Hezal

Hezal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hezal, Magazine, .

25/01/2020

တခြားသူအပေါ်မှာ
ကြောက်စရာကောင်းအောင်
သစ္စာဖောက်ခဲ့တဲ့လူက
သစ္စာရှိပါဆိုတဲ့
စကားလုံးကြားရတော့ကို့မှာ
ရီရခက်ငိုရခက်...😆

16/01/2020

Menmoriesလေးတွေ
ပြန်တက်လာတယ်
မလွမ်းတော့ပါဘူးပြောပြီးမှ😔😔
မျက်ရည်တွေကကျလာပြန်ရော😭
မရောက်တာကြာတဲ့
wallလေးထဲဝင်ကြည့်မိတယ်
ဟော.....တွေ့ပါပြီ👀👀
သူချစ်ရတဲ့သူတွက်
ရည်ညွှန်းထားတဲ့စာသားလေးတွေ☹
ကိုမှာရှက်လိုက်ရတာ🙈
ရှက်ပြုံးပြုံးပြီးwallလေးထဲကပြန်ထွက်လာခဲ့ရတယ်😃
သူတောင်ချစ်တတ်နေပြီဆိုပြီး😔😟
💔💔💔

11/01/2020

ကိုကြီးရေ......

ဟော...ကြားရပါပြီဗျာ...
အိမ်ရှေ့ကအသံစွာစွာနဲ့ကောင်မလေး..
ကိုကြီးရေသာအော်နေတာ
လူကအနားမှာလာထိုင်ပြီး...
ဖြန်းခနဲတစ်ချက်ရိုက်ပြီးပြီဗျ
ကျွန်တော်ကမျက်လုံးလေးပြူးကြည့်တော့
သူကအရင်ဟောက်တယ်ဗျာ
ခေါ်တာမထူးလို့ရိုက်တာတဲ့...

ကိုကြီးရေ..ကိုကြီးရေနဲ့မထူးမချင်းခေါ်တဲ့
စွာစီလန်လေး
လူကိုဆိုဂျစ်ရငေါက်ရမှကျေနပ်နေသူလေး
ပြောလိုက်ရင်တော့
ဒီတယောက်လေးရှိတာဆိုးတာဘာဖြစ်လဲဆိုပြီး
စိတ်ကောက်သူလေး
မှားနေရင်တောင်...မှန်တယ်ဆိုပြီးငြင်းတဲ့သူလေး

ဂိမ်းအတူတူကစားရင်လို့ရှုံးရင်
သွားဖြီးလေးနဲ့ရီတတ်သူလေး
ကိုကြီးရေ...
ရည်းစားထားချင်လို့ဆိုပြီး
တောင်ခွင့်တောင်းတတ်သူလေးဗျှ

ကျွန်တော်ပန်းကလေးကအလိုကောင်မလေးဗျှ
ကျွန်တော်တောင်မခူးရက်လို့ငေးရတဲ့ပန်းလေး
ဘယ်သူ့လက်ထဲမှစိတ်ချလက်ချမထည့်နိုင်ပါဘူး
ကျွန်တော့ပန်းလေးကိုထိဖို့မကြိုးစားကြပါနဲ့
ကျွန်တော်အမြတ်တနိုးပြုစုထားတဲ့ပန်းလေး
🌻🌻🌹

09/01/2020

တစ်ချို့သောကောင်မလေးတွေအရမ်းကံကောင်းကြတာပဲ
သူတို့ကောင်လေးတွေကသိပ်ချစ်ကြတာ
တစ်ခါတစ်ခါအလိုစုံတွဲလေးတွေတွေ့တဲ့အခါ
ကို့မှာဘာမဆိုင်ညာမဆိုင်ပါပဲ
ဝမ်းသာကြည်နူးပြီးပြုံးပြုံးကြီးဖြစ်မိသေးတယ်..

တစ်ခါတည်းမှာပဲ
အချစ်ရေးမှာကံမကောင်းတဲ့
ကို့ယ့်ကိုကိုယ်ပြန်မြင်မိလာတယ်

တချို့ကောင်လေးတွေသိပ်ချစ်တတ်ကြတယ်
သူတို့ကိုကြည့်လိုက်ရင်
ရုပ်တွေကတည်တည်ကြီးတွေနဲ့တကယ်တမ်းကျတော့
သူတို့ကောင်မလေးတွေခမျာ
သိပ်အချစ်ခံကြရတာပဲ

တချို့ကြလည်းမတူဘူး
အများစုကောင်လေးတွေဟာ
သူတို့ချစ်သူကောင်မလေးတွေကို
လူအများရှေ့မှာမထုတ်ပြချင်ကြဘူး

