20/10/2022
Busuu Premium 🤩
1month =4500Ks
(own mailရ)
3minths=11000Ks
(own mailရ)
(သုံးလကတော့အပြည့်မရပါဘူး ရက်ပိုင်းလျော့)
1year 8months=60000Ks
ဒီနေ့ညီမက English ကို self study လုပ်လို့ကောင်းတဲ့ application 1ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
တော်တော်များများတော့သိလောက်ပီးပါတယ်
Busuu ပါ
သူက English နဲ့ Japanese အပါအ၀င် Language ပေါင်း 12ခုကိုသင်ကြားလို့ရပါတယ်
ညီမအခုတလောသုံးနေတာ သုံးရတာတော်တော်အဆင်ပြေတဲ့ app လေးတခုပါ
အရင်ဆုံး app ထဲ၀င်ပီးရင် သင်ယူချင်တဲ့ language ရွေးခိုင်းပါတယ် အဲ့နောက်ဘာလို့သင်ယူချင်တယ် ဘယ်လိုသင်ယူမယ်ဆိုတဲ့ option တေရွေးပေးရပါတယ်
အဲ့ဒါပီးရင် English Language ရွေးရင်တော့ ကိုယ့် proficiency level ကို test လုပ်လို့ရပါတယ်
အဲ့ test ဖြေပီးရင်တော့ ကိုယ်သင်ယူရမဲ့ level ကနေ စသင်ရမှာဖြစ်ပါတယ်
Level က 5 ခုရှိပါတယ်
- Beginner (A1)
- Elementary (A2)
- Intermediate (B1)
- Upper Intermediate (B2)
- Advanced (C1) ဆိုပီးပါ
ကိုယ်က test အရ သင့်တော်တဲ့ level ကိုပဲဖြစ်ဖြစ် ကိုယ်ရွေးချင်တဲ့ level ကိုပဲဖြစ်ဖြစ် တက်လို့ရပါတယ်
ညီမကတော့ Upper Intermediate ကိုသင်နေပါတယ်
သူက 4 skills လုံးသင်ရပါတယ်
ဒါ့အပြင် Vocabulary, Grammar, Composition တေကိုလည်းသင်ပေးပါတယ်
Listening မှာဆိုရင် speaker နဲ့ listener တို့ 2ဦးကြားက dialogue တွေ နားထောင်ပီး True/False ရွေးတာ blank တေဖြည့်တာ match တွေတွဲတာ စသဖြင့်ပုံစံနဲ့ဖြေရပါတယ်
Reading ဆိုရင်လည်း New York Times တို့လို သတင်းစာခေါင်းကြီးပိုင်းတွေရဲ့ ဆောင်းပါးတွေ အဆိုပြုချက်တွေ စတာတေကိုဖတ်ခိုင်းပါတယ် မဖတ်ခင်မှာ paragraph မှာပါတဲ့ words တွေ phrases တွေကို preview မှာအရင်ပြပါတယ် အဲ့တော့ မသိတဲ့စာလုံးတေရှိရင်ကြိုကြည့်ထားလို့ရတာပေါ့ ပီးရင်တော့ သူမေးတာလေးတေဖြေရုံပါပဲ
Writing နဲ့ Speaking ကိုတော့ တချို့ leason တေပီးတဲ့အခါ အဲ့ဒီ lesson နဲ့ပတ်သက်ပီး ကိုယ့်ရဲ့အထင်အမြင်ဖြစ်ဖြစ် အတွေ့အကြုံကိုဖြစ်ဖြစ် ဝေမျှရတဲ့ပုံစံနဲ့ပြန်ဖြေရတာမျိုးရှိပါတယ် အဲ့အခါ ရေးပီးတော့ပဲပြောပြမလား ပါးစပ်နဲ့ပြောပီးပဲ ရှင်းပြမလားဆိုပီးရွေးလို့ရပါတယ် အဲ့နောက်မှာတော့ ကိုယ်ရေးထားတာ ပြောထားတာကို native speaker တေကနေ review သွားမှာဖြစ်ပါတယ်
ဒါ့အပြင်ကိုယ့်လိုလေ့လာနေသူတေနဲ့အတူ community ထဲ၀င်ပီး အပြန်အလှန် ပြောဆိုထိတွေ့ဆက်ဆံကြည့်တာ teachers တွေနဲ့ချိတ်ဆက်ပီး လေ့လာသင်ယူတာမျိုးလည်းလုပ်လို့ရပါတယ်
ဆိုတော့ ဒါက ညီမအနေနဲ့ Busuu ကို 1လကျော်အသုံးပြုပီးနောက် experience, pros တေကိုဝေမျှတာဖြစ်ပါတယ်
တနေ့ကို နာရီ၀က်လောက်အချိန်ပေးပီးသင်ယူတာ ခုဆို မသိတာတော်တော်များများသင်ယူပီးသလိုဖြစ်ပီး English စာကိုလည်း နားထောင်ရမှာစိုးရိမ်တာ၊ ပြောရမှာရှက်တာ၊ ရေးရမှာကြောက်တာမျိုး မဖြစ်တော့ပါဘူး
ဒါကြောင့် English ကို self study လုပ်ချင်ရင်တော့ Busuu ကိုစမ်းသုံးကြည့်ဖို့ recommend ချင်ပါတယ်ရှင့်
ဒါမဲ့ premium မရှိရင် တချို့ features တေအကုန်သုံးလို့မရဖြစ်ပါလိမ့်မယ်
ဒါပေမယ့် 3 months premium ရနိုင်တဲ့နည်းလမ်းလေးရှိပါသေးတယ်
* အရင်ဆုံး ဒီ link ကနေ busuu account ကို register လုပ်ပါ ပီးရင်ကိုယ်သင်ယူချင်တဲ့ language လေးရွေးပါ
https://www.busuu.com/en/register
Crd.