ခါတော့အနည်းဆုံးဖောက်သင့်ပါတယ်။
၁၀ခါဖောက်တိုင်း epic skinတစ်ခုပါပေးဦးမှာဆိုတော့ ရက် ၂၀ ဆက်တိုက်ဖောက်ရင် epic skin ၂ ခု ရနေပြီနော်(ဘယ်Hero Skin လည်းတော့မသိဘူး ပေါက်တဲ့ဟာပေါ့😬)
ဒါ့အပြင် ၁၀ ကြိမ်မဲနှိုက်ပြီးတိုင်း Bingo တစ်ကွက်ရဦးမှာဖြစ်ပြီး ၃ ကွက်တန်းသွားရင် Epic Skin တစ်ခု ရဦးမှာ ဖြစ်ပါတယ်(Bingo အကွက်က ပေါ်ချင်တဲ့နေရာမှာပေါ်မှာ အဲ့တော့ ၃ ခုတန်းတဲ့အထိ နှိုက်ပေါ့
:3 )
Bingoတစ်ခါတန်းသွားရင်တော့ reset ဖြစ်ပြီး နောက်အသစ်တစ်ခု ပြန်စသွားမှာဖြစ်ပါတယ်။
Bingo အကွက်တစ်ခုစီက နောက်တစ်ခါနှိုက်မဲ့ Diamond အရေအတွက်ကို ၁၀% လျှော့ပေးဦးမှာ ဆိုတော့ တော်တော်တန်တယ့် event ပါ။
ရှိပြီးသား Skin ပေါက်ရင်တော့ Lucky Coin တွေအနေနဲ့ပြောင်းသွားမှာပါ(Vending Token အနေနဲ့ သုံးလို့တော့ရတယ် မသုံးပဲထားပြီး Event ပြီးသွားရင်တော့ Lucky Coin တစ်ခုကို Rare Skin Fragment ၃ ခုအဖြစ်Auto ပြောင်းသွားမှာပါ (bye🙂)
ကံအရမ်းဆိုးပြီး Sanrio skin တစ်ခုမှမပေါက်ရင်တောင် ၁၀ ကြိမ်နှိုက်တာနဲ့ Floryn ရဲ့ Fluffy Dream Skin ကတော့ သေချာပေါက်ကိုရမှာဖြစ်ပါတယ်။
ဒီ event မှာ Sanrio Character skin အပြင် Epic Skinတော်တော်များများပါရနိုင်တာကြောင့် ဒီနေ့နေ့လည် ၂:၃၀ မတိုင်ခင် Diamond ဝယ်ထည့်တာက အတန်ဆုံးဆိုတာ လက်တို့လိုက်ရပါတယ်ဗျ...