ဥပမာ..
ကောင်လေးကဝဝတတုတ်တုတ်ကောင်မလေးကို
မြင်လို့ချစ်မိသွားပြီ
ဒါပေမယ့်လူရှေ့မှာမထုတ်ပြခဲ့ဘူး
အကြောင်းအရင်ဟာသူ့ကောင်မလေးကဝနေတော့
သူကိုလူကြားမှာကဲ့ရဲ့မယ်
ဟာမင်းနဲ့မလိုက်ပါဘူးကွာ
စော်လန်းတာလေးရှာပါ....စသည်ဖြင့်
အမျိုးမျိုးပေါ...

မင်းကဝလို့လူရှေ့မှာမထုတ်ပြချင်ရင်မင်းအစကတည်းက
သူမမချစ်မိခင်ကတည်းကနောက်ဆုတ်ပေါ့
တစ်ဖက်ကရူးနေအောင်ချစ်နေမိပါမှ
မင်းကအကြောင်းပြချက်တွေသွေးထိုးစကားတွေကြောင့်
လမ်းခွဲလိုက်တဲ့အခါ
သူခမျာဘယ်လိုများခံစားရမလဲ
သူကမင်းကိုတစ်ဘဝလုံးစာရည်ရွယ်ထားတဲ့သူဆိုရင်ရော

အင်းပေါ့လေ....
ဒါတွေမင်းမှမတွေးဘဲ
မင်းမတွေးတတ်တာမဟုတ်ပါဘူး
မင်းသူ့အတွက်မတွေးကြည့်ခဲ့တာပါ
မင်းကမင်းကိုလှောင်ရယ်မှာကြောက်နေတာကိုး

မင်းကပစ်ချခဲ့သူပါ
ပစ်ချခံရတဲ့သူမှမဟုတ်တာ
ဘယ်စာနာပါ့မလဲ...

တော်ပါပြီလေ...
မင်းပဲပျော်ပါပြုံးပါ....
ကိုကတော့မင်းရဲ့ဝနေလို့
လူကြားထဲမသွားရဲဘူးဆိုတဲ့
စကားလေးကြားကတည်းက
ကိုယ်အပေါ်မင်းတကယ်မချစ်ဘူးဆိုတာသိရတော့တာပဲ..

ပျော်ပါစေမင်း...
ချစ်ရတဲ့မင်း..
💚💚💚

05/01/2020

နေနိုင်ပါတယ်အချစ်ရဲ့..
Search list မှာမင်းနာမည်လေးကို
ထိပ်ဆုံးမှာထားပြီးတော့ပေါ့..

မင်းwallလေးထဲခနခနဝင်ကြည့်ပြီးတော့...
Chat boxမှာမင့်နာမည်လေးကိုblockပြီးတော့ပေါ့

နေနိုင်တယ်နော်...

27/12/2019

ဒီနေ့တော့မိုးတွေရွာနေတယ်....

ကိုလည်းမင်းကိုလွမ်းနေတယ်..

24/12/2019

Loney....
Need someone....to say..
🙁

21/12/2019

First Love
အချစ်ဦးဆိုတဲ့စကားလုံး
ခင်များတို့ဘယ်လိုတွေဘာသာပြန်ခဲ့သလဲ
ပထမဆုံးချစ်တဲ့အချစ်ကိုအချစ်ဦးလို့ဆိုခဲ့ကြတယ်

ကျွန်တော်လည်းကျွန်တော့်ဘဝမှာ
ပထမဆုံးတွေ့ခဲ့ဖူးတဲ့သူကို အချစ်ဦးဆိုပြီး
ကျွန်တော်ဟာတမ်းတမ်းစွဲချစ်ခဲ့ဖူးတယ်
ကျွန်တော့ကိုမချစ်ပါဘူးဆိုတာတောင်ကျွန်တော်
အရှက်မဲ့စွာတွယ်ကပ်ခဲ့ဖူးတယ်

ကျွန်တော်သိပ်ချစ်ခဲ့သလို
ကျွန်တော့ကိုလည်းသိပ်ချစ်မယ်ထင်လို့
ကျွန်တော့ကိုမျက်ရည်ဝဲမိစေပေမယ့်
ကျွန်တော့လက်လွှတ်လိုက်ဖို့ကြောက်တယ်
သူငယ်ချင်းတွေကတားခဲ့ပါရက်
လက်လွှတ်ခဲ့ရမှာဆိုးလို့မျက်စိမှိတ်ပြီးချစ်ခဲ့ဘူးတယ်

