We Love Danuphyu

  • Home
  • We Love Danuphyu

We Love Danuphyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Danuphyu, Publisher, .

မင်္ဂလာနံနက်ခင်းပါမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၁.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော...
31/03/2023

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၁.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

နေ့စဉ်မိုးလေဝသသတင်း----------------------------(၂၀၂၃ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)========...
31/03/2023

နေ့စဉ်မိုးလေဝသသတင်း
----------------------------
(၂၀၂၃ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=============================================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မင်္ဂလာနံနက်ခင်းပါမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၀.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော...
30/03/2023

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၀.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

နေ့စဉ်မိုးလေဝသသတင်း===============(၂၀၂၃ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)---------------------...
30/03/2023

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၃ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

(29.3.2023)Myanmar Local News သတင်းပါရှိ
29/03/2023

(29.3.2023)Myanmar Local News သတင်းပါရှိ

(29.3.2023)MOI သတင်းပါရှိ
29/03/2023

(29.3.2023)MOI သတင်းပါရှိ

ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိဓနုဖြူ    မတ်    ၂၉     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခ...
29/03/2023

ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိ
ဓနုဖြူ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ ၂၈ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်၍ ငြိမ်း လှိုင်ထိပ်ထား ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည်။
အဆိုပါ ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲတွင် ရဟန်း၊သာမဏေ၊သီလရှင် စုစုပေါင်း(၂၈၅)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင်(၄၆)ပါး၊ ပထမလတ်တန်းတွင်(၂၇)ပါး၊ ပထမငယ်တန်းတွင်(၆၉)ပါး၊ အခြေပြုမူလတန်းတွင် (၉၈)ပါး စုစုပေါင်း(၂၄၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း(၄၅)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်းသိရသည်။
စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျင် ငွေကျပ် ၂၀၀၀နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို မတ်လ(၂၈)ရက် နေ့မှ ဧပြီလ(၃)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

(28.3.2023)Myanmar Local News သတင်းပါရှိ
28/03/2023

(28.3.2023)Myanmar Local News သတင်းပါရှိ

ဓနုဖြူမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲဆုချီးမြှင့်ပွဲကျင်းပဓနုဖြူ    မတ်    ၂၈     ဧရာဝတီတိုင်းဒေသကြီး၊ မ...
28/03/2023

ဓနုဖြူမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲဆုချီးမြှင့်ပွဲကျင်းပ
ဓနုဖြူ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားနည်းသင်တန်းဆင်းပွဲဆုချီးမြှင့်ပွဲကို ယနေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်အားကစားကွင်း၌ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြန်မာ့သိုင်းသင်တန်းနှင့် လက်ဝှေ့သင်တန်းမှ သင်တန်းနည်းပြများနှင့် သင်တန်းသားတို့မှ သရုပ်ပြကစားခဲ့ကြသည်။ အဆိုပါနွေရာသီ အခြေခံအားကစားသင်တန်းအား မတ်လ (၆)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ(၂၂)ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတက်ရောက်သူ ပိုက်ကျော်ခြင်းအားကစားနည်းတွင်(၂၀)ဦး၊ ရိုးရာခြင်းလုံးအားကစားနည်းတွင်(၁၀)ဦး၊ပြေးခုန်ပစ်အားကစားနည်းတွင်(၁၀)ဦး၊ မြန်မာ့သိုင်းအားကစားနည်းတွင်(၁၀)ဦး၊ လက်ဝှေ့အားကစားနည်းတွင်(၂၀)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၇၀)ဦးတက်ရောက်ခဲ့ပြီး၊ အဆိုပါ အားကစားနည်းများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

(28.3.2023)MOI သတင်းပါရှိ
28/03/2023

(28.3.2023)MOI သတင်းပါရှိ

ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဓနုဖြူ     မ...
28/03/2023

ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ဓနုဖြူ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၈ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်မှ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းမှ ဆရာ၊ ဆရာမ စုစုပေါင်း(၉၄၉)ဦးတက်ရောက်ပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမ (၃၃)ဦးဖြင့် မတ်လ (၂၈)ရက်နေ့ မှ မတ်လ(၃၁)ရက်နေ့အထိ၊ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ဆွေးနွေးသင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မင်္ဂလာနံနက်ခင်းပါမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၈.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော...
28/03/2023

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၈.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

နေ့စဉ်မိုးလေဝသသတင်း===============(၂၀၂၃ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)---------------------...
28/03/2023

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၃ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

27/03/2023

ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ မတ် ၂၄ရက်ထိ တရက်လျှင် ခရီးသွား ဦးရေ ၅၀၀ ကျော် လာရောက်လည်ပတ်လျက်ရှိ သတင်း MRTV ပါရှိမှု
ဓနုဖြူ မတ် ၂၇

နေ့စဉ်မိုးလေဝသသတင်း===============(၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)---------------------...
27/03/2023

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့််အတင့်် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မင်္ဂလာနံနက်ခင်းပါမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၇.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော...
27/03/2023

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၇.၃.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

(26.3.2023)Myanmar Local News သတင်းပါရှိ
26/03/2023

(26.3.2023)Myanmar Local News သတင်းပါရှိ

ဓနုဖြူမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေ...
26/03/2023

ဓနုဖြူမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်
ဓနုဖြူ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့ အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ မတ်လ ၂၆ရက်နေ့နံနက် ၈နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကြွပ်ကြွပ်အိတ်၊ပလတ်စတစ်အိတ်များအစား အင်ဖက်၊ငှက်ပျောဖက်၊စက္ကူနှင့် အခြားသင့်လျော်ရာအစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊လက်ကိုင်စပီကာများဖြင့် ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များမှ လိုက်လံကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

26/03/2023
နေ့စဉ်မိုးလေဝသသတင်း--------------------------(၂၀၂၃ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)==========...
26/03/2023

နေ့စဉ်မိုးလေဝသသတင်း
--------------------------
(၂၀၂၃ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

(25.3.2023)Myanmar Local News သတင်းပါရှိ
25/03/2023

(25.3.2023)Myanmar Local News သတင်းပါရှိ

ဓနုဖြူမြို့ သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ဓနုဖြူ      မတ်    ၂၅          ဧရာ...
25/03/2023

ဓနုဖြူမြို့ သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာ
ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
ဓနုဖြူ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်
ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ မတ်လ (၂၅) ရက်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ မြို့ဂုဏ်ရောင်လမ်းဘေးရှိ မြန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်ပတ်ဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့ သန့်ရှင်းသာယာလှပစေရေးနှင့်
စိမ်းလန်း စိုပြေစေရေးအတွက် မြို့နယ်စီမံအုပ်
ချုပ်ရေးအဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှတပ်မတော်သားများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ စုပေါင်း၍ အမှတ်(၂) ရပ်ကွက်၊ မြို့ဂုဏ်ရောင်လမ်းဘေးရှိ မြန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်ပတ်ဝန်းကျင်တွင် တံမြတ်စည်းလှဲခြင်း၊ မြက်ပင်များရှင်းလင်းခြင်း၊အမှိုက်များ ကောက်ယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး၊ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်များ၊လမ်းများတွင် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when We Love Danuphyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share