တခြားသူဆီမှာမပျော်လို့အကြိမ်ကြိမ်ပြန်လာတဲ့သူကို
အကြိမ်ကြိမ်လက်ခံဘူးတယ်
ပြန်လာတဲ့လူဟာပြန်ထွက်သွားမှာကိုကျွန်တော်သိသိရက်နဲ့
ရူးခဲ့ဘူးတယ်

ဒီတကြိမ်တော့ကျွန်တော်တည်ငြိမ်နေပါပြီ
လွှတ်လိုက်တဲ့လက်ကို
အရိပ်တကြည့်ကြည့်ရှိမနေခဲ့တော့ပါဘူး
ဥပေက္ခာပြုနိုင်ပါပြီ
အချစ်ဦးဟာ.....အချစ်ဦးမဖြစ်ခဲ့ပါဘူး
အချစ်ဦးလို့လည်းမသတ်မှတ်တော့ဘူး

ဒီလိုပါပဲ......
ကျွန်တော့ဘဝမှာအချစ်ဦးမရှိခဲ့ဘူး...

19/12/2019

သူငယ်ချင်းလေး

ဟုတ်ပါတယ်လေ.....
သူငယ်ချင်းတွေပါပဲ
ဆယ်စုနှစ်တခုကြာတဲ့အထိ
သူငယ်ချင်းလေးအဖြစ်နဲ့တည်ရှိခဲ့ကြတယ်

သူငယ်ချင်းလေးဟာသူငယ်ချင်းလေးပါပဲ
နားမလည်မသိတတ်တဲ့အရွယ်မို့လားမသိဘူး
သူငယ်ချင်းလေးအပေါ်ကိုဆိုးခဲ့မိတယ်
နားလည်သိတတ်ပြန်တော့လည်း
ဆိုးနေကျလူအပေါ်မို့ဆိုးချင်ပြန်တယ်

သူငယ်ချင်းလေးကအေးတိအေးစက်
တခါတလေ
ကို့အပေါ်သူမခင်တာလားဆိုတဲ့
Depression
လေးတွေဝင်မိပြန်တယ်

ဆယ်စုနှစ်တွေကြာခင်လာတဲ့သူငယ်ချင်းလေးက
ကို့ထက်တခြားသူကိုဦးစားပေးမှာလည်း
တွေးတွေးပြီးပြီးကြောက်ရပြန်တယ်

ဟူး....
မလွယ်ပါလား
သူ့အတွက်လက်တွဲဖော်မရှာစေချင်ဘူး
ကိုပဲသူငယ်ချင်းလေးအနားမှာနေချင်တယ်

ဒီတစ်ခါတော့
ကိုလည်းသူငယ်ချင်းလေးအနားမှာပဲနေမယ်နော်
ဘယ်သူတွေဘာတွေပြောပြော
သူတယောက်ကိုတော့လက်မလွှတ်ချင်ဘူး

အတ္တကြီးတဲ့တစ်ကိုယ်ကောင်းသမားမို့
သူပိုင်ဆိုင်ရမှာကိုယ်တစ်ယောက်ပဲဖစ်စေချင်တယ်..
သူငယ်ချင်းလေးသိပါစေ....
💚Hezal💚

18/12/2019

မင်းကိုပြုံးပျော်စေတဲ့တစ်စုံတစ်ယောက်မကရှိနေတာကိုး
တစ်စုံတစ်ယောက်မကပါပဲ
အဲ့ဒီအပြုံးဖန်တီးသူထဲမှာတော့
ကိုယ်မပါဘူးလေ...✌

18/12/2019

သန့်ရှင်းတဲ့အဖြူရောင်သံယောဇဉ်တွေကို
ဆေးမဆိုးကြပါနဲ့ပြောတဲ့သူတွေက
သူငယ်ချင်းဆိုပြီးဆိုင်ကယ်နောက်ကခါးလေးကိုဖက်ပြီးစီးသွားတာမျိုး
သူငယ်ချင်းဆိုတာဟာရိုးရှင်းသန့်စင်လွန်းပါတယ်
မင်းထွက်လိုက်တဲ့စကားဟာ
မင်းလုပ်ရပ်နဲ့မညီမျှဘူး..🙂

18/12/2019

ကျွန်တော်တို့ကမျဉ်းပြိုင်တွေပဲလေ
တစ်မှတ်ထဲဆုံဖို့ရာမကြိုးစားပါနဲ့တော့
😞💔

Address


Website

Alerts

Be the first to know and let us send you an email when Hezal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share